People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စဉ့်ကူး-မတ္တရာနယ်‌ ဒေသခံတွေ ထပ်မံ နေရပ်စွန့်ခွာရ

အောက်တိုဘာ-၂၀၊ ၂၀၂‌၆။ ကတ်သရင်း/People's Spring

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေဟာ မန္တလေးမြို့နဲ့ သိပ်မဝေးသလို မြို့နယ်ချင်းထိစပ်နေတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေဖြစ်ပါတယ်။

မတ္တရာမြို့နယ်မှာ ရေလည်ကျွန်းရွာနဲ့ မြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ မိုးကြိုးရွာ၊ အိုင့်ဒိုင်ရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦး သေဆုံးပြီး ပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးတပ်တွေ ဝင်ထွက်တာ၊ စစ်ရေး လှုပ်ရှားတာမျိုး မရှိဘဲ စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"PDFရှိမယ်အထင်နဲ့ ကြဲတာ နေမှာပေါ့ဗျာ။ ပြည်သူတွေပဲထိတာပေါ့။ အဓိက,က အမျိုးသမီးတွေပဲ ထိတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သဖန်းထောင့်ရွာ နဲ့သုံးဆယ်ပေကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

အလားတူပဲ မတ္တရာမြို့နယ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ စဉ့်ကူးမြို့နယ် ဟင်္သာမအုပ်စုက ရွာတွေမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ဟင်္သာမရွာရဲ့ အနောက်ဘက်က စဉ့်အိုးကျွန်းရွာပေါ်ကို စစ်တပ်က ညနေ ၆နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါတယ်။

‌ဗုံးကြဲခံရမှုမှာ စင်အောက်ကို ဝပ်နေတဲ့ ဒေသခံ အမျိုးသမီး၂ဦးနဲ့ အမျိုးသား ၁ဦး သေဆုံးပြီး ၁ဦးက ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။

နောက်ပြီး ထုံးကြီးရွာရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကြောင်းက ဆင်ကျွန်း၊ မြေနုကျွန်းတွေပေါ်ကိုလည်း Y-12၊ Mi-35တို့နဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဓိက လေကြောင်းတိုက်ခိုက်ခံနေရတဲ့ နေရာတွေဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဆက်စပ်နေတဲ့ ဧရာဝတီမြစ်အတွင်းက ကျေးရွာတွေဖြစ်ပြီး ၂၀၂၁ခုနှစ်ကတည်းက စစ်ဒဏ်ကို ခံစားရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

မန္တလေးတိုင်း မြောက်ဘက်ခြမ်းကို စိုးမိုးနိုင်လာတဲ့ စစ်တပ်ဟာ စဥ့်ကူးနဲ့ မတ္တရာမြိုနယ်တို့ကို အလုံးစုံနယ်မြေစိုးမိုးနိုင်ပေမယ့် စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့နဲ့ထိစပ်နေတဲ့ ကျေးရွာ ၃၀ လောက်ကိုတော့ စိုးမိုးနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီရွာတွေကို စစ်တပ်က လာ‌ရောက် အထိုင်ချပြီး နယ်မြေ စိုးမိုးဖို့ ကြိုးစားချိန်မှာလည်း တော်လှန်ရေးတပ်တွေရဲ့ အကြိမ်ကြိမ်ဝင်တိုက်ခြင်း ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ် သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ် ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဩဂုတ်လအတွင်းကလည်း ကြိမ်တောရွာနဲ့ ကုန်းတန်းကြီး ရွာက စစ်တပ်အထိုင်စခန်းတွေ တိုက်ခိုက်ခံရပြီး စစ်သား ၆ဦး သေဆုံးကာ စစ်သုံ့ပန်းအရှင်ဖမ်း‌ဆီးရရှိမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလိုအထိနာမှုတွေနောက် စစ်တပ်ရဲ့ ဒေါသဟာ ဒေသခံပြည်သူတွေအပေါ်ပုံကျလာပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်မှူနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေပြုလုပ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာ သုံးလအတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာနဲ့ စဉ့်ကူးမြို့နယ် ရေလည်ကျွန်း ကျေးရွာတွေမှာ စစ်တပ်ရဲ့ ဒရုန်း၊ ရဟတ်ယာဉ်တို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကျော်ဒဏ်ရာတွေရခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း လူသေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ စစ်တပ်က ဒီရွာတွေဘက် လူအရိပ်အယောင်တောင်မမြင်ချင်ဘူးလို့ ပြောကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒါကြောင့်လည်း ဒေသခံတွေပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

