People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🥰19👏12🔥11❤4👍2🖕2🤣1
■ရုပ်ရှင်ခံစားမှု

လေတွေတိုက်နေတယ်
The Wind Rises (၂၀၁၃)

ဝဇီရာ/People's Spring

ဂျီရို ဟိုရီကိုရှီ (Jiro Horikoshi)ဟာ ငယ်ငယ်လေးကတည်းက လေယာဥ်တွေကို သဘော
ကျခဲ့တယ်။ သူက လေယာဥ်မောင်းတာကို ရူးသွပ်ခဲ့သူပါ။ ဒါပေမယ့် သူ့မှာ မျက်စိအားနည်းချက်ရှိတာကြောင့် လေယာဉ်မှူးအိပ်မက် စွန့်လွှတ်လိုက်ရတယ်။

ဒါပေမယ့် ဂျီရိုက လေယာဥ်တွေနဲ့ပတ်သက်တဲ့ဝါသနာကိုတော့ မစွန့်လွှတ်နိုင်ဘူး။ သူက လေယာဉ်တွေလည်း တည်ဆောက်ချင်တာမို့ လေယာဥ်ဒီဇိုင်းဆွဲတဲ့ ပညာရှင် တစ်ဦးဖြစ်
လာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ အိပ်မက်ထဲမှာနာမည်ကြီး အီတလီ လေယာဉ်ဒီဇိုင်နာ ဘာပရိုနီနဲ့ မကြာခဏ ဆုံတွေ့ရပြီး သူ့ရဲ့ လမ်းပြမှု၊ အားပေးမှုတွေက ဂျီရိုကို ရှေ့ဆက်ဖို့ ခွန်အားတွေ ရရှိစေခဲ့တာပါ။

၁၉၂၃ ခုနှစ်မှာ ဂျီရိုတစ်ယောက် တိုကျိုမြို့ကို ရထားနဲ့ အပြန် ရထားပေါ်မှာတင် ငလျင်ကြီးလှုပ်ခတ်တာနဲ့ တိုးတော့တယ်။ အဲဒီငလျင်ကြောင့်ပဲ ဂျီရိုဟာ နာအိုကိုဆိုတဲ့ ကောင်မလေးနဲ့ ဆုံခဲ့ရတယ်။ ဒါ​​ပေမယ့် မီး
လောင်ပြင်ကြီးကြားမှာ သူတို့နှစ်ယောက် ကွဲကွာသွားခဲ့ကြပါတယ်။

​ဂျီရိုဟာ ကျောင်းပြီးလို့ Mitsubishi ကုမ္ပဏီမှာ လေယာဉ်ဒီဇိုင်နာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး၊ ဂျပန်ရဲ့ နောက်ကျနေတဲ့ လေယာဉ်နည်းပညာကို မြှင့်တင်ဖို့ ဂျာမနီနိုင်ငံအထိ သွား
ရောက် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ နည်းပညာ ချို့တဲ့မှုနဲ့ စစ်ပွဲပြင်ဆင်နေ​တဲ့ ခေတ်အခြေအနေကြောင့် သူ့ရဲ့ ပထမဆုံး စမ်းသပ်လေယာဉ် မတော်တဆ ပျက်စီးသွားခဲ့ရပါတယ်။

​စိတ်ဓာတ်ကျနေတဲ့ ဂျီရိုဟာ စိတ်အပန်းဖြေဖို့ ကာရုအိဇာဝ တောင်ပေါ်စခန်းကို သွားရောက်ခဲ့ရာမှာ တိုကျိုငလျင်တုန်းက ကွဲကွာသွားခဲ့တဲ့ နာအိုကို နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ နှစ်ယောက်သား အချစ်မျှခဲ့ကြပြီး စေ့စပ်ခဲ့ကြပေမဲ့ နာအိုကိုမှာ ကုသရခက်ခဲတဲ့ တီဘီရောဂါ စွဲကပ်နေခဲ့ပါတယ်။

ဂျီရိုဟာ ဂျပန်ရေတပ်အတွက် စစ်လေယာဉ်အသစ် ဒီဇိုင်းဆွဲရမယ့် တာဝန်ကြီးကို လက်ခံလိုက်ရချိန်မှာ၊ နာအိုကိုရဲ့ ရောဂါကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နာအိုကိုဟာ သူမရဲ့ နောက်ဆုံးအချိန်တွေကို ဂျီရိုနဲ့အတူ ကုန်လွန်ချင်တာကြောင့် ဆေးရုံကနေ ထွက်လာခဲ့ပြီး၊ သူတို့နှစ်ယောက် ရိုးရှင်းစွာ လက်ထပ်လိုက်ကြပါတယ်။

