People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြန်မာအပါအဝင် ငွေကြေးခဝါချမှုအမည် ပျက်စာရင်းသွင်းခံရတဲ့နိုင်ငံတွေရဲ့အ​ခြေ
အ​နေသုံးသပ်မယ့် FATF အစည်းအဝေး
လာမယ့်အပတ်အတွင်း ကျင်းပမယ်

အောက်တိုဘာ-၂၁ ၊၂၀၂၆။ဇော်၀င်း /People's Spring

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

FATFဥက္ကဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်
တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့ကကြေညာပါတယ်။

နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးကကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံ
ရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပါရီမြို့မှာစုဝေးဆွေး
နွေးမှာဖြစ်ပါတယ်။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ဘဏ္ဍာ
ရေး ထောက်ပံ့မှုတွေနဲ့ အစုလိုက်အပြုံလိုက် သေစေတတ်တဲ့လက်နက်တွေ ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ နိုင်ငံတွေရဲ့ အရေးယူဆောင်
ရွက်ချက် ဘယ်လောက် ထိရောက်တယ်ဆိုတာ အပါအ၀င် FATF ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေ (Jurisdictions under increased monitoring) ရဲ့တိုးတက်မှုရှိ ၊မရှိ အခြေအနေတွေကိုလည်းပြန်လည်သုံးသပ်မယ်လို့ အသိ
ပေးပါတယ်။

အဲဒီစုံညီအစည်းအဝေးရဲ့ရလဒ်အကျဉ်းချုပ်
ကို FATF ရဲ့တရားဝင်ဝဘ်ဆိုက်မှာထုတ်ပြန်ပေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ကမြန်မာနိုင်ငံကိုဘဏ္ဍာရေးဆိုင်
ရာအမည်ပျက်နိုင်ငံ(Black Lists)အဖြစ်
မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ စစ်တပ်အာဏာသိမ်းပြီး ​နောက်တစ်နှစ် ၂၀၂၂ ခုနှစ်ကတည်းက သတ်မှတ်ထားဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ Blacklist ထဲ ပါဝင်ခဲ့ပေမယ့် ငွေကြေးလွှဲပြောင်းမှုတိုင်းကို အထူးသတိပြု စောင့်ကြည့်စစ်ဆေးတဲ့ Enhanced Due Diligence (EDD) အဆင့်ကိုသာတိုးမြှင့်လုပ်
ဆောင်ဖို့ နဲ့ ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးဖြစ်နေပြီးတရားမဝင် ငွေကြေးစီးဆင်မှုတွေအတွက် စိစစ်မှု ရှိ၊မရှိ ဆက်လက် စောင့်ကြည့်မယ်ဆိုပြ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်း အဝေးမှာ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုလာမယ့်အစည်းအဝေးမှာ FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ မြန်မာ
နိုင်ငံကိုသတ်မှတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်
ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် အာဏာသိမ်းစစ်အုပ်စုအ
တွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာတာ၊ နိုင်
ငံတကာငွေပေးချေမှုစနစ်ကိုအသုံးပြုဖို့ အ
တားအဆီးတွေများလာတာ၊လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာတာနဲ့ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ စီးပွားရေး ပညာရှင်တွေက သုံး
သပ်ထားပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က အခြားငွေပေးချေမှုလမ်းကြောင်းများရှာဖွေနေမှု ဖြစ်တဲ့ ဘယ်လာရုဇ်လိုနိုင်ငံတွေဆီက ချေးငွေရယူဖို့ကြိုးပမ်းတာနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေကို ပြန်လွှဲခိုင်းတာ အစရှိတဲ့ နိုင်ငံခြားငွေဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေကလည်း အာဏာသိမ်းပိုင်းနောက်ပိုင်းကတည်းက စစ်တပ်ကထိန်း
ချုပ်ခဲ့ပါတယ်။
👍28❤5🔥4🥰1🤣1🖕1
၂၀၂၅ ဇွန်လမှကျင်းပခဲ့တဲ့ FATF အစည်းအ​ဝေးကို​တွေ့ရစဥ်။ဓါတ်ပုံ-FATF
👍32🔥5🥰1🖕1
အိန္ဒိယ ဘက်ကနေဝင်လာတဲ့ စစ်တပ်နဲ့ပူး
ပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ပြန်ပြေး


​အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်/People's Spring

အိန္ဒိယ- မြန်မာနယ်စပ်မှာစစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်တွေကအိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မ
တော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တို
ဘာ၂၀ ရက်နေ့မ‌နက်အစောပိုင်းမှာဝင်ရောက်
လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် တိုက်
ခိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

"အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီနဲ့အတူ ရှမ်းနီ၊ကသည်း၊နာဂတပ်တွေပါတယ်။တမူးမြို့
နယ်ထဲက မင်းသာစခန်းကနေထွက်လာတာ။ နယ်စပ်က‌နေ ကျော်ဝင်လာပြီး အိမ်တွေကိုမီးရှို့တယ်။တိုက်ပွဲမှာသူတို့ဘက်က ၄
ယောက်သေတယ်။ ဒဏ်ရာရတာလည်းများတယ်။ နယ်စပ်ထိပြန်မောင်းထုတ်တော့ အခုငြိမ်နေတယ်"လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)
ဟာ နာဂလူမျိုးများနေထိုင်ရာ ဒေသအားလုံး
ကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့တွင်းသဘောထားကွဲလွဲမှုတွေကြောင့် အဓိကအားဖြင့်NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။ NSCN-IM ဟာစစ်တပ်နဲ့ပူးပေါင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့် ထိနယ်စပ်ဆက်စပ်နေပါတယ်။ နယ်စပ်‌
တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် အ
သိပေးထားပါတယ်။

တမူးခရိုင်မှာ မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းတိုက်ပွဲတွေမှာ ကသည်းတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေရရှိခဲ့ဖူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယအစိုးရထံတရားဝင်လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ စစ်ကောင်စီဦးဆောင်တဲ့တပ်တွေက အိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်
ကြောင်းထိုးလာတာနဲ့ ပတ်သက်ပြီး အမျိုး
သားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာမသိရသေးဘူးလို့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။
👍38❤8👎3🔥1👏1🖕1
၂၀၂၃ နိုဝင်ဘာလက စစ်တပ်လက်​အောက်ခံရှမ်းနီတပ်၊ကသည်းတပ်အပါအဝင်ပူး​ပေါင်းတပ်​တွေရဲ့ တမူးမြို့နယ်ရှိစခန်းတစ်ခုကို KNA-B အပါအဝင်​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။
ဓါတ်ပုံ-KNA-B
👍34❤9🤮2🖕2👎1
ဟုမ္မလင်းမှာ ရှမ်းနီတပ်(SNA)တပ်သားက ကောလိပ်ကျောင်းအတွင်း ကျောင်းသား ၁ဦးကို သေနတ်နဲ့ ပစ်ခတ်

အောက်တိုဘာ−၂၁၊၂၀၂၆။အိမ်သွင်/People's spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ဟုမ္မလင်းဒီဂရီကောလိပ်ကျောင်းမှာ SNA ရဲဘော်ဖြစ်တဲ့ အဝေးသင် ပထမနှစ်ကျောင်းသားက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

" ရှမ်းနီတပ်က အကောင်က ကျောင်းကိုသေနတ်ယူလာပြီး ပစ်တာ။ သူတို့ပဲ အရမ်းကို ရမ်းကားနေတာ။ ဘယ်သူကမှလဲမထိန်းကျောင်းနိုင်တော့ဘူး။ စစ်တပ်လည်း မထိန်းနိုင်တော့ဘူး"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ကျောင်းသားဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ဒီနေ့အောက်တိုဘာ ၂၁ရက်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟုမ္မလင်းမြို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဆက်စပ်နေပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော်လို့ အမည်ပေးထားတဲ့ SNA က ဟုမ္မလင်းမြို့နယ်မှာလည်း အခြေစိုက်ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ် စစ်ရေးလှုပ်ရှားနေပါတယ်။စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်နေပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကို စစ်တပ်နဲ့အတူ SNA က ထိန်းချုပ်ထားပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။

