“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်အုပ်စုရဲ့ CI မလုပ်ရေးကမ်ပိန်းထိုင်းရောက်မြန်မာလုပ်သားအများအပြားပါဝင်
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်
မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ဒီကနေ့မှာစတင်ပြုလုပ်နေပြီး မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်
စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)
ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်နေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။
◾️SCEF နဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့စစ်အာဏာ
ရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်အင်
အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ပါတယ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
-(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ
(MSFC)၊ မွန်ပြည် အတိုင်ပင်ခံ ကောင်စီ
(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့မှ တာဝန်ရှိသူတွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၆ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ ၂၀၂၆ ဇူလိုင်အတွင်းမှာ SCEF နဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ပထမအကြိမ်တွေ့ဆုံခဲ့ပြီးနောက် နှစ်လခွဲကျော်အကြာမှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံမှုမှာ SCEF အလှည့်ကျသ
ဘာပတိ ခူဦးရယ်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ NMSP-AD ခေါင်း
ဆောင် ဗိုလ်ချုပ်နိုင်လယီကောင်းနဲ့ တာဝန်ရှိသူတွေပါဝင်ခဲ့ပြီးပဒိုစောတာဒိုမူးက SCEF
ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြတာ၊ မေးခွန်းမေးမြန်း အပြန်
အလှန် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
■ငပြီကျွန်းကို စစ်တပ်က ကမ်းတက်ဖို့ ထပ်ကြိုးစား၊ AAပစ်ခတ်လို့ စစ်ရေယာဥ်တစီး
ထိမှန်
စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အ
ထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်းပေါ်ကမ်းတက်ဖို့ ထပ်ကြိုး
စားတာကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်ပြီး ထပ်မံကမ်းတက်ကာကျွန်းပေါ်ခြေကုတ်ယူနိုင်ဖို့ ကြိုးစားလာတာလို့ သိရပါတယ်။“မနေ့က တညလုံးတက်ဖို့လုပ်တယ်။ညတုန်းကပဲ ဇက်တစီးကို ကိုယ့်ဘက်ကပစ်တာ ထိသွားတယ်။ကမ်းစပ်မှာပဲထိသွားတာ။နောက်ပြန်လှည့်
သွားတယ်။ အထိအခိုက်ဘယ်လိုရှိလဲတော့ မသိဘူး။ မီးခိုးတွေတော့ ထွက်သွား တာတွေ့တယ်” လို့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။စစ်သင်္ဘောတစီးကို AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “မနက်ပိုင်း ခဏ ပြန်ငြိမ်ပြီးတော့ ထပ်တက်ဖို့လုပ်နေကြတယ်။ အခုအခြေအနေထိတော့ ကမ်းပေါ်ကို ထပ်မရောက်သေးဘူး။ ကမ်းစပ်ပဲ တိုက်ပွဲဖြစ်နေကြတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
■စစ်တပ်က ပလက်၀မြို့နယ်၊ချောင်းဆုံကို ဗုံးကြဲအရပ်သားသေဆုံးဒဏ်ရာရသူများ
ပြား
စစ်တပ်က ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊
ချောင်းဆုံဒေသကို ဒီကနေ့မှာဂျက်ဖိုက်တာ၊ Y-12 လေယာဥ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်ဒေ
သခံပြည်သူ အများအပြားသေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာလ ၁၈ ရက်၊မွန်းလွဲ ၁ နာရီကျော်အချိန်မှာချောင်းဆုံ၀န်းကျင်ကို စစ်တပ်ကလေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"ကုန်သည်တွေရော ၊ခရီးသည်တွေရော အ
