People's Spring
✔
59.1K subscribers
72.7K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တောင်ဦးရွာ SNAတပ်စခန်း KIA သိမ်းပိုက်၊ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းများသိမ်းရ

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

SNA ရဲ့ တပ်မဟာ(၉၇၂) တပ်ရင်(၄) ဌာနချုပ် တောင်ဦးစခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၂၂ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ရာ အဲဒီစခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေအနက် လက်နက်ကြီးကျည်တွေနဲ့ ဗုံးသီးတွေ အခြား စစ်သုံးပစ္စည်းတွေရဲ့ မှတ်တမ်းပုံကို ဒီကနေ့ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ ဖော်ပြလာတာပါ။

ကျည်ခဲယမ်းတွေအပြင် လက်နက်တွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

KIA ပူးပေါင်းတပ်အနေနဲ့ အောက်တိုဘာ ၁၉ရက် ကလည်း တောင်ဦးဒေသက SNA ခြေကုတ်ယူထားတဲ တာမယ်ပုတ်ရွာကိုလည်း သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာလကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာအနီးရှိ SNA စခန်း ၂ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာပဲ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှာ စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီ တပ်နဲ့ SNA ပူးပေါင်းတပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပါတယ်။

KIAနဲ့ စစ်တပ်ဟာ လတ်တလောမှာ ဗန်းမော်၊ မိုးမိတ်၊ ခေါင်လန်ဖူးဒေသမှာလည်း တိုက်ပွဲဖြစ်တာ စစ်ရေးတင်းမာတာတွေရှိနေပါတယ်။
👍27🥰8❤7👏7🤣2👎1🖕1
(SNA တပ်စခန်းသိမ်းပိုက်မှုက ရတဲ့ ကျည်ခဲယမ်းတွေ။ ဓာတ်ပုံ - ပေးပို့)
🥰28👍15👏6👎1👌1🤣1🖕1
အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ဒေါက်တာစင်သီယာမောင်ကို CRPH ဂုဏ်ပြု

အောက်တိုဘာ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းကို တည်ထောင်ပြီး ရွှေ့ပြောင်းလုပ်သားများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ၊ မိခင်နဲ့ ကလေးများ၊ ခြေလက်အင်္ဂါများ ရင်းနှီးပေးဆပ်ခဲ့ကြရသော ရဲဘော်များနဲ့ နွမ်းပါးရုန်းကန်နေရသူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းစဉ်များနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်ပေါင်း (၄၀) ကျော် လုပ်ဆောင်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒေါက်တာစင်သီယာမောင်၏ ခေါင်းဆောင်မှု၊ လူသားဆန်သည့် ဂုဏ်အရည်အချင်းများ နှင့် ခွဲခြားဆက်ဆံမှုမရှိသော မွန်မြတ်သည့် လူသားအကျိုးပြု လုပ်ဆောင်ချက်များသည် မျိုးဆက် သစ်လူငယ်များအတွက် အားကျအတုယူဖွယ် ဂုဏ်ထူးဝိသေသများဖြစ်ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အခုအချိန်ထိတိုင် စာနာသောနှလုံးသား၊ ပြည့်ဝသော စိတ်ထားတို့ဖြင့် ဆက်လက် စွမ်းဆောင်ကြိုးစားဆောင်ရွက်နေတဲ့အတွက် ထိုက်တန် စွာ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် CRPHက ဂုဏ်ပြုပါတယ်။

