RCSSနဲ့ စစ်တပ် ရပ်စောက်မှာတိုက်ပွဲဖြစ်
အောက်တိုဘာ-၂၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာ
သိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသ
ခံသတင်းရင်းမြစ်တွေကပြောပါတယ်။
အောက်တိုဘာလ၂၂ရက်က ဒေသအခြေ
စိုက် စစ်တပ်ရဲ့အမှတ် (၂၉၂) ခြေလျင်တပ်ရင်း(ခလရ၂၉၂)ထဲကနေ စစ်ကြောင်းထိုးလာတဲ့အတွက် RCSSနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲကကျောက်ဂူ–အင်တောလမ်းတဲ့ ကျိုင်းခမ်းရွာအနီး ၁၈မိုင်မှာ နေ့လည်၁၂နာရီခန့်ကနေ ညနေအထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ဒါပေမယ့်တိုက်ပွဲအခြေအနေအသေးစိတ်ကိုPeople's Springကအ
တည်ပြုလို့မရသေးပါဘူး။
RCSSရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ Tai Freedom ကတော့လက်ရှိတိုက်ပွဲနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
RCSS နဲ့စစ်ကောင်စီဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩ
ဂုတ်လကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဆန်မွန်းကျေးရွာအုပ်စုအနီးမှာ အမှတ်(၃၁၄)ခြေမြန်
တပ်ရင်း (ခမရ-၃၁၄)နဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်
လာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ဦးသေဆုံးခဲ့တယ်လို့ Tai
Freedomက ဖော်ပြခဲ့ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ စစ်ကောင်စီနဲ့အပစ်ရပ်လက်မှတ်ထိုးထားသလို စစ်တပ်ကနေပြည်တော်မှာလုပ်တဲ့ဆွေးနွေးပွဲအချို့ကို တက်ရောက်ဖူးပါတယ် ။ဒါပေမယ့် အခုနှစ်ပိုင်းအတွင်း စစ်တပ်နဲ့တိုက်ပွဲအချို့ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၁၅ရက်နေ့က နေပြည်
တော်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုRCSS တက်ရောက်ခဲ့ပါတယ်။ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ Tai Freedomက ထုတ်ပြန်ခဲ့ပါတယ်။
ဆွေးနွေးပွဲမသွားခင်ရက်အနည်းငယ်မှာပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့တဲ့အတွက် RCSS ကို ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေက အပြင်း
အထန်ဝေဖန်ခဲ့ကြပါတယ်။ နေပြည်တော်ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ ပြောပြီးတစ်လကျော်အကြာမှာပဲ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲမှာထိခိုက်သေဆုံးမှုများပြားတဲ့ ခလရ(၂၉၂)ဟာ ယခင်ကတိုက်ပွဲတွေမှာလည်း အထိနာဖူးပါတယ်။ ကျောက်ဂူဒေသမှာ ၂၀၂၄ခုနှစ် သြဂုတ်လက တိုက်ပွဲအတွင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
(DPLF/DPLA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ ခလရ(၂၉၂)တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ သေဆုံးခဲ့ဖူးပါတယ်။

👍39👏15❤5🥰3👎1🔥1💩1🖕1
ဗန်းမော်မြို့အနီးဝန်းကျင် စစ်တပ်စစ်ကြောင်းထိုးနေလို့ နေ့စဉ်တိုက်ပွဲဖြစ်နေ
အောက်တိုဘာ ၂၃၊ ၂၀၂၆။ အိမ်သွင်၊ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာကတည်းက စစ်တပ်ဟာ ဗန်းမော်မြို့ကို ရေကြောင်းကနေ အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ရေကြောင်းက ဖြည့်တင်းတဲ့ စစ်တပ်အင်အား ၁၀၀၀ ကျော်ရှိပြီး အများစုဟာ စစ်တပ် အဓမ္မစစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်တွေလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က အသိပေးထားပါတယ်။
