People's Spring
✔
59.1K subscribers
72.7K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ရွှေဘိုမြိုနယ်သပိတ်အင်အားစု၊ ဆားလင်းကြီးလူထုသပိတ်
❤33👍7🖕2🔥1👏1
CI ကိစ္စကို စနစ်တကျ ကြပ်မတ်ဖို့ ထိုင်းအမတ်တွေက ထိုင်းအစိုးရကိုတိုက်တွန်း


●CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက်တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့လုပ်သားအ​ရေး​ဆောင်ရွက်သူ​တွေသတိ​ပေး

​အောက်တိုဘာ-၂၃၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအတွက် မြန်မာစစ်အုပ်စုရဲ့ မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ (CI) ထုတ်ပေး​တေမှုတွေကို ထိုင်းအစိုးရက စနစ်တကျမကြပ်မတ်နိုင်ရင် မြန်မာလုပ်သား တစ် သန်းကျော်လောက်ဟာ တရားဝင် စနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်
သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်ရှင်တွေက သတိပေး ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ မြန်မာ အလုပ်သမားတွေအတွက် CIထုတ်ပေးတဲ့ CIစင်တာတွေအတွက် အာ
ဏာသိမ်းမြန်မာစစ်တပ်က ​စေလွှတ်ထားတဲ့
တာဝန်ရှိသူ ၃၀ ကျော်ကို ဝင်ရောက် ကြီး
ကြပ်ခွင့် ပြုခဲ့ပါတယ် ။အဲဒီအာဏာပိုင်တွေက မရိုးသားမှု၊ အဂတိမှုတွေ ကျူးလွန်နေနိုင်ကြောင်း စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အခုသတိပေးချက် ထွက်ပေါ်လာတာပါ။

ထိုင်းလွှတ်တော်အမတ်တွေကလည်း CI စင်တာတွေမှာအကျင့်ပျက်ခြစားမှုပြဿနာတွေ ရှိနိုင်ခြေတွေ၊မြန်မာအလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို နိုင်ငံရေးအတွက် အမြတ်ထုတ် အသုံးချလာနိုင်ခြေတွေကို စနစ်တကျ စုံစမ်းသင့်ကြောင်း ထိုင်းအစိုးရကို တိုက်တွန်းလာခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာထိုင်းအလွတ်တန်း သ
တင်းထောက်တဦးက CI စင်တာ တစ်ခုကိုသတင်းရယူဓာတ်ပုံရိုက်တဲ့အခါ အာဏာ
သိမ်း စစ်တပ်ရဲ့ လက်​အောက်ခံဝန်ထမ်းတွေက ခြိမ်းခြောက်တားဆီးခဲ့တဲ့နောက်ပိုင်း CI စင်တာတွေထဲက ခြစားမှု ကိစ္စတွေကို ထိုင်းမှာ ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ CIထုတ်ပေးရေး ကိစ္စတွေမှာ မြန်မာစစ်တပ်က ပိုပြီး တင်းကျပ်လာတာ၊ အလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အ
လက်တွေကို အဓမ္မစစ်မှုထမ်းဆင့်ခေါ်ဖို့နဲ့ တခြားနိုင်ငံရေး အမြတ်ထုတ်မှုတွေအတွက် အသုံးချလာနိုင်ခြေတွေကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေထဲက ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စနစ်တွေရဲ့ အပြင်ဖက်ကို ရောက်သွားပြီး ထိုင်းမှာ တရားဝင် လုပ်သားရှားပါးမှု ပြဿနာမျိုး ကြုံလာနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

ထိုင်းအထက်လွှတ်တော် အမတ် ထေဝရစ် မန်နီချိုင်းကCIထုတ်ပေးတာဟာအလုပ်သ
မားတွေအတွက်အထောက်အကူဖြစ်နိူင်​
ပေမယ့်ထိုင်းမှာ ကိုယ်ပိုင် အသိအမှတ်ပြု စာရွက်စာတမ်း ထုတ်ပေးတဲ့စနစ် ရှိနှင့်ပြီးသား ဖြစ်တာကြောင့် CIက မရှိမဖြစ် မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ၆ လကျော် နေထိုင်ခွင့် ရထားသူတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုလို့ ရတာကြောင့် မြန်မာ အလုပ်သမားတွေ အနေနဲ့ ထိုင်းအစိုးရရဲ့ အသိအမှတ်ပြု စနစ်တစ်ခုတည်းကိုပဲ ရွေးချယ်သင့်တယ်လို့ သူက​ထောက်ပြပါတယ်။

