People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
◾️ရေနံမြေတိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်
တပ်က အင်အားဖြည့်နေ

မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူ
ထုနွေဦးကို ပြောပါတယ်။ အဲဒီ စစ်ကူယာဉ်တန်းရဲ့ရှေ့ပြေးစစ်ကြောင်းကအောက်တိုဘာ
၁၇ရက် ညပိုင်းမှာ ကမ္မမြို့အနီး လက်ပြ ကျေးရွာ၀င်ရောက်နေပြီလို့ ဆိုပါတယ်။ မြိုင်မြို့နယ် ဝဲတူးရေနံမှော်အနီး တဲကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းထံ Y8 လေယာဥ်နဲ့ နေ့စဉ်နီးပါး ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတာတွေလည်းရှိတယ်လို့ ဒေသတွင်း သ
တင်းရင်းမြစ် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က အသိပေးထားပါတယ်။

◾️စစ်ကိုင်းနဲ့ကချင်အစပ်မှာတိုက်ပွဲဖြစ်

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်နဲ့ စစ်
ကိုင်းတိုင်းနယ်စပ်အနီးဟုမ္မလင်း​ဒေသနဲ့ ဆယ်ဇင်းရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေသတိပြုကြဖို့ ‌KIA၊KPDF ပူးပေါင်းတပ်နဲ့ နီးစပ်သူ တွေကသတိပေးပါတယ်။ ဖားကန့်မြို့နယ်ထဲမှာပါဝင်တဲ့ ဆယ်ဇင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဒီ​နေ့(အောက်တိုဘာလ၁၈ရက်)
မနက်မှာ ဟုမ္မလင်း​ဒေသနဲ့ ဆယ်ဇင်းရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။လက်ရှိတိုက်ပွဲဟာဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ်(SNA)ကိုအဓိက အသုံးပြုနေတယ်လို့ စုံစမ်းသိရပါတယ်။SNAက စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်နဲ့​ပေါင်းပြီး ကချင်နဲ့စစ်ကိုင်းတိုင်း​နေရာအချို့မှာ ​တော်လှန်​ရေးတပ်​တွေကိုတိုက်ခိုက်နေပါတယ်။

◾️တံတားဦးမှာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်
ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။အောက်တိုဘာ ၁၇ ရက် ညနေ ၆နာရီခွဲခန့်က တံတားဦးမြို့
နယ်၊ ကျပ်ပြင်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချကာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက အနီး
ကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ပွဲစတင်ချိန်မှာပဲ ရဲဘော်တွေက လက်ဦးမှုယူပြီး ဂိတ်ဝက ထိုင်ခုံပေါ်မှာ ဖုန်းသုံးနေတဲ့ စစ်သား ၂ ဦးအပါအဝင် ၄ ဦးကို
အရင်ဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းအတွင်းက စစ်ကောင်စီတပ်နဲ့ မိနစ် (၂၀) ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

◾️မယ်တော်ဆေးခန်းထူထောင်သူဒေါက်တာ စင်သီယာမောင်ကိုဘီလ်ဂိတ်စ်ချီးကျူး

ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိ
အမှတ်ပြု ချီးကျူးခဲ့ပါတယ်။ဂိတ်စ်ရဲ့ Facebook စာမျက်နှာမှာ ဒေါက်တာ စင်သီယာမောင်က အကူအညီ လိုအပ်နေသူတွေကိုနှစ်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ အား သွန်ခွန်စိုက် ကူညီ စောင့်ရှောက်ပေးနေတာကို ချီး
ကျူးစကား ပြောကြားခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး မဲဆောက်ကို ရောက်ရှိလာပြီး မြေသားပေါ် ခနော်နီ ခနော်နဲ့ တည်
ဆောက်ထားတဲ့မယ်တော်ဆေးခန်းလေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သူ့ရဲ့ ဆေးခန်းဟာ နယ်စပ်က ဒုက္ခ
သည်တွေ၊ စစ်ရှောင်တွေ၊ ရွှေ့ပြောင်းလုပ်
သား မိသားစုတွေနဲ့ တခြားအကူအညီ လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေ အားအကိုးရဆုံးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။

◾️လောင်းလုံးမြို့ရေဘေးနဲ့ မြေပြိုဘေး ရက်
၂၀ကျော်အကြာမှာ ရုပ်အလောင်း ၁လောင်း ထပ်တွေ့

