People's Spring
✔
59.1K subscribers
72.7K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - UFC
👍46❤4🔥3🖕1
“မနေ့က ဘာဖြစ်ခဲ့လဲ”

မနေ့က(အောက်တိုဘာ ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းယာဥ်တိုက်မှု သေဆုံးသူ ၁၂ဦးရှိလာ

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ခရီးသည်သေဆုံးထိခိုက်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်မှာ ဒီနေ့ အောက်တိုဘာ ၂၄ ရက် ည ၆နာရီကျော်က Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ညပိုင်းအထိ ကယ်ဆယ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို မန္တလေးတစ်မြို့လုံးက လူမှုကယ်ဆယ်ရေးအသင်းတွေအားလုံး သွားရောက်နေရပြီး ဒီနေ့ညပိုင်းအထိ သေဆုံးသူ ခရီးသည် ၁၂ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။ ကယ်ထုတ်လို့ရတဲ့သူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာပဲ ကလောနဲ့ မော်လမြိုင်မြို့တွေမှာ ဘုရားဖူးခရီးသည်တင်ယာဥ်တွေ တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၂၀ နီးပါး ဒဏ်ရာရထားပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝိုင်းဖိအားပေးတောင်းဆိုကြဖို့ NUG တိုက်တွန်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းပြောခွင့်ရတာဟာ သားဖြစ်သူ ကိုထိန်လင်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုကို မလျှော့သောဇွဲဖြင့် အညံ့မခံဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူလူထု တရပ်လုံးရဲ့ တစ်စိုက်မတ်မတ် တောင်းဆိုဖိအားပေးမှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သံတမန်ရေးရာအရ စဉ်ဆက်မပြတ် တွန်းအားပေးတောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ NUGက ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာ ၆နှစ်နီးပါးအကြာ အောက်တိုဘာ ၂၂ရက်မှာ သားဖြစ်သူနဲ့ ပထမဆုံးအကြိမ်ဖုန်းပြောဆိုခွင့်ပေးခဲ့တာပါ။ အသက်(၈၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး အကြွင်းမဲ့၊ ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေး၊ တော်လှန်ပြည်သူများအား မတရားဖမ်းဆီး အမှုဆင် သေဒဏ်ချမှတ်နေခြင်းများ ချက်ချင်းရပ်တန့်ရေးအတွက် ပြည်တွင်း ပြည်ပရှိ ပြည်သူလူထု တရပ်လုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုထက် ပိုမို အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဖိအားပေး တောင်းဆိုပေးကြဖို့လည်း NUG က တိုက်တွန်းပါတယ်။ သားဖြစ်သူ ကိုထိန်လင်းကလည်း စကားပြောခွင့်ရအောင် ကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ခဲ့ပြီး အခု တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် သူ ဘယ်နေရာမှာ ရှိနေမှန်း အတိအကျမသိကြောင်း၊ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသခွင့်အတွက်လည်း ဘာအာမခံချက်မှ မရသေးကြောင်း သားဖြစ်သူ ကိုထိန်လင်းက အသိပေးထားပါတယ်။

◾️စစ်တပ်အပေါ် သဘောထား ပျော့ပျောင်းလာတယ်လို့ ဗြိတိန် အစိုးရကို Burma Campaign UK ​ဝေဖန်

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန် အစိုးရက သဘောထား စတင်ပျော့ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UKက​ ဝေဖန်ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သံရုံးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်း ဦးဆောင်တဲ့ အစိုးရကို Burma Campaign UKကအခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဗြိတိန် အစိုးရဝန်ကြီးနှစ်ဦးက လန်ဒန်မှာ လက်ခံတွေ့ဆုံခဲ့တဲ့နောက် ဝန်ကြီးချုပ်ဘန်ဟမ်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မူဝါဒ သဘောထားပိုင်း သိသိသာသာ ပြောင်းလဲလာနေပြီလို့ Burma Campaign UKက စွပ်စွဲခဲ့ပါတယ်။ အခုဆိုရင် ဗြိတိန်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်လည်ဦးတည်ဖို့ တိုးတိုးတိတ်တိတ်လှုပ်ရှားနေကြောင်း လန်ဒန်အခြေစိုက် Burma Campaign UKက ပြောပါတယ်။

