People's Spring
✔
59.1K subscribers
72.8K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းကင်း
ထောက်နေလို့ စာသင်ကျောင်းနဲ့ ဈေးအချို့ အရေးပေါ်ပိတ်

အောက်တိုဘာ-၂၃၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်း
ထောက် နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီ‌နေ့ အောက်တိုဘာ ၂၃ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ် ၁စီးက ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို နှစ်ပတ် ပတ်ပျံပြီး ကင်းထောက်သွားတာလို့ မြို့ခံတွေကပြောပါတယ်။

" လေကြောင်းအန္တရာယ်ကိုကြောက်ကြတော့ ကျောင်းနဲ့စျေးတွေပိတ်ပြီး ပြန်ကြတယ်။ တချို့ကတော့မပိတ်ဘူး။ အရမ်းကြောက်နေကြတာလေ။ အခြေအနေတွေကဘာဖြစ်မယ်ဆိုတာလဲ မမှန်းဆနိုင်ကြဘူးဖြစ်နေတယ်ဆိုတော့"လို့ ကွတ်ခိုင်မြို့ခံတစ်ဦးကပြောပါတယ်။

ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ဟာ လက်ရှိမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်
မတော်(MNDAA)က ထိန်းချုပ်ထားပါတယ်။

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုပြီး တော်လှန်‌ ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တောင်းယူနေပါတယ်။မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်ကောင်စီတပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်
ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့
(MNDAA၊TNLA၊AA)က ပူးပေါင်းထိန်းချုပ်ထားပါတယ်။

စစ်တပ်က လားရှိူး၊ သီပေါ၊ ‌ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနဲ့မူဆယ်မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ရှိခဲ့ပါတယ်။ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကွတ်ခိုင်မြို့ကိုလည်း ၂၀၂၅ ဇူလိုင်လ ၃၀ရက်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားခုနစ်ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးပွဲစားတွေကတစ်ဆင့် အမေရိကန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်း‌ တွေထွက်ပေါ်လာပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရော၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ပါ စစ်ရေးလှုပ်ရှားမှုတွေ ယခင်ကထက်ပိုလုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျားဖြန့်နှိမ့်နင်းရေးနဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်အောင် တိုက်ခိုက်မယ်လို့ ကြွေးကျော်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်းကို မြောက်ပိုင်းမဟာမိတ်သုံးပွဲက တရုတ်အစိုးရထံအသိပေးခဲ့ပြီး တိုက်ပွဲတွေမှာ တရုတ်ဘက်ကလည်းအကူအညီတွေပေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲနဲ့စစ်တပ် အပစ်ရပ်ထားပါတယ်။

နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် တရုတ်အစိုးရကိုအားကိုးနေရတဲ့စစ်ကောင်စီကယခုနောက်ပိုင်းမှာ အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေရှိလာတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးအခြေအနေက ထူးခြားမှုတွေရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံရေး လေ့လာသူတွေကတော့သုံးသပ်နေကြပါတယ်။
🤬28❤16👍7👎2👏2🔥1🤣1
သရပ်ချောင်းမှာ ပျက်ကျခဲ့တဲ့ စစ်တပ်၏ ကင်းထောက် လေယာဥ်။ ဓါတ်ပုံ-DWC
👏19👍11🤬11👎2🖕2🫡1
မင်းတုန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သားတချို့ ထိခိုက်သေဆုံး

အောက်တိုဘာ-၂၃၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သွားလာနေထိုင်ရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်က သရက်မြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ မင်းတုန်းမြို့နယ် ၊ ရွာသစ်ကျေးရွာ နဲ့ ငှက်ပျင်းကျေးရွာအကြားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။

ပါရာမော်တာ ၃စီးကနေ ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ကြတဲ့ ပြည်သူ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ကြို့ဝကျေးရွာက မောင်ဖိုးလမင်း အသက် (၂၅)နှစ် သေဆုံးပြီး (၆၂)နှစ်အရွယ် ဦးကြည်ဝင်းနဲ့ (၄၇)နှစ်အရွယ် ဦးအောင်မြိုင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်မှာ ၁လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၃ကြိမ်မြောက်ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်က မဲဇလီကျေးရွာ နဲ့ အောက်တိုဘာ ၈ ရက်က ချင်းနစ်ကျေးရွာတွေမှာ‌လည်းလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် ၁ဦးအပါအ၀င် ၃ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တာ ရှိပါတယ်။

