People's Spring
✔
59K subscribers
72.8K photos
1.3K videos
10 files
3.13K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - MOD
👍41❤20🥰6🤮2😁1🤣1🖕1🫡1
CI စင်တာတွေကိုရပ်ဆိုင်း​​​​ပေးဖို့ ၊ စစ်​ခေါင်း​ဆောင်မိသားစုနဲ့ဆက်နွှယ်သူတွေကအနိုင်
ကျင့်၊ ငွေညှစ်နေတာတွေကိုအမြန်ဆုံးရပ်တန့်ရေးကူညီ​ပေးဖို့ထိုင်းသတင်း​ထောက်ကထိုင်းအာဏာပိုင်​တွေကို​​တောင်းဆို

​အောက်တိုဘာ-၂၂၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာ
ဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာ
ဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

ထိုင်းအလွတ်တမ်းသတင်းထောက်တဦးဖြစ်တဲ့ ပေါ့ဒ် နာသက်ဟော့ဘ်ဟာ ဆမွတ်ပရာကန်မှာရှိတဲ့ CI စင်တာမှာ သတင်းရယူစဥ်မြန်မာစစ်တပ် အာဏာပိုင်ဆိုသူ တချို့က သူ့ကို ခြိမ်းခြောက် ဟန့်တားခဲ့တဲ့ ဖြစ်ရပ်ကို အောက်တိုဘာ၂၁ ရက်နေ့တုန်းကလူမှုကွန်
ရက်ပေါ် အကျယ်တဝင့် ရေးသားခဲ့ပါတယ်။ Facebookပေါ်မှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ပို့စ်ဟာလူအများရဲ့ အာရုံစိုက်မှုကို
ခံခဲ့ရသလို ထိုင်းပိုင်နက်ထဲမှာ ထိုင်းနိုင်ငံ
သား တစ်ယောက်ကို မြန်မာ အရာရှိတွေက ခြိမ်းခြောက်ခဲ့တဲ့အပေါ် ထိုင်းအာဏာပိုင်တွေက လက်ပိုက်ကြည့်နေသလားဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်လာပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ပေါ့ဒ်က သူ့ရဲ့စုံစမ်းမှု နောက်ဆက်တွဲ အချက်အလက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။ CI စင်တာတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာမယ့် မြန်မာဖက်က အရာရှိတွေအတွက် ဗီဇာရရှိအောင် ထိုင်းအလုပ်အကိုင် ဦးစီးဌာနက တာ
ဝန်ယူ ဆောင်ရွက်ပေးနေတာလို့ သူက ဆိုပါတယ်။ ထိုင်းမှာရှိတဲ့ CI စင်တာ ၅ ခုမှာ တာ
ဝန်ထမ်းဆောင်ဖို့ စစ်​ကောင်စီက​စေလွှတ်တဲ့အရာရှိ ၃၃ ဦးကို အလုပ်အကိုင်ဦးစီးဌာနက ဗီဇာရယူပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ပေါ့ဒ်က ရေးသားထားပါတယ်။

ဒီလုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ဌာနကို အပြစ်တင်စရာ မရှိကြောင်း၊ ဒါပေမဲ့ CI စင်တာထဲမှာ မြန်မာ စစ်တပ်က ခန့်အပ်တဲ့ အ
ရာရှိတွေကို စိတ်တိုင်းကျ ခြယ်လှယ် ကြီးစိုးခွင့် ပေးလိုက်တဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေသလဲ ဆိုတာကိုတော့ ထိုင်းအာ
ဏာပိုင်တွေက သိဖို့လိုကြောင်း၊ မြန်မာစစ်
တပ်ဟာ နီးစပ်သူတွေ၊ဆွေမျိုးသားချင်းတွေ
ကို CI စင်တာတွေမှာ ကိုယ်ကျိုးရှာဖို့ ထိုင်း
ပိုင်နက်ထဲ ခေါ်သွင်းလာပြီး မာဖီးယားတွေလို ပြုမူနေကြောင်း ပေါ့ဒ်က ​ရေးသားထားပါတယ်။

CI စင်တာတွေထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို စိစစ်ဖို့ ပျက်ကွက်တာ၊ လျစ်လျူရှုထားတာနဲ့ ပတ်သက်လို့ မှားယွင်းကြောင်း ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကိုယ်တိုင် ဝန်ခံဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်
ပတ်တယ် ဆိုတာ သေချာတဲ့ထိ CI စင်တာတွေကို ဆိုင်းငံ့ထားဖို့လည်း ပေါ့ဒ်က တောင်းဆိုခဲ့ပါတယ်။