ကျွန်းပေါ်ကျေးရွာတွေအားလုံးဟာ အခုအချိန်က စိုက်ပျိုးရာသီဖြစ်နေပြီး အားလုံး လယ်ယာစိုက်ပျိုးဖို့ ပြင်ဆင်နေကြချိန် စစ်တပ်က စိုက်ပျိုးခွင့် လုံးဝ မပေးတော့တာလည်းဖြစ်ပါတယ်။ ကျွန်း မြေပဲကို အဓိကထား စိုက်ပျိုးနေကြရတဲ့ ဒေသခံ တောင်သူတွေဟာ တနှစ်မှာ ဒီတရာသီပဲ စိုက်ပျိုးခွင့်ရကြတာလို့ သိရပါတယ်။

အခုတော့ နေ့စဥ် စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးရန် ကြောင့် ဒေသခံတွေဟာ နေရပ် စွန့်ခွာထွက်ပြေးဖို့ ထပ်မံ ပြင်ဆင်နေကြတာဖြစ်ပါတယ်။
🤬27❤10🔥9🙏2👏1🤣1
(စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
🔥20😭17👎2👏2😢1🎉1
မူဆယ်မြို့ မီးလောင်မှု တရုတ်ဘက်က လာငြှိမ်းသတ်ပေးရ

အောက်တိုဘာ-၂၀၊၂၀၂၆။မိထက်/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ စက်သုံးဆီဆိုင်မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့က မနိုင်တဲ့အတွက် တရုတ်နိုင်ငံ မီးသတ်က လာ‌ရောက် ငြှိမ်းသတ်ပေးရတယ်လို့ မြို့ခံတွေကပြောပါတယ်။

စက်သုံးဆီဆိုင်ရဲ့ ဆီ‌သိုလှောင်ကန်ဟာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက်၁၁ နာရီခန့်မှာ မီးလောင်ကျွမ်းခဲ့တာပါ။

" မူဆယ်က မီးသတ်ကားတွေလာတယ်။ ဒါပေမယ့် မီးမနိုင်တော့ တရုတ်မီးသတ်ကားတွေ နယ်စပ်ပေါက်ကနေဝင်လာပြီး မီးငြှိမ်းပေးတာ။ မီးသာ ဆက်များရင် မလွယ်ဘူးလေ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မူဆယ်နဲ့ နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကနေ ရှေ့ပြေးယာဥ် ၂စီး၊ မီးသတ်ကား ၅ စီးလာရောက်ကူညီငြိမ်းသတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မီးငြှိမ်းသတ်နိုင်ပြီလို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအရ တရုတ်အစိုးရကိုမှီခိုနေရသလို မူဆယ်မြို့အပါအဝင် နယ်စပ်ဒေသတွေမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကဏ္ဍ၊‌ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကဏ္ဍတွေမှာလည်း တရုတ်ဘက်ကို မှီခိုနေရပါတယ်။
👍17🤣12🔥5❤2👏1😁1
(မူဆယ်မြို့ မီးလောင်မှု ငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - CJ)
👍26❤7🔥5🤣2🫡2
လားရှိုးမှာ ရွှေဆိုင်သိမ်းပြီးအပြန် သေနတ်ထောက်လုယက်ခံရ

ရှမ်းမြောက်က စစ်တပ်ထိန်းချုပ်မြို့တွေ တရားဥပဒေစိုးမိုးမှုလုံးဝမရှိဟု ဒေသခံတွေ ပြော