မြန်မာအလုပ်သမားတွေ ကိုယ်တိုင်ကလည်း သူတို့ရှာ​ဖွေစု​ဆောင်းထားတဲ့ငွေတွေကို CI လုပ်လိုက်ရင် မြန်မာစစ်တပ်က ပြည်သူတွေကို ဖိနှိပ်မှုတွေမှာ ပြန်လည် အသုံးချနေတယ်လို့ စိုးရိမ်နေတယ်လို့ ထေဝရစ်က ဆက်ပြောပါတယ်။ CIစနစ်ကို လုံးဝ ဖျက်သိမ်းတာမျိုး မလုပ်နိုင်သေးဘူးဆိုရင်တောင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ကောင်းမွန်လာတဲ့အထိ ထိုင်းအစိုးရဟာ မြန်မာ အလုပ်သမားတွေကို ကိုယ်တိုင် CIနဲ့ အလားတူ အသိအမှတ်ပြုကတ်မျိုး ယာယီ ထုတ်ပေးတာမျိုး နည်းလမ်းတွေကို စဉ်းစားသင့်ကြောင်း ထေဝရစ်က အကြံပြုပါတယ်။

အတိုက်အခံထိုင်းပြည်သူ့ပါတီ(PP)ရဲ့အောက်လွှတ်တော် အမတ်နဲ့ အလုပ်သမားရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆီယာချမ်ပါတောင်ကတော့ CI စင်တာတွေမှာ မြန်မာစစ်
တပ် လက်ပါးစေ အရာရှိတွေရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု စွပ်စွဲချက်တွေအပေါ် ထိုင်းအာဏာပိုင်တွေက အလေးအနက်စုံစမ်းစစ်ဆေးသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပြီးတော့ CIစင်တာတွေမှာ တန်းစီမစောင့်ချင်ရင် တရားဝင်ကြေးမဟုတ်တဲ့ဘတ်၃၈၀၀ထိပေးရတာမျိုးအဂတိမှုတွေရှိနေနိုင်ကြောင်း
သူက ဆိုပါတယ်။ ဒါပေမဲ့ဒီကိစ္စတွေကို မြန်
မာလုပ်သားတွေကတိုင်ကြားရင်ထိုင်းအလုပ်
အကိုင် ဦးစီးဌာနကမြန်မာဖက်နဲ့သာဆိုင်တဲ့ ပြဿနာလို့ တုံ့ပြန်လေ့ ရှိတယ်လို့လည်း ဆီယာက ပြောပါတယ်။ ထိုင်းမြေပေါ်မှာ ဖြစ်ပေါ်နေတဲ့ အဂတိမှုတွေကို ထိုင်းအာဏာပိုင်တွေက ဘာကြောင့် တာဝန်မယူဘဲ ရှောင်လွှဲနေသလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

