People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဗုံးကြဲခံရပြီးနောက်အပျက်အစီး​တွေနဲ့​သေဆုံးဒဏ်ရာရသူ​တွေ ။ဓာတ်ပုံံ-ကိုဇင်မင်းသန်း
😢42🤬3❤2👍2👎2👏2🤩1
CI မလုပ်​ရေးလှုပ်ရှားမှု​အောင်မြင်၊
စင်တာ​တွေမှာလူမရှိသ​​လောက်ဖြစ်​​နေ

"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းကတော်
တော်ခရီးရောက်နေတယ်။ပွဲစားတွေလည်း
ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူမတွေ့ရသလောက်ပဲ"-ဦး​ဝေလင်း​မောင် (CDM အလုပ်သမားသံအရာရှိ)

အောက်တိုဘာ-၂၀၊၂၀၂၆။နေ့သစ်/People's Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်ကဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရက်တစ်ပတ်ကြာတဲ့အထိ CI စ
ခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်
သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းက တော်
တော်ခရီးရောက်နေတယ်။ ပွဲစားတွေလည်း ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူ မတွေ့ရသလောက်ပဲ ။လုပ်ပေးမယ့်ပွဲစားတွေလည်း လန့်နေကြတယ်။ ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကိုဖိအားပေးဖို့ နောက်တဆင့်လာမယ်ပေါ့"လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

" အလုပ်သမားတွေ စောင့်ကြည့်နေကြတယ်။ ကမ်ပိန်းကို စောင့်ကြည့်နေကြတယ်။ အလုပ်သမားတွေ စိတ်ဝင်စားမှုများနေတယ်။ ILO ဥပဒေအရ လုပ်သားတွေက အခွန်နှစ်ထပ်ဆောင်နေရတယ်။ အဲလိုဖြစ်နေတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

မဟာချိုင်နယ်မြေက AACမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးကတော့ " CI စခန်းတွေ တစ်ရက် လူ ၂၅ လောက်ပဲ ဝင်တယ်။ ကမ်ပိန်းကြောင့် တန့်နေတယ်။ ထိုင်းအစိုးရဘက်က ညှိနှိုင်းတာတွေ ရှိတယ်။ လူတစ်ဦးတစ်ယောက်တောင်းဆိုတာကို လက်မခံဘူး၊ ကမ်ပိန်းကို စာရွက်စာတန်းနဲ့ ပို့ခိုင်းနေတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက မဟာချိုင်မှာရှိတဲ့ စက်ရုံကြီးတွေကို သွားရောက်ပြီး မြန်မာလုပ်သားတွေကို ရှင်းပြဆွေးနွေးမှု ပြုလုပ်ရာ မြန်မာလုပ်သားတွေက အခွန်မပေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်လို့ သိရတယ်လို့ သိရကြောင်းလည်း ဦးခိုင်ကြီးက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်
ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု CI လုပ်ရမယ့်အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြု
လုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာ
လုပ်သားဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။
❤22👍9🤣2
CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရ​ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေလွှဲပို့ထားသူတွေကို CI စာအုပ်ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅
ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးမင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမား
တွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI ထုတ်​ပေးတာ​တွေလုပ်လာတာ ဖြစ်ပါတယ်။

အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့အလုပ်သမား
အရေးလူပ်ရှားသူတွေကတွက်ပြထားပါတယ်။

စစ်​ကောင်စီကထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်​ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလိုဖြစ်​နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာ​ပြောပါတယ် ။အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ရောက်တယ်လို့လည်းသူက ​ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်​အုပ်စုက CI လုပ်ချင်တာဟာ ထိုင်း​ရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်ရရှိနိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအ​ရေး​ဆောင်ရွက်သူက​ပြောပါတယ် ။ဒါ​ကြောင့် ထိုင်းအစိုးရက စစ်​ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်​ပေးတာဟာ ထိုင်းနိုင်ငံအတွင်း စစ်အုပ်စုကို ဝင်​ရောက်စွက်ဖက် ၊ကျူး​ကျော်ခွင့်​ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ နဲ့ ထိုင်းလွှတ်​တော်အမတ်အချို့က​ ဝေဖန်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future
မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ​ ​အောက်
တိုဘာလဆန်းမှာ သွားရောက်တောင်းဆိုထားပါတယ်။
👏24❤10🤣2🖕2
စစ်တပ်အတွက် လက်နက် ၊​လေယာဥ်ဆီစတဲ့ စစ်သုံးစာရိတ်အဖြစ်အသုံးချနိုင်တဲ့နိုင်ငံခြား​ငွေရရှိ​စေမယ့် CI ကိုမလုပ်​ရေးလှုပ်ရှားမှာ ထိုင်း​ရောက်မြန်မာလုပ်သား​အများအပြားပါဝင်​နေကြပါတယ်။
ဓါတ်ပုံ-MMWRCCT
👏28🤮2🖕2😢1
ဆားလင်းကြီးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ

အောက်တိုဘာ ၂၀၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၂၀) ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း နေရာ ၅ ခုမှာ ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံနဲ့အတူ ထောက်ခံစာသားတွေ ပါရှိသော ဆိုင်းဘုတ်တွေထောင်ပြီး ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေစေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤23🤣3💩2🖕2👍1🥰1
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤36👏4🤮2🤣2🥰1🖕1
ကျင်းဒွေးမြို့ကိုဦးတည်တဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေ၊ အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်

▪️ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်လော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။

CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

" ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာနေသောကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ထပ်မံတိုက်တွန်း အပ်ပါသည်” လို့ CPU/CPAက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ CPU/CPA ထိန်းချုပ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးမြေပြင် တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ဆိုပါတယ်။ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ်က အထိနာနေတာကြောင့် အင်အားဖြည့်ပြီး စက်တင်ဘာ နောက်ဆုံးပတ်မှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ လက်ရှိ အချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဖော်ပြပါတယ်။

ကျင်ဒွေးတိုက်ပွဲမှာ စစ်တပ်သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ စစ်တပ်ရဲ့ လက်နက်တွေသိမ်းရတာ ရှိတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပြထားပေမဲ့ CPU/CPAက စစ်ရေး အခြေအနေ အသေးစိတ်ကို လက်ရှိ အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတယ်လို့သာ အသိပေးခဲ့တာပါ။

စစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိဟု CPU/CPAက ထုတ်ပြန်ပါတယ်။
🔥16👏3🖕3👍1👎1🤬1😡1
(ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)
🔥16👎3🖕3👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရရှိပြီး နေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးတွေဟာ အသက် ၄၁ နှစ်အရွယ် ၁ဦး၊ အသက် ၁၇နှစ်အရွယ် ၁ဦး၊ အသက် ၁၅နှစ်အရွယ် ၁ဦး၊ အသက် ၁၃နှစ်အရွယ် ၁ဦးတို့ဟာ သားအမိ ၄ဦး မိသားစုလိုက် သေဆုံးခဲ့ရတာလို့ သိရပါတယ်။ နောက်ပြီး သေဆုံးသူ အသက် ၂၂နှစ်အရွယ်နဲ့ အသက်၁၇နှစ်အရွယ် အမျိုးသမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်တယ်လို့ ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။

◾️စစ်တပ်က ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ထပ်မံကြိုးစား၊ ကမ်းစပ်တိုက်ပွဲမှာ စစ်​ကြောင်းပြုတ်သွား

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ(speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်(AA)က တိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကမ်းစပ်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က ငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့ စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့ကြောင့် အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ်ကမ်းတက်ဖို့ ဆက်ကြိုးစား​နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ Speedboatလေးစီး၊ စစ်သားအင်အားသုံးဆယ်ကျော်နဲ့ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားလာတာဖြစ်ပြီး ကမ်းကပ်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး ​သေဆုံးတာ၊ လက်နက်ချတာနဲ့ ကုန်သွားခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ သေဆုံးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ခဲ့တာရှိတယ်လို့ သတင်းရင်းမြစ်​​တွေက ပြောပါတယ်။

◾️အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်တလော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။ CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ ဆိုပါတယ်။

◾️CI မလုပ်​ရေး လှုပ်ရှားမှု​အောင်မြင်၊ စင်တာ​တွေမှာ လူမရှိသ​​လောက်ဖြစ်​​နေ
❤14👍4🤣2🖕2🤮1
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရက်တစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ CI ကို ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကို ဖိအားပေးဖို့ နောက်တဆင့်လာမယ်လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုက ထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။ CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း အာဏာသိမ်းစစ်တပ်ကသာ ရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်တပ်က ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