◾️မြိုင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၃ဦး သေဆုံးပြီး ကလေးငယ် ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၁၀နာရီ၀န်းကျင်က ဂျိုင်ရိုကော်ပရာ ၃စီးနဲ့ မြိုင်မြို့နယ် အနောက်ခြမ်းကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် တောင်ယာလုပ်နေတဲ့
🔥16❤4🤬1🤣1🖕1
အသက်(၆၀)အရွယ် အမျိုးသား ၁ဦးနဲ့ အသက်(၄၀)၀န်းကျင် အမျိုးသမီး ၂ဦး စုစုပေါင်း အရပ်သားပြည်သူ ၃ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နောက်ပြီး ၁၁ လအရွယ် ကလေးငယ်အပါအဝင် ကလေးငယ် ၃ဦးလည်း ထိခိုက်ဒဏ်ရာရထားတာကြောင့် ဆေးကုနေရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲ ယောက္ခထီးနဲ့ ချွေးမတို့ ပါဝင်သလို ထိခိုက်ခဲ့တဲ့ ကလေးငယ်တွေကလည်း သူတို့ မိသားစုဝင်တွေ ဖြစ်တယ်လို့ မြိုင်နယ်အနောက်ခြမ်း စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

◾️ကန့်ဘလူနယ် လေကြောင်းတိုက်ခံရပြီး ပြည်သူ ၅ဦး သေဆုံး

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းတောကျေးရွာနဲ့ ချောင်းသာရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက် ညနေ ၆နာရီခွဲမှာ မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုမှာ ထန်းတောရွာက အသက် ၄၆နှစ်အရွယ် ဒေါ်ပြား၊ အသက် ၄၀ အရွယ် ကိုကျော်ဝင်းအောင်နဲ့ ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မသူဇာဝင်း၊ အသက် ၃၀အရွယ် ကိုထက်လင်းအောင်နဲ့ အသက်၂၆နှစ်အရွယ် ကိုစည်တို့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။ နောက်ထပ်အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ချောင်းသာရွာကို မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားနှစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

◾️စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်တပ်စစ်ကြောင်း ပြန်ဆုတ်သွားပြီးနောက် ရုပ်အလောင်းအများအပြားတွေ့

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကိုသွားတဲ့ စစ်တပ်ရဲ့ တပ်မ(၃၃)လက်​အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်းအများအပြားတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ပထမပတ်အတွင်းက အင်းတော်မြို့နယ်ဘက်က​နေသွားတဲ့ စစ်ကြောင်းဟာ မအူကုန်းရွာကတဆင့် ထီးချိုင့်မြို့နယ်ဘက်ကို စစ်​ကြောင်းထိုးခဲ့တာပါ။ အဲဒီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက လမ်းတ​လျှောက်တိုက်ခိုက်ခဲ့တာ​ကြောင့် ပိန်းအင်းကျေးရွာတွင်းမှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ပိန်းအင်းရွာထဲမှာလည်း တော်လှန်ရေးတပ်တွေနဲ့ ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၄ ရက်မှာ လယ်ပြင်ရွာအနီးကို ပြန်ဆုတ်သွားပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တယ်လို့ ​ဒေသခံစစ်​ရေးရင်းမြစ်အချို့က​ ပြောပါတယ်။ စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားပြီး ပိန်းအင်းရွာကို ဒေသခံတချို့ ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ထားတဲ့အိမ်တွေ၊ စစ်သားအ​လောင်း​တွေနဲ့ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းအများအပြားကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အလားတူ အင်းတော်မြို့နယ် ကားလမ်းဘေးမှာရှိတဲ့ နန့်သဲရွာ နဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်သားတွေရဲ့ အလောင်းတွေ ၅၀ ကျော်ကို စစ်တပ်က မြုပ်ထားခဲ့တာမှာ ပုပ်စော်နံ​နေလို့ ​ဒေသခံရွာသားတွေ ပြန်တူးဖော်ပြီး မီးသဂြိုဟ်ပေးခဲ့ရတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ IR(Indaw Revolution)က စစ်သားရုပ်အ​လောင်း​တွေ မီးရှို့​ထားတဲ့ ဓါတ်ပုံနဲ့ တကွ​ဖော်ပြထားပါတယ်။ ဒါ့အပြင် ပိန်းအင်း၊ မအူကုန်၊ ဂျူံးဂျဘက်မှာလည်း စစ်သားအလောင်းတွေ အများအပြား​တွေ့ရတယ်လို့ IRက​ ရေးသားထားပါတယ်။

