ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော် တပ်ဖွဲ့ကို သစ္စာဖောက်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားဟု TNLA ထုတ်ပြန်
အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၃ရက်မှာ ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြောင့် TNLA အဖွဲ့အစည်းနဲ့ ကင်းကွာပြီဖြစ်ကြောင်း အသိပေးအပ်တယ်လို့ ဖော်ပြပါတယ်။
“PSLF/TNLA အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အကယ်၍ ၎င်းတပ်ဖွဲ့မှ မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်လာပါက ပြည်သူ့ဘက်မှ ရပ်တည်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်” လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ရေးသတင်းရင်းမြစ်တဦးရဲ့ ပြောပြချက်အရ ဂူဆီးဦးဆောင်တဲ့ အဖွဲ့ဟာ မိုးမိတ်ဒေသမှာ အခြေပြုတာဖြစ်ပြီး ၎င်းတို့အဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်သို့ တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်ကောင်စီထံ လက်နက်ချခဲ့တာလို့ဆိုပါတယ်။ တပ်ဖွဲ့ဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် အခု စစ်တပ်နဲ့ အလင်းဝင်သွားတဲ့ ဂူဆီး ဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်အဝါနဲ့ ပေါင်းပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။လက်ရှိမှာလည်း ဂူဆီးဟာ မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ် ရပ်တည်ဖို့ လုပ်နေသလို မိုးမိတ်ဒေသမှာ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စစ်ရေး သတင်းရင်းမြစ်က ပြောကြားပါတယ်။
TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ဖိအားပေး ကြားဝင်စေ့စပ်မှု၊ စစ်တပ်ရဲ့ လေကြောင်း အပါအဝင် စစ်ရေးဖိအားပေးမှုတွေကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့အချို့ လက်လွှတ်လိုက်ရသလို စစ်တပ်နဲ့ အပစ်ရပ်စဲရေးသဘောတညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်ပေးခဲ့ရပါတယ်။ လက်ရှိမှာလည်း TNLAဟာ စစ်အုပ်စုရဲ့ ငြိမ်ချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ်မှာပါဝင်လျက်ရှိပြီး မကြာသေးမီလပိုင်းက TNLA ခေါင်းဆောင်အချို့ နေပြည်တော်ထိ သွားရောက်ဆွေးနွေးတာရှိခဲ့ပါတယ်။

👍19😁10❤3🤮2🔥1👏1🎉1
အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာ၊ လုပ်သား တစ်သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေ
အောက်တိုဘာ-၁၉၊၂၀၂၆။ဇော်၀င်း/People's Spring
အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)က ထုတ်ပြန်ပါတယ်။
ပြည်ပက အမှာစာ(အော်ဒါ)မရမှုတွေကြောင့်တချို့ အထည်ချုပ်စက်ရုံတွေက လုပ်သားလျှော့ချမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
"တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်"လို့ MICS-TUsF တာ၀န်ရှိသူက ပြောပါတယ်။
MICS-TUsF ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄)က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ၊လှိုင်သာယာစက်မှုဇုန် ပုသိမ်ဝန်ထောက်ဦးမြဲလမ်းနဲ့ ပြင်စည်မင်းသားကြီးလမ်းထောင့်က ၀န်ထမ်း ၁,၀၀၀ နီးပါးရှိတဲ့စက်ရုံနဲ့ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့နယ်က အလုပ်သမားဦးရေ ၅၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေက အခု အောက်တိုဘာအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိ အထည်ချုပ်စက်ရုံကလည်း အပြီးပိတ်သိမ်းတော့မယ့် သတင်းတွေကြောင့် အထည်ချုပ်အလုပ်သမားစုစုပေါင်း တစ်သောင်း နီးပါးက အလုပ်အကိုင်အခွင့်လမ်းဆုံးရှုံးဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။
"ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ"လို့ အခုလ ၂၁ ရက်နေ့မှာ ပိတ်သိမ်းတော့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
အထည်ချုပ်စက်ရုံနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုကို ရှာဖွေနေဆဲ ဖြစ်ပြီး အလုပ်အကိုင်မရပါက ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ စိတ်ကူးထားတယ်လို့သူက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။
ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။
နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးငါးနှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။
အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နားမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပ ကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ် သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။
ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅ မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။

🔥25👎3🖕3❤1🤮1
KNU တပ်မဟာ(၁)နယ်မြေက ကျေးရွာတွေကို စစ်တပ်က လေယာဉ်၊လက်နက်ကြီးတွေနဲ့ထပ်မံ တိုက်ခိုက်
အောက်တိုဘာ ၁၉၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ KNU တပ်မဟာ(၁)နယ်မြေကို လက်နက်ကြီးပစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၅ရက်က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဘီးလင်းမြို့နယ် ရှမ်းစုရွာကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လေယာဉ်ကနေ ဗုံးသီး ၂လုံးကြဲချခဲ့ရာ ဗုံးသီး ၁လုံးဟာ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေမှာတော့ အရပ်သားထိခိုက်မှု သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၂ရက်က ငှက်ပျောတောရွာကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်ကတော့မိသားစုလိုက် သေဆုံးမှု ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတဦး၊သူ့ရဲ့ ဇနီးနဲ့ညီဖြစ်သူတို့ သုံးဦးသေဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့တာပါ။
အောက်တိုဘာ ၂ရက်ကလည်း စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရပါတယ်။

🤬18❤13👎6🔥2👏2😢1🎉1
နွားထိုးကြီးမှာ မိန်းကလေးတွေကိုအုပ်စုဖွဲ့ အဓမ္မကျူးလွန်တဲ့စစ်ကြောင်း အောင်ပန်းကုန်းရွာကို မီးရှို့
■နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲနေ
အောက်တိုဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊အောင်ပန်းကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားတာကြောင့်နေအိမ်အလုံး ၃၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထနောင်းပင်လဲရွာကို ပြန်ဝင် ရောက် နေတဲ့စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ၁၆ ရက် ၊ညနေပိုင်းမှာ အောင်ပန်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့ နောက် အောက်တိုဘာလ၁၇ ရက်နေ့ ညပိုင်းမှာ ဒေသခံ ပြည်သူ တွေရဲ့ နေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်အလုံး၃၀ ခန့်မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
"တိုက်ပွဲမရှိပါဘူး။ပစ်ခတ်တွေဘာညာတောင်မရှိခဲ့ဘဲနဲ့ သက်သက်မဲ့ကြီး ပြည်သူ့နေအိမ် တွေကိုမီးရှို့ဖျက်ဆီးသွားတာပါ။စစ်ကြောင်းကလည်း အခုသိပ်ရှင်းတဲ့အခြေအနေမဟုတ် သေးတာမို့ နေအိမ်အသေးစိတ်စာရင်းတော့မရ သေးပါဘူး"လို့ ဒေသခံပြည်သူ တဦးက ပြောပါတယ်။
စစ်အုပ်စုဟာရွာကိုမီးရှို့ဖျက်ဆီးပြီး အောက်တိုဘာ၁၈ ရက်နေ့ ညနေပိုင်းမှာ ထနောင်းပင်လဲနဲ့ နွားထိုးကြီးမြို့ဘက်ကို ပြန်ဝင်သွားတာ တွေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာအောက်တိုဘာလ ၅ ရက်ကထနောင်းပင်လဲရွာကဒေသခံ အမျိုးသမီး၅ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိလည်း ထနောင်းပင်လဲကို တပ်စွဲထားဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