စာသင်ခန်းအတွင်း လက်နက်ကိုင်ပြီး ကျောင်းတက်နေတာက ကျန်ကျောင်းသားတွေအတွက်အလွန်အန္တရာယ်ကြီးပြီး တရားဥပဒေစိုးမိုးရေးမရှိတာနဲ့ SNA တပ်ရဲ့ ဖွဲ့စည်းပုံပရမ်းပတာဖြစ်နေတာကို သိသာထင်ရှားစေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
🤬29👎4👍2🤣2❤1😢1
😡27🤮4❤1🫡1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြန်မာတစ်ဦး ဂျပန်ဘတ်စ်ကားလိုင်းရဲ့ ပထမဆုံး နိုင်ငံခြားသားယာဥ်မောင်းဖြစ်လာ

မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးဟာ ဂျပန်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှာ မှတ်တမ်းသစ် တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ရှီဇူအိုကာဒေသမှာ ပုံမှန်ပြေးဆွဲတဲ့ ဘတ်စ်ကားယာဉ်လိုင်းမှာ ကိုပြည့်စုံဟာ ပထမဆုံး နိုင်ငံခြားသား ယာဉ်မောင်းအဖြစ် ခန့်အပ်ခံရကြောင်း ဖူဂျီကျိုတို ရှင်ဇူကာ ဘတ်စ်ကားလိုင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်က ဘတ်စ်ကားယာဉ်မောင်း ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အလုပ်ဆင်းနေတဲ့ ကိုပြည့်စုံရဲ့ ဓာတ်ပုံကိုလည်း ယာဉ်လိုင်းက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ ကိုပြည့်စုံဟာ ရှပ်အင်္ကျီအဖြူနဲ့ လက်အိတ်အဖြူကို ဝတ်ဆင်ထားပြီး ဘတ်စ်ကား ယာဉ်မောင်းထိုင်ခုံမှာ ရှိနေတာကို တွေ့ရပါတယ်။ ယာဉ်လိုင်းရဲ့ ပထမဆုံး နိုင်ငံခြားသားကို ခန့်အပ်လိုက်တဲ့ သတင်းဟာ လူမှုကွန်ရက်ပေါ်မှာ အာရုံစိုက်မှုတွေကို ရရှိခဲ့ပြီး ဝမ်းသာကြောင်း မှတ်ချက်ပေး တုံ့ပြန်သူတွေ ရှိခဲ့ပါတယ်။ ဂျပန်မှာ တရားဝင် အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဘာသာစကားနဲ့ အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်ပညာရပ်တွေကို ကြိုးစား သင်ယူခဲ့တဲ့ ကိုပြည့်စုံကို တချို့ကလည်း ချီးကျူးခဲ့ပါတယ်။ တချို့မှတ်ချက်တွေကတော့ နိုင်ငံအနှံ့က ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်မောင်းအင်အား မလုံလောက်တာကြောင့် လူသစ်တွေ ခန့်အပ်ဖို့ လိုအပ်တဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုပြည့်စုံကို အလုပ်ခန့်လိုက်တာဟာ ဂျပန်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ဘတ်စ်ကားလိုင်းတွေမှာ နိုင်ငံခြားသားတွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးထွားလာနိုင်တယ်ဆိုတဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်လာပါတယ်။

◾️ချင်း-မကွေးအစပ် စစ်မျက်နှာ ၄ခုမှာ စစ်တပ် အထိနာအောင် တိုက်ခိုက်ထားဟု ချင်းတပ် CPU/CPA ပြော

ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။ လက်ရှိ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအကျဉ်းကို ဆလိုင်းယောမာန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြအသိပေးခဲ့ပြီး တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ CPU/CPA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေကတော့ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ချင်း-မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။ (၅)လတာ တိုက်ပွဲမှာ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြေပြင်က ရဲဘော်တွေဟာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်တွေ အထိနာအောင် အကြိမ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ချင်းပြည်နှင့် ချင်းပြည်သူလူထုကို အကောင်းဆုံး ကာကွယ်ခုခံ နေပါတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ စစ်တပ်ရဲ့ ထိခိုက်ကျဆုံးနဲ့ သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိ သုံ့ပန်းတွေ၊ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိတယ်လို့ ဆိုပါတယ်။