ချီးမြှင့်ခံရတဲ့ ငြိမ်းချမ်းရေးဆုဟာ ဒေါက်တာစင်သီယာမောင်အပါအဝင် သူမတည်ထောင်ထားသော မယ်တော်ဆေးခန်းမိသားစုများနဲ့ ဝန်းရံကူညီပူးပေါင်းလုပ်ဆောင် နေကြသော ပုဂ္ဂိုလ်များရဲ့ စုစည်းညီညွတ်မှုအင်အားတစ်ရပ်ကိုလည်း ဂုဏ်ပြုဖော်ညွှန်းလျက် ရှိကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒေါက်တာ စင်သီယာမောင်သည် အနာဂတ်တွင်လည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်အောင်မြင်စွာ ကြိုးစားလုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာပေးပို့ပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် ဂုဏ်ပြုကြောင်း အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေါက်တာစင်သီယာမောင်ရဲ့ ဦးဆောင်မှု၊ နှိမ့်ချရိုးသားမှုနဲ့ မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံ၍ လူတိုင်းကို စောင့်ရှောက်ပေးရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မှုတို့ကို အထူးလေးစားတန်ဖိုးထားကြောင်း ဖော်ပြထားပါတယ်။
❤35👍11🥰3👏3🤮1👌1🤣1🖕1
❤51👏7🥰2🤮1🖕1
တရုတ်စာအသုံးပြုဖို့ ဖိအားပေးတာ၊ မြေသိမ်းဆည်းတာတွေ လုပ်နေတဲ့ MNDAA ရဲ့လုပ်ရပ် ရှမ်းအဖွဲ့အစည်း SSJAC ပြင်းထန်စွာ ကန့်ကွက်

▪️ကန့်ကွက်ချက်လျစ်လျူရှုရင် လိုအပ်တဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေလုပ်မယ်လို့ သတိပေး

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများရဲ့ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ ပါဝင်စုဖွဲ့ထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး ကန့်ကွက်ချက်ကို လျစ်လျူရှုရင် နိုင်ငံရေး၊ လူမှုရေးအရ ပြင်းထန်စွာ တုံ့ပြန်မယ်လို့ သတိပေးပါတယ်။

ကိုးကန့်တပ်မတော်(MNDAA) အနေနဲ့ စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီအားဖြင့် အစားထိုးလည်ပတ်ခြင်းကို နားလည် လက်ခံပေးနိုင်ပေမဲ့ MNDAAက ဖော်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဒေသခံပြည်သူတွေရဲ့ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေတာမို့ ပြင်းထန်စွာ ကန့်ကွက်ခဲ့တာလို့ ဖော်ပြပါတယ်။

MNDAA ကလုပ်ဆောင်နေတဲ့ ဘာသာစကားနဲ့ပတ်သက်ပြီး ဒေသခံတွေ ရင်းနှီးကျွမ်းဝင်မှု လုံး၀ မရှိတဲ့ ဘာသာစကားကို ရုံးသုံးအပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မဖြစ်မနေ အသုံးပြုဖို့ ဖိအားပေး စေခိုင်းတာ အပါအဝင် အချက် ၅ချက်အပေါ် SSJACက ကန့်ကွက်ခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သက်ပြီး SSJAC ရဲ့ ထုတ်ပြန်ချက်မှာ အတိအလင်းဖော်ပြမထားပေမဲ့ MNDAAဟာ သူထိန်းချုပ်မြို့ရွာတွေမှာ ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးသားနေတာဖြစ်ပါတယ်။ အဲဒီလို ရေးသားမှုအပေါ် ရှမ်းလူငယ်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်စာထုတ်ပြန်ထားပါတယ်။

မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံတွေရဲ့ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲတာနဲ့ သိမ်းဆည်းတာကို MNDAAက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားများ ဝင်ရောက်လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး MNDAA က ပြဋ္ဌာန်းလိုက်သော မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်ဟာ နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက် လာနိုင်စေခြင်းနဲ့ နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့် ရရှိစေမယ့် တိုက်ရိုက်နဲ့ သွယ်ဝိုက် နည်းလမ်း များ ပေါ်ပေါက်နေစေတယ်လို့ ထုတ်ပြန်ပါတယ်။

သမိုင်းနဲ့ ယဉ်ကျေးမှုလက္ခဏာ နဲ့ပတ်သက်ပြီး သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့တဲ့ မြို့ရွာအမည်များနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိသော အမည်နာမ၊ ဘာသာစကားများဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲ တာကို MNDAAက လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေကြောင်းလည်း ပါရှိပါတယ်။ MNDAA ရဲ့ လုပ်ရပ်တွေကို ငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ ဒေသခံများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနဲ့ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေကြောင်း SSJACက ထုတ်ပြန်ပါတယ်။

