စစ်ကိုင်းမြို့ အုန်းတော ၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့ရာမှာ သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်ရာအမြောက်တပ်ကနေ အုန်းတော ၆၀၀၅တပ်ကို လာရောက်စစ်ဆေးတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို စစ်တပ်ဘက်ပူးပေါင်းသွားသူနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့တာလို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အုန်းတော ၆၀၀၅ အမြောက်တပ်က တပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက် အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေးပြီး အပြန်မှာ စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးပြီးနောက် အောက်တိုဘာ ၁၉ ရက်မှာ သက်ဆိုင်ရာ ပကဖ၊ ပလဖတို့ဆီ လွှဲပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီးဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကို လုယူပြီး ခုခံထွက်ပြေးဖို့ ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
◾️မိုးမိတ်တိုက်ပွဲ စစ်သားအချို့ KIA ပူးပေါင်းတပ်ဆီ အလင်းဝင်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက် တိုက်ပွဲမှာ စစ်တပ်က အရာရှိ အပါအဝင် လက်နက်ချသူ ၂၀လောက်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်ကို မေးမြန်းရာ အလင်းဝင်ရောက်သူ ၃ဦး ရှိထားတယ်လို့ ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၁ရက် သတင်းဖော်ပြချက်မှာလည်း မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ ဖြစ်တဲ့ မိုးမိတ်ဒေသမှာ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါး ရှိပြီလို့ ဆိုပါတယ်။ အဲဒီ ဒေသကို စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး အောက်တိုဘာ ၁၉ရက်မှာ မိုးမိတ် ၇မိုင်၊ ၈မိုင်၊ ၉မိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
◾️ကနီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။ ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
◾️KNU ညောင်လေးပင်ခရိုင်က ကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ အဘွားအို ၁ဦး သေဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၈ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဘွားအို ၁ဦးသေဆုံးကာ အမျိုးသမီးငယ် ၁ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်က ကျေးရွာအချို့ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
◾️ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထိမှန် ဒဏ်ရာရ

🔥10👍8🤣1🖕1
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။ အရင်ရက်တွေကတည်းက စစ်တပ်က ဖားကန့်မြို့ စစ်တပ်ကုန်းကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေပြီး ဒီနေ့မှာတော့ လုံးခင်းဒေသ ကျေးရွာအုပ်စု၊ရပ်ကွက်(၂)မှာ ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကလည်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ကြောင်းလှည့်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဂန့်ဂေါမြို့နယ်မှာ ကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားနိုင်တယ်လို့ ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာမှာ ကျောင်းတက်သည်ဖြစ်စေ ကလေးငယ်တွေကို အပြစ်ပေးအရေးယူမှာမဟုတ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဂန့်ဂေါမြို့နယ်က ကျောင်းနေအရွယ် ကလေးတွေဟာ မည်သည့်နေရာမှာပဲ သွားရောက်ကျောင်းတက်သည်ဖြစ်စေ အပြစ်ပေး အရေးယူမှု ပြုလုပ်မှာမဟုတ်ဘူးလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမတက်ရဘဲ ပညာသင်ခွင့် ဆုံးရှုံးနေရတဲ့ ကလေးတွေ အခြေခံပညာ ဆက်သင်နိုင်ဖို့အတွက် ၂၀၂၁ စက်တင်ဘာ ၁၂ ရက်ကတည်းက ပြည်သူ့အခြေပြုကျောင်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို အထူးလေးစား တန်ဖိုးထားသလို၊ ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်း အသိပညာပွင့်လင်းဖို့နဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးအတွက်အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
