မိခင်ဆီ ချားလ်စ်ဘုရင်က လက်ဆောင်ပို့တာဟာ စစ်တပ်အတွက် ဝါဒဖြန့်စရာဖြစ်လာနိုင်ကြောင်းဒေါ်အောင်ဆန်းစုကြည် ရဲ့သားထောက်ပြ
အောက်တိုဘာ-၂၂၊၂၀၂၆။People's Spring
သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာ
သိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မတရားအာဏာသိမ်းမှုအပြီးက
တည်းက စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာစာအုပ်နှစ်အုပ် လက်
ဆောင် ပေးပို့ခဲ့ကြောင်း အခုသီတင်းပတ်မှာ အာဏာသိမ်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။လူမြင်ကွင်းကနေ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာအုပ်တွေကို လက်ခံယူနေတဲ့ ဓာတ်ပုံကိုလည်းစစ်တပ်ကရှားရှားပါးပါးထုတ်ပြန် ပြသခဲ့ပါတယ်။
ချားလ်စ်ဘုရင် ပေးပို့လိုက်တဲ့ လက်ဆောင်ထုပ်ထဲမှာ အလုံပိတ် သံတမန်ပို့ စာအိတ်တစ်အိတ်လည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ဟာ မိခင်ဖြစ်သူ လွတ်
မြောက်ရေးအတွက် ကာလရှည်ကြာ အစဉ်
တစိုက် တောင်းဆိုနေခဲ့သူ ဖြစ်ပါတယ်။ သူကချားလ်စ်ဘုရင်ရဲ့ လက်ဆောင်ပေးပို့မှုကို အာဏာသိမ်းမြန်မာစစ်တပ်ကဝါဒဖြန့် ကရိ
ယာ တစ်ခုအဖြစ် အသုံးချပြီး ဗြိတိန် အစိုးရက တရားဝင်မှု တရားဝင် ပေးအပ် အသိပြုထားသလို ပုံဖော်လာနိုင်တာကိုထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ မိခင်ဆီကို လက်ဆောင်ပေးပို့တဲ့ ချားလ်စ်ဘုရင်ရဲ့ စိတ်စေတနာအတွက်တော့ ဝမ်းသာကြောင်း ကိုထိန်လင်းက ဆိုပါတယ်။ အခုလို ကိစ္စမျိုးတွေကို သတင်းထုတ်ပြန်တဲ့အခါ အာဏာသိမ်း စစ်တပ်ဟာ ထင်ယောင်
ထင်မှား ဖြစ်စေမယ့် လှည့်စားမှုတွေကို လုပ်လေ့ရှိကြောင်း၊ စစ်တပ်အပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ ရှိမလာအောင် တားဆီးဖို့ လိုကြောင်း၊ စစ်တပ်ဟာ သူ့မိခင်ရဲ့ အခြေ
ခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေဆဲဖြစ်ကြောင်း ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။
အာရှလူ့အခွင့်အရေးနှင့်အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ (Asia Human Rights and Labour Advocates)ရဲ့ ဒါရိုက်
တာ ဖီးလ်ရောဘတ်ဆန်ကလည်း စစ်တပ်ဟာ နိုင်ငံတကာ တရားဝင်မှု ရရှိရေး အားထုတ်မှုတွေမှာဒေါ်အောင်ဆန်းစုကြည်ကိုဝါဒဖြန့် ကိရိယာတစ်ခုလိုမျိုးအသုံးချနေကြောင်း သတိပေးခဲ့ပါတယ်။
အခုကိစ္စမှာဗြိတိန်တော်ဝင်မိသားစုပါဝင်ပတ်
သက်လာပုံက ထူးဆန်းကြောင်း၊ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဥယျာဉ်ခြံ စိုက်ပျိုးရေးနဲ့ မြေဆွေးလုပ်နည်း စာအုပ်တွေကို ချားလ်စ်ဘုရင်က လက်ဆောင် ပို့ပေးတယ် ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ကို တရားဝင်ရွေးကောက်တင်
မြှောက်ထားတဲ့ ပြည်သူတွေကို ဦးဆောင်မယ့်အစားခြံစိုက်နေသင့်တယ်လို့ ဗြိတိန် အစိုးရက အကြံပြုတဲ့သဘောဖြစ်နေကြောင်း ရောဘတ်ဆန်က ဆိုပါတယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ချားလ်စ်ဘုရင်အိမ်ရှေ့မင်းသားဘဝမှာအကြိမ်ကြိမ်
တွေ့ဆုံခဲ့ဖူးပါတယ်။၂၀၁၂ ခုနှစ်တုန်းကဗြိတိန် ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချားလ်စ်မင်းသားကို မက်နိုလီယာပင်ပျိုလေးတစ်ပင် လက်ဆောင် ပေးခဲ့ဖူးပါတယ်။ သူတို့နှစ်ဦး နောက်တစ်ခါ ထပ်တွေ့တော့အဲဒီအပင်လေးရှင်သန် ကြီးထွားနေတာကိုချားလ်စ်ကပြသခဲ့ဖူးပါတယ်။
ချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်