"အရပ်ဖက်နေရာတွေကို ဗုံးကြဲနေတာက စစ်တပ်က သူတို့မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို စိုးရိမ်စိတ်တွေများလာအောင် အကြောက်တရားတွေများလာအောင် ဖိအားပေးနေတဲ့သဘော"လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းတွေ တက်နိုင်ဖို့နဲ့ အဲဒီကတဆင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဘက် ထိုးဖောက်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လကတည်းက ထိုးစစ်ဆင်နေတာ ရှိပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းတွေ ရခိုင်ရိုးမပေါ် မတက်နိုင်သေးဘဲ ရိုးခြေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောထားပါတယ်။
🤬23🔥12👍2👎2👏1🎉1
😢28🔥7👎3👏1🤩1🤮1
KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။

လတ်တလော ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ဗန်းမော်-မံစီ လမ်းကြောင်းမှာ စစ်တပ်ထိုးစစ်ရှိနေလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပါတယ်။

KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဩဂုတ်မှာ မိုးမောက်မြို့နယ်တခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ မိုးမောက်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်း တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ မိုးမောက်ဒေသခံ ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
🔥16🤬15❤7👎4👏1🖕1😭1
(စစ်တပ် ဗုံးကြဲဖျက်ဆီးပြီးနောက်ကျိုးကျနေတဲ့ တံတားကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)
🤬31🔥10👎4🖕4👏2🤮1
KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး
အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။
လတ်တလော ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ဗန်းမော်-မံစီ လမ်းကြောင်းမှာ စစ်တပ်ထိုးစစ်ရှိနေလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဩဂုတ်မှာ မိုးမောက်မြို့နယ်တခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ မိုးမောက်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်း တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ မိုးမောက်ဒေသခံ ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
🤬25🔥7👎5🖕2❤1👏1😭1
Media is too big
VIEW IN TELEGRAM
🔥22🤬15👎5🖕2👏1😢1🤮1
ကချင် နဲ့ စစ်ကိုင်းအစပ်ရှိ စစ်စခန်း၁ခုကို KIAနဲ့ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

​အောက်တိုဘာ-၂၃၊၂၀၂၆။ရွှေပြည်စိုး၊ထားမြတ်/ People's Spring

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်
လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ ​တော်လှန်​ရေးတပ်​တွေကသတိပေးပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက တောင်ဦးကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို အောက်
တိုဘာလ၂၂ရက်နေ့ညပိုင်းမှာသိမ်းယူလိုက်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

"တောင်ဦးစခန်းကို ရတယ်။ဒီစခန်းက စစ်
တပ်နဲ့ SNAအတွက်အရေးပါတဲ့စခန်းဖြစ်တယ်။သူတို့ဘက်က သေဆုံးမှုတွေများပြီး ဆုတ်သွားတယ်။ ဒါပေမယ့် လေကြောင်းကနေ ဆက်ပစ်နေတယ်"လို့​မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံSNA ပူး
ပေါင်းတပ်ဘက်မှာဆယ်ဦးထက်မနည်းသေ
ဆုံးခဲ့တယ်လို့လည်းသတင်းထွက်ပေါ်နေပါတယ်။တောင်ဦးစခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုတွေရှိကြောင်း အတည်ပြုနိုင်ပေမယ့် တိုက်ပွဲအ​သေးစိပ်အ​ခြေအ​နေကို မသိရသေးဘူးလို့ ​ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

