People's Spring
✔
59.3K subscribers
72.4K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပြီးတော့ မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့နေရာကဘာကြောင့်လျှို့လျှို့
ဝှက်ဝှက် လုပ်ငန်းလည်ပတ်ရတဲ့ ဌာနတစ်ခု ဖြစ်လာသလဲ ဆိုတာကိုလည်း သူက မေးခွန်းဆက်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စင်တာမှာ သတင်းထောက်က သူတစ်ယောက်
တည်း ရှိတာကြောင့် သူဟာပစ်မှတ်ဖြစ်ခဲ့ပြီး လုံခြုံရေးအရ အမြန်ထွက်ခွာခဲ့ရတယ်လို့ ပေါ့ဒ်က​ပြောပါတယ်။

သူက ထိုင်းမီဒီယာတွေရဲ့တခြားသတင်း
ထောက်တွေ အနေနဲ့ လည်း CIစင်တာတွေမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် CIထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို သေချာ အာရုံစိုက် သတင်းယူကြဖို့ ​မေတ္တာရပ်ခံထားပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရ အဲဒီလုပ်ငန်းစဉ်တွေမှာ မသမာမှုတွေ၊ ပုံမှန်မဟုတ်တာတွေ ရောထွေးနေနိုင်ကြောင်း သိ
သာလာစေတယ်လို့လည်း ပေါ့ဒ်က သုံးသပ်ပြထားခဲ့ပါတယ်။

ထိုင်းအစိုးရက စစ်ကောင်စီကို ထိုင်းနိုင်ငံအ
တွင်းမှာ လုပ်ငန်းဆောင်ရွက်ခွင့် ပေးထားတဲ့အပေါ် ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ သက်ဆိုင်
ရာလုပ်ငန်းစဉ်တွေမှာ မမှန်မကန်လုပ်ဆောင်မှုတွေ ရှိ၊ မရှိကို အားလုံးဝိုင်းဝန်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီနေ့သူကြုံတွေ့ခဲ့ရတာဟာ သတင်းထောက်တစ်ဦးရဲ့ လုပ်ငန်းကို ခြိမ်းခြောက်တားဆီးဖို့ ကြိုးစားမှုတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ မြန်မာရွှေ့ပြောင်းအ
လုပ်သမား သုံးသန်းကျော်အပေါ် ဖိအားပေးတာ၊ သူတို့ကို ရွေးချယ်စရာမရှိတဲ့ အခြေ
အနေထဲ တွန်းပို့တာတွေနဲ့ နှိုင်းယှဉ်ရင် သူကြုံခဲ့ရတာဟာ အနည်းငယ်သာ ရှိပါလိမ့်မယ်လို့လည်းဆက်လက်​ရေးသားထားပါတယ်။

ဒီကိစ္စဟာ ထိုင်းလူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့လည်းသက်ဆိုင်တယ်လို့သူက​ရေးသားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI စာရွက်စာတမ်းထုတ်ပေးရာမှာ ကုန်ကျတဲ့ အခကြေးငွေတွေ၊ ဝန်ဆောင်ခတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက် အကျိုးရှိစေမယ့်ပုံစံ ဖြစ်သင့်ပြီး မြန်မာစစ်ကောင်စီနဲ့ အလုပ်သမားတွေဆီကနေအခကြေးငွေကောက်ခံနေတဲ့ ပွဲစားတွေရဲ့ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလို့သူက​​ရေးသားပါတယ်။

ဒီနေ့သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်​ကြောင့် လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာရွက်စာ
တမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိနေကြောင်း ပိုမိုထင်ရှားစေခဲ့တယ်လို့သူကဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်ကအရာရှိလို့ ပြောဆိုသူတွေက အာဏာပြပြီး သတင်းမီဒီယာလုပ်
ငန်းကို တားဆီးဖို့ ကြိုးစားခဲ့တာနဲ့ သတင်း
ထောက်တစ်ဦးရဲ့ ပုံမှန်သတင်းယူမှုကိုမကျေ
နပ်ဘဲ တားဆီးဖို့ ကြိုးစားခဲ့တဲ့ အရပ်ဝတ်နဲ့ ထိုင်းအမျိုးသားနှစ်ဦးရဲ့ လုပ်ရပ်တွေကိုသူက​မေးခွန်းထုတ်ပါတယ်။

