ဝန်းသိုနဲ့ ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေယာဉ်ပစ်ကူသုံး ခုခံ
အောက်တိုဘာ−၂၁၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ်ကနေ အောက်တိုဘာပထမပတ်ကတည်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ဝန်းသို- ကောလင်းလမ်းမှာ နဲ့ အင်းတော်-ထီးချိုင့်လမ်းမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
အောက်တိုဘာ ၂ဝရက်က ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး ကောလင်းမြို့ကို အင်အား ၁၀၀ခန့် ဝင်ရောက်သွားတယ်လို့သိရပါတယ်။ဂျိုးတောင်ရွာအနီး ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က Y-12 နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကလည်း ပိန်းအင်းရွာအတွင်းမှာရှိနေသေးပြီး ကျေးရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။ ပိန်းအင်းရွာက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
"မနက်ပိုင်းကတည်းက နှစ်နေရာလုံးမှာ ဆော်နေကြတယ်။စစ်တပ်က ပြန်ဆုတ်လာတဲ့ စစ်ကားလည်း FVP ဒရုန်းမိတာ တွေရှိတယ်။နှစ်နေရာလုံး ဆိုင်ထားကြပြီး တိုက်ပွဲကပြင်းနေတာ"လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲမှုကြောင့် ထိခိုက်မှုတွေကို မသိရသေးပါဘူး။စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။
"တိုက်ပွဲက မနက်ကတည်းကပြင်းထန်နေတာ။စစ်ရှောင်ပြည်သူတော့ အခု စစ်ကြောင်းအခြေအနေကြည့်ပြီးကပ် ရှောင်ကြတာ။ထိုင်ထားတာမဟုတ်တော့ စစ်ကြောင်းကျော်သွားတဲ့ ရွာတွေကပြန်ဝင်၊ ဒီလိုပဲရှောင်နေကြတာ ပေါ့"လို့ ဝန်းသို မြို့နယ်မှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

👍25🔥5👏4👎2😢2❤1🥰1🤬1🎉1🤣1
လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က ပူတာအို ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတွေကို အစည်းအဝေးခေါ်
အောက်တိုဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် အသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ ပူတာအို ခရိုင်အတွင်း နယ်မြေတည်ငြိမ်လုံခြုံမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြဖို့ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က စာပို့ ခေါ်ထားပါတယ်။
"ပြည်သူ့စစ်က ဘာသာရေးအသင်းတွေကို အစည်းအဝေးခေါ်တာဟာ တပ်သားသစ် စည်းရုံးပြောဆိုပေးဖို့လို့ သုံးသပ်ပါတယ်"လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစာကို ကချင်သတင်းရင်းမြစ်အချို့နဲ့ ပူတာအိုဒေသခံ အချို့က ဒီကနေ့မှာ လူမှုကွန်ရက်ပေါ် ဖော်ပြ အသိပေးလာတာပါ။
လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ဖို့ ဖိတ်ခေါ်တဲ့စာမှာ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်သာသနာအသင်းတော်အသီးသီး မှ ဧဝံဂေလိ လုပ်ငန်းကော်မတီ သို့မဟုတ် သာသနာခရိုင် သို့မဟုတ် သာသနာပိုင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် ၅ဦးစီ မပျက်မကွက် တက်ရောက်ဖို့ ရေးသားထားပါတယ်။
အစည်းအဝေးကို အောက်တိုဘာ ၂၂ရက် နံနက် ၁၀နာရီမှာ ပူတာအိုမြို့ ရဝမ်အမျိုးသားဥယဉ် အတွင်း ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။
အဲဒီလို ဘာသာရေးအဖွဲ့အစည်းတွေကို စစ်ရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။
" ပူတာအိုမှာ ဌာနေ ပြည်သူ့စစ်နာမည်ခံပြီး ဒေသခံလူငယ် များကို ပုံစံ မျိုးစုံ နဲ့ စုဆောင်းရေး လုပ်နေတာ ကို မြင်တွေ့နေရတာပါ။ ဘာသာရေးဘက်ကိုပါ မြှားဉီးလှည့်လာနေတဲ့ အတွက် ဒေသခံ လူငယ်များ အထူးသတိထားနိုင်ကြဖို့ပါ” လို့ ကချင်သတင်းရင်းမြစ်တဦးက မှတ်ချက်ပြုပါတယ်။
ပူတာအိုဒေသခံ တစ်ဦးကလည်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဆိုတာ အာဏာသိမ်းစစ်တပ်ရဲ့ အရံအင်အားတခုသာဖြစ်ပြီး ပူတာအိုဒေသခံ ပြည်သူလူထုကို ကိုယ်စားမပြုတာကြောင့် စစ်ရေးနဲ့ မဆိုင်တဲ့ ပြည်သူလူထုကို ဒုက္ခမပေးပါနဲ့ လို့ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ အစည်းအဝေးဖိတ်ခေါ်စာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဖော်ပြ ရေးသားထားပါတယ်။