MNDAA က အဲဒီလို လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကိုသာမက ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ အခြေခံ မူများကိုပါ တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေကြောင်း SSJACက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူများရဲ့ မြေယာပိုင်ဆိုင်ခွင့် အပါအဝင် အခြေခံ လူ့အခွင့်အရေးများကို ဆိုးရွားစွာထိခိုက်စေပြီး ဒေသတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီနောင်များအကြား နားလည်မှုလွဲမှားခြင်း၊ ယုံကြည်မှု ပျက်ပြားခြင်းနဲ့ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများကို ကြီးထွားလာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေတယ်လို့ ဖော်ပြကာ လူထုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

" ဤကန့်ကွက်ချက်ကို လျစ်လျူရှု၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက ဒေသခံပြည်သူများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အကျိုးစီးပွားနှင့် ရပ်တည်ခွင့်ကို ကာကွယ်ရန်အတွက် မိမိတို့အနေဖြင့် လိုအပ်သော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ ပြန်မှု များကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ်ပြန်အပ်ပါသည်” လို့ ဖော်ပြထားပါတယ်။
SSJAC ရဲ့ အခုထုတ်ပြန်ချက်ကို ရှမ်းတပ် SSPPကလည်း သူ့ရဲ့ သတင်းပြန်ကြားရေးဌာနကတဆင့် ဖော်ပြထားပါတယ်။

SSPP ဟာ ကိုးကန့်တပ် MNDAAနဲ့ မဟာမိတ်ဖြစ်ပြီး နှစ်ဖွဲ့စလုံးဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ(FPNCC) အဖွဲ့ဝင် တွေလည်း ဖြစ်ကြပါတယ်။
👍34❤5😁5🤣2
ရှမ်းပြည်နယ်မြောက်ပိုင်း ရေရှည်အေးချမ်းရေးနဲ့ လူမျိုးစုများ အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ထံသို့ ရှမ်းလူငယ်အဖွဲ့အစည်း ၈ခု ကလည်း အောက်တိုဘာ ၉ရက်နေ့မှာ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ပါတယ်။

MNDAAထံသို့ စာပေးပို့တဲ့ ရှမ်းကျောင်းသားလူငယ် အဖွဲ့အစည်းတွေကတော့ Dai Youth Congress၊ Tai Youth Network၊ Tai Students’s Union၊ SL&CC-University Of Yangon၊ Tai Youths Network Japan၊ Global Shan Network၊ Tai National Community၊ A Lin Thit Organization တို့ ဖြစ်ပါတယ်။

ကိုးကန့်တပ်က ဒေသခံစာပေများကို ဖျောက်ဖျက်ခြင်း – ရှမ်း၊ တအာင်း/ပလောင် နဲ့ မြန်မာဘာသာစကားဖြင့် ရေးသားထားသော အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်များကို တစ်ဖက်သတ် ဖြုတ်ချပြီး တရုတ်စာ ဆိုင်းဘုတ်များဖြင့်သာ အစားထိုးဆောင်ရွက်နေခြင်း တွေလုပ်ဆောင်နေတဲ့အပြင် သမိုင်းအမွေအနှစ်များကို လျစ်လျူရှုခြင်း ဖြစ်တဲ့ ရှမ်းစော်ဘွားများရဲ့ သမိုင်းဝင် နန်းတော်ဟောင်း တည်ရှိရာ သိန္နီမြို့ကဲ့သို့သော သမိုင်းအမွေအနှစ်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အထွတ်အမြတ် နေရာများကို ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့ခြင်း သို့မဟုတ် အသွင်သဏ္ဌာန် ပြောင်းလဲပစ်ခြင်းကို ကိုးကန့်တပ်က လုပ်ဆောင်ခဲ့ကြောင်း ရှမ်းလူငယ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ကိုးကန့်တပ်ရဲ့ လုပ်ဆောင်ချက်ဟာ မဟာဗျူဟာအရ ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ကြိုးပမ်းတည်ဆောက် နေတဲ့ အုပ်ချုပ်ရေးကို ခိုင်မာစေမည် မဟုတ်ဘဲ မဟာမိတ် များအကြား ယုံကြည်မှုကိုသာ ပျက်စီးစေလိမ့်မယ်လို့ သတိပေးထားပါတယ်။
SSJAC နဲ့ရှမ်းအဖွဲ့တွေရဲ့ သဘောထားကြေညာချက်နဲ့ပတ်သက်ပြီး MNDAAထံ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