စစ်ကောင်စီဘက်က ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ အခုပို့စ်ကို ဖတ်မိရင် တစ်ခုသိထားစေချင်လို့ သတင်းစကားပါးပါတယ်။

"ဒီနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး သတင်းလွတ်
လပ်ခွင့်ရှိတဲ့နိုင်ငံပါ။ သတင်းထောက်တွေကို ခြိမ်းခြောက်တာ၊ သတင်းယူမှုကို တားဆီးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး"လို့​ရေးသားရင်း သူကအဆုံးသတ်ပါတယ်။

ပေါ့ဒ်ရဲ့ ​ပိုစ်​အောက်မှာထိုင်းပြည်သူ​တွေက စစ်အုပ်စုအ​နေနဲ့ ထိုင်းနိုင်ငံမှာ သံရုံးနဲ့​ကောင်စစ်ဝန်ရုံး​နေရာမဟုတ်ဘဲနဲ့ အခုလိုလုပ်မရဘူးလို့ ​ရေးသားမှတ်ချက်ပြုကြသလို ၊စစ်​ကောင်စီကိုအခုလိုလုပ်ခွင့်ပြုတဲ့ထိုင်းအစိုးရအ​ပေါ်ကိုလည်း​ဝေဖန်​နေကြပါတယ်။

ထိုင်းပြည်သူတဦးကမမြင်ဖူး မ​တွေ့ဖူးတာ​တွေ အခုမြင်ဖူး​တွေ့ဖူးသွားပြီလို့မှတ်ချက်ပြုပါတယ် ။

အခြားထိုင်းပြည်သူတဦးက "စိတ်ကောင်းရှိပြီး အလုပ်ကို မှန်မှန်ကန်ကန် လုပ်တဲ့သူဆိုရင် ဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူမျိုး ပြမှာမဟုတ်ပါဘူး။ဒါဟာ ထိုင်းနိုင်ငံပါ၊ မြန်မာ
နိုင်ငံ မဟုတ်ပါဘူး"လို့မှတ်ချက်​ရေးပါတယ်။

"ကိုယ့်နိုင်ငံပိုင်နက်ပြင်ပမှာ ကိုယ့်နိုင်ငံရဲ့ အ
ချုပ်အခြာအာဏာကို ကျင့်သုံးနိုင်တဲ့နေရာဆိုတာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးလို နေရာမျိုးတွေပဲ ရှိသင့်တာပါ။ အခုလို CI စင်တာမှာပါ ဒီလိုအာဏာမျိုးနဲ့ လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်စရာ မဟုတ်ပါဘူး"လို့ ထိုင်းပြည်သူတဦးကလည်း​ စစ်အုပ်စုလုပ်ရပ်အ​ပေါ်ဝေဖန်ထားပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သားသစ်​တွေကိုစစ်
တပ်က အခွန်နဲ့ ဝန်​ဆောင်ခ​တောင်းပြီး CI ကတ်ထုတ်​ပေးဖို့ CI စင်တာ ၅ ခုဖွင့်ထားကာ အရာရှိသုံးဆယ်​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်ကတည်းကထိုင်းကို​စေလွှတ်ခဲ့ပါတယ် ။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ၁၄ရက်ကဖွင့်လှစ်ပြီး လျှောက်
ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။သုံးလစာရဲ့ ၂၅ ရာ
ခိုင်နှုန်းမိသားစုထံပြန်ပို့​ကြောင်းအ​ထောက်အထား၊အခြားစာရွက်စာတမ်းနဲ့ လမ်းစာရိတ်​တွေ​ကြောင့်လုပ်သား တဦးကို ဘတ် တစ်​သောင်း​ကျော်​လောက်ထိကုန်နိုင်တယ်လို့ လုပ်သားအ​ရေး​ဆောင်ရွက်​နေသူ​တွေက​ပြောပါတယ် ။
👍25❤5🔥3🤣1
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ဒါ​ကြောင့် CI လုပ်​ပေးတာတစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​အများစုဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကိုးကား/ဓါတ်ပုံ Pod Nathaphob Facebook
👍29❤6🔥2🤣1
ကိုးကား/ဓါတ်ပုံ Pod Nathaphob Facebook
👍41🔥3❤1👏1🤣1
အွန်လိုင်းမှာ စျေးရောင်းလို့ ထိုင်းရောက် မြန်မာအမျိုးသမီး အဖမ်းခံရ