အောက်တိုဘာ ၁၉ရက်မှာ တောင်ဦးဒေသက SNA တပ်ခြေကုတ်ထားတဲတာမယ်ပုတ်ရွာကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးသုံးရက်အကြာ အောက်တိုဘာ ၂၂ရက် မှာ တောင်ဦး အခြေစိုက် SNA ရဲ့ တပ်မဟာ(၉၇၂) လက်
အောက်ခံ တပ်ရင်း(၄) ဌာနချုပ် စခန်းကို ထပ်မီသိမ်းနိုင်ခဲ့တာလို့ ကချင်စစ်ရေးသ
တင်းရင်းမြစ်အချို့ကလည်း​ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နဲ့ KIA သတင်းပြန်
ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်ဟာ စက်တင်ဘာလကုန်ကတည်းက SNA တပ်စခန်းရှိရာဒေသတွေကို ထိုးစစ်ဆင်ခဲ့ရာ ဖားကန့် ဆယ်ဇင်းဒေသ၊ မိုးညှင်း အင်းတော်ကြီးဒေသ၊ ဟုမ္မလင်းတောင်ဦးဒေသ တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး SNA ရဲ့ တပ်စခန်းတွေသိမ်းရခဲ့တာဖြစ်ပါတယ်။

SNA အနေနဲ့ ကချင်ခရစ်ယာန်ဘုရားကျောင်းအချို့မှာ စစ်သင်တန်းလုပ်တာ၊ ကချင်လူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်တာ၊ ခရစ်ယာန်ဘုရားကျောင်းအချို့ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ အခြေပြုတဲ့ SNAဟာ စစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း စစ်တပ်လက်​အောက်ခံအဖြစ် စစ်တပ်နဲ့အတူ စစ်ရေးဖော်ဆောင်ကာ KIAနဲ့ ပူးပေါင်းတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ
မှာ ပါဝင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါ့​ပေမယ့်
တပ်ဖွဲ့ဝင်တချို့ဟာ တော်လှန်ရေးတပ်တွေထံအလင်းဝင်တာလည်း ရှိနေပါတယ်။

ဒေသတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွား
နိုင်တဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ တိုက်ပွဲအတွင်း မပိတ်မိအောင်ကြိုတင်ပြင်ဆင်ထားဖို့၊လေကြောင်းအန္တ
ရာယ်ကိုသတိပြုဖို့ ​တော်လှန်​ရေးရဲ​ဘော်အချို့က သတိပေးပါတယ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်း
တိုင်း ဟုမ္မလင်းမြို့နယ်‌ ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်းနှစ်ခုကိုKIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး နောက်ထပ်စခန်းတစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တာပါ။ စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာကို လေ
ကြောင်းကနေ ဗုံးကြဲနေပါတယ်။

အောက်တိုဘာလ၂ဝရက်နေ့ကလည်း ကချင်
ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာလ၂၂ရက်နဲ့ ၂၃ရက်မနက်မှာလည်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိတိုက်ပွဲတွေ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ဆည်ဇင်းရွာ၊တာမယ်ပုတ်ရွာနဲ့ တောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ်-SNA အပါအဝင် စစ်တပ်လက်​အောက်ခံပြည်သူ့စစ်အဖွဲ့တွေကို အဓိက အသုံးပြုနေပါတယ်။

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့
နယ်တချို့မှာ အခုရက်ပိုင်းတိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်
နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိ
ပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူး
ကြီးနော်ဘူက သတိပေးထားပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်နဲ့ကချင်ပြည်နယ်မှာ လေယာဉ်ဗုံးကြဲဖို့ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေယာဉ်လမ်းကြောင်းနှင့်သတိထားဖို့နဲ့ ဘေးကင်းရာမှာနေထိုင်ကြဖို့လည်း ဗိုလ်မှူးကြီးနော်ဘူကလည်း သတိပေးထားပါတယ်။
👍38❤9🥰7👏3🖕2👎1🙏1🤣1
KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-KPDF
❤44👍10🥰6👏1🤣1🖕1
ရေဘေးသင့် ပုလောကို စစ်တပ်လေကြောင်းဗုံးကြဲ