◾️ပေါက်တောမြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၉ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကိုလည်း စစ်တပ်က ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၆ နာရီဝန်းကျင်မှာ Y12 ၁ စီးနဲ့ အဲဒီရွာတွေနဲ့အနီးဝန်းကျင်တို့ကို ဗုံးပတ်ကြဲ နေခဲ့တာဖြစ်ပြီး သဝင်ချောင်းရွာမှ ပြည်သူ ၇ ဦး၊ အ၀ကန်ရွာမှ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်အတွင်းက တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းနဲ့ ကျွန်းအနီးပတ်လည်ရှိ အရပ်သားကျေးရွာတွေကို Y12 အပါအဝင် လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲနေတာဖြစ်ပါတယ်။

◾️မင်းတပ်မြို့ပေါ်ကို စစ်တပ် ထပ်မံ လေကြောင်း တိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ လူနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၄ရက် မနက် ၁၀နာရီလောက်မှာ မင်းတပ်မြို့ပေါ် တနေရာကို စစ်တပ်က တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၈လုံး ကြဲချခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။ လူထိခိုက်မှု ရှိတယ်ကြားသိရပေမယ့် အသေးစိတ်အခြေအနေ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူ့နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ရတယ်လို့ ကနဦး သိရပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၂၂ရက်
🔥17👍2❤1🤬1🤣1🖕1
ညနေပိုင်းကလည်း မင်းတပ်မြို့အနီး တနေရာကို လေယာဉ်ဗုံးကြဲခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၆စီး၊ Y12 လေယာဉ် ၁စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အတွဲလိုက်ဗုံးတွေ အပါအဝင် ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ လတ်တလော မင်းတပ်နဲ့ ဆောမြို့နယ် ကျောက်ထုအကြားမှာ တိုက်ပွဲတွေ ရှိနေပါတယ်။

◾️မြဝတီမြို့တောင်ဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးရွာတွေဘက်မှာ ဒီရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲချမှုကြောင့် ဖလူးကျေးရွာမှာ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ ဖလူးရွာနဲ့ မင်းလက်ပံရွာတွေမှာ ဒီရက်ပိုင်းတွေအတွင်း စစ်တပ်စစ်ကြောင်းက ပြန်လည်ထိုးစစ်ဆင်လာခဲ့တာကြောင့် KNU ပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက်နယ်မြေအနီးမှာရှိတဲ့ သဲဖြူချောင်းရွာကို စစ်ကြောင်းထိုးတာမရတဲ့အတွက် ဖလူး၊ မင်းလက်ပံဘက်ကို ပြန်လှည့်ပြီး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။ ဖလူး-မင်းလက်ပံတိုက်ပွဲက ပြန်စတာ သုံး ရက်လောက်ရှိပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ဗန်းမော်ကိုထိန်းချုပ်ဖို့ စစ်တပ် ထပ်မံကြိုးစား

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် တာပိန်မြစ်ကူး တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လိုတာကြောင့် ဖြစ်နိုင်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ၂၀၂၄ ကတည်းက KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့နယ်ကို စစ်တပ်က အောက်တိုဘာ ၂၃ရက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တာပိန်မြစ်ကူးတံတား ပျက်စီးမှု ဖြစ်ခဲ့တာပါ။ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်က တာပိန်တံတားကို ဗုံးကြဲဖျက်ဆီးမှုဟာ ဗန်းမော်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုလို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။ KIAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်နေတယ်ဆိုပြီး စစ်တပ်က သုံးသပ်လို့ ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်လို့လည်း KIA သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။ လတ်တလော ဗန်းမော်ဘက်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့စဥ်နီးပါးရှိနေတယ်လို့ အသိပေးပါတယ်။

