People's Spring
✔
59.1K subscribers
72.7K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Media is too big
VIEW IN TELEGRAM
👏32🥰20👍4🖕2👎1
မြိုင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦး ဒဏ်ရာရ

အောက်တိုဘာ-၂၄၊၂၀၂၆။ဖိုးသား /People's Spring

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၂၄ ရက်) မနက် ၁၀နာရီ၀န်းကျင်က ဂျိုင်ရိုကော်ပရာ ၃စီးနဲ့ မြိုင်မြို့နယ် အနောက်ပိုင်းကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီဗုံးကြဲမှုတွေကြောင့် တောင်ယာလုပ်နေတဲ့ အသက်(၆၀)အရွယ် အမျိုးသား ၁ဦးနဲ့ အသက်(၄၀)၀န်းကျင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ် ၃ဦး ထိခိုက်ဒဏ်ရာရထားပြီး ဆေးကုနေရပါတယ်။

"ယောက္ခထီးနဲ့ ချွေးမ ဆုံးသွားတယ်။ ထိတဲ့ကလေးတွေကလည်း သူတို့မိသားစု၀င်တွေ ။၁၁ လအရွယ် ကလေးတောင်ပါတယ်"လို့ မြိုင်နယ်အနောက်ခြမ်း စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

လေကြောင်းအန္တရာယ်နဲ့ မြေပြင် ဒေသခံတွေရဲ့ လုံခြုံရေး အပါအ၀င် ထိ‌ခိုက်သေဆုံးခဲ့တြဲ
ကာယကံရှင်မိသားစု၀င်တွေရဲ့ ဆန္ဒအရ ဖြစ်စဉ် ဖြစ်ပွားရာနေရာအသေးစိတ်ကို မဖော်ပြဖို့ သူက တောင်းဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်ကို ဂျက်ဖိုက်တာ၊ Y12၊ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ကျေးရွာနဲ့ တောတိုက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း မြိုင်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

"ပြည်သူတွေအားလုံး ဒီရက်ပိုင်းတွေမှာ လေကြောင်းရန်ကို အထူးဂရုစိုက်ပါ။အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးမှာ နေရာတိုင်းမှာ အရှူံးနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ဒါကြောင့် လေကြောင်းကို ဖိပြီး သုံးနေတာ"လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ ဖြစ်စဉ်မတိုင်မီ လွန်ခဲ့တဲ့လေးရက်ကလည်း မြိုင်မြို့နယ်နဲ့ကပ်လျက်က ပခုက္ကူမြို့နယ် ကမ္မမြို့ အုန်းတောရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် (၈)နှစ်အရွယ်ကလေး အပါအ၀င် ဒေသခံ၆ ဦးသေဆုံးခဲ့ရပါတယ်။

ပခုက္ကူ ၊မြိုင်နဲ့ပေါက်မြို့နယ်တွေက ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးရွာမှာ တပ်စွဲထားတာ ၂လ နီးပါးရှိနေပြီဖြစ်ပါတယ်။

ပေါက်-မြိုင် ဒေသအစပ် တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလဆန်းကတည်းကတော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေပါတယ်။

အဲဒါကြောင့် အထိနာနေတဲ့စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းကတဆင့် စစ်ကူယာဉ်တန်းတွေ ပို့နေတာလက်ရှိ မြိုင်မြို့နယ် တွင်းမပျူစောထီးရွာကို ရောက်နေပြီလို့ သိရပါတယ်။
🤬24👍6❤2🤣2👎1👏1🎉1🤮1
(စစ်တပ်လေကြောင်းတိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
👍13🤬11🤣2👎1👏1🤩1🤮1
တောင်ဒဂုံမှာ ခြင်ဆေးခွေမီးကြောင့် နေအိမ် ၂လုံးဆုံးရှူံး