ဆမွတ်ပရာကန်မှာရှိတဲ့CI စင်တာထဲမှာ သူ့ကို မြန်မာစစ်တပ်လက်​အောက်ခံဝန်ထမ်းတွေက ခြိမ်းခြောက်တဲ့ကိစ္စကို Facebookပေါ် ရေးတင်ခဲ့တဲ့နောက်အမည်မဖော်ဖို့ မေတ္တာရပ်ခံထားတဲ့ မြန်မာ အလုပ်သမား တစ်ဦးက သူ့ဆီ ဖုန်းဆက်ခဲ့ကြောင်း၊ CI စင်တာထဲမှာ မြန်မာလုပ်သားတွေဟာခံရခက်လောက်စရာ ခေါင်း
ပုံဖြတ်မှုတွေ ကြုံနေပေမယ့် ဘယ်သူ့ကိုမှ တိုင်ကြားလို့ မရဘဲ ဖြစ်နေတယ်လို့ အဲဒီ သ
တင်းရင်းမြစ်က ပြောပြခဲ့ကြောင်း ပေါ့ဒ်က ပြောပါတယ်။ဒါအပြင် အဲဒီ CI စင်တာမှာ ​အောက်တိုဘာ ၂၂ ရက်မှာပြင်ပက​နေ ​လေ့
လာခွင့်မပြု​တော့ဘူးလို့ ထပ်မံ သိရ​ကြောင်းသူက​ပြောပါတယ် ။

လုပ်သားတွေဟာမြန်မာအာဏာပိုင်တွေထုတ်
ပေးမယ့်ပြေစာရတဲ့ထိထမင်းစားဖို့ကိုတောင် စောင့်နေရလေ့ရှိပြီး CI စင်တာက စီစဉ်ပေးတဲ့ ထမင်းကိုသာ စားရတယ်လို့လည်း သူ့ရဲ့
ပို့စ်မှာဖော်ပြထားပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာတော့ ပေါ့ဒ်က ဆမွတ်ပရာကန်က CI စင်တာကို ဦးဆောင်နေသူဟာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဆွေမျိုးတော်စပ်သူ ခင်မောင်ကျော်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှု အခမ်းအနား တစ်ခုမှာ ရိုက်ထားတဲ့ ခင်မောင်ကျော်ရဲ့ ဓာတ်ပုံကိုလည်းသူက ပို့စ်မှာ​ဖော်ပြထားပါတယ်။

ခင်​မောင်​ကျော်ဟာ United K.M.K ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်ပြီး အဲဒီကုမ္ပဏီကစင်တာတွေအတွင်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူအဖြစ် လုပ်
ကိုင်ခွင့်ရရှိထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။ သူဟာမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ ဆွေမျိုးတော်စပ်ပြီး OTS အမှတ်စဉ် ၇၁ ကနေ သင်တန်းဆင်းခဲ့တဲ့ စစ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ လည်း ၂၀၂၃ ခုနှစ်မှာဧရာဝတီသတင်းဌာနကို ကိုးကားပြီးသူက​ရေးထားပါတယ်။

စီးပွား​​ရေးလုပ်ငန်းရှင်ဖြစ်သလို စစ်တပ်အတွက် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာ​တွေဝယ်​ပေး​နေသူဖြစ်ပြီး Dynasty International ကုမ္ပဏီအပါအဝင်စစ်တပ်အတွက်လက်နက်​တွေဝယ်​ပေးတဲ့ ကုမ္ပဏီ​တွေနဲ့ ဆက်စပ်လုပ်ကိုင်သူဖြစ်တယ်လို့​ရေးထားပါတယ် ။

ဒါ့အပြင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံနဲ့ ဆက်စပ်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုဟာလည်း CI စာရွက်စာတမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ရှိထားတယ်လို့သူကဆိုပါတယ်။
❤33👏13👍1🥰1🤮1💩1🤣1🖕1
နိုင်ငံတစ်ဝန်းရှိ CI စင်တာ ၅ ခုဖြစ်တဲ့ စမုဒ်ဆာခွန်၊ စမုဒ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့ဟာ မြန်မာစစ်ခေါင်းဆောင်မိသားစုအတွက် မိသားစုစီးပွားရေးလုပ်ငန်းသစ်တွေ ဖြစ်လာနေပြီး ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို အရှက်အ
ကြောက်မရှိ ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတာလို့ သူက​ရေးထားပါတယ်။