များကြီး သေတယ်၊ တော်တော်များတယ်၊ အရေအတွက်တွေတောင် အတိအကျ မသိသေးဘူး၊တော်တော်ကိုများတယ်။အလောင်းတွေလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်"လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။ဗုံးကြဲမှုကြောင့်သေဆုံးထိခိုက်သူအရေအတွက်အသေးစိတ်တွေကိုတော့လူထုနွေဦးမသိရသေးပါဘူး။"ပလက်၀မှာလေ
ယာဉ်အဆန်း(အသစ်)တွေ ကင်းထောက်ဒရုန်းတွေဝဲနေတာတရက်နှစ်ရက်ရှိပြီ။အခုလိုလူစည်တဲ့နေရာ၊အရပ်သားတွေပဲ ရှိတဲ့နေရာကို လာချတယ်"လို့ပလက်၀ဒေသခံတဦးကပြောပါတယ်။

👍23❤4🖕2🔥1
◾️ရေနံမြေတိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်
တပ်က အင်အားဖြည့်နေ
မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူ
ထုနွေဦးကို ပြောပါတယ်။ အဲဒီ စစ်ကူယာဉ်တန်းရဲ့ရှေ့ပြေးစစ်ကြောင်းကအောက်တိုဘာ
၁၇ရက် ညပိုင်းမှာ ကမ္မမြို့အနီး လက်ပြ ကျေးရွာ၀င်ရောက်နေပြီလို့ ဆိုပါတယ်။ မြိုင်မြို့နယ် ဝဲတူးရေနံမှော်အနီး တဲကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းထံ Y8 လေယာဥ်နဲ့ နေ့စဉ်နီးပါး ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတာတွေလည်းရှိတယ်လို့ ဒေသတွင်း သ
တင်းရင်းမြစ် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က အသိပေးထားပါတယ်။
◾️စစ်ကိုင်းနဲ့ကချင်အစပ်မှာတိုက်ပွဲဖြစ်
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်နဲ့ စစ်
ကိုင်းတိုင်းနယ်စပ်အနီးဟုမ္မလင်းဒေသနဲ့ ဆယ်ဇင်းရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေသတိပြုကြဖို့ KIA၊KPDF ပူးပေါင်းတပ်နဲ့ နီးစပ်သူ တွေကသတိပေးပါတယ်။ ဖားကန့်မြို့နယ်ထဲမှာပါဝင်တဲ့ ဆယ်ဇင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဒီနေ့(အောက်တိုဘာလ၁၈ရက်)
မနက်မှာ ဟုမ္မလင်းဒေသနဲ့ ဆယ်ဇင်းရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။လက်ရှိတိုက်ပွဲဟာဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ်(SNA)ကိုအဓိက အသုံးပြုနေတယ်လို့ စုံစမ်းသိရပါတယ်။SNAက စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ပေါင်းပြီး ကချင်နဲ့စစ်ကိုင်းတိုင်းနေရာအချို့မှာ တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေပါတယ်။
◾️တံတားဦးမှာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်
ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။အောက်တိုဘာ ၁၇ ရက် ညနေ ၆နာရီခွဲခန့်က တံတားဦးမြို့
နယ်၊ ကျပ်ပြင်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချကာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက အနီး
ကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ပွဲစတင်ချိန်မှာပဲ ရဲဘော်တွေက လက်ဦးမှုယူပြီး ဂိတ်ဝက ထိုင်ခုံပေါ်မှာ ဖုန်းသုံးနေတဲ့ စစ်သား ၂ ဦးအပါအဝင် ၄ ဦးကို
အရင်ဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းအတွင်းက စစ်ကောင်စီတပ်နဲ့ မိနစ် (၂၀) ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။
◾️မယ်တော်ဆေးခန်းထူထောင်သူဒေါက်တာ စင်သီယာမောင်ကိုဘီလ်ဂိတ်စ်ချီးကျူး
ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိ
အမှတ်ပြု ချီးကျူးခဲ့ပါတယ်။ဂိတ်စ်ရဲ့ Facebook စာမျက်နှာမှာ ဒေါက်တာ စင်သီယာမောင်က အကူအညီ လိုအပ်နေသူတွေကိုနှစ်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ အား သွန်ခွန်စိုက် ကူညီ စောင့်ရှောက်ပေးနေတာကို ချီး
ကျူးစကား ပြောကြားခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး မဲဆောက်ကို ရောက်ရှိလာပြီး မြေသားပေါ် ခနော်နီ ခနော်နဲ့ တည်