လတ်တလော တိုက်ပွဲဖြစ်နေတာဟာ ဗန်းမော်မြို့တွင်းနေရာအချို့ ဗန်းမော်မြို့ကနေ မံစီမြို့အထွက် နေရာတွေမှာ ဖြစ်နေတာမို့ မံစီမြို့ကို စစ်တပ်ထိုးစစ်တွေ ဦးတည်တယ်ဆိုတဲ့ သတင်းတွေရှိနေတာလို့ ပြောပါတယ်။
" မံစီမြို့က ဗန်းမော်နဲ့ ၁၁မိုင် အကျော်မှာ ရှိတာ။ ဟိုလွန်ခဲ့တဲ့ လက သင်္ဘောလာပြီး နောက်တက်လာတဲ့ ကောင်ဂျာယန်က ၅မိုင်အကွာမှာ ရှိတာ။ မံစီနယ်ရောက်ဖို့ ၈မိုင်လောက်မှ ရောက်မှာ။ လက်ရှိ ဖြစ်နေတာက ၄၇ တပ်ရှိတဲ့နေရာနား တ၀ိုက် ၃မိုင်၊ ၄မိုင်နားမှာပါပဲ။ဆင်ကုန်း၊ ဟန်တဲ၊ ကုန်းမဟတ်၊ ၃မိုင် မြို့ရှောင်လမ်းမှာပါ" လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ပြောပြပါတယ်။
စစ်တပ်အနေနဲ့ အင်အားဖြည့် ထိုးစစ်လုပ်နေပေမဲ့ ဗန်းမော်မြို့ကနေ (၅)မိုင်အထက် ထွက်လာနိုင်မယ်မထင်ကြောင်းသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မံစီနဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ မံစီမြို့က တပ်ရင်းဌာနချုပ်တွေဖြစ်တဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)နဲ့ အမြောက်တပ် (၃၅၂)တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မံစီနဲ့ အတူ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ ဗန်းမော်တိုက်ပွဲဟာ ၂နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။
အဲဒီ မြို့သိမ်းတိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ကောင်ဂျာယန်ဒေသ အပါအဝင် ဒေသတွင်းကို KIAက ထိန်းချုပ်ထားတာဖြစ်ပြီး ဗန်းမော်က စစ်ကောင်စီတပ်တွေဟာ မံစီတိုက်ပွဲတွေကိုကူဖို့ ထိုးဖောက်ပေမဲ့ KIA ထိန်းချုပ်ဒေသတွေကနေ ဖောက်မထွက်နိုင်ခဲ့ဖူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အခုနှစ် စက်တင်ဘာမှာ ရေကြောင်းကနေ ဗန်းမော်မြို့ကို စစ်အင်အား ၁၀၀၀ ကျော်ဖြည့်ပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဟာ ဗန်းမော်ကနေ မံစီမြို့ကို ဦးတည်တဲ့ ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့ရာကောင်ဂျာယန် ဒေသမှာ တိုက်ခိုက်ခံရပြီး စစ်ကြောင်းလိုက်ပျက်ကာ စစ်သုံ့ပန်းအများအပြားကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။
စက်တင်ဘာ ၁၃ရက်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကောင်ဂျာယန်ကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းများ သိမ်းရခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ အဲဒီစစ်ကြောင်းဟာ ၂၀၂၅ ဇန်နဝါရီမှာ KIA ပူးပေါင်းတပ် သိမ်းထားတဲ့ မံစီမြို့နယ်က စစ်တပ်ရဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)တပ်ရင်း စတဲ့ တပ်ဟောင်းနေရာတွေကို နေရာပြန်ဝင်ယူဖို့ ထိုးဝင်လာတာ ဖြစ်နိုင်ကြောင်း KIAက ဖော်ပြပါတယ်။
ကောင်ဂျာယန်တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သားတွေရဲ့ ရုပ်သံမှတ်တမ်းကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၄၀ ကျော်ရှိကာ သုံ့ပန်း ၃၀ ကျော်ရှိကြောင်း လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

👍37❤7🔥3👏2❤🔥1👎1🥰1
စစ်တွေမြို့ထဲ ဗုံးနှစ်လုံးကျပြီး ပြည်သူ ၉ ဦးထက်မနည်းသေဆုံး၊ဒဏ်ရာရသူတွေလည်းရှိ
■စစ်တပ်ရဲ့ဒရုန်းနဲ့ Y12 လေယာဉ်ကဗုံးချတာလို့ ဒေသခံတွေပြော
အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေမြို့ထဲနေရာနှစ်ခုကို စစ်တပ်ကဒီနေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ ၊မနက် ၈ နာရီဝန်း