​အောက်တိုဘာ-၂၁၊၂၀၂၆။People's Spring

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး စျေးရောင်းတဲ့ မြန်မာ အမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရနောင်းလူဝင်မှု ကြီးကြပ်ရေး ရဲဌာနမြန်မာအမျိုးသမီးကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အွန်လိုင်းမှာ ကုန်ပစ္စည်းတွေကို တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ပြီးရောင်းချနေကြောင်း တိုင်ကြားချက်ကြောင့် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

သက်သေ အထောက်အထားတွေ ခိုင်လုံတဲ့နောက် ပက်ခ်နမ်ရနောင်းရဲတပ်ဖွဲ့ဟာ အောက်
တိုဘာ ၁၉ ရက်နေ့မှာ တရားရုံးဆီက ဖမ်းဝရမ်း ရယူပြီး မတင်ဦးကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။အမျိုးသမီးကလိပ်စာ သတ်သတ်
မှတ်မှတ် မရှိတာကြောင့် သူ့ကို နေရာရွှေ့
ပြောင်းသွားတာ၊ ထွက်ပြေးသွားတာမျိုး
မလုပ်နိုင်ခင် အလျင်အမြန် ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

အောက်တိုဘာ ၂၀ မနက်ပိုင်းမှာတော့ ရဲတွေက သူ့ကို ရှာတွေ့ခဲ့ပြီး သူ့အတွက် ဖမ်းဝရမ်း ထုတ်ထားတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ နောက်တော့ ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပက်ခ်နမ်ရနောင်း ရဲစခန်းဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလတုန်းက ထိုင်းအလုပ်
သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေဟာ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေ ရောင်းချတာမျိုးကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေက ဥပဒေ စည်းမျဉ်းတွေ ချိုးဖောက်ကြောင်း သံသယရှိစရာ အခြေ
အနေတွေ တွေ့လာရင် ဒေသဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ရုံးတွေ၊ ဗျူရိုတွေကို ဆက်သွယ်ဖို့လည်း အာဏာပိုင်တွေက ထိုင်းပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ကိုးကား/ဓါတ်ပုံ- Chiangmai Post
😢23❤7👎1👏1
ကိုးကား/ဓါတ်ပုံ- Chiangmai Post
🔥13😢12👍5👎1👏1😱1
ဝန်းသိုနဲ့ ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေယာဉ်ပစ်ကူသုံး ခုခံ

အောက်တိုဘာ−၂၁၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့နယ်ကနေ အောက်တိုဘာပထမပတ်ကတည်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ဝန်းသို- ကောလင်းလမ်းမှာ နဲ့ အင်းတော်-ထီးချိုင့်လမ်းမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

အောက်တိုဘာ ၂ဝရက်က ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး ကောလင်းမြို့ကို အင်အား ၁၀၀ခန့် ဝင်ရောက်သွားတယ်လို့သိရပါတယ်။ဂျိုးတောင်ရွာအနီး ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က Y-12 နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကလည်း ပိန်းအင်းရွာအတွင်းမှာရှိနေသေးပြီး ကျေးရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။ ပိန်းအင်းရွာက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

