People's Spring
✔
59.1K subscribers
72.7K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ငပြီကျွန်းမှာတိုက်ပွဲဝင်​နေတဲ့ AA တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မာရာယု​
❤39👍8🫡4🥰2🤮2🖕1
မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲ။

အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။ နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်းတင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။

အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်းအရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/10/17/170974/
👍25❤8😁2👌1🤣1🖕1
စစ်တပ်က ငပြီကျွန်းကို အသေခံကမ်းတက်ဖို့နေ့တိုင်းကြိုးစား ၊သေဆုံးသူဆက်တိုက်တိုး​နေ

■ငပြီကျွန်းတိုက်ပွဲနှစ်ပတ်ကျော်အတွင်းစစ်
သား(၁၀၀)ဝန်းကျင်​သေဆုံးပြီး၅၀ခန့်အဖမ်းခံရ

အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ကစစ်
ကြောင်းလိုက်သေဆုံးအထိနာနေပေမယ့် ကမ်းတက်ဖို့ ဆက်တိုက်ကြိုးစားနေပြီး သေ
ဆုံးသူတွေလည်း တိုးနေတယ်လို့ မြေပြင်စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်းပေါ်မှာ အခြေချနိုင်ခြင်းမရှိသေးတာကြောင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးကာ စစ်သင်္ဘောအများအပြား၊အမြန်​မော်​တော်​လှေ(Speed boat)အများအ
ပြားသုံးပြီး ကမ်းထပ်တက်၊အင်အားဖြည့်နိုင်ရေးအသေခံကြိုးစားနေတာဖြစ်ပါတယ်။

“နေ့တိုင်းတက်ဖို့လုပ်တယ်။ အနောက်ဘက်ကမ်း၊ တောင်ဘက်ကမ်းတွေကနေ တက်ဖို့လုပ်ကြတယ်။အရင်လို သင်္ဘောတွေနဲ့တော့ မတက်တော့ဘူး။ စပိဘုတ်အသေးတွေနဲ့ ပတ်ပြီးတက်ဖို့လုပ်ကြတယ်။တက်ဖို့လုပ်ရင် သေတာပဲ၊ နေ့တိုင်း တက်တယ်၊ နေ့တိုင်းသေတယ်” လို့ မြေပြင်ရှိနေတဲ့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က လူထု နွေဦးကို ပြောပါတယ်။

စစ်တပ်ဟာ အဲဒီလို အသေခံပြီး ကမ်းတက်ဖို့ကြိုးစားပေမယ့် ကမ်းပေါ်ကို အင်အားအလုံး
အရင်းနဲ့ တက်နိုင်တာမရှိ​တော့ဘဲ ကမ်းစပ်တိုက်ပွဲတွေမှာပဲ သေဆုံးတာ၊ အဖမ်းခံရတာတွေနဲ့သာ ကြုံနေရတယ်လို့ သူက ဆက်​ပြောပါတယ်။

ငပြီကျွန်း ပေါ် အလယ်ရွာဝန်းကျင်မှာတော့ စစ်တပ်ကပထ်အကြိမ်ကမ်းတက်နိုင်ပြီး ပိတ်မိ​နေ​တဲ့စစ်သားအနည်းငယ်ရှိ​သေး​ပေမယ့် AA ကကမ်းထပ်တက်ဖို့ကြိုးစားလာတဲ့သူတွေကိုသာဟန့်တားတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ပထမတခေါက်တက်ပြီးကတည်းက ဒီနေ့ထိ ထပ်ပြီးအပေါ်ရောက်တာမရှိသေးဘူး။
အပေါ်ကကောင်တွေကတော့ကျွန်းပေါ်မှာအငတ်အငတ်အပြတ်ပြတ်နဲ့ပါပဲ ဒီကောင်တွေ၊ စစ်ကူလည်း ထပ်မရောက်နိုင်ဘူး” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

ငပြီကျွန်းတိုက်ပွဲအတွင်း AA ဘက်ကလည်း စစ်တပ်ရဲ့ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်သူ အချို့ရှိခဲ့တယ်လို့ သိရပါတယ်။ “တိုက်ပွဲမှာတော့ ကိုယ့်လူတွေ အထိအခိုက်နည်းတယ် ပြောတယ်။ လေကြောင်းနဲ့ပဲနည်းနည်းထိကြတယ်။ ဒါပေမယ့် ေွးတွေနဲ့စာရင် တော်တော်နည်းတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတဦး ကပြောပါတယ်။