◾️စစ်တပ်က ပေါက်တောကို ဗုံးပတ်ကြဲ၊ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်တွေ နဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်​တွေကို Y-12 ​လေယာဥ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်ည ၉ နာရီကျော်မှာ Y12 လေယာဉ်တစီးနဲ့ ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ် ပြားသကြွယ်ရွာတို့ကို ဗုံးအလုံး ဆယ်ချီကြဲချခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ ပေါက်တောမြို့ပေါ်၊ ပြားသကြွယ်ရွာနဲ့ ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ ကြိမ်ခွေမော်၊ မနော်သီရီ၊ လက်ပံပြားတို့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းတို့ကို ဗုံးကြဲနေခဲ့ပြီး ဗုံးအလုံးပေါင်း ၂၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

◾️ဝန်းသိုနဲ့ ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်
👍17🔥3🖕3❤2
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ‌တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီနေ့ အောက်တိုဘာ၂၁ရက် မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်မြို့နယ်ကနေ အောက်တိုဘာပထမပတ်ကတည်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ဝန်းသို-ကောလင်းလမ်းမှာ နဲ့ အင်းတော်-ထီးချိုင့်လမ်းမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၂ဝရက်က ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး ကောလင်းမြို့ကို အင်အား ၁၀၀ခန့် ဝင်ရောက်သွားတယ်လို့သိရပါတယ်။ ဂျိုးတောင်ရွာအနီး ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က Y-12 နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကလည်း ပိန်းအင်းရွာအတွင်းမှာ ရှိနေသေးပြီး ကျေးရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။ ပိန်းအင်းရွာက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာ စခန်းသိမ်းခံရတဲ့ စစ်တပ်က အရပ်သားတွေ ပစ်မှတ်ထား ဗုံးကြဲနေ

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်‌ ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ မနေ့က နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို စစ်တပ်က ဗုံးကြဲခဲ့ပြီး အဲ့ဒီနေ့ရာတွေက KIA ရော PDF ရော မရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိတိုက်ပွဲဟာ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ ဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်ကောင်စီက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။

◾️ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF အစည်းအဝေး ဒီလကုန်ပိုင်း ကျင်းပမယ်

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။ FATFဥက္ကဋ္ဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့က ကြေညာပါတယ်။ နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးက ကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ စုဝေးဆွေးနွေးမှာ ဖြစ်ပါတယ်။

◾️စစ်တပ်နဲ့ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ပြန်ပြေး

အိန္ဒိယ- မြန်မာနယ်စပ်မှာ စစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့ နာဂပူးပေါင်းတပ်တွေက အိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B)နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တိုဘာ၂၀ ရက် မ‌နက်အစောပိုင်းမှာ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

◾️စလင်းမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို PDF က ဒရုန်းနဲ့ တိုက်ခိုက်
❤19👍6🔥2🖕2
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ရာ စစ်တပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီ၀န်းကျင်က မြေနီကုန်းကျေးရွာအနီးမှာ စစ်တပ် အရာရှိအပါအ၀င် အင်အား ၂၅ ဦး၀န်းကျင် ပါ၀င်တဲ့ ဒရုန်းအဖွဲ့ နေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ် ဂိတ်စွဲထားတာ ၂လကျော်ရှိပြီဖြစ်ပြီး ဒရုန်းအဖွဲ့ ရောက်တာက ၁၀ ရက်နီးပါးရှိပြီလို့ မင်းဘူးခရိုင် တပ်ရင်း-၅ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် ၅ဦးခန့် သေဆုံးတယ်လို့ သူက ပြောပါတယ်။ စစ်တပ်ရဲ့ သေဆုံးမှုအရေအတွက်ကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