"မနက်ပိုင်းကတည်းက နှစ်နေရာလုံးမှာ ဆော်နေကြတယ်။စစ်တပ်က ပြန်ဆုတ်လာတဲ့ စစ်ကားလည်း FVP ဒရုန်းမိတာ တွေရှိတယ်။နှစ်နေရာလုံး ဆိုင်ထားကြပြီး တိုက်ပွဲကပြင်းနေတာ"လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲမှုကြောင့် ထိခိုက်မှုတွေကို မသိရသေးပါဘူး။စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။

"တိုက်ပွဲက မနက်ကတည်းကပြင်းထန်နေတာ။စစ်ရှောင်ပြည်သူတော့ အခု စစ်ကြောင်းအခြေအနေကြည့်ပြီးကပ် ရှောင်ကြတာ။ထိုင်ထားတာမဟုတ်တော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကြောင်းကျော်သွားတဲ့ ရွာတွေကပြန်ဝင်၊ ဒီလိုပဲရှောင်နေကြတာ ပေါ့"လို့ ဝန်းသို မြို့နယ်မှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
👍24🔥5👏4👎2😢2🥰1🤬1🎉1🤣1
(အင်းတော်မြို့နယ်ꩻ ပိန်းအင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို အောက်တိုဘာ ၁၈ရက်နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ − CJ)
🔥21🤬13❤1👎1🥰1👏1🤩1🤮1
လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က ပူတာအို ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတွေကို အစည်းအဝေးခေါ်

အောက်တိုဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် အသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ ပူတာအို ခရိုင်အတွင်း နယ်မြေတည်ငြိမ်လုံခြုံမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြဖို့ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က စာပို့ ခေါ်ထားပါတယ်။

"ပြည်သူ့စစ်က ဘာသာရေးအသင်း‌တွေကို အစည်းအဝေးခေါ်တာဟာ တပ်သားသစ် စည်းရုံးပြောဆိုပေးဖို့လို့ သုံးသပ်ပါတယ်"လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစာကို ကချင်သတင်းရင်းမြစ်အချို့နဲ့ ပူတာအိုဒေသခံ အချို့က ဒီကနေ့မှာ လူမှုကွန်ရက်ပေါ် ဖော်ပြ အသိပေးလာတာပါ။

လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ဖို့ ဖိတ်ခေါ်တဲ့စာမှာ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်သာသနာအသင်းတော်အသီးသီး မှ ဧဝံဂေလိ လုပ်ငန်းကော်မတီ သို့မဟုတ် သာသနာခရိုင် သို့မဟုတ် သာသနာပိုင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် ၅ဦးစီ မပျက်မကွက် တက်ရောက်ဖို့ ရေးသားထားပါတယ်။

အစည်းအဝေးကို အောက်တိုဘာ ၂၂ရက် နံနက် ၁၀နာရီမှာ ပူတာအိုမြို့ ရဝမ်အမျိုးသားဥယဉ် အတွင်း ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။

အဲဒီလို ဘာသာရေးအဖွဲ့အစည်းတွေကို စစ်ရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။

" ပူတာအိုမှာ ဌာနေ ပြည်သူ့စစ်နာမည်ခံပြီး ဒေသခံလူငယ် များကို ပုံစံ မျိုးစုံ နဲ့ စုဆောင်းရေး လုပ်နေတာ ကို မြင်တွေ့နေရတာပါ။ ဘာသာရေးဘက်ကိုပါ မြှားဉီးလှည့်လာနေတဲ့ အတွက် ဒေသခံ လူငယ်များ အထူးသတိထားနိုင်ကြဖို့ပါ” လို့ ကချင်သတင်းရင်းမြစ်တဦးက မှတ်ချက်ပြုပါတယ်။

ပူတာအိုဒေသခံ တစ်ဦးကလည်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဆိုတာ အာဏာသိမ်းစစ်တပ်ရဲ့ အရံအင်အားတခုသာဖြစ်ပြီး ပူတာအိုဒေသခံ ပြည်သူလူထုကို ကိုယ်စားမပြုတာကြောင့် စစ်ရေးနဲ့ မဆိုင်တဲ့ ပြည်သူလူထုကို ဒုက္ခမပေးပါနဲ့ လို့ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ အစည်းအဝေးဖိတ်ခေါ်စာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဖော်ပြ ရေးသားထားပါတယ်။

