People's Spring
✔
59.1K subscribers
72.7K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(တိမ်းမှောက်ခဲ့သည့် ဟိုက်ဂျက်ယာဥ်ကို တွေ့ရစဥ်။ ဓါတ်ပုံံ-Zaw Moe Facebook)
👍13😱7❤4🔥2😁1
ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် သံချပ်ကာတပ်ရဲ့ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်

အောက်တိုဘာ-၂၄၊၂၀၂၆။မိုမို /People's Spring

စစ်ကိုင်းမြို့နယ်မှာ ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

အုန်းတော(၆၀၀၅)အမြောက်တပ်ရင်းနဲ့ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို လာတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ၀န်းကျင်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တပ်တွင်းနဲ့ အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေက တိကျတဲ့သတင်းပေးမှုကြောင့် ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရာသေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လက်ဝယ်ဖမ်းဆီးရမိချိန်မှာ MA-5 MKll 9mm pistol ၁လက်၊ ကျည်အိမ် ၂ခု၊ လိုင်စင်၊ ATM card ၁ခု ၊ လက်ကိုင်ဖုန်း ၁လုံး နဲ့ဝန်ထမ်းကဒ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ‌ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုဖြစ်နေစဥ် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

"ကျွန်တော်တို့က MOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီကနေပြီးတော့ ခြေလျင်စစ်ကြောင်းဝင်ဖို့ ဝေဟင်က နေပြီးတော့ Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော်တွေကိုင် ဆောင်ထားတဲ့ သေနတ်ကိုလုယူထွက် ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောထားပါတယ်။

လက်ရှိမှာ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သုံးလင့်ရွာက နေအိမ်တချို့ကို မီးရှို့တယ်။မနေ့က ညက မြင်းဆည်ရွာထဲ စစ်ကြောင်း၀င်တယ်"လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်က ကုန်းတန်းလေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒီကနေ့အထိ အနီးနား ကျေးရွာတွေကို စစ်တပ်ရဲ့စစ်ကြောင်း ၂ကြောင်းရောက်နေတယ်လို့ သိရပါတယ်။
👍42❤7👏2👎1🔥1🥰1🖕1
👍35👏3👎1🔥1
စီးရီးအသစ်မှာ မြန်မာ့နန်းတွင်း ဝတ်စားဆင်
ယင်မှုတွေကို ကူးယူထားကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်းကုမ္ပဏီ ရှင်းလင်း

​အောက်တိုဘာ-၂၄၊၂၀၂၆။People's Spring

မြန်မာကုန်​​ဘောင်​ခေတ်နန်းတွင်းဝတ်စားဆင်
ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTVက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

GMMTVရဲ့ အဆိုအရ သမိုင်းနောက်ခံ စိတ်
ကူးယဉ် စီးရီးဖြစ်တဲ့ Scarlet Heart Thailandမှာ အသုံးပြုထားတဲ့ ဝတ်စုံဒီဇိုင်းတွေ၊ အနုပညာ လက်ရာတွေဟာ ထိုင်းယဉ်ကျေးမှု တစ်ခုတည်းကိုသာ အခြေခံထားတာ မဟုတ်ကြောင်း လန်နာ၊ တိုင် တိုင်းရင်း
သား ယဉ်ကျေးမှုတွေအပြင် မြန်မာ၊တရုတ် ရိုးရာဟန်တွေကိုပါ မှီငြမ်းပြီး ဖန်တီးထားတာလို့ ​ဖော်ပြပါတယ်။ အဲဒီစီးရီးသစ်ကို နိုဝင်
ဘာလမှာ ထုတ်လွှင့် ပြသမှာပါ။

စီးရီးရဲ့ trailerတွေထဲမှာ တွေ့ရတဲ့ ဝတ်စုံတွေ၊ အသုံးအဆောင်တွေဟာ ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင်မှုတွေကိုကူးချထားတာဖြစ်ကြောင်း မြန်မာတွေက လူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့ကြတဲ့နောက် အောက်
တိုဘာ ၂၃ ရက်နေ့မှာ ကုမ္ပဏီဖက်က ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