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။တောကျဲကျေးရွာဟာ စက်တင်ဘာ ၂၆ရက်က ကြုံတွေခဲ့တဲ့ ရေဘေးနဲ့ မြေပြိုဘေးကြောင့် သီလရှင် ၁ပါးအပါအဝင် လူ ၃ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၃ ဦးရှိခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ရက်မနက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ကိုမင်းမင်း ဆိုသူရဲ့ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးနဲ့ မြေပြိုဘေးမှာ တောကျွဲရွာက နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံခဲ့ရပါတယ်။

◾️စစ်မှုထမ်းသင်တန်းတက်နေတဲ့ လူငယ်တွေမိသားစုထံမကြာခဏငွေတောင်းနေလို့ မိသားစုဝင်တွေ အခက်တွေ့
👍23❤3🖕2🔥1
စစ်မှုထမ်းသင်တန်းတက်နေရတဲ့ လူငယ်တွေဟာ မိသားစုထံ မကြာခဏငွေတောင်းနေကြလို့ မိသားစုဝင်တွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်း​သင်တန်းကာလအတွင်းမှာ သင်
တန်းသားတွေရဲ့ဖုန်းကိုသိမ်းယူပြီး ဖုန်းသုံးခွင့် ကန့်သတ်ထားပေမဲ့ သင်တန်းသားတွေဟာ သင်တန်းဆရာတွေရဲ့ ဖုန်းတွေကတဆင့် ဆက်သွယ်ကာ ငွေကြေးတောင်းခံနေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေဟာ အခက်အခဲတွေကြားကနေ ထောက်ပံ့နေရကြောင်း မိသားစုဝင်အချို့က ပြောပါတယ်။ လက်ရှိ လေ့ကျင့်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ဆေးဝါးကုသစရိတ်နဲ့ အသုံးစရိတ်တွေအတွက်ဆိုပြီး တစ်ကြိမ် ကျပ် ၂ သိန်းကနေ ကျပ် ၃သိန်းအထိ တောင်းခံမှုတွေရှိသလို၊ အချို့မှာလည်း ပုံမှန် မုန့်ဖိုးနဲ့ ဖုန်းဘေအတွက် တစ်ပတ်ကို ကျပ် သောင်းဂဏန်းစတင်ကာ လစဉ် ကျပ်သိန်းနဲ့ချီ ကုန်ကျခံ ထောက်ပံ့နေရကြောင်း သိရပါတယ်။ ဒါ့အပြင် သင်တန်း
ဆင်းပြီးသွားရင်လည်း ၎င်းတို့အတွက် လို
အပ်တာသုံးစွဲဖို့ဆိုပြီး လစဥ် ငွေထောက်ပံ့နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

◾️ပလောက်ဒေသတိုက်ပွဲ စစ်တပ် သေဆုံးထိခိုက်မှုရှိဟု KNU သတင်းရင်းမြစ်ပြော

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ပလောက်မြို့ကနေ စစ်ကြောင်းထိုးလာလို့အောက်တိုဘာ ၁၀ရက်
ကနေ ၁၆ရက်အတွင်းကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ စစ်တပ်စစ်
ကြောင်းတွေ ရှိနေတာမို့ ရှင်းလင်းရေးတွေ မလုပ်ဆောင်ရသေးကြောင်းလည်း သူက ပြောပြပါတယ်။

◾️တပ်မဟာ ၃ခုနယ်မြေမှာ တိုက်ပွဲတွေဖြစ်နေဟု KIA ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ (၄)၊ တပ်မဟာ(၇)နဲ့ တပ်မဟာ
(၈)နယ်မြေတွေမှာ တိုက်ပွဲတွေဆက်ရှိခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲမှာစစ်တပ်ကဗျူဟာမှူး ပြင်း
ထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ အောက်တိုဘာ ၁၇ရက်အထိ ရရှိထားတဲ့ သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့မနက်မှာ ထုတ်ပြန်ခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ မိုးမိတ်ဒေသ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိ
ပေးထားပါတယ်။မိုးမိတ်ဒေသ စစ်ရေးအ
ခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းတွေရဲ့ ပြောပြချက်အရ စစ်တပ်က မိုးမိတ်ကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေလို့ မိုးမိတ်-မဘိမ်း လမ်းမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။ ဒါ့အပြင် KIA တပ်မဟာ(၇) တပ်ရင်း(၃၃)နယ်
မြေ ဇီဒန်းရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၃ရက်မနက်က စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ထိခိုက်ဒဏ်ရာပြင်းထန် ကြောင်း ဖော်ပြထားပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်းကနီမြို့နယ်ပြည်သူတွေက ဆိုင်း
ဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နေရာ ၂ခုမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်း
ဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador, Our Voice ငါတို့ သံအ
မတ် ငါတို့အသံ" ဆိုတဲ့ ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံကြောင်းကို ဆိုင်းဘုတ်စိုက်ထူသက်သေပြခဲ့ပါတယ်။ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ နာယကအပါအဝင် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ICTတာဝန်ခံ၊ မြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်တာဝန်ခံ တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
👍30❤2🖕2🔥1🥰1
👍26🖕4❤1🔥1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ကနီမြို့နယ်ပြည်သူတွေက ဆိုင်း
ဘုတ်စိုက်ထူဆန္ဒထုတ်ဖော်