ဒါ့အပြင် ပူတာအိုဒေသခံက “ ရဝမ်လူမျိုးတယောက်အနေနဲ့ အထူးသတိပေးလိုတာက ရဝမ်အမျိုးသားဥယဉ်ဟာ စစ်ပွဲအတွက် စုဝေးရမဲ့ နေရာမဟုတ်ဘူးဆိုတာပါ။ ပြည်သူ့စစ် (ဌာနေ)အဖွဲ့က ရဝမ်ကိုယ်စားပြု လုံး၀(လုံး၀)မဟုတ်ဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ အရံတပ်ဖွဲ့တခုသာဖြစ်ပါတယ်” လို့လည်း ရေးသားထားပါတယ်။

ခေါင်လန်ဖူးပြည်သူ့စစ်ဟာ လတ်တလောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းစခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာပြီးနောက် ပူတာအို၊ ခေါင်လန်ဖူး ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က လူသစ်စုဆောင်းတာ၊ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ခေါင်လန်ဖူးတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က သူ့လက်အောက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်းအောက်တိုဘာလဆန်းပိုင်းမှာ ပြောပြထားပါတယ်။
ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို သိမ်းရတာ အပါအဝင် KIA ပူးပေါင်းတပ်က နယ်မြေတွေ ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိကြောင်းအသိပေးပါတယ်။

“ပြဿနာကတော့ ပြည်သူ့စစ်တွေများပါတယ်။ ထိခိုက်တာလည်း ပြည်သူ့စစ်များပါတယ်။ဆိုတော့ကျနော်တို့ အချင်းချင်း ပစ်ရခတ်ရတဲ့ အနေအထားပုံစံမျိုးဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။

ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းကမထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပြပါတယ်။

“ဒါကြောင့် ပြည်သူ့စစ်တွေကတော့ ထွက်ပြေးသွားတာ အများကြီးရှိပါတယ်။ နောက်ထိခိုက်သွားတာ ကျသွားတာ ဒဏ်ရာရတာတွေ ဆေးရုံပြည့်နေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရာကို မလွတ်အောင် ကြိုးစားဖို့အတွက် ပူတာအိုတကြောလုံးမှာလည်း စစ်သား ပြန်ပြီးမှ ပြည်သူ့စစ်စုဆောင်းတာတွေ နောက် သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့ အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ခေါင်လန်ဖူးဒေသမှာအင်အားထောင်ချီ စစ်သားစုဆောင်းဖို့လုပ်ဆောင်နေကြောင်း ဒေသခံ လူမျိုးစုအဖွဲ့အချို့က ထုတ်ပြန်ထားတာရှိပါတယ်။ဒါကြောင့် ပူတာအို ဒေသခံ လူထုတွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့လည်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
🤬21👏6👍3👎2😁2❤1🎉1
🤬19🤮8👏6👎1😁1🤩1
■​ဆောင်းပါး

အယ်လ်နီညိုမန္တလေးနဲ့ လျှပ်စစ်မီး

သစ်လွင်ဦး/People's Spring

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

အယ်လ်နီညိုကြောင့် တဟုန်းဟုန်း ပူပြင်းနေရတဲ့အထဲ လျှပ်စစ်မီးတွေပါ ဆိုးဆိုးရွားရွား ပြတ်တောက်နေတာမို့ မြို့ခံတွေဟာ အပူဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၃) ရက်နေ့တုန်းက
တော့ သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကနေ မန္တလေးမြို့နယ် (၇) မြို့နယ်လုံးကို လျှပ်
စစ်ဓာတ်အား ထက်ဝက် လျှော့ချမယ်၊ A နဲ့ B ဆိုပြီး အုပ်စုခွဲလို့ ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့ကို ၁၂ နာရီပဲ မီးပေးတော့မယ်လို့ အသိပေး ကြေညာခဲ့တာပါ။ စာထုတ်ပြန်ကာစကတော့ မီးပြတ်ချိန် နည်းနေခဲ့ပေမယ့် အခု အောက်တိုဘာ တတိယပတ်ထဲကစလို့ မီးပြတ်တောက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ နွေရာသီတုန်းက တစ်ရက်ကို ၈ နာရီ မီးဖြတ်ခဲ့တာပါ။ အခုလို နွေရာသီတောင် မရောက်သေးဘဲ အယ်နီညိုကြောင့် အပူချိန်တွေ မြင့်တက်နေတဲ့ အချိန်ကျမှ နွေထက်တောင် ပိုပြီး မီးဖြတ်ပစ်နေတာကိုတော့ မန္တလေးမြို့ခံတွေအနေနဲ့ မကျေမနပ် ဝေဖန်နေကြပါတယ်။

