People's Spring
✔
59.3K subscribers
72.4K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၃ရက်မှာ ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြောင့် TNLA အဖွဲ့အစည်းနဲ့ ကင်းကွာပြီဖြစ်ကြောင်း အသိပေးအပ်တယ်လို့ TNLAက ဖော်ပြပါတယ်။ TNLA ဟာ သူတို့ရဲ့ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး တကယ်လို့ အဲဒီတပ်ဖွဲ့က မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်လာပါက ပြည်သူ့ဘက်ကနေ ရပ်တည်ကာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။ ဂူဆီးဦးဆောင်တဲ့ အဖွဲ့ဟာ မိုးမိတ်ဒေသမှာ အခြေပြုတာဖြစ်ပြီး သူတို့အဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်ကို တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်တပ်ဆီ လက်နက်ချခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တပ်ဖွဲ့ဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️အထည်ချုပ် လုပ်သား တစ်သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေ

အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ပြည်ပက အမှာစာ(အော်ဒါ)မရမှုတွေကြောင့် တချို့ အထည်ချုပ်စက်ရုံတွေက လုပ်သားလျှော့ချမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တာ၀န်ရှိသူက ပြောပါတယ်။ အဖွဲ့ချုပ်ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄)က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ၊ လှိုင်သာယာစက်မှုဇုန်က ၀န်ထမ်း ၁,၀၀၀ နီးပါးရှိတဲ့စက်ရုံနဲ့ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့နယ်က အလုပ်သမားဦးရေ ၅,၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေက အခု အောက်တိုဘာအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိ အထည်ချုပ်စက်ရုံကလည်း အပြီးပိတ်သိမ်းတော့မယ့် သတင်းတွေကြောင့် အထည်ချုပ်အလုပ်သမားစုစုပေါင်း တစ်သောင်း နီးပါးက အလုပ်အကိုင်အခွင့်လမ်းဆုံးရှုံးဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။ လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

◾️ပုဂံမှာ စစ်တပ်က တပ်စွဲပြီး စစ်ရာဇဝတ်မှု​တွေ ကျူးလွန်​​နေဟု MDSI ​ဖော်ပြ

အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံအတွင်း တပ်စွဲပြီး စစ်ရာဇဝတ်မှု​တွေကျူးလွန်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ လေတပ်ဆွယ်နဲ့ အမြောက်လက်နက်ကြီးတွေ တပ်စွဲချထားပြီး မကွေးတိုင်းဒေသ နဲ့ ဧရာဝတီမြစ်ကြောင်းရှိ မြို့နယ်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ MDSI က ​အောက်တိုဘာ ၁၉ ရက်မှာထုတ်ပြန်ပါတယ်။ ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဇူလိုင်မှာ သတ်မှတ်ခံရတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းနယ်မြေလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို စစ်ရေးအတွက် တပ်စွဲအသုံးပြုကာ စစ်ရာဇဝတ်ကျူးလွန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

◾️အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် ဒေါက်တာစင်သီယာမောင်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ပြု
🔥9❤5🖕2👍1🕊1
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။ ၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို မြန်မာ-ထိုင်းနယ်စပ် မယ်တော်ဆေးခန်းက ရရှိခဲ့ရာ ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၉ရက်မှာ ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနဲ့ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သလို လူပေါင်းများစွာအတွက် ကျန်းမာသက်သာမှု၊ မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ မယ်တော်ဆေးခန်းမှတစ်ဆင့် ကျန်းမာရေးလုပ်သားမျိုးဆက်များကိုလည်း လေ့ကျင့်ပျိုးထောင် ပေးခဲ့ရာ ၎င်းတို့သည် အခက်ခဲဆုံးအခြေအနေတွေမှာပင် စေတနာ၊ ကရုဏာနဲ့ တာဝန်သိစိတ်တို့ဖြင့် ပြည်သူများကို ဆက်လက်စောင့်ရှောက်လျက်ရှိတယ်လို့ဆိုပါတယ်။
🔥12❤9🖕2🙏1
👍7🔥5🖕3
❤22🖕2👍1🥰1🤮1🕊1
ဘုတလင်နဲ့ ဆားလင်းကြီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်