ကျင်မှာစစ်တွေမြို့ ရွှေငါးခွဆုံးဝန်းကျင်ကို ဗုံးတစ်လုံး၊ကျားရုပ်ဘုန်းတော်ကြီးကျောင်းဝန်းကျင် ကို ဗုံးတစ်လုံး နှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။
“ဗုံးမချခင်တုန်းကY12 တစီးဝဲနေတယ်။ဒရုန်းလည်းနှစ်စီးဝဲနေခဲ့တယ်။ဘယ်ကချတာလဲတော့ အတိအကျမသိဘူး။ Y12 က ဖြစ်ဖို့များတယ်။ အဲဒါတွေ ဝဲပြီးတော့ အုန်းခနဲ ကျလာတာပဲ။ ရွှေငါးခွဆုံကစောမောင်လက်
ဖက်ရည် ဆိုင်ကို တစ်လုံး၊ ကျားရုပ်ကျောင်းတလုံးကျတယ်” လို့ စစ်တွေမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဗုံးကြဲတာကြောင့်ဒေသခံပြည်သူ ၅ ဦးပွဲချင်း
ပြီးသေဆုံးပြီး ဒဏ်ရာအပြင်အထန်ရသူ ၄ ဦးဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။ဒါ့အပြင် ဒဏ်ရာပြင်းထန်စိုးရိမ်ရသူတွေ ရှိနေသေးတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“မုန့်ရောင်း၊ဟင်းရောင်းနေတဲ့သူတွေ၊ လမ်းသွားလမ်းလာတွေ ပါတယ်။ မူဆလင်တွေလည်း ပါတယ်သေတာမှာ။ ခုနက တွေ့ခဲ့တယ် အလောင်းတွေဆို ကြောက်စရာကြီး၊ ထွက်ပြေးလာခဲ့တယ်” လို့ စစ်တွေမြို့ခံ အမျိုးသားတဦး က ပြောပါတယ်။
စစ်တွေမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ဟာ မြို့အနီးပတ်လည်နေရာတွေကို ဒရုန်း၊ Y12 ၊ ကင်းထောက် လေယာဉ်တွေနဲ့ အချိန်ပြည့်နီးပါး ကင်းထောက်တာတွေ လုပ်နေပြီး ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရန်တွေက AA ကလက်နက်ကြီးနဲ့ ပစ်တာဖြစ်ပြီး စစ်တပ်ကဗုံးကြဲတာမဟုတ်ဘူးလို့ရေးသားနေကြပါတယ်။
ကျရောက်ပေါက်ကွဲတဲ့ လက်နက်ဟာ Y12 နဲ့ ဒရုန်းက ပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီးကျည်မဖြစ်နိုင်ဘူးလို့ ဗုံးပေါက်ကွဲတဲ့နေရာအနီးမှာရှိတဲ့ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်မှ မြို့ခံတဦးက ပြောပါတယ်။
"လက်နက်ကြီးဆိုရင်မကွဲခင်လက်နက်ကြီးလာနေတဲ့အသံကြားရသေးတယ်။ လက်နက်
ကြီးသံတွေကို အမြဲတမ်းကြားနေရတော့ အဲဒါကို သိတယ်။ အခုက လက်နက်ကြီးမဟုတ်ဘူး။ ဗုံးကျတာပါ၊ ကွဲတဲ့အသံလည်း မတူဘူး။ ကျပြီးမှပဲ အသံကြားရတယ်။ Y12 ဝဲနေတုန်းကျတာဆိုတော့ Y12 က ချတာ သေချာတယ်။ Y12 က ဗုံးသီးကျလာတာကိုမြင်လိုက်ကြတဲ့သူတွေပါ ရှိတယ်"လို့သူကဆိုပါတယ်။
ဒါဟာစစ်တွေတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့ထဲ ရည်ရွယ်ချက်ရှိရှိ ဗုံးချပြီး အာရက္ခတပ်တော် (AA)က ပြည်သူတွေကို လက်နက်ကြီးပစ်ခတ်သတ်ဖြတ်သယောင် ပုံဖော်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ထဲ ဗုံးမကျခင် မနေ့ကလည်းစစ်တွေမြို့၊ပါဒလိတ်တပ်
ရင်းတွေရဲ့ အဓိကာကင်းတွေရှိရာ အမြင့်ကျွန်းရွာ၀န်းကျင်မှ ကာကင်းစခန်းတခုကို AA က သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်
ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းရှိ မြို့မစျေး ကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်
သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါ သေးတယ်။

🤬33❤10😢8👎3🤣2🖕2🤮1
PDF အမှတ်(၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်
အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ အခမ်းအနားကျင်းပတဲ့ နေရာနဲ့ အချိန်ကို ဖော်ပြမထားပေမဲ့ NUG အုပ်ချုပ်ရေးနယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ကြောင်း တပ်ဆင်တဲ့လက်နက်တွေ၊ ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေဖော်ပြ အသိပေးပါတယ်။