◾️ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် IEC က အောက်တိုဘာ ၂၁ရက် မနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုဥပဒေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေရဲ့ အခန်း ၄ မှာ ပါရှိတဲ့ ကရင်နီပြည်တပ်ဖွဲ့စည်းခြင်းအရ IEC ဥက္ကဋ္ဌကို စစ်သေနာပတိချုပ်အဖြစ်ထားရှိမှာဖြစ်ပြီး ကရင်နီပြည်တပ်က IEC ကာကွယ်ရေးဌာနကြီးကြပ်မှုအောက်မှာ တည်ရှိမှာ ဖြစ်ပါတယ်။ ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန်ရေးတပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့၊ တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူ ပြည်သားနဲ့ ကရင်နီပြည်ကိုဖြစ်စေ၊ ပြည်ထောင်စုကိုဖြစ်စေ ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ်နဲ့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာလို့ သိရပါတယ်။
◾️ကန်ပက်လက်တိုက်ပွဲ ဖမ်းမိစစ်သုံ့ပန်းတွေမှာ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ စစ်တပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာရာ ချင်းပြည်သူအစည်းအရုံး (CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေလို့ စက်တင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ စစ်တပ်က အထိနာလျက်ရှိပါတယ်။ တိုက်ပွဲအတွင်း ဖမ်းမိ စစ်သုံ့ပန်းတွေမှာ BNRA တပ်ဖွဲ့ဝင်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဖမ်းမိထားကြောင်း ချင်း-မကွေးအစပ် ဒေသတွင်း သတင်းတွေ ပုံမှန် ဖော်ပြနေတဲ့ ယောအလင်းတန်းက ဒီနေ့ ဖော်ပြခဲ့ရာ မင်းတပ်ဒေသခံ သတင်းရင်းမြစ်ကလည်း သုံ့ပန်းတွေထဲမှာ BNRA ရဲဘော်ဟောင်းတွေ ပါတယ်ဆိုတာ ကြားမိကြောင်း ဖြေကြားပါတယ်။ ဖမ်းမိသုံ့ပန်းအရေအတွက် ၊ BNRA တပ်ဖွဲ့ဝင်ဟောင်း အရေအတွက် အသေးစိတ်တော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️ပလက်၀ဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်မှု CNF ရှုတ်ချ၊ ပြည်သူတွေ လေကြောင်းရန် သတိပေး

🔥10👍6❤3👎1🤣1🖕1
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ရက်မှာ ပလက်၀မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနေရာကို ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တဲ့အပေါ် CNFက အခုလို ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ထိခိုက်ဒါဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေလေကြောင်းရန် သတိပြုကြဖို့လည်း CNFက တိုက်တွန်းထားပါတယ်။
◾️ရန်ကုန်မြို့လယ်မှာ EV ကားနဲ့ အမျိုးသမီး ၁ဦး ပြန်ပေးဆွဲခံရ
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့က MG EV Charging Station မှာ အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးနေသူဟာ မနှင်းလဲ့လဲ့ပိုင် ဖြစ်ပြီး အောက်တိုဘာ ၂၁ရက် ညနေ ၆ နာရီခွဲလောက်မှာ EV ကားအားသွားသွင်းရင်း အဆက်အသွယ်ပြတ်တောက်ကာ ကားရောလူပါ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေကလည်း လူမှုကွန်ရက်မှာ အကူအညီတောင်းခံထားကြပါတယ်။ ကားအမျိုးအစားက Dongfeng Nammi EV ဖြစ်ပြီး ကားနံပါတ်က HH-4713 ဖြစ်တယ်လို့ အသိပေးထားပါတယ်။ ပျောက်ဆုံးသူကYP Educationတည်ထောင်သူဖြစ်ပြီးကူညီရှာဖွေပေးကြဖို့နဲ့ ပျောက်ဆုံးသူကိုတွေ့ရှိရင် ဖုန်းနံပတ် 09254065870 ၊ 09972429048 တွေကို ဆက်သွယ်နိုင်တယ်လို့ YP Education က အသိပေးထားပါတယ်။