◾️စဉ့်ကူးမြို့နယ်မှာ တံငါသည်လှေတွေကို စစ်တပ်ပစ်ခတ်လို့ တံငါသည် ၁ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းက တံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၁ရက် နေ့လယ် ၂နာရီခန့်မှာ မြစ်ကမ်းကြီး ကျေးရွာအနောက်ဘက်က ကျေးရွာတွေကို စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ကျေးရွာရဲ့ အနောက်က မြစ်အတွင်းကို တံငါသွားလုပ်တာလို့ သိရပါတယ်။ အဲဒီအချိန် မြစ်ကမ်းကြီးရွာရဲ့ အရှေ့ဘက်က သဲအင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ကင်းလာလှည့်ချိန်နဲ့ တွေ့ပြီး တံငါသည်တွေကို ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ မြစ်ကမ်းကြီးကျေးရွာဟာ တံငါသည်လုပ်အသက် မွေးဝမ်းကြောင်းပြုသူများပြီး မန္တလေးတိုင်းအတွင်းက ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ပြုလုပ်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

◾️ခေါင်လန်ဖူးပြည်သူ့စစ်က ပူတာအို ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတွေကို အစည်းအဝေးခေါ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် အသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ ပူတာအို ခရိုင်အတွင်း နယ်မြေတည်ငြိမ်လုံခြုံမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြဖို့ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က စာပို့ ခေါ်ထားပါတယ်။ အဲဒီစာကို ကချင်သတင်းရင်းမြစ်အချို့နဲ့ ပူတာအိုဒေသခံ အချို့က ဒီနေ့မှာ လူမှုကွန်ရက်ပေါ် ဖော်ပြ အသိပေးလာတာပါ။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ဖို့ ဖိတ်ခေါ်တဲ့စာမှာ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်သာသနာအသင်းတော်အသီးသီး မှ ဧဝံဂေလိ လုပ်ငန်းကော်မတီ သို့မဟုတ် သာသနာခရိုင် သို့မဟုတ် သာသနာပိုင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် ၅ဦးစီ မပျက်မကွက် တက်ရောက်ဖို့ ရေးသားထားပါတယ်။ အစည်းအဝေးကို အောက်တိုဘာ ၂၂ရက် နံနက် ၁၀နာရီမှာ ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ် အတွင်း ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။ အဲဒီလို ဘာသာရေးအဖွဲ့အစည်းတွေကို စစ်ရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။

◾️CI စင်တာမှာ ထိုင်းသတင်းထောက်ကို စစ်အုပ်စုက သတင်းရယူခွင့်ကန့်သတ်

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်​အုပ်စုက လုပ်​ပေး​နေတဲ့ မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI)ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်း​ထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့်ကန့်သတ်တာတွေလုပ်ခဲ့တယ်လို့ ကာယကံရှင်သတင်း​ထောက်က လူမှုကွန်ရက်မှာ ဒီနေ့ အောက်တိုဘာ ၂၁ရက်မှာ ရေးသားပါတယ်။ ပေါ့ဒ်နာသက်ဟော့ဘ်ဆိုတဲ့ အလွတ်တန်းသတင်းထောက်က သူဟာ ဆမွတ်ပရာကန်မှာရှိတဲ့ CIစင်တာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့ကိစ္စ သတင်းယူနေချိန် မြန်မာ အာဏာပိုင် အရာရှိတွေက သူ့ကို စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ဂျာနယ်လစ် တစ်ဦးက ကိုယ့်အလုပ်ကိုယ် လုပ်နေတာကို နှောင့်ယှက် တားဆီးတာမျိုးတွေ ကြုံခဲ့ရတယ်လို့ သူက​ ရေးသားထားပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုမှာ ပြည်သူလူထု သိခွင့်ရှိတဲ့ သတင်းတစ်ခုအတွက် သတင်းယူနေတာကို အခုလို ဝိုင်းဝန်းတားမြစ်တဲ့ လုပ်ရပ်အပေါ်မှာလည်း ပေါ့ဒ်က ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး CI စင်တာ နေရာက မြန်မာအစိုးရ အာဏာစက်အောက်မှာ ရှိတယ်လို့ သူ့ကို ပြောဆိုခဲ့ကြောင်း ပေါ့ဒ်က ဖွင့်ဟခဲ့ပြီး ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာတောင် မြန်မာစစ်တပ်အာဏာပိုင်တွေက ထိုင်းသတင်းထောက်တွေကို ခြိမ်းခြောက်ပိုင်ခွင့် ရှိနေပြီလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI စာရွက်စာတမ်းထုတ်ပေးရာမှာ ကုန်ကျတဲ့ အခကြေးငွေတွေ၊ ဝန်ဆောင်ခတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက် အကျိုးရှိစေမယ့်ပုံစံ ဖြစ်သင့်ပြီး မြန်မာစစ်ကောင်စီနဲ့ အလုပ်သမားတွေဆီကနေ အခကြေးငွေကောက်ခံနေတဲ့ ပွဲစားတွေရဲ့ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလို့ ထိုင်းသတင်းထောက်က​​ ရေးသားပါတယ်။ မြန်မာစစ်တပ်ရဲ့ဝန်ထမ်းတွေကိုလည်း သူက ဒီနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံဖြစ်ကြောင်းနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်တာ၊ သတင်းယူမှုကို တားဆီးတာမျိုးကို လက်ခံမှာမဟုတ်ကြောင်း သတိပေး ရေးသားကာ သူ့ရဲ့စာကို အဆုံးသတ်ထားပါတယ်။
👍18❤2🖕2🔥1
◾️အွန်လိုင်းမှာ စျေးရောင်းလို့ ထိုင်းရောက် မြန်မာအမျိုးသမီး အဖမ်းခံရ

