People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
❤10🔥2🥰1🤮1🖕1
❤16👍3🔥3🖕2🤣1
ဗန်းမော်မြို့အနီးတိုက်ပွဲပြင်းထန်
စစ်တပ်အထိနာလို့လေကြောင်းဗုံးကြဲ

​အောက်တိုဘာ-၂၀၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အောက်တိုဘာလ၂၀ရက်မနက် ၄နာရီခန့်ကစပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားရသလို ပေါက်ကွဲသံတွေကိုညပိုင်းအထိကြားနေရတယ်လို့ သတင်းရင်းအမြစ်တွေကပြောပါတယ်။

" ဗန်းမော်နဲ့ မိုးမောက်ကြားက ၃ မိုင်မှာချနေတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကအသေအဆုံးများတယ်ကြားတယ်။အခုညလည်းလက်နက်ကြီးတွေပစ်ခတ်သံ ခဏခဏကြားနေရတယ်"လို့ ဗန်းမော်မြို့အပြင်ဘက်မှာ စစ်ဘေးရှောင်နေတဲ့ဒေသခံတဦးက ည ၈နာရီခန့်မှာပြောပါတယ်။

စစ်တပ်ကလေကြောင်းပစ်ကူ​ပေး ဗုံးကြဲတာကို ဒီနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာလုပ်ခဲ့တာလို့ သိရပါတယ်။

ကချင်စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ KIA နဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဗန်းမော်မြို့ကို KIA နဲ့ မဟာမိတ်တွေက စစ်မျက်နှာ ခုနစ်ခုနဲ့ ပြန်လည်ထိုးစစ်ဆင်နေပြီလို့ ရေးသားထားကြပါတယ်။ဗန်းမော်နဲ့ မိုးမောက်မြို့ဟာ ဆယ်မိုက်ခန့်ဝေးပြီး တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ ကုန်သွယ်ရေးလမ်းပေါ်မှာ ရှိနေပါတယ်။

မိုးမောက်မြို့ကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက ၂၀၂၄ ခုနှစ်၊သြဂုတ်လမှာ သိမ်း
ပိုက်ထိန်းချုပ်ခဲ့ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကို မသိမ်းနိုင်သေးပေမယ့် စကခ (၂၁)အပါအဝင် စစ်တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ဝ်ိုင်းပတ်ပိတ်ဆို့ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့​ရေယာဥ် အစီး​ရေ ၁၀ စီး​ကျော်ကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်နှစ်မြှပ်ခဲ့ပြီး စစ်သင်္ဘော အချို့ လက်နက်ချခဲ့ကာစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ အလင်းဝင်ခဲ့ပါတယ်။

ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌တွေစစ်တပ်ကဆုံးရှုံးခဲ့ပါတယ်။ စစ်သင်္ဘောအချို့ကတော့ ဗန်းမော်မြို့ကိုရောက်ရှိသွားတယ်လို့သတင်း
ရရှိပါတယ်။စစ်​ရေယာဥ်အချို့ ဗန်း​မော်​ရောက်ပြီး​နောက်ပိုင်း တိုက်ပွဲ​တွေဆက်တိုက်ဖြစ်ပွား​နေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီး KIA ပြန်
ကြားရေးတာဝန်ခံဗိုလ်ချုပ်ကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
❤26👍11👎5🥰1🤣1🖕1
ဗန်း​မော်တိုက်ပွဲမှာ KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေကို ​တွေ့ရစဥ်။
ဓါတ်ပုံ-ကချင်​တောင်တန်း
❤34👍9🖕2🥰1👏1🤮1🤣1
ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်းကနေ အလုပ်အကိုင်၊ကျန်းမာရေး၊
ငွေကြေး နဲ့ မိသားစုအရေးကိစ္စတွေအထိလူအများက AIကို အကြံဉာဏ်တောင်းခံလာကြပါတယ်။

ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်
ဆွေတ‌ယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။

ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်
တမ်း‌တွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အလုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။

လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာအဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။

အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

နားလည်ထားရမယ့်အချက်တခုက AIကို အ
သုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝ လျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။

