မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သွားလာနေထိုင်ရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်က သရက်မြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ မင်းတုန်းမြို့နယ် ၊ ရွာသစ်ကျေးရွာ နဲ့ ငှက်ပျင်းကျေးရွာအကြားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။ ပါရာမော်တာ ၃စီးကနေ ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ကြတဲ့ ပြည်သူ ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ကြို့ဝကျေးရွာက မောင်ဖိုးလမင်း အသက် (၂၅)နှစ် သေဆုံးပြီး (၆၂)နှစ်အရွယ် ဦးကြည်ဝင်းနဲ့ (၄၇)နှစ်အရွယ် ဦးအောင်မြိုင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
◾️KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီနေ့ အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။ စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။
◾️ဗန်းမော်မြို့အနီးဝန်းကျင် စစ်တပ်စစ်ကြောင်းထိုးနေလို့ နေ့စဉ်တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာကတည်းက စစ်တပ်ဟာ ဗန်းမော်မြို့ကို ရေကြောင်းကနေ အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ရေကြောင်းက ဖြည့်တင်းတဲ့ စစ်တပ်အင်အား ၁,၀၀၀ ကျော်ရှိပြီး အများစုဟာ စစ်တပ် အဓမ္မစစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်တွေလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က အသိပေးထားပါတယ်။ လတ်တလော တိုက်ပွဲဖြစ်နေတာဟာ ဗန်းမော်မြို့တွင်းနေရာအချို့ ဗန်းမော်မြို့ကနေ မံစီမြို့အထွက် နေရာတွေမှာ ဖြစ်နေတာမို့ မံစီမြို့ကို စစ်တပ်ထိုးစစ်တွေ ဦးတည်တယ်ဆိုတဲ့ သတင်းတွေရှိနေတာလို့ ပြောပါတယ်။
◾️ရေဘေးသင့် ပုလောကို စစ်တပ်လေကြောင်းဗုံးကြဲ
ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာ ၂၂ရက် နေ့လယ် ၁၁နာရီခွဲခန့်မှာ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိပေမယ့် ကဒဲရွာ ဘုန်းကြီးကျောင်းနဲ့ သာသနိက အဆောက်အအုံ တွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်သတိပြုဖို့လို့လည်းမြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။
◾️မြဝတီမှာ ထိုင်းကုန်တွေ သယ်လာတဲ့ ကားအစီး ၄၀ ခန့် စစ်တပ်ဖမ်းဆီး
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့၊ နဒီလင်းမြိုင်ရွာမှာ အောက်တိုဘာ ၂၀ ရက်က ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ မြဝတီမြို့ ၊ အမှတ် (၆) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်အနီး နဒီလင်းမြိုင်တံတားမှာ ထိုင်းကုန်စည်တွေသယ်လာတဲ့ ကားအစီးရေ ၄၀ ခန့်ကို မြဝတီအခြေစိုက် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းက ဖမ်းဆီးလိုက်တာပါ။ နဒီလင်းမြိုင်ရွာမှာ နဒီတံတားရှိပြီး တံတားရဲ့ တဖက်ခြမ်းစီမှာ စစ်တပ်နဲ့ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တို့ တပ်စွဲထားတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ ကုန်ကားတွေဟာ မြဝတီကနေတဆင့် ကော့ကရိတ် ၊ ဘားအံမြို့တွေက ကုန်စုံဆိုင်တွေဆီ ထိုင်းကုန်စည်တွေကို ခေါက်တိုပို့ဆောင်ပေးနေတဲ့ ကားတွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ကုန်သည်အချင်းချင်း စစ်တပ်ဆီတိုင်ကြားရာကနေ ဖမ်းခံရတာလို့လည်း ကရင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံရေးနဲ့ ဆီမီးသပိတ်လှုပ်ရှားမှု ပြုလုပ်