အောက်တိုဘာ-၂၀၊၂၀၂၆၊ဇော်ရမ်း/People's Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ပိုင်ရှင် သေနတ်ထောက်လုယက်ခံရမှု ယမန်နေ့ အောက်တိုဘာ ၁၉ရက် ညနေက ဖြစ်ပွားခဲ့ပါတယ်။

ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

" ရွှေ ရောင်းရတဲ့ငွေတွေရော၊ ရွှေထည်တချို့ပါ ပါသွားတယ်။ တရားခံမမိပါ။ လွယ်လွယ်ကူကူလေးပဲလုပ်သွားတာပါ"လို့ မြို့ခံက ပြောပါတယ်။

လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ အကူအညီနဲ့ စစ်တပ်က ၂၀၂၅ ဧပြီမှာ ပြန်လည်ထိန်းချုပ်ထားပါတယ်။

အဲ့ဒီနောက်ပိုင်း လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ၁၉ရက်နေ့ညနေကလည်း လားရှိုးမြို့ရပ်ကွက်(၁‌၀)ထဲက စတိုးဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်သူတွေက ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုသတ်ဖြတ်သွားခဲ့ပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာလည်း ရွှေဆိုင်ဓားတိုက်ခံရမှုမကြာခဏဖြစ်ပွားနေသလို မူဆယ်မြို့မှာလည်း အိမ်စီးကားကိုဗုံးခွဲတိုက်ခိုက်မှုတစ်ခု အောက်တိုဘာလ၁၂ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ် မြို့တွေကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ကျန်မြို့နယ်တွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီနဲ့ နီးစပ်တဲ့ သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။
🔥21👍5❤4👎3😱2🤮1
(လားရှိုးမြို့မစျေးကြီးကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)
👍29🔥4👎1
စစ်သင်တန်းအပြီး ကျောက်ဖြူစစ်မြေပြင်ချက်ချင်းပို့ခံရတဲ့ ပြည်သူ့စစ် ၂ဦး AAထံ အလင်းဝင်

“ကိုယ့်အသက်ကို မသေစေချင်ဘူး မိသားစုနဲ့ တွေ့ချင်တယ်ဆိုရင် AA ဘက်ကို အလင်းဝင်ကြပါ” အလင်းဝင်တပ်သား စိုးမင်းသိန်း

အောက်တိုဘာ ၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။

တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၈)တပ်ရင်းက တပ်သားအောင်ကျော်နိုင်နဲ့ တပ်သားစိုးမင်းသိန်းတို့ဟာ ၂၀၂၆ မေလမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး စစ်သင်တန်း သုံးလကျော်တက်ရောက်ခဲ့ပြီးနောက် ရက္ခိုင်ပြည်နယ် ကျောက်ဖြူ စစ်မျက်နှာကို ပို့ဆောင်ခံရစဉ် စစ်မြေပြင်ကနေ အတူတကွ ထွက်ပြေးခဲ့ကြရတာလို့ ဆိုပါတယ်။

တပ်သားအောင်ကျော်နိုင်ကတော့ မန္တလေးမှာ ဆိုင်ကယ်ကယ်ရီဆွဲတာဖြစ်ပြီး ၂၀၂၆ မေလမှာ ကယ်ရီဆွဲဖို့ ထွက်လာစဉ် စစ်တပ်ရဲ့ စစ်သားစုဆောင်းမှု ခံခဲ့ရတာလို့ ဆိုပါတယ်။

လားရှိုးမှာ သင်တန်း ၃လ တက်ရောက်ခဲ့ရ ၂၀၂၆ ဩဂုတ်လ ၁၅ရက်မှာ သင်တန်းဆင်းခဲ့ရာ ရန်ကုန်မှာ မွမ်းမံသင်တန်းထပ်မံ တပ်ခဲ့ရတယ်လို့ တပ်သားအောင်ကျော်နိုင်က ပြောပါတယ်။ အဲဒီနောက် ခမရ(၂၁၈)မှာ ၁၅ရက်နေခဲ့ရပြီး သင်္ဘောနဲ့ ကျောက်ဖြူကိုပို့ဆောင်ခံရကြောင်း ပြောပါတယ်။

