ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် အမျိုးသမီး ၆ ဦး သေဆုံး
အောက်တိုဘာ-၂၀၊ ၂၀၂၆။ဟာနာဆန်၊ဂျွန်/People's Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါ
အဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ၂၀ ရက်နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့်ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်းဒေသခံကိုဇင်မင်း
သန်းက ပြောပါတယ်။
"အိမ်က၄ယောက်သေဆုံးပြီး နောက်အိမ်တစ်အိမ်က၂ယောက်သေဆုံးပြီး ၁ယောက်ဒဏ်
ရာရတာပါ"လို့ ကိုဇင်မင်းသန်းကပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရှိပြီးနေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးတွေဟာ ၄၁ နှစ်အရွယ် ၁ဦး၊ ၁၇နှစ်အရွယ် ၁ဦး၊ ၁၅နှစ်အရွယ် ၁ဦး၊ ၁၃နှစ်အရွယ် ၁ဦးတို့ဟာသားအမိ ၄ဦး မိ
သားစုလိုက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အခြား ၂၂နှစ်အရွယ်နဲ့ ၁၇နှစ်အရွယ် အမျိုး
သမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်ကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တို
ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး
တိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။
အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်
ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။
အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

🤬24❤10😢6👎2👏2🎉1🤮1
ဗုံးကြဲခံရပြီးနောက်အပျက်အစီးတွေနဲ့သေဆုံးဒဏ်ရာရသူတွေ ။ဓာတ်ပုံံ-ကိုဇင်မင်းသန်း
😢46🤬4❤3👍2👎2👏2🤩1
CI မလုပ်ရေးလှုပ်ရှားမှုအောင်မြင်၊
စင်တာတွေမှာလူမရှိသလောက်ဖြစ်နေ
"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းကတော်
တော်ခရီးရောက်နေတယ်။ပွဲစားတွေလည်း
ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူမတွေ့ရသလောက်ပဲ"-ဦးဝေလင်းမောင် (CDM အလုပ်သမားသံအရာရှိ)
အောက်တိုဘာ-၂၀၊၂၀၂၆။နေ့သစ်/People's Spring
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုကထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်ကဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ရက်တစ်ပတ်ကြာတဲ့အထိ CI စ
ခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သားတွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်
သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းက တော်
တော်ခရီးရောက်နေတယ်။ ပွဲစားတွေလည်း ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူ မတွေ့ရသလောက်ပဲ ။လုပ်ပေးမယ့်ပွဲစားတွေလည်း လန့်နေကြတယ်။ ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကိုဖိအားပေးဖို့ နောက်တဆင့်လာမယ်ပေါ့"လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။
" အလုပ်သမားတွေ စောင့်ကြည့်နေကြတယ်။ ကမ်ပိန်းကို စောင့်ကြည့်နေကြတယ်။ အလုပ်သမားတွေ စိတ်ဝင်စားမှုများနေတယ်။ ILO ဥပဒေအရ လုပ်သားတွေက အခွန်နှစ်ထပ်ဆောင်နေရတယ်။ အဲလိုဖြစ်နေတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။
မဟာချိုင်နယ်မြေက AACမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးကတော့ " CI စခန်းတွေ တစ်ရက် လူ ၂၅ လောက်ပဲ ဝင်တယ်။ ကမ်ပိန်းကြောင့် တန့်နေတယ်။ ထိုင်းအစိုးရဘက်က ညှိနှိုင်းတာတွေ ရှိတယ်။ လူတစ်ဦးတစ်ယောက်တောင်းဆိုတာကို လက်မခံဘူး၊ ကမ်ပိန်းကို စာရွက်စာတန်းနဲ့ ပို့ခိုင်းနေတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက မဟာချိုင်မှာရှိတဲ့ စက်ရုံကြီးတွေကို သွားရောက်ပြီး မြန်မာလုပ်သားတွေကို ရှင်းပြဆွေးနွေးမှု ပြုလုပ်ရာ မြန်မာလုပ်သားတွေက အခွန်မပေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်လို့ သိရတယ်လို့ သိရကြောင်းလည်း ဦးခိုင်ကြီးက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပါတယ်။
CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။
CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်
ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခု CI လုပ်ရမယ့်အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြု
လုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာ
လုပ်သားဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။

❤25👍14🤣2
CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေလွှဲပို့ထားသူတွေကို CI စာအုပ်ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅
ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးမင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမား
တွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI ထုတ်ပေးတာတွေလုပ်လာတာ ဖြစ်ပါတယ်။
အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့အလုပ်သမား
အရေးလူပ်ရှားသူတွေကတွက်ပြထားပါတယ်။
စစ်ကောင်စီကထိုင်းရောက်မြန်မာလုပ်သားတွေဆီက ငွေကောက်ပြီး CI ကတ်လုပ်ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ကျော်ကို အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကိုစေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV ကဖော်ပြပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်းရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်ပေးခ အခွန်ထပ်ကောက်တာကြောင့် အခွန် ၂ ထပ်ကောက်သလိုဖြစ်နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ် ။အခုလိုအခွန် ထပ်ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့လည်းသူက ထောက်ပြပါတယ်။
ဒါ့အပြင် မြန်မာစစ်အုပ်စုက CI လုပ်ချင်တာဟာ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်ရရှိနိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအရေးဆောင်ရွက်သူကပြောပါတယ် ။ဒါကြောင့် ထိုင်းအစိုးရက စစ်ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်ပေးတာဟာ ထိုင်းနိုင်ငံအတွင်း စစ်အုပ်စုကို ဝင်ရောက်စွက်ဖက် ၊ကျူးကျော်ခွင့်ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ နဲ့ ထိုင်းလွှတ်တော်အမတ်အချို့က ဝေဖန်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future
မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ အောက်
တိုဘာလဆန်းမှာ သွားရောက်တောင်းဆိုထားပါတယ်။