ပွန်း မိုက်ကယ်အဲရစ်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။မိုက်ကယ်ဟာ ၁၉၉၉ ခုနှစ်၊ အသက် ၅၃ နှစ်အရွယ်မှာဆီးကြိတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာ စာအုပ်တွေ လက်
ဆောင်ပေးပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေး
စိတ် မှတ်ချက်ပေးဖို့ကိုတော့ ဘက်ကင်ဟမ် နန်းတော်က ငြင်းဆိုထားပါတယ်။
ကိုးကား-Telegraph
#ဒေါ်အောင်ဆန်းစုကြည် #ချားလ်စ်ဘုရင်
#ကင်မ်အဲရစ် #ကိုထိန်လင်း
#peoplesspring #လူထုနွေဦး

👍30❤8🥰2🤮1💯1🤣1🖕1
သူ့ကို ဒီမိုကရက်တစ် ပါတီက စစ်လားဆေးလား လုပ်လာရင် ငြိမ်ခံမနေဘူးလို့ အီလွန်မတ်စ်ခ်ပြော
ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ လဆန်းမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီသာ ရလဒ်ကောင်းခဲ့ပြီး အမေရိကန်ရဲ့ လွှတ်တော် နှစ်ရပ်လုံးကို အင်အား အသာစီးယူ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မတ်စ်ခ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေအပေါ် ပစ်မှတ်ထား စစ်ဆေးမှုတွေ ရှိလာနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။
အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ အဓိက ရန်ပုံငွေ ထောက်ပံ့သူဖြစ်တဲ့ မတ်စခ်ကတော့ အဲဒီအခြေအနေမျိုးသာ ရောက်လာရင် သူကလည်း တုံ့ပြန်မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ အတိအလင်း သတိပေးခဲ့ပါတယ်။
‘ဓားနဲ့ တိုက်ခိုက်သူဟာ ဓားနဲ့ပဲ သေတတ်တယ်’လို့ မတ်စ်က ဒီမိုကရက်တစ် ပါတီကို ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်မှာ အောက်တိုဘာ ၂၁ ရက်နေ့က ရေးသားထားပါတယ်။
ယူကရိန်းအတွက် စစ်ရေးနည်းပညာပိုင်းအရ ထောက်ပံ့ထားတဲ့ Starlink အင်တာနက်ကွန်ရက် မြန်နှုန်းတွေကို မတ်စ်ခ်က လျှော့ချစေခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပြီး အဲဒီကိစ္စ အပါအဝင် သူ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ တချို့ကို ဒီမိုကရက်တစ်ပါတီက လွှတ်တော်မှာ စုံစမ်းစစ်ဆေးဖို့ လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Starlinkဟာ မတ်စ်ခ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတစ်ခုပါ။
သူ့ကို ပြဿနာ ရှာချင်တဲ့သူတွေ နားလည်ထားရမှာက သူဟာ လက်ပါးစေ အဆင့်လောက်ကို ဂရုစိုက်မှာ မဟုတ်ဘဲ အဲဒီလို ပြဿနာရှာဖို့ နောက်ကွယ်ကနေ တကယ်တမ်း ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ပြီး ထိပ်တိုက် ရင်ဆိုင်မယ်ဆိုတာ ဖြစ်တယ်လို့လည်း မတ်စ်ခ်က ဆိုပါတယ်။
ဒီမိုကရက်တစ် ပါတီဟာ Starlink ကိစ္စသာ မကဘဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရရဲ့ အစောပိုင်း ကာလတွေတုန်းက ဖက်ဒရယ် အစိုးရ ဝန်ထမ်းအများအပြားကို အလုပ်ထုတ်ပစ်ဖို့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို မတ်စ်ခ်က ဦးဆောင် ကိုင်တွယ်ခဲ့တဲ့ အငြင်းပွားစရာ လုပ်ငန်းစဉ်တွေကိုပါ စုံစမ်းစစ်ဆေးဖို့ ဆန္ဒရှိနေပါတယ်။ အဲဒီဌာနဟာ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့မှုတွေကို အဓိက ဦးဆောင်မှု ပေးနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကို ဖျက်သိမ်းစေခဲ့ပြီး ဖက်ဒရယ် အစိုးရဝန်ထမ်း ၂ သိန်းခွဲကျော်ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်တစ်ပါတီ အမတ် မက်ဆင်းဒက်စ်တာဟာ မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေက အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို စစ်ဆေးဖို့ လိုလားနေတယ်လို့လည်း Political သတင်းဌာနက ဖော်ပြထားပါတယ်။