◾️စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ထုတ်ပြန်

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ယောဒေသ လို့ခေါ်တဲ့ ဆော၊ လောင်းရှည်၊ ကျောက်ထုမြို့နယ်တွေမှာ ဖော်ဆောင်တဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွင်းက မှတ်တမ်းတချို့ဖြစ်တယ်လို့ ဆိုပါတယ်။ အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုရုပ်သံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဖြတ်တောက်စက် အပါအ၀င် Drone GCS လို့ခေါ်တဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေကို တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။ အခုရက်ပိုင်း စစ်တပ်ယာဉ်တွေ ထပ်မံတိုက်ခိုက်ခံရတာရှိသေးတယ်လို့ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။ ဆောကို အာဏာသိမ်းစစ်တပ်က အင်အား တောက်လျှောက်ဖြည့်နေပြီး အထူးသဖြင့် ကျင်ဒွေးဘက်မှာ တိုက်ပွဲက တောက်လျှောက်ဖြစ်ပွားနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

◾️SNA တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စုရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုပ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ဦးကျေးရွာအုပ်စု တာမယ်ပုတ်ကျေးရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစခန်းသိမ်းပိုက်နိုင်မှုနဲ့ တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဆက်သွယ်ထားဆဲပါ။ KIA ပူးပေါင်းတပ်ဟာ ဖားကန့်နဲ့ မိုးညှင်းဒေသက SNA တပ်စွဲရာ နေရာတွေ တပ်စခန်းတွေကိုလည်း အခုလပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေရှိပါတယ်။

◾️သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ
👍13❤2🖕2🤮1🤣1
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာ၀န်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်က အင်အား ၅၀ ၀န်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ တစ်နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ရရှိတဲ့ ရုပ်အလောင်းတွေအရဆို တပ်မ ၆၆ ဖြစ်ကြောင်းနဲ့ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြောင်း DSNDA တာ၀န်ရှိသူက ရှင်းပြပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦး အပါအ၀င် ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရှိတဲ့အပြင် တပ်ပျက်ကာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။ စစ်တပ်ဆီက MA1 ၁လက်၊ MA 3 ၁လက် ၊60မမ ဗုံးသီး ၄လုံး ကျည်တွေနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့သေဆုံးထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိင်သေးပါဘူး။

◾️ရေစကြို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)နှစ်ခွဲကလေးငယ်ပါ သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦး သေဆုံးခဲ့ရကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးပါတယ်။ သေဆုံးသူတွေဟာ မောင်အောင်ဖုန်းခန့် (၂၃ နှစ်)၊ ဒေါ်ညို (၈၀ နှစ်)၊ ဒေါ်ကြည်ဝင်း (၇၀ နှစ်)၊ ကိုသန်းလင်း (၃၀ နှစ်)၊ မအေးမြတ်သူ (၂၉ နှစ်)၊ မောင်ဆန်းလင်းအောင် (၂၅ နှစ်)၊ မအိသက်လျာမင်း (၁၈ နှစ်)၊ မအေးသန်းကြွယ်ရဲ့ကလေး ( ၁ နှစ် ၆ လ)၊ ကိုဖိုးချွန် (၃၅ နှစ်)၊ မောင်ရဲလင်းသူရိန် (၇ နှစ်)၊ ဒေါ်အေးသန်းကြွယ် (၃၉ နှစ်)၊ ဦးအောင်ဌေး (၆၅ နှစ်) တို့ဖြစ်ကြောင်း အထက်ပါကော်မတီက ထုတ်ပြန်ပါတယ်။ ဒေါ်အေးသန်းကြွယ်ဟာ (၁)နှစ်ခွဲကလေးရဲ့မိခင်ဖြစ်ပြီး သားအမိ ၂ဦးလုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

◾️စဉ့်ကူး-မတ္တရာနယ်‌ ဒေသခံတွေ ထပ်မံ နေရပ်စွန့်ခွာရ

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေဟာ မန္တလေးမြို့နဲ့ သိပ်မဝေးသလို မြို့နယ်ချင်းထိစပ်နေတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေဖြစ်ပါတယ်။ အဲဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးတပ်တွေ ဝင်ထွက်တာ၊ စစ်ရေး လှုပ်ရှားတာမျိုး မရှိဘဲ စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းပေါ်ကျေးရွာတွေအားလုံးဟာ အခုအချိန်က စိုက်ပျိုးရာသီဖြစ်နေပြီး အားလုံး လယ်ယာစိုက်ပျိုးဖို့ ပြင်ဆင်နေကြချိန် စစ်တပ်က စိုက်ပျိုးခွင့် လုံးဝ မပေးတော့တာလည်းဖြစ်ပါတယ်။ ကျွန်း မြေပဲကို အဓိကထား စိုက်ပျိုးနေကြရတဲ့ ဒေသခံ တောင်သူတွေဟာ တနှစ်မှာ ဒီတရာသီပဲ စိုက်ပျိုးခွင့်ရကြတာလို့ သိရပါတယ်။ အခုတော့ နေ့စဥ် စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးရန် ကြောင့် ဒေသခံတွေဟာ နေရပ် စွန့်ခွာထွက်ပြေးဖို့ ထပ်မံ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