အောက်တိုဘာ-၂၃၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၂၂ရက် နေ့လယ် ၁၁နာရီခွဲခန့်မှာ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူ‌တွေနဲ့ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိပေမယ့် ကဒဲရွာ ဘုန်းကြီးကျောင်းနဲ့ သာသနိက အဆောက်အအုံ တွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်သတိပြုဖို့လို့လည်းမြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံခဲ့ရပါတယ်။ လက်ရှိမှာ ရေပြန်ကျလို့ ဒေသခံတွေက ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေကြပါတယ်။

ရေဘေးကာလတုန်းကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
🤬37❤7👎5👏2😭2😢1🤮1
🤬44👎6❤2👏2🔥1🤮1
အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

အယ်လ်နီညိုကြောင့် တဟုန်းဟုန်း ပူပြင်းနေရတဲ့အထဲ လျှပ်စစ်မီးတွေပါ ဆိုးဆိုးရွားရွား ပြတ်တောက်နေတာမို့ မြို့ခံတွေဟာ အပူဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့တုန်းက
တော့ သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကနေ မန္တလေးမြို့နယ် ၇ မြို့နယ်လုံးကို လျှပ်
စစ်ဓာတ်အား ထက်ဝက် လျှော့ချမယ်၊ A နဲ့ B ဆိုပြီး အုပ်စုခွဲလို့ ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့ကို ၁၂ နာရီပဲ မီးပေးတော့မယ်လို့ အသိပေး ကြေညာခဲ့တာပါ။ စာထုတ်ပြန်ကာစကတော့ မီးပြတ်ချိန် နည်းနေခဲ့ပေမယ့် အခု အောက်တိုဘာ တတိယပါတ်ထဲကစလို့ မီးပြတ်တောက်မှုတွေ ပိုမို ဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ နွေရာသီတုန်းက တစ်ရက်ကို ၈ နာရီ မီးဖြတ်ခဲ့တာပါ။ အခုလို နွေရာသီတောင် မရောက်သေးဘဲအယ်လ်နီညိုကြောင့် အပူချိန်တွေ မြင့်တက်နေတဲ့ အ
ချိန်ကျမှ နွေထက်တောင် ပိုပြီး မီးဖြတ်ပစ်နေတာကိုတော့ မန္တလေးမြို့ခံတွေအနေနဲ့ မကျေမနပ် ဝေဖန်နေကြပါတယ်။

“မနေ့ညက ၈ နာရီက ပြတ်သွားတာ။ တစ်ညလုံး ပြန်မလာဘူး။ မနက် ၆ နာရီ ခဏလေးလာပြီး ပြန်ပြတ်သွားတယ်။ ကောင်းကောင်း မအိပ်ရဘူး” လို့ ချမ်းအေးသာစံမြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။ လျှပ်စစ်မီး ဖြတ်တောက်မှု အချိန်ကြာမြင့်တာကြောင့် ဖုန်းတွေကအစ အားမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

နေ့ခင်းဘက် မကြာခဏ ပြတ်တောက်တဲ့အပြင် ညဘက်မှာလည်း တစ်ညလုံးနီးပါး ပြတ်တောက်နေတဲ့အတွက် ညဘက် အိပ်မရတဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “နေ့ခင်း အလုပ်လုပ်ပြီး ညဘက်ကျ အေးအေးအိပ်ချင်တာကို အိပ်မရဘူး” လို့ အောင်မြေသာစံမြို့နယ်က အမျိုး
သားတစ်ဦးက ပြောပါတယ်။

ပိုဆိုးတာကတော့အခုအချိန်ဟာအခြေခံ
ပညာ ကျောင်းသား၊ ကျောင်းသူတွေ စာ
မေးပွဲ ဖြေနေကြရတဲ့ အချိန် ဖြစ်နေပြီး ရာ
သီဥတုက ပူလွန်းလို့ ကလေးတွေ စာမကျက်နိုင်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်ကြပါဘူးလို့ မန္တလေးမြို့ခံ ကျောင်းသားမိဘတွေက ပြောပါတယ်။