မတ်စ်ခ်ကတော့ ယူကရိန်းကို ထောက်ပံ့ထားတဲ့ Starlink အင်တာနက် မြန်နှုန်းတွေ လျှော့ချတဲ့ ကိစ္စဟာ အိမ်ဖြူတော်နဲ့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။ ယူကရိန်း အစိုးရကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ မသိရသေးကြောင်း ပြောပါတယ်။ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အင်တာနက် မြန်နှုန်းတွေ လျော့ကျသွားတာကြောင့် ယူကရိန်းရဲ့ တာဝေးတိုက်ခိုက်တဲ့ စစ်လက်နက်တချို့ အသုံးပြုလို့ မရတော့ဘဲ ပြဿနာတွေ ကြုံခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: Forbes
ဓာတ်ပုံ - Reuters
#အီလွန်မက်စ်ခ် #ဒီမိုကရက်တစ်ပါတီ #အမေရိကန်ရွေးကောက်ပွဲ

👍24😁7❤1🔥1🤮1
ချောင်းဦးမှာ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေ ခွင့်ပြုချက်ရယူဖို့ ပအဖ သတိပေး
အောက်တိုဘာ ၂၂၊ ၂၀၂၆၊ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေအနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက ခွင့်ပြုချက်ရယူပြီးမှသာ လှုပ်ရှားဆောင်ရွက်ကြဖို့ အဆိုပါအဖွဲ့က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ကို ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်အတွင်း ကူညီထောက်ပံ့ပေးနေကြတဲ့ အဖွဲ့အစည်းအားလုံးကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပထမဦးစွာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ကူညီရေးအသင်းအဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးတို့အတွက် ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခွင့်ပြုချက် အရင်ရယူပြီးမှသာ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက "ထုတ်တာကို နောက်ကျနေပြီ။ အချို့ NGOတွေက ငွေကြေးနဲ့ အာဏာတည်ဆောက်လာကြတာများလာလို့ရယ်။ အဆိုးဆုံးက ပြည်သူနဲ့ NUG အစိုးရကိုသွေးခွဲကြတာ"လို့ ဆိုပါတယ်။
ခွင့်ပြုချက် မရှိဘဲ နယ်မြေအတွင်း လှုပ်ရှားဆောင်ရွက်တာတွေ ပြုလုပ်ပါက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းမှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး အောက်တိုဘာလဆန်းကပဲ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲလို့ စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်မှာလည်း ပန်းလှအုပ်စု၊ ပန်းလှတောရ ကျောင်းတိုက်ကို ဗုံးကြဲလို့ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ချောင်းဦးနဲ့ ချင်းတွင်းမြစ်ပဲခြားတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းက သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။
အလားတူ အောက်တိုဘာ ၂၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၆ဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တိုဘာအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက် အပြုံလိုက် သေဆုံးတာတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။
အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

👍32🤮3👎1🥰1🤣1🖕1
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု
အောက်တိုဘာ-၂၂၊၂၀၂၆။ဇော်ဝင်း /People's Spring
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။