အခမ်းအနားကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုဦးညွှတ်ခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ အမှတ် (၉၇၁၁) တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ် အတည်ပြုထုတ်ပြန်ဖတ်ကြားခြင်း၊ ရဲဘော်များအား တာဝန်ရှိသူများက လက်နက်တပ်ဆင်ပေးအပ်ခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တပ်တည်ဆောက်ရေး၊ တပ်ကျစ်လစ်ခိုင်မာရေးလုပ်ငန်းစဉ်များကို မွမ်းမံဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးပါတယ်။
အမိမြေနဲ့ ပြည်သူများကို ဂုတ်သွေးစုပ်ဖိနှိပ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်း နိုင်ဖို့အတွက်လည်း အစဉ်မပြတ် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးတွင် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ PDF တပ်ဖွဲကဝင်များကို တက်စွမ်းသရွေ့ ၀ိုင်းဝန်း ကူညီဖေးမပေးကြဖို့လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။

❤32👍13🥰3👏3🤣2💩1🖕1
ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းကင်း
ထောက်နေလို့ စာသင်ကျောင်းနဲ့ ဈေးအချို့ အရေးပေါ်ပိတ်
အောက်တိုဘာ-၂၃၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်း
ထောက် နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၃ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ် ၁စီးက ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို နှစ်ပတ် ပတ်ပျံပြီး ကင်းထောက်သွားတာလို့ မြို့ခံတွေကပြောပါတယ်။
" လေကြောင်းအန္တရာယ်ကိုကြောက်ကြတော့ ကျောင်းနဲ့စျေးတွေပိတ်ပြီး ပြန်ကြတယ်။ တချို့ကတော့မပိတ်ဘူး။ အရမ်းကြောက်နေကြတာလေ။ အခြေအနေတွေကဘာဖြစ်မယ်ဆိုတာလဲ မမှန်းဆနိုင်ကြဘူးဖြစ်နေတယ်ဆိုတော့"လို့ ကွတ်ခိုင်မြို့ခံတစ်ဦးကပြောပါတယ်။
ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ဟာ လက်ရှိမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်
မတော်(MNDAA)က ထိန်းချုပ်ထားပါတယ်။
စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုပြီး တော်လှန် ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တောင်းယူနေပါတယ်။မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်ကောင်စီတပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်
ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့
(MNDAA၊TNLA၊AA)က ပူးပေါင်းထိန်းချုပ်ထားပါတယ်။
စစ်တပ်က လားရှိူး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနဲ့မူဆယ်မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ရှိခဲ့ပါတယ်။ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကွတ်ခိုင်မြို့ကိုလည်း ၂၀၂၅ ဇူလိုင်လ ၃၀ရက်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားခုနစ်ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ နိုင်ငံရေးပွဲစားတွေကတစ်ဆင့် အမေရိကန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်း တွေထွက်ပေါ်လာပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရော၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ပါ စစ်ရေးလှုပ်ရှားမှုတွေ ယခင်ကထက်ပိုလုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျားဖြန့်နှိမ့်နင်းရေးနဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်အောင် တိုက်ခိုက်မယ်လို့ ကြွေးကျော်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်းကို မြောက်ပိုင်းမဟာမိတ်သုံးပွဲက တရုတ်အစိုးရထံအသိပေးခဲ့ပြီး တိုက်ပွဲတွေမှာ တရုတ်ဘက်ကလည်းအကူအညီတွေပေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲနဲ့စစ်တပ် အပစ်ရပ်ထားပါတယ်။
နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် တရုတ်အစိုးရကိုအားကိုးနေရတဲ့စစ်ကောင်စီကယခုနောက်ပိုင်းမှာ အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေရှိလာတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးအခြေအနေက ထူးခြားမှုတွေရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံရေး လေ့လာသူတွေကတော့သုံးသပ်နေကြပါတယ်။

🤬28❤16👍7👎2👏2🔥1🤣1
မင်းတုန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သားတချို့ ထိခိုက်သေဆုံး
အောက်တိုဘာ-၂၃၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သွားလာနေထိုင်ရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်က သရက်မြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ မင်းတုန်းမြို့နယ် ၊ ရွာသစ်ကျေးရွာ နဲ့ ငှက်ပျင်းကျေးရွာအကြားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။
ပါရာမော်တာ ၃စီးကနေ ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ကြတဲ့ ပြည်သူ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ကြို့ဝကျေးရွာက မောင်ဖိုးလမင်း အသက် (၂၅)နှစ် သေဆုံးပြီး (၆၂)နှစ်အရွယ် ဦးကြည်ဝင်းနဲ့ (၄၇)နှစ်အရွယ် ဦးအောင်မြိုင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်မှာ ၁လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၃ကြိမ်မြောက်ဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက်က မဲဇလီကျေးရွာ နဲ့ အောက်တိုဘာ ၈ ရက်က ချင်းနစ်ကျေးရွာတွေမှာလည်းလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် ၁ဦးအပါအ၀င် ၃ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တာ ရှိပါတယ်။
"အရပ်ဖက်နေရာတွေကို ဗုံးကြဲနေတာက စစ်တပ်က သူတို့မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို စိုးရိမ်စိတ်တွေများလာအောင် အကြောက်တရားတွေများလာအောင် ဖိအားပေးနေတဲ့သဘော"လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းတွေ တက်နိုင်ဖို့နဲ့ အဲဒီကတဆင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဘက် ထိုးဖောက်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လကတည်းက ထိုးစစ်ဆင်နေတာ ရှိပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းတွေ ရခိုင်ရိုးမပေါ် မတက်နိုင်သေးဘဲ ရိုးခြေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောထားပါတယ်။

🤬23🔥12👍2👎2👏1🎉1
KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး
အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။
လတ်တလော ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ဗန်းမော်-မံစီ လမ်းကြောင်းမှာ စစ်တပ်ထိုးစစ်ရှိနေလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဩဂုတ်မှာ မိုးမောက်မြို့နယ်တခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ မိုးမောက်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်း တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ မိုးမောက်ဒေသခံ ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

🔥16🤬15❤7👎4👏1🖕1😭1

🤬25🔥7👎5🖕2❤1👏1😭1