သင်တန်းမှာ လူဦးရေ ၂၅၀ ကျော်ရှိပြီး သင်တန်းမတက်ချင်သူများကြောင်း တပ်သား အောင်ကျော်နိုင်က ပြောပါတယ်။ ဒါ့အပြင် သင်တန်းကာလမှာ တပ်သား အောင်ကျော်နိုင်လည်း သူငယ်ချင်း ၅ယောက်နဲ့အတူ ထွက်ပြေးခဲ့ပေမဲ့ သုံးဦးသာလွတ်မြောက်ခဲ့ပြီး တပ်သား အောင်ကျော်နိုင်အပါအဝင် ၂ဦး ပြန်ဖမ်းခံခဲ့ရတယ်လို့ ပြောပြပါတယ်။ ဖမ်းခံရပြီး ရိုက်နှက်နှိပ်စက်ချုပ်နှောင်ခံခဲ့ရပေမဲ့ သင်တန်းအပြီး ရက္ခိုင်စစ်မျက်နှာ ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီရောက်ပြီး မကြာခင်မှာပဲ တပ်သား စိုးမင်းသိန်းနဲ့အတူ ထွက်ပြေးရာ စစ်တပ်က မြင်ပြီး ပစ်ခတ်ခံရပေမဲ့ ဒဏ်ရာမရခဲ့ကြောင်း၊ ထွက်ပြေးစဉ် AA နဲ့ တွေ့လို့ အလံဖြူပြ အလင်းဝင်ခဲ့ကြောင်း ရှင်းပြပါတယ်။

တပ်သား စိုးမင်းသိန်းကတော့ ရန်ကုန် မှာ နေထိုင်သူဖြစ်ပြီး ၂၀၂၆ မေလမှာ အလုပ်က ပြန်လာစဉ် လမ်းမှာ စစ်သားစုဆောင်းခံရတာလို့ဆိုပါတယ်။

“ကျနော်တို့ကို ရုံးကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျနော်တို့ကို လက်ထဲကို မူးယစ်ဆေးဝါးတွေ တင်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီးတော့ မင်းတို့ စစ်ထဲဝင်မလား ထောင်ချခံမလားလို့မေးတယ်။ ကျနော်တို့ ဘာလုပ်လို့လဲဆိုတော့ ကျနော်တို့ကို ဘာမှ မပြောဘူး ထပ်နှိပ်စက်တယ်ရိုက်တယ်။ ရိုက်တော့ ကျနော်တို့ စစ်ထဲဝင်မယ်လို့ ပြောတယ်။ ဒီပြင်ရုံးကို ဖုန်းဆက်ပြီးတော့ ခေါ်ခိုင်းတယ်။ လာခေါ်သွားတော့ ကျနော်တို့ကို အဲဒီရုံးမှာ နှစ်ညအိပ်ရတယ်။ နှစ်ညအိပ်တော့ထိပ်တုံးထဲထည့်ထားတယ်။ အဲဒီရုံးကနေ ကျနော်တို့ကို ဘုရင့်နောင်စစ်ကြောရေးကို ပို့တယ်။ ဘုရင့်နောင်စစ်ကြောရေးမှာလည်း နှစ်ညထပ်အိပ်ရတယ်။ ဘုရင့်နောင်စစ်ကြောရေးကနေ
မှော်ဘီတိုက်ကြီး အမှတ်(၂) တန်းမြင့်လေ့ကျင့်ရေး ကျောင်းကို ထပ်ပို့တာ။” ဟု တပ်သား စိုးမင်းသိန်း
က အဓမ္မစစ်သားစုဆောင်းခံရမှု အခြေအနေကို ပြောပြပါတယ်။

မှော်ဘီသင်တန်းကနေ မွန်းမံသင်တန်း ထပ်မံ တက်ရောက်ခဲ့ပြီးနောက် ကျောက်ဖြူသို့ ပို့ ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရှေ့တန်းအရောက် စစ်ကောင်စီတပ်သားတွေက ပစတွေကို နေ့တိုင်းလိုလို ဆဲဆိုကြိမ်းမောင်းတာ ကင်းကို အချိန်ကြာမြင့်စွာ စောင့်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်သားစိုးမင်းသိန်းက ပြောပါတယ်။