👏30❤11🤣2🖕2
ဆားလင်းကြီးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ
အောက်တိုဘာ ၂၀၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၂၀) ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း နေရာ ၅ ခုမှာ ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံနဲ့အတူ ထောက်ခံစာသားတွေ ပါရှိသော ဆိုင်းဘုတ်တွေထောင်ပြီး ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေစေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤25🤣3💩2🖕2👍1🥰1👏1
ကျင်းဒွေးမြို့ကိုဦးတည်တဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေ၊ အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်
▪️ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး
အောက်တိုဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။
ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်လော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။
CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
" ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာနေသောကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ထပ်မံတိုက်တွန်း အပ်ပါသည်” လို့ CPU/CPAက ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ CPU/CPA ထိန်းချုပ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးမြေပြင် တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ဆိုပါတယ်။ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ်က အထိနာနေတာကြောင့် အင်အားဖြည့်ပြီး စက်တင်ဘာ နောက်ဆုံးပတ်မှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ လက်ရှိ အချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဖော်ပြပါတယ်။
ကျင်ဒွေးတိုက်ပွဲမှာ စစ်တပ်သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ စစ်တပ်ရဲ့ လက်နက်တွေသိမ်းရတာ ရှိတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပြထားပေမဲ့ CPU/CPAက စစ်ရေး အခြေအနေ အသေးစိတ်ကို လက်ရှိ အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတယ်လို့သာ အသိပေးခဲ့တာပါ။
စစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိဟု CPU/CPAက ထုတ်ပြန်ပါတယ်။

🔥19👏4🖕3😡3👍2👎1🤬1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၆ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရရှိပြီး နေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးတွေဟာ အသက် ၄၁ နှစ်အရွယ် ၁ဦး၊ အသက် ၁၇နှစ်အရွယ် ၁ဦး၊ အသက် ၁၅နှစ်အရွယ် ၁ဦး၊ အသက် ၁၃နှစ်အရွယ် ၁ဦးတို့ဟာ သားအမိ ၄ဦး မိသားစုလိုက် သေဆုံးခဲ့ရတာလို့ သိရပါတယ်။ နောက်ပြီး သေဆုံးသူ အသက် ၂၂နှစ်အရွယ်နဲ့ အသက်၁၇နှစ်အရွယ် အမျိုးသမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်တယ်လို့ ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။
◾️စစ်တပ်က ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ထပ်မံကြိုးစား၊ ကမ်းစပ်တိုက်ပွဲမှာ စစ်ကြောင်းပြုတ်သွား
စစ်တွေတိုက်ပွဲတွေမှာ စစ်တပ်က ဒီနေ့ အမြန်မော်တော်လှေ(speedboat)တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်တော်(AA)က တိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကမ်းစပ်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က ငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့ စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့ကြောင့် အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ်ကမ်းတက်ဖို့ ဆက်ကြိုးစားနေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ Speedboatလေးစီး၊ စစ်သားအင်အားသုံးဆယ်ကျော်နဲ့ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားလာတာဖြစ်ပြီး ကမ်းကပ်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး သေဆုံးတာ၊ လက်နက်ချတာနဲ့ ကုန်သွားခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ သေဆုံးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ခဲ့တာရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူ ကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်တလော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။ CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ ဆိုပါတယ်။
◾️CI မလုပ်ရေး လှုပ်ရှားမှုအောင်မြင်၊ စင်တာတွေမှာ လူမရှိသလောက်ဖြစ်နေ

❤15👍5🤣2🖕2🤮1
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရက်တစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သားတွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ CI ကို ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကို ဖိအားပေးဖို့ နောက်တဆင့်လာမယ်လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။ CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း အာဏာသိမ်းစစ်တပ်ကသာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်က ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။
◾️စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ထုတ်ပြန်
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ယောဒေသ လို့ခေါ်တဲ့ ဆော၊ လောင်းရှည်၊ ကျောက်ထုမြို့နယ်တွေမှာ ဖော်ဆောင်တဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွင်းက မှတ်တမ်းတချို့ဖြစ်တယ်လို့ ဆိုပါတယ်။ အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုရုပ်သံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဖြတ်တောက်စက် အပါအ၀င် Drone GCS လို့ခေါ်တဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေကို တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။ အခုရက်ပိုင်း စစ်တပ်ယာဉ်တွေ ထပ်မံတိုက်ခိုက်ခံရတာရှိသေးတယ်လို့ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။ ဆောကို အာဏာသိမ်းစစ်တပ်က အင်အား တောက်လျှောက်ဖြည့်နေပြီး အထူးသဖြင့် ကျင်ဒွေးဘက်မှာ တိုက်ပွဲက တောက်လျှောက်ဖြစ်ပွားနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
◾️SNA တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စုရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုပ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ဦးကျေးရွာအုပ်စု တာမယ်ပုတ်ကျေးရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစခန်းသိမ်းပိုက်နိုင်မှုနဲ့ တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဆက်သွယ်ထားဆဲပါ။ KIA ပူးပေါင်းတပ်ဟာ ဖားကန့်နဲ့ မိုးညှင်းဒေသက SNA တပ်စွဲရာ နေရာတွေ တပ်စခန်းတွေကိုလည်း အခုလပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေရှိပါတယ်။
◾️သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ

👍16❤2🖕2🤮1🤣1