ငပြီကျွန်းပေါ်ကို စစ်တပ်ကအောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကအားလုံးနီးပါးသေဆုံးခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ် အင်အားထပ်ဖြည့်၊ကမ်းထပ်တက်ဖို့ဆက်ကြိုးစားလာတာဖြစ်ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းအနီး ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်၀ဆုံရာမှာစစ်သင်္ဘောငါးစီး
ထက်မနည်း ချထား ပြီး အဲဒီစစ်သင်္ဘောတွေကနေတဆင့် ငပြီကျွန်းပေါ် အချိန်ပြည့်နီးပါး ကမ်းတက်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

“နေဗီ(Navy) တွေအမြဲတမ်း ရှိတယ်။ Frigate
(ဖျက်သင်္ဘော)တွေပါ ပါတယ်။ဒီဘက် ငပြီကျွန်းနားမှာတော့ မနေဘူး။ ကမ်းနားတွေလည်း မကပ်၊ မြစ်လယ်မှာပဲ။ စပိဘုတ်တွေပဲ သွားနေကြတာပတ်ပြီး။ ဒရုန်းတွေလည်း နှစ်စီး လောက်က အမြဲတမ်းမလပ်တမ်းရှိတယ်” လို့ ငပြီကျွန်းအရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ၇ရက်ကစခဲ့တဲ့ငပြီကျွန်းတိုက်
ပွဲနှစ်ပတ်ကျော်အတွင်း AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က သေဆုံးသူ ၁၀၀ ဝန်းကျင်နဲ့ အရှင်ဖမ်းခံရသူ ၅၀ နီးပါးရှိပြီဖြစ်ပြီး စစ်သင်္ဘောနှစ်စီးဟာလည်း မီး လောင်ပျက်စီးခဲ့ပါတယ်။ ငပြီကျွန်းပေါ်က စစ်တပ်ထိန်း ချုပ်နိုင်ခဲ့တဲ့ နေရာတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာအောက်
တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်တွေမြို့ပေါ်ကို ဗုံးကြဲခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်
ရာရခဲ့ပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ကြိုးစားနေတဲ့ ငပြီကျွန်းဟာစစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေ
တပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေ မြို့နယ်အတွင်းက စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ )စစ်တွေ အပါအဝင်စစ်တပ်ရဲ့အခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေကို အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်အနီးဝန်းကျင်၊မြောက်ဘက်အမြင့်ကျွန်း၊ တောကန်၊ ငတောက်တက်၊ ကျားမသောက်နဲ့ အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေကြပါတယ်။ဒါ့အပြင် ဒကစစစ်တွေ နဲ့ နှစ်မိုင်ဝန်းကျင်အကွာ ကျားမသောက်တပ်ရင်းအနီးဝန်းကျင်ရှိ တောကန်၊ ရာတန်ကျေးရွာ တဝိုက် စစ်တပ်ကာကင်းစခန်းတွေကိုလည်း AA က တိုက်
ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။
👍23❤5👏2🤣2👎1🥰1😁1🖕1
စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိ ငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်းသုံး ကမ်း
တက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့
ဒကစတို့အနီးဆုံးထိ ချဥ်းကပ်ပြီး ထိုးစစ်ကိုအရှိန်မြှင့်တိုက်ခိုက်​နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ရှိပြီဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

(ငပြီကျွန်းမှာတိုက်ပွဲဝင်​နေတဲ့ AA တပ်ဖွဲ့ဝင်​တွေ။ရုပ်သံ
-မာရယု​)
👏26❤6👍5🤣2👎1🥰1🙏1🖕1
Media is too big
VIEW IN TELEGRAM
စစ်တပ်က ငပြီကျွန်းကို အသေခံကမ်းတက်ဖို့နေ့တိုင်းကြိုးစား ၊သေဆုံးသူဆက်တိုက်တိုး​နေ
❤58👍19😁3🖕2🤮1🙏1🤣1😭1
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ သား၊သမီးတွေ၀င်ရောက်လျှောက်ထားမှုကြောင့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့် ပါမစ်ဈေးကွက်ဖြစ်လာ

အောက်တိုဘာ-၂၄၊၂၀၂၆။ဇော်ဝင်း/People's Spring

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ဈေးကွက် ကြီးထွားလာနေတယ်လို့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချသူတချို့က ပြောပါတယ်။

နိုင်ငံခြားငွေထိန်းချုပ်ထားမှုနဲ့ ပိုးသတ်ဆေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တင်သွင်းဖို့မလွယ်ကူတဲ့ ပိုးသတ်ဆေးပါမစ်ကို အာဏာသိမ်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သား၊သမီးတွေ ၀င်ရောက်လျှောက်ထားမှုကြောင့် ပါမစ်ဈေးကွက်ဖြစ်လာတာလို့ ဆိုပါတယ်။