စီးရီးအတွက် ဇာတ်အိမ်တည်ထားတဲ့ ယူလာဗီဆိုတဲ့ မြို့တော်ဟာ တကယ်မရှိတဲ့ စိတ်ကူးယဉ် ဖန်တီးမှု ဖြစ်သလို နောက်ခံ ဓလေ့ထုံးစံတွေ၊ ဝတ်စားဆင်ယင်မှုတွေကိုလည်း ထိုင်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီး ပြသထားတာ ဖြစ်တယ်လို့ GMMTVက ဆိုပါတယ်။

GMMTV အနေနဲ့ မြန်မာ့အနုပညာ၊ ယဉ်ကျေး
မှုဓလေ့ထုံးစံတွေရဲ့လှပညက်ညောမှုနဲ့ ထူး
ခြားတဲ့ ကိုယ်ပိုင်ဟန်တွေ၊ တခြားစံတန်ဖိုးတွေ အားလုံးကို လေးစားကြောင်းလည်း ကုမ္ပဏီက ပြောကြားထားပါတယ်။ စီးရီးထဲမှာ ပါဝင်တဲ့ မြင်ကွင်းတွေ၊ နောက်ခံပုံရိပ်တွေ အားလုံးဟာ ထိုင်းယဉ်ကျေးမှုက ဆင်းသက်လာတဲ့ အကြောင်းအရာတွေအဖြစ် ရည်ညွှန်းဖို့ လုံးဝ ဆန္ဒမရှိကြောင်း GMMTVက ဖြေရှင်းထားပါတယ်။

မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစား တန်ဖိုးထားမှု၊ အသေးစိတ် ဖော်ပြလိုမှုတွေအတွက် ထိုင်းနိုင်ငံ နောက်ခံ မဟုတ်တဲ့ စိတ်
ကူးယဉ် မြို့တော်တစ်ခုကို ဖန်တီးခဲ့တာလို့ ကုမ္ပဏီဖက်က ပြောပါတယ်။

စိတ်ကူးယဉ် ဇာတ်လမ်းတွဲ တစ်ခုထဲက ပုံရိပ်တွေနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုဆိုင်ရာ စိုး
ရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့မိတာကို ကုမ္ပဏီဖက်က တောင်းပန်ခဲ့ပြီးပရိသတ်တွေဆီက တုံ့
ပြန်မှုတွေ၊ စနစ်တကျကိုးကားဖော်ပြမှုတွေကို လက်ခံရရှိခဲ့တဲ့ အတွက်လည်း ကျေးဇူး
တင်တယ်လို့ထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။

မြန်မာပရိတ်သတ်အချို့က​တော့ ကုမ္ပဏီက
အခုလိုထုတ်ပြန်ပြီး​နောက် မြန်မာနန်းတွင်းဝတ်စားဆင်ယင်မှု​တွေကိုးကားထားတယ်ဆိုရင် ဇာတ်လမ်းမှာပါ အဲတာကို အသိ​ပေးဖို့ဆိုပြီး မှတ်ချက်ပြု​​နေကြတာ​တွေ့ရပါတယ်။ လူမှုကွန်ယက်မီဒီယာ​ပေါ်မှာလူ​ပြောများ​နေတဲ့ ဒီဖြစ်စဥ်အ​ပေါ် က​မ္ဘောဒီးယားနိုင်ငံသား​တွေကလည်း စိတ်ဝင်တစား​​ရေးသားမှတ်ချက်ပြုကြတာကိုလည်း ​တွေ့ရပါတယ်။