အခုအောက်တိုဘာ ၁၆ ရက်က ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်း အဝေးမှာကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် IEC က မနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခုဥပဒေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေရဲ့ အခန်း ၄ မှာ ပါရှိတဲ့ ကရင်နီပြည်တပ်ဖွဲ့စည်းခြင်း အရ IEC ဥက္ကဌ ကို စစ်သေနာပတိချုပ်အဖြစ်ထားရှိမှာဖြစ်ပြီး ကရင်နီပြည်တပ်က IEC ကာကွယ်ရေးဌာနကြီးကြပ်မှုအောက်မှာ တည်ရှိမှာဖြစ်ပါတယ်။
ကရင်နီပြည်တပ်ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS)မှာပါ၀င်တဲ့ တပ်ဖွဲ့၀င်တွေနဲ့ စတင်ဖွဲ့စည်းမယ့်အပြင် တပ်အင်အားကို ပြည်နယ်အတွင်းက အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ စုစုပေါင်းလူဦးရေရဲ့ လေးရာခိုင်နှုန်းနဲ့ဖွဲ့စည်းမယ်လို့ အသိပေးပါတယ်။
ခြွင်းချက်အနေနဲ့ ပြည်သူ့ကာကွယ်ရေးအတွက်လိုအပ်ရင် ၁၈ နှစ်အထက် လူဦးရေ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
စစ်ဦးစီးအဖွဲ့က IEC ကာကွယ်ရေးဌာန နဲ့ညှိ နှိုင်းပြီး စစ်ဒေသ (တပ်မဟာ)တွေ ဖွဲ့စည်းရမှာဖြစ်ကာ တခြားသော တိုက်ခိုက်ရေး၊ချေမှုန်းရေးတပ်၊ဗဟိုလုံခြုံရေးတပ်၊ဒရုန်းတပ်၊လက်နက်ကြီးတပ်၊ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေးတပ် အပါအ၀င် အင်ဂျင်နီယာနဲ့ထုတ်လုပ်ရေးတပ်တွေကို ဖွဲ့စည်းနိုင်တယ်လို့ ပါ၀င်ပါတယ်။
ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန် ရေး တပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူ ပြည်သားနဲ့ ကရင်နီပြည်ကိုသော်လည်းကောင်း ပြည်ထောင်စုကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။
"ဥပဒေ အတည်ပြုပြီးနောက်ဆက်တွဲ အနေနဲ့ အဓိက အပြောင်းလဲ (၃) ရပ်ရှိနိုင်ပါတယ်"လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌ စောအားလ်ဒိုက လူထုနွေဦးကို ပြောထားပါတယ်။
ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်ဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ်တွေက အရပ်ဘက်ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ်စည်းကမ်းအမိန့်နာခံမှုနဲ့ ပြည်သူနဲ့တပ် ဆက်ဆံရေးအပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
ကရင်နီပြည်မှာ တပ်ဖွဲ့တွေရှိပြီး တပ်ပိုင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုရှိပေမယ့် ကရင်နီတပ်ပေါင်းစုံမှာ မပါဝင်တဲ့ တပ်တွေအနေနဲ့ကတော့ ဥပဒေကို တစ်စိတ်တစ်ပိုင်း လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အထူးသဖြင့် အရပ်သားတွေနဲ့ ဆက်စပ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေရှိလာရင် ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
အရပ်ဘက်နဲ့ ဆက်စပ်ကျူးလွန်တဲ့ ပြစ်မှုမှန်သမျှ အရပ်ဘက်တရားရုံးမှာသာ စစ်ဆေးစီရင်ဖို့ အတိ အလင်း ပြဌာန်းချက် ပါဝင်တဲ့အတွက် အရပ်သားအပေါ် တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေလျော့နည်းလာမယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌက အသိပေးပါတယ်။
"ဒီဥပဒေကို စိစစ်ပြင်ဆင်တဲ့နေရာမှာ အထူးထည့်သွင်းစဉ်းစားတဲ့ အချက် နှစ် ချက်ရှိပါတယ် ။ နံပတ် တစ်အချက််က တပ်ကို အရပ်သားကြီးကြပ်မှုအောက်မှာ ရှိဖို့ဖြစ်တယ် ၊ နံပတ် ၂ အချက်က တပ်ဖွဲ့ဝင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အထူးထည့်သွင်းပြင်ဆင်ထားတယ်ဆိုတာ ဖော်ပြလိုတယ်"လို့ သူက ပြောပါတယ်။
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေပြဌာန်းလိုက်တာက ကရင်နီလူထုနဲ့အရပ်ဖက် အဖွဲ့အစည်းတွေ မျှော်လင့် တောင်းဆိုနေတဲ့ စည်းလုံးညီညွတ်သော ကရင်နီ တပ်မတော် ( UKSA) ဖြစ်လာမယ့် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။
