ဘုတလင်နဲ့ ဆားလင်းကြီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်
အောက်တိုဘာ ၁၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။
ဘုတလင်မြို့နယ် နေရာ ( ၄ ) နေရာမှာ ဘုတလင်မြို့နယ်သပိတ်အင်အားစုမှ "ကျွန်ုပ်တို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးသည် ဦးကျော်မိုးထွန်း သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရန်" ၊ "Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲ ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမ္မဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြတာပါ။
ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက "ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ပါတယ်။ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်" လို့ အသိပေး ပြောကြားထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤30👍10🖕2👏1🤮1🤣1
ဓာတ်ပုံ - ဘုတလင်သပိတ်အင်အားစု၊ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤35👍4🥰3🖕3🤮1
တရားမျှတမှုဖော်ဆောင်နိုင်ရေး PDFနဲ့မဟာ
မိတ်တွေရဲ့ထိုးစစ်အရှိန်မြှင့်ဖော်ဆောင်နေဟု
စစ်ရုံးချုပ်ထုတ်ပြန်
■စစ်တပ်က အင်းတော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်းခေါ်သွား
အောက်တိုဘာ-၁၉၊၂၀၂၆။ရွှေပြည်စိုး/ People's Spring
နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေဝန်ကြီးဌာန၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)
က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
PDF နဲ့ မဟာမိတ်တပ်တွေကတရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တိုက်ခိုက်နေပြီးလက်ရှိ
ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ် ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်ထဲမှာစစ်တပ်က အရပ်
သားတစ်ဦးကိုရက်စက်စွာသတ်ဖြတ်ပြီး တစ်ဦးက်ို ဖမ်းဆီးသွားတယ်လို့ အောက်တိုဘာလ ၁၉ရက်မှာ ထုတ်ပြန်အသိပေးတာပါ။
အင်းတော်မြို့နယ်မှာအောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦးဟာ
ညောင်ကုန်းရွာ ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တပ်တွေစိုးမိုးထားတဲ့ နယ်မြေကို ကျော်ပြီး စစ်တပ် တပ်စွဲနေရာယူထားတဲ့ မအူကုန်းရွာအနီးကို မှားယွင်းရောက်ရှိသွားတာလို့ သိရပါတယ်။
စစ်သားတွေကအသက် (၂၃) နှစ်အရွယ်ခန့်ရှိ လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာ မှောက်ခိုင်းပြီးသေနတ်ဒင်နဲ့အချက်ပေါင်း
များစွာ ရိုက်နှက်ကာ သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။ အသက် ၅၀ ကျော်အရွယ်ကျန်အမျိုးသားကို လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်
စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
"လမ်းပိုင်းသတိပေးချက်တွေ ထုတ်ထားတာဗျ။ သူတို့က လမ်းမှားသွားတာ။လူငယ်ကိုသတ်ပြီးအလောင်းကို ထားခဲ့တယ်။ ဒီကောင်တွေ သွေးဆာနေတဲ့ အရိုင်းအစိုင်းတွေပဲ"လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီးညှဉ်းပန်းသတ်
ဖြတ်ခြင်းခံရတဲ့ အရပ်သားပြည်သူ တွေအတွက် ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတစ်ဝန်းမှာ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရတဲ့ ပြည်သူ တွေအတွက် မဟာမိတ်တွေနဲ့အတူ
တရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ အရှိန်မြှင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။
လက်ရှိမှာ အင်းတော်-ထီးချိုင့်လမ်းနဲ့ အင်းတော်-ဝန်းသိုလမ်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာ နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေပါတယ်။
စစ်ကောင်စီက ယခုရက်ပိုင်းမှာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေ
ကြောင်းကနေဗုံးကြဲလို့ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။ တိုက်ပွဲတွေမှာ အထိနာတိုင်း တိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေး
တပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်ထားပါတယ်။

👍25🤮6🤬5❤3👎2🖕2🥰1🤣1
စစ်သုံပန်း၁၆ ဦး တာဝန်ကျေပြီးသစ္စာရှိ၍
ဆန္ဒအလျောက် PDF အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြု
အောက်တိုဘာ-၁၉၊၂၀၂၆။သတိုး/People's Spring
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အ
ထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအ
လျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးက ပေးအပ်တဲ့ တာဝန်တွေ ကိုသစ္စာရှိစွာထမ်းဆောင်တာ ၊ တာဝန်ကျေပွန်တာ ၊ တော်လှန်ရေးတိုက်ပွဲ တွေမှာပါဝင်ပေးဝာာ ၊စစ်ရာဇဝတ်မှုကင်းရှင်း တာတွေအတွက်စစ်သုံ့ပန်းစာရင်းကပယ်
ဖျက်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်သုံပန်းစာရင်းက ပယ်ဖျက်ခံခဲ့ရသူတွေက သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်
ရေးတပ်မတော်သားတွေ အဖြစ်ခံယူဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာ
ဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်
ရေးတပ်မတော်သားတွေ အဖြစ် ခံယူခွင့် ပြုလိုက်တာလို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။
၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်ကျော်အတွင်းစစ်တပ်မှသေဆုံးသူ နှစ်သောင်းကျော် ၊ဒဏ်ရာရသူ တစ်သောင်းခန့်၊
ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃၈၇၄ ဦး ၊စစ်တပ်မှ ထွက်ပြေးသူ နှစ်သောင်းခန့်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ။ အများစုဟာ ပစ ခေါ် စစ်မှုထမ်းစစ်သားသစ်တွေလို့ဆိုပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့လည်းဖော်ပြထားပါတယ်။

❤36👍17🥰2👎1🥴1🤣1🖕1
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်
အဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်
မြေပြင်ဖြစ်နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်
ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။
ဒီဖြစ်စဉ်နောက်ကွယ်က ပထဝီနိုင်ငံရေး၊ သယံဇာတနဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အပြောင်းအလဲများကို Geopolitical Monitor တွင် Augustine R K ရေးသားတဲ့ဆောင်းပါးကအသေးစိတ်လေ့လာသုံးသပ်ထားပါတယ်။အဆိုပါဆောင်းပါးမှာကမ္ဘာ့မြေရှား ထောက်ပံ့ရေး ကွင်းဆက်၊ ကချင်ပြည်နယ်ရှိ သယံ
ဇာတရင်းမြစ်များရဲ့မဟာဗျူဟာမြောက် အရေးပါမှုနဲ့ စတီးဝဲလ်လမ်းမကြီး ပြန်လည်အာရုံစိုက်ခံလာရမှုတို့ကို အဓိကထား ဖော်ပြထားပါတယ်။
ဒီလိုအရေးပါလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်မှာ လျစ်လျူရှုလို့မရတဲ့ ရင်း
