စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတာ မကြားမိဟု KIA ပြန်ကြားရေးတာဝန်ခံပြော
အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာ
ဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်
ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်တင်ဘာလအတွင်းမှာ စစ်တပ်ဘက်က တွေ့ဆုံဆွေးနွေးဖို့ KIO ထံ အဆိုပြုလာတာ၊ KIOနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်
နိုင်ငံ ကူမင်းမှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းအချို့ အောက်တိုဘာလမှာ ထပ်မံထွက်ပေါ်
လာတာ၊ စစ်တပ်ကိုယ်စားလှယ်က KIAနဲ့ဆွေးနွေးမှုတွေရှိလာမယ်ဆိုတဲ့ ပြောကြားချက်တွေ ရှိနေတဲ့ အခြေအနေမှာဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။
စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်း
လှမ်းချက်ကို စက်တင်ဘာလ၄ရက်နေ့ကအကြောင်းကြားလာတာလို့ ဗိုလ်မှူးကြီးနော်ဘူက People 's Spring ကို ပြောပါတယ်။
အဆိုပြုလာတဲ့ကိစ္စကို KIO ဘက်က အဆင်မပြေဘူးလို့ အကြောင်းပြန်ကြားထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။အဲဒီအပေါ် အာဏာသိမ်း စစ်တပ်ဘက်က ပြန်
လည်အကြောင်းကြားချက်မရှိသေးကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့ ကေအိုင်အေဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်စာမျက်နှာတွေက ဖော်ပြနေကြပါတယ်။တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီးနော်ဘူက “ အဲဒါကတော့ ကျနော်မကြားသေးဘူး”လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာပြောပါတယ်။
ဒါ့အပြင် ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်ရဲ့ တဖွဲ့ချင်းဖဲ့ဆွေးနွေးတာမျိုးလက်မခံကြောင်း စက်တင်ဘာ ၁၀ရက်နေ့မှာ People’s Spring ရဲ့ မေးမြန်းချက်အပေါ် အဖွဲ့မူဝါဒကိုပြောပြခဲ့ပါတယ်။
အဲဒီတုန်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက KIO/KIAနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့တာပါ။
“တဖွဲ့ချင်း တဖွဲ့ချင်း ဖဲ့ပြီးမှဆွေးနွေးတယ်ဆိုတာကတော့ လက်နက်ချပါ လက်နက်ကိုင်လမ်းစဉ်တွေကို စွန့်လွှတ်ပါ ဆိုတာပါပဲ။ ဒါအမြဲတမ်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ဒီလိုပဲ ပြောကြတာပေါ့လေ"လို့သူကပြောပါတယ်။
လတ်တလောမှာ KIA နဲ့ စစ်တပ်ဟာ ဗန်းမော်မြို့ ၊ မိုးမိတ်မြို့အနီး ၊ ကချင်နဲ့စစ်ကိုင်းအစပ် စတဲ့ဒေသတွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်၊
KIO/KIAဟာ အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအ
စည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုး
တက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် SCEF ရဲ့ စစ်ရေးကော်မတီကို KIO/KIAနဲ့ KNU/KNLA စစ်ဘက်ခေါင်း
ဆောင်တွေက ဦးဆောင်ထားတာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အခြားအဖွဲ့ဝင် အဖွဲ့အစည်းတွေက စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတာပါ။ ဒီအစုအဖွဲ့ဟာ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းပြီး တော်လှန်တိုက်
ခိုက်သွားဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းနဲ့မကွေး ဖက်ဒရယ်ယူနစ်တွေကလည်း SCEF မှာထပ်မံပူးပေါင်းပါဝင်ခဲ့ပါတယ်။ AA ၊ SRA ၊ PNLO/PNLA နဲ့ PNFC အပါအဝင်ပအိုဝ်တော်လှန်ရေးအဖွဲ့တွေ ၊မွန်တော်လှန်ရေးအဖွဲ့တွေနဲ့လည်း SCEF က ၂ ကြိမ်စီတွေ့ဆုံဆွေးနွေးထားပါတယ်။
SCEFရဲ့ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လက SCEF ကိုယ်စားလှယ်တွေနဲ့ အာဆီယံမှ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံစဥ် အသိပေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအရှိတရားဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ဒီနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာနေပြည်တော်မှာဘဲ သီး
သန့် မရှိတော့ဘူးလို့ နိုင်ငံတကာကို SCEF
သတင်းစကားပါးထားပါတယ်။တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်
နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်
များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်
ဆောင်မှုများနဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူများရဲ့ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေကြတာလို့ SCEFက ပြောပါတယ်။
SCEF ဟာ ပြည်သူကိုအသိပေးထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်အတိုင်း တဆင့်ချင်းရှေ့ဆက်သွားနေတယ်လို့ တာဝန်ရှိသူတဦးကသြဂုတ်လမှာပြောပါတယ် ။အဲတာတွေကတော့