​ဂျီရိုနဲ့ နာအိုကိုတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လှပလွန်းပါတယ်။ နာအိုကိုရဲ့ တီဘီရောဂါကြောင့် သူတို့အချိန် သိပ်အများကြီး မကျန်တော့မှန်း သိလျက်နဲ့ လက်ထပ်ခဲ့ကြတာ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အ
ကြည့်တွေနဲ့ စက္ကူလေယာဉ်ပျံလေး ပစ်ဆော့ခဲ့ကြတဲ့ အခိုက်အတန့်တွေဟာ ရင်ထဲမှာ နွေးထွေးမှုရော၊ ဆို့နင့်မှုပါ အပြည့်ပေးပါတယ်။ စစ်ပွဲရယ်၊ ရောဂါရယ်ကြားထဲမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း နွေးထွေးလွန်းလှပါတယ်။

​ဂျီရိုဟာ နာအိုကိုရဲ့ လက်ကို လက်တဖက်က ဆုပ်ကိုင်ထားရင်း တစ်ဖက်ကနေ လေယာဉ်ဒီဇိုင်းတွေကို အိပ်ရေးပျက်ခံ ရေးဆွဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျပန်စစ်တပ်ရဲ့ သမိုင်းဝင် လေယာဉ်ဖြစ်လာမယ့် Mitsubishi A6M Zero လေယာဉ်ကို အောင်မြင်စွာ ဒီဇိုင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ဇနီးသည်လေးဟာ ရောဂါအခြေအနေ ပိုဆိုးလာတဲ့အခါမှာတော့...။

တကယ်တော့ ဂျီရိုရဲ့ ငယ်စဉ်ကတည်းက စိတ်ကူးအိပ်မက်ဟာ ကောင်းကင်မှာ လှပစွာ ပျံသန်းနိုင်တဲ့ လေယာဉ်ပျံတွေ ဖန်တီးဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖန်တီးမှုကို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်ရဲ့ ဘဏ္ဍာငွေနဲ့ စစ်ပွဲအပေါ် မှီခိုနေရတာကို သိနေရတဲ့အခါ သူ့စိတ်ထဲမှာ မဖြစ်သာဘဲ လက်ခံထားရတဲ့ ဝမ်းနည်းမှုတွေ ရှိနေခဲ့တာပေါ့။

ဇာတ်ကားထဲက သူ့ရဲ့ လမ်းပြဆရာကြီး Caproni နဲ့ အိပ်မက်ထဲမှာ တွေ့တိုင်း လေယာဉ်တွေရဲ့ အလှတရားအကြောင်းကိုပဲ ပြောဆိုခဲ့ကြပါတယ်။ Caproni က "လေယာဉ်ဆိုတာ စစ်ပွဲအတွက် မဟုတ်ဘူး၊ စီးပွားရေးအတွက်လည်း မဟုတ်ဘူး။ လှပတဲ့ အိပ်မက်တစ်ခုပဲ" လို့ ပြောတဲ့အခါ ဂျီရိုက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်အတွက် လေယာဉ်ဒီဇိုင်းဆွဲပေးနေရတာကြောင့် သူစိတ်မသက်မသာတော့ ဖြစ်မိတယ်။

ဂျီရိုဟာ သူဖန်တီးခဲ့တဲ့ Zero Fighter လေ
ယာဉ်တွေ ကောင်းကင်ထက်ဆီ ပျံသန်းသွားတာကို ငေးကြည့်ရင်း အိပ်မက်ထဲမှာ Caproni နဲ့ ပြန်တွေ့ပါတယ်။ အဲဒီမှာ ဂျီရိုက "အဲဒီ လေယာဉ်တွေထဲက တစ်စီးမှ ပြန်မလာနိုင်ခဲ့ကြဘူး..."တဲ့။ သူ့ရဲ့ ဖန်တီးမှု လေယာဉ်အလှလေးတွေဟာ စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ရတာကိုး။ ဂျီရိုဟာ သူချစ်တဲ့ အနုပညာဟာ ကမ္ဘာကြီးရဲ့ အမှောင်ထုကြောင့် ဖျက်ဆီးရေး လက်နက် ဖြစ်သွားရတဲ့အပေါ် စိတ်တော့ထိခိုက်သွားခဲ့ရတယ်။

တကယ်လို့ ဂျီရိုသာ ကျနော်တို့ မြန်မာပြည်ကအခြေအနေကိုမြင်ရင် ပိုပြီးစိတ်ထိခိုက်မိသွားမလားပဲ။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ငွေတွေနဲ့ ပြည်သူတွေကိုပဲ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဥ်ရက်ဆက် ရက်
ရက်စက်စက် သတ်ဖြတ်နေတာ မြင်ရရင် ဂျီရိုဘာများပြောလေမလဲ။