“သူတို့လူဟောင်းတွေ မစောင့်ရဘူး ကျနော်တို့ ပစတွေချည်းပဲ စောင့်ရတယ်။ ကျနော်တို့ ပစတွေပဲ လုပ်ရပါတယ်။ တော်တော်လေးလည်း ဒုက္ခရောက်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ပစအချို့ ကိုယ့်ကိုယ်ကိုယ် သက်သေတာရှိသလို တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့
ထမ်းလာတာတွေ့ခဲ့ရကြောင်းလည်း တပ်သား စိုးမင်းသိန်းက ပြောပါတယ်။

အဲဒါကြောင့် သူငယ်ချင်းနှစ်ယောက် တိုင်ပင်ထွက်ပြေးခဲ့ရာ နောက်ပိုင်းမှာ AAထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။ AAက ကောင်းမွန်စွာ ဆက်ဆံပြီး လုံခြုံရာ ပို့ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ထဲက ပစတွေ အမြန်ဆုံးအလင်းဝင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

“ကိုယ့်အသက်ကို မသေစေချင်ဘူး မိသားစုနဲ့ တွေ့ချင်တယ်ဆိုရင် AA ဘက်ကို အလင်းဝင်ကြပါ”လို့လည်း တပ်သားစိုးမင်းသန်းက တိုက်တွန်းပါတယ်။

ရုပ်သံ - AA

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ကျောက်ဖြူမြို့နယ် #ရက္ခိုင့်တပ်တော် #AA #ပြည်သူ့စစ် #အလင်းဝင်ရောက်မှု #မြန်မာ့စစ်ရေးသတင်း #KyaukphyuTownship #ArakanArmy #PeoplesMilitia #Defection #MyanmarConflict #MyanmarNews
👍37❤4🤣4👏2🖕2👎1🥰1
Media is too big
VIEW IN TELEGRAM
👍44❤6🤣4👏3👎1🖕1
စစ်တပ်ကငပြီကျွန်းကို speedboat ​တွေနဲ့ကမ်းတက်ဖို့ထပ်မံကြိုးစား၊ကမ်းစပ်တိုက်ပွဲမှာစစ်​ကြောင်းပြုတ်သွား

■ကမ်းစပ်တိုက်ပွဲမှာစစ်သား၁၀ဦးကျော်သေပြီး၂၀ဦးဝန်းကျင်လက်နက်ချပြီးအလင်းဝင်

■AAက အမြင့်ကျွန်း၊ငတောက်တက်ရွာတို့ဘက်ကနေ ပါဒလိတ်တပ်ရင်းတွေကိုဝိုင်းတိုက်နေ

အောက်တိုဘာ-၂၀၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ( speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်က ငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်
တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာကမ်းတက်နိုင်ခဲ့တဲ့စစ်
သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ်ကမ်းတက်ဖို့ ဆက်ကြိုးစား​နေတာဖြစ်တယ်လို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။

“၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ နှစ်ရက်တိုက်ကမ်း
တက်ဖို့လုပ်တယ်။ မအောင်မြင်ဘူး။သူတို့သင်္ဘောပဲထိပြီးပြန်လှည့်ခဲ့ ရတယ်။ ဒီနေ့ကျတော့ မြစ်လယ်လောက်က Speedboat တွေနဲ့ကမ်းကပ်လာတာ၊ကမ်းစပ်မှာပဲကိုယ့်လူတွေ အလုပ်လုပ်ကြတော့ အလောင်း ၁၀ ကျော်ရတယ်။ ကျန်တဲ့ကောင်တွေအကုန် အလင်းဝင်တယ်။ ၂၀ လောက်ရှိမယ်” လို့ မြေပြင်မှာရှိနေတဲ့ AA နဲ့နီးစပ်သူသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာSpeedboatလေးစီး၊စစ်သားအင်
အားသုံးဆယ်ကျော်နဲ့ ငပြီကျွန်းကိုကမ်းတက်
ဖို့ကြိုးစားလာတာဖြစ်ပြီးကမ်းကပ်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး ​သေဆုံးတာ၊လက်နက်ချတာနဲ့ ကုန်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပြင်ရှိ စစ်
သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် AA တပ်ဖွဲ့ဝင်အချို့ လည်း ထိခိုက်ခဲ့တာရှိတယ်လို့ အထက်ပါသတင်းရင်းမြစ်​​တွေကပြောပါတယ်။