👍31❤6🖕3👏2🥰1🤣1
၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီး
တိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်
တို့ဖြစ်ပါတယ် ။

👍31❤8🖕3👏2🤣2🥰1
စစ်ပွဲဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သင်သိပါသလား။
လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်
သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပဒေတွေ၊စည်း
ကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။
အဲဒီစည်းမျဉ်းတွေထဲမှာ အခြေခံအကျဆုံး အချက်တစ်ခုကတော့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားတွေကို ခွဲခြားပြီး ဆောင်ရွက်ရမယ်ဆိုတဲ့မူပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း စစ်အာဏာရှင်ကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီအခြေအနေမှာ စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကြောက်တရားနဲ့ ထိန်း
ချုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအင်အားကောင်းလာတဲ့ ဒေသတွေ၊ ၎င်းတို့မစိုးမိုးနိုင်တော့တဲ့ ဒေသ တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေပြင်းထန်စွာ ပြုလုပ်နေပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အရေအတွက်ဟာ ဆက်တိုက်မြင့်မားနေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဲဒီအခြေအနေကို ထင်ရှားစွာ ပြသနေတဲ့ ဖြစ်
ရပ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ စစ်ဖြစ်နေကြချိန် စစ်ရေးရည်ရွယ်ချက်ရှိနေတောင် အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်က တိုက်ခိုက်သူဘက်မှာပဲ ရှိပါတယ်။ တိုက်ခိုက်မှုတစ်ခု မလုပ်ခင် အရပ်သားတွေ ထိခိုက်နိုင်မှုကို ကြိုတင်စဉ်းစားပြီး၊ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတွေ ဒါမှမဟုတ် လူနေအိမ်တွေလို နေရာတွေကို တိုက်
ခိုက်ပြီးနောက် “အဲဒီနေရာမှာ လက်နက်ကိုင်တွေ ရှိနေခဲ့တယ်” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီလုပ်ရပ်ကို ဥပဒေကခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အကြောင်းကတော့ စစ်ရေးပစ်မှတ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုခွင့် မရှိတဲ့အတွက် ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက်မှာ အာဏာရှင်အစိုးရတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က “နိုင်ငံတော် လုံခြုံရေးအတွက်” လို့ ပြောခဲ့ကြသလို၊ တချို့ကလည်း “ရန်သူကို တိုက်ခိုက်တာပဲ ဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ တချို့ကတော့ “အထက်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ” ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးသမိုင်းက ပြသခဲ့တဲ့ အချက်ကတော့ ရှင်းပါတယ်။ အမိန့်ပေးခံရတာ၊အမိန့်ရှိခဲ့တာဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကို အပြစ်ကင်းလွတ်
ခွင့် မပေးနိုင်ပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးနာဇီဂျာမနီ ခေါင်း
ဆောင်တွေကို စီရင်ခဲ့တဲ့ နူရင်ဘတ် (Nuremberg) တရားစီရင်မှုဟာ ဒီအခြေခံသဘောတရားကို ကမ္ဘာ့တရားစီရင်ရေးသမိုင်းမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ နူရင်ဘတ်တရားစီရင်မှုမှာ နာဇီဂျာမနီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ပွဲကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးခဲ့ပါတယ်။တရားခံ ၂၂ ဦးအနက် ၁၉ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို သေဒဏ်၊ ၃ ဦးကိုထောင်ဒဏ်တစ်သက်၊ ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
အဲဒီတရားစီရင်မှုမှာ “ခေါင်းဆောင်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ”ဆိုတဲ့ အကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အခြေခံမူကြောင့် ဖြစ်ပါတယ်။
နူရင်ဘတ်တရားစီရင်မှုနောက်ပိုင်းမှာဒီအခြေခံမူဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို စီရင်ရာမှာ အရေးကြီးတဲ့ စံနှုန်းတစ်ခု ဖြစ်
လာခဲ့ပါတယ်။
ယူဂိုဆလားဗီးယား ပြိုကွဲမှုအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICTY)ကလည်း ထိပ်တန်းခေါင်းဆောင်တွေတင်မကဘဲ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကိုစီရင်ခဲ့ပါတယ်။
ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့ရဲ့စစ်ခေါင်း
ဆောင်ရတ်ကိုမလာဒီချ်(Ratko Mladić)ကို ဆရီဘရီနီဆာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက်၂၀၁၇ခုနှစ်မှာထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။