ဒါ့အပြင် ပူတာအိုဒေသခံက “ ရဝမ်လူမျိုးတယောက်အနေနဲ့ အထူးသတိပေးလိုတာက ရဝမ်အမျိုးသားဥယဉ်ဟာ စစ်ပွဲအတွက် စုဝေးရမဲ့ နေရာမဟုတ်ဘူးဆိုတာပါ။ ပြည်သူ့စစ် (ဌာနေ)အဖွဲ့က ရဝမ်ကိုယ်စားပြု လုံး၀(လုံး၀)မဟုတ်ဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ အရံတပ်ဖွဲ့တခုသာဖြစ်ပါတယ်” လို့လည်း ရေးသားထားပါတယ်။
ခေါင်လန်ဖူးပြည်သူ့စစ်ဟာ လတ်တလောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းစခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာပြီးနောက် ပူတာအို၊ ခေါင်လန်ဖူး ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က လူသစ်စုဆောင်းတာ၊ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာနေတာဖြစ်ပါတယ်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ခေါင်လန်ဖူးတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က သူ့လက်အောက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်းအောက်တိုဘာလဆန်းပိုင်းမှာ ပြောပြထားပါတယ်။
ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို သိမ်းရတာ အပါအဝင် KIA ပူးပေါင်းတပ်က နယ်မြေတွေ ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိကြောင်းအသိပေးပါတယ်။
“ပြဿနာကတော့ ပြည်သူ့စစ်တွေများပါတယ်။ ထိခိုက်တာလည်း ပြည်သူ့စစ်များပါတယ်။ဆိုတော့ကျနော်တို့ အချင်းချင်း ပစ်ရခတ်ရတဲ့ အနေအထားပုံစံမျိုးဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။
ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းကမထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပြပါတယ်။
“ဒါကြောင့် ပြည်သူ့စစ်တွေကတော့ ထွက်ပြေးသွားတာ အများကြီးရှိပါတယ်။ နောက်ထိခိုက်သွားတာ ကျသွားတာ ဒဏ်ရာရတာတွေ ဆေးရုံပြည့်နေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရာကို မလွတ်အောင် ကြိုးစားဖို့အတွက် ပူတာအိုတကြောလုံးမှာလည်း စစ်သား ပြန်ပြီးမှ ပြည်သူ့စစ်စုဆောင်းတာတွေ နောက် သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့ အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ခေါင်လန်ဖူးဒေသမှာအင်အားထောင်ချီ စစ်သားစုဆောင်းဖို့လုပ်ဆောင်နေကြောင်း ဒေသခံ လူမျိုးစုအဖွဲ့အချို့က ထုတ်ပြန်ထားတာရှိပါတယ်။ဒါကြောင့် ပူတာအို ဒေသခံ လူထုတွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့လည်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

🤬22👏6👍3👎2😁2❤1🎉1
■ဆောင်းပါး
အယ်လ်နီညိုမန္တလေးနဲ့ လျှပ်စစ်မီး
သစ်လွင်ဦး/People's Spring
အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။
အယ်လ်နီညိုကြောင့် တဟုန်းဟုန်း ပူပြင်းနေရတဲ့အထဲ လျှပ်စစ်မီးတွေပါ ဆိုးဆိုးရွားရွား ပြတ်တောက်နေတာမို့ မြို့ခံတွေဟာ အပူဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၃) ရက်နေ့တုန်းက
တော့ သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကနေ မန္တလေးမြို့နယ် (၇) မြို့နယ်လုံးကို လျှပ်
စစ်ဓာတ်အား ထက်ဝက် လျှော့ချမယ်၊ A နဲ့ B ဆိုပြီး အုပ်စုခွဲလို့ ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့ကို ၁၂ နာရီပဲ မီးပေးတော့မယ်လို့ အသိပေး ကြေညာခဲ့တာပါ။ စာထုတ်ပြန်ကာစကတော့ မီးပြတ်ချိန် နည်းနေခဲ့ပေမယ့် အခု အောက်တိုဘာ တတိယပတ်ထဲကစလို့ မီးပြတ်တောက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ နွေရာသီတုန်းက တစ်ရက်ကို ၈ နာရီ မီးဖြတ်ခဲ့တာပါ။ အခုလို နွေရာသီတောင် မရောက်သေးဘဲ အယ်နီညိုကြောင့် အပူချိန်တွေ မြင့်တက်နေတဲ့ အချိန်ကျမှ နွေထက်တောင် ပိုပြီး မီးဖြတ်ပစ်နေတာကိုတော့ မန္တလေးမြို့ခံတွေအနေနဲ့ မကျေမနပ် ဝေဖန်နေကြပါတယ်။