The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာကစိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေ
သတွင်းသတင်းတွေမှာလွန်ခဲ့တဲ့ ၂နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်း‌တွေကို တ
ရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကား‌ပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။The Washington Post ရဲ့ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။

ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုး
သားတ‌ယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေအရ အဲဒီလိုစစ်
ဆေးတာ က နေ AI chatbot စကား‌ပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာတရားခံရဲ့ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေ
အနေမှာလည်း စက်ပစ္စည်းထဲက အချက်အ
လက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်အ
ထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြောစကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အ
ထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေး
နွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။



https://www.ludunwayoo.com/feature-mm/2026/10/20/171198/
👍29❤6🤮2🤣2🥰1
အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာ
သိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု​တွေကို ခံခဲ့ရတယ်။

သစ်ကြီးတောရွာဟာကိုယ့်အိမ်မှာတင်အမွှေးတိုင်လုပ်တဲ့ နေ့စားလက်လုပ်လက်စားသမား​လေးတွေလည်း အများအပြား ရှိပါတယ်။ နိုင်ငံရေးအရတော့ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေများတဲ့ရွာဆိုပြီးလူသိများတယ်။သစ်ကြီးတောရွာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကရော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ ရွာကြီးပါ။

သစ်ကြီးတောရွာဟာ၂၀၁၈ ခုနှစ်မတ်လဆန်းကမီးအကြီးအကျယ်လောင်ပါတယ်။ပေါ့ဆမီးကြောင့်လောင်တာအိမ်ခြေ ၁၅၃ လုံး မီး
လောင်ဆုံးရှုံးခဲ့ရတယ်။ ရွာသူရွာသားတွေ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရတယ်။ သူတို့ရွာ မီးလောင်တဲ့သတင်းကို သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြတော့ လူသိများသွားပြီး လာလှူကြတာ မနည်းမနောပဲ။

​ရွေး​ကောက်ခံအရပ်သားအစိုးရNLDအုပ်ချုပ်
နေပေမယ့် ဒီရွာဟာ အစိမ်းထောက်ခံတဲ့ရွာဆိုတဲ့သဘောထားမျိုး ဘယ်သူဘယ်ဝါမှ စိတ်ထဲ မရှိခဲ့ကြဘူး။ အဲဒီအချိန်က မီးဘေးသင့်အိမ်တွေကို NLD အစိုးရရဲ့ လူကယ်ပြန်ကနေ ပစ္စည်း ၁၆ မျိုးပါ အိတ်တွေနဲ့ အိမ်ထောင်
တစ်စုကိုငွေသားတစ်သိန်းစီ ထောက်ပံ့
တယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေလည်း ဆန်အိတ်တစ်ရာကျော် လာလှူတယ်။ တခြားပြည်တွင်းပြည်ပက အလှူရှင်တွေကလည်း လာလှူလိုက်ကြတာ မနည်းမနောပဲ။ မီးလောင်တဲ့အိမ်တစ်အိမ်ကို ဆန်အိတ်အပိုင်းတွေ ဆယ်ချီရကြတယ်။ ငွေသားသက်သက်ကိုက မီးလောင်တဲ့အိမ်တစ်အိမ်ကို သိန်း ၅၀ ကျော်စီ ရကြတယ်။ မီးလောင်ပြီး သူဋ္ဌေးဖြစ်သွားတဲ့ရွာလို့တောင် ကျီစယ်ကြတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက သစ်ကြီးတောရွာကို မီးဝင်ရှို့လို့ နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရဖူးတယ်။ အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့သွားလို့ PDF တွေ ထွက်တဲ့ရွာလားဆိုတော့ မဟုတ်ပါဘူး။

