People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤40👏6🥰2🤮2🤣2🖕1
ကျင်းဒွေးမြို့ကိုဦးတည်တဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေ၊ အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်

▪️ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်လော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။

CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

" ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာနေသောကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ထပ်မံတိုက်တွန်း အပ်ပါသည်” လို့ CPU/CPAက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ CPU/CPA ထိန်းချုပ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးမြေပြင် တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ဆိုပါတယ်။ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ်က အထိနာနေတာကြောင့် အင်အားဖြည့်ပြီး စက်တင်ဘာ နောက်ဆုံးပတ်မှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ လက်ရှိ အချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဖော်ပြပါတယ်။

ကျင်ဒွေးတိုက်ပွဲမှာ စစ်တပ်သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ စစ်တပ်ရဲ့ လက်နက်တွေသိမ်းရတာ ရှိတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပြထားပေမဲ့ CPU/CPAက စစ်ရေး အခြေအနေ အသေးစိတ်ကို လက်ရှိ အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတယ်လို့သာ အသိပေးခဲ့တာပါ။

စစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိဟု CPU/CPAက ထုတ်ပြန်ပါတယ်။
🔥18👏4🖕3😡3👍2👎1🤬1
(ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)
🔥18👎4🖕4👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရရှိပြီး နေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးတွေဟာ အသက် ၄၁ နှစ်အရွယ် ၁ဦး၊ အသက် ၁၇နှစ်အရွယ် ၁ဦး၊ အသက် ၁၅နှစ်အရွယ် ၁ဦး၊ အသက် ၁၃နှစ်အရွယ် ၁ဦးတို့ဟာ သားအမိ ၄ဦး မိသားစုလိုက် သေဆုံးခဲ့ရတာလို့ သိရပါတယ်။ နောက်ပြီး သေဆုံးသူ အသက် ၂၂နှစ်အရွယ်နဲ့ အသက်၁၇နှစ်အရွယ် အမျိုးသမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်တယ်လို့ ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။

◾️စစ်တပ်က ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ထပ်မံကြိုးစား၊ ကမ်းစပ်တိုက်ပွဲမှာ စစ်​ကြောင်းပြုတ်သွား

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ(speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်(AA)က တိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကမ်းစပ်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က ငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့ စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့ကြောင့် အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ်ကမ်းတက်ဖို့ ဆက်ကြိုးစား​နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ Speedboatလေးစီး၊ စစ်သားအင်အားသုံးဆယ်ကျော်နဲ့ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားလာတာဖြစ်ပြီး ကမ်းကပ်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး ​သေဆုံးတာ၊ လက်နက်ချတာနဲ့ ကုန်သွားခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ သေဆုံးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ခဲ့တာရှိတယ်လို့ သတင်းရင်းမြစ်​​တွေက ပြောပါတယ်။

◾️အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်တလော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။ CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ ဆိုပါတယ်။

◾️CI မလုပ်​ရေး လှုပ်ရှားမှု​အောင်မြင်၊ စင်တာ​တွေမှာ လူမရှိသ​​လောက်ဖြစ်​​နေ
❤15👍5🤣2🖕2🤮1
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရက်တစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ CI ကို ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကို ဖိအားပေးဖို့ နောက်တဆင့်လာမယ်လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုက ထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။ CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း အာဏာသိမ်းစစ်တပ်ကသာ ရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်တပ်က ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

◾️စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ထုတ်ပြန်

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ယောဒေသ လို့ခေါ်တဲ့ ဆော၊ လောင်းရှည်၊ ကျောက်ထုမြို့နယ်တွေမှာ ဖော်ဆောင်တဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွင်းက မှတ်တမ်းတချို့ဖြစ်တယ်လို့ ဆိုပါတယ်။ အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုရုပ်သံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဖြတ်တောက်စက် အပါအ၀င် Drone GCS လို့ခေါ်တဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေကို တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။ အခုရက်ပိုင်း စစ်တပ်ယာဉ်တွေ ထပ်မံတိုက်ခိုက်ခံရတာရှိသေးတယ်လို့ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။ ဆောကို အာဏာသိမ်းစစ်တပ်က အင်အား တောက်လျှောက်ဖြည့်နေပြီး အထူးသဖြင့် ကျင်ဒွေးဘက်မှာ တိုက်ပွဲက တောက်လျှောက်ဖြစ်ပွားနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