လက်ရှိ ကရင်နီပြည်တပ်မှာ ကနဦး ဖွဲ့စည်းထားတဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS)မှာကရင်နီပြည်တပ် မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုး သားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDPနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။
လက်ရှိ ကရင်နီပြည်ရဲ့တော်လှန်ရေးတပ်တွေ ထဲမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင် အား အတောင့်တင်းဆုံးဖြစ်ပါတယ်။

👍27👏4🤣2💩1🖕1
ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ် နှစ်၀န်းကျင်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပါတယ်။ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။

❤22👍9🥰4🔥1🤣1🖕1🫡1
ပူတင်ကို လူသားချင်းစာနာထောက်ထားသူလို့ ချီးကျူးခဲ့တဲ့ ထရမ့်ရဲ့ ကိုယ်စားလှယ် ဝေဖန်ခံနေရ
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိမ်နီးချင်း ယူကရိန်း နိုင်ငံကို မတရား ကျူးကျော်စစ် ဆင်နွှဲပြီး လူ့အသက်ပေါင်း များစွာကို သေဆုံးစေခဲ့တဲ့ ရုရှားသမ္မတနဲ့ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ တွေ့ဆုံချိန် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အဲဒီလို ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဝစ်ကော့ဖ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဖြစ်ပြီး ရုရှားနဲ့ ယူကရိန်း စစ်ပြေငြိမ်းရေးကိစ္စ ကြားဝင်စေ့စပ်ပေးမှုတွေကိုလည်း အဓိက ဦးဆောင်နေပါတယ်။
ပူတင်နဲ့ တွေ့ဆုံမှုမှာတော့ ဝစ်ကော့ဖ်ဟာ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား စတီဖန် ဟူးဘတ်ဒ် လွတ်မြောက်ရေး၊ ရုရှားရဲ့ ဒီဇယ်ဆီတွေ အမေရိကန် ဝယ်ယူရေးနဲ့ ယူကရိန်းစစ်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အခုအခါ ရုရှားက ဟူးဘတ်ဒ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဝစ်ကော့ဖ်က ပူတင်ဟာ သမ္မတ ထရမ့်ကို လူသားအကျိုးဆောင်ရွက်သူ တစ်ဦးအဖြစ် ရည်ညွှန်းလေ့ ရှိပေမယ့် ပူတင် ကိုယ်တိုင်ကလည်း လူသားတွေရဲ့ အကျိုးစီးပွားကို လိုလားဆောင်ရွက်သူ တစ်ဦးဖြစ်ကြောင်း၊ အဲဒီအတွက်လည်း သူက လေးစားမိကြောင်း ပူတင်ကို ပြောကြားခဲ့တာပါ။
နောက်ပိုင်းမှာ ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဝစ်ကော့ဖ်နဲ့ပူတင် တွေ့ဆုံအပြီး ရုရှားဟာ အမေရိကန်၊ ယူကရိန်းတို့နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ အသင့်ရှိနေကြောင်း ဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ ပူတင်ကို လူသားချင်းစာနာထောက်ထားသူလို့ ချီးကျူးခဲ့တဲ့ ဝစ်ကော့ဖ်ရဲ့ စကားအပေါ် လူမှုကွန်ရက်ပေါ်မှာ အမေရိကန်ရဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေကအစ ဝိုင်းဝန်း ဝေဖန်နေပါတယ်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ သွမ်တစ်လစ္စက ဝစ်ကော့ဖ်အနေနဲ့ လူသားချင်းစာနာထောက်ထားသူဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အရင်ဆုံး သေချာပြန်ပြီး ဆန်းစစ်သင့်တယ်လို့ Xမှာ ရေးသားထားပါတယ်။