တော်လှန်ရေးအဖွဲ့တွေ ခိုအောင်းတဲ့ရွာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ နဂိုကမှ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာ။ “အဲရွာမှာလည်း ဘာမှမရှိဘူး။ နေလို့လည်းအဆင်မပြေဘူး။ တစ်ရွာလုံးက အဲရွာတွေဆိုတော့။ ကျွန်တော်တို့စိုးမိုးလို့သာ ပျူရွာမဖြစ်တာ အဲရွာတွေက”လို့ ရေစကြိုနယ်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလိုပဲ အာဏာသိမ်းစစ်တပ်ဟာ သစ်ကြီးတောရွာကို အံ့အားသင့်စရာ အပြုအမူတစ်ခု ထပ်လုပ်ပြန်ပါတယ်။

၂၀၂၆ အောက်တိုဘာလ ၁၆ ရက်နေ့၊မွန်းလွဲ ၂ နာရီခန့်က သစ်ကြီးတောရွာလယ်လောက်ကစတားလင့်အင်တာနက်ဆိုင်ကို လေ
ကြောင်းတိုက်ခိုက်မှုတွေ ရက်ရက်စက်စက် ပြုလုပ်သွားခဲ့တာပါ။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စတင်ထွက်ပေါ်လာတဲ့ အသေခံဒရုန်းနှစ်စီး၊ ညောင်ဦးနဲ့ မကွေးဘက်ကနေရောက်ရှိလာတဲ့ MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ် ၂ စီး၊ဂျက်ဖိုက်တာ၂ စီးအပြင်ဒရုန်း​တွေ နဲ့သစ်ကြီးတောရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်ကောက်ဆိပ်ကျေးရွာတွေဆီကို ဦးတည်ကာ မိုးပေါ်ကနေဗုံးမိုးတွေ ရွာချခဲ့ကြပါတယ်။

“နေ့လယ် ၂ ချက်ထိုးလောက်မှာ တပ်မ ၁၀၁ ကနေတက်လာတဲ့ အသေခံဒရုန်း ၂ စီးနဲ့ အရင်လာတယ်။ ပြီးတော့ ညောင်ဦးက တက်လာတဲ့ MI 35 နဲ့ ပစ်တယ်။မကွေးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့လည်း လာကြဲတယ်။ သစ်ကြီးတော ရွာလယ်ခေါင်လောက်ကျမှာပေါ့။ စတားလင့်ဆိုင်ရှေ့ ကျတာပေါ့။ ဘေးရွာပတ်ပတ်လည်တွေလည်း ပတ်ပြီးပစ်သွားတယ်”လို့ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

ဗုံးတွေဟာ သစ်ကြီးတောရွာလယ်ခေါင်၊ လူစည်ကားရာ စတားလင့်ဆိုင်ရှေ့လမ်းမပေါ်ကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးသီးဒဏ်ကြောင့် လမ်းပေါ်မှာ ကျင်းကြီး၊ ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ရုံသာမက လမ်းသွားလမ်းလာတွေ၊ ကျောင်းကအပြန် ခဏရပ်နားကြသူတွေနဲ့ ဆိုင်ထဲမှာ ရှိနေသူတွေပါ တစ်ပြိုင်နက်တည်းလို ထိခိုက် သေဆုံးခဲ့ကြရပါတယ်။

“စတားလင့်ဆိုင်ရှေ့က လမ်းပေါ်ကိုကျတာ။ လမ်းပေါ်ကျတော့ လမ်းသွားလမ်းလာတွေရော၊ကျောင်းသွားတဲ့ ၁၀ နှစ်လောက် က
လေးတစ်ယောက်လည်း သေဆုံးတယ်။ ၈
လ ၉ လသား ကလေးတစ်ယောက်လည်း ပါသေးတယ်။ သူ့အုပ်ထိန်းသူကော သေတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

​အဲဒီ တိုက်ခိုက်မှုကြောင့် လက်ပွေ့အရွယ် ၇ လ၊ ၈ လသာရှိသေးတဲ့ ရင်သွေးငယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကစလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတွေအထိ အ
ရပ်သားပြည်သူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။သစ်ကြီးတောရွာမှာ၁၁ဦးနဲ့ ပိတ်သင်းကပ်ကျေးရွာမှာ၁ ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စတားလင့်ဆိုင်အပါအဝင်အနီးနားက နေအိမ် ၇လုံး၊၈လုံးခန့်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
❤18🤬17👎3👍2👏2😭2
အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ (Midterm Elections) ကို နိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲလို့ဆိုပေမယ့် ဒီရွေး
ကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်းလေ့လာကြရအောင်ပါ။