🤬28❤5🔥4👎2👏1🤮1💩1🤣1🖕1😡1
စစ်တွေတိုက်ပွဲမှာ AAပစ်ခတ်လို့ စစ်သင်္ဘောတစီး မီးလောင်ပျက်စီးတဲ့ရုပ်သံဖိုင်ပျံ့နှံ့
■အောက်တိုဘာ ၈ ရက်မှာထိမှန်ခဲ့တာဖြစ်ပြီး နစ်မြုပ်လုနီးပါးဖြစ်ကာရေတပ်ထဲဆွဲခေါ်သွား
■ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအဓမ္မစုဆောင်းထားတဲ့ရိုဟင်ဂျာတွေကိုအသေခံကမ်းတက်တိုက်ခိုင်းနေဟုသတင်းရင်းမြစ်အချို့ပြော
အောက်တိုဘာ-၁၉၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။
အောက်တိုဘာ ၁၉ ရက်မနက်ပိုင်းမှာပျံ့နှံ့လာတဲ့ အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ပေါက်တောမြို့ နယ် ငပြီကျွန်းပေါ် စစ်တပ်က ကမ်းတက်ဖို့ကြိုးစားချိန် AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ လှမ်းပစ်လို့ ထိ မှန်သွားခဲ့တာလို့ သိရပါတယ်။
“၈ရက်နေ့ကပစ်လို့ ထိသွားတာပါအဲဒါ။ သင်္ဘောတော့ မြုပ်မသွားဘူး။ မြုပ်လုနီးနီးဖြစ်သွားတယ်။သင်္ဘောသုံးစီး နဲ့ တွဲခေါ်သွားရတယ်။ရွေမင်းဂံထဲကိုဆွဲသွားကြတယ်။အဲဒီသင်္ဘောကတော့ ထပ်ပြီးရေချလို့မရနိုင်လောက်တော့ဘူး။အင်ဂျင်ပါပျက်သွားလောက်တယ်” လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့သင်္ဘော ကိုနက်ကြီးကျည်နှစ်လုံး ထိမှန်သွားခဲ့ပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံး သွားခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။ “မျက်မြင် နှစ်ဆယ်လောက် သေ တယ်”လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံနေတဲ့ စစ်သင်္ဘောဟာရွှေမင်းဂံရေတပ်စခန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာကြား ကုလားတန်မြစ်ပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ “ကမ်းနဲ့ သိပ်မဝေး၊ မြစ်လယ်လည်းမကျတဲ့နေရာမှာအပစ်ခံရတာ။အဲဒီကတည်းကသင်္ဘောတွေသွားရင် ကမ်းနဲ့ သိပ်မကပ်ဘူး။ မြစ်လယ်ကြောကပဲ သွားကြတာတွေ့တယ်”လို့ ပေါက်တောမြို့နယ်မှ မျက်မြင်ဒေသခံတဦးကပြောပါတယ်။
စစ်တပ်ဟာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်၊ စစ်ကူပို့နိုင်ဖို့ ကုလားတန်မြစ်ပြင်မှာ စစ်သင်္ဘော လေးစီးထက်မနည်း နေ့စဉ်ရှိနေပြီး AA ရဲ့ ပစ်ခတ်မှုကို မကြာခဏခံနေရပါတယ်။အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်သင်္ဘောတွေထဲက တစီးကို AA က ပစ်ခတ်ထိမှန်ခဲ့ပြီး တဆယ် ကျော် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
“တဆယ်ကျော်လောက်သေမယ်ထင်တာပဲ။ မီးခိုးတွေကတော့ တော်တော်အများကြီး ထွက်သွားတယ်။ ချက်ချင်း လှည့်ပြေးသွားတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်း တက်ခဲ့တာဖြစ်ပြီး ကမ်းပေါ် စစ်သားဆယ်ချီတက်နိုင်ခဲ့ပါတယ်။
ပထမအကြိမ်အင်အားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပြီးနောက် ကမ်းပေါ်ရှိနေသူအားလုံးနီးပါး သေဆုံးသွားခဲ့ချိန် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တို့မှာ ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်ဖို့ကြိုးစားလာခဲ့တာပါ။ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်း ကျွန်းပေါ်မှာ သေ ဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံရသူ (၂၀ )ဝန်းကျင်ရှိကာစစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ AA တို့ ငပြီကျွန်းပေါ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအတင်းအကြပ်ဖိအားပေးခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအများအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“မူဆလင်တွေအများကြီးပါတယ်။ ကမ်းပေါ်မှာတောင် နှစ်ဆယ်လောက်တွေ့တယ်။ မနေ့က ထပ်တက်တာမှာလည်း မူဆလင်တွေပါတယ်။တမင်ကိုအသေခံခိုင်းနေသလိုပဲ” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာစစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။