" ပိုင်ရာဆိုင်ရာနဲ့ပေါင်းလျှောက်တော့ သူတို့က လွယ်လွယ်မြန်မြန်ရတာ။ပိုးသတ်‌ဆေးမှတ်ပုံတင်တခုရဖို့ ပုံမှန် ၁ နှစ်ခွဲလောက်ကြာတယ်။အခုဖြစ်နေတာ ပါမစ်မှတ်ပုံတင် ရထားတဲ့သူတွေက ဆေးသွင်းမယ့်သူတွေကို အမြတ်တင်ပြန်ရောင်းတဲ့ဈေးကွက်ပဲ။ဈေးကွက်က တော်တော်ကြီးလာတယ်။ဘယ်လိုလုပ်လဲဆိုတော့ ဆေးသွင်းချင်တဲ့သူက မစောင့်ချင်တော့ အသင့်ဝယ်သုံးကြတာ။ဆေးနာမည်ပြောင်း ဖြန့်ဖြူးသူပြောင်းလုပ်ရတာပေါ့။ပြန်ရောင်းတဲ့ တစောင်က သိန်း ၁၀၀ ကနေ ၃၀၀ လောက်ထိမြတ်တယ်"လို့ ရန်ကုန်မြို့အခြေစိုက်စိုက်ပျိုးရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ကို အာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် ရဲ၀င်းဦးရဲ့သား ထက်ရဲနောင်နဲ့ ဒုသမ္မတညိုစောရဲ့သားသင့်ညိုစောတို့က အလွယ်တကူရရှိနေတယ်လို့လည်း ပြည်ပကနေ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းနေတဲ့ကုမ္ပဏီနဲ့ဆက်စပ်သူက ပြောပါတယ်။

"ညိုစောသားကိစ္စကတော့ လတ်တလောလေးတင်ပဲ လပိုင်းပဲရှိဦးမယ်။ အမျိုး ၅၀ တလအတွင်းရတာ။
စိုက်ပျိုးရေးလောကကိုအမြတ်က မထင်မှတ်လောက်တဲ့အတိုင်းအတာထိရှိတယ်။ခုနကပြောတဲ့ အမျိုး ၅၀ ဆိုတာ ကိုယ့်ဘာသာမှတ်ပုံတင်ရင်ကို တမျိုးကို သိန်း ၁၀၀ ကျော်ကျတယ်။မှတ်ပုံတင်ချည်းပဲ အပျင်းပြေရောင်းစားနေရင်ကို တမျိုးကို သိန်း ၂၀၀ လောက်မြတ်တယ်ဆိုတော့ ပစ္စည်းသွင်း ရောင်းနေရတာ ပျင်းတယ်ဆိုပြီး မှတ်ပုံတင်ပဲရောင်းစားရင်တောင် သိန်းတသောင်း ပက်ခနဲပဲ။ရဲဝင်းဦးသားလည်း တန် နှစ်ထောင် တင်သွင်းခွင့်ကို နှစ်ရက်အတွင်းရတယ်ကြားတယ်။ပုံမှန်ကျွန်တော်တို့ တန် ၂၀ လောက် သွင်းတာ မနည်း လုပ်နေရတာ။ဒါတောင် ဒေါ်လာတသိန်းကျော်ရင် ရှယ်ရစ်တာ"လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေရဲ့ သားဖြစ်သူတွေ တင်သွင်းခွင့်လျှောက်ထားတာနဲ့ပတ်သက်လို့ မသိရှိဘဲ ပိုးသတ်ဆေးလျှောက်ထားမှု ကြန့်ကြာတာ တွေက ကုန်သွယ်ရေးဦးစီးဌာနရဲ့ မှတ်ပုံတင် ထုတ်ပေးရန် စိစစ်မှုတွေ‌ကြောင့်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့တာ၀န်ရှိသူက ဖြေကြားပါတယ်။

စစ်တပ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့ရဲ့ အခုနှစ်ဇူလိုင်လကုန်အထိ စာရင်းတွေအရ ပိုးသတ်ဆေး အမျိုးအစား ၄၆၇၀ ရှိပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေးသုံးပိုးသတ်ဆေးကို စင်ကာပူနဲ့ တရုတ်နိုင်ငံတွေဆီက ဒေါ်လာအများဆုံးတင်သွင်းပြီး ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကလည်း ၀ယ်ယူတာရှိပါတယ်။

နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနအဖွဲ့အစည်း တွေရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပိုးသတ်ဆေးစျေးကွက် ပမာဏ (Pesticides Market Size) ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုအပါအဝင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စစ်တပ်ရဲ့သွင်းကုန်ကန့်သတ်ချက်တွေ အပါအ၀င် လက်ရှိ ပါမစ်ဈေးကွက်ကြောင့် ပိုးသတ်ဆေးပေါင်း သတ်ဆေး၊မှိုသတ်ဆေးအစရှိတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေဈေးမြင့်လာတာလို့ စိုက်ပျိုးရေးဈေးကွက်နဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တဆက်တည်းမှာပဲ တောင်သူတွေရဲ့ အခြေခံကုန် ကျစရိတ်တွေ ပိုတိုးလာတဲ့အပြင် စားသုံးသူဈေးကွက်ကိုပါ ထိခိုက်လာပြီ ဆန်အပါအ၀င် ကြက်သွန်နီ တစ်ပိဿာဈေးမြင့်တက်မှုတွေက အခြေခံလူတန်းစားတွေကို ထိခိုက်လာနေတာ ဖြစ်ပါတယ်။
🔥20🤬10❤6👍4❤‍🔥2🖕2👎1💩1
(ယခုရက်ပိုင်း သတင်းစာတွေမှာပါရှိတဲ့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေနဲ့ပတ်သက်လို့
ဆေးနာမည်ပြောင်း၊ဖြန့်ဖြူးသူပြောင်းနေတဲ့ ကြေညာစာတွေ ဖြစ်ပါတယ်။)
👍19🔥8👎2
ကလောနဲ့ မော်လမြိုင်မှာ Express ကားနဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားပြီး ခရီးသည် ၁၇ ဦး ဒဏ်ရာရ

အောက်တိုဘာ-၂၄၊ ၂၀၂၆။ ဟာနာဆန်/People's Spring

​သီတင်းကျွတ်ရုံးပိတ်ရက်အစမှာပဲ ဒီကနေ့ မနက်ပိုင်းက ကလောနဲ့ မော်လမြိုင်မြို့တို့မှာ အမြန်ခရီးသည်တင်ယာဉ် (Express) နဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့ရာ ခရီးသည် စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့​တွေဆီက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၄ နာရီ ၄၅မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ သီခေါင်တောင်အဆင်းလမ်းမှာ Express ခရီးသည်တင်ယာဉ် ၁စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။

"JJ Express ကားပါ။ မန္တလေးကနေ တောင်ကြီးတက်တာ။ ချောက်ထဲထိုးကျတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ Express ယာဥ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၂၀)ဦးအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့မနက် (၆) နာရီခန့်ကပဲ မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ်၊ ကြားအင်းရပ်ကွက်၊ ကုတင်(၃၀၀) ဆေးရုံအနီးမှာ ဟိုက်ဂျက်ကား ၁စီး ဘီးပေါက်ကာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။

အဲဒီကားဟာ မော်လမြိုင် ခရွမ်းရှမ်းရွာကနေ ကျိုက်ခမီ ဘုရားဖူးသွားမယ့် ယာဥ်ဖြစ်ပြီး ယာဥ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား (၃)ဦး အမျိုးသမီး (၄)ဦးနဲ့ ကလေး(၄)ဦး စုစုပေါင်း(၁၁)ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူမှုကူုညီရေးအဖွဲ့တွေက ထပ်မံအသိပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ကုတင်(၃၀၀)ဆေးရုံကြီးနဲ့ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဟာ လာမယ့် အောက်တိုဘာ ၂၆ရက်မှာ ကျရောက်တာဖြစ်ပြီး ယနေ့ကတည်းက ကျိုက်ထီးရိုး၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီး၊ အင်း​လေး စတဲ့ဒေသတွေကို ခရီးသွားတွေ လာရောက်နေကြပြီး ဟိုတယ်တွေ ပြည့်တဲ့အထိ ဧည့်များနေတယ်လို့ သိရပါတယ်။
❤15👍11🔥6
(တိမ်းမှောက်ခဲ့သည့် ဟိုက်ဂျက်ယာဥ်ကို တွေ့ရစဥ်။ ဓါတ်ပုံံ-Zaw Moe Facebook)
👍13😱7❤4🔥2😁1
ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် သံချပ်ကာတပ်ရဲ့ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်

အောက်တိုဘာ-၂၄၊၂၀၂၆။မိုမို /People's Spring

စစ်ကိုင်းမြို့နယ်မှာ ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

အုန်းတော(၆၀၀၅)အမြောက်တပ်ရင်းနဲ့ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို လာတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ၀န်းကျင်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တပ်တွင်းနဲ့ အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေက တိကျတဲ့သတင်းပေးမှုကြောင့် ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရာသေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လက်ဝယ်ဖမ်းဆီးရမိချိန်မှာ MA-5 MKll 9mm pistol ၁လက်၊ ကျည်အိမ် ၂ခု၊ လိုင်စင်၊ ATM card ၁ခု ၊ လက်ကိုင်ဖုန်း ၁လုံး နဲ့ဝန်ထမ်းကဒ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ‌ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုဖြစ်နေစဥ် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