◾️ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် သံချပ်ကာတပ်ရဲ့ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်

စစ်ကိုင်းမြို့နယ်မှာ ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။ အုန်းတော(၆၀၀၅)အမြောက်တပ်ရင်းနဲ့ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို လာတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ၀န်းကျင်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ တပ်တွင်းနဲ့ အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေက တိကျတဲ့သတင်းပေးမှုကြောင့် ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရာသေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လက်ဝယ်ဖမ်းဆီးရမိချိန်မှာ MA-5 MKll 9mm pistol ၁လက်၊ ကျည်အိမ် ၂ခု၊ လိုင်စင်၊ ATM card ၁ခု ၊ လက်ကိုင်ဖုန်း ၁လုံး နဲ့ ဝန်ထမ်းကဒ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိမှာ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး တင်သွင်းခွင့် ပါမစ်ဈေးကွက် ကြီးထွားလာ

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ဈေးကွက် ကြီးထွားလာနေတယ်လို့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချသူတချို့က ပြောပါတယ်။ နိုင်ငံခြားငွေထိန်းချုပ်ထားမှုနဲ့ ပိုးသတ်ဆေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တင်သွင်းဖို့ မလွယ်ကူတဲ့ ပိုးသတ်ဆေးပါမစ်ကို အာဏာသိမ်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သား၊သမီးတွေ ၀င်ရောက်လျှောက်ထားမှုကြောင့် ပါမစ်ဈေးကွက်ဖြစ်လာတာလို့ ဆိုပါတယ်။ ပိုးသတ်‌ဆေးမှတ်ပုံတင်တခုရဖို့ ပုံမှန် ၁ နှစ်ခွဲလောက်ကြာပြီး အခုဖြစ်နေတာ ပါမစ်မှတ်ပုံတင် ရထားတဲ့သူတွေက ဆေးသွင်းမယ့်သူတွေကို အမြတ်တင်ပြန်ရောင်းတဲ့ဈေးကွက်ဖြစ်လာတယ်လို့ ရန်ကုန်မြို့အခြေစိုက် စိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပိုင်ရာဆိုင်ရာနဲ့ပေါင်း လျှောက်တဲ့ သူတွေက ပါမစ် လွယ်လွယ်မြန်မြန်ရပြီး ပြန်ရောင်းရင် တစောင်ကို ကျပ်သိန်း ၁၀၀ ကနေ ၃၀၀ အထိ မြတ်တယ်လို့ အဲဒီလုပ်ငန်းရှင်က ရှင်းပြပါတယ်။
🔥17❤2🤣2👍1🖕1
စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ကို အာဏာသိမ်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ရဲ၀င်းဦးရဲ့သား ထက်ရဲနောင်နဲ့ ဒု-သမ္မတညိုစောရဲ့သား သင့်ညိုစောတို့က အလွယ်တကူရရှိနေတယ်လို့လည်း ပြည်ပကနေ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းနေတဲ့ကုမ္ပဏီနဲ့ဆက်စပ်သူက ပြောပါတယ်။
👍22🔥5🤣1🖕1
👍21🔥4🖕1
တနိုင်းမှာ ဆင်နင်းခံရလို့ လူ ၅ ဦးသေဆုံး

အောက်တိုဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ ဆင်နင်းလို့ ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး ဆင်ကလွတ်မြောက်နေဆဲမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီး ၁ကောင်ဟာ အောက်တိုဘာ ၂၄ရက်မှာ တနိုင်းမြို့နယ် တရုံကျေးရွာရောက်လာပြီး ရန်ပြုတာလို့ သိရပါတယ်။