အဲဒီကျွန်းပေါ်မှာလူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။AAက ငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ) အနီးဝန်းကျင်အပါအဝင် မြို့ပတ်လည်က စစ်တပ်စခန်းတွေကိုလည်း အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ်စခန်းအချို့ကို သိမ်းယူထားပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။

❤21👏7🥰6🤣3👍2👎1🖕1
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲရှိပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ကစစ်သားရာချီ ရှိနေပြီးသေဆုံးခဲ့ပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုပ်သံ- Thar Mon Zaw

❤14🤣11👏6😁2👍1👎1🖕1
ရခိုင်ပြည်သူတွေအတွက် လေကြောင်းရန်ကို ဒေသအနှံ့ကနေ ပြည်သူတွေ သတိပေး
အောက်တိုဘာ-၁၉၊ ၂၀၂၆။ ရွှေပြည်စိုး/People's Spring
မိတ္ထီလာ၊ တံတားဦး၊ ညောင်ဦးနဲ့ မကွေးလေတပ်ကနေ စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ ဒီနေ့ နေ့လယ်ပိုင်းမှာ တောက်လျှောက်တက်နေပြီး ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ပျံသန်းနေလို့ အရပ်သားတွေ သတိပြုကြဖို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာရှိတဲ့ ဒေသခံတွေက သတိပေးကြပါတယ်။
"အရင်နဲ့ မတူဘူး။ ဒီနေ့ အရမ်းများတယ်။ ရခိုင်ဘက်ကို တည်ပြီး ပျံနေတာ။ တစ်စီးပြီး တစ်စီးပဲ"လို့ မန္တလေးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်အဓိကအခြေစိုက်တဲ့ မိတ္ထီလာမြို့က ဒေသခံတစ်ဦးကလည်း "ရဟတ်ယာဉ်တွေရော၊ ဂျက်ဖိုက်တာတွေပါ ရှမ်းတဲလေတပ်က တက်နေတာ။ ကျတော်တို့ ကြားရသလောက် ရခိုင်ပြည်နယ်ဘက်ကို သွားတာပါ။ နီးစပ်ရာကိုတော့ သတိပေးနေတယ်"လို့ ပြောပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေကြောင်းသိရှိထားပြီး ဒီနေ့လို လေကြောင်းပျံသန်းမှုတွေကြောင့် စိတ်ပူတယ်လို့ မန္တလေးနဲ့ မိတ္ထီလာဒေသခံတွေက ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်စောင့်ကြည့်ရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဒီနေ့မနက်ပိုင်းကနေ နေ့လယ်အထိ မိတ္ထိလာ(ရှမ်းတဲလေတပ်)၊ တံတားဦး၊ ညောင်ဦးလေဆိပ်နဲ့ မကွေးလေတပ်ကနေ စစ်ကောင်စီ ထောက်ပို့လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို ပျံသန်းနေကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးပတ်ဝန်းကျင်နဲ့ မြို့အရှေ့ဘက်က ငပြီကျွန်းမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အောက်တိုဘာ ၁၈ရက် မနေ့က ငပြီကျွန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ကျော် ကြဲချခဲ့သလို ပလက်ဝမြို့နယ်ထဲကိုလည်း ဗုံးကြဲခဲ့ပါတယ်။ ပလက်ဝမြို့နယ်ထဲကို ဗုံးကြဲတဲ့ဖြစ်စဉ်မှာ ကလေးငယ်အချို့အပါအဝင် အရပ်သား ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သေဆုံးတာအရမ်းများတယ်။ ကျနော်တို့ရွာကတင် ခြောက်ဦးပါသွားတယ်"လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ၂၈ရက်ကလည်း ကျောက်တော်မြို့ထဲက အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ အပြစ်မဲ့အရပ်သား ပြည်သူ ၅၀ ဦး သေဆုံးပြီး ၅၇ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်က မြို့တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် အထူးသတိပြုကြဖို့ AAက မကြာခဏသတိပေးနေသလို လေကြောင်းရန်ကာကွယ်ရေးအတွက် နိုင်ငံအနှံ့က အရပ်သားပြည်သူအချင်းချင်းလည်း နည်းမျိုးစုံသတိပေးနေကြပါတယ်။
"ကျတော်တို့ လုပ်နိုင်တာ လုပ်တာပါ။ လေကြောင်းအန္တရာယ်ကို ကျွန်တော်တို့ကောင်းကောင်းသိတယ်။ ဒါကြောင့် ရတဲ့နည်းနဲ့သတိပေးတာပါ"လို့ မန္တလေးမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

