People's Spring
✔
59K subscribers
72.8K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍15🔥5🤣1🖕1
👍22🔥4🤣1🖕1
လားရှိုးမှာ ဓားပြမှုထပ်ဖြစ်ပြန်

အောက်တိုဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်ပိုင်ရှင် သိန်းထောင်ချီလုယက်ခံရပြီး ၂ရက်အကြာမှာပဲ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၂ရက် ညနေပိုင်းမှာ လားရှိုးမြို့အမှတ်(၁၂)ရပ်ကွက်က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

" သေနတ်ပါတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ငွေဓားပြတိုက်တာ။ ငွေပါသွားတယ်ပြောတယ်။ ဓားပြကိုမမိဘူး"လို့ ၎င်းက ပြောပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။အောက်တိုဘာ၁၉ရက် ညနေကလည်း လားရှိုးမြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီလုယက်မှုမှာ ကျပ်သိန်း ၁၀၀၀ခန့် ပါသွားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ် မြို့တွေကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်မြို့နယ်တွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။
👍18🔥6❤3👎1😱1🤣1🖕1
လားရှိုးမြို့ တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
❤16👍10🔥4👎2
စစ်တွေ အမြင့်ကျွန်းက စစ်တပ်စခန်း
တခုကို AA ထပ်သိမ်း

အောက်တိုဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/
People's Spring

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေ
ပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းထပ်တက်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေချိန် AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်တပ်စခန်းတခုကို အောက်တိုဘာလ ၂၂ ရက်မှာထပ်မံ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

“စခန်းတခုထပ်ရတယ်။လေယာဉ်တွေလည်း အများကြီးလာတယ် ဒီနေ့။ အမြင့်ကျွန်းမှာက သိပ်မကျန်တော့ပါဘူး။ ပါဒလိတ်ဘက်ထွက်
၀မှာပဲ နည်းနည်းကျန်တယ်။အဲဒါတွေကိုလည်း ဆက်ရှင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

AA ကပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့ကလည်း အမြင့်ကျွန်းရွာဝန်းကျင်က စစ်တပ်စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့ပါသေးတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ အမြင့်ကျွန်းကနေ အင်အားရာချီနဲ့ အမြင့်ကျွန်းတံတားကိုကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်နေခဲ့ပေမယ့် စစ်ဦးကျိုးပြန်လှည့်ခဲ့ရကာအခုအခါအမြင့်ကျွန်းက အ​ခြေစိုက်စစ်စခန်းတွေကိုပါလက်လွှတ်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ပါဒလိတ်တပ်ရင်းပတ်လည်ရှိ
ငတောက်တက်ဝန်းကျင်၊ ဒေသကွပ်ကဲမှုစစ်
ဌာနချုပ်(ဒကစ)စစ်​တွေအနီး နာရီကန်၊ တောကန်ဝန်းကျင်၊ ဆေးတပ်၊ ထောက်ပို့တပ်တို့အနီးရှိ ရေချမ်းပြင်ဝန်းကျင်၊ ရွှေမင်းဂံရေ
တပ်ဝန်းကျင် တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြပါတယ်။

“ပါဒလိတ်နားကိုကပ်လာတယ်။ ရွှေမင်းဂံဘက်မှာလည်း တိုက်ပွဲကနေ့တိုင်းရှိတယ်” လို့ အခြားမြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

ပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခလရ ၂၃၂၊ ခမရ ၃၄၄၊ အမှတ်(၁၀)ပညာရေးသင်တန်းကျောင်းနဲ့ အမှတ်(၃၄၃) စစ်လက် နက်ပစ္စည်းတပ်ခွဲတို့ အခြေခိုက်ပြီး ကျားမသောက်ရွာမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအခြေစိုက်ပါ တယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို ကားလမ်းအတိုင်းလာရင် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမ သောက်တို့ကို တွေ့ရပြီး ယင်းကနေ ဆက်လာရင် ဒကစစစ်တွေနဲ့ ကပ်ရပ်နာရီကန်ရွာကိုရောက်ပါတယ်။