👍10❤4🖕2🤮1
စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံကြောင်း လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် နေရာရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ မြန်မာပြည်သူလူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံးရဲ့ အသံ စစ်မှန်စွာလွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက သီတင်းကျွတ်အချိန်အခါမှာ မြတ်စွာဘုရားအားဆီမီးပူဇော်ခြင်း ပြုလုပ်ပြီး ဖယောင်းတိုင်နဲ့ ဆီမီးသပိတ် ပုံဖော်ထွန်းညှိကာ မြန်မာပြည်ကြီးအမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

👍17🖕3🤮1🙏1
စစ်တပ်က ငပြီကျွန်းကို အသေခံကမ်းတက်ဖို့နေ့တိုင်းကြိုးစား ၊သေဆုံးသူဆက်တိုက်တိုးနေ
■ငပြီကျွန်းတိုက်ပွဲနှစ်ပတ်ကျော်အတွင်းစစ်
သား(၁၀၀)ဝန်းကျင်သေဆုံးပြီး၅၀ခန့်အဖမ်းခံရ
အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ကစစ်
ကြောင်းလိုက်သေဆုံးအထိနာနေပေမယ့် ကမ်းတက်ဖို့ ဆက်တိုက်ကြိုးစားနေပြီး သေ
ဆုံးသူတွေလည်း တိုးနေတယ်လို့ မြေပြင်စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်းပေါ်မှာ အခြေချနိုင်ခြင်းမရှိသေးတာကြောင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးကာ စစ်သင်္ဘောအများအပြား၊အမြန်မော်တော်လှေ(Speed boat)အများအ
ပြားသုံးပြီး ကမ်းထပ်တက်၊အင်အားဖြည့်နိုင်ရေးအသေခံကြိုးစားနေတာဖြစ်ပါတယ်။
“နေ့တိုင်းတက်ဖို့လုပ်တယ်။ အနောက်ဘက်ကမ်း၊ တောင်ဘက်ကမ်းတွေကနေ တက်ဖို့လုပ်ကြတယ်။အရင်လို သင်္ဘောတွေနဲ့တော့ မတက်တော့ဘူး။ စပိဘုတ်အသေးတွေနဲ့ ပတ်ပြီးတက်ဖို့လုပ်ကြတယ်။တက်ဖို့လုပ်ရင် သေတာပဲ၊ နေ့တိုင်း တက်တယ်၊ နေ့တိုင်းသေတယ်” လို့ မြေပြင်ရှိနေတဲ့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က လူထု နွေဦးကို ပြောပါတယ်။
စစ်တပ်ဟာ အဲဒီလို အသေခံပြီး ကမ်းတက်ဖို့ကြိုးစားပေမယ့် ကမ်းပေါ်ကို အင်အားအလုံး
အရင်းနဲ့ တက်နိုင်တာမရှိတော့ဘဲ ကမ်းစပ်တိုက်ပွဲတွေမှာပဲ သေဆုံးတာ၊ အဖမ်းခံရတာတွေနဲ့သာ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ငပြီကျွန်း ပေါ် အလယ်ရွာဝန်းကျင်မှာတော့ စစ်တပ်ကပထ်အကြိမ်ကမ်းတက်နိုင်ပြီး ပိတ်မိနေတဲ့စစ်သားအနည်းငယ်ရှိသေးပေမယ့် AA ကကမ်းထပ်တက်ဖို့ကြိုးစားလာတဲ့သူတွေကိုသာဟန့်တားတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ပထမတခေါက်တက်ပြီးကတည်းက ဒီနေ့ထိ ထပ်ပြီးအပေါ်ရောက်တာမရှိသေးဘူး။
အပေါ်ကကောင်တွေကတော့ကျွန်းပေါ်မှာအငတ်အငတ်အပြတ်ပြတ်နဲ့ပါပဲ ဒီကောင်တွေ၊ စစ်ကူလည်း ထပ်မရောက်နိုင်ဘူး” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
ငပြီကျွန်းတိုက်ပွဲအတွင်း AA ဘက်ကလည်း စစ်တပ်ရဲ့ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်သူ အချို့ရှိခဲ့တယ်လို့ သိရပါတယ်။ “တိုက်ပွဲမှာတော့ ကိုယ့်လူတွေ အထိအခိုက်နည်းတယ် ပြောတယ်။ လေကြောင်းနဲ့ပဲနည်းနည်းထိကြတယ်။ ဒါပေမယ့် ေွးတွေနဲ့စာရင် တော်တော်နည်းတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတဦး ကပြောပါတယ်။
ငပြီကျွန်းပေါ်ကို စစ်တပ်ကအောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကအားလုံးနီးပါးသေဆုံးခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ် အင်အားထပ်ဖြည့်၊ကမ်းထပ်တက်ဖို့ဆက်ကြိုးစားလာတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းအနီး ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်၀ဆုံရာမှာစစ်သင်္ဘောငါးစီး