👍28😢7❤2🤣2🖕2👏1🤮1💩1🙏1
ပေါ်တာဆွဲတဲ့အကြောင်း လူမှုကွန်ရက်ကနေဝေဖန်လို့ ၂ လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိ
အောက်တိုဘာ-၁၉၊၂၀၂၆။တေဇ/People's Spring
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှုတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာအတွင်းမှာ ဖေ့စ်ဘွတ်ခ် နဲ့ Tik Tok မှာပို့စ် နဲ့ ဗီဒီယိုတွေ တင်ခဲ့တာကြောင့် ၇ ဦးရှိပြီး ဩဂုတ်အတွင်းမှာ ၉ ဦးရှိတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူအများစုက စစ်မှူထမ်းဥပဒေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ဝေဖန်တာ တိုင်ကြားတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
NUG ၊CRPH တို့နဲ့ ပတ်သက်တဲ့ အကြောင်းပြချက်နဲ့ ၆ဦး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှူကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တယ်လို့ စွပ်စွဲအမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ စက်တင်ဘာနဲ့ ဩဂုတ်တွေက လူမှုကွန်ရက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာကြောင့် ဖမ်းဆီးခံရမှု အများဆုံးလတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

😡38❤3👎3👏2🤮2🎉1
ဗန်းမော်မှာ တိုက်ပွဲဆက်ဖြစ် ၊ KIA ပူးပေါင်းတပ်ရဲ့ လက်နက်ကြီးကြောင့် စစ်တပ်အထိနာ
အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ဒုတိယပတ်က ဗန်းမော်မြို့ (၃)မိုင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ပြည်သူ့နေအိမ်တွေ မီးရှို့ခဲ့တဲ့ စစ်တပ်ကို အထိနာအောင် KIAက တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။
“မိမိဘက်က လက်နက်ကြီးနဲ့တန်ပြန် တိုက်ခိုက်လို့ အထိနာတာပါ။ ခြေလျင်နည်းနည်းထိုးလိုက် လက်နက်ကြီးနဲ့ တိုက်လိုက်ပေါ့” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော ဗန်းမော်ဒေသ တိုက်ပွဲ အခြေအနေကို ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဗန်းမော်မြို့ သိမ်းနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ နှစ်နှစ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ တပ်စခန်းနေရာတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်တပ်ဟာ စက်တင်ဘာလအတွင်းက ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားအချို့ ဖြည့်တင်းနိုင်ခဲ့ပြီးနောက် ဆုံးရှုံးထားတဲ့ နေရာတွေ ပြန်ရဖို့ ထိုးစစ်ဆင်တာတွေ ပြုလုပ်လာလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာပါ။
KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ရှမ်းမြောက် မိုးမိတ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ကချင်ဒေသကို စစ်အင်အား လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတာကြောင့် ဒေသအချို့မှာ စစ်ရေးတင်းမာကာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ KIAက အသိပေးထားပါတယ်။

👍38👏12❤4👎1🥰1🤮1🤣1🖕1
စစ်တပ်က ပလက်၀မြို့နယ် ချောင်းဆုံကို ၂ ရက်ဆက် ဗုံးကြဲ၊ သေဆုံးထိခိုက်သူ ဆယ်ချီရှိ
အောက်တိုဘာ ၁၉၊၂၀၂၆၊ ခိုင်မြတ်/People’s Spring။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရှေ့တန်းကာကင်းစခန်းကြီးတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပလက်၀မြို့နယ် ချောင်းဆုံကို လေယာဉ်အုပ်လိုက်နဲ့ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း ဗုံးဆက်ကြဲခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ဒေသခံ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ မနေ့က အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှာ ချောင်းဆုံ၀န်းကျင်ကို လေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင် ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်စိုးရိမ်ရသူ ၄ ဦး ထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီနောက် ဒီနေ့မနက် ၁၁ နာရီကျော်အချိန်မှာလည်း ထောက်ပို့လေယာဉ် Y12 ၁စီး၊ တိုက်လေယာဉ် ၂စီး တို့နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံလာကြခဲ့တာဖြစ်ပြီး သွားလာနေတဲ့ ကုန်ကားတွေကိုလည်း စက်သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ညက ၇ ယောက်သေတယ်။ ၄ ယောက်ဒဏ်ရာပြင်းတယ်။ ဒီနေ့စာရင်းတော့ မ ရောက်လာသေးဘူး။ ဝေးလည်းဝေးလို့လေ။ တဆယ်ကျော်၊ နှစ်ဆယ်လောက်ရှိတယ်လို့တော့ လောလောဆယ် သိထားရတယ်” လို့ ပလက် ၀ဒေသခံ အုပ်ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးသူအရေအတွက် အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
ချောင်းဆုံဟာ ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အကြားမှာတည်ရှိပြီး ကုန်စည်အတင်အချ လုပ်တဲ့ကုန်ဆိပ် တခုဖြစ်ကာ လူစည်းကားတဲ့ဒေသဖြစ်ပါတယ်။
“အရပ်သားတွေချည်းပဲ ကုန်သည်တွေ၊ အလုပ်သမားတွေအများကြီးရှိတယ်။ အဲဒါကို ရည်ရွယ်ချက်ရှိရှိကြဲတာပါ။ မင်းအောင်လှိုင်လက်ထက်မှာ ဘုန်းကြီးလည်း မလွှတ်၊ ဘုရားလည်း မလွှတ်တော့ဘူး” လို့ ပလက်၀ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခု စစ်တပ်က ဗုံးကြဲတဲ့နေရာဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲမရှိတော့တာ ၂နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်လည်ရှိ ရေချမ်းပြင်၊ အမြင့်ကျွန်း၊ နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကိုရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။
ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုး စားနေပြီး AA က ခုခံတိုက်ခိုက်တာကြောင့် အထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့စစ်သားတွေဟာလည်း ဆယ် ချီသေဆုံးနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလိုတိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သားလူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံး ကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

🤬36❤6😭5👎1👏1🎉1😡1
■ဆောင်းပါး
သစ်ကြီးတောမှာ ဘာတွေဖြစ်ခဲ့သလဲ
ထွန်းညိုဦး/People's Spring
အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာ
သိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ရတယ်။
သစ်ကြီးတောရွာဟာ ကိုယ့်အိမ်မှာတင် အမွှေးတိုင်လုပ်တဲ့ နေ့စားလက်လုပ်လက်စားသမားလေးတွေလည်း အများအပြား ရှိပါတယ်။ နိုင်ငံရေးအရတော့ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာဆိုပြီး လူသိများတယ်။ သစ်ကြီးတောရွာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကရော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကပါ ပြည်ထောင်စု ကြံ့
ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ ရွာကြီးပါ။
သစ်ကြီးတောရွာဟာ ၂၀၁၈ ခုနှစ် မတ်လဆန်းက မီးအကြီးအကျယ်လောင်ပါတယ်။ ပေါ့ဆမီးကြောင့်လောင်တာ အိမ်ခြေ ၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ရွာသူရွာသားတွေ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရတယ်။ သူတို့ရွာ မီးလောင်တဲ့သတင်းကို သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြတော့ လူသိများသွားပြီး လာလှူကြတာ မနည်းမနောပဲ။
ရွေးကောက်ခံအရပ်သားအစိုးရ NLDအုပ်
ချုပ်နေပေမယ့် ဒီရွာဟာ အစိမ်းထောက်ခံတဲ့ရွာဆိုတဲ့သဘောထားမျိုး ဘယ်သူဘယ်ဝါမှ စိတ်ထဲ မရှိခဲ့ကြဘူး။ အဲဒီအချိန်က မီးဘေးသင့်အိမ်တွေကို NLD အစိုးရရဲ့ လူကယ်ပြန်ကနေ ပစ္စည်း ၁၆ မျိုးပါ အိတ်တွေနဲ့ အိမ်