◾️အိုးဘိုထောင်အတွင်း ဖိနှိပ်ခံနေရတဲ့နိုင်ကျဉ်းတွေက အဆုံးသတ်တော်လှန်ရေးဆင်နွှဲကြဖို့ တိုက်တွန်း

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဖိနှိပ်ခံနေရပြီး ပြည်သူတွေအနေနဲ့ ကူညီတောင်း‌ဆိုပေးကြဖို့နဲ့ တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုလိုက်ကြပါတယ်။ အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ အိုးဘိုထောင်မှာ ထောင်ပိုင်ကြီးနဲ့ ထောင်ဝန်ထမ်းတွေက ခေါင်းစဉ် အမျိုးမျိုးတပ် ငွေတောင်းမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေခက်ခဲနေကြပြီး ထောင်ဝင်စာကန့်သတ်တာတွေလည်း ဆက်တိုက်လုပ်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ အိုးဘိုအကျဉ်းထောင်မှာအကျဉ်းသား ရှစ်​ထောင်ခန့်သာဆန့်ပေမယ့် လက်ရှိမှာအကျဉ်းသား ၂၀,၀၀၀ ခန့်ထားရှိကာ ထောင်က ပေးနေကျ ပုံစံဝတ်စုံကိုပါ မပေးတော့ဘူးလို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် ရေသန့်စက်၊ ရေနွေးစတီးအိုး၊ ရေတွင်းပြုပြင်ဖို့ စတဲ့ခေါင်းစဉ်အမျိုးမျိုးကို အလှူလို့ခေါင်းစဉ်တပ်ကာ အကျဉ်းသားတွေဆီက ငွေတောင်းခံနေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တွေက ပြောပါတယ်။

◾️လားရှိုးမှာ ရွှေဆိုင်သိမ်းပြီးအပြန် သေနတ်ထောက်လုယက်ခံရ
👍13🤮1🤣1🖕1
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ပိုင်ရှင် သေနတ်ထောက်လုယက်ခံရမှု အောက်တိုဘာ ၁၉ရက် ညနေက ဖြစ်ပွားခဲ့ပါတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ရွှေ ရောင်းရတဲ့ငွေတွေရော၊ ရွှေထည်တချို့ပါ ပါသွားပြီး တရားခံမမိဘူးလို့ မြို့ခံက ပြောပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုနေကြပါတယ်။

◾️ရွှေ့ပြောင်းအခြေချသူ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦး ချင်းမိုင်ဘူတာမှာ အဖမ်းခံရ

တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ချင်းမိုင်မှာရှိတဲ့ မယ်ပင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ရထားဘူတာ ပလက်ဖောင်းတွေပေါ် ရှိနေသူတွေကို အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး မြန်မာ အများစု အပါအဝင် ၃၅ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ရာဝတ်မှုနဲ့ ဥပဒေချိုးဖောက်မှုများ တားဆီးရေး စီမံချက် အစိတ်အပိုင်း တစ်ခုအဖြစ် ချင်းမိုင်မြို့၊ ဝပ်ကက် ရပ်ကွက်က ချင်းမိုင်ဘူတာမှာ ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဖမ်းခံရတဲ့ မြန်မာ ၂၇ ဦးဟာ ထိုင်းမှာ ခွင့်ပြုချက် မရှိဘဲ နေထိုင်သူတွေ၊ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီး ဒါမှမဟုတ် ရုပ်သိမ်းခံထားရသူတွေ ပါဝင်ပြီး အဲဒီ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စွပ်စွဲချက်တွေအပြင် ဥပဒေ ချိုးဖောက်မှု၊ ဖီဆန်မှု၊ မျက်ကွယ်ပြုမှုလို စွဲချက်တွေနဲ့ပါ အရေးယူ ခံရမယ်လို့ ရဲတွေက ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်း နေရာ ၅ ခုမှာ ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံနဲ့အတူ ထောက်ခံစာသားတွေ ပါရှိသော ဆိုင်းဘုတ်တွေထောင်ပြီး ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
❤10👍6🤮1🤣1🖕1
❤9🔥2🥰1🤮1🖕1