"မနေ့ညက ၈ နာရီက ပြတ်သွားတာ။ တစ်ညလုံး ပြန်မလာဘူး။ မနက် ၆ နာရီ ခဏလေးလာပြီး ပြန်ပြတ်သွားတယ်။ ကောင်းကောင်းမအိပ်ရဘူး"လို့ ချမ်းအေးသာစံမြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။ လျှပ်စစ်မီးဖြတ်တောက်မှု အချိန်ကြာမြင့်တာကြောင့် ဖုန်းတွေကအစ အားမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နေ့ခင်းဘက် မကြာခဏ ပြတ်တောက်တဲ့အပြင် ညဘက်မှာလည်း တစ်ညလုံးနီးပါး ပြတ်တောက်နေတဲ့အတွက် ညဘက်အိပ်မရတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ "နေ့ခင်း အလုပ်လုပ်ပြီး ညဘက်ကျ အေးအေးအိပ်ချင်တာကို အိပ်မရဘူး"လို့ အောင်မြေသာစံမြို့နယ်က အမျိုး
သားတစ်ဦးက ပြောပါတယ်။
ပိုဆိုးတာကတော့ အခုအချိန်ဟာ အခြေခံ
ပညာ ကျောင်းသား၊ ကျောင်းသူတွေ စာမေး
ပွဲဖြေနေကြရတဲ့ အချိန် ဖြစ်နေပြီး ရာသီဥတုက ပူလွန်းလို့ ကလေးတွေ စာမကျက်နိုင်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်ကြပါဘူးလို့ မန္တလေးမြို့ခံ ကျောင်းသားမိဘတွေက ပြောပါတယ်။
"ကလေးတွေက ညကျ ပူလို့အိပ်မရတော့ မနက်ကျ မလန်းဘူး"လို့ မဟာအောင်မြေမြို့နယ်က အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ မီးပြတ်တာ ကြာလွန်းတာကြောင့် ရာသီဥတုအပူဒဏ်နဲ့ ကလေးငယ်တွေ ဖျားနာတာတွေလည်း ဖြစ်ပွားနေကြောင်း သိရပါတယ်။
ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးပုံမှန်မရတဲ့အပြင် စက်သုံးဆီ ဈေးနှုန်းတွေကပါ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေဟာ ပိုမိုကျပ်တည်းစွာ နေထိုင်နေရပါတယ်။
NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကအောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ မိုးလေဝသအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားရာမှာ ကချင်ပြည်နယ်၊ စစ်
ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မိုးရွာသွန်းမှု သိသိသာသာလျော့နည်းသွားပြီး၊ နေ့အပူ
ချိန်တွေ တိုးလာနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီး
ဌာနက ပြင်းထန်အယ်လ်နီညိုအတွက် အိမ်
ထောင်စုအဆင့် ကြိုတင်ပြင်ဆင်ဖို့အကြံပြုထားရာမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် အရိပ်ရပြီး အေးတဲ့နေရာတွေ၊ နေအိမ်တွင်းလေအေးပေးစက်၊ လေပန်ကာစတာတွေနဲ့ အပူဒဏ် သက်သာအောင်စီမံပေးသင့်ကြောင်း အကြံပြုထားပါတယ်။
လျှပ်စစ်ဓါတ်အားပြတ်တောက်မှုအတွက်လည်း အရန်ဓါတ်အားရရှိစေဖို့ Power bankတွေ၊ အားပြန်သွင်းနိုင်တဲ့ဆိုလာမီး၊ ဓာတ်မီး၊ ဘက်ထရီနဲ့ အင်ဗာတာတွေ အရန်
သင့်ထားရှိဖို့၊ လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့်မတော်တဆမီးဘေးအန္တ
ရာယ် ကျရောက်နိုင်ခြေကိုအထူးဂရုပြုဖို့ အသိပေးထားပါတယ်။
အယ်နီညိုကာလမှာမှဆိုးရွားစွာပြတ်တောက်နေတဲ့ လျှပ်စစ်မီးကြောင့် မန္တလေးမြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန်နေကြရပါတယ်။ "အယ်နီညိုဖြစ်နေတာကိုတမင်လုပ်တာ"လို့မန္တလေး
မြို့ခံအမျိုးသမီးတစ်ဦးကပြောလိုက်ပါတယ်။ ။

🤮14🔥11❤4👍2👎2🤣1
စဉ့်ကူးမြို့နယ်မှာ တံငါသည်လှေတွေကို စစ်တပ်ပစ်ခတ်လို့ တံငါသည် ၁ဦး ဒဏ်ရာရ
အောက်တိုဘာ-၂၁၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာ ၂၁ရက် ဒီနေ့၊နေ့လည်၂နာရီခန့်မှာ မြစ်ကမ်းကြီး ကျေးရွာအနောက်ဘက်က ကျေးရွာတွေကို စစ်ဘေးရှောင်နေရတဲ့ပြည်သူ တွေဟာ ကျေးရွာရဲ့ အနောက်ကမြစ်အတွင်းကို တံငါသွားလုပ်တာလို့ သိရပါတယ်။
အဲဒီအချိန် မြစ်ကမ်းကြီးရွာရဲ့ အရှေ့ဘက်က သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ကင်းလာလှည့်ချိန်နဲ့ တွေ့ပြီး တံငါသည်တွေကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