အဲဒီလို မြို့ပတ်လည်က တပ်စခန်းတွေ တိုက်
ခိုက်ခံနေရချိန် စစ်တပ်ဟာငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့နေ့စဉ်နီးပါးကြိုးစားနေပြီး ကမ်းတက်နိုင်တာမရှိဘဲ ပြီးတဲ့ရက်ပိုင်းက ကမ်းစပ်တိုက်ပွဲအတွင်း စစ်သား တစ်ဆယ်ကျော် သေဆုံး ပြီး နှစ်ဆယ်ဝန်းကျင် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း မြို့နယ်တို့အတွင်းရှိ အရပ်သားလူနေကျေးရွာတွေကိုလေယာဉ်တွေနဲ့ နေ့တိုင်းဗုံးကြဲနေပါတယ်။

“မနေ့ကလည်းရွာတွေအကုန်ပတ်ကြဲသွားတယ်။စစ်ရှောင်တွေလည်း အများကြီးတိုးလာတယ်။ဘယ်ကိုပြေးလို့ ပြေးရမလဲတောင် မသိကြတော့ဘူး။ဒီဘက်က ရွာတဆယ်လောက်က လူတွေ ပြေးနေရတယ်” လို့ ပေါက်တောဒေ သခံတဦးက ပြောပါတယ်။

AA ဟာ စစ်တွေတိုက်ပွဲအတွင်း အမြင့်ကျွန်းရွာဝန်းကျင်က စခန်း ၃ ခု၊ ရေချမ်းပြင်ဝန်း
ကျင်က စခန်း ၁ ခု၊ ကံ့ကော် ကျွန်းဝန်းကျင်က စခန်း ၃ ခုတို့အပါအဝင် စစ်တပ်ကာကင်း
စခန်း ၁၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်ပါ တယ်။

စစ်တွေအပြင် ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်
ပေါက် ရိုးမရှေ့ဘက်ခြမ်း မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ချင်း
ပြည်နယ် ကန်ပက်လက်မြို့နယ်တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ရှိနေပါတယ်။
👍40❤12👏4🥰2👎1💩1🥴1🖕1
၂၀၂၄ ခုနှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာအမြင့်ကျွန်းရွာအနီး AA ရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်တပ်တင့်ကားတစီး။ ။ဓါတ်ပုံ- AA
👍35❤7👏3🥰2👎1💩1🥴1🖕1
စစ်တပ်မှဗိုလ်မှူးကြီးတဦးကိုဖမ်းမိ၊ခုခံထွက်
ပြေးဖို့ကြိုးစားတာကြောင့်ပစ်ခတ်ရာ​သေဆုံးသွားဟုတော်လှန်​ရေးတပ်ဖွဲ့ပြော

အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း၊ဟာနာဆန်/ People's Spring

စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက်
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်
ရှိသူက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်
ရာအမြောက်တပ်ကနေ တဆင့် အုန်းတော
၆၀၀၅တပ်ကို လာ‌ ရောက်စစ်ဆေးတဲ့ ဗိုလ် မှူးကြီးဇော်မျိုးတင့်ကိုစစ်တပ်ဘက်ပူးပေါင်း
သွားတဲ့သူ​တွေနဲ့ တပ်တွင်း ဖရဲသီး​တွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ၁၈ ရက်၊ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့လက်အောက်ခံတပ်ရင်းဖြစ်တဲ့အုန်း
တော ၆၀၀၅ အမြောက်တပ်ကတပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေဂိတ်ဖွင့်ပြီး ဆက်
ကြေးကောက်‌ အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေး
ပြီး အပြန်မှာ စောင့်ပြီး ဖမ်းခဲ့တာ"လို့ အထက်
ပါ တာဝန်ရှိသူက ပြောပါတယ်။

နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးနဲ့အဆင့်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။ ​

လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်
တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ်
ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုဖြစ်​နေစဥ်ဖမ်းဆီးခံထားရသူ ဗိုလ်မှူး
ကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

"ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြု
လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေ
သခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာလည်း စစ်ကိုင်းမြို့ အနောက်ခြမ်း ညောင်ကုန်းရွာကနေထွက်လာပြီး စစ်
ကြောင်းထိုးနေကြောင်း၊နောက်ကြည့်ကျွန်းရွာ အရှေ့ကုန်းကနေ ရိပ်သာကျွန်းရွာကိုလည်း နောက်ချန်အင်အားတွေ ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

●ပြင်ဆင်ချက်
ကနဦးသတင်း​ဖော်ပြချက်​ခေါင်းစီးမှာ "ဒုတပ်
ရင်းမှူးဟုဆိုသူ ဗိုလ်မှူးကြီးတဦး" လို့​ဖော်ပြထားတာကို "ဗိုလ်မှူးကြီးတဦး" လို့ပြင်ဆင်​ဖော်ပြထားပါတယ် ။
👍38❤10👏7🥴2👎1🥰1🤬1🖕1👻1
ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ကတ်။
ဓါတ်ပုံ-လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့
👏63👍10😁2👻2👎1🔥1🥰1🤬1🙏1
RCSSနဲ့ စစ်တပ် ရပ်စောက်မှာတိုက်ပွဲဖြစ်

​အောက်တိုဘာ-၂၃၊၂၀၂၆။ဇော်ရမ်း/People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာ
သိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသ
ခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အောက်တိုဘာလ၂၂ရက်က ဒေသအခြေ
စိုက် စစ်တပ်ရဲ့အမှတ် (၂၉၂) ခြေလျင်တပ်ရင်း(ခလရ၂၉၂)ထဲက‌နေ စစ်ကြောင်းထိုးလာတဲ့အတွက် RCSSနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲကကျောက်ဂူ–အင်တောလမ်းတဲ့ ကျိုင်းခမ်းရွာအနီး ၁၈မိုင်မှာ နေ့လည်၁၂နာရီခန့်ကနေ ညနေအထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ဒါ​ပေမယ့်တိုက်ပွဲအ​ခြေအ​နေအသေးစိတ်ကိုPeople's Springကအ
တည်ပြုလို့မရသေးပါဘူး။

RCSSရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ Tai Freedom ကတော့လက်ရှိတိုက်ပွဲနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

RCSS နဲ့စစ်ကောင်စီဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩ
ဂုတ်လကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဆန်မွန်းကျေးရွာအုပ်စုအနီးမှာ အမှတ်(၃၁၄)ခြေမြန်
တပ်ရင်း (ခမရ-၃၁၄)နဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်
လာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ဦးသေဆုံးခဲ့တယ်လို့ Tai
Freedomက ​ဖော်ပြခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ စစ်ကောင်စီနဲ့အပစ်ရပ်လက်မှတ်ထိုးထားသလို စစ်​တပ်က​နေပြည်​တော်မှာလုပ်တဲ့ဆွေး​နွေးပွဲ​​အချို့ကို တက်​ရောက်ဖူးပါတယ် ။ဒါ​ပေမယ့် အခုနှစ်ပိုင်းအတွင်း စစ်တပ်နဲ့တိုက်ပွဲအချို့ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ၁၅ရက်နေ့က နေပြည်
တော်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုRCSS တက်ရောက်ခဲ့ပါတယ်။ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ Tai Freedomက ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲမသွားခင်ရက်အနည်းငယ်မှာပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့တဲ့အတွက် RCSS ကို ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေက အပြင်း
အထန်ဝေဖန်ခဲ့ကြပါတယ်။ နေပြည်တော်ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ ပြောပြီးတစ်လကျော်အကြာမှာပဲ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲမှာထိခိုက်သေဆုံးမှုများပြားတဲ့ ခလရ(၂၉၂)ဟာ ယခင်ကတိုက်ပွဲတွေမှာလည်း အထိနာဖူးပါတယ်။ ကျောက်ဂူဒေသမှာ ၂၀၂၄ခုနှစ် သြဂုတ်လက တိုက်ပွဲအတွင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
(DPLF/DPLA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ ခလရ(၂၉၂)တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ သေဆုံးခဲ့ဖူးပါတယ်။
👍39👏15❤5🥰3👎1🔥1💩1🖕1
RCSSတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-Tai Freedom
🔥19👍11❤6👏4🤮2💩2🥰1🖕1