ကိုးကန့်တပ်ဟာ မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ကိုးကန့်ဒေသသာမက သိန္နီ နဲ့လားရှိုးမြို့တွေကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်အစိုးရ ကြားဝင်မှုနဲ့ အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့ရာ လားရှိုးမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့ပါတယ်။ အခု ၂၀၂၆ နွေမှာတော့ မဟာမိတ်အချင်းချင်း အငြင်းပွားမှုကို ကိုးကန့်တပ်က စစ်ရေးအရ ဖြေရှင်းကာ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
👍32😁4❤2🤣1
(ကိုးကန့်တပ်မတော်(MNDAA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
👎21🤮8🖕5💩4❤1
သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံရေးနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

အောက်တိုဘာ ၂၃၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံကြောင်း လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် နေရာရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

မြန်မာပြည်သူလူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံးရဲ့ အသံ စစ်မှန်စွာလွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက သီတင်းကျွတ်အချိန်အခါမှာ မြတ်စွာဘုရားအားဆီမီးပူဇော်ခြင်း ပြုလုပ်ပြီး ဖယောင်းတိုင်နဲ့ ဆီမီးသပိတ် ပုံဖော်ထွန်းညှိကာ မြန်မာပြည်ကြီးအမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။
👏23❤8👍3🤣2🖕1
ဓာတ်ပုံ - ရွှေဘိုမြိုနယ်သပိတ်အင်အားစု၊ ဆားလင်းကြီးလူထုသပိတ်
❤33👍7🖕2🔥1👏1
CI ကိစ္စကို စနစ်တကျ ကြပ်မတ်ဖို့ ထိုင်းအမတ်တွေက ထိုင်းအစိုးရကိုတိုက်တွန်း


●CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက်တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့လုပ်သားအ​ရေး​ဆောင်ရွက်သူ​တွေသတိ​ပေး

​အောက်တိုဘာ-၂၃၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအတွက် မြန်မာစစ်အုပ်စုရဲ့ မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ (CI) ထုတ်ပေး​တေမှုတွေကို ထိုင်းအစိုးရက စနစ်တကျမကြပ်မတ်နိုင်ရင် မြန်မာလုပ်သား တစ် သန်းကျော်လောက်ဟာ တရားဝင် စနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်
သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်ရှင်တွေက သတိပေး ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ မြန်မာ အလုပ်သမားတွေအတွက် CIထုတ်ပေးတဲ့ CIစင်တာတွေအတွက် အာ
ဏာသိမ်းမြန်မာစစ်တပ်က ​စေလွှတ်ထားတဲ့
တာဝန်ရှိသူ ၃၀ ကျော်ကို ဝင်ရောက် ကြီး
ကြပ်ခွင့် ပြုခဲ့ပါတယ် ။အဲဒီအာဏာပိုင်တွေက မရိုးသားမှု၊ အဂတိမှုတွေ ကျူးလွန်နေနိုင်ကြောင်း စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အခုသတိပေးချက် ထွက်ပေါ်လာတာပါ။

ထိုင်းလွှတ်တော်အမတ်တွေကလည်း CI စင်တာတွေမှာအကျင့်ပျက်ခြစားမှုပြဿနာတွေ ရှိနိုင်ခြေတွေ၊မြန်မာအလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို နိုင်ငံရေးအတွက် အမြတ်ထုတ် အသုံးချလာနိုင်ခြေတွေကို စနစ်တကျ စုံစမ်းသင့်ကြောင်း ထိုင်းအစိုးရကို တိုက်တွန်းလာခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာထိုင်းအလွတ်တန်း သ
တင်းထောက်တဦးက CI စင်တာ တစ်ခုကိုသတင်းရယူဓာတ်ပုံရိုက်တဲ့အခါ အာဏာ
သိမ်း စစ်တပ်ရဲ့ လက်​အောက်ခံဝန်ထမ်းတွေက ခြိမ်းခြောက်တားဆီးခဲ့တဲ့နောက်ပိုင်း CI စင်တာတွေထဲက ခြစားမှု ကိစ္စတွေကို ထိုင်းမှာ ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ CIထုတ်ပေးရေး ကိစ္စတွေမှာ မြန်မာစစ်တပ်က ပိုပြီး တင်းကျပ်လာတာ၊ အလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အ
လက်တွေကို အဓမ္မစစ်မှုထမ်းဆင့်ခေါ်ဖို့နဲ့ တခြားနိုင်ငံရေး အမြတ်ထုတ်မှုတွေအတွက် အသုံးချလာနိုင်ခြေတွေကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေထဲက ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စနစ်တွေရဲ့ အပြင်ဖက်ကို ရောက်သွားပြီး ထိုင်းမှာ တရားဝင် လုပ်သားရှားပါးမှု ပြဿနာမျိုး ကြုံလာနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