CIစင်တာတွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေကြောင်း တိုင်ကြားချက်တွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပေးဖို့၊ မြန်မာဖက်က ခန့်အပ်တဲ့ အရာရှိ ၃၁ ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး သေချာ ရှင်းလင်းအောင် စိစစ်ပေးဖို့၊ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို နိုင်ငံရေးအရ ခြိမ်းခြောက်ဖိနှိပ်မှုတွေအတွက် အသုံးမချနိုင်အောင် ကာကွယ်ပေးဖို့လည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်နဝီဝတ်ကို ရည်ရွယ်ပြီး ဆီယာက တောင်းဆိုခဲ့ပါတယ်။
👍23❤5👏4🤣2🖕1
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အ
စည်းများကွန်ရက် (MWG)ရဲ့ ညှိနှိုင်းရေးမှူး အဒိဆွန် ကွတ်မွန်ခွန်းက CIလိုမျိုး ရှုပ်ထွေးတဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကြောင့် မြန်မာလုပ်သားတွေအများအပြားဟာ တရား
ဝင် မှတ်ပုံတင်မှုစနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ထိုင်းမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းထိကောက်ခံတာ၊ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ငွေပြန်လွှဲခိုင်းတာ၊CIသက်တမ်းတိုးတဲ့ အခါအခွန်ဆောင်ထားကြောင်းနဲ့ ငွေလွှဲထားကြောင်း အထောက်အထားတွေ၊ နိုင်ငံကူးလက်မှတ်တွေကို မဖြစ်မနေ ပြသဖို့ တောင်းဆိုတာတွေက မြန်မာ အလုပ်သမားတွေအတွက် အများကြီး ဖိအားကြုံစေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ငယ်ရွယ်ပြီးစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အ
သက်အရွယ်ထဲမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကလည်း CIသက်တမ်းတိုးရင် အဲဒီလိုအချက်အလက်တွေ ပေးဖို့ တွန့်ဆုတ်နေတတ်ကြောင်း အဒိဆွန်က ပြောပါတယ်။

အကျိုးဆက် အနေနဲ့ မြန်မာလုပ်သား ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စာ
ရင်းမသွင်းတော့ဘဲစနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ အဲဒီအခါ ထိုင်းမှာ၊ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အလုပ်သ
မား ရှားပါးမှုတွေ ကြုံလာနိုင်တယ်လို့လည်း အဒိဆွန်က ဆိုပါတယ်။

အဖြူရောင်အလုပ်ရှင်များအဖွဲ့ရဲ့ကိုယ်စား
လှယ် တစ်ဦးဖြစ်သူ နီလုဘွန် ဖုန်ဖရွမ်ကလည်း CIအပါအဝင် စာရွက်စာတမ်းတွေအ
တွက် စရိတ်မြင့်တက်လာတာ၊ မြန်မာဖက်ကို ပြန်သွားတဲ့ အလုပ်သမားတွေက ထိုင်းကို တ
ရားဝင် ပြန်လည် ဝင်ရောက်လာမှုမရှိတော့တာတွေက အနာဂတ်မှာ ထိုင်းလုပ်ငန်းရှင်တွေကို အခက်ကြုံစေနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ်။

အဲဒီပြဿနာတွေကနေကြိုတင်ကာကွယ်ဖို့အတွက်ထိုင်းအစိုးရဟာCIစနစ်ကို ပြန်သုံး
သပ်ပြီး မြန်မာအလုပ်သမားတွေအတွက် တ
ခြား ယာယီ မှတ်ပုံတင်မှု အစီအမံ တစ်ခုခုကို ပြောင်းလဲဖော်ဆောင်ပေးသင့်ကြောင်း သူက အကြံပြုသွားခဲ့ပါတယ်။

ကိုးကား- The Reporters၊ Transborder news

(ချင်းမိုင်မြို့ရှိ စစ်​ကောင်စီရဲ့ CI စင်တာမှာ CIလုပ်သူမရှိဘဲ ​ခြောက်ကပ်​နေစဥ်။
ရုပ်သံ-MMWRCCT )
👍34🤣2👎1👏1🖕1
This media is not supported in your browser
VIEW IN TELEGRAM
CI ကိစ္စကို စနစ်တကျ ကြပ်မတ်ဖို့ ထိုင်းအမတ်တွေက ထိုင်းအစိုးရကိုတိုက်တွန်း
👏33👎3🤣2👍1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်စခန်းတခုကို KIAနဲ့ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်း နောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တောင်ဦးကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို အောက်တိုဘာ၂၂ရက် မနေ့ညပိုင်းမှာ သိမ်းယူလိုက်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစခန်းက စစ်တပ်နဲ့ SNAအတွက် အရေးပါတဲ့စခန်းဖြစ်ပြီး သူတို့ဘက်က သေဆုံးမှုတွေများပြီး ဆုတ်သွားတယ်လို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်တပ်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံSNA ပူးပေါင်းတပ်ဘက်မှာ ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ တောင်ဦးစခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုတွေရှိကြောင်း အတည်ပြုနိုင်ပေမယ့် တိုက်ပွဲအ​သေးစိတ်အ​ခြေအ​နေကို မသိရသေးဘူးလို့ ​ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