"ကျွန်တော့်အမြင်အရ ဒီကိစ္စမှာ လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်စေ၊ ရှေးရိုးစွဲဝါဒီဖြစ်စေ၊ အမျိုးသားရေးဝါဒီဖြစ်စေ၊ ဘယ်လိုနိုင်ငံရေးအယူအဆရှိသူဖြစ်စေ အရေးမကြီးပါဘူး။ ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုခံထားရပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ လူတွေက သူတို့ရဲ့ အလုပ်သမားတွေကို လာရောက်ခေါင်းပုံဖြတ်နေတဲ့အခြေအနေကို လက်မခံသင့်ပါဘူး"လို့လည်းသူကဆိုပါတယ်။

အနည်းဆုံးတော့ ဒီလိုလုပ်ရပ်တွေကို ဆန့်ကျင်ဖို့နဲ့ သွေးစွန်းနေတဲ့လက်တွေရှိသူတွေကို ထိုင်းနိုင်ငံကနေ ခြွင်းချက်မရှိ ထွက်ခွာသွားစေဖို့ တောင်းဆိုရာမှာ အားလုံး သဘောတူသင့်သလို ၊ကိုယ့်နိုင်ငံကို ဒီလိုလုပ်ငန်းတွေအတွက် အသုံးချခွင့် မပေးသင့်ဘူးလို့သူကတိုက်တွန်းထားပါတယ် ။

ထိုင်းအစိုးရက ဒီကိစ္စကို ဆက်လက်လျစ်
လျူရှုနေမယ်ဆိုရင်ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လာမယ်ြနိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်၊ အထိ ကျင်းပမယ့် ကုလသမဂ္ဂ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာဖိုရမ် မှာ ဒီကိစ္စကို နိုင်ငံတကာရှေ့မှောက် တင်ပြလာမယ်ဆိုရင်နိုင်ငံအတွက် အတော်လေး အရှက်ရစရာဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ် ။

ထိုင်းနိုင်ငံမှာအလုပ်သမားအုပ်စုနဲ့ပတ်သက်
တဲ့ အချက်အလက်တွေ ရှိပြီးသားဖြစ်ပြီး လူ
ဝင်မှုကြီးကြပ်ရေးဌာနက ကောက်ယူထားတဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအမှတ်အ
သားဆိုင်ရာ အချက်အလက်တွေ၊ ပြည်ထဲ
ရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ ထိုင်းနိုင်ငံ
သားမဟုတ်သူများအတွက် ပန်းရောင်ကတ်
(Pink Card) အချက်အလက်တွေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ကျန်းမာရေးစစ်
ဆေးမှုမှတ်တမ်းတွေ ရှိနေပြီးသားဖြစ်တယ်။ဒါတွေကိုကြည့်ရင် ဒီအလုပ်သမားအုပ်စုကိုမှတ်ပုံတင်ပေးဖို့ထိုင်းနိုင်ငံရဲ့အချက်အလက်
စနစ်ဟာ မြန်မာစစ်အုပ်စုထက် ပိုမိုပြည့်စုံအဆင်သင့်ဖြစ်နေတယ်ဆိုတာ ထင်ရှား
တယ်လို့ဆိုတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက ဒီလမ်းကို မရွေးချယ်ဘဲ ကိုယ့်အိမ်ထဲကို သူခိုးဝင်လာပြီး အလုပ်သမားတွေဆီ လာလုယက်ခွင့်ပေးထားသလို ဖြစ်နေတယ်လို့လည်းသူက​​ဝေဖန်ပါတယ်။

CIစင်တာတွေဟာ ထိုင်းနိုင်ငံရဲ့ ပိုင်နက်ထဲမှာ ရှိနေပြီး မြန်မာ အကျဉ်းထောင် မဟုတ်ဘူးလို့လည်း သူက ​ပြောပါတယ် ။