Scarlet Heart Thailandဟာ တရုတ်ဝတ္ထု တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်က အမျိုးသမီး တစ်ယောက်ဟာ နောက်ကြောင်းပြန် အချိန်ခရီးသွားရင်း ယူလာဗီမြို့က အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ပိတ်မိသွားပြီး မင်းသား ၇ ပါးရဲ့ အာဏာလုပွဲထဲ ကြားညပ်ရပုံကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ ဝင်မက်တာဝင်၊ တူတွန်တာဝမ်၊ နာနွန်ကိုရာပတ်၊ တေတာဝမ်၊ ဖို့သ်နတ်တာဝတ်၊ ပတ်သ်တာနာပွန်စတဲ့ ထိုင်းသ
ရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

ကိုးကား: Khaosod

#ScarletHeartThailand #နန်းတွင်းဝတ်စားဆင်ယင်မှု #ကုန်းဘောင်ခေတ်
#GMMTV #ဝတ်စားဆင်ယင်မှုကူးယူ
#peoplesspring #ludunwayoo
😁25❤3👍2🔥1
😁20🔥1
ကင်ညာမှာ ဆောက်လက်စ အထပ်မြင့်တိုက်ကြီး ပြိုကျပြီး လူတချို့ ပျောက်ဆုံးနေ

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ ဆောက်လုပ်စ အထပ်မြင့်တိုက်တစ်လုံး ပြိုကျသွားပြီး ပျောက်ဆုံးနေသူတွေရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လယ်လောက်တုန်းက နိုင်ရိုဘီမြို့ရဲ့ လူထူထပ်ရာ နေရာတစ်ခုမှာရှိတဲ့ ဆောက်လက်စတိုက်ကြီး အပုံလိုက် ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံက လူနေထိုင်ခွင့်ပါမစ် မကျသေးပေမယ့် မြေညီထပ်ကိုတော့ လူတွေ အသုံးပြုနေတာ ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြိုကျသွားချိန်မှာတော့ လူဦးရေ အတိအကျ မသိရသေးသူတချို့ ပျောက်ဆုံးနေကြပါတယ်။

ကွန်ကရစ်ပုံကြီးအဖြစ် ပြောင်းသွားတဲ့ အဆောက်အအုံပျက် နေရာမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို အပူတပြင်း လိုက်ရှာနေပါတယ်။

ကင်ညာ ပြည်ထဲရေးဝန်ကြီး ကစ်ပ်ချွမ်ဘာ မူကိုမန်က အခင်းဖြစ်ချိန် အဲဒီနေရာမှာ ဆောက်လုပ်ရေး လုပ်သား ၆၇ ဦး ရှိနေခဲ့ရာမှာ ၁ ဦးသာ ဒဏ်ရာရခဲ့ပြီး ၆၆ ဦးက အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြောင်း ပြောပါတယ်။

ဆယ်ထပ်ထက်မနည်း မြင့်တဲ့ ဆောက်လက်စ တိုက်ကြီးရဲ့ မြေညီထပ်မှာ လျှပ်စစ်ပစ္စည်းနဲ့ ကုန်မာဆိုင်တစ်ခု၊ ကုန်စုံဆိုင်တစ်ခုနဲ့ အသားဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း မျက်မြင်တွေက ပြောပါတယ်။ အဲဒီဆိုင်တွေမှာ စုစုပေါင်း လူ ၁၁ ဦးထက်မနည်း ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

သတင်းကောင်းကတော့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတချို့ ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် ရထားပြီလို့ မူကိုမန်က ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ လက်ချည်းသက်သက်နဲ့ ကွန်ကရစ်တွေကို စတင်ဖယ်ရှားနေခဲ့ပြီး နောက်တော့ စက်ယန္တရားကြီးတွေ စတင်ရောက်ရှိလာပါတယ်။ ကင်ညာ ကြက်ခြေနီ အဖွဲ့ကတော့ အပျက်အစီးတွေ အောက်ကနေ လူ ၂ ဦးကို ကယ်ထုတ်ပြီး ဆေးရုံပို့ဆောင်ထားကြောင်း ပြောပါတယ်။