◾️သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative"၊ "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်စိုက်ထူပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ကနီမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။

🔥11👍7👌1🤣1🖕1
လားရှိုးမှာ ဓားပြမှုထပ်ဖြစ်ပြန်
အောက်တိုဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်ပိုင်ရှင် သိန်းထောင်ချီလုယက်ခံရပြီး ၂ရက်အကြာမှာပဲ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၂ရက် ညနေပိုင်းမှာ လားရှိုးမြို့အမှတ်(၁၂)ရပ်ကွက်က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။
" သေနတ်ပါတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ငွေဓားပြတိုက်တာ။ ငွေပါသွားတယ်ပြောတယ်။ ဓားပြကိုမမိဘူး"လို့ ၎င်းက ပြောပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။အောက်တိုဘာ၁၉ရက် ညနေကလည်း လားရှိုးမြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီလုယက်မှုမှာ ကျပ်သိန်း ၁၀၀၀ခန့် ပါသွားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ် မြို့တွေကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်မြို့နယ်တွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။

👍18🔥6❤3👎1😱1🤣1🖕1
စစ်တွေ အမြင့်ကျွန်းက စစ်တပ်စခန်း
တခုကို AA ထပ်သိမ်း
အောက်တိုဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/
People's Spring
စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေ
ပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းထပ်တက်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေချိန် AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်တပ်စခန်းတခုကို အောက်တိုဘာလ ၂၂ ရက်မှာထပ်မံ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
“စခန်းတခုထပ်ရတယ်။လေယာဉ်တွေလည်း အများကြီးလာတယ် ဒီနေ့။ အမြင့်ကျွန်းမှာက သိပ်မကျန်တော့ပါဘူး။ ပါဒလိတ်ဘက်ထွက်
၀မှာပဲ နည်းနည်းကျန်တယ်။အဲဒါတွေကိုလည်း ဆက်ရှင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။
AA ကပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့ကလည်း အမြင့်ကျွန်းရွာဝန်းကျင်က စစ်တပ်စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့ပါသေးတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ အမြင့်ကျွန်းကနေ အင်အားရာချီနဲ့ အမြင့်ကျွန်းတံတားကိုကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်နေခဲ့ပေမယ့် စစ်ဦးကျိုးပြန်လှည့်ခဲ့ရကာအခုအခါအမြင့်ကျွန်းက အခြေစိုက်စစ်စခန်းတွေကိုပါလက်လွှတ်နေရတာဖြစ်ပါတယ်။
ဒါ့အပြင် ပါဒလိတ်တပ်ရင်းပတ်လည်ရှိ
ငတောက်တက်ဝန်းကျင်၊ ဒေသကွပ်ကဲမှုစစ်
ဌာနချုပ်(ဒကစ)စစ်တွေအနီး နာရီကန်၊ တောကန်ဝန်းကျင်၊ ဆေးတပ်၊ ထောက်ပို့တပ်တို့အနီးရှိ ရေချမ်းပြင်ဝန်းကျင်၊ ရွှေမင်းဂံရေ
တပ်ဝန်းကျင် တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြပါတယ်။
“ပါဒလိတ်နားကိုကပ်လာတယ်။ ရွှေမင်းဂံဘက်မှာလည်း တိုက်ပွဲကနေ့တိုင်းရှိတယ်” လို့ အခြားမြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
ပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခလရ ၂၃၂၊ ခမရ ၃၄၄၊ အမှတ်(၁၀)ပညာရေးသင်တန်းကျောင်းနဲ့ အမှတ်(၃၄၃) စစ်လက် နက်ပစ္စည်းတပ်ခွဲတို့ အခြေခိုက်ပြီး ကျားမသောက်ရွာမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအခြေစိုက်ပါ တယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို ကားလမ်းအတိုင်းလာရင် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမ သောက်တို့ကို တွေ့ရပြီး ယင်းကနေ ဆက်လာရင် ဒကစစစ်တွေနဲ့ ကပ်ရပ်နာရီကန်ရွာကိုရောက်ပါတယ်။