"ကျွန်တော်တို့က MOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီကနေပြီးတော့ ခြေလျင်စစ်ကြောင်းဝင်ဖို့ ဝေဟင်က နေပြီးတော့ Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော်တွေကိုင် ဆောင်ထားတဲ့ သေနတ်ကိုလုယူထွက် ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောထားပါတယ်။

လက်ရှိမှာ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သုံးလင့်ရွာက နေအိမ်တချို့ကို မီးရှို့တယ်။မနေ့က ညက မြင်းဆည်ရွာထဲ စစ်ကြောင်း၀င်တယ်"လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်က ကုန်းတန်းလေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒီကနေ့အထိ အနီးနား ကျေးရွာတွေကို စစ်တပ်ရဲ့စစ်ကြောင်း ၂ကြောင်းရောက်နေတယ်လို့ သိရပါတယ်။
👍42❤7👏2👎1🔥1🥰1🖕1
👍35👏3👎1🔥1
စီးရီးအသစ်မှာ မြန်မာ့နန်းတွင်း ဝတ်စားဆင်
ယင်မှုတွေကို ကူးယူထားကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်းကုမ္ပဏီ ရှင်းလင်း

​အောက်တိုဘာ-၂၄၊၂၀၂၆။People's Spring

မြန်မာကုန်​​ဘောင်​ခေတ်နန်းတွင်းဝတ်စားဆင်
ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTVက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

GMMTVရဲ့ အဆိုအရ သမိုင်းနောက်ခံ စိတ်
ကူးယဉ် စီးရီးဖြစ်တဲ့ Scarlet Heart Thailandမှာ အသုံးပြုထားတဲ့ ဝတ်စုံဒီဇိုင်းတွေ၊ အနုပညာ လက်ရာတွေဟာ ထိုင်းယဉ်ကျေးမှု တစ်ခုတည်းကိုသာ အခြေခံထားတာ မဟုတ်ကြောင်း လန်နာ၊ တိုင် တိုင်းရင်း
သား ယဉ်ကျေးမှုတွေအပြင် မြန်မာ၊တရုတ် ရိုးရာဟန်တွေကိုပါ မှီငြမ်းပြီး ဖန်တီးထားတာလို့ ​ဖော်ပြပါတယ်။ အဲဒီစီးရီးသစ်ကို နိုဝင်
ဘာလမှာ ထုတ်လွှင့် ပြသမှာပါ။

စီးရီးရဲ့ trailerတွေထဲမှာ တွေ့ရတဲ့ ဝတ်စုံတွေ၊ အသုံးအဆောင်တွေဟာ ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင်မှုတွေကိုကူးချထားတာဖြစ်ကြောင်း မြန်မာတွေက လူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့ကြတဲ့နောက် အောက်
တိုဘာ ၂၃ ရက်နေ့မှာ ကုမ္ပဏီဖက်က ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

စီးရီးအတွက် ဇာတ်အိမ်တည်ထားတဲ့ ယူလာဗီဆိုတဲ့ မြို့တော်ဟာ တကယ်မရှိတဲ့ စိတ်ကူးယဉ် ဖန်တီးမှု ဖြစ်သလို နောက်ခံ ဓလေ့ထုံးစံတွေ၊ ဝတ်စားဆင်ယင်မှုတွေကိုလည်း ထိုင်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီး ပြသထားတာ ဖြစ်တယ်လို့ GMMTVက ဆိုပါတယ်။

GMMTV အနေနဲ့ မြန်မာ့အနုပညာ၊ ယဉ်ကျေး
မှုဓလေ့ထုံးစံတွေရဲ့လှပညက်ညောမှုနဲ့ ထူး
ခြားတဲ့ ကိုယ်ပိုင်ဟန်တွေ၊ တခြားစံတန်ဖိုးတွေ အားလုံးကို လေးစားကြောင်းလည်း ကုမ္ပဏီက ပြောကြားထားပါတယ်။ စီးရီးထဲမှာ ပါဝင်တဲ့ မြင်ကွင်းတွေ၊ နောက်ခံပုံရိပ်တွေ အားလုံးဟာ ထိုင်းယဉ်ကျေးမှုက ဆင်းသက်လာတဲ့ အကြောင်းအရာတွေအဖြစ် ရည်ညွှန်းဖို့ လုံးဝ ဆန္ဒမရှိကြောင်း GMMTVက ဖြေရှင်းထားပါတယ်။

မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစား တန်ဖိုးထားမှု၊ အသေးစိတ် ဖော်ပြလိုမှုတွေအတွက် ထိုင်းနိုင်ငံ နောက်ခံ မဟုတ်တဲ့ စိတ်
ကူးယဉ် မြို့တော်တစ်ခုကို ဖန်တီးခဲ့တာလို့ ကုမ္ပဏီဖက်က ပြောပါတယ်။

စိတ်ကူးယဉ် ဇာတ်လမ်းတွဲ တစ်ခုထဲက ပုံရိပ်တွေနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုဆိုင်ရာ စိုး
ရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့မိတာကို ကုမ္ပဏီဖက်က တောင်းပန်ခဲ့ပြီးပရိသတ်တွေဆီက တုံ့
ပြန်မှုတွေ၊ စနစ်တကျကိုးကားဖော်ပြမှုတွေကို လက်ခံရရှိခဲ့တဲ့ အတွက်လည်း ကျေးဇူး
တင်တယ်လို့ထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။

မြန်မာပရိတ်သတ်အချို့က​တော့ ကုမ္ပဏီက
အခုလိုထုတ်ပြန်ပြီး​နောက် မြန်မာနန်းတွင်းဝတ်စားဆင်ယင်မှု​တွေကိုးကားထားတယ်ဆိုရင် ဇာတ်လမ်းမှာပါ အဲတာကို အသိ​ပေးဖို့ဆိုပြီး မှတ်ချက်ပြု​​နေကြတာ​တွေ့ရပါတယ်။ လူမှုကွန်ယက်မီဒီယာ​ပေါ်မှာလူ​ပြောများ​နေတဲ့ ဒီဖြစ်စဥ်အ​ပေါ် က​မ္ဘောဒီးယားနိုင်ငံသား​တွေကလည်း စိတ်ဝင်တစား​​ရေးသားမှတ်ချက်ပြုကြတာကိုလည်း ​တွေ့ရပါတယ်။

Scarlet Heart Thailandဟာ တရုတ်ဝတ္ထု တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်က အမျိုးသမီး တစ်ယောက်ဟာ နောက်ကြောင်းပြန် အချိန်ခရီးသွားရင်း ယူလာဗီမြို့က အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ပိတ်မိသွားပြီး မင်းသား ၇ ပါးရဲ့ အာဏာလုပွဲထဲ ကြားညပ်ရပုံကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ ဝင်မက်တာဝင်၊ တူတွန်တာဝမ်၊ နာနွန်ကိုရာပတ်၊ တေတာဝမ်၊ ဖို့သ်နတ်တာဝတ်၊ ပတ်သ်တာနာပွန်စတဲ့ ထိုင်းသ
ရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

ကိုးကား: Khaosod

#ScarletHeartThailand #နန်းတွင်းဝတ်စားဆင်ယင်မှု #ကုန်းဘောင်ခေတ်
#GMMTV #ဝတ်စားဆင်ယင်မှုကူးယူ
#peoplesspring #ludunwayoo
😁25❤3👍2🔥1
😁20🔥1
ကင်ညာမှာ ဆောက်လက်စ အထပ်မြင့်တိုက်ကြီး ပြိုကျပြီး လူတချို့ ပျောက်ဆုံးနေ

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ ဆောက်လုပ်စ အထပ်မြင့်တိုက်တစ်လုံး ပြိုကျသွားပြီး ပျောက်ဆုံးနေသူတွေရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လယ်လောက်တုန်းက နိုင်ရိုဘီမြို့ရဲ့ လူထူထပ်ရာ နေရာတစ်ခုမှာရှိတဲ့ ဆောက်လက်စတိုက်ကြီး အပုံလိုက် ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံက လူနေထိုင်ခွင့်ပါမစ် မကျသေးပေမယ့် မြေညီထပ်ကိုတော့ လူတွေ အသုံးပြုနေတာ ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြိုကျသွားချိန်မှာတော့ လူဦးရေ အတိအကျ မသိရသေးသူတချို့ ပျောက်ဆုံးနေကြပါတယ်။

ကွန်ကရစ်ပုံကြီးအဖြစ် ပြောင်းသွားတဲ့ အဆောက်အအုံပျက် နေရာမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို အပူတပြင်း လိုက်ရှာနေပါတယ်။

ကင်ညာ ပြည်ထဲရေးဝန်ကြီး ကစ်ပ်ချွမ်ဘာ မူကိုမန်က အခင်းဖြစ်ချိန် အဲဒီနေရာမှာ ဆောက်လုပ်ရေး လုပ်သား ၆၇ ဦး ရှိနေခဲ့ရာမှာ ၁ ဦးသာ ဒဏ်ရာရခဲ့ပြီး ၆၆ ဦးက အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြောင်း ပြောပါတယ်။