အဆောက်အအုံ ပြိုကျချိန်မှာ ဘေးဖက်က တိုက်တစ်လုံးကိုလည်း ထိခိုက်မှုတွေ ဖြစ်စေခဲ့တာကြောင့် ဒုတိယ ပြိုကျမှုမျိုး ဖြစ်လာနိုင်ခြေကိုလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေကို အရေးယူထားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ အရေးအကြီးဆုံး အာရုံစိုက်ရမယ့် ကိစ္စက ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ပဲ ဖြစ်တယ်လို့ နိုင်ရိုဘီ အုပ်ချုပ်ရေးမှူး ဂျွန်ဆန် ဆာကာဂျာက ပြောကြားသွားပါတယ်။

ကိုးကား: Al Jazeera

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ကင်ညာနိုင်ငံ #အဆောက်အအုံပြိုကျမှု #သဘာဝဘေးနှင့်မတော်တဆမှု #လူပျောက်ဆုံးမှု #နိုင်ငံတကာသတင်း #Kenya #BuildingCollapse #Accident #MissingPersons #InternationalNews
😢23❤11👍2😁1
အာဏာသိမ်း စစ်တပ်အပေါ် သဘောထား ပျော့ပျောင်းလာကြောင်း ဗြိတိန် အစိုးရကို Burma Campaign UK ​ဝေဖန်

​အောက်တိုဘာ-၂၄၊၂၀၂၆။People's Spring

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန် အစိုးရက သဘောထား စတင်ပျော့
ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UKက​ဝေဖန်ပြောကြား
လိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သံရုံးကိုယ်
စားလှယ်ကို လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်း ဦး
ဆောင်တဲ့ အစိုးရကို Burma Campaign UK
ကအခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗြိတိန် အစိုးရ ဝန်ကြီးနှစ်ဦးကလန်ဒန်မှာလက်ခံတွေ့ဆုံခဲ့တဲ့နောက်ဘန်ဟမ်းဟာမြန်မာ့အရေးနဲ့ ပတ်သက်ရင် မူဝါဒ သဘောထားပိုင်း သိသိသာသာ ပြောင်းလဲလာနေပြီလို့ Burma Campaign UKက စွပ်စွဲခဲ့ပါတယ်။

လန်ဒန်မှာအခြေစိုက်တဲ့ Burma Campaign UKက အခုဆိုရင် ဗြိတိန်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်
လည်ဦးတည်ဖို့တိုးတိုးတိတ်တိတ်လှုပ်ရှားနေကြောင်းပြောပါတယ်။စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ ဗြိတိန် အပါအ
ဝင် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိမှာတော့အာဏာ
သိမ်းစစ်ခေါင်းဆောင်ဟာအတုအယောင်
ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု၊ တ
ရားဝင်မှုတွေရရှိနိုင်အောင်အပူတပြင်း ကြိုး
စားနေပါတယ်။

နိုင်ငံခြားရေး၊ဓနသဟာယနှင့်ဖွံ့ဖြိုးတိုးတက်
ရေးရုံး (FCDO)ရဲ့ အိန္ဒိယ-ပစိဖိတ်ဆိုင်ရာ ဝန်ကြီး ဘရွန်နက် ဝင်တာဒန်ဟာ အောက်
တိုဘာ ၁၄ ရက်နေ့တုန်းက မြန်မာစစ်တပ် ခန့်အပ်တဲ့ ယာယီသံရုံးတာဝန်ခံ ဝင်းဇေယျာထွန်းကိုအာဆီယံ-လန်ဒန်ကော်မတီ အခမ်းအ
နားတစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ၂ ရက်အကြာမှာ ဝင်းဇေယျာထွန်းဟာ စီးပွား
ရေး၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့် ကုန်သွယ်
ရေးဌာန ဝန်ကြီးလော့ဒ်ဆိုနီလီယွန်းနဲ့လည်း တွေ့ခွင့်ရခဲ့ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဗြိတိန်က နှုတ်ပိတ်နေခဲ့ပြီး အာဏာသိမ်း မြန်မာစစ်တပ်ကသာ ဝါဒဖြန့်ဖို့ကြေညာခဲ့တဲ့အကြောင်းလည်း Burma Campaign UKရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဝင်းဇေယျာထွန်းနဲ့ ဗြိတိန် အစိုးရ အရာရှိတွေ တွေ့ဆုံတဲ့ဓာတ်ပုံတွေကိုအာဏာသိမ်း စစ်
တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေ
က ထုတ်ပြန် ပြသခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်
လည်စတင်ဖို့အမေရိကန်အစိုးရရဲ့ ခြေလှမ်း
ပြင်ဆင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ဗြိတိန် အစိုးရကလည်းအာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လည်ထားရှိဖို့တိုးတိုးတိတ်တိတ် ကြံ
စည်လုပ်ဆောင်နေကြောင်း Burma Campaign UKရဲ့ အရာရှိတဦးဖြစ်သူ ဦးမင်းသန့်ဘိုက ပြောကြားခဲ့ပါတယ်။