အောက်တိုဘာ-၂၄၊၂၀၂၆။သတိုး/People's Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ခြင်ဆေးခွေထွန်းရာက မီးစလောင်ခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ရက် ည ၁၀ နာရီခွဲလောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၉)ရပ်ကွက် နွယ်နီလမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ခြင်ဆေးခွေက မီးစလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဌာနက မိနစ် ၂၀အတွင်း မီးငြှိမ်းသတ်ခဲ့နိုင်တယ်လို့ ထုတ်ပြန်ထားပြီး မီးလောင်မှုအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို ထုတ်ပြန်ထားတာတော့မရှိပါဘူး။

မီးစလောင်တဲ့အချိန်မှာ ကြိတ်ငြှိမ်းနေတာကြောင့် ဆုံးရှုံးမှု ပိုများရတာလို့ မီးလောင်တဲ့ အိမ်အနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာ ညနေပိုင်းတွေ အမှိုက်မီးရှိူ့မှုတာ‌တွေ လုပ်နေတာကြောင့် မီးလောင်မှုအန္တရာယ်ကိုသတိထားသင့်တယ်လို့ ဒေသခံတွေက သတိပေးထားကြပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #တောင်ဒဂုံမြို့နယ် #မီးလောင်မှု #ခြင်ဆေးခွေမီး #နေအိမ်ဆုံးရှုံးမှု #ရန်ကုန်သတင်း
🔥17😢4❤3👍1
ဓာတ်ပုံ - Myanmar Fire Services Department
👎13🔥4👍1
တောင်ဒဂုံမှာ ခြင်ဆေးခွေမီးကြောင့် နေအိမ် ၂လုံးဆုံးရှုံး

အောက်တိုဘာ-၂၄၊၂၀၂၆။သတိုး/People's Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ခြင်ဆေးခွေထွန်းရာက မီးစလောင်ခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ရက် ည ၁၀ နာရီခွဲလောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၉)ရပ်ကွက် နွယ်နီလမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ခြင်ဆေးခွေက မီးစလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဌာနက မိနစ် ၂၀အတွင်း မီးငြှိမ်းသတ်ခဲ့နိုင်တယ်လို့ ထုတ်ပြန်ထားပြီး မီးလောင်မှုအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို ထုတ်ပြန်ထားတာတော့မရှိပါဘူး။

မီးစလောင်တဲ့အချိန်မှာ ကြိတ်ငြှိမ်းနေတာကြောင့် ဆုံးရှုံးမှု ပိုများရတာလို့ မီးလောင်တဲ့ အိမ်အနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာ ညနေပိုင်းတွေ အမှိုက်မီးရှိူ့မှုတာ‌တွေ လုပ်နေတာကြောင့် မီးလောင်မှုအန္တရာယ်ကိုသတိထားသင့်တယ်လို့ ဒေသခံတွေက သတိပေးထားကြပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #တောင်ဒဂုံမြို့နယ် #မီးလောင်မှု #ခြင်ဆေးခွေမီး #နေအိမ်ဆုံးရှုံးမှု #ရန်ကုန်သတင်း
🔥15😢6❤3👍3
တံတားဦးမြို့အနီးဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ ငလျင်လှုပ်

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီ ၃၆ မိနစ်ခန့်က မန္တလေးတိုင်း၊ တံတားဦးမြို့အနီး၊ မြေအောက်အနက် ၁၁ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၃ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ယခု လှုပ်ခတ်သွားတဲ့ငလျင်ဟာ တံတားဦးမြို့အနီးတဝိုက်တင်မကဘဲ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ရေစကြိုစတဲ့ ဒေသတွေအထိပါ သိသာစွာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ငြိမ့်​ငြိမ့်လေး လှုပ်သွားတာ။ သိသာတယ်"လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလထဲမှာပဲ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်လည်းကောင်း၊ ၁၇ ရက်နေ့က မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့-အရှေ့မြောက် ဘက် ၁၀ ကီလိုမီတာအကွာ၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ နဲ့လည်းကောင်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်ခဲ့ပါသေးတယ်။

လူထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ တစ်နှစ်ခွဲကျော်လာခဲ့ပေမယ့် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေဆဲ ဖြစ်ပြီး ပြည်သူတွေ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
❤21👍11🔥4🤣1
👍17🔥8😱3❤2🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူဖုန်းပြောခွင့်ရတာ ပြည်တွင်း၊ပြည်ပတွန်းအားပေးမှုကြောင့်ဖြစ်၊ လွှတ်မြောက်ရေး ဝိုင်းဖိအားပေးတောင်းဆိုကြဖို့ NUG တိုက်တွန်း

“မေမေကိုယ်တိုင်တောင် သူဘယ်နေရာမှာ ရှိနေမှန်း အတိအကျ မသိပါဘူး” - ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာ ၆နှစ်နီးပါးအကြာ အောက်တိုဘာ ၂၂ရက်နေ့မှာ သားဖြစ်သူနဲ့ ပထမဆုံးအကြိမ်ဖုန်းပြောဆိုခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အခုလို ဖုန်းပြောခွင့်ရတာဟာ သားဖြစ်သူ ကိုထိန်လင်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုကို မလျှော့သောဇွဲဖြင့် အညံ့မခံဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူလူထု တရပ်လုံးရဲ့ တစ်စိုက်မတ်မတ် တောင်းဆိုဖိအားပေးမှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သံတမန်ရေးရာအရ စဉ်ဆက်မပြတ် တွန်းအားပေးတောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

“အသက်(၈၁)နှစ်အရွယ်ရှိပြီဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး အကြွင်းမဲ့၊ ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေး၊ တော်လှန်ပြည်သူများအား မတရားဖမ်းဆီး အမှုဆင် သေဒဏ်ချမှတ်နေခြင်းများ ချက်ချင်းရပ်တန့်ရေး အတွက် ပြည်တွင်း ပြည်ပရှိ ပြည်သူလူထု တရပ်လုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယခုထက် ပိုမို၍ အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဖိအားပေး တောင်းဆိုပေး ကြပါရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

NUGအနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးတို့အတွက် တိုင်းရင်းသားပြည်သူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်း တို့နဲ့ အတူ ခိုင်မာစွာ လက်တွဲကာ ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ မယိမ်းယိုင်သော သန္နိဋ္ဌာန်နဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

သားဖြစ်သူ ကိုထိန်လင်းကလည်း စကားပြောခွင့်ရအောင် ကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ပြန်ခဲ့ပြီး အခု တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ဟု ဖော်ပြထားပါတယ်။

“ ငါးနှစ်ကျော်ကြာပြီးမှ မေမေ့အသံကို ပြန်ကြားခွင့်ရတာ ကျွန်တော့်အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ မေမေ့ရဲ့ အခြေအနေက မပြောင်းလဲသေးပါဘူး။ မေမေဟာ အစောင့်အကြပ်တွေ၊ မြင့်မားတဲ့ ခြံစည်းရိုးတွေကြားမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရဆဲပါ။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာနဲ့ ပြင်ပဧည့်သည်တွေကို တွေ့ဆုံခွင့် မရှိပါဘူး။ မေမေကိုယ်တိုင်တောင် သူဘယ်နေရာမှာ ရှိနေမှန်း အတိအကျ မသိပါဘူး။မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသခွင့်အတွက်လည်း ဘာအာမခံချက်မှ မရသေးပါဘူး” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။

FREE HER လှုပ်ရှားမှုမှာ ပါဝင်ပြီး မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုပေးကြဖို့လည်း ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
👏27❤12👍7🤮1🤣1🖕1
(ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ ဖုန်းပြောနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
❤58🙏6🖕2🤮1🤣1
မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကား ချောက်ထဲကျ၊ ခရီးသည် ၆ ဦးထက်မနည်း သေဆုံး

အောက်တိုဘာ-၂၄၊၂၀၂၆။မေရီ/People's Spring

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ခရီးသည်သေဆုံးထိခိုက်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်မှာ ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ည ၆နာရီကျော်ခန့်က Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ယခုအချိန်အထိ ကယ်ဆယ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