မြစ်တစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်ပါတယ်။
အိန္ဒိယ၊ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ ဒီအရေးပါတဲ့ သတ္တုများရရှိရန်အတွက် ရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချကာ ထောက်ပံ့ရေးလမ်းကြောင်းအသစ်များ ရှာဖွေနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ကဏ္ဍဟာ နိုင်ငံတကာရဲ့ စိတ်
ဝင်စားမှု ပိုမိုရရှိ လာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတွေ လိုအပ်နေတဲ့ မြေရှားသတ္တု ရင်းမြစ်တွေ ရှိနေပါတယ်။ အထူး
သဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium )တို့လို လေးလံတဲ့ တန်ဘိုးကြီး မြေရှား ဒြပ်စင်တွေ (Heavy Rare Earth Elements – HREE) ပါဝင်နေတာပါ။
https://www.ludunwayoo.com/feature-mm/2026/10/19/171146/

LuduNwayOo
မြန်မာ့မြေရှားသတ္တုများနှင့် စတီးဝဲလ်လမ်းမကြီး၏ ပထဝီနိုင်ငံရေး | LuduNwayOo
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်အဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့…
👍33❤7🥰1🤣1
■ဖွင့်ဆိုရှင်းပြ-Expainer
မြန်မာအပေါ် သက်ရောက်နိုင်တဲ့
အမေရီကန်ကြားဖြတ်ရွေးကောက်ပွဲ
-ကိုပါဝဲလ်ရေးသားသည်။
အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ
(Midterm Elections)ကိုနိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲလို့ဆိုပေမယ့် ဒီရွေး
ကောက်ပွဲ ရလဒ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွေ အကြောင်း လေ့လာကြရအောင်ပါ။
●အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေ -Midterm Elections ဆိုတာ ဘာလဲ။
အမေရိကန်သမ္မတ တစ်ဦးရဲ့ ၄ နှစ် သက်
တမ်းရဲထက်ဝက်တိတိ(၂ နှစ်ပြည့်တဲ့အချိန်) မှာကျင်းပတဲ့လွှတ်တော်ရွေးကောက်ပွဲတွေကို
ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်ပါတယ်။
သမ္မတရွေးကောက်ပွဲကြီး မရှိတဲ့ကြားကာလမှာ လုပ်တာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်တာပါ။ အမေရိကန်နိုင်ငံမှာ Midterm Elections ကို Midterm Curse( ကြားဖြတ်ကျိန်စာ)လို့လည်း ခေါ်ကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအများစုလုပ်တိုင်းမှာ သမ္မတရွေးကောက်ပွဲတုန်းက နေရာအများစု အနိုင်ရခဲ့တဲ့ပါတီရဲ့လွှတ်တော်ကိုယ်စား
လှယ်နေရာတွေ လက်လွှတ်ဆုံးရှုံးရတတ်လို့ပါ။သမ္မတကို မကျေနပ်သူတွေ၊ ဒါမှမဟုတ် အတိုက်အခံတွေရဲ့ မဲဆွယ်စည်းရုံးမှု အား
ကောင်းလာတတ်တာကြောင့် ဖြစ်ပါတယ်။
●ဘယ်အချိန်တွေမှာ လုပ်ရတာလဲ။
သမ္မတသစ်တစ်ဦးတက်လာပြီး ၂ နှစ်အကြာ၊ နိုဝင်ဘာလ ပထမပတ်ရဲ့ အင်္ဂါနေ့မှာ ကျင်းပပါတယ်။ဥပမာအနေနဲ့ လက်ရှိ ၂၀၂၆ ခုဟာ အမေရိကန်သမ္မတသက်တမ်းရဲ့ နှစ်ဝက်ရောက်ရှိတဲ့ နှစ်ဖြစ်တာမို့ လာမယ့် နိုဝင်ဘာ
လ ၃ ရက်၊ ၂၀၂၆ ခုမှာ ကြားဖြတ်ရွေး
ကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
●လက်ရှိ လွှတ်တော်တွေမှာ ဘယ်သူတွေက အသာစီးရနေသလဲ။
လက်ရှိအောက်လွှတ်တော်(House of Representatives) နဲ့ အထက်လွှတ်တော် (Senate) နှစ်ခုစလုံးကိုသမ္မတထရန့်ရဲ့ရီပက်ဘလစ်ကန်ပါတီက အသာစီးရနေပါတယ်။
အောက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၂၁၈ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာနဲ့ တစ်သီးပုဂ္ဂလိက က ၁ နေရာ ဖြစ်ပါတယ်။လစ်လပ်နေရာ၂ နေရာ ရှိပါတယ်။အ