“ကလေးတွေက ညကျ ပူလို့ အိပ်မရတော့ မနက်ကျ မလန်းဘူး” လို့ မဟာအောင်မြေမြို့နယ်က အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ မီးပြတ်တာ ကြာလွန်းတာကြောင့် ရာသီဥတု အပူဒဏ်နဲ့ ကလေးငယ်တွေ ဖျားနာတာတွေလည်း ဖြစ်ပွားနေကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီးပုံမှန်မရတဲ့အပြင် စက်သုံးဆီ ဈေးနှုန်းတွေကပါ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေဟာ ပိုမို ကျပ်တည်းစွာ နေထိုင်နေရပါတယ်။



https://www.facebook.com/share/p/1Ccqwk83EA/
🔥25😢9👍7❤4🤮1🤣1
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေး
ကောက်ပွဲတွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အကူအညီပေးရေးအစီအစဉ်တွေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာမို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်အောက်လွှတ်တော် ဒါမှမဟုတ် အထက်လွှတ်
တော်ရဲ့ အများစုနေရာကို ဒီမိုကရက်တစ်ပါတီက အသာစီးရသွားခဲ့ရင် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်လျာထားမှုနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမယ့် ဥပဒေကြမ်းတွေ၊ တိုက်တွန်းမှုတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို ပိတ်ဆို့ဖို့ သမ္မတထရန့်ဦး
ဆောင်တဲ့ အမေရိကန်အစိုးရကို ပိုမိုတွန်း
အားပေးလာနိုင်ပါတယ်။

အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးဖို့ မူဝါဒတူညီကြပေမယ့် မြန်မာနိုင်ငံဟာ တ
ရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူ
ဟာမြောက် နေရာဖြစ်တာမို့ အမေရိကန်ရဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှ မူဝါဒမှာ မြန်မာ့အရေးကို ဘယ်လောက်အထိ ပြန်ပြီး အရေးပေးမလဲဆိုတာဟာ လွှတ်တော်အသစ်ရဲ့ အခင်းအကျင်းပေါ် မူတည်နေပါတယ်။

စစ်ဘေးရှောင်တွေ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ဒေသတွေက ပြည်သူတွေအတွက် US Agency for International Development (USAID)၊ NED Burma Act အပါအဝင် နိုင်ငံ
တကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု ဘတ်ဂျက်တွေဟာ အမေရိကန်လွှတ်တော်ကပဲ အတည်ပြုပေးရတာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခု နှစ်စပိုင်းကတည်း
က USAID အဖွဲ့ဟာ သမ္မတထရန့်ရဲ့ အမိန့်ဖျက်သိမ်းခံခဲ့ရပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကသာ လွှတ်တော်တွေမှာ နေရာအသာစီး ပြန်ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပြန်ရကောင်း ရနိုင်ပါတယ်။ ဒါ့အပြင် ရပ်စဲထားတဲ့ ယာယီတရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် (Temporary Protected Status-TPS) တွေ၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ပိတ်ထားတဲ့ ပြည်ဝင်ခွင့်တွေလည်း အပြောင်းအလဲရှိလာနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို အဓိကထား တင်ဆက်ပေးနေတဲ့ Decision Desk HQ နဲ့ Ballotpedia တို့ရဲ့ အောက်တို
ဘာလဆန်း စစ်တမ်းစုစည်းမှု (Polling Averages) အရ ဒီမိုကရက်တစ်က ရီပက်ဘလစ်ကန်ထက် ၇/၈ ရာခိုင်နှုန်းလောက် အ
သာစီးရထားပါတယ်။ Fox News နဲ့ The Guardian သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုဟာ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းကျော်အထိရှိလာကာ ဒီမိုက
ရက်ပါတီကဦးဆောင်နေတယ်လို့သိရပါတယ်။

https://www.ludunwayoo.com/feature-mm/explainer/2026/10/21/171281/
👍42❤7🥰4🤣2🤮1
စစ်တွေမြို့ပေါ် စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရ​သူတွေထဲမှာ ၆ ဦးပြင်းထန်ပြီးစိုးရိမ်​နေရ

■စစ်တပ်ကစစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်ကိုဒရုန်းနဲ့ လေယာဉ်တွေဝဲနေတာကြောင့် သေဆုံးသူတွေကို မသင်္ဂြိုလ်နိုင်သေး