အောက်တိုဘာ ၁၈၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ" ဆိုတဲ့ ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံကြောင်းကို ဆိုင်းဘုတ်စိုက်ထူသက်သေပြခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ နာယကအပါအဝင် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ICTတာဝန်ခံ၊ မြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်တာဝန်ခံ တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤23👏6🥰3👍2🤣2🤮1🖕1
ဓာတ်ပုံ - ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ
❤33🥰6👍3🖕3👏2🤣2
INTERPOL က အမှုတစ်ခုကို ကိုယ်တိုင်လိုက်စစ်ဆေးတာမျိုးလည်းမဟုတ်ပါဘူး။အမှုတစ်ခု ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတပ်ဖွဲ့က အထောက်အထားတွေ၊ ဖမ်းဝရမ်းတွေ၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို INTERPOL ဆီတင်ပြရပါတယ်။ INTERPOL ရဲ့ ဥပဒေကျွမ်းကျင်သူတွေနဲ့ စိစစ်ရေးအဖွဲ့တွေက အဲဒီတောင်းဆိုချက်ဟာ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီသလား၊ နိုင်ငံရေးရည်ရွယ်ချက် ပါဝင်နေသလား၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရှိသလားဆိုတာကို အရင်သုံးသပ်ပါတယ်။စည်းမျဉ်းနဲ့ ကိုက်ညီမှသာ “Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်)” တွေကို ထုတ်ပြန်ပေးပါတယ်။၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံ
တကာ အသိပေးချက်နှင့် အကြောင်းကြားချက်များ စိစစ်ရေးအဖွဲ့ (Notices and Diffusions Task Force)ကဒီလိုတောင်းဆို
ချက်တွေကိုဥပဒေနဲ့ညီမညီ ကြိုတင်စိစစ်နေပါတယ်။

INTERPOLရဲ့အရေးအကြီးဆုံးအခြေခံမူတွေထဲက တစ်ခုကနိုင်ငံရေးဘက်မလိုက်ရေး ဖြစ်ပါတယ်။ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ Article 3 မှာ “နိုင်ငံရေး၊ စစ်ရေး၊ ဘာ
သာရေး၊လူမျိုးရေးသဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ INTERPOLအနေနဲ့ ဝင်ရောက်ဆောင်
ရွက်ခြင်းကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”လို့ တိတိကျကျဖော်ပြထားပါတယ်။

ဒါကြောင့် အတိုက်အခံနိုင်ငံရေးသမား၊ သ
တင်းသမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဒါမှမဟုတ် နိုင်ငံရေးအမြင်ကြောင့် အမှုဖွင့်ခံထားရသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင်INTERPOLကအလိုအလျောက် လက်ခံတာ မဟုတ်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားတဲ့ နိုင်ငံရေးနဲ့ သက်
ဆိုင်နေတဲ့ အမှုလား၊ INTERPOL နဲ့ သက်ဆိုင်တဲ့ အခြားရာဇဝတ်မှုလားဆိုတာကို သီးခြား စိစစ်ရပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ကလေးအ
ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်မှုလို နိုင်ငံတကာရာဇဝတ်မှုတွေကိုတော့ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါတယ်။

INTERPOL ကိုဘယ်နိုင်ငံကအမိန့်ပေးနိုင်သလဲဆိုရင် အဖြေကတော့ “ဘယ်နိုင်ငံကမှ အမိန့်မပေးနိုင် ပါဘူး”။အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အထွေထွေညီလာခံမှာ မဲပေးခွင့် တန်းတူရှိပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို စည်းမျဉ်းအတိုင်း ဆောင်ရွက်ရပါတယ်။ နိုင်ငံကြီး၊ နိုင်ငံငယ် မခွဲဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စည်းမျဉ်းတွေကသာ အဓိကဖြစ်ပါတယ်။