◾️တောင်ဦးရွာ SNA စခန်းသိမ်းတိုက်ပွဲ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းများသိမ်းရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ SNA ရဲ့ တပ်မဟာ(၉၇၂) တပ်ရင်(၄) ဌာနချုပ် တောင်ဦးစခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၂၂ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ရာ အဲဒီစခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေအနက် လက်နက်ကြီးကျည်တွေနဲ့ ဗုံးသီးတွေ အခြား စစ်သုံးပစ္စည်းတွေရဲ့ မှတ်တမ်းပုံကို ဒီနေ့ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ ဖော်ပြလာတာပါ။ ကျည်ခဲယမ်းတွေအပြင် လက်နက်တွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

◾️စစ်တွေမြို့ထဲ ဗုံးနှစ်လုံးကျပြီး ပြည်သူ ၉ ဦးထက်မနည်း သေဆုံး

စစ်တွေမြို့ထဲ နေရာနှစ်ခုကို စစ်တပ်က ဒီနေ့ အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်တွေမြို့ ရွှေငါးခွဆုံဝန်းကျင်ကို ဗုံးတစ်လုံး၊ ကျားရုပ်ဘုန်းတော်ကြီးကျောင်းဝန်းကျင်ကို ဗုံးတစ်လုံး နှစ်လုံးကြဲချခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့်​ ဒေသခံပြည်သူ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူ ၄ ဦးဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။ နောက်ပြီး ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာ စစ်တွေအခြေစိုက် လူမှုကူညီရေးအသင်းတခုဖြစ်တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက အသင်းဝင်လူငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ စစ်တွေမြို့လယ်ကို ဗုံးကြဲပြီးနောက်မှာလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို ဒရုန်း၊ လေယာဉ်တွေ ဝဲနေတာကြောင့် ဗုံးထိမှန်သေဆုံးသွားသူတွေကို သင်္ဂြိုလ်ဖို့ အဆင်မပြေသေးဘူးလို့လည်း မြို့ခံတွေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဒီ​နေ့ နေ့လယ် ၂ နာရီကျော်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️အင်းတော် မဲဇာရွာမှာ စစ်တပ်ရုပ်အလောင်းအများအပြားတွေ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။ မဲဇာကျေးရွာမှာ စစ်တပ်က အောက်တိုဘာလဆန်းပိုင်းမှာ ဝင်ရောက်တပ်စွဲခဲ့တာပါ။ ရွာကို မဝင်နိုင်ခင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲပြီးမှ တပ်စွဲနိုင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က ကျေးရွာကို ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်ခွာသွားတဲ့အတွက် ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် ရုပ်အလောင်းတွေ တွေ့ရှိရတာလို့ သိရပါတယ်။

◾️တရုတ်စာအသုံးပြုဖို့ ဖိအားပေးတာ၊ မြေသိမ်းဆည်းတာတွေ လုပ်နေတဲ့ MNDAA ရဲ့လုပ်ရပ် ရှမ်းအဖွဲ့အစည်း SSJAC ပြင်းထန်စွာ ကန့်ကွက်
❤12👍5🖕4🤮1
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများရဲ့ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ ပါဝင်စုဖွဲ့ထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က ဒီနေ့ ထုတ်ပြန်လိုက်ပြီး ကန့်ကွက်ချက်ကို လျစ်လျူရှုရင် နိုင်ငံရေး၊ လူမှုရေးအရ ပြင်းထန်စွာ တုံ့ပြန်မယ်လို့ သတိပေးပါတယ်။ ကိုးကန့်တပ်မတော်(MNDAA) အနေနဲ့ စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီအားဖြင့် အစားထိုးလည်ပတ်ခြင်းကို နားလည် လက်ခံပေးနိုင်ပေမဲ့ MNDAAက ဖော်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဒေသခံပြည်သူတွေရဲ့ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေတာမို့ ပြင်းထန်စွာ ကန့်ကွက်ခဲ့တာလို့ ဖော်ပြပါတယ်။ MNDAA ကလုပ်ဆောင်နေတဲ့ ဘာသာစကားနဲ့ပတ်သက်ပြီး ဒေသခံတွေ ရင်းနှီးကျွမ်းဝင်မှု လုံး၀ မရှိတဲ့ ဘာသာစကားကို ရုံးသုံးအပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မဖြစ်မနေ အသုံးပြုဖို့ ဖိအားပေး စေခိုင်းတာ အပါအဝင် အချက် ၅ချက်အပေါ် SSJACက ကန့်ကွက်ခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သက်ပြီး SSJAC ရဲ့ ထုတ်ပြန်ချက်မှာ အတိအလင်းဖော်ပြမထားပေမဲ့ MNDAAဟာ သူထိန်းချုပ်မြို့ရွာတွေမှာ ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးသားနေတာဖြစ်ပါတယ်။ အဲဒီလို ရေးသားမှုအပေါ် ရှမ်းလူငယ်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်စာထုတ်ပြန်ထားပါတယ်။ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံတွေရဲ့ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲတာနဲ့ သိမ်းဆည်းတာကို MNDAAက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