"ကောင်ရာကျေးရွာဘက်ကနေ ရောက်လာတာ။ တရုံရွာအနီးမှာတင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးအနင်းခံရတာ။ ဆင်က ချောင်းထဲဆင်းသွားပြီး ‌တောထဲဘက်ထွက်သွားတယ်။ ဒေသခံတွေ အရမ်းကြောက်နေတာ"လို့ တနိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီး ဆင်ပေါတဲ့ ဒေသဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင်အဖြစ် ဒေသခံ တွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကပိုင်ဆင်တွေ မုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း နှစ်စဉ်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မုန်ယိုနေတဲ့ ဆင်ထီး ၁ကောင်က တိုက်ခိုက်လို့ ​ဒေသခံအမျိုးသား ၃ ဦး သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင် ၁ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပါတယ်။

လက်တလောမှာ မုန်ယိုပြီး လွတ်မြောက်နေတဲ့ဆင်ကို ဖမ်းမိရေးအတွက် ဒေသခံတွေနဲ့ ဆင်ဖမ်းဆီးရေးကျွမ်းကျင်သူတွေကြိုးပမ်းနေကြောင်း သတင်းရရှိပါတယ်။


(တနိုင်း-မြစ်ကြီးနားသွားလမ်း (လီဒိုလမ်းပိုင်း)မှာ တွေ့ရတဲ့ ဆင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍24😱10👎2🔥2❤1👏1
👍21😢14👎2🔥1👏1
စစ်ကိုင်းတိုင်ပကဖ က​ရှေ့တန်း​ရောက်
ရဲ​​ဘော်​တွေကို သီတင်းကျွတ်မုန့်ဖိုးပေး

■ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

​အောက်တိုဘာ-၂၅၊၂၀၂၆။ရွှေပြည်စိုး/People's Spring

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊တိုင်းပကဖဦးစီးအဖွဲ့က ရှေ့တန်းရောက်ရဲ‌ဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးသလိုနွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြု ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

အောက်တိုဘာလ၂၅ရက်မှာရှေ့တန်းရောက်
ကာကွယ်ရေးရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးခဲ့တာလို့ စစ်ကိုင်းတိုင်းထဲက ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဘတ်ဂျက်အနေအထားအရ ရဲဘော်တိုင်းကိုတော့ ပေး
အပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါအပြင် ခင်ဦးမြို့နယ်အပါအဝင် စစ်ကိုင်း
တိုင်းထဲကမြို့နယ်အများစုမှာလည်း နွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ပကဖ ကဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရပါတယ်။

ခင်ဦးမြို့နယ်ပကဖကလည်း တပ်ဖွဲ့မှာတာဝန်ထမ်း​ဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲ​ဘော်​တွေရဲ့ မိသားစု​​တွေကို သီတင်းကျွတ်လပြည့်အကြို အခါသမယမှာ ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ (၁၈)ကြိမ် မြောက် ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။တာဝန်ထမ်း​ဆောင်​နေတဲ့ရဲ​ဘော်​တွေကိုလည်း ဂုဏ်ပြု​ထောက်ပံ့​ငွေ​ပေးအပ်ခဲ့တယ်လို့ ​​ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဟာ လူထုခုခံတိုက်ပွဲအားအ
ကောင်းဆုံးတိုင်းဖြစ်ပြီး အမျိုးသားညီညွတ်
ရေးအစိုးရကလည်း ထိန်းချုပ် ဒေသအများအပြားရှိနေပါတယ်။ လက်ရှိမှာလည်း အင်းတော်၊ကသာ၊ဝန်းသို၊ထီးချိုင့်မြို့နယ်‌တွေမှာ
တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေဘိုနဲ့ယင်းမာပင်ခရိုင်ထဲကမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေနဲ့ ​တော်လှန်​ရေးတပ်​တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
👍32❤9🥰9🫡4👏2🤮2🤣1🖕1
ဓါတ်ပုံ-စစ်ကိုင်းတိုင်းပကဖ ၊
ခင်ဦးပကဖ
👏34❤20🥰7🫡4🤮2🤣1🖕1
စစ်ကိုင်းအနောက်ခြမ်းကကျေးရွာတွေကို စစ်တပ်က တစ်ပတ်ကြာ စစ်ကြောင်းထိုးနေ