ထက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၅၃ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၄၅ နေရာနဲ့ တစ်သီးပုဂ္ဂလိက က ၂ နေရာ ဖြစ်ပါတယ်။
(နေရာအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်)
●ဘာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ရတာလဲ။
အမေရိကန်မှာသမ္မတတစ်ဦးဟာရွေး
ကောက်တင်မြှောက်ခံရပြီးရင် သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရပါတယ်။သက်တမ်း ၂ နှစ်ကြာလာတဲ့အခါ အုပ်ချုပ်ရေးမဏ္ဍိုင်မှာရှိတဲ့ သမ္မတကို ဒီမိုကရေစီနည်းအရ အပြန်
အလှန်ထိန်းကျောင်းဖို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေကို ပြန်လည်ဖွဲ့စည်းဖို့ အခုလို ကြားဖြတ်ရွေးကောက်ပွဲ လုပ်တာဖြစ်ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာအမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဥပဒေပြု
လွှတ်တော် ဖြစ်တဲ့ ကွန်ဂရက်(Congress) ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို ပြန်လည်ရွေးချယ်မှာပါ။
ကွန်ဂရက်ဆိုတာမြန်မာနိုင်ငံမှာဆို ပြည်
ထောင်စုလွှတ်တော်လိုမျိုးပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ကိုအောက်လွှတ်
တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) တို့ နှစ်ခုပေါင်းပြီး ဖွဲ့စည်းထားတာပါ။
အောက်လွှတ်တော်ဟာသက်တမ်း ၂ နှစ်ရှိပြီး ကိုယ်စားလှယ် ၄၃၅ နေရာ ရှိပါတယ်။ ပြည်
နယ်တစ်ခုချင်းစီရဲ့လူဦးရေအချိုးအစား အ
ပေါ်မူတည်ပြီး ကိုယ်စားလှယ်နေရာ မတူပါဘူး။ လူဦးရေများတဲ့ ပြည်နယ်က ကိုယ်စား
လှယ်နေရာပိုရပါတယ်။ အခုကြားဖြတ်
ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၃၅ နေရာစလုံးကို ၂ နှစ်သက်တမ်းနဲ့ အသစ်ပြန်ရွေးကြပါတယ်။
အထက်လွှတ်တော်မှာကိုယ်စားလှယ် ၁၀၀ နေရာရှိပြီး ၆ နှစ်သက်တမ်း ထမ်းဆောင်ကြရတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာပြည်နယ် ၅၀ ရှိပြီးတစ်ပြည်နယ်ကို ၂ နေ
ရာစီ အညီအမျှ ခွဲတမ်း ရပါတယ်။ဒါပေမယ့်အထက်လွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ် ၁၀၀ နေရာရဲ့ သက်တမ်းတွေက မတူညီကြပါဘူး။
ကိုယ်စားလှယ်အားလုံးကိုတစ်ပြိုင်နက်မကုန်
ဆုံးစေရန် သက်တမ်းတွေကို အလှည့်ကျစနစ် (Staggered terms) နဲ့ ကျင့်သုံးတာကြောင့် အထက်လွှတ်တော်ရွေးကောက်ပွဲတိုင်းမှာ ၃ ပုံ ၁ ပုံခန့်သာ အလှည့်ကျ ပါဝင်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စား
လှယ်အားလုံးရဲ့ ၃ ပုံ ၁ ပုံကျော် (ဒီနှစ်မှာဆိုရင် ၃၅ နေရာခန့်) ကို ရွေးချယ်ကြမှာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အချို့နဲ့ မြူနီစပယ်အရာရှိတွေ၊မြို့နယ်နဲ့ ခရိုင်တရား
သူကြီးတွေ၊ ရှေ့နေတွေ၊ ပညာရေးမှူးတွေကိုလည်း ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ပြည်နယ်တခုနဲ့ တခုတော့ မတူညီကြပါဘူး။
●ကြားဖြတ်ရွေးကောက်ပွဲတွေ က ဘာကြောင့် အရေးကြီးတာလဲ။
အမေရိကန်သမ္မတတစ်ဦးဟာအာဏာကို
အပြည့်အဝကိုင်တွယ်နိုင်ဖို့လွှတ်တော်ရဲ့ထောက်ခံမှုလိုပါတယ်။ကြားဖြတ်ရွေး
ကောက်ပွဲမှာ သမ္မတရဲ့ပါတီက လွှတ်တော်ရဲ့ နေရာအများစုကို ဆက်ထိန်းနိုင်မလား၊ ဒါမှမဟုတ် အတိုက်အခံပါတီက လွှတ်တော်နေရာ အများစုကို သိမ်းပိုက်ပြီး သမ္မတရဲ့ အလုပ်လုပ်ပုံတွေကို ဘရိတ်အုပ် (စစ်ဆေးကန့်သတ်) မလားဆိုတာကို ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးပါတယ်။