ဒါကြောင့် CI စင်တာတွေကို ရပ်ဆိုင်းပေးဖို့နဲ့
မြန်မာစစ်​ခေါင်း​ဆောင်နဲ့ပတ်သက် ဆက်နွှယ်သူတွေက ဗိုလ်ကျ အနိုင်ကျင့်၊ ငွေညှစ်နေတာတွေကို အမြန်ဆုံး ရပ်တန့်စေရေး ကူညီ ဆောင်ရွက်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ကိုးကား: Pod Nathaphob Facebook
👍39❤10👏6🥰1🤮1💩1🖕1
ထိုင်းအလွတ်တန်းသတင်း​ထောက်ပေါ့ဒ်နာသက်ဟော့ဘ် / United K.M.K ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ခင်​မောင်​ကျော်(တိုက်ပုံအမည်း) ကိုစစ်​ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ပွဲတစ်ခုမှာ​တွေ့ရစဥ်။
ဓါတ်ပုံ-Pod Nathaphob Facebook
❤36👍5🤮2🖕2🤣1
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ဆက်ရှိရေး ကနီမြို့နယ်မှာ ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်

အောက်တိုဘာ ၂၂၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative"၊ "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်စိုက်ထူပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ကနီမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
👍36❤7👏3🥰2😁1🤮1🤣1🖕1
ဓာတ်ပုံ - ကနီမြို့နယ်သပိတ်အင်အားစု
👍35❤18🥰2👏2😁1🤮1💩1🤣1🖕1
ရန်ကုန်မြို့ရဲ့ ​အောက်တိုဘာ ၂၂ ရက် အ​ခြေခံကုန်​ဈေးနှုန်း နဲ့ စစ်တပ်အာဏာမသိမ်းခင်
၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်ကုန်​ဈေးနှုန်း

#ကုန်ဈေးနှုန်း #ရန်ကုန်ကုန်ဈေးနှုန်း
#စစ်တပ်အာဏာမသိမ်းခင်ကုန်ဈေးနှုန်း
#peoplesspring #ludunwayoo
🔥17👍13👎1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ၆နှစ်ခန့်အတွင်း ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရ

စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ပြောပါတယ်။ ငါးနှစ်ကျော်ကြာပြီးမှ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် ဒီနေ့ ရခဲ့ပြီး သူ့မိခင်ရဲ့အသံကို ပြန်ကြားရတာ သူ့အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိတယ်လို့ ကင်မ်က အောက်တိုဘာ ၂၂ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အသိပေးထားပါတယ်။ သူ့မိခင်အတွက် သူနဲ့အတူ ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းနဲ့ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ယုံကြည်ကြောင်း ကင်မ်က ဆိုပါတယ်။ သူ့မိခင် လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့လည်း ကင်မ်က တောင်းဆိုထားပါတယ်။ လက်ရှိအချိန်အထိ အသက် ၈၁ နှစ်အရွယ် သူ့မိခင်က မတရားဖမ်းဆီးခံ‌နေရဆဲဖြစ်ပြီး မိခင်နဲ့တစ်ကြိမ်စကားပြောခွင့်ရတာ မိသားစုနဲ့ ပုံမှန် ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ဆက်သွယ်ခွင့် ရတာကလည်း လွတ်မြောက်ခြင်းမဟုတ်ဘူးလို့ ကင်မ်က ပြောထားပါတယ်။ သူ့မိခင်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ ကင်မ်က ပြောပါတယ်။ အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ ဗြိတိန်အစိုးရနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို ကင်မ်က မေတ္တာရပ်ခံထားပါတယ်။ သူ့မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်လို့ ကင်မ်က ထပ်မံတောင်းဆိုပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်တို့ကို ဖုန်းပြောခွင့် မပြုမီ ရက်ပိုင်းအလိုမှာ ဗြိတိန်ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့လိုက်တဲ့ စာအုပ်နဲ့ ပေးစာအချို့ကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကင်မ်ကတော့ ချားလ်စ်ဘုရင်ရဲ့ လက်ဆောင်ပေးပို့မှုကို အာဏာသိမ်းမြန်မာစစ်တပ်က ဝါဒဖြန့် ကရိယာ တစ်ခုအဖြစ် အသုံးချပြီး ဗြိတိန် အစိုးရက တရားဝင်မှု တရားဝင် ပေးအပ် အသိပြုထားသလို ပုံဖော်လာနိုင်တာကို ထောက်ပြခဲ့ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့ဆိုရင် ရက်ပေါင်း ၂၀၉၀ ရက်၊ ၅ နှစ် နဲ့ ၉ လနီးပါး ရှိပြီဖြစ်ပါတယ်။