LuduNwayOo
အာဏာရဲ့အရိပ်အောက်မှာ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများ တာဝန်ခံရမယ့်နေ့ | LuduNwayOo
လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပဒေတွေ၊စည်းကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။
👍35🤣4🥰2❤1🖕1
ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။
ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/10/02/169855/
ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/10/02/169855/
LuduNwayOo
အာဏာရဲ့အရိပ်အောက်မှာ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများ တာဝန်ခံရမယ့်နေ့ | LuduNwayOo
လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပဒေတွေ၊စည်းကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။
👍40❤3🤣3🥰2🖕1
မိုးမိတ်တိုက်ပွဲ စစ်သားအချို့ KIA ပူးပေါင်းတပ်ထံ အလင်းဝင်၊ တိုက်ပွဲဆက်ရှိနေ
အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၆ရက်တိုက်ပွဲမှာ စစ်တပ်က အရာရှိ အပါအဝင် လက်နက်ချသူ ၂၀လောက်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်ကို မေးမြန်းရာ အလင်းဝင်ရောက်သူ ၃ဦး ရှိထားတယ်လို့ ပြောပြပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၁ရက် သတင်းဖော်ပြချက်မှာလည်း မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။
KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ ဖြစ်တဲ့ မိုးမိတ်ဒေသမှာ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါး ရှိပြီလို့ဆိုပါတယ်။
အဲဒီ ဒေသကို စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး အောက်တိုဘာ ၁၉ရက်မှာ မိုးမိတ် ၇မိုင်၊ ၈မိုင်၊ ၉မိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် KIA တပ်မဟာ(၃)နယ်မြေ ဗန်းမော်မြို့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၉ရက်နဲ့ ၂၀ရက်မှာ ဗန်းမော်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။မြို့တွင်းမှာလည်း တိုက်ပွဲတွေဆက်ရှိနေကြောင်း KIAက အသိပေးပါတယ်။
စက်တင်ဘာမှာ စစ်တပ်က ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အား တထောင်ကျော်ဖြည့် တင်းခဲ့ပြီးနောက် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။ အလားတူ အောက်တိုဘာလဆန်းမှာ စစ်တပ်က မိုးမိတ်ကို စစ်အင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် မိုးမိတ်-မဘိမ်းလမ်းကြောင်းကို စစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ဒေသတွင်း တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်းရိက္ခာတွေ နည်းမျိုးစုံနဲ့ ဖြည့်တင်းနေတာမို့ KIA တပ်မဟာ နယ်မြေတွေမှာ စစ်ရေးတင်းမာနေတယ်လို့ KIA ဘက်က အသိပေးထားပါတယ်။

👍38❤6👏4😁3🥰2🖕1
ရန်ကုန်မှာ စတိုးဖွင့်ထားတဲ့အိမ်သူခိုးဝင်ပြီးအိမ်ရှင်တွေကိုတိုက်ခိုက်လို့တစ်ဦးသေ
တစ်ဦးဒဏ်ရာရ
အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေး
ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ကိုယ်တိုင်ပဲ လုံခြုံနေဘို့ ဂရုစိုက်ရပါမယ်။ည ၁ နာရီ ကျော်မှာ အိမ်ရှင်တရေးနိုး သူခိုးနဲ့ပက်ပင်းတိုးလို့ ဓားနဲ့ထိုးပြီးထွက်ပြေးရာမှာ ၂၄ နှစ်ကျားတဦး သေဆုံးပြီး ၆၀ ကျော် မ တဦးဆေးရုံ အရေးပေါ် ရောက်သွားပါတယ်။နေ့ရော ညပါ မပေါ့ဆသင့်တော့ပါဘူး" လို့ ဒေသခံတစ်ဦးက အသိပေးထားပါတယ်။
အောက်တိုဘာ ၂၁ ရက် မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွှန့် မြို့နယ် ပုသိမ်ညွှန့် ရပ်ကွက်ကစတိုးဆိုင်ဖွင့်ထားတဲ့အိမ်ကိုသူခိုးကဝင်ခိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အိမ်ရဲ့နောက်ဖေးဘက်ကနေသံပန်းတွေကို ဖြတ်ဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။
သေဆုံးသွားတဲ့ လူငယ် က ဂျပန်ကိုသွားဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အ
မျိုးသမီးကြီးကတော့ ဆရာမ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကိုကျူးလွန်တာက အမျိုးသားသုံးဦးဖြစ်ပြီး တစ်ဦးကို ဖမ်းဆီးထားနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေးကြပ်တည်းလာပြီး အထွေထွေ
ကုန်ဈေးနှုန်းတွေအဆမတန်ကြီးမားလာသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းလာပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းလာပါတယ် ။ ဒီအခြေအနေမှာ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်ဒေသတွေမှာခိုးဆိုးလု
ယက် သတ်ဖြတ်မှုတွေ၊ဒုစရိုက်မှုတွေ ပိုများလာတာလို့ ပြည်သူတွေက ပြောကြပါတယ်။
ရန်ကုန်မြို့မှာ ဒီနှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။
ကုန်ဈေးနှုန်းတွေအဆမတန်တက်ပြီး ပြည်သူတွေကြပ်တည်းနေပေမယ့် စစ်တပ်က
တော့ ရန်ကုန်မြို့က မြို့နယ်တိုင်းမှာ ဈေးပွဲတော်တွေ ပြုလုပ်နေပါတယ်။

🤬27❤4🔥3😡3👎2👍1