ဆောက်ထားတဲ့မယ်တော်ဆေးခန်းလေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သူ့ရဲ့ ဆေးခန်းဟာ နယ်စပ်က ဒုက္ခ
သည်တွေ၊ စစ်ရှောင်တွေ၊ ရွှေ့ပြောင်းလုပ်
သား မိသားစုတွေနဲ့ တခြားအကူအညီ လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေ အားအကိုးရဆုံးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။
◾️လောင်းလုံးမြို့ရေဘေးနဲ့ မြေပြိုဘေး ရက်
၂၀ကျော်အကြာမှာ ရုပ်အလောင်း ၁လောင်း ထပ်တွေ့
ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။တောကျဲကျေးရွာဟာ စက်တင်ဘာ ၂၆ရက်က ကြုံတွေခဲ့တဲ့ ရေဘေးနဲ့ မြေပြိုဘေးကြောင့် သီလရှင် ၁ပါးအပါအဝင် လူ ၃ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၃ ဦးရှိခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ရက်မနက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ကိုမင်းမင်း ဆိုသူရဲ့ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးနဲ့ မြေပြိုဘေးမှာ တောကျွဲရွာက နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံခဲ့ရပါတယ်။
◾️စစ်မှုထမ်းသင်တန်းတက်နေတဲ့ လူငယ်တွေမိသားစုထံမကြာခဏငွေတောင်းနေလို့ မိသားစုဝင်တွေ အခက်တွေ့

👍23❤3🖕2🔥1
စစ်မှုထမ်းသင်တန်းတက်နေရတဲ့ လူငယ်တွေဟာ မိသားစုထံ မကြာခဏငွေတောင်းနေကြလို့ မိသားစုဝင်တွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းသင်တန်းကာလအတွင်းမှာ သင်
တန်းသားတွေရဲ့ဖုန်းကိုသိမ်းယူပြီး ဖုန်းသုံးခွင့် ကန့်သတ်ထားပေမဲ့ သင်တန်းသားတွေဟာ သင်တန်းဆရာတွေရဲ့ ဖုန်းတွေကတဆင့် ဆက်သွယ်ကာ ငွေကြေးတောင်းခံနေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေဟာ အခက်အခဲတွေကြားကနေ ထောက်ပံ့နေရကြောင်း မိသားစုဝင်အချို့က ပြောပါတယ်။ လက်ရှိ လေ့ကျင့်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ဆေးဝါးကုသစရိတ်နဲ့ အသုံးစရိတ်တွေအတွက်ဆိုပြီး တစ်ကြိမ် ကျပ် ၂ သိန်းကနေ ကျပ် ၃သိန်းအထိ တောင်းခံမှုတွေရှိသလို၊ အချို့မှာလည်း ပုံမှန် မုန့်ဖိုးနဲ့ ဖုန်းဘေအတွက် တစ်ပတ်ကို ကျပ် သောင်းဂဏန်းစတင်ကာ လစဉ် ကျပ်သိန်းနဲ့ချီ ကုန်ကျခံ ထောက်ပံ့နေရကြောင်း သိရပါတယ်။ ဒါ့အပြင် သင်တန်း
ဆင်းပြီးသွားရင်လည်း ၎င်းတို့အတွက် လို
အပ်တာသုံးစွဲဖို့ဆိုပြီး လစဥ် ငွေထောက်ပံ့နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
◾️ပလောက်ဒေသတိုက်ပွဲ စစ်တပ် သေဆုံးထိခိုက်မှုရှိဟု KNU သတင်းရင်းမြစ်ပြော
တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ပလောက်မြို့ကနေ စစ်ကြောင်းထိုးလာလို့အောက်တိုဘာ ၁၀ရက်
ကနေ ၁၆ရက်အတွင်းကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ စစ်တပ်စစ်
ကြောင်းတွေ ရှိနေတာမို့ ရှင်းလင်းရေးတွေ မလုပ်ဆောင်ရသေးကြောင်းလည်း သူက ပြောပြပါတယ်။
◾️တပ်မဟာ ၃ခုနယ်မြေမှာ တိုက်ပွဲတွေဖြစ်နေဟု KIA ပြော
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ (၄)၊ တပ်မဟာ(၇)နဲ့ တပ်မဟာ
(၈)နယ်မြေတွေမှာ တိုက်ပွဲတွေဆက်ရှိခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲမှာစစ်တပ်ကဗျူဟာမှူး ပြင်း
ထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ အောက်တိုဘာ ၁၇ရက်အထိ ရရှိထားတဲ့ သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့မနက်မှာ ထုတ်ပြန်ခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ မိုးမိတ်ဒေသ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိ
ပေးထားပါတယ်။မိုးမိတ်ဒေသ စစ်ရေးအ
ခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းတွေရဲ့ ပြောပြချက်အရ စစ်တပ်က မိုးမိတ်ကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေလို့ မိုးမိတ်-မဘိမ်း လမ်းမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။ ဒါ့အပြင် KIA တပ်မဟာ(၇) တပ်ရင်း(၃၃)နယ်
မြေ ဇီဒန်းရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၃ရက်မနက်က စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ထိခိုက်ဒဏ်ရာပြင်းထန် ကြောင်း ဖော်ပြထားပါတယ်။
◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်းကနီမြို့နယ်ပြည်သူတွေက ဆိုင်း
ဘုတ်စိုက်ထူ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နေရာ ၂ခုမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်း
ဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador, Our Voice ငါတို့ သံအ
မတ် ငါတို့အသံ" ဆိုတဲ့ ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံကြောင်းကို ဆိုင်းဘုတ်စိုက်ထူသက်သေပြခဲ့ပါတယ်။ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ နာယကအပါအဝင် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ICTတာဝန်ခံ၊ မြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်တာဝန်ခံ တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

👍30❤2🖕2🔥1🥰1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ကနီမြို့နယ်ပြည်သူတွေက ဆိုင်း
ဘုတ်စိုက်ထူဆန္ဒထုတ်ဖော်
အောက်တိုဘာ ၁၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ" ဆိုတဲ့ ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံကြောင်းကို ဆိုင်းဘုတ်စိုက်ထူသက်သေပြခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ နာယကအပါအဝင် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ICTတာဝန်ခံ၊ မြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်တာဝန်ခံ တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤23👏6🥰3👍2🤣2🤮1🖕1
INTERPOL က အမှုတစ်ခုကို ကိုယ်တိုင်လိုက်စစ်ဆေးတာမျိုးလည်းမဟုတ်ပါဘူး။အမှုတစ်ခု ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတပ်ဖွဲ့က အထောက်အထားတွေ၊ ဖမ်းဝရမ်းတွေ၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို INTERPOL ဆီတင်ပြရပါတယ်။ INTERPOL ရဲ့ ဥပဒေကျွမ်းကျင်သူတွေနဲ့ စိစစ်ရေးအဖွဲ့တွေက အဲဒီတောင်းဆိုချက်ဟာ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီသလား၊ နိုင်ငံရေးရည်ရွယ်ချက် ပါဝင်နေသလား၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရှိသလားဆိုတာကို အရင်သုံးသပ်ပါတယ်။စည်းမျဉ်းနဲ့ ကိုက်ညီမှသာ “Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်)” တွေကို ထုတ်ပြန်ပေးပါတယ်။၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံ
တကာ အသိပေးချက်နှင့် အကြောင်းကြားချက်များ စိစစ်ရေးအဖွဲ့ (Notices and Diffusions Task Force)ကဒီလိုတောင်းဆို
ချက်တွေကိုဥပဒေနဲ့ညီမညီ ကြိုတင်စိစစ်နေပါတယ်။
INTERPOLရဲ့အရေးအကြီးဆုံးအခြေခံမူတွေထဲက တစ်ခုကနိုင်ငံရေးဘက်မလိုက်ရေး ဖြစ်ပါတယ်။ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ Article 3 မှာ “နိုင်ငံရေး၊ စစ်ရေး၊ ဘာ
သာရေး၊လူမျိုးရေးသဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ INTERPOLအနေနဲ့ ဝင်ရောက်ဆောင်
ရွက်ခြင်းကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”လို့ တိတိကျကျဖော်ပြထားပါတယ်။
ဒါကြောင့် အတိုက်အခံနိုင်ငံရေးသမား၊ သ