ထိုင်းအထက်လွှတ်တော် အမတ် ထေဝရစ် မန်နီချိုင်းကCIထုတ်ပေးတာဟာအလုပ်သ
မားတွေအတွက်အထောက်အကူဖြစ်နိူင်​
ပေမယ့်ထိုင်းမှာ ကိုယ်ပိုင် အသိအမှတ်ပြု စာရွက်စာတမ်း ထုတ်ပေးတဲ့စနစ် ရှိနှင့်ပြီးသား ဖြစ်တာကြောင့် CIက မရှိမဖြစ် မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ၆ လကျော် နေထိုင်ခွင့် ရထားသူတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုလို့ ရတာကြောင့် မြန်မာ အလုပ်သမားတွေ အနေနဲ့ ထိုင်းအစိုးရရဲ့ အသိအမှတ်ပြု စနစ်တစ်ခုတည်းကိုပဲ ရွေးချယ်သင့်တယ်လို့ သူက​ထောက်ပြပါတယ်။

မြန်မာအလုပ်သမားတွေ ကိုယ်တိုင်ကလည်း သူတို့ရှာ​ဖွေစု​ဆောင်းထားတဲ့ငွေတွေကို CI လုပ်လိုက်ရင် မြန်မာစစ်တပ်က ပြည်သူတွေကို ဖိနှိပ်မှုတွေမှာ ပြန်လည် အသုံးချနေတယ်လို့ စိုးရိမ်နေတယ်လို့ ထေဝရစ်က ဆက်ပြောပါတယ်။ CIစနစ်ကို လုံးဝ ဖျက်သိမ်းတာမျိုး မလုပ်နိုင်သေးဘူးဆိုရင်တောင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ကောင်းမွန်လာတဲ့အထိ ထိုင်းအစိုးရဟာ မြန်မာ အလုပ်သမားတွေကို ကိုယ်တိုင် CIနဲ့ အလားတူ အသိအမှတ်ပြုကတ်မျိုး ယာယီ ထုတ်ပေးတာမျိုး နည်းလမ်းတွေကို စဉ်းစားသင့်ကြောင်း ထေဝရစ်က အကြံပြုပါတယ်။

အတိုက်အခံထိုင်းပြည်သူ့ပါတီ(PP)ရဲ့အောက်လွှတ်တော် အမတ်နဲ့ အလုပ်သမားရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆီယာချမ်ပါတောင်ကတော့ CI စင်တာတွေမှာ မြန်မာစစ်
တပ် လက်ပါးစေ အရာရှိတွေရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု စွပ်စွဲချက်တွေအပေါ် ထိုင်းအာဏာပိုင်တွေက အလေးအနက်စုံစမ်းစစ်ဆေးသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပြီးတော့ CIစင်တာတွေမှာ တန်းစီမစောင့်ချင်ရင် တရားဝင်ကြေးမဟုတ်တဲ့ဘတ်၃၈၀၀ထိပေးရတာမျိုးအဂတိမှုတွေရှိနေနိုင်ကြောင်း
သူက ဆိုပါတယ်။ ဒါပေမဲ့ဒီကိစ္စတွေကို မြန်
မာလုပ်သားတွေကတိုင်ကြားရင်ထိုင်းအလုပ်
အကိုင် ဦးစီးဌာနကမြန်မာဖက်နဲ့သာဆိုင်တဲ့ ပြဿနာလို့ တုံ့ပြန်လေ့ ရှိတယ်လို့လည်း ဆီယာက ပြောပါတယ်။ ထိုင်းမြေပေါ်မှာ ဖြစ်ပေါ်နေတဲ့ အဂတိမှုတွေကို ထိုင်းအာဏာပိုင်တွေက ဘာကြောင့် တာဝန်မယူဘဲ ရှောင်လွှဲနေသလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