"မနေ့ညက ၈ နာရီက ပြတ်သွားတာ။ တစ်ညလုံး ပြန်မလာဘူး။ မနက် ၆ နာရီ ခဏလေးလာပြီး ပြန်ပြတ်သွားတယ်။ ကောင်းကောင်းမအိပ်ရဘူး"လို့ ချမ်းအေးသာစံမြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။ လျှပ်စစ်မီးဖြ​တ်တောက်မှု အချိန်ကြာမြင့်တာကြောင့် ဖုန်းတွေကအစ အားမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

နေ့ခင်းဘက် မကြာခဏ ပြတ်တောက်တဲ့အပြင် ညဘက်မှာလည်း တစ်ညလုံးနီးပါး ပြတ်တောက်နေတဲ့အတွက် ညဘက်အိပ်မရတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ "နေ့ခင်း အလုပ်လုပ်ပြီး ညဘက်ကျ အေးအေးအိပ်ချင်တာကို အိပ်မရဘူး"လို့ အောင်မြေသာစံမြို့နယ်က အမျိုး
သားတစ်ဦးက ပြောပါတယ်။

​ပိုဆိုးတာကတော့ အခုအချိန်ဟာ အခြေခံ
ပညာ ကျောင်းသား၊ ကျောင်းသူတွေ စာမေး
ပွဲဖြေနေကြရတဲ့ အချိန် ဖြစ်နေပြီး ရာသီဥတုက ပူလွန်းလို့ ကလေးတွေ စာမကျက်နိုင်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်ကြပါဘူးလို့ မန္တလေးမြို့ခံ ကျောင်းသားမိဘတွေက ပြောပါတယ်။

"ကလေးတွေက ညကျ ပူလို့အိပ်မရတော့ မနက်ကျ မလန်းဘူး"လို့ မဟာအောင်မြေမြို့နယ်က အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ မီးပြတ်တာ ကြာလွန်းတာကြောင့် ရာသီဥတုအပူဒဏ်နဲ့ ကလေးငယ်တွေ ဖျားနာတာတွေလည်း ဖြစ်ပွားနေကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးပုံမှန်မရတဲ့အပြင် စက်သုံးဆီ ဈေးနှုန်းတွေကပါ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေဟာ ပိုမိုကျပ်တည်းစွာ နေထိုင်နေရပါတယ်။

NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကအောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ မိုးလေဝသအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားရာမှာ ကချင်ပြည်နယ်၊ စစ်
ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မိုးရွာသွန်းမှု သိသိသာသာလျော့နည်းသွားပြီး၊ နေ့အပူ
ချိန်တွေ တိုးလာနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီး
ဌာနက ပြင်းထန်အယ်လ်နီညိုအတွက် အိမ်
ထောင်စုအဆင့် ကြိုတင်ပြင်ဆင်ဖို့အကြံပြုထားရာမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် အရိပ်ရပြီး အေးတဲ့နေရာတွေ၊ နေအိမ်တွင်းလေအေးပေးစက်၊ လေပန်ကာစတာတွေနဲ့ အပူဒဏ် သက်သာအောင်စီမံပေးသင့်ကြောင်း အကြံပြုထားပါတယ်။