◾️CI စင်တာတွေကို ရပ်ဆိုင်း​​​​ပေးဖို့ ထိုင်းသတင်း​ထောက် တောင်းဆို
👍18❤2🔥2🤣1🖕1
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်း သက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို၊ စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တစ်ဦးက ထပ်မံဖော်ထုတ်ရေးသားပါတယ်။ ထိုင်းအလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်တဲ့ ပေါ့ဒ်နာသက်ဟော့ဘ်ဟာ ဆမွတ်ပရာကန်မှာရှိတဲ့ CI စင်တာမှာ သတင်းရယူစဥ် မြန်မာစစ်တပ် အာဏာပိုင်ဆိုသူ တချို့က သူ့ကို ခြိမ်းခြောက် ဟန့်တားခဲ့တဲ့ ဖြစ်ရပ်ကို အောက်တိုဘာ၂၁ ရက်က လူမှုကွန်ရက်ပေါ် အကျယ်တဝင့် ရေးသားခဲ့ပါတယ်။ Facebookပေါ်မှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ပို့စ်ဟာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသလို ထိုင်းပိုင်နက်ထဲမှာ ထိုင်းနိုင်ငံသား တစ်ယောက်ကို မြန်မာ အရာရှိတွေက ခြိမ်းခြောက်ခဲ့တဲ့အပေါ် ထိုင်းအာဏာပိုင်တွေက လက်ပိုက်ကြည့်နေသလားဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်လာပါတယ်။ CI စင်တာထဲမှာ မြန်မာ စစ်တပ်က ခန့်အပ်တဲ့ အရာရှိတွေကို စိတ်တိုင်းကျ ခြယ်လှယ် ကြီးစိုးခွင့် ပေးလိုက်တဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေသလဲ ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက သိဖို့လိုကြောင်း၊ မြန်မာစစ်တပ်ဟာ နီးစပ်သူတွေ၊ဆွေမျိုးသားချင်းတွေကို CI စင်တာတွေမှာ ကိုယ်ကျိုးရှာဖို့ ထိုင်းပိုင်နက်ထဲ ခေါ်သွင်းလာပြီး မာဖီးယားတွေလို ပြုမူနေကြောင်း ပေါ့ဒ်က ​ရေးသားထားပါတယ်။ CI စင်တာတွေထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို စိစစ်ဖို့ ပျက်ကွက်တာ၊ လျစ်လျူရှုထားတာနဲ့ ပတ်သက်လို့ မှားယွင်းကြောင်း ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကိုယ်တိုင် ဝန်ခံဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်ပတ်တယ် ဆိုတာ သေချာတဲ့ထိ CI စင်တာတွေကို ဆိုင်းငံ့ထားဖို့လည်း ပေါ့ဒ်က တောင်းဆိုခဲ့ပါတယ်။ ပေါ့ဒ်က ဆမွတ်ပရာကန်က CI စင်တာကို ဦးဆောင်နေသူဟာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဆွေမျိုးတော်စပ်သူ ခင်မောင်ကျော်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှု အခမ်းအနား တစ်ခုမှာ ရိုက်ထားတဲ့ ခင်မောင်ကျော်ရဲ့ ဓာတ်ပုံကိုလည်း သူက ပို့စ်မှာ​ ဖော်ပြထားပါတယ်။ ခင်​မောင်​ကျော်ဟာ United K.M.K ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်ပြီး အဲဒီကုမ္ပဏီက စင်တာတွေအတွင်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူအဖြစ် လုပ်ကိုင်ခွင့်ရရှိထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။ သူဟာ မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ ဆွေမျိုးတော်စပ်ပြီး OTS အမှတ်စဉ် ၇၁ ကနေ သင်တန်းဆင်းခဲ့တဲ့ စစ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ လည်း ၂၀၂၃ ခုနှစ်မှာဧရာဝတီသတင်းဌာနကို ကိုးကားပြီး သူက​ ရေးထားပါတယ်။ စီးပွား​​ရေးလုပ်ငန်းရှင်ဖြစ်သလို စစ်တပ်အတွက် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာ​တွေဝယ်​ပေး​နေသူဖြစ်ပြီး Dynasty International ကုမ္ပဏီအပါအဝင် စစ်တပ်အတွက် လက်နက်​တွေဝယ်​ပေးတဲ့ ကုမ္ပဏီ​တွေနဲ့ ဆက်စပ်လုပ်ကိုင်သူဖြစ်တယ်လို့​ ရေးထားပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံနဲ့ ဆက်စပ်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုဟာလည်း CI စာရွက်စာတမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ရှိထားတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံတစ်ဝန်းရှိ CI စင်တာ ၅ ခုဖြစ်တဲ့ စမုဒ်ဆာခွန်၊ စမုဒ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့ဟာ မြန်မာစစ်ခေါင်းဆောင်မိသားစုအတွက် မိသားစုစီးပွားရေးလုပ်ငန်းသစ်တွေ ဖြစ်လာနေပြီး ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို အရှက်အကြောက်မရှိ ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတာလို့ သူက​ ရေးထားပါတယ်။