"ပစ်တာမှန်း တိုက်ပွဲဖြစ်နေသလိုကို ပစ်တာ။အနောက်ဘက်က ကျွန်းပေါ်အထိ ကျည် တွေကျတယ်။တံငါသည်တယောက် ခြေထောက်မှန်တယ်။လူအရိပ်ယောင် တောင်မမြင်ချင်ဘူးဆိုပြီး ရွာအနားဘယ်သူ့မှကိုအကပ်မခံဘူး။တံငါသည် တွေကလည်း စစ်ရှောင်ရတာကြာတော့ စား ရေး သောက်တာခက်ခဲပြီး အဲဒီနားကငါးပိုရတယ်ဆိုပြီးရွာ အခြေကို ကပ်လုပ်ကြလို့အပစ်ခံရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကမ်းကြီးကျေးရွာဟာ တံငါသည်လုပ်အသက် မွေးဝမ်းကြောင်းပြုသူများပြီး မန္တလေးတိုင်းအတွင်းက ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေး ပြုလုပ်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း ဒီရွာနဲ့တစ်အုပ်စုတည်းဖြစ်တဲ့ မြစ်ကမ်းကြီးရွာရဲ့ အနောက်ဘက်က စဉ့်အိုးကျွန်း ပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချတာကြောင့် ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

🤬30👎3🔥3❤2👏1😢1🎉1
သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း ဆားလင်းကြီးမှာ ပြုလုပ်
အောက်တိုဘာ ၂၁၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒီကနေ့ (အောက်တို့ဘာ ၂၁) မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤20👍8👏4🥰3🖕2🤮1🤣1
မြန်မာအပါအဝင် ငွေကြေးခဝါချမှုအမည် ပျက်စာရင်းသွင်းခံရတဲ့နိုင်ငံတွေရဲ့အခြေ
အနေသုံးသပ်မယ့် FATF အစည်းအဝေး
လာမယ့်အပတ်အတွင်း ကျင်းပမယ်
အောက်တိုဘာ-၂၁ ၊၂၀၂၆။ဇော်၀င်း /People's Spring
မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
FATFဥက္ကဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်
တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့ကကြေညာပါတယ်။
နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးကကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံ
ရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပါရီမြို့မှာစုဝေးဆွေး
နွေးမှာဖြစ်ပါတယ်။
ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ဘဏ္ဍာ
ရေး ထောက်ပံ့မှုတွေနဲ့ အစုလိုက်အပြုံလိုက် သေစေတတ်တဲ့လက်နက်တွေ ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ နိုင်ငံတွေရဲ့ အရေးယူဆောင်
ရွက်ချက် ဘယ်လောက် ထိရောက်တယ်ဆိုတာ အပါအ၀င် FATF ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။
စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေ (Jurisdictions under increased monitoring) ရဲ့တိုးတက်မှုရှိ ၊မရှိ အခြေအနေတွေကိုလည်းပြန်လည်သုံးသပ်မယ်လို့ အသိ
ပေးပါတယ်။
အဲဒီစုံညီအစည်းအဝေးရဲ့ရလဒ်အကျဉ်းချုပ်
ကို FATF ရဲ့တရားဝင်ဝဘ်ဆိုက်မှာထုတ်ပြန်ပေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ကမြန်မာနိုင်ငံကိုဘဏ္ဍာရေးဆိုင်
ရာအမည်ပျက်နိုင်ငံ(Black Lists)အဖြစ်
မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နှစ် ၂၀၂၂ ခုနှစ်ကတည်းက သတ်မှတ်ထားဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ Blacklist ထဲ ပါဝင်ခဲ့ပေမယ့် ငွေကြေးလွှဲပြောင်းမှုတိုင်းကို အထူးသတိပြု စောင့်ကြည့်စစ်ဆေးတဲ့ Enhanced Due Diligence (EDD) အဆင့်ကိုသာတိုးမြှင့်လုပ်
ဆောင်ဖို့ နဲ့ ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးဖြစ်နေပြီးတရားမဝင် ငွေကြေးစီးဆင်မှုတွေအတွက် စိစစ်မှု ရှိ၊မရှိ ဆက်လက် စောင့်ကြည့်မယ်ဆိုပြ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်း အဝေးမှာ သတ်မှတ်ထားတာဖြစ်ပါတယ်။
အခုလာမယ့်အစည်းအဝေးမှာ FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ မြန်မာ
နိုင်ငံကိုသတ်မှတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်
ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာရင် အာဏာသိမ်းစစ်အုပ်စုအ
တွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာတာ၊ နိုင်
ငံတကာငွေပေးချေမှုစနစ်ကိုအသုံးပြုဖို့ အ