■​ဒေသခံ​တွေစိုးရိမ်ပြီး ​ပြောင်း​ရွေ့​နေကြ

■ စစ်တပ်ကပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကို ဗုံးထပ်ကြဲ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ဒီ​နေ့ မနက် ၈ နာရီဝန်းကျင်မှာ Y12 လေယာဉ်တစီး၊ ဒရုန်းအချို့နဲ့ စစ်တွေမြို့ထဲ ကျောင်းတက်လမ်းရပ် ကွက်ရှိ ရွှေငါးခွဆုံဝန်းကျင်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီဗုံးကြဲမှုကြောင့် ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်
ရာရခဲ့ပါ တယ်။

“၁၆ ယောက်ကတော့ ဆေးရုံမှာ။ ခွဲစိတ်တာတွေလုပ်နေကြရတယ်။ ၆ ယောက်က အခြေ
အနေမကောင်းဘူးလို့ ဆရာဝန်တွေ ပြောတယ်။အခု မြို့ထဲက ဆူ(ပွက်လောရိုက်)နေကြတယ်။ပြေးတဲ့သူပြေးကြတယ်။ ကျောင်းတက်လမ်းကလူတွေတော့ ပြောင်းနေကြပြီ” လို့ ကျောင်းတက်လမ်းရပ်ကွက်မှ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင်စစ်တပ်ကမြို့လယ်ကိုဗုံးကြဲပြီးနောက်မှာလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို
ဒရုန်း၊ လေယာဉ်တွေ ဝဲနေ တာကြောင့် ဗုံးထိမှန်သေဆုံးသွားသူတွေကို သင်္ဂြိုလ်ဖို့အဆင်မပြေသေးဘူးလို့လည်း မြို့ခံတွေနဲ့ သေဆုံးသွားသူ တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ဒရုန်းတွေအများကြီးဝဲတယ်။ Y12 လည်း
ဝဲနေလို့ သင်္ဂြိုလ်ဖို့ အဆင်မပြေသေးဘူး။ အခြေအနေစောင့်ကြည့်နေပါ တယ်။ ဆေးရုံက ဝန်ထမ်းတွေတောင် ကြောက်နေကြတယ်” လို့ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာစစ်တွေအခြေစိုက်လူမှုကူညီရေးအ
သင်းတခုဖြစ်တဲ့ ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက အသင်းဝင်လူငယ်တဦးလည်း ပါဝင်ပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်တွေက အာရက္ခ တပ်တော်(AA)က လက်နက်ကြီးနဲ့ ပစ်တာဖြစ်ပြီး စစ်တပ်ဗုံးကြဲတာမဟုတ်ဘူးလို့ ရေးသားနေကြပါတယ်။

ဒါပေမယ့် စစ်တွေမြို့ခံတွေကတော့ စစ်တပ်ထောက်ပို့လေယာဉ် Y12 ပေါ်ကနေ ဗုံးချတာကို ကိုယ်တိုင်မြင်တွေ့ လိုက်ရသူတွေရှိနေပြီး စစ်တပ်ကရည်ရွယ်ချက်ရှိရှိ မြို့ကိုဗုံးကြဲတာလို့ ​ပြောကြပါတယ်။

ဒါ့အပြင် စစ်တပ်ကဒီ​နေ့ မွန်းလွဲ ၂ နာရီကျော်
အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီ
လာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ် ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စာသင်ကျောင်းနားကို ကျတယ်”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