ထရမ့်ကတော့ တစ်သက်လုံး ထောင်ထဲမှာ နေရတော့မယ်လို့ ထင်မှတ်ထားသူ တစ်ဦးကို ပူတင်က ပြန်လွှတ်ပေးလိုက်လို့ ဝစ်ကော့ဖ်က အခုလို ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ရေးကြီးခွင်ကျယ် ဆွေးနွေးမနေချင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကလည်း ဝစ်ကော့ဖ်ဖက်ကနေ ရပ်တည်ခဲ့ပြီး အမေရိကန် အကျဉ်းသားကို လောလောလတ်လတ် လွှတ်ပေးလိုက်တဲ့သူကို ကောင်းကောင်းမွန်မွန် ချီးကျူးတဲ့ လုပ်ရပ်က ဘာမှ မမှားကြောင်း၊ ဝစ်ကော့ဖ်ဟာ သံတမန်ရေး တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး သူ့တာဝန်သူ ကျေပြွန်ဖို့ပဲ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ - Reuters
#လူသားချင်းစာနာထောက်ထားသူ #အမေရိကန် #ပူတင်

😁32👍7🔥3❤2🤣1
ဂန့်ဂေါမြို့နယ်မှာ ကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားနိုင်တယ်လို့ ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
အောက်တိုဘာ ၂၂၊ ၂၀၂၆၊ ဇေအောင်/People's Spring
ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာမှာ ကျောင်းတက်သည်ဖြစ်စေ ကလေးငယ်တွေကို အပြစ်ပေးအရေးယူမှာမဟုတ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်ကြေညာပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျောင်းနေအရွယ် ကလေးတွေဟာ မည်သည့်နေရာမှာဘဲ သွားရောက်ကျောင်းတက်သည်ဖြစ်စေ အပြစ်ပေး အရေးယူမှု ပြုလုပ်မှာမဟုတ်ဘူးလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမတက်ရဘဲ ပညာသင်ခွင့် ဆုံးရှုံးနေရတဲ့ ကလေးတွေ အခြေခံပညာ ဆက်သင်နိုင်ဖို့အတွက် ၂၀၂၁ စက်တင်ဘာ ၁၂ ရက်ကတည်းက ပြည်သူ့အခြေပြုကျောင်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို အထူးလေးစား တန်ဖိုးထားသလို၊ ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်း အသိပညာပွင့်လင်းဖို့နဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးအတွက်အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
" ကျနော်တို့ရေးထားတဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်အရ ထုတ်ပြန်တာပါ။မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရပါ။ အစည်းအဝေး ဆုံးဖြတ်တာက ပညာရေးဘုတ်ဆုံးဖြတ်တာ"လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ကလေးတွေ ပညာသင်ယူဖို့ ဘယ်နေရာမှာဘဲ ကျောင်းသွားထားတာဖြစ်စေ၊ လွတ်လပ်စွာ ပညာသင်ခွင့်နဲ့ လူ့အခွင့်အရေးအရ အပြစ်ပေးအရေးယူတာဆွေ ပြုလုပ်မှာမဟုတ်ကြောင်း ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် တော်တော်များများရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေ၊ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

👍32❤6🤮1🥴1🤣1
ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ် ၄ဦး ထိမှန် ဒဏ်ရာရ
အောက်တိုဘာ−၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။
ယခင်ရက်ကတည်းက စစ်တပ်က ဖားကန့်မြို့ စစ်တပ်ကုန်းကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေပြီး ဒီကနေ့မှာတော့ လုံးခင်းဒေသ ကျေးရွာအုပ်စု၊ရပ်ကွက်(၂)ကို ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
" လေးယောက်ထိတာ။ နှစ်ယောက် အရမ်းပြင်းထန်တယ်။ စစ်တပ်ကုန်းကနေ ဆက်ပစ်နေတယ်။ တိုက်ပွဲမရှိ။ ရမ်းပစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကလချင်လွတ်လပ်ရေးတပ်မတော်( KIA) ကလည်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ကြောင်းလှည့်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲမဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ၂၄ရက်ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း လေကြောင်းကင်းထောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာပါဝင်ပြီး စစ်ကိုင်းတိုင်းနဲ့ နယ်စပ်ဖြစ်တဲ့ ဆည်ဇင်းရွာပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့နယ်တချို့မှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

