စစ်တပ်မှဒုတပ်ရင်းမှူးဆိုသူ ဗိုလ်မှူးကြီးတဦးကိုဖမ်းမိ၊ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့်ပစ်ခတ်ရာသေဆုံးလို့တော်လှန်ရေးတပ်ဖွဲ့ပြော
အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက်
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နှုန်းတွင်းတပ်ကနေတဆင့် အုန်းတော၆၀၀၅တပ်ကို လာ ရောက်စစ်ဆေးတဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို စစ်တပ်ဘက်ပူးပေါင်းသွားသူနဲ့တပ်တွင်း ဖရဲသီးတွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ သတင်းအရင်းအမြစ်တချို့ကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးတာဝန်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်
တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်
ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအချိန် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြု
လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

👍41❤11👏6🔥2👎1🥰1🖕1
ကနီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ဦး သေဆုံး
အောက်တိုဘာ-၂၂၊ ၂၀၂၆။ အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။
ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ကနီမြို့နယ်နဲ့ဆက်စပ်နေတဲ့ ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂၀ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးခြောက်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

🤬33❤4👍3😢2👎1👏1🎉1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရ
အောက်တိုဘာ-၂၂၊ ၂၀၂၆။ တေဇ/People’s Spring
စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။” လို့ ကင်မ်က သူ့ရဲ့ခံစားချက်ကို ဒီနေ့(အောက်တိုဘာ ၂၂) နေ့လယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကင်မ်က မိခင်ဖြစ်သူနဲ့ ဆက်သွယ်ခွင့်အပါအဝင် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ Free Her ကမ်ပိန်းကို ပြုလုပ်နေတာပါ။
“မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ။”လို့ ကင်မ်ကဆက်လက်တောင်းဆိုထားပါတယ်။
လက်ရှိအချိန်အထိ အသက် ၈၁ နှစ်အရွယ်မိခင်က မတရားဖမ်းဆီးခံနေရဆဲဖြစ်ပြီး မိခင်နဲ့တစ်ကြိမ်စကားပြောခွင့်ရတာ မိသားစုနဲ့ ပုံမှန် ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ဆက်သွယ်ခွင့် ရတာကလည်း လွတ်မြောက်ခြင်းမဟုတ်ဘူးလို့ ကင်မ်က ပြောထားပါတယ်။
“မေမေ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ပါဘူး။အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ ဗြိတိန်အစိုးရနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို မေတ္တာရပ်ခံပါတယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး။” လို့ ကင်မ်က တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့ဆိုရင် ရက်ပေါင်း ၂၀၉၀ ပြည့်မြောက်ခဲ့ပါပြီ။

🥰39❤18👍5👏3😁1🤮1🤣1🖕1
ပလက်၀ဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်မှု CNF ရှုတ်ချ၊ ပြည်သူတွေ လေကြောင်းရန် သတိပေး
အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ရက်မှာ ပလက်၀မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနေရာကို ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တဲ့အပေါ် CNFက အခုလို ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ထိခိုက်ဒါဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေလေကြောင်းရန် သတိပြုကြဖို့လည်း CNFက တိုက်တွန်းထားပါတယ်။
CNF အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးအောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစု များနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒိုင်ရ်ဒေသဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိန်းချုပ်နယ်မြေဖြစ်ပြီး အခုလို ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အပေါ် ရှုံးမဲမဲ တာဖြစ်တယ်လို့ CPU/CPAက ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက် ဒေသတွေ ပြန်လည်ရယူနိုင်ဖို့ မေလကတည်းက ထိုးစစ်ဆင်လျက်ရှိရာ ၅လကြာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ၊ ကျင်ဒွေး စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ် စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်(CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိဟု အသိပေးထားပါတယ်။

👍35🤮2❤1🥰1🤣1🖕1😭1
ရန်ကုန်မြို့လယ်မှာ EV ကားနဲ့အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲသွားဟုဆို
ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း
အောက်တိုဘာ-၂၂၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့က MG EV Charging Station မှာ အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"လူငယ်တွေလို့ သိရတယ်။ တစ်ယောက်က ကားကို မောင်းသွားတယ်။ နှစ်ယောက်က ကားပေါ်ကိုခေါ်တင်သွားတယ်" လို့ CCTV မှတ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူဟာ မနှင်းလဲ့လဲ့ပိုင် ဖြစ်ပြီး အောက်တိုဘာ ၂၁ရက် ညနေ ၆ နာရီခွဲလောက်မှာ EV ကားအားသွားသွင်းရင်း အဆက်အသွယ်ပြတ်တောက်ကာ ကားရောလူပါ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေကလည်း လူမှုကွန်ရက်မှာ အကူအညီတောင်းခံထားကြပါတယ်။
ကားအမျိုးအစားက Dongfeng Nammi EV ဖြစ်ပြီး ကားနံပါတ်က HH-4713 ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပျောက်ဆုံးသူက YP Education တည်ထောင်သူဖြစ်ပြီး ကူညီရှာဖွေပေးကြဖို့ YP Education ရဲ့ပေ့ချ်မှာ ဒီနေ့(အောက်တိုဘာ၂၂) မှာ တင်ထားပါတယ်။
"လောလောဆယ်အထိတော့ရှာဖွေတုန်းပါ" လို့ YP Education ရဲ့ Online Admin က ဖြေကြားပါတယ်။
ပျောက်ဆုံးသူကိုတွေ့ရှိရင် 09254065870 ၊ 09972429048 တွေကိုဆက်သွယ်နိုင်တယ်လို့ YP Education က အသိပေးထားပါတယ်။

👍25🔥7❤5😱3👎2🤬2🤣1
ကန်ပက်လက်တိုက်ပွဲ ဖမ်းမိစစ်သုံ့ပန်းတွေမှာ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်
အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
စစ်တပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာရာ ချင်းပြည်သူအစည်းအရုံး (CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေလို့ စက်တင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ စစ်တပ်က အထိနာလျက်ရှိပါတယ်။