" အိမ်စီးကားနဲ့ Express ကားတိုက်မိတာ။ Express ကားထဲ အယောက် ၃၀ ပါတယ်ပြောတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မန္တလေးတစ်မြို့လုံးက လူမှုကယ်ဆယ်ရေးအသင်းတွေအားလုံး သွားရောက်နေရပြီး လက်ရှိ သေဆုံးသူ ခရီးသည် ၆ ဦးထက်မနည်း ရှိနေကြောင်း၊ ကယ်ထုတ်လို့ရတဲ့သူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာပဲ ကလောနဲ့ မော်လမြိုင်မြို့တွေမှာ ဘုရားဖူးခရီးသည်တင်ယာဥ်တွေ တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၂၀ နီးပါး ဒဏ်ရာရထားပါတယ်။
😢29👍6🔥6❤2
(ချောက်ထဲကျနေတဲ့ ယာဥ်ပေါ်က ခရီးသည်တွေကို ကယ်ဆယ်နေစဉ် တွေ့ရစဥ်။ ဓါတ်ပုံံ-ဒေသခံ)
😢25🔥6👍5❤1
အင်းတော် မှ ထီးချိုင့် နဲ့ ဝန်သို သွားတဲ့စစ်​ကြောင်း​တွေလမ်းတ​လျှောက် စစ်သား အလောင်းအများအပြား​တွေ့

အောက်တိုဘာ-၂၄၊၂၀၂၆။ကတ်သရင်း/ People's Spring

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကိုသွားတဲ့ စစ်တပ်ရဲ့ တပ်မ(၃၃)လက်​အောက်ခံ စစ်ကြောင်းဟာပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့စစ်သားရုပ်အလောင်းအများ
အပြား တွေ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်းက အင်း တော်မြို့နယ်ဘက်က​နေသွားတဲ့စစ်ကြောင်းဟာ မအူကုန်းရွာက နေတဆင့် ထီးချိုင့်မြို့
နယ်ဘက်ကို စစ်​ကြောင်းထိုးခဲ့တာပါ။အဲဒီ
စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက လမ်းတ​လျှောက်တိုက်ခိုက်ခဲ့တာ​
ကြောင့်ပိန်းအင်းကျေးရွာတွင်းမှာ ရက်အတန်
ကြာ ပိတ်မိနေခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပိန်းအင်းရွာထဲမှာလည်း တော်လှန်ရေးတပ် တွေနဲ့ ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲ
ဒီစစ်ကြောင်းဟာ အောက်တိုဘာလ၂၄ ရက်နေ့မှာ လယ်ပြင်ရွာအနီးကို ပြန်ဆုတ်သွားပြီးတော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တယ်လို့ ​ဒေသခံစစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားပြီး ​အောက်
တိုဘာ ၂၃ ရက်ညနေပိုင်းမှာ ပိန်းအင်းရွာကို ဒေသခံတချို့ ဝင်ရောက်ခဲ့ပြီး နောက် မီးရှို့ထားတဲ့အိမ်တွေ၊ စစ်သားအ​လောင်း​တွေနဲ့စစ်တပ်ကသတ်ဖြတ်ခဲ့တဲ့ပြည်သူ တွေရဲ့ အလောင်း အများအပြားကို တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ရွာကလည်းရစရာမရှိတော့ဘူး။ အလောင်း တွေလည်း ပုံထပ်နေတာပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူ အင်းတော်မြို့နယ်၊ကားလမ်းဘေးမှာရှိတဲ့ နန့်သဲရွာ နဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်သားတွေရဲ့ အလောင်းတွေ ၅၀ ကျော်ကို စစ်တပ်က မြုပ်ထားခဲ့တာမှာ ပုပ်စော်နံ​နေလို့ ​ဒေသခံရွာသားတွေပြန်တူးဖော်ပြီး မီးသဂြိုဟ်ပေးခဲ့ရတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ IR(Indaw Revolution) က​စစ်သားရုပ်အ​လောင်း​တွေ မီးရှို့​ထားတဲ့ ဓါတ်ပုံနဲ့ တကွ​ဖော်ပြထားပါတယ် ။