အခုလို တွေ့ဆုံမှုတွေဟာနိုင်ငံတကာ အလယ်မှာ တရားဝင် ရပ်တည်မှုကိုအပူတပြင်း ရှာ
ဖွေနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် ဝါဒဖြန့်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခုကို ဖန်တီးပေးလိုက်တာနဲ့ အတူတူပဲလို့လည်း Burma Campaign UKက ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား- Independent
🤣18🤬9❤3👍3🔥3🖕2💩1
မြန်မာစစ်တပ်ခန့်အပ်တဲ့ယာယီသံရုံးတာဝန်
ခံဝင်းဇေယျာထွန်းနဲ့အဖွဲ့ ၊အာဆီယံသံတမန်​တွေ နဲ့ ဗြိတိန်ဝန်ကြီး ၂ ဦးက​တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓါတ်ပုံ​တွေ။ဓါတ်ပုံ-စစ်​​ကောင်စီ
🤬23❤6👎5🖕2🔥1💩1🤣1
မိုးမောက်က တံတား ဗုံးကြဲဖျက်ဆီးတာဟာ ဗန်းမော်ကိုထိန်းချုပ်ဖို့ စစ်တပ်ရဲ့ကြိုးပမ်းမှုဟု KIA ပြော

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၂၄ ကတည်းက KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့နယ်ကို စစ်တပ်က အောက်တိုဘာ ၂၃ရက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တာပိန်မြစ်ကူးတံတား ပျက်စီးမှု ဖြစ်ခဲ့တာပါ။

" မြစ်ကြီးနား -ဗန်းမော် ကားလမ်းပေါ်က တာပိန်တံတားကိုလည်းသူတို့ မနေ့က ဗုံးကြဲပြီးမှ ဖျက်ဆီးလိုက်တဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ ဗန်းမော်ကို ထိန်းချုပ်နိုင်ဖို့ သူတို့လည်း ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်။KIAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်နေတယ်ဆိုပြီး သူတို့ သုံးသပ်လို့ဖျက်ဆီးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

လတ်တလော ဗန်းမော်ဘက်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့တိုင်းလိုလိုရှိနေတယ်လို့ အသိပေးပါတယ်။

“သူတို့ ထိုးစစ်ဆင်တဲ့နေရာကတော့ ခလရ(၄၇)ရဲ့ အောက်ပိုင်းမှာ မံစီဘက်ကို မျက်နှာမူတဲ့နေရာဘက်မှာ သူတို့ ထိုးစစ်ဆင်တာတွေ့ရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာအတွင်းက ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အား ၁၀၀၀ကျော် ဖြည့်တင်းခဲ့ပြီးနောက် မြေပြင်ထိုးစစ်တွေလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

KIAနဲ့ စစ်တပ်တို့ဟာ ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းဒေသမှာလည်း တိုက်ပွဲတွေရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ် တောင်ဦးဒေသက စစ်တပ်နဲ့ SNA တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
👍26❤6👏3🔥2🎉1
(မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)
🤬32👎2🔥2👏2🤩1
မင်းတပ်မြို့ပေါ်ကို စစ်တပ် ထပ်မံ လေကြောင်း တိုက်ခိုက်