CIစင်တာတွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေကြောင်း တိုင်ကြားချက်တွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပေးဖို့၊ မြန်မာဖက်က ခန့်အပ်တဲ့ အရာရှိ ၃၁ ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး သေချာ ရှင်းလင်းအောင် စိစစ်ပေးဖို့၊ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို နိုင်ငံရေးအရ ခြိမ်းခြောက်ဖိနှိပ်မှုတွေအတွက် အသုံးမချနိုင်အောင် ကာကွယ်ပေးဖို့လည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်နဝီဝတ်ကို ရည်ရွယ်ပြီး ဆီယာက တောင်းဆိုခဲ့ပါတယ်။
👍23❤5👏4🤣2🖕1
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အ
စည်းများကွန်ရက် (MWG)ရဲ့ ညှိနှိုင်းရေးမှူး အဒိဆွန် ကွတ်မွန်ခွန်းက CIလိုမျိုး ရှုပ်ထွေးတဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကြောင့် မြန်မာလုပ်သားတွေအများအပြားဟာ တရား
ဝင် မှတ်ပုံတင်မှုစနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ထိုင်းမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းထိကောက်ခံတာ၊ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ငွေပြန်လွှဲခိုင်းတာ၊CIသက်တမ်းတိုးတဲ့ အခါအခွန်ဆောင်ထားကြောင်းနဲ့ ငွေလွှဲထားကြောင်း အထောက်အထားတွေ၊ နိုင်ငံကူးလက်မှတ်တွေကို မဖြစ်မနေ ပြသဖို့ တောင်းဆိုတာတွေက မြန်မာ အလုပ်သမားတွေအတွက် အများကြီး ဖိအားကြုံစေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ငယ်ရွယ်ပြီးစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အ
သက်အရွယ်ထဲမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကလည်း CIသက်တမ်းတိုးရင် အဲဒီလိုအချက်အလက်တွေ ပေးဖို့ တွန့်ဆုတ်နေတတ်ကြောင်း အဒိဆွန်က ပြောပါတယ်။

အကျိုးဆက် အနေနဲ့ မြန်မာလုပ်သား ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စာ
ရင်းမသွင်းတော့ဘဲစနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ အဲဒီအခါ ထိုင်းမှာ၊ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အလုပ်သ
မား ရှားပါးမှုတွေ ကြုံလာနိုင်တယ်လို့လည်း အဒိဆွန်က ဆိုပါတယ်။

အဖြူရောင်အလုပ်ရှင်များအဖွဲ့ရဲ့ကိုယ်စား
လှယ် တစ်ဦးဖြစ်သူ နီလုဘွန် ဖုန်ဖရွမ်ကလည်း CIအပါအဝင် စာရွက်စာတမ်းတွေအ
တွက် စရိတ်မြင့်တက်လာတာ၊ မြန်မာဖက်ကို ပြန်သွားတဲ့ အလုပ်သမားတွေက ထိုင်းကို တ
ရားဝင် ပြန်လည် ဝင်ရောက်လာမှုမရှိတော့တာတွေက အနာဂတ်မှာ ထိုင်းလုပ်ငန်းရှင်တွေကို အခက်ကြုံစေနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ်။

အဲဒီပြဿနာတွေကနေကြိုတင်ကာကွယ်ဖို့အတွက်ထိုင်းအစိုးရဟာCIစနစ်ကို ပြန်သုံး
သပ်ပြီး မြန်မာအလုပ်သမားတွေအတွက် တ
ခြား ယာယီ မှတ်ပုံတင်မှု အစီအမံ တစ်ခုခုကို ပြောင်းလဲဖော်ဆောင်ပေးသင့်ကြောင်း သူက အကြံပြုသွားခဲ့ပါတယ်။