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး စျေးရောင်းတဲ့ မြန်မာ အမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ရနောင်းလူဝင်မှု ကြီးကြပ်ရေး ရဲဌာနမြန်မာအမျိုးသမီးကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အွန်လိုင်းမှာ ကုန်ပစ္စည်းတွေကို တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ပြီးရောင်းချနေကြောင်း တိုင်ကြားချက်ကြောင့် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ သက်သေ အထောက်အထားတွေ ခိုင်လုံတဲ့နောက် ပက်ခ်နမ်ရနောင်းရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၁၉ ရက်မှာ တရားရုံးဆီက ဖမ်းဝရမ်း ရယူပြီး မတင်ဦးကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးက လိပ်စာ သတ်သတ်မှတ်မှတ် မရှိတာကြောင့် သူ့ကို နေရာရွှေ့ပြောင်းသွားတာ၊ ထွက်ပြေးသွားတာမျိုး မလုပ်နိုင်ခင် အလျင်အမြန် ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ၂၀၂၀ ဧပြီက ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေဟာ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေ ရောင်းချတာမျိုးကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

◾️ကလေးမြို့အကျဉ်းထောင်မှာ အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား သေဆုံးမှုတွေရှိဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၆)လ ကျခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား Buskal Khan (ခ) Busket ဟာ သတ်မှတ်ပြစ်ဒဏ် လွတ်ရက်စေ့သွားပေမယ့် အာဏာပိုင်တွေက ဆက်လက်ဖမ်းဆီးချုပ်နှောင်ခဲ့ရာ အောက်တိုဘာ ၅ရက်မှာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအိန္ဒိယ နိုင်ငံသားဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူဟာ သတ်သတ်လွတ်စားသူဖြစ်ပြီး ထောင်အတွင်း အာဟာရပြတ်လပ်ကာ နှစ်လကျော်ကြာ ကျန်းမာရေး ဆိုးရွားစွာ ခံစားခဲ့ရပေမယ့် အကျဉ်းထောင်အာဏာပိုင်များက အစားထိုးဖြည့်စွက်စာနဲ့ သင့်တော်တဲ့ ဆေးဝါးကုသခွင့် မပေးခဲ့လို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ အခုနှစ်အတွင်း အကျဉ်းသား သေဆုံးသူ ၇ဦးရှိရာ ဧပြီမှာ ၁ဦး၊ ဇူလိုင်မှာ ၂ဦး၊ ဩဂုတ်မှာ ၁ဦး၊ စက်တင်ဘာမှာ ၂ဦး ဖြစ်ပြီး အခု အောက်တိုဘာမှာ သေဆုံးတာက အိန္ဒိယ နိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။
👍21❤4🖕2🔥1
💔16👍4🖕3🔥1
👏17👍4🖕3🔥2❤1👎1