🤬21🔥5👍2👎1👏1🎉1
စစ်တပ်မှဒုတပ်ရင်းမှူးဆိုသူ ဗိုလ်မှူးကြီးတဦးကိုဖမ်းမိ၊ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့်ပစ်ခတ်ရာသေဆုံးလို့တော်လှန်ရေးတပ်ဖွဲ့ပြော
အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက်
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နှုန်းတွင်းတပ်ကနေတဆင့် အုန်းတော၆၀၀၅တပ်ကို လာ ရောက်စစ်ဆေးတဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို စစ်တပ်ဘက်ပူးပေါင်းသွားသူနဲ့တပ်တွင်း ဖရဲသီးတွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ သတင်းအရင်းအမြစ်တချို့ကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးတာဝန်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်
တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်
ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအချိန် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ"လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြု
လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

👍39❤11👏6🔥2👎1🥰1🖕1
ကနီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ဦး သေဆုံး
အောက်တိုဘာ-၂၂၊ ၂၀၂၆။ အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။
ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ကနီမြို့နယ်နဲ့ဆက်စပ်နေတဲ့ ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂၀ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးခြောက်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

🤬31❤4👍3😢2👎1👏1🎉1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရ
အောက်တိုဘာ-၂၂၊ ၂၀၂၆။ တေဇ/People’s Spring
စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။” လို့ ကင်မ်က သူ့ရဲ့ခံစားချက်ကို ဒီနေ့(အောက်တိုဘာ ၂၂) နေ့လယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကင်မ်က မိခင်ဖြစ်သူနဲ့ ဆက်သွယ်ခွင့်အပါအဝင် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ Free Her ကမ်ပိန်းကို ပြုလုပ်နေတာပါ။
“မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ။”လို့ ကင်မ်ကဆက်လက်တောင်းဆိုထားပါတယ်။
လက်ရှိအချိန်အထိ အသက် ၈၁ နှစ်အရွယ်မိခင်က မတရားဖမ်းဆီးခံနေရဆဲဖြစ်ပြီး မိခင်နဲ့တစ်ကြိမ်စကားပြောခွင့်ရတာ မိသားစုနဲ့ ပုံမှန် ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ဆက်သွယ်ခွင့် ရတာကလည်း လွတ်မြောက်ခြင်းမဟုတ်ဘူးလို့ ကင်မ်က ပြောထားပါတယ်။
“မေမေ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ပါဘူး။အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ ဗြိတိန်အစိုးရနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို မေတ္တာရပ်ခံပါတယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး။” လို့ ကင်မ်က တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့ဆိုရင် ရက်ပေါင်း ၂၀၉၀ ပြည့်မြောက်ခဲ့ပါပြီ။

🥰38❤18👍5👏3😁1🤮1🤣1🖕1