People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏18👍4🖕3🔥2❤1👎1
စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတာ မကြားမိဟု KIA ပြန်ကြားရေးတာဝန်ခံပြော

အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာ
ဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်
ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်တင်ဘာလအတွင်းမှာ စစ်တပ်ဘက်က တွေ့ဆုံဆွေးနွေးဖို့ KIO ထံ အဆိုပြုလာတာ၊ KIOနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်
နိုင်ငံ ကူမင်းမှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းအချို့ အောက်တိုဘာလမှာ ထပ်မံထွက်ပေါ်
လာတာ၊ စစ်တပ်ကိုယ်စားလှယ်က KIAနဲ့ဆွေးနွေးမှုတွေရှိလာမယ်ဆိုတဲ့ ပြောကြားချက်တွေ ရှိနေတဲ့ အခြေအနေမှာဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်း
လှမ်းချက်ကို စက်တင်ဘာလ၄ရက်နေ့ကအကြောင်းကြားလာတာလို့ ဗိုလ်မှူးကြီးနော်ဘူက People 's Spring ကို ပြောပါတယ်။
အဆိုပြုလာတဲ့ကိစ္စကို KIO ဘက်က အဆင်မပြေဘူးလို့ အကြောင်းပြန်ကြားထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။အဲဒီအပေါ် အာဏာသိမ်း စစ်တပ်ဘက်က ပြန်
လည်အကြောင်းကြားချက်မရှိသေး​ကြောင်း သူက ပြောပါတယ်။

ဒါ​ပေမယ့် စစ်ကောင်စီနဲ့ ကေအိုင်အေဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်စာမျက်နှာတွေက ဖော်ပြနေကြပါတယ်။တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီးနော်ဘူက “ အဲဒါကတော့ ကျနော်မကြားသေးဘူး”လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာပြောပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်ရဲ့ တဖွဲ့ချင်းဖဲ့ဆွေးနွေးတာမျိုးလက်မခံကြောင်း စက်တင်ဘာ ၁၀ရက်နေ့မှာ People’s Spring ရဲ့ မေးမြန်းချက်အပေါ် အဖွဲ့မူဝါဒကိုပြောပြခဲ့ပါတယ်။

အဲဒီတုန်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက KIO/KIAနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့တာပါ။

“တဖွဲ့ချင်း တဖွဲ့ချင်း ဖဲ့ပြီးမှဆွေးနွေးတယ်ဆိုတာကတော့ လက်နက်ချပါ လက်နက်ကိုင်လမ်းစဉ်တွေကို စွန့်လွှတ်ပါ ဆိုတာပါပဲ။ ဒါအမြဲတမ်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ဒီလိုပဲ ပြောကြတာပေါ့လေ"လို့သူက​ပြောပါတယ်။

လတ်တ​​လောမှာ KIA နဲ့ စစ်တပ်ဟာ ဗန်း​မော်မြို့ ၊ မိုးမိတ်မြို့အနီး ၊ ကချင်နဲ့စစ်ကိုင်းအစပ် စတဲ့​ဒေသ​တွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်​နေပါတယ်၊

KIO/KIAဟာ အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအ
စည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုး
တက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် SCEF ရဲ့ စစ်ရေးကော်မတီကို KIO/KIAနဲ့ KNU/KNLA စစ်ဘက်ခေါင်း
ဆောင်တွေက ဦးဆောင်ထားတာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အခြားအဖွဲ့ဝင် အဖွဲ့အစည်းတွေက စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတာပါ။ ဒီအစုအဖွဲ့ဟာ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းပြီး တော်လှန်တိုက်
ခိုက်သွားဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့မ​ကွေး ဖက်ဒရယ်ယူနစ်​တွေကလည်း SCEF မှာထပ်မံပူး​ပေါင်းပါဝင်ခဲ့ပါတယ်။ AA ၊ SRA ၊ PNLO/PNLA နဲ့ PNFC အပါအဝင်ပအိုဝ်​တော်လှန်​ရေးအဖွဲ့​တွေ ၊မွန်​တော်လှန်​ရေးအဖွဲ့​တွေနဲ့လည်း SCEF က ၂ ကြိမ်စီ​တွေ့ဆုံ​ဆွေး​နွေးထားပါတယ်။

SCEFရဲ့ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လက SCEF ကိုယ်စားလှယ်​တွေနဲ့ အာဆီယံမှ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံခြား​​​ရေး ဝန်ကြီး​တွေ ​တွေ့ဆုံစဥ် အသိ​ပေး​ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအရှိတရားဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ဒီနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာနေပြည်တော်မှာဘဲ သီး
သန့် မရှိတော့ဘူးလို့ နိုင်ငံတကာကို SCEF
သတင်းစကားပါးထားပါတယ်။တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်
နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်
များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်
ဆောင်မှုများနဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူများရဲ့ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေကြတာလို့ SCEFက ပြောပါတယ်။