▪️လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ လူနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ရက်မနက် ၁၀နာရီလောက်မှာ မင်းတပ်မြို့ပေါ် တနေရာကို စစ်တပ်က တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၈လုံး ကြဲချခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလို့ဆိုပါတယ်။
“လူအထိအခိုက်တော့ရှိတယ်လို့ကြေားတယ် သေချာတော့ မသိရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူ့နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံက အသိပေးပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ၂၂ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီး တနေရာကို လေယာဉ်ဗုံးကြဲခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၆စီး၊ Y12 လေယာဉ် ၁စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အတွဲလိုက်ဗုံးတွေ အပါအဝင် ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ် ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးဒေသတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မေလကနေ အခုထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လတ်တလော မင်းတပ်နဲ့ ဆောမြို့နယ် ကျောက်ထုအကြားမှာ တိုက်ပွဲတွေ ရှိနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာမှာ တိုက်ပွဲအတွင်း အထိနာတာကြောင့် ရှုံးမဲမဲပြီး ပြည်သူတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း CPU/CPAက ထုတ်ပြန်ထားပြီး ပြည်သူတွေ လေကြောင်း သတိပြုဖို့ နှိုးဆော်ထားပါတယ်။
🤬31❤5👎3👏2👍1🎉1
(ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Ĥkl Mindat)
🤬38🔥4👏2👎1🤩1
ကန့်ဘလူနယ် လေကြောင်းတိုက်ခံရပြီး ပြည်သူ ၅ဦး သေဆုံး

အောက်တိုဘာ-၂၄၊ ၂၀၂၆။ ကတ်သရင်း/People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်က ထန်းတောကျေးရွာနဲ့ ချောင်းသာရွာတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့က ညနေ ၆နာရီခွဲမှာ မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုမှာ ထန်းတောရွာက အသက် ၄၆နှစ်အရွယ် ဒေါ်ပြား၊ အသက် ၄၀ အရွယ် ကိုကျော်ဝင်းအောင်နဲ့ ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မသူဇာဝင်း၊ အသက် ၃၀အရွယ် ကိုထက်လင်းအောင်နဲ့ အသက်၂၆နှစ်အရွယ် ကိုစည်တို့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။ ကိုစည်က ဒေါ်ပြားရဲ သားဖြစ်ပြီး သားအမိနှစ်ယောက် သေဆုံးခဲ့ကာ ကိုထက်လင်းအောင်နဲ့ မသူဇာဝင်းတို့ကလည်း မောင်နှမ တော်စပ်တယ်လို့ သိရပါတယ်။

နောက်ထပ်အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီနေရာက တိုက်ပွဲနဲ့လည်း မနီးစပ်ပါဘူး။ စစ်ရေးလှုပ်ရှားတာမျိုးလည်း မရှိဘဲ စစ်တပ်က လေကြောင်းတိုက်သွားတာပါ။ ထန်းတောကိုကျ ဒီကောင်‌တွေက အငြှိုးတကြီးလုပ်တယ်ဗျ။ လေကြောင်းလည်းကြဲတယ်။ ရွာလည်း မကြာဏ ဝင်စီးတယ်။ ဘာစစ်ရေးလှုပ်ရှားမှုမှမရှိထားဘူး"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီနောက် စစ်တပ်ဟာ ချောင်းသာရွာကို မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားနှစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာ လေကြောင်းတိုက်ခံရကာ ကလေးငယ်တွေအပါအဝင် စုစုပေါင်းပြည်သူ ၄ဦး သေဆုံးခဲ့ပါတယ်။
🤬36❤5👎2🔥2👏2🎉1
(စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတချို့။ ဓာတ်ပုံ - ဒေသခံ)
🤬32🔥7👏2😁1🤩1😭1
စစ်တွေနဲ့ ငပြီကျွန်းမှာအထိနာတဲ့ စစ်တပ်က ပေါက်တောမြို့ကို ဗုံးကြဲ၊ ပြည်သူ ၉ဦးထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ ၂၄၊၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၆ နာရီဝန်းကျင်မှာ Y12 ၁ စီးနဲ့ အဲဒီရွာတွေနဲ့အနီးဝန်းကျင်တို့ကို ဗုံးပတ်ကြဲ နေခဲ့တာဖြစ်ပြီး သဝင်ချောင်းရွာမှ ပြည်သူ ၇ ဦး၊ အ၀ကန်ရွာမှ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