လျှပ်စစ်ဓါတ်အားပြတ်တောက်မှုအတွက်လည်း အရန်ဓါတ်အားရရှိစေဖို့ Power bankတွေ၊ အားပြန်သွင်းနိုင်တဲ့ဆိုလာမီး၊ ဓာတ်မီး၊ ဘက်ထရီနဲ့ အင်ဗာတာတွေ အရန်
သင့်ထားရှိဖို့၊ လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့်မတော်တဆမီးဘေးအန္တ
ရာယ် ကျရောက်နိုင်ခြေကိုအထူးဂရုပြုဖို့ အသိပေးထားပါတယ်။

အယ်နီညိုကာလမှာမှဆိုးရွားစွာပြတ်တောက်နေတဲ့ လျှပ်စစ်မီးကြောင့် မန္တလေးမြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန်နေကြရပါတယ်။ "အယ်နီညိုဖြစ်နေတာကိုတမင်လုပ်တာ"လို့မန္တလေး
မြို့ခံအမျိုးသမီးတစ်ဦးကပြောလိုက်ပါတယ်။ ။
🤮13🔥11❤4👍2👎2🤣1
🔥17🤮7❤1👎1🤣1
စဉ့်ကူးမြို့နယ်မှာ တံငါသည်လှေတွေကို စစ်တပ်ပစ်ခတ်လို့ တံငါသည် ၁ဦး ဒဏ်ရာရ

အောက်တိုဘာ-၂၁၊၂၀၂၆။ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ရက် ဒီနေ့၊နေ့လည်၂နာရီခန့်မှာ မြစ်ကမ်းကြီး ကျေးရွာအနောက်ဘက်က ကျေးရွာတွေကို စစ်ဘေးရှောင်နေရတဲ့ပြည်သူ တွေဟာ ကျေးရွာရဲ့ အနောက်ကမြစ်အတွင်းကို တံငါသွားလုပ်တာလို့ သိရပါတယ်။

အဲဒီအချိန် မြစ်ကမ်းကြီးရွာရဲ့ အရှေ့ဘက်က သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ကင်းလာလှည့်ချိန်နဲ့ တွေ့ပြီး တံငါသည်တွေကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

"ပစ်တာမှန်း တိုက်ပွဲဖြစ်နေသလိုကို ပစ်တာ။အနောက်ဘက်က ကျွန်းပေါ်အထိ ကျည် တွေကျတယ်။တံငါသည်တယောက် ခြေထောက်မှန်တယ်။လူအရိပ်ယောင် တောင်မမြင်ချင်ဘူးဆိုပြီး ရွာအနားဘယ်သူ့မှကိုအကပ်မခံဘူး။တံငါသည် တွေကလည်း စစ်ရှောင်ရတာကြာတော့ စား ရေး သောက်တာခက်ခဲပြီး အဲဒီနားကငါးပိုရတယ်ဆိုပြီးရွာ အခြေကို ကပ်လုပ်ကြလို့အပစ်ခံရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကမ်းကြီးကျေးရွာဟာ တံငါသည်လုပ်အသက် မွေးဝမ်းကြောင်းပြုသူများပြီး မန္တလေးတိုင်းအတွင်းက ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေး ပြုလုပ်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ဒီရွာနဲ့တစ်အုပ်စုတည်းဖြစ်တဲ့ မြစ်ကမ်းကြီးရွာရဲ့ အနောက်ဘက်က စဉ့်အိုးကျွန်း ပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချတာကြောင့် ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
🤬29👎3🔥3❤2👏1😢1🎉1
(စဉ့်ကူးမြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)
👎21🤬12🔥5👏1🤩1🤮1
သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း ဆားလင်းကြီးမှာ ပြုလုပ်

အောက်တိုဘာ ၂၁၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒီကနေ့ (အောက်တို့ဘာ ၂၁) မှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤19👍8🥰3👏3🖕2🤮1🤣1
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤27🥰6👍5🤣2👏1🤮1🖕1
မြန်မာအပါအဝင် ငွေကြေးခဝါချမှုအမည် ပျက်စာရင်းသွင်းခံရတဲ့နိုင်ငံတွေရဲ့အ​ခြေ
အ​နေသုံးသပ်မယ့် FATF အစည်းအဝေး
လာမယ့်အပတ်အတွင်း ကျင်းပမယ်