◾️ဗိုလ်မှူးကြီးတစ်ဦး ဖမ်းမိရာ ခုခံထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်
👍17🔥3🤣1🖕1
စစ်ကိုင်းမြို့ အုန်းတော ၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့ရာမှာ သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်ရာအမြောက်တပ်ကနေ အုန်းတော ၆၀၀၅တပ်ကို လာ‌ရောက်စစ်ဆေးတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို စစ်တပ်ဘက်ပူးပေါင်းသွားသူနဲ့ တပ်တွင်း ဖရဲသီး​တွေရဲ့သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့တာလို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အုန်းတော ၆၀၀၅ အမြောက်တပ်က တပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်‌ အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေးပြီး အပြန်မှာ စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးပြီးနောက် အောက်တိုဘာ ၁၉ ရက်မှာ သက်ဆိုင်ရာ ပကဖ၊ ပလဖတို့ဆီ လွှဲပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီးဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကို လုယူပြီး ခုခံထွက်ပြေးဖို့ ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

◾️မိုးမိတ်တိုက်ပွဲ စစ်သားအချို့ KIA ပူးပေါင်းတပ်ဆီ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက် တိုက်ပွဲမှာ စစ်တပ်က အရာရှိ အပါအဝင် လက်နက်ချသူ ၂၀လောက်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်ကို မေးမြန်းရာ အလင်းဝင်ရောက်သူ ၃ဦး ရှိထားတယ်လို့ ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၁ရက် သတင်းဖော်ပြချက်မှာလည်း မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ ဖြစ်တဲ့ မိုးမိတ်ဒေသမှာ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါး ရှိပြီလို့ ဆိုပါတယ်။ အဲဒီ ဒေသကို စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး အောက်တိုဘာ ၁၉ရက်မှာ မိုးမိတ် ၇မိုင်၊ ၈မိုင်၊ ၉မိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

◾️ကနီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။ ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

◾️KNU ညောင်လေးပင်ခရိုင်က ကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ အဘွားအို ၁ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၈ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဘွားအို ၁ဦးသေဆုံးကာ အမျိုးသမီးငယ် ၁ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်က ကျေးရွာအချို့ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

◾️ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထိမှန် ဒဏ်ရာရ
🔥10👍8🤣1🖕1
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။ အရင်ရက်တွေကတည်းက စစ်တပ်က ဖားကန့်မြို့ စစ်တပ်ကုန်းကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေပြီး ဒီနေ့မှာတော့ လုံးခင်းဒေသ ကျေးရွာအုပ်စု၊ရပ်ကွက်(၂)မှာ ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကလည်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ကြောင်းလှည့်‌နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဂန့်ဂေါမြို့နယ်မှာ ကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားနိုင်တယ်လို့ ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာမှာ ကျောင်းတက်သည်ဖြစ်စေ ကလေးငယ်တွေကို အပြစ်ပေးအရေးယူမှာမဟုတ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဂန့်ဂေါမြို့နယ်က ကျောင်းနေအရွယ် ကလေးတွေဟာ မည်သည့်နေရာမှာပဲ သွားရောက်ကျောင်းတက်သည်ဖြစ်စေ အပြစ်ပေး အရေးယူမှု ပြုလုပ်မှာမဟုတ်ဘူးလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ​ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမတက်ရဘဲ ပညာသင်ခွင့် ဆုံးရှုံးနေရတဲ့ ကလေးတွေ အခြေခံပညာ ဆက်သင်နိုင်ဖို့အတွက် ၂၀၂၁ စက်တင်ဘာ ၁၂ ရက်ကတည်းက ပြည်သူ့အခြေပြုကျောင်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို အထူးလေးစား တန်ဖိုးထားသလို၊ ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်း အသိပညာပွင့်လင်းဖို့နဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးအတွက်အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