● လာမယ့်ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိနိုင်လား။

အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေး
ကောက်ပွဲတွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊အကူအညီပေးရေးအစီအစဉ်တွေနဲ့ စီး
ပွားရေးပိတ်ဆို့အရေးယူမှုတွေအပေါ် တိုက်
ရိုက်သက်ရောက်မှုရှိတာမို့မြန်မာနိုင်ငံရဲ့ နိုင်
ငံရေးနဲ့ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာအမေရိကန်အောက်လွှတ်တော် ဒါမှမဟုတ် အထက်လွှတ်
တော်ရဲ့ အများစုနေရာကို ဒီမိုကရက်တစ်ပါတီက အသာစီးရသွားခဲ့ရင် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်လျာထားမှုနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမယ့် ဥပဒေကြမ်းတွေ၊ တိုက်တွန်းမှုတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို ပိတ်ဆို့ဖို့ သမ္မတထရန့်ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ပိုမိုတွန်းအားပေး လာနိုင်ပါတယ်။

အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးဖို့ မူဝါဒတူညီကြပေမယ့် မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာမြောက် နေရာဖြစ်တာမို့ အမေရိကန်ရဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှ မူဝါဒမှာ မြန်မာ့အရေးကို ဘယ်လောက်အထိ ပြန်ပြီး အရေးပေးမလဲဆိုတာဟာ လွှတ်တော်အသစ်ရဲ့ အခင်းအကျင်းပေါ် မူတည်နေပါတယ်။

စစ်ဘေးရှောင်တွေ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ဒေသတွေက ပြည်သူတွေအတွက် US Agency for International Development (USAID)၊ NED Burma Act အပါအဝင် နိုင်
ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု ဘတ်ဂျက်တွေဟာ အမေရိကန်လွှတ်တော်ကပဲ အတည်ပြုပေးရတာပါ။ပြီးခဲ့တဲ့ ၂၀၂၅ ခု နှစ်စပိုင်းကတည်း
ကUSAID အဖွဲ့ဟာ သမ္မတထရန့်ရဲ့ အမိန့်ဖျက်သိမ်းခံခဲ့ရပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကသာ လွှတ်တော်တွေမှာ နေရာအသာစီး ပြန်ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပြန်ရကောင်း ရနိုင်ပါတယ်။ ဒါ့အပြင် ရပ်စဲထားတဲ့ ယာယီတရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် (Temporary Protected Status-TPS) တွေ၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ပိတ်ထားတဲ့ ပြည်ဝင်ခွင့်တွေလည်း အပြောင်းအလဲရှိလာနိုင်ပါတယ်။

● ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် လက်ရှိ စစ်တမ်းတွေအရ ဘယ်ပါတီက အသာရနေလဲ။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို အဓိကထား တင်ဆက်ပေးနေတဲ့ Decision Desk HQ နဲ့ Ballotpedia တို့ရဲ့ အောက်တိုဘာလဆန်း စစ်တမ်းစုစည်းမှု (Polling Averages) အရ ဒီမိုကရက်တစ်က ရီပက်ဘလစ်ကန်ထက် ၇/၈ ရာခိုင်နှုန်းလောက် အသာစီးရထားပါတယ်။ Fox News နဲ့ The Guardian သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုဟာ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာကာ ဒီမိုကရက်ပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။



https://www.ludunwayoo.com/feature-mm/explainer/2026/10/21/171281/
👍37❤5🔥3🤣2👏1
မန္တလေးတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားဖို့ စစ်တပ် အမိန့်ထုတ်

အောက်တိုဘာ ၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

မန္တလေးတိုင်းသာသနာရေးမှူးရုံးရဲ့ ညွှန်ကြားချက်အရ မြို့နယ်သံဃနာယကအဖွဲ့ဆီကို ထပ်မံအကြောင်းကြားခဲ့တာဖြစ်ပြီး ကျောင်းတိုက်တွေအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေ မထားရှိရေးအတွက် မြို့နယ်အလိုက် ကြပ်မတ် ဆောင်ရွက်ပေးကြဖို့ဆိုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ သဘောတူ​ညီမှုနဲ့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးထားပါတယ်။