တားအဆီးတွေများလာတာ၊လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာတာနဲ့ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ စီးပွားရေး ပညာရှင်တွေက သုံး
သပ်ထားပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က အခြားငွေပေးချေမှုလမ်းကြောင်းများရှာဖွေနေမှု ဖြစ်တဲ့ ဘယ်လာရုဇ်လိုနိုင်ငံတွေဆီက ချေးငွေရယူဖို့ကြိုးပမ်းတာနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေကို ပြန်လွှဲခိုင်းတာ အစရှိတဲ့ နိုင်ငံခြားငွေဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေကလည်း အာဏာသိမ်းပိုင်းနောက်ပိုင်းကတည်းက စစ်တပ်ကထိန်း
ချုပ်ခဲ့ပါတယ်။

👍27❤5🔥4🥰1🤣1🖕1
အိန္ဒိယ ဘက်ကနေဝင်လာတဲ့ စစ်တပ်နဲ့ပူး
ပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ပြန်ပြေး
အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်/People's Spring
အိန္ဒိယ- မြန်မာနယ်စပ်မှာစစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်တွေကအိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မ
တော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တို
ဘာ၂၀ ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်
လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် တိုက်
ခိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။
"အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီနဲ့အတူ ရှမ်းနီ၊ကသည်း၊နာဂတပ်တွေပါတယ်။တမူးမြို့
နယ်ထဲက မင်းသာစခန်းကနေထွက်လာတာ။ နယ်စပ်ကနေ ကျော်ဝင်လာပြီး အိမ်တွေကိုမီးရှို့တယ်။တိုက်ပွဲမှာသူတို့ဘက်က ၄
ယောက်သေတယ်။ ဒဏ်ရာရတာလည်းများတယ်။ နယ်စပ်ထိပြန်မောင်းထုတ်တော့ အခုငြိမ်နေတယ်"လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)
ဟာ နာဂလူမျိုးများနေထိုင်ရာ ဒေသအားလုံး
ကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့တွင်းသဘောထားကွဲလွဲမှုတွေကြောင့် အဓိကအားဖြင့်NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။ NSCN-IM ဟာစစ်တပ်နဲ့ပူးပေါင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့် ထိနယ်စပ်ဆက်စပ်နေပါတယ်။ နယ်စပ်
တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် အ
သိပေးထားပါတယ်။
တမူးခရိုင်မှာ မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းတိုက်ပွဲတွေမှာ ကသည်းတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေရရှိခဲ့ဖူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယအစိုးရထံတရားဝင်လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ စစ်ကောင်စီဦးဆောင်တဲ့တပ်တွေက အိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်
ကြောင်းထိုးလာတာနဲ့ ပတ်သက်ပြီး အမျိုး
သားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာမသိရသေးဘူးလို့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။

👍37❤7👎3🔥1👏1🖕1
ဟုမ္မလင်းမှာ ရှမ်းနီတပ်(SNA)တပ်သားက ကောလိပ်ကျောင်းအတွင်း ကျောင်းသား ၁ဦးကို သေနတ်နဲ့ ပစ်ခတ်
အောက်တိုဘာ−၂၁၊၂၀၂၆။အိမ်သွင်/People's spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်က ဟုမ္မလင်းဒီဂရီကောလိပ်ကျောင်းမှာ SNA ရဲဘော်ဖြစ်တဲ့ အဝေးသင် ပထမနှစ်ကျောင်းသားက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
" ရှမ်းနီတပ်က အကောင်က ကျောင်းကိုသေနတ်ယူလာပြီး ပစ်တာ။ သူတို့ပဲ အရမ်းကို ရမ်းကားနေတာ။ ဘယ်သူကမှလဲမထိန်းကျောင်းနိုင်တော့ဘူး။ စစ်တပ်လည်း မထိန်းနိုင်တော့ဘူး"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ကျောင်းသားဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ဒီနေ့အောက်တိုဘာ ၂၁ရက်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဟုမ္မလင်းမြို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဆက်စပ်နေပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော်လို့ အမည်ပေးထားတဲ့ SNA က ဟုမ္မလင်းမြို့နယ်မှာလည်း အခြေစိုက်ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ် စစ်ရေးလှုပ်ရှားနေပါတယ်။စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်နေပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကို စစ်တပ်နဲ့အတူ SNA က ထိန်းချုပ်ထားပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။