◾️ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် IEC က အောက်တိုဘာ ၂၁ရက် မနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုဥပဒေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေရဲ့ အခန်း ၄ မှာ ပါရှိတဲ့ ကရင်နီပြည်တပ်ဖွဲ့စည်းခြင်းအရ IEC ဥက္ကဋ္ဌကို စစ်သေနာပတိချုပ်အဖြစ်ထားရှိမှာဖြစ်ပြီး ကရင်နီပြည်တပ်က IEC ကာကွယ်ရေးဌာနကြီးကြပ်မှုအောက်မှာ တည်ရှိမှာ ဖြစ်ပါတယ်။ ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန်ရေးတပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့၊ တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူ ပြည်သားနဲ့ ကရင်နီပြည်ကိုဖြစ်စေ၊ ပြည်ထောင်စုကိုဖြစ်စေ ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ်နဲ့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာလို့ သိရပါတယ်။

◾️ကန်ပက်လက်တိုက်ပွဲ ဖမ်းမိစစ်သုံ့ပန်းတွေမှာ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ စစ်တပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာရာ ချင်းပြည်သူအစည်းအရုံး (CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေလို့ စက်တင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ စစ်တပ်က အထိနာလျက်ရှိပါတယ်။ တိုက်ပွဲအတွင်း ဖမ်းမိ စစ်သုံ့ပန်းတွေမှာ BNRA တပ်ဖွဲ့ဝင်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဖမ်းမိထားကြောင်း ချင်း-မကွေးအစပ် ဒေသတွင်း သတင်းတွေ ပုံမှန် ဖော်ပြနေတဲ့ ယောအလင်းတန်းက ဒီနေ့ ဖော်ပြခဲ့ရာ မင်းတပ်ဒေသခံ သတင်းရင်းမြစ်ကလည်း သုံ့ပန်းတွေထဲမှာ BNRA ရဲဘော်ဟောင်းတွေ ပါတယ်ဆိုတာ ကြားမိကြောင်း ဖြေကြားပါတယ်။ ဖမ်းမိသုံ့ပန်းအရေအတွက် ၊ BNRA တပ်ဖွဲ့ဝင်ဟောင်း အရေအတွက် အသေးစိတ်တော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️ပလက်၀ဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်မှု CNF ရှုတ်ချ၊ ပြည်သူတွေ လေကြောင်းရန် သတိပေး
🔥10👍6❤3👎1🤣1🖕1
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ရက်မှာ ပလက်၀မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနေရာကို ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တဲ့အပေါ် CNFက အခုလို ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ထိခိုက်ဒါဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေလေကြောင်းရန် သတိပြုကြဖို့လည်း CNFက တိုက်တွန်းထားပါတယ်။

◾️ရန်ကုန်မြို့လယ်မှာ EV ကားနဲ့ အမျိုးသမီး ၁ဦး ပြန်ပေးဆွဲခံရ

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့က MG EV Charging Station မှာ အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးနေသူဟာ မနှင်းလဲ့လဲ့ပိုင် ဖြစ်ပြီး အောက်တိုဘာ ၂၁ရက် ညနေ ၆ နာရီခွဲလောက်မှာ EV ကားအားသွားသွင်းရင်း အဆက်အသွယ်ပြတ်တောက်ကာ ကားရောလူပါ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေကလည်း လူမှုကွန်ရက်မှာ အကူအညီတောင်းခံထားကြပါတယ်။ ကားအမျိုးအစားက Dongfeng Nammi EV ဖြစ်ပြီး ကားနံပါတ်က HH-4713 ဖြစ်တယ်လို့ အသိပေးထားပါတယ်။ ပျောက်ဆုံးသူကYP Educationတည်ထောင်သူဖြစ်ပြီးကူညီရှာဖွေပေးကြဖို့နဲ့ ပျောက်ဆုံးသူကိုတွေ့ရှိရင် ဖုန်းနံပတ် 09254065870 ၊ 09972429048 တွေကို ဆက်သွယ်နိုင်တယ်လို့ YP Education က အသိပေးထားပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative"၊ "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်စိုက်ထူပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ကနီမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။
🔥11👍7👌1🤣1🖕1
👍15🔥5🤣1🖕1