အောက်တိုဘာ-၂၁ ၊၂၀၂၆။ဇော်၀င်း /People's Spring

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

FATFဥက္ကဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်
တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့ကကြေညာပါတယ်။

နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးကကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံ
ရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပါရီမြို့မှာစုဝေးဆွေး
နွေးမှာဖြစ်ပါတယ်။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ဘဏ္ဍာ
ရေး ထောက်ပံ့မှုတွေနဲ့ အစုလိုက်အပြုံလိုက် သေစေတတ်တဲ့လက်နက်တွေ ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ နိုင်ငံတွေရဲ့ အရေးယူဆောင်
ရွက်ချက် ဘယ်လောက် ထိရောက်တယ်ဆိုတာ အပါအ၀င် FATF ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေ (Jurisdictions under increased monitoring) ရဲ့တိုးတက်မှုရှိ ၊မရှိ အခြေအနေတွေကိုလည်းပြန်လည်သုံးသပ်မယ်လို့ အသိ
ပေးပါတယ်။

အဲဒီစုံညီအစည်းအဝေးရဲ့ရလဒ်အကျဉ်းချုပ်
ကို FATF ရဲ့တရားဝင်ဝဘ်ဆိုက်မှာထုတ်ပြန်ပေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ကမြန်မာနိုင်ငံကိုဘဏ္ဍာရေးဆိုင်
ရာအမည်ပျက်နိုင်ငံ(Black Lists)အဖြစ်
မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ စစ်တပ်အာဏာသိမ်းပြီး ​နောက်တစ်နှစ် ၂၀၂၂ ခုနှစ်ကတည်းက သတ်မှတ်ထားဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ Blacklist ထဲ ပါဝင်ခဲ့ပေမယ့် ငွေကြေးလွှဲပြောင်းမှုတိုင်းကို အထူးသတိပြု စောင့်ကြည့်စစ်ဆေးတဲ့ Enhanced Due Diligence (EDD) အဆင့်ကိုသာတိုးမြှင့်လုပ်
ဆောင်ဖို့ နဲ့ ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးဖြစ်နေပြီးတရားမဝင် ငွေကြေးစီးဆင်မှုတွေအတွက် စိစစ်မှု ရှိ၊မရှိ ဆက်လက် စောင့်ကြည့်မယ်ဆိုပြ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်း အဝေးမှာ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုလာမယ့်အစည်းအဝေးမှာ FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ မြန်မာ
နိုင်ငံကိုသတ်မှတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်
ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် အာဏာသိမ်းစစ်အုပ်စုအ
တွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာတာ၊ နိုင်
ငံတကာငွေပေးချေမှုစနစ်ကိုအသုံးပြုဖို့ အ
တားအဆီးတွေများလာတာ၊လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာတာနဲ့ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ စီးပွားရေး ပညာရှင်တွေက သုံး
သပ်ထားပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က အခြားငွေပေးချေမှုလမ်းကြောင်းများရှာဖွေနေမှု ဖြစ်တဲ့ ဘယ်လာရုဇ်လိုနိုင်ငံတွေဆီက ချေးငွေရယူဖို့ကြိုးပမ်းတာနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေကို ပြန်လွှဲခိုင်းတာ အစရှိတဲ့ နိုင်ငံခြားငွေဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေကလည်း အာဏာသိမ်းပိုင်းနောက်ပိုင်းကတည်းက စစ်တပ်ကထိန်း
ချုပ်ခဲ့ပါတယ်။
👍26❤5🔥4🥰1🤣1🖕1
၂၀၂၅ ဇွန်လမှကျင်းပခဲ့တဲ့ FATF အစည်းအ​ဝေးကို​တွေ့ရစဥ်။ဓါတ်ပုံ-FATF
👍30🔥5🥰1🖕1