စစ်တွေတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့ပေါ် မြို့အနီးပတ်လည် နေရာတွေ၊ စစ်တွေနဲ့ ထိ စပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဒရုန်း၊ Y12 ၊ ကင်းထောက်လေယာဉ်တွေနဲ့ အချိန်ပြည့်နီးပါးကင်းထောက်တာတွေ လုပ်နေပြီး အရပ်
သားလူနေကျေးရွာတွေကို ဗုံးကြဲတာတွေလည်း ဆက်တိုက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ မြို့မစျေးကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့အမည်တပ်ပြီးအာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတာ တစ်လခွဲကျော်ရှိပြီဖြစ်ပါတယ်။ဒါ​ပေမယ့် AA ရဲ့တိုက်ခိုက်မှု​ကြောင့်
စစ်ဦးကျိုးတာ၊တပ်လန်တာကြုံ​နေရပြီး စစ်တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ အောက်တိုဘာ ၂၁ ရက်နေ့ထိ တစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ပြည်သူ ၉၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅၉ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။
😢41❤9🤬8🖕2👍1👎1🤣1
စစ်​တွေမြို့​ကုတင် ၅၀၀ ​ဆေးရုံ(ပုံအ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-​ဒေသခံ
😢29🔥5❤4👍3🤬3🤣3👎1🤮1🖕1
တိုက်ပွဲပြင်းထန်ခဲ့တဲ့ အင်းတော် မဲဇာရွာမှာ စစ်တပ်ရုပ်အလောင်းအများအပြားတွေ့

အောက်တိုဘာ-၂၃၊၂၀၂၆။အိမ်သွင်/People's Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

မဲဇာကျေးရွာမှာ စစ်တပ်က အောက်တိုဘာလဆန်းပိုင်းမှာ ဝင်ရောက်တပ်စွဲခဲ့တာပါ။ ရွာကိုမဝင်နိုင်ခင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲပြီးမှ တပ်စွဲနိုင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောတယ်။

အဲဒီနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က ကျေးရွာကို ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်ခွာသွားတဲ့အတွက် ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် ရုပ်အလောင်းတွေ တွေ့ရှိရတာလို့ သိရပါတယ်။

" စစ်တပ်ရှိနေတဲ့အချိန်ကလည်း တော်လှန်ရေးတပ်တွေကပိတ်ပြီးတိုက်တာ။ ခဏပဲ တပ်စွဲနိုင်တာ။အကြာကြီးမနေနိုင်ဘူး။အခုပြန်ထွက်သွားတော့ ဒေသခံတွေကခဏပြန်ဝင်တာပေါ့။ စစ်ကြောင်းရန်လည်းရှိတယ်၊လေကြောင်းကလည်းပစ်နိုင်တာမို့ အပြီးပြန်ပြီးအခြေချဖို့မဖြစ်နိုင်သေးဘူး။ ရွာကိုပြန်ဝင်တော့ အိမ်ဝင်းတွေထဲမှာရော၊ လမ်းတွေမှာပါ စစ်တပ်ဘက်က ရုပ်အလောင်းတွေမြုပ်သွားတာလို့ ကြားတယ်။ စုစုပေါင်း၅၀မကဘူး။ တိုက်ပွဲကလည်း ထီးချိုင့်ဘက်မှာရော ၊ ဝန်းသိုဘက်မှာပါဆက်ဖြစ်နေတယ်"လို့ တော်လှန်‌ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော် -ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းကနေလည်းဗုံးကြဲနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ကတိုက်ပွဲတွေအတွင်းမြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ဆက်စပ်တဲ့မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးရွာတွေကို စစ်‌ကောင်စီက Y-12နဲ့ ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်ပြီး ထိခိုက်သေဆုံးမှုတွေများပြားနေကြောင်းနဲ့ စစ်‌ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
👏32❤11👍8🥰2🤣2👎1🖕1
(အင်းတော်ဒေသအခြေစိုက် PDF ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
❤36👍14👏4🤣4🥰1🤮1🖕1
တောင်ဦးရွာ SNAတပ်စခန်း KIA သိမ်းပိုက်၊ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းများသိမ်းရ

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

SNA ရဲ့ တပ်မဟာ(၉၇၂) တပ်ရင်(၄) ဌာနချုပ် တောင်ဦးစခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၂၂ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ရာ အဲဒီစခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေအနက် လက်နက်ကြီးကျည်တွေနဲ့ ဗုံးသီးတွေ အခြား စစ်သုံးပစ္စည်းတွေရဲ့ မှတ်တမ်းပုံကို ဒီကနေ့ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ ဖော်ပြလာတာပါ။