SCEF ဟာ ပြည်သူကိုအသိ​ပေးထားတဲ့ နိုင်ငံ​ရေးဦးတည်ချက် ၆ ရပ်အတိုင်း​ တဆင့်ချင်းရှေ့ဆက်သွား​နေတယ်လို့ တာဝန်ရှိသူတဦးက​သြဂုတ်လမှာပြောပါတယ် ။အဲတာ​တွေက​တော့
👍33❤7🖕3👏2🥰1🤣1
၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်

(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီး
တိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်

(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်

(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်

(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်
တို့ဖြစ်ပါတယ် ။
👍32❤9🖕3👏2🤣2🥰1
KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ။ဓါတ်ပုံ-File
👍38🥰9🤣3🖕2❤1👏1
စစ်ပွဲဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သင်သိပါသလား။

လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်
သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပ‌ဒေတွေ၊စည်း
ကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။

အဲဒီစည်းမျဉ်းတွေထဲမှာ အခြေခံအကျဆုံး အချက်တစ်ခုကတော့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားတွေကို ခွဲခြားပြီး ဆောင်ရွက်ရမယ်ဆိုတဲ့မူပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း စစ်အာဏာရှင်ကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီအခြေအနေမှာ စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကြောက်တရားနဲ့ ထိန်း
ချုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအင်အားကောင်းလာတဲ့ ဒေသတွေ၊ ၎င်းတို့မစိုးမိုးနိုင်တော့တဲ့ ဒေသ တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေပြင်းထန်စွာ ပြုလုပ်နေပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အ‌ရေအတွက်ဟာ ဆက်တိုက်မြင့်မားနေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဲဒီအခြေအနေကို ထင်ရှားစွာ ပြသနေတဲ့ ဖြစ်
ရပ်တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ စစ်ဖြစ်နေကြချိန် စစ်ရေးရည်ရွယ်ချက်ရှိနေတောင် အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်က တိုက်ခိုက်သူဘက်မှာပဲ ရှိပါတယ်။ တိုက်ခိုက်မှုတစ်ခု မလုပ်ခင် အရပ်သားတွေ ထိခိုက်နိုင်မှုကို ကြိုတင်စဉ်းစားပြီး၊ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတွေ ဒါမှမဟုတ် လူနေအိမ်တွေလို နေရာတွေကို တိုက်
ခိုက်ပြီးနောက် “အဲဒီနေရာမှာ လက်နက်ကိုင်တွေ ရှိနေခဲ့တယ်” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီလုပ်ရပ်ကို ဥပဒေကခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ စစ်ရေးပစ်မှတ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုခွင့် မရှိတဲ့အတွက် ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာ အာဏာရှင်အစိုးရတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က “နိုင်ငံတော် လုံခြုံရေးအတွက်” လို့ ပြောခဲ့ကြသလို၊ တချို့ကလည်း “ရန်သူကို တိုက်ခိုက်တာပဲ ဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ တချို့ကတော့ “အထက်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ” ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးသမိုင်းက ပြသခဲ့တဲ့ အချက်ကတော့ ရှင်းပါတယ်။ အမိန့်ပေးခံရတာ၊အမိန့်ရှိခဲ့တာဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကို အပြစ်ကင်းလွတ်
ခွင့် မပေးနိုင်ပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးနာဇီဂျာမနီ ခေါင်း
ဆောင်တွေကို စီရင်ခဲ့တဲ့ နူရင်ဘတ် (Nuremberg) တရားစီရင်မှုဟာ ဒီအခြေခံသဘောတရားကို ကမ္ဘာ့တရားစီရင်ရေးသမိုင်းမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ နူရင်ဘတ်တရားစီရင်မှုမှာ နာဇီဂျာမနီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ပွဲကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးခဲ့ပါတယ်။တရားခံ ၂၂ ဦးအနက် ၁၉ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို သေဒဏ်၊ ၃ ဦးကိုထောင်ဒဏ်တစ်သက်၊ ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

အဲဒီတရားစီရင်မှုမှာ “ခေါင်းဆောင်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ”ဆိုတဲ့ အကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အခြေခံမူကြောင့် ဖြစ်ပါတယ်။

နူရင်ဘတ်တရားစီရင်မှုနောက်ပိုင်းမှာဒီအခြေခံမူဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို စီရင်ရာမှာ အရေးကြီးတဲ့ စံနှုန်းတစ်ခု ဖြစ်
လာခဲ့ပါတယ်။

ယူဂိုဆလားဗီးယား ပြိုကွဲမှုအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICTY)ကလည်း ထိပ်တန်းခေါင်းဆောင်တွေတင်မကဘဲ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကိုစီရင်ခဲ့ပါတယ်။

ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့ရဲ့စစ်ခေါင်း
ဆောင်ရတ်ကိုမလာဒီချ်(Ratko Mladić)ကို ဆရီဘရီနီဆာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက်၂၀၁၇ခုနှစ်မှာထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။
👍37🤣4🥰2❤1🖕1
ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။

ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/10/02/169855/
👍41❤3🤣3🥰2🖕1
မိုးမိတ်တိုက်ပွဲ စစ်သားအချို့ KIA ပူးပေါင်းတပ်ထံ အလင်းဝင်၊ တိုက်ပွဲဆက်ရှိနေ

အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၆ရက်တိုက်ပွဲမှာ စစ်တပ်က အရာရှိ အပါအဝင် လက်နက်ချသူ ၂၀လောက်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်ကို မေးမြန်းရာ အလင်းဝင်ရောက်သူ ၃ဦး ရှိထားတယ်လို့ ပြောပြပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၁ရက် သတင်းဖော်ပြချက်မှာလည်း မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။

KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ ဖြစ်တဲ့ မိုးမိတ်ဒေသမှာ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါး ရှိပြီလို့ဆိုပါတယ်။

အဲဒီ ဒေသကို စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး အောက်တိုဘာ ၁၉ရက်မှာ မိုးမိတ် ၇မိုင်၊ ၈မိုင်၊ ၉မိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၃)နယ်မြေ ဗန်းမော်မြို့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၉ရက်နဲ့ ၂၀ရက်မှာ ဗန်းမော်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။မြို့တွင်းမှာလည်း တိုက်ပွဲတွေဆက်ရှိနေကြောင်း KIAက အသိပေးပါတယ်။

စက်တင်ဘာမှာ စစ်တပ်က ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အား တထောင်ကျော်ဖြည့် တင်းခဲ့ပြီးနောက် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။ အလားတူ အောက်တိုဘာလဆန်းမှာ စစ်တပ်က မိုးမိတ်ကို စစ်အင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် မိုးမိတ်-မဘိမ်းလမ်းကြောင်းကို စစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ဒေသတွင်း တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်းရိက္ခာတွေ နည်းမျိုးစုံနဲ့ ဖြည့်တင်းနေတာမို့ KIA တပ်မဟာ နယ်မြေတွေမှာ စစ်ရေးတင်းမာနေတယ်လို့ KIA ဘက်က အသိပေးထားပါတယ်။
👍39❤7👏4😁3🥰2👎1🖕1
(မိုးမိတ်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ - စစ်ကောင်စီ)
👍26👎4🔥2🥰2👏2❤1😁1🤮1🫡1
ရန်ကုန်မှာ စတိုးဖွင့်ထားတဲ့အိမ်သူခိုးဝင်ပြီးအိမ်ရှင်​တွေကိုတိုက်ခိုက်လို့တစ်ဦးသေ
တစ်ဦးဒဏ်ရာရ

အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People's Spring

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေး
ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကိုယ်တိုင်ပဲ လုံခြုံနေဘို့ ဂရုစိုက်ရပါမယ်။ည ၁ နာရီ ကျော်မှာ အိမ်ရှင်တရေးနိုး သူခိုးနဲ့ပက်ပင်းတိုးလို့ ဓားနဲ့ထိုးပြီးထွက်ပြေးရာမှာ ၂၄ နှစ်ကျားတဦး သေဆုံးပြီး ၆၀ ကျော် မ တဦးဆေးရုံ အရေးပေါ် ရောက်သွားပါတယ်။နေ့ရော ညပါ မပေါ့ဆသင့်တော့ပါဘူး" လို့ ဒေသခံတစ်ဦးက အသိပေးထားပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွှန့် မြို့နယ် ပုသိမ်ညွှန့် ရပ်ကွက်ကစတိုးဆိုင်ဖွင့်ထားတဲ့အိမ်ကိုသူခိုးကဝင်ခိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အိမ်ရဲ့နောက်ဖေးဘက်ကနေသံပန်းတွေကို ဖြတ်ဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။

သေဆုံးသွားတဲ့ လူငယ် က ဂျပန်ကိုသွားဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အ
မျိုးသမီးကြီးကတော့ ဆရာမ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကျူးလွန်တာက အမျိုးသားသုံးဦးဖြစ်ပြီး တစ်ဦးကို ဖမ်းဆီးထားနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်​သေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွား​ရေးကြပ်တည်းလာပြီး အ​ထွေ​ထွေ
ကုန်ဈေးနှုန်းတွေအဆမတန်ကြီးမားလာသလို၊ အလုပ်အကိုင်အခွင့်အလမ်း​တွေနည်းလာပြီး တရားဥပ​ဒေစိုးမိုးမှု ​လျော့နည်းလာပါတယ် ။ ဒီအ​ခြေအ​နေမှာ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာခိုးဆိုးလု
ယက် သတ်ဖြတ်မှုတွေ၊ဒုစရိုက်မှု​တွေ ပိုများလာတာလို့ ပြည်သူတွေက ​ပြောကြပါတယ်။