ဆယ်ထပ်ထက်မနည်း မြင့်တဲ့ ဆောက်လက်စ တိုက်ကြီးရဲ့ မြေညီထပ်မှာ လျှပ်စစ်ပစ္စည်းနဲ့ ကုန်မာဆိုင်တစ်ခု၊ ကုန်စုံဆိုင်တစ်ခုနဲ့ အသားဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း မျက်မြင်တွေက ပြောပါတယ်။ အဲဒီဆိုင်တွေမှာ စုစုပေါင်း လူ ၁၁ ဦးထက်မနည်း ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

သတင်းကောင်းကတော့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတချို့ ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် ရထားပြီလို့ မူကိုမန်က ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ လက်ချည်းသက်သက်နဲ့ ကွန်ကရစ်တွေကို စတင်ဖယ်ရှားနေခဲ့ပြီး နောက်တော့ စက်ယန္တရားကြီးတွေ စတင်ရောက်ရှိလာပါတယ်။ ကင်ညာ ကြက်ခြေနီ အဖွဲ့ကတော့ အပျက်အစီးတွေ အောက်ကနေ လူ ၂ ဦးကို ကယ်ထုတ်ပြီး ဆေးရုံပို့ဆောင်ထားကြောင်း ပြောပါတယ်။

အဆောက်အအုံ ပြိုကျချိန်မှာ ဘေးဖက်က တိုက်တစ်လုံးကိုလည်း ထိခိုက်မှုတွေ ဖြစ်စေခဲ့တာကြောင့် ဒုတိယ ပြိုကျမှုမျိုး ဖြစ်လာနိုင်ခြေကိုလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေကို အရေးယူထားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ အရေးအကြီးဆုံး အာရုံစိုက်ရမယ့် ကိစ္စက ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ပဲ ဖြစ်တယ်လို့ နိုင်ရိုဘီ အုပ်ချုပ်ရေးမှူး ဂျွန်ဆန် ဆာကာဂျာက ပြောကြားသွားပါတယ်။

ကိုးကား: Al Jazeera

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ကင်ညာနိုင်ငံ #အဆောက်အအုံပြိုကျမှု #သဘာဝဘေးနှင့်မတော်တဆမှု #လူပျောက်ဆုံးမှု #နိုင်ငံတကာသတင်း #Kenya #BuildingCollapse #Accident #MissingPersons #InternationalNews
😢23❤11👍2😁1
အာဏာသိမ်း စစ်တပ်အပေါ် သဘောထား ပျော့ပျောင်းလာကြောင်း ဗြိတိန် အစိုးရကို Burma Campaign UK ​ဝေဖန်

​အောက်တိုဘာ-၂၄၊၂၀၂၆။People's Spring

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန် အစိုးရက သဘောထား စတင်ပျော့
ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UKက​ဝေဖန်ပြောကြား
လိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သံရုံးကိုယ်
စားလှယ်ကို လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်း ဦး
ဆောင်တဲ့ အစိုးရကို Burma Campaign UK
ကအခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗြိတိန် အစိုးရ ဝန်ကြီးနှစ်ဦးကလန်ဒန်မှာလက်ခံတွေ့ဆုံခဲ့တဲ့နောက်ဘန်ဟမ်းဟာမြန်မာ့အရေးနဲ့ ပတ်သက်ရင် မူဝါဒ သဘောထားပိုင်း သိသိသာသာ ပြောင်းလဲလာနေပြီလို့ Burma Campaign UKက စွပ်စွဲခဲ့ပါတယ်။

လန်ဒန်မှာအခြေစိုက်တဲ့ Burma Campaign UKက အခုဆိုရင် ဗြိတိန်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်
လည်ဦးတည်ဖို့တိုးတိုးတိတ်တိတ်လှုပ်ရှားနေကြောင်းပြောပါတယ်။စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ ဗြိတိန် အပါအ
ဝင် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိမှာတော့အာဏာ
သိမ်းစစ်ခေါင်းဆောင်ဟာအတုအယောင်
ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု၊ တ
ရားဝင်မှုတွေရရှိနိုင်အောင်အပူတပြင်း ကြိုး
စားနေပါတယ်။