◾️SNA တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စုရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုပ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ဦးကျေးရွာအုပ်စု တာမယ်ပုတ်ကျေးရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစခန်းသိမ်းပိုက်နိုင်မှုနဲ့ တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဆက်သွယ်ထားဆဲပါ။ KIA ပူးပေါင်းတပ်ဟာ ဖားကန့်နဲ့ မိုးညှင်းဒေသက SNA တပ်စွဲရာ နေရာတွေ တပ်စခန်းတွေကိုလည်း အခုလပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေရှိပါတယ်။

◾️သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ
👍15❤2🖕2🤮1🤣1
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာ၀န်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်က အင်အား ၅၀ ၀န်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ တစ်နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ရရှိတဲ့ ရုပ်အလောင်းတွေအရဆို တပ်မ ၆၆ ဖြစ်ကြောင်းနဲ့ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြောင်း DSNDA တာ၀န်ရှိသူက ရှင်းပြပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦး အပါအ၀င် ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရှိတဲ့အပြင် တပ်ပျက်ကာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။ စစ်တပ်ဆီက MA1 ၁လက်၊ MA 3 ၁လက် ၊60မမ ဗုံးသီး ၄လုံး ကျည်တွေနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့သေဆုံးထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိင်သေးပါဘူး။

◾️ရေစကြို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)နှစ်ခွဲကလေးငယ်ပါ သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦး သေဆုံးခဲ့ရကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးပါတယ်။ သေဆုံးသူတွေဟာ မောင်အောင်ဖုန်းခန့် (၂၃ နှစ်)၊ ဒေါ်ညို (၈၀ နှစ်)၊ ဒေါ်ကြည်ဝင်း (၇၀ နှစ်)၊ ကိုသန်းလင်း (၃၀ နှစ်)၊ မအေးမြတ်သူ (၂၉ နှစ်)၊ မောင်ဆန်းလင်းအောင် (၂၅ နှစ်)၊ မအိသက်လျာမင်း (၁၈ နှစ်)၊ မအေးသန်းကြွယ်ရဲ့ကလေး ( ၁ နှစ် ၆ လ)၊ ကိုဖိုးချွန် (၃၅ နှစ်)၊ မောင်ရဲလင်းသူရိန် (၇ နှစ်)၊ ဒေါ်အေးသန်းကြွယ် (၃၉ နှစ်)၊ ဦးအောင်ဌေး (၆၅ နှစ်) တို့ဖြစ်ကြောင်း အထက်ပါကော်မတီက ထုတ်ပြန်ပါတယ်။ ဒေါ်အေးသန်းကြွယ်ဟာ (၁)နှစ်ခွဲကလေးရဲ့မိခင်ဖြစ်ပြီး သားအမိ ၂ဦးလုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

◾️စဉ့်ကူး-မတ္တရာနယ်‌ ဒေသခံတွေ ထပ်မံ နေရပ်စွန့်ခွာရ

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေဟာ မန္တလေးမြို့နဲ့ သိပ်မဝေးသလို မြို့နယ်ချင်းထိစပ်နေတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေဖြစ်ပါတယ်။ အဲဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးတပ်တွေ ဝင်ထွက်တာ၊ စစ်ရေး လှုပ်ရှားတာမျိုး မရှိဘဲ စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းပေါ်ကျေးရွာတွေအားလုံးဟာ အခုအချိန်က စိုက်ပျိုးရာသီဖြစ်နေပြီး အားလုံး လယ်ယာစိုက်ပျိုးဖို့ ပြင်ဆင်နေကြချိန် စစ်တပ်က စိုက်ပျိုးခွင့် လုံးဝ မပေးတော့တာလည်းဖြစ်ပါတယ်။ ကျွန်း မြေပဲကို အဓိကထား စိုက်ပျိုးနေကြရတဲ့ ဒေသခံ တောင်သူတွေဟာ တနှစ်မှာ ဒီတရာသီပဲ စိုက်ပျိုးခွင့်ရကြတာလို့ သိရပါတယ်။ အခုတော့ နေ့စဥ် စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးရန် ကြောင့် ဒေသခံတွေဟာ နေရပ် စွန့်ခွာထွက်ပြေးဖို့ ထပ်မံ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