ကိုးကား- The Reporters၊ Transborder news

(ချင်းမိုင်မြို့ရှိ စစ်​ကောင်စီရဲ့ CI စင်တာမှာ CIလုပ်သူမရှိဘဲ ​ခြောက်ကပ်​နေစဥ်။
ရုပ်သံ-MMWRCCT )
👍34🤣2👎1👏1🖕1
This media is not supported in your browser
VIEW IN TELEGRAM
CI ကိစ္စကို စနစ်တကျ ကြပ်မတ်ဖို့ ထိုင်းအမတ်တွေက ထိုင်းအစိုးရကိုတိုက်တွန်း
👏33👎3🤣2👍1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်စခန်းတခုကို KIAနဲ့ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်း နောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တောင်ဦးကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို အောက်တိုဘာ၂၂ရက် မနေ့ညပိုင်းမှာ သိမ်းယူလိုက်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစခန်းက စစ်တပ်နဲ့ SNAအတွက် အရေးပါတဲ့စခန်းဖြစ်ပြီး သူတို့ဘက်က သေဆုံးမှုတွေများပြီး ဆုတ်သွားတယ်လို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်တပ်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံSNA ပူးပေါင်းတပ်ဘက်မှာ ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ တောင်ဦးစခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုတွေရှိကြောင်း အတည်ပြုနိုင်ပေမယ့် တိုက်ပွဲအ​သေးစိတ်အ​ခြေအ​နေကို မသိရသေးဘူးလို့ ​ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

◾️တောင်ဦးရွာ SNA စခန်းသိမ်းတိုက်ပွဲ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းများသိမ်းရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ SNA ရဲ့ တပ်မဟာ(၉၇၂) တပ်ရင်(၄) ဌာနချုပ် တောင်ဦးစခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၂၂ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ရာ အဲဒီစခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေအနက် လက်နက်ကြီးကျည်တွေနဲ့ ဗုံးသီးတွေ အခြား စစ်သုံးပစ္စည်းတွေရဲ့ မှတ်တမ်းပုံကို ဒီနေ့ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ ဖော်ပြလာတာပါ။ ကျည်ခဲယမ်းတွေအပြင် လက်နက်တွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

◾️စစ်တွေမြို့ထဲ ဗုံးနှစ်လုံးကျပြီး ပြည်သူ ၉ ဦးထက်မနည်း သေဆုံး

စစ်တွေမြို့ထဲ နေရာနှစ်ခုကို စစ်တပ်က ဒီနေ့ အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်တွေမြို့ ရွှေငါးခွဆုံဝန်းကျင်ကို ဗုံးတစ်လုံး၊ ကျားရုပ်ဘုန်းတော်ကြီးကျောင်းဝန်းကျင်ကို ဗုံးတစ်လုံး နှစ်လုံးကြဲချခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့်​ ဒေသခံပြည်သူ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူ ၄ ဦးဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။ နောက်ပြီး ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာ စစ်တွေအခြေစိုက် လူမှုကူညီရေးအသင်းတခုဖြစ်တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက အသင်းဝင်လူငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ စစ်တွေမြို့လယ်ကို ဗုံးကြဲပြီးနောက်မှာလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို ဒရုန်း၊ လေယာဉ်တွေ ဝဲနေတာကြောင့် ဗုံးထိမှန်သေဆုံးသွားသူတွေကို သင်္ဂြိုလ်ဖို့ အဆင်မပြေသေးဘူးလို့လည်း မြို့ခံတွေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဒီ​နေ့ နေ့လယ် ၂ နာရီကျော်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️အင်းတော် မဲဇာရွာမှာ စစ်တပ်ရုပ်အလောင်းအများအပြားတွေ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။ မဲဇာကျေးရွာမှာ စစ်တပ်က အောက်တိုဘာလဆန်းပိုင်းမှာ ဝင်ရောက်တပ်စွဲခဲ့တာပါ။ ရွာကို မဝင်နိုင်ခင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲပြီးမှ တပ်စွဲနိုင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က ကျေးရွာကို ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်ခွာသွားတဲ့အတွက် ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် ရုပ်အလောင်းတွေ တွေ့ရှိရတာလို့ သိရပါတယ်။

◾️တရုတ်စာအသုံးပြုဖို့ ဖိအားပေးတာ၊ မြေသိမ်းဆည်းတာတွေ လုပ်နေတဲ့ MNDAA ရဲ့လုပ်ရပ် ရှမ်းအဖွဲ့အစည်း SSJAC ပြင်းထန်စွာ ကန့်ကွက်
❤12👍5🖕4🤮1