နိုင်ငံခြားရေး၊ဓနသဟာယနှင့်ဖွံ့ဖြိုးတိုးတက်
ရေးရုံး (FCDO)ရဲ့ အိန္ဒိယ-ပစိဖိတ်ဆိုင်ရာ ဝန်ကြီး ဘရွန်နက် ဝင်တာဒန်ဟာ အောက်
တိုဘာ ၁၄ ရက်နေ့တုန်းက မြန်မာစစ်တပ် ခန့်အပ်တဲ့ ယာယီသံရုံးတာဝန်ခံ ဝင်းဇေယျာထွန်းကိုအာဆီယံ-လန်ဒန်ကော်မတီ အခမ်းအ
နားတစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ၂ ရက်အကြာမှာ ဝင်းဇေယျာထွန်းဟာ စီးပွား
ရေး၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့် ကုန်သွယ်
ရေးဌာန ဝန်ကြီးလော့ဒ်ဆိုနီလီယွန်းနဲ့လည်း တွေ့ခွင့်ရခဲ့ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဗြိတိန်က နှုတ်ပိတ်နေခဲ့ပြီး အာဏာသိမ်း မြန်မာစစ်တပ်ကသာ ဝါဒဖြန့်ဖို့ကြေညာခဲ့တဲ့အကြောင်းလည်း Burma Campaign UKရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဝင်းဇေယျာထွန်းနဲ့ ဗြိတိန် အစိုးရ အရာရှိတွေ တွေ့ဆုံတဲ့ဓာတ်ပုံတွေကိုအာဏာသိမ်း စစ်
တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေ
က ထုတ်ပြန် ပြသခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်
လည်စတင်ဖို့အမေရိကန်အစိုးရရဲ့ ခြေလှမ်း
ပြင်ဆင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ဗြိတိန် အစိုးရကလည်းအာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လည်ထားရှိဖို့တိုးတိုးတိတ်တိတ် ကြံ
စည်လုပ်ဆောင်နေကြောင်း Burma Campaign UKရဲ့ အရာရှိတဦးဖြစ်သူ ဦးမင်းသန့်ဘိုက ပြောကြားခဲ့ပါတယ်။

အခုလို တွေ့ဆုံမှုတွေဟာနိုင်ငံတကာ အလယ်မှာ တရားဝင် ရပ်တည်မှုကိုအပူတပြင်း ရှာ
ဖွေနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် ဝါဒဖြန့်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခုကို ဖန်တီးပေးလိုက်တာနဲ့ အတူတူပဲလို့လည်း Burma Campaign UKက ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား- Independent
🤣18🤬9❤3👍3🔥3🖕2💩1
မြန်မာစစ်တပ်ခန့်အပ်တဲ့ယာယီသံရုံးတာဝန်
ခံဝင်းဇေယျာထွန်းနဲ့အဖွဲ့ ၊အာဆီယံသံတမန်​တွေ နဲ့ ဗြိတိန်ဝန်ကြီး ၂ ဦးက​တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓါတ်ပုံ​တွေ။ဓါတ်ပုံ-စစ်​​ကောင်စီ
🤬23❤6👎5🖕2🔥1💩1🤣1
မိုးမောက်က တံတား ဗုံးကြဲဖျက်ဆီးတာဟာ ဗန်းမော်ကိုထိန်းချုပ်ဖို့ စစ်တပ်ရဲ့ကြိုးပမ်းမှုဟု KIA ပြော

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၂၄ ကတည်းက KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့နယ်ကို စစ်တပ်က အောက်တိုဘာ ၂၃ရက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တာပိန်မြစ်ကူးတံတား ပျက်စီးမှု ဖြစ်ခဲ့တာပါ။

" မြစ်ကြီးနား -ဗန်းမော် ကားလမ်းပေါ်က တာပိန်တံတားကိုလည်းသူတို့ မနေ့က ဗုံးကြဲပြီးမှ ဖျက်ဆီးလိုက်တဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ ဗန်းမော်ကို ထိန်းချုပ်နိုင်ဖို့ သူတို့လည်း ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်။KIAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်နေတယ်ဆိုပြီး သူတို့ သုံးသပ်လို့ဖျက်ဆီးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

လတ်တလော ဗန်းမော်ဘက်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့တိုင်းလိုလိုရှိနေတယ်လို့ အသိပေးပါတယ်။

“သူတို့ ထိုးစစ်ဆင်တဲ့နေရာကတော့ ခလရ(၄၇)ရဲ့ အောက်ပိုင်းမှာ မံစီဘက်ကို မျက်နှာမူတဲ့နေရာဘက်မှာ သူတို့ ထိုးစစ်ဆင်တာတွေ့ရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာအတွင်းက ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အား ၁၀၀၀ကျော် ဖြည့်တင်းခဲ့ပြီးနောက် မြေပြင်ထိုးစစ်တွေလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

KIAနဲ့ စစ်တပ်တို့ဟာ ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းဒေသမှာလည်း တိုက်ပွဲတွေရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ် တောင်ဦးဒေသက စစ်တပ်နဲ့ SNA တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
👍26❤6👏3🔥2🎉1
(မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)
🤬32👎2🔥2👏2🤩1