“ငပြီကျွန်းကိုက နေ့တိုင်း လေယာဉ်တွေအများကြီးနဲ့ ဗုံးလာကြဲတယ်။ ကျွန်တော်တို့ရွာတွေ လမ်းကြုံဗုံးချခံရတာ။ မနက်ကလည်း သဝင်ချောင်းကို လေးလုံး၊ အ၀ကန်ကို နှစ်လုံး ချသွားတယ်။ တိုက်ပွဲနဲ့လည်း အဝေးကြီး၊ စစ်ရေးနဲ့ လည်း ဘာမှမဆိုင်ပါ” လို့ ပေါက်တာဒေသခံတစ်ဦးက ပြောပါတယ်။

သဝင်ချောင်းနဲ့ အ၀ကန်ကျေးရွာတို့ဟာ အခုတိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းနဲ့ လေးမိုင်ဝန်းကျင်အကွာ ကုလားတန် မြစ်ရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ရွာဖြစ်ကြပြီး ဒေသခံအရပ်သားတွေနဲ့ စစ်တွေမြို့နယ်အတွင်းက စစ်ဘေးရှောင် တွေ ခိုလှုံနေထိုင်ကြတဲ့ ရွာတွေဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ရဲ့ ပေါက်တောမြို့နယ်နယ်အတွင်းက လူနေကျေးရွာတွေကိုပါမချန် လေကြောင်း၊ လက်နက်ကြီးခတ်မှုတွေကြောင့် ရွာသားအများစုတိမ်းရှောင်နေပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်မယ်သူအချို့ အိမ်စောင့်သဘောကျန်နေကြပါသေးတယ်။

“ကျွဲတွေ၊ နွားတွေနဲ့ တချိုု့က အစောင့်ကျန်တယ်” လို့ သဝင်ချောင်းရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ပေါက်တောမြို့နယ်အတွင်းက တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းနဲ့ ကျွန်းအနီးပတ်လည် အရပ်သားကျေး ရွာတွေကို Y12 အပါအဝင် လေယာဉ် အစီးတဆယ်ဝန်းကျင်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲနေတာဖြစ်ပါတယ်။ “မနေ့ က တညလုံးကြဲတယ်။ မနက်အစောကြီးကလည်း ကြဲတယ်။ အခုလည်း လေယာဉ်ဝဲနေတယ်။ ဘယ်နား ချအုံးမလဲမ သိဘူး” လို့ ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် ည ၁၀ နာရီလောက်ကလည်း Y12 လေယာဉ်နဲ့ ပေါက်တောမြို့နယ် သဝင် ချောင်းနဲ့ တောင်ညိုရွာတို့ ကို ဗုံးအလုံး၂၀ ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် မနေ့က အောက်တို ဘာ ၂၃ ရက်နေ့မနက်ပိုင်းကလည်း စစ်တွေမြို့ပေါ်ကို Y12 နဲ့ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် ၉ ဦး သေဆုံးပြီး ၁၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ အောက်တိုဘာ ၂၄ ရက်နေ့ထိ တလကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အ ရပ်သားပြည်သူ ၁၀၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
🤬30😡4👏3❤2👍2🎉1
(အောက်တိုဘာ ၁၀ ရက်က ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာကို စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရသွားသူ၁ဦး။ဓါတ်ပုံ - Wai Hun Aung)
👎13🤬7👏3😱1😢1🤩1