တင်းသမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဒါမှမဟုတ် နိုင်ငံရေးအမြင်ကြောင့် အမှုဖွင့်ခံထားရသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင်INTERPOLကအလိုအလျောက် လက်ခံတာ မဟုတ်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားတဲ့ နိုင်ငံရေးနဲ့ သက်
ဆိုင်နေတဲ့ အမှုလား၊ INTERPOL နဲ့ သက်ဆိုင်တဲ့ အခြားရာဇဝတ်မှုလားဆိုတာကို သီးခြား စိစစ်ရပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ကလေးအ
ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်မှုလို နိုင်ငံတကာရာဇဝတ်မှုတွေကိုတော့ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါတယ်။
INTERPOL ကိုဘယ်နိုင်ငံကအမိန့်ပေးနိုင်သလဲဆိုရင် အဖြေကတော့ “ဘယ်နိုင်ငံကမှ အမိန့်မပေးနိုင် ပါဘူး”။အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အထွေထွေညီလာခံမှာ မဲပေးခွင့် တန်းတူရှိပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို စည်းမျဉ်းအတိုင်း ဆောင်ရွက်ရပါတယ်။ နိုင်ငံကြီး၊ နိုင်ငံငယ် မခွဲဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စည်းမျဉ်းတွေကသာ အဓိကဖြစ်ပါတယ်။
ဒါဆိုအခုမြန်မာစစ်အစိုးရကပြည်ပမှာရောက်နေတဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေ၊ဒီမိုကရေစီဘက်ရပ်တည်တဲ့ မြန်မာမီဒီယာတွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမှုဖွင့်ပြီး INTERPOL နဲ့ ဖမ်းခိုင်းနိုင်သ
လားဆိုတဲ့ မေးခွန်းကို ကြည့်ရအောင်။
ဥပဒေအရ ပြောရရင် တောင်းဆိုတာတော့ လုပ်နိုင်ပါတယ်။ဒါပေမယ့် INTERPOL က လက်ခံပေးမလားဆိုတာကသီးခြားကိစ္စဖြစ်ပါတယ်။အဲဒီအမှုဟာသတင်းရေးသားမှု၊ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်ကို ဝေဖန်မှု စတဲ့ နိုင်ငံရေးသဘော
သဘာဝ အဓိက ပါဝင်နေတယ်လို့ သုံးသပ်ခံရရင် Article 3 ကြောင့် INTERPOLက ပူး
ပေါင်းဆောင်ရွက်မှုကို ငြင်းပယ်နိုင်ပါတယ်။
ခိုင်မာတဲ့အထောက်အထားတွေရှိတဲ့ လူသတ်
မှု၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အခြားရာဇဝတ်မှုအတွက်သာ INTERPOL က စည်းမျဉ်းအတိုင်း သီးခြားသုံးသပ်မှာ ဖြစ်ပါတယ်။
အဆုံးမှာ မှတ်ထားရမယ့် အချက်ကတော့ INTERPOLဟာ“ကမ္ဘာလုံးဆိုင်ရာဖမ်းဆီးရေးအဖွဲ့”မဟုတ်ပါဘူး။သူ့မှာကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသလိုဘယ်နိုင်ငံထဲမှဝင်ပြီးကိုယ်တိုင်ဖမ်းဆီးနိုင်တဲ့ အာဏာလည်း မရှိပါဘူး။ သူ့ရဲ့ အဓိကအလုပ်ကတော့နိုင်ငံတကာရဲတပ်ဖွဲ့တွေကြား သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်
ရွက်မှုတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။
ဒါကြောင့် “INTERPOL ကို တိုင်လိုက်မယ်”၊ “INTERPOL က လာဖမ်းတော့မယ်” ဆိုတဲ့ စကားတွေကို ကြားရတဲ့အခါအဲဒီအမှုဟာ နိုင်ငံရေးအတွက်အသုံးချတာလား၊ ဒါမှမဟုတ် လူသတ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှု၊မူးယစ်ဆေးဝါးကူးသန်းမှုလိုတကယ့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ဆိုင်တာလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။
https://youtu.be/UM3UuIad8b8?si=GYhfNNe3dxQRLqU2

YouTube
INTERPOL ဆိုတာ ဘာလဲ | People's Spring
INTERPOL ဆိုတာ ဘာလဲ
●INTERPOLရဲ့အခန်းကဏ္ဍကိုနားလည်ခြင်း
- ခါကာဘို ရေးသားသည်။
"INTERPOL က Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်) ထုတ်လိုက်ပြီ" ဆိုတဲ့သတင်းမျိုးကို ကြားရတိုင်း လူအများစုက "နိုင်ငံတကာရဲတပ်ဖွဲ့က လာဖမ်းတော့မယ်" လို့ ထင်တတ်ကြပါတယ်။…

❤29👍25🔥4🥰1👏1🤣1🖕1
■ဆောင်းပါး
ChatGPT နဲ့ ပြောထားတဲ့ စကားတွေ ဘယ်လောက်လုံခြုံသလဲ
AI နည်းပညာခေတ်မှာ လူတိုင်း သိထားသင့်တဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး
-နောင်နောင်ရေးသားသည်။
ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်
မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာ
ရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်း ကနေ အလုပ်အကိုင်၊ ကျန်းမာ
ရေး၊ ငွေကြေးနှင့် မိသားစုအရေးကိစ္စတွေအထိလူအများကAIကိုအကြံဉာဏ်တောင်းခံလာကြပါတယ်။
ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်
ဆွေတယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။
ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်တမ်းတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အ
လုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။
လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီ ပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာ အဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။
အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
နားလည်ထားရမယ့်အချက်တခုက AIကို အ
သုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝလျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။
The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာက စိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေသတွင်းသတင်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်းတွေကို တရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။
ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကားပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲ ကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။ The Washington Post ရဲ့ ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။
ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုး
သားတယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေ အရ အဲဒီလိုစစ်
ဆေးတာ က နေ AI chatbot စကားပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။
ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာ တရားခံရဲ့ ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေ
အနေမှာလည်း စက်ပစ္စည်းထဲက အချက်
အလက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်
အထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြော
စကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အ
ထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်
ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။
အလုပ်ရှင်က ကိုယ့်ရဲ့ ChatGPTပြောစကား
တွေကိုကြည့်နိုင်သလားဆိုတာကိုလည်းဆက်
ကြည့်ကြပါမယ်။ လူအများ သတိမထားမိတတ်တဲ့ အခြားကိစ္စတခုကတော့ အလုပ်ခွင်မှာ အသုံးပြုတဲ့ AI အကောင့် တွေပဲဖြစ်ပါတယ်။ ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို သုံးတဲ့အခါ ကိုယ်မေးထားတဲ့ မေး
ခွန်းတွေနဲ့ တင်ထားတဲ့ ဖိုင်တွေကို ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ မြင်နိုင်တဲ့ အခြေ
အနေမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရေး
ကိုယ်တာ အချက်အလက်တွေကို ထည့်မေးတဲ့အခါ သတိထားရပါမယ်။
ဥပမာ ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ အလုပ်ဖော်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ကိစ္စတွေ၊ အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ သဘောထားတွေကို ရေးသားဆွေးနွေးတယ်လို့ ယူဆကြည့်

❤21👍9😁1🤮1🤣1