ရန်ကုန်မြို့မှာ ဒီ‌နှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။

ကုန်ဈေးနှုန်းတွေအဆမတန်တက်ပြီး ပြည်သူတွေကြပ်တည်းနေပေမယ့် စစ်တပ်က
တော့ ရန်ကုန်မြို့က မြို့နယ်တိုင်းမှာ ဈေးပွဲတော်တွေ ပြုလုပ်နေပါတယ်။
🤬28❤4🔥3😡3👎2👍1
စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့တစ်​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ
🤬16🤔4👍3🔥2😱1
မိခင်ဆီ ချားလ်စ်ဘုရင်က လက်ဆောင်ပို့တာဟာ စစ်တပ်အတွက် ဝါဒဖြန့်စရာဖြစ်လာနိုင်ကြောင်းဒေါ်အောင်ဆန်းစုကြည် ရဲ့သား​ထောက်ပြ

​အောက်တိုဘာ-၂၂၊၂၀၂၆။People's Spring

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာ
သိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတရားအာဏာသိမ်းမှုအပြီးက
တည်းက စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာစာအုပ်နှစ်အုပ် လက်
ဆောင် ပေးပို့ခဲ့ကြောင်း အခုသီတင်းပတ်မှာ အာဏာသိမ်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။လူမြင်ကွင်းကနေ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာအုပ်တွေကို လက်ခံယူနေတဲ့ ဓာတ်ပုံကိုလည်းစစ်တပ်ကရှားရှားပါးပါးထုတ်ပြန် ပြသခဲ့ပါတယ်။

ချားလ်စ်ဘုရင် ပေးပို့လိုက်တဲ့ လက်ဆောင်ထုပ်ထဲမှာ အလုံပိတ် သံတမန်ပို့ စာအိတ်တစ်အိတ်လည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ဟာ မိခင်ဖြစ်သူ လွတ်
မြောက်ရေးအတွက် ကာလရှည်ကြာ အစဉ်
တစိုက် တောင်းဆိုနေခဲ့သူ ဖြစ်ပါတယ်။ သူကချားလ်စ်ဘုရင်ရဲ့ လက်ဆောင်ပေးပို့မှုကို အာဏာသိမ်းမြန်မာစစ်တပ်ကဝါဒဖြန့် ကရိ
ယာ တစ်ခုအဖြစ် အသုံးချပြီး ဗြိတိန် အစိုးရက တရားဝင်မှု တရားဝင် ပေးအပ် အသိပြုထားသလို ပုံဖော်လာနိုင်တာကိုထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ မိခင်ဆီကို လက်ဆောင်ပေးပို့တဲ့ ချားလ်စ်ဘုရင်ရဲ့ စိတ်စေတနာအတွက်တော့ ဝမ်းသာကြောင်း ကိုထိန်လင်းက ဆိုပါတယ်။ အခုလို ကိစ္စမျိုးတွေကို သတင်းထုတ်ပြန်တဲ့အခါ အာဏာသိမ်း စစ်တပ်ဟာ ထင်ယောင်
ထင်မှား ဖြစ်စေမယ့် လှည့်စားမှုတွေကို လုပ်လေ့ရှိကြောင်း၊ စစ်တပ်အပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ ရှိမလာအောင် တားဆီးဖို့ လိုကြောင်း၊ စစ်တပ်ဟာ သူ့မိခင်ရဲ့ အခြေ
ခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေဆဲဖြစ်ကြောင်း ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။

အာရှလူ့အခွင့်အရေးနှင့်အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ (Asia Human Rights and Labour Advocates)ရဲ့ ဒါရိုက်
တာ ဖီးလ်ရောဘတ်ဆန်ကလည်း စစ်တပ်ဟာ နိုင်ငံတကာ တရားဝင်မှု ရရှိရေး အားထုတ်မှုတွေမှာဒေါ်အောင်ဆန်းစုကြည်ကိုဝါဒဖြန့် ကိရိယာတစ်ခုလိုမျိုးအသုံးချနေကြောင်း သတိပေးခဲ့ပါတယ်။

အခုကိစ္စမှာဗြိတိန်တော်ဝင်မိသားစုပါဝင်ပတ်
သက်လာပုံက ထူးဆန်းကြောင်း၊ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဥယျာဉ်ခြံ စိုက်ပျိုးရေးနဲ့ မြေဆွေးလုပ်နည်း စာအုပ်တွေကို ချားလ်စ်ဘုရင်က လက်ဆောင် ပို့ပေးတယ် ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ကို တရားဝင်ရွေးကောက်တင်
မြှောက်ထားတဲ့ ပြည်သူတွေကို ဦးဆောင်မယ့်အစားခြံစိုက်နေသင့်တယ်လို့ ဗြိတိန် အစိုးရက အကြံပြုတဲ့သဘောဖြစ်နေကြောင်း ရောဘတ်ဆန်က ဆိုပါတယ်။