◾️ရှမ်းမြောက်က စာသင်ကျောင်းနဲ့ ဈေးအချို့ အရေးပေါ်ပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်းထောက်နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဒီ‌နေ့ အောက်တိုဘာ ၂၃ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ် ၁စီးက ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို နှစ်ပတ် ပတ်ပျံပြီး ကင်းထောက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။ လေကြောင်းအန္တရာယ်ကို ကြောက်ကြတော့ ကျောင်းနဲ့ စျေးတွေပိတ်ပြီး ပြန်ကြတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။ တချို့ကတော့မပိတ်ဘူးလို့ သူက ဆိုပါတယ်။ ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ဟာ လက်ရှိမှာ ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားပါတယ်။

◾️RCSSနဲ့ စစ်တပ် ရပ်စောက်မှာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ၂၂ရက်က ဒေသအခြေစိုက် စစ်တပ်ရဲ့ခလရ-၂၉၂ထဲကနေ စစ်ကြောင်းထိုးလာတဲ့အတွက် RCSSနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲက ကျောက်ဂူ–အင်တောလမ်းတဲ့ ကျိုင်းခမ်းရွာအနီး ၁၈မိုင်မှာ နေ့လယ် ၁၂နာရီခန့်ကနေ ညနေအထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ​ပေမဲ့ စစ်တပ်ရဲ့ သေဆုံးမှုနဲ့ တိုက်ပွဲအ​ခြေအ​နေအသေးစိတ်ကို လူထုနွေဦးက အတည်ပြုလို့မရသေးပါဘူး။ RCSSရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ Tai Freedom ကတော့ လက်ရှိတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

◾️မန္တလေးတိုင်း NLDဝန်ကြီး ဦးဇာနည်အောင်ကို ​ထောင်က​နေလွှတ်​​ပေးပေမယ့် အိမ်ပြန်မရောက်သေး

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင်ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ အောက်တိုဘာ ၂၃ ရက်မှာ မန္တလေးအိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ဦးဇာနည်​အောင်ကို ပြန်လွှတ်​ပေးတယ်ဆို​ပေမယ့် ည​​နေ ၅ နာရီခွဲ​ကျော်အထိ အိမ်ပြန်မ​ရောက်​သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။ နောက်ပြီး ဦးဇာနည်​အောင် ပြန်လွတ်​မြောက်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်တပ်ဝါဒဖြန့် တယ်လီဂရန့်အချို့က သူ့ကို အကြမ်းဖက်ဖို့ လှုံ့​ဆော်​ရေးသား​နေကြတာကိုလည်း​ တွေ့ရပါတယ်။ ဦးဇာနည်အောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေး တိုင်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးတာဝန်ယူခဲ့ပြီး ခေတ္တဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

◾️မင်းတုန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သားတချို့ ထိခိုက်သေဆုံး
👍10🤮2🖕2🔥1
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သွားလာနေထိုင်ရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်က သရက်မြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ မင်းတုန်းမြို့နယ် ၊ ရွာသစ်ကျေးရွာ နဲ့ ငှက်ပျင်းကျေးရွာအကြားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။ ပါရာမော်တာ ၃စီးကနေ ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ကြတဲ့ ပြည်သူ ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ကြို့ဝကျေးရွာက မောင်ဖိုးလမင်း အသက် (၂၅)နှစ် သေဆုံးပြီး (၆၂)နှစ်အရွယ် ဦးကြည်ဝင်းနဲ့ (၄၇)နှစ်အရွယ် ဦးအောင်မြိုင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