“လက်နက်ကြီးပစ်တဲ့နေရာ ခြောက်ခုလောက်ရှိတယ်။စစ်တွေဘက်နေရာခြောက်ခုလောက်
ကနေ တောက်လျှောက်ပစ်နေတာ။ ငပြီကျွန်းကို သင်္ဘောတွေ ရံပြီးတော့ အမြဲတမ်းတက်ဖို့ ကြိုးစားနေကြတယ်။ ကိုယ့်လူတွေ ကလည်း ဒရုန်းတွေ၊ အမြောက်တွေနဲ့ လိုက်ချတယ်” လို့ ပေါက်တောမြို့နယ်မှ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာလည်း ငပြီကျွန်းပေါ် ကမ်း
တက်ဖို့ကြိုးစားခဲ့ပြီးAAပစ်ခတ်တဲ့ လက်
နက်ကြီးကျည်ထိမှန်ပြီးစစ်သေင်္ဘာတစီးထိမှန်ကာစစ်သား ၁၀ ကျော် သေဆုံးခဲ့ရပါတယ်။စစ်သင်္ဘောတွေလည်းကမ်းမကပ်နိုင်ခဲ့ပါဘူး။

“အခုနောက်ပိုင်းစစ်တပ်ကလေယာဉ်တွေသိပ်
မသုံးတော့ဘူး။ဆူဆိုက်ဒရုန်းတွေ အများကြီးသုံးလာတယ်။ဒရုန်း တွေဆိုရင် ခေါင်းပေါ်မှာ ဝဲနေတာ အချိန်ပြည့်ပဲ၊ တခါဝဲရင် နှစ်နာရီလောက်ထိ ကြာတယ်”လို့တိုက်ပွဲဧရိယာအနီး မှာ ရှိနေတဲ့ ပေါက်တောဒေသခံက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေမြို့ နယ်အတွင်းက စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ)စစ်တွေအပါအဝင်စစ်တပ်ရဲ့တပ်
ရင်းတပ်စခန်းတွေကိုအနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်အနီးဝန်းကျင်၊မြောက်ဘက်အမြင့်ကျွန်း၊ တောကန်၊ ငတောက် တက်၊ ကျားမသောက်နဲ့ အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

“ပါဒလိတ်ဘက်မှာတိုက်ပွဲပိုပြင်းနေတယ်။ ပါဒလိတ်ပတ်လည်ပေ့ါ၊အမြင့်ကျွန်းဘက်ကရော၊ ငတောက်တက်ဘက်ကရောဝိုင်းပြီးတိုက်နေတယ်။အမြင့်ကျွန်းကလက်ကျန်စခန်းတွေကို ရှင်းနေတယ်။ အမြင့်ကျွန်းမှာလည်း ကိုယ့်ဘက်က အခြေအနေကောင်းတယ်” AA သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တွေ ဒကစ နဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ကျားမသောက်တပ်ရင်းအနီးဝန်းကျင်ရှိ တောကန်၊ ရာတန်ကျေးရွာ တဝိုက် စစ်တပ်ကာကင်းစခန်းတွေကိုလည်း AA ကတိုက်ခိုက်နေပါတယ်။

ပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခလရ ၂၃၂၊ ခမရ ၃၄၄၊ အမှတ်(၁၀)ပညာရေးသင်တန်းကျောင်းနဲ့ အမှတ်(၃၄၃) စစ်လက်နက်ပစ္စည်းတပ်ခွဲတို့ အခြေခိုက်ပြီး ကျားမသောက်ရွာမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအခြေစိုက်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို ကားလမ်းအတိုင်းလာရင် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်တို့ကို အရင်​ရောက်ပါတယ်။ အဲဒီကနေ ဆက်လာရင် ဒကစစစ်တွေနဲ့ ကပ်ရပ် နာရီကန်ရွာကို ရောက်ပါတယ်။

စစ်တပ်ကစစ်တွေမြို့အရှေ့ဘက်ရှိငပြီကျွန်း
ပေါ်ကို အင်အားအလုံးအရင်းသုံးကမ်းတက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်
လည်က အခြေစိုက်တပ်ရင်းတွေနဲ့ ဒကစတို့အနီးဆုံးထိ ချဥ်းကပ်ပြီး ထိုးစစ်အဟုန်မြှင့်လာခဲ့ တာဖြစ်ပါတယ်။

ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက် လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်းတက် ခဲ့တာဖြစ်ပြီး ကမ်းပေါ် စစ်သားဆယ်ချီတက်နိုင်ခဲ့ ပါတယ်။
❤39👍8👏5🥰2🫡2👎1🔥1🤣1🖕1
ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်းကျွန်းပေါ်မှာသေဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံ ရသူ ၂၀ ဝန်းကျင် ရှိကာ စစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်က အဓမ္မစု​ဆောင်းစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအ
များအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းနေ တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ်ထောက်ပို့ကာကင်းစခန်းကြီးရွှေမင်းဂံရေ
တပ်ရဲ့အရှေ့ဘက်တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။ စတုရန်းဧကလေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီးတန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ရှိလာပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက စစ်တပ်စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
❤37👍10👏4🥰3🤣2🖕2🫡2👎1
ငပလီကမ်း​ခြေနဲ့ သံတွဲမြို့ကိုသိမ်းပိုက်ခဲ့စဥ်က အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေ/ စစ်​တွေမြို့အနီးဝန်းကျင် ​မြေပုံ။
ဓါတ်ပုံ-AA Info Desk
❤31👍13🫡4🥰3👏3🤣2🤮1🖕1
ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် အမျိုးသမီး ၆ ဦး သေဆုံး

အောက်တိုဘာ-၂၀၊ ၂၀၂၆။ဟာနာဆန်၊ဂျွန်/People's Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါ
အဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ၂၀ ရက်နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာ​ကြောင့်ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်းဒေသခံကိုဇင်မင်း
သန်းက ပြောပါတယ်။

"အိမ်က၄ယောက်သေဆုံးပြီး နောက်အိမ်တစ်အိမ်က၂ယောက်သေဆုံးပြီး ၁ယောက်ဒဏ်
ရာရတာပါ"လို့ ကိုဇင်မင်းသန်းကပြောပါတယ်။

ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရှိပြီးနေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးတွေဟာ ၄၁ နှစ်အရွယ် ၁ဦး၊ ၁၇နှစ်အရွယ် ၁ဦး၊ ၁၅နှစ်အရွယ် ၁ဦး၊ ၁၃နှစ်အရွယ် ၁ဦးတို့ဟာသားအမိ ၄ဦး မိ
သားစုလိုက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အခြား ၂၂နှစ်အရွယ်နဲ့ ၁၇နှစ်အရွယ် အမျိုး
သမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်ကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တို
ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး
တိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။

အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်
ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။

အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
🤬24❤10😢6👎2👏2🎉1🤮1
ဗုံးကြဲခံရပြီးနောက်အပျက်အစီး​တွေနဲ့​သေဆုံးဒဏ်ရာရသူ​တွေ ။ဓာတ်ပုံံ-ကိုဇင်မင်းသန်း
😢45🤬4❤2👍2👎2👏2🤩1
CI မလုပ်​ရေးလှုပ်ရှားမှု​အောင်မြင်၊
စင်တာ​တွေမှာလူမရှိသ​​လောက်ဖြစ်​​နေ