❤19👍11🤮2👎1🤣1
အတိုက်အခံတွေကလွှတ်တော်တစ်ရပ်ရပ်ကို အနိုင်ရသွားပြီဆိုရင် သမ္မတရဲ့ ဥပဒေကြမ်းတွေ၊ အစိုးရအဖွဲ့ဝင်နဲ့ တရားသူကြီး ခန့်အပ်မှုတွေကို အပြင်းအထန် ကန့်ကွက်ပိတ်ပင်နိုင်စွမ်း ရှိသွားပါတယ်။ကာရန်မသင့်ရင် သမ္မတကိုတောင်အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချနိုင်ပါတယ်။
●လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိနိုင်လား။
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေး
ကောက်ပွဲတွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အကူအညီပေးရေးအစီအစဉ်တွေနဲ့ စီး
ပွားရေးပိတ်ဆို့အရေးယူမှုတွေအပေါ် တိုက်
ရိုက်သက်ရောက်မှုရှိတာမို့ မြန်မာနိုင်ငံရဲ့ နိုင်
ငံရေးနဲ့ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်အောက်လွှတ်တော် ဒါမှမဟုတ် အထက်
လွှတ်တော်ရဲ့ အများစုနေရာကို ဒီမိုကရက်တစ်ပါတီက အသာစီးရသွားခဲ့ရင် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်လျာထားမှုနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမယ့်ဥပဒေကြမ်းတွေ၊ တိုက်
တွန်းမှုတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့စိတ်ဝင်စား
မှုပေါ်မူတည်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို ပိတ်ဆို့ဖို့ သမ္မ
တထရန့်ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ပိုမိုတွန်းအားပေး လာနိုင်ပါတယ်။
အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကိုတားဆီးဖို့ မူဝါဒ တူညီကြပေမယ့်မြန်မာနိုင်ငံဟာ တ
ရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာ
ဗျူဟာမြောက် နေရာဖြစ်တာမို့ အမေရိကန်ရဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှ မူဝါဒမှာ မြန်မာ့အရေးကို ဘယ်လောက်အထိ ပြန်ပြီး အရေးပေးမလဲဆိုတာဟာ လွှတ်တော်အသစ်ရဲ့ အခင်းအကျင်းပေါ် မူတည်နေပါတယ်။
စစ်ဘေးရှောင်တွေ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ဒေသတွေက ပြည်သူတွေအတွက် US Agency for International Development (USAID)၊ NED Burma Act အပါအဝင် နိုင်ငံ
တကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု ဘတ်ဂျက်တွေဟာ အမေရိကန်လွှတ်တော်ကပဲ အတည်ပြုပေးရတာပါ။
ပြီးခဲ့တဲ့၂၀၂၅ ခု နှစ်စပိုင်းကတည်းက USAID အဖွဲ့ဟာ သမ္မတ ထရန့်ရဲ့အမိန့် ဖျက်
သိမ်းခံခဲ့ရပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ ကြားဖြတ်ရွေး
ကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကသာ လွှတ်တော်တွေမှာ နေရာအသာစီး ပြန်ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပြန်ရကောင်း ရနိုင်ပါတယ်။
ဒါ့အပြင်ရပ်စဲထားတဲ့ယာယီတရားဝင်နေ
ထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်(Temporary Protected Status-TPS)တွေ၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ပိတ်ထားတဲ့ ပြည်ဝင်ခွင့်တွေလည်းအပြောင်းအလဲရှိလာနိုင်ပါတယ်။
●ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် လက်ရှိ စစ်တမ်းတွေအရ ဘယ်ပါတီက အသာရနေလဲ။
အမေရိကန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေနဲ့ နိုင်ငံ
ရေးဆိုင်ရာ အချက်အလက်တွေကို အဓိကထား တင်ဆက်ပေးနေတဲ့ Decision Desk HQ နဲ့ Ballotpedia တို့ရဲ့ အောက်တိုဘာလဆန်း စစ်တမ်းစုစည်းမှု (Polling Averages) အရ