ကျည်ခဲယမ်းတွေအပြင် လက်နက်တွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

KIA ပူးပေါင်းတပ်အနေနဲ့ အောက်တိုဘာ ၁၉ရက် ကလည်း တောင်ဦးဒေသက SNA ခြေကုတ်ယူထားတဲ တာမယ်ပုတ်ရွာကိုလည်း သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာလကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာအနီးရှိ SNA စခန်း ၂ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာပဲ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှာ စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီ တပ်နဲ့ SNA ပူးပေါင်းတပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပါတယ်။

KIAနဲ့ စစ်တပ်ဟာ လတ်တလောမှာ ဗန်းမော်၊ မိုးမိတ်၊ ခေါင်လန်ဖူးဒေသမှာလည်း တိုက်ပွဲဖြစ်တာ စစ်ရေးတင်းမာတာတွေရှိနေပါတယ်။
👍28🥰8❤7👏7🤣2👎1🖕1
(SNA တပ်စခန်းသိမ်းပိုက်မှုက ရတဲ့ ကျည်ခဲယမ်းတွေ။ ဓာတ်ပုံ - ပေးပို့)
🥰28👍15👏6👎1👌1🤣1🖕1
အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ဒေါက်တာစင်သီယာမောင်ကို CRPH ဂုဏ်ပြု

အောက်တိုဘာ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းကို တည်ထောင်ပြီး ရွှေ့ပြောင်းလုပ်သားများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ၊ မိခင်နဲ့ ကလေးများ၊ ခြေလက်အင်္ဂါများ ရင်းနှီးပေးဆပ်ခဲ့ကြရသော ရဲဘော်များနဲ့ နွမ်းပါးရုန်းကန်နေရသူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းစဉ်များနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်ပေါင်း (၄၀) ကျော် လုပ်ဆောင်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒေါက်တာစင်သီယာမောင်၏ ခေါင်းဆောင်မှု၊ လူသားဆန်သည့် ဂုဏ်အရည်အချင်းများ နှင့် ခွဲခြားဆက်ဆံမှုမရှိသော မွန်မြတ်သည့် လူသားအကျိုးပြု လုပ်ဆောင်ချက်များသည် မျိုးဆက် သစ်လူငယ်များအတွက် အားကျအတုယူဖွယ် ဂုဏ်ထူးဝိသေသများဖြစ်ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အခုအချိန်ထိတိုင် စာနာသောနှလုံးသား၊ ပြည့်ဝသော စိတ်ထားတို့ဖြင့် ဆက်လက် စွမ်းဆောင်ကြိုးစားဆောင်ရွက်နေတဲ့အတွက် ထိုက်တန် စွာ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် CRPHက ဂုဏ်ပြုပါတယ်။

ချီးမြှင့်ခံရတဲ့ ငြိမ်းချမ်းရေးဆုဟာ ဒေါက်တာစင်သီယာမောင်အပါအဝင် သူမတည်ထောင်ထားသော မယ်တော်ဆေးခန်းမိသားစုများနဲ့ ဝန်းရံကူညီပူးပေါင်းလုပ်ဆောင် နေကြသော ပုဂ္ဂိုလ်များရဲ့ စုစည်းညီညွတ်မှုအင်အားတစ်ရပ်ကိုလည်း ဂုဏ်ပြုဖော်ညွှန်းလျက် ရှိကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒေါက်တာ စင်သီယာမောင်သည် အနာဂတ်တွင်လည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်အောင်မြင်စွာ ကြိုးစားလုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာပေးပို့ပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် ဂုဏ်ပြုကြောင်း အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေါက်တာစင်သီယာမောင်ရဲ့ ဦးဆောင်မှု၊ နှိမ့်ချရိုးသားမှုနဲ့ မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံ၍ လူတိုင်းကို စောင့်ရှောက်ပေးရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မှုတို့ကို အထူးလေးစားတန်ဖိုးထားကြောင်း ဖော်ပြထားပါတယ်။
❤36👍11🥰3👏3👌2🤮1🤣1🖕1