စာသင်ခန်းအတွင်း လက်နက်ကိုင်ပြီး ကျောင်းတက်နေတာက ကျန်ကျောင်းသားတွေအတွက်အလွန်အန္တရာယ်ကြီးပြီး တရားဥပဒေစိုးမိုးရေးမရှိတာနဲ့ SNA တပ်ရဲ့ ဖွဲ့စည်းပုံပရမ်းပတာဖြစ်နေတာကို သိသာထင်ရှားစေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

🤬28👎4👍2🤣2❤1😢1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြန်မာတစ်ဦး ဂျပန်ဘတ်စ်ကားလိုင်းရဲ့ ပထမဆုံး နိုင်ငံခြားသားယာဥ်မောင်းဖြစ်လာ
မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးဟာ ဂျပန်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှာ မှတ်တမ်းသစ် တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ရှီဇူအိုကာဒေသမှာ ပုံမှန်ပြေးဆွဲတဲ့ ဘတ်စ်ကားယာဉ်လိုင်းမှာ ကိုပြည့်စုံဟာ ပထမဆုံး နိုင်ငံခြားသား ယာဉ်မောင်းအဖြစ် ခန့်အပ်ခံရကြောင်း ဖူဂျီကျိုတို ရှင်ဇူကာ ဘတ်စ်ကားလိုင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်က ဘတ်စ်ကားယာဉ်မောင်း ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အလုပ်ဆင်းနေတဲ့ ကိုပြည့်စုံရဲ့ ဓာတ်ပုံကိုလည်း ယာဉ်လိုင်းက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ ကိုပြည့်စုံဟာ ရှပ်အင်္ကျီအဖြူနဲ့ လက်အိတ်အဖြူကို ဝတ်ဆင်ထားပြီး ဘတ်စ်ကား ယာဉ်မောင်းထိုင်ခုံမှာ ရှိနေတာကို တွေ့ရပါတယ်။ ယာဉ်လိုင်းရဲ့ ပထမဆုံး နိုင်ငံခြားသားကို ခန့်အပ်လိုက်တဲ့ သတင်းဟာ လူမှုကွန်ရက်ပေါ်မှာ အာရုံစိုက်မှုတွေကို ရရှိခဲ့ပြီး ဝမ်းသာကြောင်း မှတ်ချက်ပေး တုံ့ပြန်သူတွေ ရှိခဲ့ပါတယ်။ ဂျပန်မှာ တရားဝင် အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဘာသာစကားနဲ့ အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်ပညာရပ်တွေကို ကြိုးစား သင်ယူခဲ့တဲ့ ကိုပြည့်စုံကို တချို့ကလည်း ချီးကျူးခဲ့ပါတယ်။ တချို့မှတ်ချက်တွေကတော့ နိုင်ငံအနှံ့က ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်မောင်းအင်အား မလုံလောက်တာကြောင့် လူသစ်တွေ ခန့်အပ်ဖို့ လိုအပ်တဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုပြည့်စုံကို အလုပ်ခန့်လိုက်တာဟာ ဂျပန်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ဘတ်စ်ကားလိုင်းတွေမှာ နိုင်ငံခြားသားတွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးထွားလာနိုင်တယ်ဆိုတဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်လာပါတယ်။
◾️ချင်း-မကွေးအစပ် စစ်မျက်နှာ ၄ခုမှာ စစ်တပ် အထိနာအောင် တိုက်ခိုက်ထားဟု ချင်းတပ် CPU/CPA ပြော
ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။ လက်ရှိ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအကျဉ်းကို ဆလိုင်းယောမာန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြအသိပေးခဲ့ပြီး တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ CPU/CPA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေကတော့ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ချင်း-မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။ (၅)လတာ တိုက်ပွဲမှာ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြေပြင်က ရဲဘော်တွေဟာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ အထိနာအောင် အကြိမ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ချင်းပြည်နှင့် ချင်းပြည်သူလူထုကို အကောင်းဆုံး ကာကွယ်ခုခံ နေပါတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ စစ်တပ်ရဲ့ ထိခိုက်ကျဆုံးနဲ့ သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိ သုံ့ပန်းတွေ၊ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိတယ်လို့ ဆိုပါတယ်။