အရင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ချားလ်စ်ဘုရင်အိမ်ရှေ့မင်းသားဘဝမှာအကြိမ်ကြိမ်
တွေ့ဆုံခဲ့ဖူးပါတယ်။၂၀၁၂ ခုနှစ်တုန်းကဗြိတိန် ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချားလ်စ်မင်းသားကို မက်နိုလီယာပင်ပျိုလေးတစ်ပင် လက်ဆောင် ပေးခဲ့ဖူးပါတယ်။ သူတို့နှစ်ဦး နောက်တစ်ခါ ထပ်တွေ့တော့အဲဒီအပင်လေးရှင်သန် ကြီးထွားနေတာကိုချားလ်စ်ကပြသခဲ့ဖူးပါတယ်။

ချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်
ပွန်း မိုက်ကယ်အဲရစ်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။မိုက်ကယ်ဟာ ၁၉၉၉ ခုနှစ်၊ အသက် ၅၃ နှစ်အရွယ်မှာဆီးကြိတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆီကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာ စာအုပ်တွေ လက်
ဆောင်ပေးပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေး
စိတ် မှတ်ချက်ပေးဖို့ကိုတော့ ဘက်ကင်ဟမ် နန်းတော်က ငြင်းဆိုထားပါတယ်။

ကိုးကား-Telegraph

#ဒေါ်အောင်ဆန်းစုကြည် #ချားလ်စ်ဘုရင်
#ကင်မ်အဲရစ် #ကိုထိန်လင်း
#peoplesspring #လူထုနွေဦး
👍30❤8🥰2🤮1💯1🤣1🖕1
လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ချားလ်စ်ဘုရင်/ စစ်အုပ်စုရဲ့အရာရှိ ၂ ဦးနဲ့ဖမ်းဆီး​အကျဥ်းချခံ​နေရတဲ့​ဒေါ်​အောင်ဆန်းစုကြည် ။ဓါတ်ပုံ-Getty ၊ စစ်​ကောင်စီ
👍33🔥3❤1🤮1🖕1
သူ့ကို ဒီမိုကရက်တစ် ပါတီက စစ်လားဆေးလား လုပ်လာရင် ငြိမ်ခံမနေဘူးလို့ အီလွန်မတ်စ်ခ်ပြော

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ လဆန်းမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီသာ ရလဒ်ကောင်းခဲ့ပြီး အမေရိကန်ရဲ့ လွှတ်တော် နှစ်ရပ်လုံးကို အင်အား အသာစီးယူ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မတ်စ်ခ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေအပေါ် ပစ်မှတ်ထား စစ်ဆေးမှုတွေ ရှိလာနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။

အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ အဓိက ရန်ပုံငွေ ထောက်ပံ့သူဖြစ်တဲ့ မတ်စခ်ကတော့ အဲဒီအခြေအနေမျိုးသာ ရောက်လာရင် သူကလည်း တုံ့ပြန်မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ အတိအလင်း သတိပေးခဲ့ပါတယ်။

‘ဓားနဲ့ တိုက်ခိုက်သူဟာ ဓားနဲ့ပဲ သေတတ်တယ်’လို့ မတ်စ်က ဒီမိုကရက်တစ် ပါတီကို ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်မှာ အောက်တိုဘာ ၂၁ ရက်နေ့က ရေးသားထားပါတယ်။

ယူကရိန်းအတွက် စစ်ရေးနည်းပညာပိုင်းအရ ထောက်ပံ့ထားတဲ့ Starlink အင်တာနက်ကွန်ရက် မြန်နှုန်းတွေကို မတ်စ်ခ်က လျှော့ချစေခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပြီး အဲဒီကိစ္စ အပါအဝင် သူ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ တချို့ကို ဒီမိုကရက်တစ်ပါတီက လွှတ်တော်မှာ စုံစမ်းစစ်ဆေးဖို့ လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Starlinkဟာ မတ်စ်ခ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတစ်ခုပါ။

သူ့ကို ပြဿနာ ရှာချင်တဲ့သူတွေ နားလည်ထားရမှာက သူဟာ လက်ပါးစေ အဆင့်လောက်ကို ဂရုစိုက်မှာ မဟုတ်ဘဲ အဲဒီလို ပြဿနာရှာဖို့ နောက်ကွယ်ကနေ တကယ်တမ်း ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ပြီး ထိပ်တိုက် ရင်ဆိုင်မယ်ဆိုတာ ဖြစ်တယ်လို့လည်း မတ်စ်ခ်က ဆိုပါတယ်။