ဒါဆိုအခုမြန်မာစစ်အစိုးရကပြည်ပမှာရောက်နေတဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်သူ​တွေ၊ဒီမိုကရေစီဘက်ရပ်တည်တဲ့ မြန်မာမီဒီယာတွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမှုဖွင့်ပြီး INTERPOL နဲ့ ဖမ်းခိုင်းနိုင်သ
လားဆိုတဲ့ မေးခွန်းကို ကြည့်ရအောင်။

ဥပဒေအရ ပြောရရင် တောင်းဆိုတာတော့ လုပ်နိုင်ပါတယ်။ဒါပေမယ့် INTERPOL က လက်ခံပေးမလားဆိုတာကသီးခြားကိစ္စဖြစ်ပါတယ်။အဲဒီအမှုဟာသတင်းရေးသားမှု၊ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်ကို ဝေဖန်မှု စတဲ့ နိုင်ငံရေးသဘော
သဘာဝ အဓိက ပါဝင်နေတယ်လို့ သုံးသပ်ခံရရင် Article 3 ကြောင့် INTERPOLက ပူး
ပေါင်းဆောင်ရွက်မှုကို ငြင်းပယ်နိုင်ပါတယ်။

ခိုင်မာတဲ့အထောက်အထားတွေရှိတဲ့ လူသတ်
မှု၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အခြားရာဇဝတ်မှုအတွက်သာ INTERPOL က စည်းမျဉ်းအတိုင်း သီးခြားသုံးသပ်မှာ ဖြစ်ပါတယ်။

အဆုံးမှာ မှတ်ထားရမယ့် အချက်ကတော့ INTERPOLဟာ“ကမ္ဘာလုံးဆိုင်ရာဖမ်းဆီးရေးအဖွဲ့”မဟုတ်ပါဘူး။သူ့မှာကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသလိုဘယ်နိုင်ငံထဲမှဝင်ပြီးကိုယ်တိုင်ဖမ်းဆီးနိုင်တဲ့ အာဏာလည်း မရှိပါဘူး။ သူ့ရဲ့ အဓိကအလုပ်ကတော့နိုင်ငံတကာရဲတပ်ဖွဲ့တွေကြား သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်
ရွက်မှုတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် “INTERPOL ကို တိုင်လိုက်မယ်”၊ “INTERPOL က လာဖမ်းတော့မယ်” ဆိုတဲ့ စကားတွေကို ကြားရတဲ့အခါအဲဒီအမှုဟာ နိုင်ငံရေးအတွက်အသုံးချတာလား၊ ဒါမှမဟုတ် လူသတ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှု၊မူးယစ်ဆေးဝါးကူးသန်းမှုလိုတကယ့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ဆိုင်တာလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။


https://youtu.be/UM3UuIad8b8?si=GYhfNNe3dxQRLqU2
❤29👍25🔥4🥰1👏1🤣1🖕1
■​ဆောင်းပါး

ChatGPT နဲ့ ပြောထားတဲ့ စကားတွေ ဘယ်လောက်လုံခြုံသလဲ

AI နည်းပညာခေတ်မှာ လူတိုင်း သိထားသင့်တဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး

-နောင်နောင်​ရေးသားသည်။

ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်
မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာ
ရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်း ကနေ အလုပ်အကိုင်၊ ကျန်းမာ
ရေး၊ ငွေကြေးနှင့် မိသားစုအရေးကိစ္စတွေအထိလူအများကAIကိုအကြံဉာဏ်တောင်းခံလာကြပါတယ်။

ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်
ဆွေတ‌ယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။

ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်တမ်း‌တွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အ
လုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။

လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီ ပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာ အဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။
အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

နားလည်ထားရမယ့်အချက်တခုက AIကို အ
သုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝလျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။

The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာက စိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေသတွင်းသတင်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်း‌တွေကို တရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကား‌ပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲ ကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။ The Washington Post ရဲ့ ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။

ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုး
သားတ‌ယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေ အရ အဲဒီလိုစစ်
ဆေးတာ က နေ AI chatbot စကား‌ပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာ တရားခံရဲ့ ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေ
အနေမှာလည်း စက်ပစ္စည်းထဲက အချက်
အလက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်
အထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြော
စကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အ
ထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်
ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။