ဒါအပြင်ပိန်းအင်း၊ မအူကုန်း ၊ဂျူံးဂျဘက်မှာလည်း စစ်သားအလောင်းတွေအများအပြား​တွေ့ရတယ်လို့ IRက​ရေးသားထားပါတယ်။

တော်လှန်ရေးတပ်တွေကဒေသခံပြည်သူတွေကိုလက်ရှိမှာစစ်ရေးမငြိမ်သေးတာကြောင့် ပိန်းအင်းရွာပြန်ဝင်ခွင့်ကိုပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင်စစ်တပ်က အောက်တိုဘာ ၂၄ ရက်
မနက်ပိုင်းမှာလယ်ပြင်ရွာအနီးကိုလေ
ကြောင်းက​နေဗုံးကြဲခဲ့ သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် အင်းတော်ကနေ ဝန်းသိုမြို့ကိုထွက်တဲ့ စစ်ကြောင်းကိုလည်း ​တော်လှန်​ရေးတပ်​တွေကဆက်တိုက် တိုက်ခိုက်နေပြီးလက်ရှိမှာ ဂျိုးတောင်ရွာ အနီးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဖြတ်သန်းလာရာတလျှောက်မှာလည်း စစ်သားရုပ်အလောင်းတွေ တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်တပ်ကအင်း​တော်မြို့နယ်၊ မဲဇာရွာကို​အောက်တိုဘာလဆန်းမှာဝင်​ရောက်တပ်စွဲခဲ့ပါတယ် ။​တော်လှန်​ရေးတပ်​တွေက ဆက်
တိုက် တိုက်ခိုက်တာ​ကြောင့် အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်သွားတဲ့အခါဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ်စစ်သားအလောင်း ၅၀ ​ကျော်တွေ့ခဲ့ပါတယ်။

"စစ်တပ်ရှိနေတဲ့အချိန်ကလည်း တော်လှန်
ရေးတပ်တွေကပိတ်ပြီးတိုက်တာ။ ခဏပဲ တပ်စွဲနိုင်တာ။အကြာကြီးမနေနိုင်ဘူး။အခုပြန်ထွက်သွားတော့ ဒေသခံတွေကခဏပြန်ဝင်တာပေါ့။ စစ်ကြောင်းရန်လည်းရှိတယ်၊လေကြောင်းကလည်းပစ်နိုင်တာမို့ အပြီးပြန်ပြီးအခြေချဖို့မဖြစ်နိုင်သေးဘူး။ ရွာကိုပြန်ဝင်တော့ အိမ်ဝင်းတွေထဲမှာရော၊ လမ်းတွေမှာပါ စစ်တပ်ဘက်က ရုပ်အလောင်းတွေမြုပ်သွားတာလို့ကြားတယ်။စုစုပေါင်း၅၀ မကဘူး။
တိုက်ပွဲကလည်း ထီးချိုင့်ဘက်မှာရော ၊ ဝန်းသိုဘက်မှာပါဆက်ဖြစ်နေတယ်"လို့ တော်လှန်‌ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်
စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်
ကြောင်းတွေကို ​တော်လှန်​ရေးတပ်တွေက
တိုက်ခိုက်တာ​ကြောင့်စစ်တပ်ကလေကြောင်း
ကနေ မကြာခဏဗုံးကြဲနေပါတယ်။တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော် -ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

စစ်တပ်ကတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်း
ဆင်းအများအပြားကိုအသုံးပြုပြီး ထိခိုက်
သေဆုံးမှုတွေများပြားနေကြောင်း နဲ့ စစ်‌ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့အမျိုးသားညီညွတ်ရေး
အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
👍30❤9🖕9🤬3👎1🥰1👏1🤔1🤣1