◾️အိုးဘိုထောင်အတွင်း ဖိနှိပ်ခံနေရတဲ့နိုင်ကျဉ်းတွေက အဆုံးသတ်တော်လှန်ရေးဆင်နွှဲကြဖို့ တိုက်တွန်း

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဖိနှိပ်ခံနေရပြီး ပြည်သူတွေအနေနဲ့ ကူညီတောင်း‌ဆိုပေးကြဖို့နဲ့ တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုလိုက်ကြပါတယ်။ အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ အိုးဘိုထောင်မှာ ထောင်ပိုင်ကြီးနဲ့ ထောင်ဝန်ထမ်းတွေက ခေါင်းစဉ် အမျိုးမျိုးတပ် ငွေတောင်းမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေခက်ခဲနေကြပြီး ထောင်ဝင်စာကန့်သတ်တာတွေလည်း ဆက်တိုက်လုပ်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ အိုးဘိုအကျဉ်းထောင်မှာအကျဉ်းသား ရှစ်​ထောင်ခန့်သာဆန့်ပေမယ့် လက်ရှိမှာအကျဉ်းသား ၂၀,၀၀၀ ခန့်ထားရှိကာ ထောင်က ပေးနေကျ ပုံစံဝတ်စုံကိုပါ မပေးတော့ဘူးလို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် ရေသန့်စက်၊ ရေနွေးစတီးအိုး၊ ရေတွင်းပြုပြင်ဖို့ စတဲ့ခေါင်းစဉ်အမျိုးမျိုးကို အလှူလို့ခေါင်းစဉ်တပ်ကာ အကျဉ်းသားတွေဆီက ငွေတောင်းခံနေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တွေက ပြောပါတယ်။

◾️လားရှိုးမှာ ရွှေဆိုင်သိမ်းပြီးအပြန် သေနတ်ထောက်လုယက်ခံရ
👍15🤮1🤣1🖕1
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ပိုင်ရှင် သေနတ်ထောက်လုယက်ခံရမှု အောက်တိုဘာ ၁၉ရက် ညနေက ဖြစ်ပွားခဲ့ပါတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ရွှေ ရောင်းရတဲ့ငွေတွေရော၊ ရွှေထည်တချို့ပါ ပါသွားပြီး တရားခံမမိဘူးလို့ မြို့ခံက ပြောပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုနေကြပါတယ်။

◾️ရွှေ့ပြောင်းအခြေချသူ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦး ချင်းမိုင်ဘူတာမှာ အဖမ်းခံရ

တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ချင်းမိုင်မှာရှိတဲ့ မယ်ပင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ရထားဘူတာ ပလက်ဖောင်းတွေပေါ် ရှိနေသူတွေကို အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး မြန်မာ အများစု အပါအဝင် ၃၅ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ရာဝတ်မှုနဲ့ ဥပဒေချိုးဖောက်မှုများ တားဆီးရေး စီမံချက် အစိတ်အပိုင်း တစ်ခုအဖြစ် ချင်းမိုင်မြို့၊ ဝပ်ကက် ရပ်ကွက်က ချင်းမိုင်ဘူတာမှာ ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဖမ်းခံရတဲ့ မြန်မာ ၂၇ ဦးဟာ ထိုင်းမှာ ခွင့်ပြုချက် မရှိဘဲ နေထိုင်သူတွေ၊ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီး ဒါမှမဟုတ် ရုပ်သိမ်းခံထားရသူတွေ ပါဝင်ပြီး အဲဒီ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စွပ်စွဲချက်တွေအပြင် ဥပဒေ ချိုးဖောက်မှု၊ ဖီဆန်မှု၊ မျက်ကွယ်ပြုမှုလို စွဲချက်တွေနဲ့ပါ အရေးယူ ခံရမယ်လို့ ရဲတွေက ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်း နေရာ ၅ ခုမှာ ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံနဲ့အတူ ထောက်ခံစာသားတွေ ပါရှိသော ဆိုင်းဘုတ်တွေထောင်ပြီး ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
❤11👍7🤮1🤣1🖕1
❤10🔥2🥰1🤮1🖕1
❤16👍3🔥3🖕2🤣1
ဗန်းမော်မြို့အနီးတိုက်ပွဲပြင်းထန်
စစ်တပ်အထိနာလို့လေကြောင်းဗုံးကြဲ