တိုက်ပွဲအတွင်း ဖမ်းမိ စစ်သုံ့ပန်းတွေမှာ BNRA တပ်ဖွဲ့ဝင်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဖမ်းမိထားကြောင်း ချင်း-မကွေးအစပ် ဒေသတွင်း သတင်းတွေ ပုံမှန် ဖော်ပြနေတဲ့ ယောအလင်းတန်းက ဒီကနေ့ ဖော်ပြခဲ့ရာ မင်းတပ်ဒေသခံ သတင်းရင်းမြစ်ကလည်း သုံ့ပန်းတွေထဲမှာ BNRA ရဲဘော်ဟောင်းတွေ ပါတယ်ဆိုတာ ကြားမိကြောင်း ဖြေကြားပါတယ်။
ဖမ်းမိသုံ့ပန်းအရေအတွက် ၊ BNRA တပ်ဖွဲ့ဝင်ဟောင်း အရေအတွက် အသေးစိတ်တော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ယောအလင်းတန်းရဲ့ ဖော်ပြချက်မှာတော့ အောက်တိုဘာ ၁၂ရက် ကျင်ဒွေးဒေသ မဆာတွီနဲ့ မောချောင်းကြား တိုက်ပွဲမှာ BNRA တပ်ဖွဲ့ဝင်ဟောင်းတွေအပါအဝင် စစ်သုံ့ပန်းတွေ လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကတော့ ချင်း-မကွေးအစပ် စစ်မျက်နှာ ၄ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားပါတယ်။
CPU/CPA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေကတော့ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ချင်း-မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာ ဒေသ တွေဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်ကျဆုံးနဲ့ သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိ သုံ့ပန်းတွေ၊ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိကြောင်း ဖော်ပြထားပြီး လတ်တလော အခြေအနေတွေကို ဖော်ပြတာမျိုးတော့ မရှိသေးပါဘူး။

👍39👏6🤬5❤2🥰2🤣2👎1🖕1
စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အ
စည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။
အညာဒေသတစ်နေရာမှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ဆိတ်ကွယ်ရာနေရာတစ်ခု ရှိနေပါတယ်။ ပုလဲမြို့ပေါ်နဲ့ မိုင်၂၀ ခန့်ဝေးတဲ့ တောတိုက်ထဲမှာလည်း သံသယဖြစ်စရာ မြေအောက်ခန်းတစ်ခုကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၈ရက်နေ့မနက်မှာ တွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ လိင်ပိုင်းဆိုင်ရာကျူး
လွန်မှုတွေ၊သတ်ဖြတ်မှုတွေရှိခဲ့တဲ့ အထောက်
အထားတွေ ရထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
သူ့ကိုယ်သူ တော်လှန်ရေးခေါင်းဆောင်အဖြစ်ကြွေးကြော်ပြီးစစ်တပ်နဲ့ပူးပေါင်းသွားခဲ့တဲ့ BNRAအဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးကပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်စပ်က ဂွေးပင်ရွာတောတိုက်ထဲမှာ မြေအောက်ခန်းဆောက်ပြီး လုံခြုံရေးအစောင့်အရှောက်တွေ၊ အခြွေအရံတွေနဲ့အတူ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
Little Saint James ကျွန်းပေါ်က ဇာတ်လမ်းတွေမှာ ဇာတ်ဆောင်က ဂျက်ဖရီအက်ပ်စတိန်းဖြစ်ရင် ပုလဲနယ်က ရှားရှားပါးပါး မြေအောက်ခန်းထဲက အဖြစ်အပျက်တွေရဲ့ အဓိကဇာတ်ဆောင်က ဗိုလ်နဂါးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
●ဇာတ်လမ်းအစ
လူထုကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ အာ
ဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသေရရ၊အရှင်ရရ တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်နိုင်ရင် နေပြည်တော်အထိတက်ပြီးတိုက်မယ်လို့ကြွေးကြော်ခဲ့ပြီးမှ စစ်ကောင်စီထံ ထွက်ပြေးလက်နက်ချသွားတဲ့ ဗိုလ်နဂါးရဲ့ တော်လှန်ရေးကာလအစကိုပြန်ကြည့်ရအောင်ပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်နဂါးကပုလဲမြို့နယ်မှာ အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဖွဲ့စည်းခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ NUGကာကွယ်ရေးဝန်ကြီး