◾️KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီနေ့ အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။ စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။

◾️ဗန်းမော်မြို့အနီးဝန်းကျင် စစ်တပ်စစ်ကြောင်းထိုးနေလို့ နေ့စဉ်တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာကတည်းက စစ်တပ်ဟာ ဗန်းမော်မြို့ကို ရေကြောင်းကနေ အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ရေကြောင်းက ဖြည့်တင်းတဲ့ စစ်တပ်အင်အား ၁,၀၀၀ ကျော်ရှိပြီး အများစုဟာ စစ်တပ် အဓမ္မစစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်တွေလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က အသိပေးထားပါတယ်။ လတ်တလော တိုက်ပွဲဖြစ်နေတာဟာ ဗန်းမော်မြို့တွင်းနေရာအချို့ ဗန်းမော်မြို့ကနေ မံစီမြို့အထွက် နေရာတွေမှာ ဖြစ်နေတာမို့ မံစီမြို့ကို စစ်တပ်ထိုးစစ်တွေ ဦးတည်တယ်ဆိုတဲ့ သတင်းတွေရှိနေတာလို့ ပြောပါတယ်။

◾️ရေဘေးသင့် ပုလောကို စစ်တပ်လေကြောင်းဗုံးကြဲ

ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာ ၂၂ရက် နေ့လယ် ၁၁နာရီခွဲခန့်မှာ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူ‌တွေနဲ့ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိပေမယ့် ကဒဲရွာ ဘုန်းကြီးကျောင်းနဲ့ သာသနိက အဆောက်အအုံ တွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်သတိပြုဖို့လို့လည်းမြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

◾️မြဝတီမှာ ထိုင်းကုန်တွေ သယ်လာတဲ့ ကားအစီး ၄၀ ခန့် စစ်တပ်ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့၊ နဒီလင်းမြိုင်ရွာမှာ အောက်တိုဘာ ၂၀ ရက်က ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ မြဝတီမြို့ ၊ အမှတ် (၆) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်အနီး နဒီလင်းမြိုင်တံတားမှာ ထိုင်းကုန်စည်တွေသယ်လာတဲ့ ကားအစီးရေ ၄၀ ခန့်ကို မြဝတီအခြေစိုက် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းက ဖမ်းဆီးလိုက်တာပါ။ နဒီလင်းမြိုင်ရွာမှာ နဒီတံတားရှိပြီး တံတားရဲ့ တဖက်ခြမ်းစီမှာ စစ်တပ်နဲ့ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တို့ တပ်စွဲထားတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ ကုန်ကားတွေဟာ မြဝတီကနေတဆင့် ကော့ကရိတ် ၊ ဘားအံမြို့တွေက ကုန်စုံဆိုင်တွေဆီ ထိုင်းကုန်စည်တွေကို ခေါက်တိုပို့ဆောင်ပေးနေတဲ့ ကားတွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ကုန်သည်အချင်းချင်း စစ်တပ်ဆီတိုင်ကြားရာကနေ ဖမ်းခံရတာလို့လည်း ကရင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံရေးနဲ့ ဆီမီးသပိတ်လှုပ်ရှားမှု ပြုလုပ်
👍10❤4🖕2🤮1
စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံကြောင်း လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် နေရာရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ မြန်မာပြည်သူလူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံးရဲ့ အသံ စစ်မှန်စွာလွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက သီတင်းကျွတ်အချိန်အခါမှာ မြတ်စွာဘုရားအားဆီမီးပူဇော်ခြင်း ပြုလုပ်ပြီး ဖယောင်းတိုင်နဲ့ ဆီမီးသပိတ် ပုံဖော်ထွန်းညှိကာ မြန်မာပြည်ကြီးအမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။
👍17🖕3🤮1🙏1
🖕8👍4🔥3
👍23❤5🖕3🔥2