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အင်အား ၂၅၀ ခန့်နဲ့ စစ်ကြောင်းစတင်ဝင်ရောက်ခဲ့ပါတယ်။ ၎င်းတို့စစ်ကြောင်းစဝင်ချိန် တံတားဦးလေတပ်ကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးလွှတ်ပြီး လေကြောင်းပစ်ခတ်ကာ အကာအကွယ်ယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်းအနောက်ခြမ်းက ကျေးရွာတွေကို တစ်ပတ်ကြာတဲ့အထိ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်တာ၊ ရွာတွေထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

"ခုမနက်ကို ရွာစုံ ဝင်နေတာ။ ပြည်သူတွေကတော့ ရှောင်ရတာပေါ့"လို့ စစ်ကိုင်းမြေပြင်အခြေအနေတွေ ဖော်ပြနေတဲ့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်ကတည်းက ဓါးစာခံ ပြည်သူ ၃၀ ခန့် ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


(ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းထိုးစဥ် တိမ်းရှောင်ခဲ့ရတဲ့ပြည်သူတွေကို တွေ့ရစဥ်။ ဓါတ်ပုံံ - CJ)
🤬25👍11👎3❤2🔥2👏2🎉1🙏1
🔥17👎4🙏3😢2👏1🤩1
KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ CRPHနဲ့ NUG ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

KIO ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၆၆)နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။

KIO အနေနဲ့ ကချင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနဲ့ ရပိုင်ခွင့်တို့အတွက် နှစ်ပေါင်း (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံတိုက်ပွဲဝင်လာခဲ့ကြရာ အသက်ခန္ဓာများ ပေးဆပ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကချင် အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနဲ့ ကချင်ပြည်သူလူထုအား ဂုဏ်ယူလေးစားစွာ အလေးအမြတ်ပြု ဦးညွှတ်ကြောင်း CRPH ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

CRPH အနေနဲ့လည်း ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် KIO အပါအဝင် မိတ်ဖက် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူ ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ KIO အနေနဲ့လည်း မဟာမိတ် တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာ ပေးပို့ပါတယ်။

NUG ရဲ့ သဝဏ်လွှာမှာလည်း (၆၆) နှစ်တာ အာဏာရှင်တော်လှန်ရေးခရီးကြမ်း တစ်လျှောက်တွင် KIO/KIA ရဲ့ နိုင်ငံရေး အမြော်အမြင်ရှိမှု၊ ကချင်ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ကြီးမားလှသော စွန့်လွှတ်စွန့်စားမှုများဟာ ယနေ့နွေဦးတော်လှန်ရေးရဲ့ ပြည်သူလူထုတရပ်လုံးက အားထားရတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

ယခု ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး ကာလမှာလည်း KIO/KIA ဟာ မဟာမိတ် တော်လှန်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ စစ်ရေး၊ နိုင်ငံရေးအရ ထူးချွန်စွာ ဦးဆောင် တိုက်ပွဲဝင်လျက် ရှိရာ စစ်တပ်ရဲ့ တပ်စခန်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ထူထောင်တာ၊ CDM ဝန်ထမ်းများနဲ့ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ စနစ်တကျ ပံ့ပိုးပေးနိုင်တာတို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုတွင် လည်း ကချင်လူထုကြီးကိုကိုယ်စားပြု၍ KIO/KIA ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာမှုဟာ KIO/KIAရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်နဲ့ နိုင်ငံရေး ရင့်ကျက်မှုကို လက်တွေ့ကျကျ သက်သေပြနေတဲံ သမိုင်းမှတ်တိုင်တွေဖြစ်ကြောင်းလည်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

" စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ ခံစားနေရမည် ဖြစ်ရာ ဤစနစ်ဆိုးကြီးကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ စစ်ရေးအရ ဟန်ချက်ညီမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် တည်ဆောက်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူး တိုက်တွန်းအပ်ပါသည်” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

NUGအနေနဲ့ လည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး စတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိတဲ့အထိ KIO အပါအဝင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ မမှိတ်မသုန် လက်တွဲပြီး ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

KIO အနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့ကြောင်း KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၆ ဖေဖော်ဝါရီလက ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
👏28❤10🥰3🤮3👍2🤣1🖕1