ဒီမိုကရက်တစ် ပါတီဟာ Starlink ကိစ္စသာ မကဘဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရရဲ့ အစောပိုင်း ကာလတွေတုန်းက ဖက်ဒရယ် အစိုးရ ဝန်ထမ်းအများအပြားကို အလုပ်ထုတ်ပစ်ဖို့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို မတ်စ်ခ်က ဦးဆောင် ကိုင်တွယ်ခဲ့တဲ့ အငြင်းပွားစရာ လုပ်ငန်းစဉ်တွေကိုပါ စုံစမ်းစစ်ဆေးဖို့ ဆန္ဒရှိနေပါတယ်။ အဲဒီဌာနဟာ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့မှုတွေကို အဓိက ဦးဆောင်မှု ပေးနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကို ဖျက်သိမ်းစေခဲ့ပြီး ဖက်ဒရယ် အစိုးရဝန်ထမ်း ၂ သိန်းခွဲကျော်ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

အော်ရီဂွန်ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်တစ်ပါတီ အမတ် မက်ဆင်းဒက်စ်တာဟာ မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေက အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို စစ်ဆေးဖို့ လိုလားနေတယ်လို့လည်း Political သတင်းဌာနက ဖော်ပြထားပါတယ်။

မတ်စ်ခ်ကတော့ ယူကရိန်းကို ထောက်ပံ့ထားတဲ့ Starlink အင်တာနက် မြန်နှုန်းတွေ လျှော့ချတဲ့ ကိစ္စဟာ အိမ်ဖြူတော်နဲ့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။ ယူကရိန်း အစိုးရကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ မသိရသေးကြောင်း ပြောပါတယ်။ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အင်တာနက် မြန်နှုန်းတွေ လျော့ကျသွားတာကြောင့် ယူကရိန်းရဲ့ တာဝေးတိုက်ခိုက်တဲ့ စစ်လက်နက်တချို့ အသုံးပြုလို့ မရတော့ဘဲ ပြဿနာတွေ ကြုံခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Forbes
ဓာတ်ပုံ - Reuters

#အီလွန်မက်စ်ခ် #ဒီမိုကရက်တစ်ပါတီ #အမေရိကန်ရွေးကောက်ပွဲ
👍24😁7❤1🔥1🤮1
❤11😁10👍3💩3👎1🤮1🖕1
ချောင်းဦးမှာ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေ ခွင့်ပြုချက်ရယူဖို့ ပအဖ သတိပေး

အောက်တိုဘာ ၂၂၊ ၂၀၂၆၊ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေအနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက ခွင့်ပြုချက်ရယူပြီးမှသာ လှုပ်ရှားဆောင်ရွက်ကြဖို့ အဆိုပါအဖွဲ့က ထုတ်ပြန်ပါတယ်။

​ထုတ်ပြန်ချက်ကို ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

​မြို့နယ်အတွင်း ကူညီထောက်ပံ့ပေးနေကြတဲ့ အဖွဲ့အစည်းအားလုံးကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပထမဦးစွာ ဖော်ပြထားပါတယ်။

​ဒါပေမဲ့ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ကူညီရေးအသင်းအဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးတို့အတွက် ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခွင့်ပြုချက် အရင်ရယူပြီးမှသာ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်​​ ဖြေကြားခြင်း မရှိသေးပါဘူး။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက "ထုတ်တာကို နောက်ကျနေပြီ။ အချို့ NGOတွေက ငွေကြေးနဲ့ အာဏာတည်ဆောက်လာကြတာများလာလို့ရယ်။ အဆိုးဆုံးက ပြည်သူနဲ့ NUG အစိုးရကိုသွေးခွဲကြတာ"လို့ ဆိုပါတယ်။

​ခွင့်ပြုချက် မရှိဘဲ နယ်မြေအတွင်း လှုပ်ရှားဆောင်ရွက်တာတွေ ပြုလုပ်ပါက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းမှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး အောက်တိုဘာလဆန်းကပဲ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲလို့ စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်မှာလည်း ပန်းလှအုပ်စု၊ ပန်းလှတောရ ကျောင်းတိုက်ကို ဗုံးကြဲလို့ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ချောင်းဦးနဲ့ ချင်းတွင်းမြစ်ပဲခြားတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းက သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။

အလားတူ အောက်တိုဘာ ၂၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၆ဦး သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တိုဘာအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက် အပြုံလိုက် သေဆုံးတာတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။

အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
👍32🤮3👎1🥰1🤣1🖕1
(စစ်တပ်ရန်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ချောင်းဦးမြို့နယ်က ပြည်သူတွေကို ပြီးခဲ့တဲ့ ၂၀၂၆ ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
👍26😢4👎1🔥1🙏1🤣1🖕1
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု

အောက်တိုဘာ-၂၂၊၂၀၂၆။ဇော်ဝင်း /People's Spring

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

အခုအောက်တိုဘာ ၁၆ ရက်က ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်း အဝေးမှာကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် IEC က မနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုဥပဒေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေရဲ့ အခန်း ၄ မှာ ပါရှိတဲ့ ကရင်နီပြည်တပ်ဖွဲ့စည်းခြင်း အရ IEC ဥက္ကဌ ကို စစ်သေနာပတိချုပ်အဖြစ်ထားရှိမှာဖြစ်ပြီး ကရင်နီပြည်တပ်က IEC ကာကွယ်ရေးဌာနကြီးကြပ်မှုအောက်မှာ တည်ရှိမှာဖြစ်ပါတယ်။

ကရင်နီပြည်တပ်ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS)မှာပါ၀င်တဲ့ တပ်ဖွဲ့၀င်တွေနဲ့ စတင်ဖွဲ့စည်းမယ့်အပြင် တပ်အင်အားကို ပြည်နယ်အတွင်းက အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ စုစုပေါင်းလူဦးရေရဲ့ လေးရာခိုင်နှုန်းနဲ့ဖွဲ့စည်းမယ်လို့ အသိပေးပါတယ်။

ခြွင်းချက်အနေနဲ့ ပြည်သူ့ကာကွယ်ရေးအတွက်လိုအပ်ရင် ၁၈ နှစ်အထက် လူဦးရေ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

စစ်ဦးစီးအဖွဲ့က IEC ကာကွယ်ရေးဌာန နဲ့ညှိ နှိုင်းပြီး စစ်ဒေသ (တပ်မဟာ)တွေ ဖွဲ့စည်းရမှာဖြစ်ကာ တခြားသော တိုက်ခိုက်ရေး၊ချေမှုန်းရေးတပ်၊ဗဟိုလုံခြုံရေးတပ်၊ဒရုန်းတပ်၊လက်နက်ကြီးတပ်၊ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေးတပ် အပါအ၀င် အင်ဂျင်နီယာနဲ့ထုတ်လုပ်ရေးတပ်တွေကို ဖွဲ့စည်းနိုင်တယ်လို့ ပါ၀င်ပါတယ်။

ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန် ရေး တပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူ ပြည်သားနဲ့ ကရင်နီပြည်ကိုသော်လည်းကောင်း ပြည်ထောင်စုကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

"ဥပဒေ အတည်ပြုပြီးနောက်ဆက်တွဲ အနေနဲ့ အဓိက အပြောင်းလဲ (၃) ရပ်ရှိနိုင်ပါတယ်"လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌ စောအားလ်ဒိုက လူထုနွေဦးကို ပြောထားပါတယ်။

ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်ဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ်တွေက အရပ်ဘက်ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ်စည်းကမ်းအမိန့်နာခံမှုနဲ့ ပြည်သူနဲ့တပ် ဆက်ဆံရေးအပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ကရင်နီပြည်မှာ တပ်ဖွဲ့တွေရှိပြီး တပ်ပိုင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုရှိပေမယ့် ကရင်နီတပ်ပေါင်းစုံမှာ မပါဝင်တဲ့ တပ်တွေအနေနဲ့ကတော့ ဥပဒေကို တစ်စိတ်တစ်ပိုင်း လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အထူးသဖြင့် အရပ်သားတွေနဲ့ ဆက်စပ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေရှိလာရင် ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

အရပ်ဘက်နဲ့ ဆက်စပ်ကျူးလွန်တဲ့ ပြစ်မှုမှန်သမျှ အရပ်ဘက်တရားရုံးမှာသာ စစ်ဆေးစီရင်ဖို့ အတိ အလင်း ပြဌာန်းချက် ပါဝင်တဲ့အတွက် အရပ်သားအပေါ် တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေလျော့နည်းလာမယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌက အသိပေးပါတယ်။

"ဒီဥပဒေကို စိစစ်ပြင်ဆင်တဲ့နေရာမှာ အထူးထည့်သွင်းစဉ်းစားတဲ့ အချက် နှစ် ချက်ရှိပါတယ် ။ နံပတ် တစ်အချက််က တပ်ကို အရပ်သားကြီးကြပ်မှုအောက်မှာ ရှိဖို့ဖြစ်တယ် ၊ နံပတ် ၂ အချက်က တပ်ဖွဲ့ဝင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အထူးထည့်သွင်းပြင်ဆင်ထားတယ်ဆိုတာ ဖော်ပြလိုတယ်"လို့ သူက ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေပြဌာန်းလိုက်တာက ကရင်နီလူထုနဲ့အရပ်ဖက် အဖွဲ့အစည်းတွေ မျှော်လင့် တောင်းဆိုနေတဲ့ စည်းလုံးညီညွတ်သော ကရင်နီ တပ်မတော် ( UKSA) ဖြစ်လာမယ့် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