ဌာန(MOD) လက်အောက်ကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၊၄၊၅၊၆ အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ဗိုလ်နဂါးက MODရဲ့ ညွန်ကြားချက်တွေကိုမလိုက်နာဘဲသီးခြားလှုပ်
ရှားနေတာကြောင့် အဲ့ဒီတပ်ရင်းလေးခုကို ၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်
ပယ်ခဲ့ပါတယ်။
တပ်ရင်းမှူးတွေကတော့MODနဲ့ပူးပေါင်းခဲ့ပါတယ်။ထုတ်ပယ်ခံရပြီးနောက် ဗိုလ်နဂါးက MRDA အနေနဲ့မရပ်တည်တော့ဘဲ ဗမာအ
မျိုးသားတော်လှန်ရေးတပ်မတော်(BNRA) အဖြစ် အမည်ပြောင်းခဲ့ပါတယ်။
စစ်တပ်ထံ လက်နက်မချခင်အထိတော်လှန်
ရေးကာလတစ်လျှောက်လုံးမှာ စစ်အာဏာ
ရှင်ကို ရေဆုံးမြေဆုံးလိုက်ပြီး မြေလှန်မယ်လို့ လူမှုကွန်ရက်မှာမကြာခဏ Live လွှင့်ပြီး လူ
ထုကို စည်းရုံးခဲ့ပါတယ်။ လူထုသည်းခြေ
ကြိုက်စကားတွေ ပြောရင်း ဗိုလ်နဂါးက နာ
မည်ပိုကြီးကြီးလာပါတယ်။ တော်လှန်ရေးကာလအစမှာ NUG အစိုးရက ပေးခဲ့တဲ့ လက်နက် ၂၀၀အပြင် လူထုဆီက ငွေတွေနဲ့ ဝယ်ခဲ့တဲ့သေနတ်တွေကို တော်လှန်စိတ်ပြင်းထန်တဲ့ လူ
ငယ်တွေဆီ ဖြန့်ဝေပြီး အာဏာတည်ဆောက်ပါတယ်။သူဦးဆောင်တဲ့ BNRA အဖွဲ့ဟာ ဒေသတွင်းမှာ အတော်အသင့် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်လာပါတယ်။
၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်
ပယ်ခံရပြီးနောက်ပိုင်း လူထုတော်လှန်ရေးအသိုင်းအဝိုင်းမှာ သင်းကွဲသွားတဲ့ ဗိုလ်နဂါးက ဂွေးပင်ရွာက ၁၀ ဧကဝန်းကျင်ကျယ်တဲ့ တောတိုက်ကို သူအခြေချမယ့်နေရာအဖြစ် ရွေးချယ်လိုက်ပါတယ်။ တောင်ယာပိုင်ရှင်ဒေသခံတွေကို ခွင့်မတောင်းဘဲ မြေဖိုးမပေးပဲ အပိုင်သိမ်းခဲ့တာဖြစ်ပါတယ်။ တောတိုက်ထဲကတစ်နေရာမှာ ပေ၂၀ ခန့်ကျယ်တဲ့ မြေ
အောက်ခန်းဆောက်လိုက်ပါတယ်။မြေ
အောက်ခန်းကို ကြွေပြားကပ်ပါတယ်။
ဆိုလာမီးဆင်ပါတယ်။
မိန်းကလေးငယ် အချို့ကိုလည်းခေါ်ထားပါတယ်။ အိပ်ယာကို မွေ့ရာထူထူခင်းပါတယ်။သူ့လုံခြုံရေးအဖွဲ့ကိုထားတဲ့ ဘားတိုက်ဟာ မြေအောက်ခန်းနေရာနဲ့ ပေ ၃၀၀ ခန့်အကွာမှာထားပါတယ်။ ဈေးကြီးလှတဲ့မြင်းတွေလည်း အကောင်ရေဆယ်နဲ့ချီ မွေးထားပါတယ်။ သူကသိန်း၃၀၀ ခန့်အထိ တန်ကြေးရှိတဲ့ မြင်းတွေကိုလည်း ဝယ်ယူထားတယ်လို့ ပုလဲမြို့နယ်နဲ့ဆက်စပ်နေတဲ့ ယောဒေသက နွားပွဲစားတစ်ဦးကပြောပါတယ်။ လူသူကင်းဝေးပြီး တောရိပ်တောင်ရိပ်အလယ်က မြေ
အောက်ခန်းမှာ ဗိုလ်နဂါးက ဘုရင်တစ်ပါးလို စံမြန်းနေခဲ့ပါတယ်။
လူမှုကွန်ရက်မှာ liveလွှင့်ပြီး လူထုကိုတော်
လှန်ရေးတရားဟောတဲ့အထဲ ဒီအကြောင်းတွေကိုလုံးဝထည့်မပြောပါဘူး။အမြဲတစေပွင့်ပွင့်လင်းလင်းပြောတက်တဲ့ ၊တိုက်ပွဲဝင်လိုတဲ့စစ်သူကြီးအဖြစ် သူ့ကိုယ်သူပုံဖော်ထားခဲ့ပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီလ၁၈ရက်နေ့က PDF နဲ့ ပကဖတွေ စီးနင်းခဲ့တဲ့ ဂွေးပင်ရွာက မြေ
အောက်ခန်းမြင်ကွင်းဟာ လူသူမသိတဲ့ ငရဲခန်းကို ဖွင့်ချလိုက်သလိုပဲလို့ ဒေသခံတွေကပြောပါတယ်။
●တောတိုက်ထဲကရာဇဝတ်မှုတွေ

LuduNwayOo
ဗိုလ်နဂါးမပြောခဲ့တဲ့ မြေအောက်ခန်းထဲက ဇာတ်လမ်းများ | LuduNwayOo
စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little…
🥴22🤬11❤7🔥4🤮3🖕2🤣1
၂၀၂၃ နှစ်လယ်ခန့်ကစပြီး ဗိုလ်နဂါးအခြေချခဲ့တဲ့ ဂွေးပင်ရွာကတောတိုက်ထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ရိုက်နှက်နှိပ်စက်မှုတွေ၊အကြောင်းရင်းမသိရဘဲပျောက်ဆုံးသွားသူတွေ ရှိခဲ့တယ်လို့ ကပဖနဲ့PDFတွေထိန်း
သိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေက ထုတ်ဖော်ဝန်ခံထားပါတယ်။ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆန့်
ကျင်တဲ့ လုပ်ရပ်တွေ ကိုယ်တိုင် ကျူးလွန်တာ၊တပ်ဖွဲ့ဝင်တွေကို ကျူးလွန်ခိုင်းတာ၊ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အမှုတွေကို မျက်ကွယ်ပြုတာတွေကြောင့်အမှုဖွင့်အရေး
ယူထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထံဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း PDF နဲ့ ပကဖထံ လက်
နက်ချခဲ့တဲ့ခဲ့ BNRAအဖွဲ့ဝင် ၂၀၀ခန့် ရှိပြီး ဗိုလ်နဂါးနဲ့ အနီးကပ် နေခဲ့သူတွေကို အမှတ်
(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။
BNRAအဖွဲ့ဝင်တွေကြားထဲမှာ အကြောက်ဆုံးနဲ့ ပဟေဠိအဖြစ်ဆုံးက ဗိုလ်နဂါးနဲ့ အနီးကပ်နေခဲ့တဲ့ ကိုကာပြား ပျောက်ဆုံးသွားမှုပါ။၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ ဗိုလ်နဂါးရဲ့ဆုံးဖြတ်ချက်နဲ့အတူ BNRAအဖွဲ့က ပုလဲမြို့သိမ်းတိုက်ပွဲဆိုပြီးတိုက်ခိုက်ခဲ့ပါတယ်။၄ ရက်အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေမှာ ဗိုလ်နဂါးက သူ့စစ်ကြောင်းတွေဝင်လာမယ့်လမ်းကြောင်းကို စစ်ကောင်စီထံကြိုတင်ပေးပို့ခဲ့ပြီး တိုက်ပွဲအတုဖော်ဆောင်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။
ဒီစစ်ဆင်ရေးနဲ့ပတ်သက်လို့ PDFနဲ့ပကဖတွေကို အသိမပေးခဲ့ပါဘူး။စစ်ကောင်စီရဲ့လေ
ကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ကြောင်း
ဝင်လာတာတွေကြောင့် ဒေသခံတွေထိခိုက်မှုရှိလာချိန်မှာ PDFနဲ့ပကဖတွေကဖြတ်တောက်
ရေးတာဝန်ယူခဲ့ကြရပါတယ်။
BNRA တပ်ဖွဲ့ဝင်တွေ စစ်ဦးကျိုးပြီး အထိနာခဲ့တဲ့အဲဒီစစ်ဆင်ရေးအပြီးမှာ ဗိုလ်နဂါးက လူ
ထုကိုလိမ်လည်သတင်းထုတ်ပြန်တာတွေ၊ သေဆုံးတဲ့ BNRA အဖွဲ့ဝင်တွေသတင်းကို မိဘတွေဆီ အသိမပေးဘဲထိန်ချန်ထားတာတွေနဲ့ပတ်သက်လို့ ကိုကာပြားက ဝေဖန်ခဲ့ပါတယ်။ အကြီးအကျယ်စကားများပြီး ဗိုလ်နဂါးက ကိုကာပြားကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ကိုကာပြားထွက်ပြေးလွတ်
မြောက်သွားပေမယ့် တောတိုက်တစ်နေရာမှာပဲ ပြန်လည်ဖမ်းဆီးခံရပါတယ်။ နောက်ဆုံးတော့ ကိုကာပြားသတင်းအစ ပျောက်သွားပါတယ်။ကိုကာပြားက ဧရာဝတီတိုင်းဘက်ကနေရောက်လာတဲ့ တော်လှန်ရေးရဲဘော်တဦးအနေနဲ့သာသိထားပြီး ကျန်တဲ့အသေးစိတ်အချက်အလက်တွေကို ဘယ်သူမှမသိကြပါဘူး။
“သတ်လိုက်တာလား၊ ဘာလာမသိပေမယ့် BNRA က ပြန်ဖမ်းမိပြီးနောက်ပိုင်း ကိုကာပြားပျောက်သွားဆုံးသွားတယ်။ ဒီနေ့အထိ
မတွေ့ရတော့ဘူး။ ဒါမျိုးကို BNRAထဲကလူငယ်တွေကအခုထိကြောက်နေကြတယ်” လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/03/06/150358/

😁21🤬12❤7🔥6👍2👎1🤮1🖕1
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပစ္စည်းခိုးယူပြီးလူသတ်မှုကျူးလွန်သူတွေ ဖမ်းမိ
အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပစ္စည်းခိုးယူပြီး လူသတ်မှုကျူးလွန်သူတွေကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီကျော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်က စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်ကို ဝင်ခိုးတဲ့ အမျိုးသား ၃ဦးက အိမ်ရှင်တွေကို ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ် ၁ဦးသေဆုံးကာ အသက် ၆၀ ကျော်အမျိုးသမီး အရေးပေါ်တင်ပို့ခဲ့ရတာဖြစ်ပါတယ်။
ကျူးလွန်သူတွေအနက် ၁ဦးကို နေ့ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂ဦးကို ဒီနေ့(အောက်တိုဘာ ၂၂) ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၂၀ ဝန်းကျင်လူငယ် တွေဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုပုဒ်မနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူလူငယ်က ဂျပန်နိုင်ငံကိုသွားရောက်ဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး အရေးပေါ်ရောက်သွားတဲ့ အမျိုးသမီးက ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။
မနေ့က (အောက်တိုဘာ ၂၁) ညနေက EV ကားအားသွားသွင်းတဲ့ အမျိုးသမီးတစ်ဦးလည်း CCTV မှတ်တမ်းအရ လူငယ် ၃ဦးက ခေါ်ဆောင်သွားတယ်လို့ သိရပြီး အဆက်အသွယ်ပြတ်တောက်နေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် တက်ပြီး စီးပွားရေးကျပ်တည်းလာတာကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုများလာတာလို့ ပြည်သူတွေက မှတ်ချက်ပေးထားကြပါတယ်။
ရန်ကုန်မြို့မှာ ဒီနှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။

👍28🔥6❤5
KNU ညောင်လေးပင်ခရိုင်က ကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ အဘွားအို ၁ဦး သေဆုံး
အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၈ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဘွားအို ၁ဦးသေဆုံးကာ အမျိုးသမီးငယ်တဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်က ကျေးရွာအချို့ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
အောက်တိုဘာ ၁၃ရက်က ရွှေကျင်မြို့နယ် ထင်းကုန်းကျေးရွာကိုလည်း စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ့နေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။

👎16😡12🤬5❤2🔥2👏2😢2🤮2😁1🎉1
ပြည်သူတွေပံ့ပိုးတဲ့ ကျည်ကာနဲ့ ဦးထုပ်တွေ တနင်္သာရီရှိ PDF တပ်ဖွဲ့တွေဆီ ရောက်ရှိ
အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် “ဆီသို့လှမ်းချီ တနင်္သာရီ ” ကမ်ပိန်းမှ ထောက်ပို့တဲ့ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် “ဆီသို့လှမ်းချီ တနင်္သာရီ ” ကမ်ပိန်း မှ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီ ဖြစ်ကြောင်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။
ဒီလို ကူညီထောက်ပို့မှုအတွက် “Forward Myanmar” ကမ်ပိန်း အဖွဲ့ နဲ့ တော်လှန်ပြည်သူများအား ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ ဖော်ပြပါတယ်။ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းကို Forward Myanmar အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းဟာ တိုက်ပွဲဝင် PDF ရဲဘော်တွေကို ကျည်ကာတွေ တပ်ဆင်ပေးနိုင်ဖို့ ဖြစ်ပြီး ဆီသို့လမ်းချီ တနင်္သာရီ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အခုနှစ် ဧပြီလမှာ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားဖူးပါတယ်။
အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် ကမ်ပိန်းတခု ပြုလုပ်ခဲ့ပြီး ကမ်ပိန်းက ရတဲ့ငွေနဲ့ ကျည်ကာတွေနဲ့ ဦးထုပ်တွေ ဝယ်ယူကာ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ကို ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်း အမည်နဲ့ ရန်ပုံငွေ ရှာဖွေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် “စစ်ကိုင်းဆီသို့” ကမ်ပိန်းပြုလုပ်ပြီး မြေပြင် PDF တပ်ရင်းတပ်ဖွဲ့တွေဆီကို ကျည်ကာများ၊ ဦးထုပ်များ ပေးပို့ခဲ့ကြောင်း အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာသည့် တပ်၊ လက်နက်တပ်ဆင်မှု စနစ်ကျတဲ့ တပ် ဖြစ်လာစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့် တပ်ဆင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

❤36👍15🥰3👏3🫡3🤮2🤣1🖕1
CI စင်တာတွေကိုရပ်ဆိုင်းပေးဖို့ ၊ စစ်ခေါင်းဆောင်မိသားစုနဲ့ဆက်နွှယ်သူတွေကအနိုင်
ကျင့်၊ ငွေညှစ်နေတာတွေကိုအမြန်ဆုံးရပ်တန့်ရေးကူညီပေးဖို့ထိုင်းသတင်းထောက်ကထိုင်းအာဏာပိုင်တွေကိုတောင်းဆို
အောက်တိုဘာ-၂၂၊၂၀၂၆။People's Spring
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာ
ဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာ
ဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်ခေါင်းဆောင်မိသားစုနဲ့ နီးစပ်သူတွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။
ထိုင်းအလွတ်တမ်းသတင်းထောက်တဦးဖြစ်တဲ့ ပေါ့ဒ် နာသက်ဟော့ဘ်ဟာ ဆမွတ်ပရာကန်မှာရှိတဲ့ CI စင်တာမှာ သတင်းရယူစဥ်မြန်မာစစ်တပ် အာဏာပိုင်ဆိုသူ တချို့က သူ့ကို ခြိမ်းခြောက် ဟန့်တားခဲ့တဲ့ ဖြစ်ရပ်ကို အောက်တိုဘာ၂၁ ရက်နေ့တုန်းကလူမှုကွန်
ရက်ပေါ် အကျယ်တဝင့် ရေးသားခဲ့ပါတယ်။ Facebookပေါ်မှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ပို့စ်ဟာလူအများရဲ့ အာရုံစိုက်မှုကို
ခံခဲ့ရသလို ထိုင်းပိုင်နက်ထဲမှာ ထိုင်းနိုင်ငံ
သား တစ်ယောက်ကို မြန်မာ အရာရှိတွေက ခြိမ်းခြောက်ခဲ့တဲ့အပေါ် ထိုင်းအာဏာပိုင်တွေက လက်ပိုက်ကြည့်နေသလားဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်လာပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ပေါ့ဒ်က သူ့ရဲ့စုံစမ်းမှု နောက်ဆက်တွဲ အချက်အလက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။ CI စင်တာတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာမယ့် မြန်မာဖက်က အရာရှိတွေအတွက် ဗီဇာရရှိအောင် ထိုင်းအလုပ်အကိုင် ဦးစီးဌာနက တာ
ဝန်ယူ ဆောင်ရွက်ပေးနေတာလို့ သူက ဆိုပါတယ်။ ထိုင်းမှာရှိတဲ့ CI စင်တာ ၅ ခုမှာ တာ
ဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီကစေလွှတ်တဲ့အရာရှိ ၃၃ ဦးကို အလုပ်အကိုင်ဦးစီးဌာနက ဗီဇာရယူပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ပေါ့ဒ်က ရေးသားထားပါတယ်။
ဒီလုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ဌာနကို အပြစ်တင်စရာ မရှိကြောင်း၊ ဒါပေမဲ့ CI စင်တာထဲမှာ မြန်မာ စစ်တပ်က ခန့်အပ်တဲ့ အ
ရာရှိတွေကို စိတ်တိုင်းကျ ခြယ်လှယ် ကြီးစိုးခွင့် ပေးလိုက်တဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေသလဲ ဆိုတာကိုတော့ ထိုင်းအာ