အလုပ်ရှင်က ကိုယ့်ရဲ့ ChatGPTပြောစကား‌
တွေကိုကြည့်နိုင်သလားဆိုတာကိုလည်းဆက်
ကြည့်ကြပါမယ်။ လူအများ သတိမထားမိတတ်တဲ့ အခြားကိစ္စတခုကတော့ အလုပ်ခွင်မှာ အသုံးပြုတဲ့ AI အကောင့် တွေပဲဖြစ်ပါတယ်။ ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို သုံးတဲ့အခါ ကိုယ်မေးထားတဲ့ မေး
ခွန်းတွေနဲ့ တင်ထားတဲ့ ဖိုင်တွေကို ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ မြင်နိုင်တဲ့ အခြေ
အနေမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရေး
ကိုယ်တာ အချက်အလက်တွေကို ထည့်မေးတဲ့အခါ သတိထားရပါမယ်။

ဥပမာ ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ အလုပ်ဖော်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ကိစ္စတွေ၊ အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ သဘောထားတွေကို ရေးသားဆွေးနွေးတယ်လို့ ယူဆကြည့်
❤21👍9😁1🤮1🤣1
ပါ။ ကုမ္ပဏီတာဝန်ရှိသူတွေမှာ အဲဒီအကောင့်ကို ကြည့်ရှုခွင့်ရှိတယ်ဆိုရင်ဝန်ထမ်းရေးသားထားတဲ့ အကြောင်းအရာတွေကို သူတို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တစ်
ယောက်တည်းပဲ သိမယ်လို့ ထင်ထားတဲ့ ပြောစကားတွေဟာ လုံခြုံမှုရှိချင်မှ ရှိပါလိမ့်မယ်။

ဒီအချက်က ကုမ္ပဏီတိုင်းက ဝန်ထမ်းတွေရဲ့ ပြောစကားအားလုံးကို ဖတ်နေတယ်လို့ ဆိုလိုတာ‌တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်အတွက် ပေးထားတဲ့ အကောင့်ကို ကိုယ်ပိုင်အကောင့်လို မယူဆသင့်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်က ပေးထားတဲ့ AI accountတွေကိုသုံးတဲ့အခါ ကိုယ်
ရေးကိုယ်တာကိစ္စတွေကို မ‌ပြောသင့်ပါဘူး။

AI ကုမ္ပဏီတွေက ပြောစကားတွေကို အာ
ဏာပိုင်တွေဆီကို ပေးအပ်နိုင်သလားဆိုတာ ဆက်ကြည့်ပါမယ်။ The Washington Post ရဲ့ ဆောင်းပါးမှာ AI ကုမ္ပဏီတွေက အန္တရာယ်ရှိနိုင်တဲ့ လုပ်ဆောင်မှုတွေ ပြောစကားတွေကို စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာနဲ့ သက်
ဆိုင်ရာအာဏာပိုင်တွေဆီကို အချက်အလက်ပေးပို့တဲ့ကိစ္စတွေကိုလည်းဖော်ပြထားပါတယ်။

OpenAI လိုမျိုး ကုမ္ပဏီတွေက အကြမ်းဖက်မှု ဒါမှမဟုတ် မိမိကိုယ်ကို ထိခိုက်စေမှုနဲ့ ဆက်စပ်နိုင်တဲ့ ပြောစကားတွေကို အလိုလျောက် စစ်ဆေးတဲ့စနစ်တွေ အသုံးပြုတယ်ဆိုတာကို ရှင်းပြထားပါတယ်။ အခြားသူတွေအပေါ် အန္တရာယ်ကျရောက်နိုင်ခြေရှိတယ်လို့ ယုံကြည်လောက်ပြီး ချက်ချင်းလည်းဖြစ်ပွားနိုင်တယ်လို့ ယူဆရလောက်တဲ့ အခြေအနေဆိုရင် အာဏာပိုင်တွေကို အကြောင်းကြားနိုင်တယ်ဆိုတာကို ကုမ္ပဏီက ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံးတစ်ခုက စုံစမ်းစစ်ဆေးနေတဲ့ အမှုတစ်ခုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို AI ကုမ္ပဏီတခုဆီက တရားဝင်တောင်းခံလာတဲ့အခါ သက်ဆိုင်ရာဥပဒေအရ ပေးအပ်ရမယ့် အချက်အလက်တွေ ရှိတယ်ဆိုရင် ကုမ္ပဏီက အဲဒီအချက်
အလက်တွေကို ပေးရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