"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းကတော်
တော်ခရီးရောက်နေတယ်။ပွဲစားတွေလည်း
ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူမတွေ့ရသလောက်ပဲ"-ဦး​ဝေလင်း​မောင် (CDM အလုပ်သမားသံအရာရှိ)

အောက်တိုဘာ-၂၀၊၂၀၂၆။နေ့သစ်/People's Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်ကဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရက်တစ်ပတ်ကြာတဲ့အထိ CI စ
ခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက်မြန်မာလုပ်
သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

"စင်တာတွေမှာလူမရှိဘူး။ကမ်ပိန်းက တော်
တော်ခရီးရောက်နေတယ်။ ပွဲစားတွေလည်း ခုလောလောဆယ်မှာလိုင်းပေါ်မှာတက်ကြေ
ညာတဲ့သူ မတွေ့ရသလောက်ပဲ ။လုပ်ပေးမယ့်ပွဲစားတွေလည်း လန့်နေကြတယ်။ ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကိုဖိအားပေးဖို့ နောက်တဆင့်လာမယ်ပေါ့"လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

" အလုပ်သမားတွေ စောင့်ကြည့်နေကြတယ်။ ကမ်ပိန်းကို စောင့်ကြည့်နေကြတယ်။ အလုပ်သမားတွေ စိတ်ဝင်စားမှုများနေတယ်။ ILO ဥပဒေအရ လုပ်သားတွေက အခွန်နှစ်ထပ်ဆောင်နေရတယ်။ အဲလိုဖြစ်နေတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

မဟာချိုင်နယ်မြေက AACမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးကတော့ " CI စခန်းတွေ တစ်ရက် လူ ၂၅ လောက်ပဲ ဝင်တယ်။ ကမ်ပိန်းကြောင့် တန့်နေတယ်။ ထိုင်းအစိုးရဘက်က ညှိနှိုင်းတာတွေ ရှိတယ်။ လူတစ်ဦးတစ်ယောက်တောင်းဆိုတာကို လက်မခံဘူး၊ ကမ်ပိန်းကို စာရွက်စာတန်းနဲ့ ပို့ခိုင်းနေတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက မဟာချိုင်မှာရှိတဲ့ စက်ရုံကြီးတွေကို သွားရောက်ပြီး မြန်မာလုပ်သားတွေကို ရှင်းပြဆွေးနွေးမှု ပြုလုပ်ရာ မြန်မာလုပ်သားတွေက အခွန်မပေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်လို့ သိရတယ်လို့ သိရကြောင်းလည်း ဦးခိုင်ကြီးက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်
ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု CI လုပ်ရမယ့်အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြု
လုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာ
လုပ်သားဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။
❤25👍13🤣2
CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရ​ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေလွှဲပို့ထားသူတွေကို CI စာအုပ်ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅
ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးမင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမား
တွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI ထုတ်​ပေးတာ​တွေလုပ်လာတာ ဖြစ်ပါတယ်။

အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့အလုပ်သမား
အရေးလူပ်ရှားသူတွေကတွက်ပြထားပါတယ်။

စစ်​ကောင်စီကထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်​ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလိုဖြစ်​နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာ​ပြောပါတယ် ။အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ရောက်တယ်လို့လည်းသူက ​ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်​အုပ်စုက CI လုပ်ချင်တာဟာ ထိုင်း​ရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်ရရှိနိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအ​ရေး​ဆောင်ရွက်သူက​ပြောပါတယ် ။ဒါ​ကြောင့် ထိုင်းအစိုးရက စစ်​ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်​ပေးတာဟာ ထိုင်းနိုင်ငံအတွင်း စစ်အုပ်စုကို ဝင်​ရောက်စွက်ဖက် ၊ကျူး​ကျော်ခွင့်​ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ နဲ့ ထိုင်းလွှတ်​တော်အမတ်အချို့က​ ဝေဖန်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future
မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ​ ​အောက်
တိုဘာလဆန်းမှာ သွားရောက်တောင်းဆိုထားပါတယ်။
👏30❤11🤣2🖕2