အဲဒီလို မြို့ပတ်လည်က တပ်စခန်းတွေ တိုက်
ခိုက်ခံနေရချိန် စစ်တပ်ဟာငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့နေ့စဉ်နီးပါးကြိုးစားနေပြီး ကမ်းတက်နိုင်တာမရှိဘဲ ပြီးတဲ့ရက်ပိုင်းက ကမ်းစပ်တိုက်ပွဲအတွင်း စစ်သား တစ်ဆယ်ကျော် သေဆုံး ပြီး နှစ်ဆယ်ဝန်းကျင် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း မြို့နယ်တို့အတွင်းရှိ အရပ်သားလူနေကျေးရွာတွေကိုလေယာဉ်တွေနဲ့ နေ့တိုင်းဗုံးကြဲနေပါတယ်။
“မနေ့ကလည်းရွာတွေအကုန်ပတ်ကြဲသွားတယ်။စစ်ရှောင်တွေလည်း အများကြီးတိုးလာတယ်။ဘယ်ကိုပြေးလို့ ပြေးရမလဲတောင် မသိကြတော့ဘူး။ဒီဘက်က ရွာတဆယ်လောက်က လူတွေ ပြေးနေရတယ်” လို့ ပေါက်တောဒေ သခံတဦးက ပြောပါတယ်။
AA ဟာ စစ်တွေတိုက်ပွဲအတွင်း အမြင့်ကျွန်းရွာဝန်းကျင်က စခန်း ၃ ခု၊ ရေချမ်းပြင်ဝန်း
ကျင်က စခန်း ၁ ခု၊ ကံ့ကော် ကျွန်းဝန်းကျင်က စခန်း ၃ ခုတို့အပါအဝင် စစ်တပ်ကာကင်း
စခန်း ၁၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်ပါ တယ်။
စစ်တွေအပြင် ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်
ပေါက် ရိုးမရှေ့ဘက်ခြမ်း မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ချင်း
ပြည်နယ် ကန်ပက်လက်မြို့နယ်တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ရှိနေပါတယ်။

👍40❤12👏4🥰2👎1💩1🥴1🖕1
စစ်တပ်မှဗိုလ်မှူးကြီးတဦးကိုဖမ်းမိ၊ခုခံထွက်
ပြေးဖို့ကြိုးစားတာကြောင့်ပစ်ခတ်ရာသေဆုံးသွားဟုတော်လှန်ရေးတပ်ဖွဲ့ပြော
အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း၊ဟာနာဆန်/ People's Spring
စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက်
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်
ရှိသူက ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်
ရာအမြောက်တပ်ကနေ တဆင့် အုန်းတော
၆၀၀၅တပ်ကို လာ ရောက်စစ်ဆေးတဲ့ ဗိုလ် မှူးကြီးဇော်မျိုးတင့်ကိုစစ်တပ်ဘက်ပူးပေါင်း
သွားတဲ့သူတွေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ၁၈ ရက်၊ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သူတို့လက်အောက်ခံတပ်ရင်းဖြစ်တဲ့အုန်း
တော ၆၀၀၅ အမြောက်တပ်ကတပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေဂိတ်ဖွင့်ပြီး ဆက်
ကြေးကောက် အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေး
ပြီး အပြန်မှာ စောင့်ပြီး ဖမ်းခဲ့တာ"လို့ အထက်
ပါ တာဝန်ရှိသူက ပြောပါတယ်။
နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးနဲ့အဆင့်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်
တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်
ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုဖြစ်နေစဥ်ဖမ်းဆီးခံထားရသူ ဗိုလ်မှူး
ကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
"ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြု
လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေ
သခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာလည်း စစ်ကိုင်းမြို့ အနောက်ခြမ်း ညောင်ကုန်းရွာကနေထွက်လာပြီး စစ်
ကြောင်းထိုးနေကြောင်း၊နောက်ကြည့်ကျွန်းရွာ အရှေ့ကုန်းကနေ ရိပ်သာကျွန်းရွာကိုလည်း နောက်ချန်အင်အားတွေ ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
●ပြင်ဆင်ချက်
ကနဦးသတင်းဖော်ပြချက်ခေါင်းစီးမှာ "ဒုတပ်
ရင်းမှူးဟုဆိုသူ ဗိုလ်မှူးကြီးတဦး" လို့ဖော်ပြထားတာကို "ဗိုလ်မှူးကြီးတဦး" လို့ပြင်ဆင်ဖော်ပြထားပါတယ် ။

👍38❤10👏7🥴2👎1🥰1🤬1🖕1👻1