​အောက်တိုဘာ-၂၀၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အောက်တိုဘာလ၂၀ရက်မနက် ၄နာရီခန့်ကစပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားရသလို ပေါက်ကွဲသံတွေကိုညပိုင်းအထိကြားနေရတယ်လို့ သတင်းရင်းအမြစ်တွေကပြောပါတယ်။

" ဗန်းမော်နဲ့ မိုးမောက်ကြားက ၃ မိုင်မှာချနေတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကအသေအဆုံးများတယ်ကြားတယ်။အခုညလည်းလက်နက်ကြီးတွေပစ်ခတ်သံ ခဏခဏကြားနေရတယ်"လို့ ဗန်းမော်မြို့အပြင်ဘက်မှာ စစ်ဘေးရှောင်နေတဲ့ဒေသခံတဦးက ည ၈နာရီခန့်မှာပြောပါတယ်။

စစ်တပ်ကလေကြောင်းပစ်ကူ​ပေး ဗုံးကြဲတာကို ဒီနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာလုပ်ခဲ့တာလို့ သိရပါတယ်။

ကချင်စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ KIA နဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဗန်းမော်မြို့ကို KIA နဲ့ မဟာမိတ်တွေက စစ်မျက်နှာ ခုနစ်ခုနဲ့ ပြန်လည်ထိုးစစ်ဆင်နေပြီလို့ ရေးသားထားကြပါတယ်။ဗန်းမော်နဲ့ မိုးမောက်မြို့ဟာ ဆယ်မိုက်ခန့်ဝေးပြီး တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ ကုန်သွယ်ရေးလမ်းပေါ်မှာ ရှိနေပါတယ်။

မိုးမောက်မြို့ကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက ၂၀၂၄ ခုနှစ်၊သြဂုတ်လမှာ သိမ်း
ပိုက်ထိန်းချုပ်ခဲ့ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကို မသိမ်းနိုင်သေးပေမယ့် စကခ (၂၁)အပါအဝင် စစ်တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ဝ်ိုင်းပတ်ပိတ်ဆို့ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့​ရေယာဥ် အစီး​ရေ ၁၀ စီး​ကျော်ကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်နှစ်မြှပ်ခဲ့ပြီး စစ်သင်္ဘော အချို့ လက်နက်ချခဲ့ကာစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ အလင်းဝင်ခဲ့ပါတယ်။

ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌တွေစစ်တပ်ကဆုံးရှုံးခဲ့ပါတယ်။ စစ်သင်္ဘောအချို့ကတော့ ဗန်းမော်မြို့ကိုရောက်ရှိသွားတယ်လို့သတင်း
ရရှိပါတယ်။စစ်​ရေယာဥ်အချို့ ဗန်း​မော်​ရောက်ပြီး​နောက်ပိုင်း တိုက်ပွဲ​တွေဆက်တိုက်ဖြစ်ပွား​နေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီး KIA ပြန်
ကြားရေးတာဝန်ခံဗိုလ်ချုပ်ကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
❤26👍11👎5🥰1🤣1🖕1
ဗန်း​မော်တိုက်ပွဲမှာ KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေကို ​တွေ့ရစဥ်။
ဓါတ်ပုံ-ကချင်​တောင်တန်း
❤34👍9🖕2🥰1👏1🤮1🤣1
ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်းကနေ အလုပ်အကိုင်၊ကျန်းမာရေး၊
ငွေကြေး နဲ့ မိသားစုအရေးကိစ္စတွေအထိလူအများက AIကို အကြံဉာဏ်တောင်းခံလာကြပါတယ်။

ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်
ဆွေတ‌ယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။

ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်
တမ်း‌တွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အလုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။

လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာအဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။

အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

နားလည်ထားရမယ့်အချက်တခုက AIကို အ
သုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝ လျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။

The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာကစိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေ
သတွင်းသတင်းတွေမှာလွန်ခဲ့တဲ့ ၂နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်း‌တွေကို တ
ရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကား‌ပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။The Washington Post ရဲ့ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။

ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုး
သားတ‌ယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေအရ အဲဒီလိုစစ်
ဆေးတာ က နေ AI chatbot စကား‌ပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာတရားခံရဲ့ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေ
အနေမှာလည်း စက်ပစ္စည်းထဲက အချက်အ
လက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်အ
ထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြောစကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အ
ထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေး
နွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။



https://www.ludunwayoo.com/feature-mm/2026/10/20/171198/
👍29❤6🤮2🤣2🥰1