ဒီမိုကရက်တစ်က ရီပက်ဘလစ်ကန် ထက် ၇/ ၈ ရာခိုင်နှုန်းလောက် အသာစီးရထားပါတယ်။
Fox News နဲ့ The Guardian သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မဲဆန္ဒရှင်တွေရဲ့ ထောက်
ခံမှုဟာ ပျမ်းမျှ ၅၀ ရာခိုင်နှုန်း ကျော်အထိ ရှိလာကာဒီမိုကရက်ပါတီကဦးဆောင်နေတယ်လို့ သိရပါတယ်။ ။

👍41🥰6❤2🤣2🔥1😁1🤮1
မုံရွာမှာ ပစ်သတ်ခံထားတဲ့ ရဲဘော်ရုပ်အလောင်းနား စစ်တပ်က ကင်းပုန်းဝပ်စောင့်နေ
အောက်တိုဘာ ၂၀၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်း၊ မြေနဲ-အောင်သာ လမ်းကူးမှာ တော်လှန်ရေးရဲဘော်တစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"အဲဒီလမ်းမှာက ကြေးနီတင်ကားတွေသွားတိုင်း ခဏတိုင်းဖြစ်တယ်။ သွားကောက်ဖို့က မလွယ်ဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ ရုပ်အလောင်းမှာ လမ်းပေါ်မှာပဲဆက်လက်ရှိနေပြီး အနီးနားမှာ စစ်တပ်က ကင်းပုန်းဝပ် စောင့်ဆိုင်းနေတာကြောင့် ဒီကနေ့ အောက်တိုဘာ ၂၀ရက် ၃ ရက်မြောက်တဲ့အထိ လာရောက်သိမ်းဆည်းတာမျိုး မရှိသေးဘူးလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ရဲဘော်ရုပ်အလောင်းဟာ ရက်ကြာလာလို့ ပုပ်ပွလာပြီး စစ်တပ်က လူနေအိမ်တွေရဲ့ရှေ့ လမ်းပေါ်မှာ ထားထားတယ်လို့ သိရပါတယ်။ လာကောက်မယ့်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတာဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အောက်တိုဘာလလယ်ပိုင်းကလည်း မုံရွာ-သာစည်လမ်းဘက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

🤬40❤3👎3👍2👏2🔥1😁1
သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ
အောက်တိုဘာ-၂၀၊၂၀၂၆။မိုမို/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA) တာ၀န်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်က အင်အား ၅၀ ၀န်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ ၁နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
"ရတဲ့အလောင်းတွေအရဆို တပ်မ ၆၆ ကပါ။ပုံမှန်ဆို တပ်မ ၅၅ နဲ့ ၉၉ ပဲ။ပစ(စစ်မှုထမ်း) တွေများတယ်"လို့ တိုက်ပွဲနဲ့ပတ်သက်လို့ DSNDA တာ၀န်ရှိသူက ရှင်းပြပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦး အပါအ၀င် ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရှိတဲ့အပြင် တပ်ပျက်ကာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။
ဒါ့အပြင် MA1 ၁လက်၊ MA 3 ၁လက် ၊60မမ ဗုံးသီး ၄လုံး ကျည်တွေနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
"ခုလက်ရှိတော့အင်အားပြန်ဖြည့်ပြီး တောထဲတွေစစ်ကြောင်းထိုးနေတယ်။ရွာငံနယ်မှာက ဩဂုတ်လပိုင်းကတည်းက အင်အားထောင်ချီနဲ့ထိုးနေတာ။နယ်မြေအနှံ့ကိုထိုးနေတာ"လို့ ရွာငံဒေသခံတော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်စိုးမိုးရေး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှုတွေမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊သတ်ဖြတ်တာ၊မုဒိမ်းကျင့်တာတွေနဲ့ ပစ္စည်းတွေကို ခိုးယူနေတာတွေရှိတယ်လို့လည်း DSNDA က ထုတ်ပြန်ထားပါတယ်။
ရုပ်သံ - DSNDA
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #သာစည်မြို့နယ် #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #စစ်တပ်အထိနာ #မြန်မာ့စစ်ရေးသတင်း #ThaziTownship

👏34👍8❤2🥰2👎1🔥1🖕1