သာမန်မေးခွန်းတစ်ခု မေးထားတဲ့အသုံးပြုသူတယောက်ရဲ့ ပြောစကားတွေ ကို အာဏာပိုင်တွေဆီ အလိုအလျောက် ပို့နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အွန်လိုင်းဝန်ဆောင်မှုတွေက သက်ဆိုင်ရာလုံခြုံရေးစည်းမျဉ်း‌တွေ၊ မူဝါဒတွေနဲ့ ဥပဒေဆိုင်ရာ အောက်မှာ လုပ်ဆောင်နေရတယ်ဆိုတာကို သိထားသင့်ကြပါတယ်။

ပြောစကားတွေကို ဖျက်လိုက်ပြီးတဲ့အခါမှာရော အပြီးတိုင်ပျောက်သွားပြီလားဆိုတာကိုလည်း ကြည့်ရပါမယ်။ ChatGPT အသုံးပြုသူတွေဟာ မလိုအပ်တော့တဲ့ ပြောစကားတွေကို ဖျက်ပစ်တတ်ကြပါတယ်။ OpenAI ရဲ့ လက်ရှိရှင်းလင်းချက်အရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း ဖျက်ပစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဥပဒေဆိုင်ရာ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တချို့ကြောင့် တချို့အချက်အလက်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ခြွင်းချက်တွေ ရှိနိုင်ပါတယ်။

ဒါ့အပြင် ပြောစကားကို Archive လုပ်ခြင်းနဲ့ Delete လုပ်ခြင်းတို့က မတူပါဘူး။ Archive လုပ်တယ်ဆိုတာ စကားဝိုင်းကို အကောင့်ထဲမှ ဖျက်ပစ်တာမဟုတ်ဘဲ ပုံမှန်မြင်ကွင်းကနေ ဖယ်ထားခြင်းသာဖြစ်ပါတယ်။

ကိုယ့်အကောင့်နဲ့မဟုတ်ပဲ ၊ ဥပမာ Gmail လို အကောင့်နဲ့ ချိတ်ဆက်သုံးတာမျိုးမဟုတ်ပဲ Temporary Chat ကို အသုံးပြုခြင်းက ပုံမှန် Chat History ထဲမှာ မပေါ်စေချင်တဲ့ မေးခွန်းတွေ အတွက် အသုံးဝင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း အချက်အလက်တွေကို ချက်ချင်းပျောက်ကွယ်သွားစေတာမျိုး ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာမှ အချက်အ
လက်‌တွေကို ပြန်ယူလို့မရနိုင်တော့ဘူးလို့တော့ မယူဆသင့်ပါဘူး။ ဒါကြောင့် ပြောစ
ကားတွေကို ဖျက်ပစ်လို့ရတယ်ဆိုပေမယ့် အလွန်အရေးကြီးတဲ့ လျှို့ဝှက်အချက်အ
လက်တွေကို အစကတည်းက မထည့်သွင်းတာက ပိုမိုသင့်တော်တဲ့ ကာကွယ်ရေးနည်းလမ်းဖြစ်ပါတယ်။

လူအများက ChatGPT ကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတယောက်လို သဘောထားပြီး ကိုယ့်ရဲ့ အတွင်းရေးတွေကို အသေးစိတ် ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ရှောင်
ကြဉ်သင့်တဲ့ အချက်တွေ ရှိပါတယ်။

၁။ ဘဏ်အကောင့်နံပါတ်၊ ငွေကြေးဆိုင်ရာ လျှို့ဝှက်အချက်အလက်များ။

၂။ စကားဝှက်များ၊ အတည်ပြုကုဒ်များနဲ့ အကောင့်ဝင်ရောက်ဖို့ လျှို့ဝှက်အချက်အလက်များ။

၃။ မှတ်ပုံတင်နံပါတ်၊ နိုင်ငံကူးလက်မှတ်အ
ချက်အလက်နဲ့ မလိုအပ်တဲ့ကိုယ်ရေးအချက်
အလက်များ။

၄။ အခြားသူတွေရဲ့ဆေးမှတ်တမ်း၊ကိုယ်ရေး
ကိုယ်တာပြဿနာတွေနဲ့ လျှို့ဝှက်စာရွက်
စာတမ်းများ။