ဏာပိုင်တွေက သိဖို့လိုကြောင်း၊ မြန်မာစစ်
တပ်ဟာ နီးစပ်သူတွေ၊ဆွေမျိုးသားချင်းတွေ
ကို CI စင်တာတွေမှာ ကိုယ်ကျိုးရှာဖို့ ထိုင်း
ပိုင်နက်ထဲ ခေါ်သွင်းလာပြီး မာဖီးယားတွေလို ပြုမူနေကြောင်း ပေါ့ဒ်က ရေးသားထားပါတယ်။
CI စင်တာတွေထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို စိစစ်ဖို့ ပျက်ကွက်တာ၊ လျစ်လျူရှုထားတာနဲ့ ပတ်သက်လို့ မှားယွင်းကြောင်း ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကိုယ်တိုင် ဝန်ခံဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်
ပတ်တယ် ဆိုတာ သေချာတဲ့ထိ CI စင်တာတွေကို ဆိုင်းငံ့ထားဖို့လည်း ပေါ့ဒ်က တောင်းဆိုခဲ့ပါတယ်။
ဆမွတ်ပရာကန်မှာရှိတဲ့CI စင်တာထဲမှာ သူ့ကို မြန်မာစစ်တပ်လက်အောက်ခံဝန်ထမ်းတွေက ခြိမ်းခြောက်တဲ့ကိစ္စကို Facebookပေါ် ရေးတင်ခဲ့တဲ့နောက်အမည်မဖော်ဖို့ မေတ္တာရပ်ခံထားတဲ့ မြန်မာ အလုပ်သမား တစ်ဦးက သူ့ဆီ ဖုန်းဆက်ခဲ့ကြောင်း၊ CI စင်တာထဲမှာ မြန်မာလုပ်သားတွေဟာခံရခက်လောက်စရာ ခေါင်း
ပုံဖြတ်မှုတွေ ကြုံနေပေမယ့် ဘယ်သူ့ကိုမှ တိုင်ကြားလို့ မရဘဲ ဖြစ်နေတယ်လို့ အဲဒီ သ
တင်းရင်းမြစ်က ပြောပြခဲ့ကြောင်း ပေါ့ဒ်က ပြောပါတယ်။ဒါအပြင် အဲဒီ CI စင်တာမှာ အောက်တိုဘာ ၂၂ ရက်မှာပြင်ပကနေ လေ့
လာခွင့်မပြုတော့ဘူးလို့ ထပ်မံ သိရကြောင်းသူကပြောပါတယ် ။
လုပ်သားတွေဟာမြန်မာအာဏာပိုင်တွေထုတ်
ပေးမယ့်ပြေစာရတဲ့ထိထမင်းစားဖို့ကိုတောင် စောင့်နေရလေ့ရှိပြီး CI စင်တာက စီစဉ်ပေးတဲ့ ထမင်းကိုသာ စားရတယ်လို့လည်း သူ့ရဲ့
ပို့စ်မှာဖော်ပြထားပါတယ်။
နောက်ထပ်ပို့စ်တစ်ခုမှာတော့ ပေါ့ဒ်က ဆမွတ်ပရာကန်က CI စင်တာကို ဦးဆောင်နေသူဟာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဆွေမျိုးတော်စပ်သူ ခင်မောင်ကျော်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှု အခမ်းအနား တစ်ခုမှာ ရိုက်ထားတဲ့ ခင်မောင်ကျော်ရဲ့ ဓာတ်ပုံကိုလည်းသူက ပို့စ်မှာဖော်ပြထားပါတယ်။
ခင်မောင်ကျော်ဟာ United K.M.K ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်ပြီး အဲဒီကုမ္ပဏီကစင်တာတွေအတွင်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူအဖြစ် လုပ်
ကိုင်ခွင့်ရရှိထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။ သူဟာမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ ဆွေမျိုးတော်စပ်ပြီး OTS အမှတ်စဉ် ၇၁ ကနေ သင်တန်းဆင်းခဲ့တဲ့ စစ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ လည်း ၂၀၂၃ ခုနှစ်မှာဧရာဝတီသတင်းဌာနကို ကိုးကားပြီးသူကရေးထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို စစ်တပ်အတွက် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေဝယ်ပေးနေသူဖြစ်ပြီး Dynasty International ကုမ္ပဏီအပါအဝင်စစ်တပ်အတွက်လက်နက်တွေဝယ်ပေးတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်လုပ်ကိုင်သူဖြစ်တယ်လို့ရေးထားပါတယ် ။
ဒါ့အပြင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံနဲ့ ဆက်စပ်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုဟာလည်း CI စာရွက်စာတမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ရှိထားတယ်လို့သူကဆိုပါတယ်။

❤33👏13👍1🥰1🤮1💩1🤣1🖕1