အောက်တိုဘာ ၁၉၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ် နေရာ ( ၄ ) နေရာမှာ ဘုတလင်မြို့နယ်သပိတ်အင်အားစုမှ "ကျွန်ုပ်တို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးသည် ဦးကျော်မိုးထွန်း သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရန်" ၊ "Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲ ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမ္မဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြတာပါ။

ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက "ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ပါတယ်။ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်" လို့ အသိပေး ပြောကြားထားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤30👍10🖕2👏1🤮1🤣1
ဓာတ်ပုံ - ဘုတလင်သပိတ်အင်အားစု၊ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤35👍4🥰3🖕3🤮1
တရားမျှတမှု​ဖော်​ဆောင်နိုင်​ရေး PDFနဲ့မဟာ
မိတ်​တွေရဲ့ထိုးစစ်အရှိန်မြှင့်​ဖော်​ဆောင်​နေဟု
စစ်ရုံးချုပ်ထုတ်ပြန်

■စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

​အောက်တိုဘာ-၁၉၊၂၀၂၆။ရွှေပြည်စိုး/ People's Spring

နိုင်ငံတဝန်း အရပ်သားပြည်သူ‌တွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်‌တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှု​တွေကို အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေဝန်ကြီးဌာန၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)
က ဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

PDF နဲ့ မဟာမိတ်တပ်​တွေကတရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တိုက်ခိုက်​နေပြီးလက်ရှိ
ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်‌ ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်‌နေတဲ့စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်ထဲမှာစစ်တပ်က အရပ်
သားတစ်ဦးကိုရက်စက်စွာသတ်ဖြတ်ပြီး တစ်ဦးက်ို ဖမ်းဆီးသွားတယ်လို့ အောက်တိုဘာလ ၁၉ရက်မှာ ထုတ်ပြန်အသိပေးတာပါ။

အင်းတော်မြို့နယ်မှာအောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦးဟာ
ညောင်ကုန်းရွာ ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တပ်တွေစိုးမိုးထားတဲ့ နယ်မြေကို ကျော်ပြီး စစ်တပ် တပ်စွဲနေရာယူထားတဲ့ မအူကုန်းရွာအနီးကို မှားယွင်းရောက်ရှိသွားတာလို့ သိရပါတယ်။

စစ်သား​တွေကအသက် (၂၃) နှစ်အရွယ်ခန့်ရှိ လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာ မှောက်ခိုင်းပြီးသေနတ်ဒင်နဲ့အချက်ပေါင်း
များစွာ ရိုက်နှက်ကာ သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။ အသက် ၅၀ ကျော်အရွယ်ကျန်အမျိုးသားကို လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်
စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

"လမ်းပိုင်းသတိပေးချက်တွေ ထုတ်ထားတာဗျ။ သူတို့က လမ်းမှားသွားတာ။လူငယ်ကိုသတ်ပြီးအလောင်းကို ထားခဲ့တယ်။ ဒီကောင်တွေ သွေးဆာနေတဲ့ အရိုင်းအစိုင်းတွေပဲ"လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ မတရားဖမ်းဆီးညှဉ်းပန်းသတ်
ဖြတ်ခြင်းခံရတဲ့ အရပ်သားပြည်သူ တွေအတွက် ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတစ်ဝန်းမှာ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရတဲ့ ပြည်သူ တွေအတွက် မဟာမိတ်တွေနဲ့အတူ
တရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ အရှိန်မြှင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိမှာ အင်း‌တော်-ထီးချိုင့်လမ်းနဲ့ အင်းတော်-ဝန်းသိုလမ်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာ နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေပါတယ်။

စစ်ကောင်စီက ယခုရက်ပိုင်းမှာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေ
ကြောင်းကနေဗုံးကြဲလို့ ​ဒေသခံပြည်သူ​တွေထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။ တိုက်ပွဲတွေမှာ အထိနာတိုင်း တိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေး
တပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်ထားပါတယ်။
👍25🤮6🤬5❤3👎2🖕2🥰1🤣1