◾️စစ်တပ်က ပေါက်တောကို ဗုံးပတ်ကြဲ၊ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
စစ်တွေ နဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဥ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်ည ၉ နာရီကျော်မှာ Y12 လေယာဉ်တစီးနဲ့ ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ် ပြားသကြွယ်ရွာတို့ကို ဗုံးအလုံး ဆယ်ချီကြဲချခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ ပေါက်တောမြို့ပေါ်၊ ပြားသကြွယ်ရွာနဲ့ ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ ကြိမ်ခွေမော်၊ မနော်သီရီ၊ လက်ပံပြားတို့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းတို့ကို ဗုံးကြဲနေခဲ့ပြီး ဗုံးအလုံးပေါင်း ၂၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
◾️ဝန်းသိုနဲ့ ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်

👍17🔥3🖕3❤2
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ အောက်တိုဘာ၂၁ရက် မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်မြို့နယ်ကနေ အောက်တိုဘာပထမပတ်ကတည်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ဝန်းသို-ကောလင်းလမ်းမှာ နဲ့ အင်းတော်-ထီးချိုင့်လမ်းမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၂ဝရက်က ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး ကောလင်းမြို့ကို အင်အား ၁၀၀ခန့် ဝင်ရောက်သွားတယ်လို့သိရပါတယ်။ ဂျိုးတောင်ရွာအနီး ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က Y-12 နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကလည်း ပိန်းအင်းရွာအတွင်းမှာ ရှိနေသေးပြီး ကျေးရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။ ပိန်းအင်းရွာက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာ စခန်းသိမ်းခံရတဲ့ စစ်တပ်က အရပ်သားတွေ ပစ်မှတ်ထား ဗုံးကြဲနေ
ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ မနေ့က နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို စစ်တပ်က ဗုံးကြဲခဲ့ပြီး အဲ့ဒီနေ့ရာတွေက KIA ရော PDF ရော မရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိတိုက်ပွဲဟာ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ ဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်ကောင်စီက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။
◾️ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF အစည်းအဝေး ဒီလကုန်ပိုင်း ကျင်းပမယ်
မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ FATFဥက္ကဋ္ဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့က ကြေညာပါတယ်။ နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးက ကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ စုဝေးဆွေးနွေးမှာ ဖြစ်ပါတယ်။
◾️စစ်တပ်နဲ့ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ပြန်ပြေး
အိန္ဒိယ- မြန်မာနယ်စပ်မှာ စစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့ နာဂပူးပေါင်းတပ်တွေက အိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B)နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တိုဘာ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
◾️စလင်းမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို PDF က ဒရုန်းနဲ့ တိုက်ခိုက်

❤18👍6🔥2🖕2