လက်ရှိ ကရင်နီပြည်တပ်မှာ ကနဦး ဖွဲ့စည်းထားတဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS)မှာကရင်နီပြည်တပ် မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုး သားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDPနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။

လက်ရှိ ကရင်နီပြည်ရဲ့တော်လှန်ရေးတပ်တွေ ထဲမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင် အား အတောင့်တင်းဆုံးဖြစ်ပါတယ်။
👍27👏4🤣2💩1🖕1
ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်၀န်းကျင်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပါတယ်။ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။
❤22👍9🥰4🔥1🤣1🖕1🫡1
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
❤25🥰6👍4🔥1🤮1🖕1
ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူလို့ ချီးကျူးခဲ့တဲ့ ထရမ့်ရဲ့ ကိုယ်စားလှယ် ဝေဖန်ခံနေရ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အိမ်နီးချင်း ယူကရိန်း နိုင်ငံကို မတရား ကျူးကျော်စစ် ဆင်နွှဲပြီး လူ့အသက်ပေါင်း များစွာကို သေဆုံးစေခဲ့တဲ့ ရုရှားသမ္မတနဲ့ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ တွေ့ဆုံချိန် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အဲဒီလို ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဝစ်ကော့ဖ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဖြစ်ပြီး ရုရှားနဲ့ ယူကရိန်း စစ်ပြေငြိမ်းရေးကိစ္စ ကြားဝင်စေ့စပ်ပေးမှုတွေကိုလည်း အဓိက ဦးဆောင်နေပါတယ်။

ပူတင်နဲ့ တွေ့ဆုံမှုမှာတော့ ဝစ်ကော့ဖ်ဟာ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား စတီဖန် ဟူးဘတ်ဒ် လွတ်မြောက်ရေး၊ ရုရှားရဲ့ ဒီဇယ်ဆီတွေ အမေရိကန် ဝယ်ယူရေးနဲ့ ယူကရိန်းစစ်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အခုအခါ ရုရှားက ဟူးဘတ်ဒ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဝစ်ကော့ဖ်က ပူတင်ဟာ သမ္မတ ထရမ့်ကို လူသားအကျိုးဆောင်ရွက်သူ တစ်ဦးအဖြစ် ရည်ညွှန်းလေ့ ရှိပေမယ့် ပူတင် ကိုယ်တိုင်ကလည်း လူသားတွေရဲ့ အကျိုးစီးပွားကို လိုလားဆောင်ရွက်သူ တစ်ဦးဖြစ်ကြောင်း၊ အဲဒီအတွက်လည်း သူက လေးစားမိကြောင်း ပူတင်ကို ပြောကြားခဲ့တာပါ။

နောက်ပိုင်းမှာ ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဝစ်ကော့ဖ်နဲ့ပူတင် တွေ့ဆုံအပြီး ရုရှားဟာ အမေရိကန်၊ ယူကရိန်းတို့နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ အသင့်ရှိနေကြောင်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူလို့ ချီးကျူးခဲ့တဲ့ ဝစ်ကော့ဖ်ရဲ့ စကားအပေါ် လူမှုကွန်ရက်ပေါ်မှာ အမေရိကန်ရဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေကအစ ဝိုင်းဝန်း ဝေဖန်နေပါတယ်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ သွမ်တစ်လစ္စက ဝစ်ကော့ဖ်အနေနဲ့ လူသားချင်းစာနာ​ထောက်ထားသူဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အရင်ဆုံး သေချာပြန်ပြီး ဆန်းစစ်သင့်တယ်လို့ Xမှာ ရေးသားထားပါတယ်။

ထရမ့်ကတော့ တစ်သက်လုံး ထောင်ထဲမှာ နေရတော့မယ်လို့ ထင်မှတ်ထားသူ တစ်ဦးကို ပူတင်က ပြန်လွှတ်ပေးလိုက်လို့ ဝစ်ကော့ဖ်က အခုလို ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ရေးကြီးခွင်ကျယ် ဆွေးနွေးမနေချင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကလည်း ဝစ်ကော့ဖ်ဖက်ကနေ ရပ်တည်ခဲ့ပြီး အမေရိကန် အကျဉ်းသားကို လောလောလတ်လတ် လွှတ်ပေးလိုက်တဲ့သူကို ကောင်းကောင်းမွန်မွန် ချီးကျူးတဲ့ လုပ်ရပ်က ဘာမှ မမှားကြောင်း၊ ဝစ်ကော့ဖ်ဟာ သံတမန်ရေး တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး သူ့တာဝန်သူ ကျေပြွန်ဖို့ပဲ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ - Reuters
#လူသားချင်းစာနာ​ထောက်ထားသူ #အမေရိကန် #ပူတင်
😁32👍7🔥3❤2🤣1
😁31❤3🤮3💩3🤩1