"စီးကို မစီးတော့တာ။ ဒီတိုငိးရပ်ထားတာ တစ်ဝါတောင်ကုန်ပြီ။ ဆိုငိကယ်နဲ့ပြန်ကြွတယ်"လို့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေပြီး ပြောသင့်တာတွေကိုတော့ မပြောဘဲ မျက်ကွက်ပြုထားကာ အရေးမပါတဲ့ကိစ္စတွေကိုသာ ပြောဆိုနေတယ်လို့ သံဃာအသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

"အဲ့ထက်အရေးကြီးတဲ့ ပေါက်ကတုံးတို့ ဝါသဝတို့လို လက်နက် ရှိတဲ့ကောင်တွေကျ ဘာမှမလုပ်ရဲ စာနဲ့တောင် သတိမပေးရဲ တဲ့မဟနပါ"လို့ သံဃာတော်တစ်ပါးက ဆိုပါတယ်။

ဒါ့အပြင် တိုင်းသာသနာရေးမှူးရုံးကနေ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စီးနင်းမောင်းနှင်ခြင်း မပြုကြဖို့ ထပ်မံတားမြစ်ထားပါတယ်။

စစ်တပ်ဟာ လိုင်စင်မဲ့ယာဉ်တွေကို တင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးနေရာကနေ ယခုအခါ ဘုန်းတော်ကြီးကျောင်းတိုက်တွေအထိပါ သာသနာရေးဌာနအဆင့်ဆင့်ကနေတစ်ဆင့် ဖိအားပေး ညွှန်ကြားလာတာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ​ပြည်သူတွေကို တင်းကျပ်စွာ စောင့်ကြည့်တဲ့ စနစ်ဖြစ်တဲ့ UID ကတ်ကို ဒေသအသီးသီးက ရဟန်းသံဃာတော်တွေကိုပါ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
👍20👎6❤4🔥4😁3👏2
🔥14😁13👎2❤1
ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာ စခန်းသိမ်းခံရတဲ့ စစ်တပ်က အရပ်သားတွေပစ်မှတ်ထား ဗုံးကြဲနေ

အောက်တိုဘာ−၂၁၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်‌ ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။

" မနေ့ကညမနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို ဗုံးကြဲတယ်။ အဲ့ဒီနေ့ရာတွေက KIA ရော PDF ရော မရှိဘူး။ ဒီနေ့မနက်လည်း လေယာဉ်ဝဲနေတယ်" လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိတိုက်ပွဲဟာ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ ဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်ကောင်စီက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။SNAက စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံအနေနဲ့ ကချင်နဲ့စစ်ကိုင်းတိုင်းက စစ်ရေးနယ်မြေတွေမှာ ပါဝင်တိုက်ခိုက်နေပြီး တပ်ဖွဲ့ဝင်တချို့ဟာ တော်လှန်ရေးတပ်တွေထံအလင်းဝင်တာလည်း ရှိနေပါတယ်။ဖားကန့်မြို့ပေါ်မှာလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေရှိနေပြီး ညစဉ် ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

" ညကဆို အတွဲလိုက်ပစ်သံတွေ ဆူညံနေတာ။ စစ်တပ်က ရမ်းပစ်နေတာ ဟုတ်တယ်။ စစ်‌ကြောင်းတွေလည်း အများကြီးဖြန့်ထားတယ်ဆိုတော့ သွားရလာရ မကောင်းတော့ဘူး"လို့ ဖားကန့်‌ဒေသခံတစ်ဦးက ဒီuနေ့ အောက်တိုဘာ ၂၁ရက်မနက်ပိုင်းမှာ ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့နယ်တချို့မှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

စစ်wyfက ယခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ‌အောက်တိုဘာလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
🤬28❤5👎4👍3👏1🤣1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေနဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-HPDF 124၊ Getty Images)
❤32👍7🥰3🔥2🖕1