ထောင်တစ်စုကိုငွေသားတစ်သိန်းစီ ထောက်ပံ့တယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေလည်း ဆန်အိတ်တစ်ရာကျော် လာလှူတယ်။ တခြားပြည်တွင်းပြည်ပက အလှူရှင်တွေကလည်း လာလှူလိုက်ကြတာ မနည်းမနောပဲ။ မီးလောင်တဲ့အိမ်တစ်အိမ်ကို ဆန်အိတ်အပိုင်းတွေ ဆယ်ချီရကြတယ်။ ငွေသားသက်သက်ကိုက မီးလောင်တဲ့အိမ်တစ်အိမ်ကို သိန်း ၅၀ ကျော်စီ ရကြတယ်။ မီးလောင်ပြီး သူဋ္ဌေးဖြစ်သွားတဲ့ရွာလို့တောင် ကျီစယ်ကြတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက သစ်ကြီးတောရွာကို မီးဝင်ရှို့လို့ နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရဖူးတယ်။ အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့သွားလို့ PDF တွေ ထွက်တဲ့ရွာလားဆိုတော့ မဟုတ်ပါဘူး။
တော်လှန်ရေးအဖွဲ့တွေ ခိုအောင်းတဲ့ရွာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ နဂိုကမှ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာ။ "အဲရွာမှာလည်း ဘာမှမရှိဘူး။ နေလို့လည်းအဆင်မပြေဘူး။ တစ်ရွာလုံးက အဲရွာတွေဆိုတော့။ ကျွန်တော်တို့စိုးမိုးလို့သာ ပျူရွာမဖြစ်တာ အဲရွာတွေက"လို့ ရေစကြိုနယ်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလိုပဲ အာဏာသိမ်းစစ်
တပ်ဟာ သစ်ကြီးတောရွာကို အံ့အားသင့်စရာ အပြုအမူတစ်ခု ထပ်လုပ်ပြန်ပါတယ်။
၂၀၂၆ အောက်တိုဘာလ ၁၆ ရက်နေ့၊မွန်းလွဲ ၂ နာရီခန့်က သစ်ကြီးတောရွာလယ်လောက်က စတားလင့်အင်တာနက်ဆိုင်ကို လေ
ကြောင်းတိုက်ခိုက်မှုတွေ ရက်ရက်စက်စက် ပြုလုပ်သွားခဲ့တာပါ။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စတင်ထွက်ပေါ်လာတဲ့ အသေခံဒရုန်းနှစ်စီး၊ ညောင်ဦးနဲ့ မကွေးဘက်ကနေ ရောက်ရှိလာတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီး၊ ဂျက်ဖိုက်တာ ၂ စီးအပြင် ဒရုန်းတွေ နဲ့ သစ်ကြီးတောရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်
ကောက်ဆိပ်ကျေးရွာတွေဆီကို ဦးတည်ကာ မိုးပေါ်ကနေဗုံးမိုးတွေ ရွာချခဲ့ကြပါတယ်။
"နေ့လယ် ၂ ချက်ထိုးလောက်မှာ တပ်မ ၁၀၁ ကနေတက်လာတဲ့ အသေခံဒရုန်း ၂ စီးနဲ့ အရင်လာတယ်။ ပြီးတော့ ညောင်ဦးက တက်လာတဲ့ MI 35 နဲ့ ပစ်တယ်။မကွေးကနေ တက်
လာတဲ့ ဂျက်ဖိုက်တာနဲ့လည်း လာကြဲတယ်။ သစ်ကြီးတော ရွာလယ်ခေါင်လောက်ကျမှာပေါ့။ စတားလင့်ဆိုင်ရှေ့ ကျတာပေါ့။ ဘေးရွာပတ်ပတ်လည်တွေလည်း ပတ်ပြီးပစ်သွားတယ်" လို့ ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
ဗုံးတွေဟာ သစ်ကြီးတောရွာလယ်ခေါင်၊ လူစည်ကားရာ စတားလင့်ဆိုင်ရှေ့လမ်းမပေါ်ကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးသီးဒဏ်ကြောင့် လမ်းပေါ်မှာ ကျင်းကြီး၊ ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ရုံသာမက လမ်းသွားလမ်းလာတွေ၊ ကျောင်းကအပြန် ခဏရပ်နားကြသူတွေနဲ့ ဆိုင်ထဲမှာ ရှိနေသူတွေပါ တစ်ပြိုင်နက်တည်းလို ထိခိုက် သေဆုံးခဲ့ကြရပါတယ်။
"စတားလင့်ဆိုင်ရှေ့က လမ်းပေါ်ကိုကျတာ။ လမ်းပေါ်ကျတော့ လမ်းသွားလမ်းလာတွေရော၊ ကျောင်းသွားတဲ့ ၁၀ နှစ်လောက် ကလေးတစ်ယောက်လည်း သေဆုံးတယ်။ ၈ လ ၉ လသား ကလေးတစ်ယောက်လည်း ပါသေးတယ်။ သူ့အုပ်ထိန်းသူကော သေတယ်" လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် လက်ပွေ့အရွယ် ၇ လ၊ ၈ လသာရှိသေးတဲ့ ရင်သွေးငယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကစလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတွေအထိ အ
ရပ်သားပြည်သူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။သစ်ကြီးတောရွာမှာ၁၁ဦးနဲ့ ပိတ်သင်းကပ်ကျေးရွာမှာ၁ ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စတားလင့်ဆိုင်အပါအဝင်အနီးနားက နေအိမ် ၇လုံး၊၈လုံးခန့်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။

🖕13😭9❤7👍2🤣1