၅။ကုမ္ပဏီရဲ့လျှို့ဝှက်လုပ်ငန်းအချက်အ
လက်များ၊ ဖောက်သည်စာရင်းများနဲ့ ခွင့်ပြုချက်မရှိတဲ့ စာရွက်စာတမ်းများ တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ကျန်းမာရေး၊ ဥပဒေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အကြံဉာဏ်တောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမည်၊ လိပ်စာ၊ အကောင့်နံပါတ်နဲ့ တခြား ကိုယ့်ကို ခွဲခြားသိရှိနိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားပြီးတော့ အထွေထွေအခြေအနေအဖြစ်နဲ့ မေး
မြန်းကြဖို့ပါပဲ။

ဥပမာ “ကိုယ့်ရဲ့ ဘဏ်အကောင့်မှာ ငွေကျပ် ၁၀ သိန်းရှိပြီး အကောင့်နံပါတ်မှာ … ဖြစ်တယ်” လို့ မေးမယ့်အစား “လစဉ်ဝင်ငွေ ကျပ် ၁၀ သိန်းရှိသူတ‌ယောက် အတွက် အသုံးစ
ရိတ်နဲ့ စုဆောင်းငွေကို ဘယ်လိုခွဲဝေသင့်သလဲ” ဆိုတာမျိုး မေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ လိုအပ်တဲ့ အကြံဉာဏ်ကို ရယူနိုင်သလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း လျှော့ချနိုင်ပါတယ်။
❤14🤮1🤣1
ကိုယ့်ရဲ့ ChatGPT အကောင့်ကို ပိုပြီးလုံခြုံအောင် လုပ်မယ်ဆိုရင် ပထမဦးဆုံး ChatGPT ရဲ့ Settings ထဲက Data Controls ကို ဝင်ရောက်စစ်ဆေးသင့်ပါတယ်။ အဲဒီထဲမှာရှိတဲ့ “Improve the model for everyone” ဆိုတဲ့ ရွေးချယ်စရာကို ပိတ်ထားလိုက်ရင် ကိုယ်ပြောဆိုထားတဲ့ ပြောစကားအသစ်တွေကို ChatGPT မော်ဒယ်တိုးတက်အောင် လေ့ကျင့်ရာမှာ အသုံးပြုခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြင်ဆင်တာက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပေမဲ့ ပြောစကားတွေကို အလိုအလျောက် ဖျက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။

ဒုတိယအနေနဲ့ ဖုန်းနဲ့အကောင့်ကိုလုံခြုံအောင် ထားရပါမယ်။အကောင့်ကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်အသုံးပြုလို့မရအောင် လျှို့ဝှက်နံပါတ်ကို ခန့်မှန်းရခက်တဲ့ နံပါတ်နဲ့ စာလုံးတွေ ပေါင်းစပ်ပြီး သတ်မှတ်ထားသင့်ပါတယ်။ ဒါ့အပြင် နှစ်ဆင့်အတည်
ပြုခြင်း (Two-factor authentication – 2FA) ကို ဖွင့်ထားမယ်ဆိုရင်အကောင့်ထဲဝင်တဲ့အ
ခါ လျှို့ဝှက်နံပါတ်အပြင်နောက်ထပ်အတည်
ပြုချက်တစ်ခုကိုပါ လိုအပ်စေတဲ့အတွက် လုံခြုံရေး ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် နှစ်ဆင့်အတည်ပြုခြင်းဟာ အကောင့်လုံခြုံရေးကို ပိုကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမဲ့ လုံးဝအန္တရာယ်ကင်းသွားတယ်လို့တော့ မဆိုလိုပါဘူး။

တတိယအနေနဲ့ ChatGPT အကောင့်နဲ့ ချိတ်
ဆက်အသုံးပြုထားတဲ့ အခြားအက်ပ်တွေ၊ ကိုယ်တခြားသူတွေကို ပေးထားတဲ့ ပြောစ
ကားလင့်ခ်တွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ မလိုအပ်တော့တဲ့ အက်ပ်တွေကို အကောင့်နဲ့ ချိတ်ဆက်ထားတာကနေ ဖြုတ်ပစ်ပြီး၊ မျှဝေထားတဲ့ လင့်ခ်တွေထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပါဝင်နေသလားဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဘယ်အက်ပ်ကို ဘယ်လိုအချက်အလက်တွေ အသုံးပြုခွင့်ပေးထားသလဲဆိုတာကိုပါ ပြန်
လည်စစ်ဆေးပြီး မလိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပိတ်ထားရပါမယ်။

ငွေကြေးဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာ လုံခြုံဖို့ ကာကွယ်ထားရမှာအပြင် မြန်မာနိုင်ငံအခြေ
အနေမှာ AI အသုံးပြုသူတွေ သတိပြုရမယ့်အချက်တွေ ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ ကိုယ့်ရဲ့နိုင်ငံရေးအမြင်တွေကြောင့် စောင့်ကြည့်ခံနေရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားတာနဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတွေကို စစ်ဆေးခံရတာတို့အတွက် စိုးရိမ်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် ChatGPT လိုမျိုး AI တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့နိုင်ငံရေးအမြင်‌တွေ၊ ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ အခြားသူတွေကိုပါ ဖော်ထုတ်သိသွားနိုင်စေမယ့် အချက်အလက်တွေကို ထည့်သွင်းရေးသားတာကို အထူးသတိထားရှောင်ကြဉ်ရပါမယ်။

ဥပမာအားဖြင့် နိုင်ငံရေးအခြေအနေတခုအ
ကြောင်း မေးချင်တယ်ဆိုရင် ကိုယ့်ရဲ့အမည်၊ နေရပ်လိပ်စာ၊ အလုပ်ဌာန ဒါမှမဟုတ် အခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းမဖော်ပြပဲချန်လှပ်ထားခဲ့သင့်ပါတယ်။ ဒီလိုပဲ အရေးကြီးတဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ ပြောစကားမှတ်တမ်းတွေကို AI စနစ်ထဲကို မတင်ခင် တင်မယ့်ထဲမှာ ဘယ်အချက်အလက်တွေ ပါဝင်နေတယ်ဆိုတာကို စစ်ဆေးရပါမယ်။

ပြောချင်တာ၊ သိချင်တာ မေးပြီးတဲ့အခါတိုင်း Data Controls ထဲက Clear chat history ကို အသုံးပြုပြီး ပြောစကားမှတ်တမ်းတွေကို ဖျက်လိုက်တာဟာ အကောင်းဆုံးပါ။ အဲဒီလို ဖျက်လိုက်ရင်တောင် အဲဒီမှတ်တမ်းတွေကို အာဏာပိုင်တွေ ဘယ်လိုအခြေအနေမှာမှ ရယူလို့မရတော့ဘူးလို့ အာမခံတာတော့ မဟုတ်ပါဘူး။ OpenAI ရဲ့ မူဝါဒအရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း စနစ်တွေကနေ အပြီးဖျက်ဖို့ စီစဉ်ထားပေမဲ့ ဥပဒေကြောင်းအရ ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ ခြွင်း
ချက်ရှိနိုင်ပါတယ်။

တစ်ဖက်မှာလည်း အာဏာပိုင်တွေက အချက်
အလက်တောင်းဆိုလိုက်ရုံနဲ့ OpenAI က အ
ချက်အလက်အားလုံးကို အလိုအလျောက် ပေးအပ်တယ်လို့တော့မဆိုလိုပါဘူး။ အချက်
အလက်ပေးအပ်ခြင်း ရှိ၊ မရှိဟာ သက်ဆိုင်
ရာဥပဒေနဲ့ တရားဝင်တောင်းဆိုမှု အခြေအ
နေတွေအပေါ် မူတည်ပါတယ်။

ဒါကြောင့် ChatGPT လို AI ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်
တာအချက်အလက်တွေကိုမလိုအပ်ဘဲ အ
များကြီး မထည့်သွင်းသင့်ပါဘူး။ဥပမာ အ
မည်အပြည့်အစုံ၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်နဲ့ ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတွေဖြစ်စေထိခိုက်နစ်နာစေနိုင်တဲ့ အရေး
ကြီးအချက်အလက်တွေကို မျှဝေမိခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

အွန်လိုင်းဝန်ဆောင်မှုတစ်ခုမှာ အချက်အ
လက်တွေ ထည့်သွင်းပြီးသွားတဲ့အခါ အဲဒီအချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းထားသလဲ၊ ဘယ်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်သလဲ၊ ဘယ်အချိန်မှာ ဖျက်ပစ်မလဲဆိုတာကို ကိုယ်တစ်ယောက်တည်းက အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မျှဝေမယ့်အချက်အလက်တစ်ခုချင်းစီကို ကြိုတင်စဉ်းစားပြီး မလိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ချန်လှပ်ထားတာက ပိုပြီးလုံခြုံတဲ့ နည်းလမ်းဖြစ်ပါတယ်။
❤13👍1🤮1🤣1