ထက်မနည်း ချထား ပြီး အဲဒီစစ်သင်္ဘောတွေကနေတဆင့် ငပြီကျွန်းပေါ် အချိန်ပြည့်နီးပါး ကမ်းတက်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
“နေဗီ(Navy) တွေအမြဲတမ်း ရှိတယ်။ Frigate
(ဖျက်သင်္ဘော)တွေပါ ပါတယ်။ဒီဘက် ငပြီကျွန်းနားမှာတော့ မနေဘူး။ ကမ်းနားတွေလည်း မကပ်၊ မြစ်လယ်မှာပဲ။ စပိဘုတ်တွေပဲ သွားနေကြတာပတ်ပြီး။ ဒရုန်းတွေလည်း နှစ်စီး လောက်က အမြဲတမ်းမလပ်တမ်းရှိတယ်” လို့ ငပြီကျွန်းအရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
အောက်တိုဘာ၇ရက်ကစခဲ့တဲ့ငပြီကျွန်းတိုက်
ပွဲနှစ်ပတ်ကျော်အတွင်း AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က သေဆုံးသူ ၁၀၀ ဝန်းကျင်နဲ့ အရှင်ဖမ်းခံရသူ ၅၀ နီးပါးရှိပြီဖြစ်ပြီး စစ်သင်္ဘောနှစ်စီးဟာလည်း မီး လောင်ပျက်စီးခဲ့ပါတယ်။ ငပြီကျွန်းပေါ်က စစ်တပ်ထိန်း ချုပ်နိုင်ခဲ့တဲ့ နေရာတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာအောက်
တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်တွေမြို့ပေါ်ကို ဗုံးကြဲခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်
ရာရခဲ့ပါတယ်။
စစ်တပ်က ကမ်းတက်ဖို့ကြိုးစားနေတဲ့ ငပြီကျွန်းဟာစစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေ
တပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေ မြို့နယ်အတွင်းက စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ )စစ်တွေ အပါအဝင်စစ်တပ်ရဲ့အခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေကို အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်အနီးဝန်းကျင်၊မြောက်ဘက်အမြင့်ကျွန်း၊ တောကန်၊ ငတောက်တက်၊ ကျားမသောက်နဲ့ အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေကြပါတယ်။ဒါ့အပြင် ဒကစစစ်တွေ နဲ့ နှစ်မိုင်ဝန်းကျင်အကွာ ကျားမသောက်တပ်ရင်းအနီးဝန်းကျင်ရှိ တောကန်၊ ရာတန်ကျေးရွာ တဝိုက် စစ်တပ်ကာကင်းစခန်းတွေကိုလည်း AA က တိုက်
ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။

👍23❤7🤣2👎1🖕1
စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိ ငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်းသုံး ကမ်း
တက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့
ဒကစတို့အနီးဆုံးထိ ချဥ်းကပ်ပြီး ထိုးစစ်ကိုအရှိန်မြှင့်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ရှိပြီဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

👍36❤2🔥2🤣1🖕1
မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲ။
အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။ နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်းတင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။
အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်းအရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/10/17/170974/

LuduNwayOo
"တရားကသာနိုင်စေ" | LuduNwayOo
လူတယောက်ရဲ့ဘဝ၊ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်တာနဲ့ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုကို သမိုင်းထဲကပါ ဖျောက်ပစ်လိုက်လို့ မရပါဘူး။
👍25❤8😁2👌1🤣1🖕1