တချိန်က ကျေးလက်က ကလေးတွေဟာ ဂျီရိုငယ်ငယ်ကလိုပဲ ​လေယာဥ်ပျံကြီးတွေမြင်ရင် ထွက်ကြည့်ကြတာ။ လက်ကလေးတွေဝှေ့ယမ်းပြီး တာ့တာပြကြတာ။ အခုတော့ ဘယ်ဟုတ်မလဲ။ လေယာဥ်လာပြီဆိုတဲ့ လေယာဥ်သံကြားပြီဆိုတာနဲ့ ကလေးတွေခမျာ ပြေးပုန်းကြတော့တာ။ စစ်ဘေးသင့်ဒေသတွေကနေ မြို့ပေါ်တိမ်းရှောင်လာတဲ့မိသားစုတွေထဲက ကလေးလေးတွေဆိုရင် လေယာဥ်သံကြားရင် မြို့ပေါ်မှာကို
❤19👍8🤮1🕊1🖕1
ပုန်းစရာနေရာ ရှာကြသတဲ့။ ငယ်ငယ်နုနုအရွယ်မှာတင် စိတ်ဒဏ်ရာတွေ ရသွားခဲ့ကြတာပါပဲ။

ဇာတ်ကားထဲမှာ ၂ ကြိမ်တိုင် သုံးသွားခဲ့တဲ့ စကားလေးတစ်ခွန်းရှိတယ်။ ပေါလ် ဗာလေရီ ဆိုတဲ့ ပြင်သစ် ကဗျာဆရာကြီးရဲ့ စကားလုံးလေးပါ။ "လေတွေတိုက်နေပြီ။ အသက်ရှင်အောင် ကြိုးစားရမယ်"တဲ့။

ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ လှပနေမှာတော့ မဟုတ်ပါဘူး။ မုန်တိုင်းတွေ၊ ဆုံးရှုံးမှုတွေ၊ အသည်းကွဲစရာတွေ သေချာပေါက် ရောက်လာမှာပါ။ ဒါပေမဲ့ အဲဒီ အမှောင်ထုကြားထဲမှာတင်ပဲ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဖန်တီးရမယ်၊ စစ်မှန်စွာ ချစ်ရမယ်၊ ဘဝကို အဆုံးထိ ရဲရဲဝံ့ဝံ့ ဆက်လက် ရှင်သန်ရမှာ အသေအချာပါပဲ။ ။
👍28❤5🤮1🕊1🖕1
👍29❤10🥰2🤮1🖕1
မယ်တော်ဆေးခန်းထူထောင်သူဒေါက်တာ စင်သီယာမောင်ကိုဘီလ်ဂိတ်စ်ချီးကျူး

​အောက်တိုဘာ-၁၈၊၂၀၂၆။People's Spring

ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိ
အမှတ်ပြု ချီးကျူးခဲ့ပါတယ်။

ဂိတ်စ်ရဲ့ Facebook စာမျက်နှာမှာ ဒေါက်တာ စင်သီယာမောင်က အကူအညီ လိုအပ်နေသူတွေကိုနှစ်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ အား
သွန်ခွန်စိုက် ကူညီ စောင့်ရှောက်ပေးနေတာကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး မဲဆောက်ကို ရောက်ရှိလာပြီး မြေသားပေါ် ခနော်နီ ခနော်နဲ့ တည်ဆောက်ထားတဲ့မယ်တော်ဆေးခန်းလေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သူ့ရဲ့ ဆေးခန်းဟာ နယ်စပ်က ဒုက္ခသည်တွေ၊ စစ်ရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သား မိသားစုတွေနဲ့ တခြားအကူအညီ လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေ အားအကိုးရဆုံးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရင်း
မြစ်တစ်ခု ဖြစ်လာပါတယ်။

ဂိတ်စ်ဟာ နိုင်ငံတကာက လူသားအကျိုးပြု ကြိုးစား အားထုတ်မှုတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတွေကို အသိအမှတ်ပြု ချီးကျူးတဲ့ သူ့ရဲ့ Heroes in the Fieldဆိုတဲ့ အစီအစဉ်အတွက်ဒေါက်တာစင်သီယာမောင် အကြောင်းကိုပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့မယ်တော်ဆေး
ခန်းကသာမကဘဲသူကူညီထူထောင်ပေးထားတဲ့ရွေ့လျားဆေးကုသရေးအဖွဲ့တွေကလည်း စစ်ရေးပဋိပက္ခ နယ်မြေတွေ၊ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ ဝမ်းပျက်ဝမ်းလျှော တိုက်ဖျက်ရေးနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှုတွေထောက်ပံ့ရေးလှည့်လည်သွားလာနေတဲ့ အကြောင်းကိုလည်း ဂိတ်စ်ရဲ့ ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင်ရဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ နိုင်ငံတကာ ထိပ်တန်း ကျန်းမာရေး အဖွဲ့အစည်းကြီးတွေနဲ့ ကာလရှည်ကြာ ချိတ်ဆက် ပူးပေါင်းမှုတွေ ရှိခဲ့ပါတယ်။ဂိတ်စ်ရဲ့ဘီလ်နှင့် မယ်လင်ဒါဂိတ်စ်လူဦးရေနှင့်မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးဌာန (The Bill & Melinda Gates Institute for Population and Reproductive Health)ဟာ ဒေါက်တာစင်သီယာမောင်ရဲ့"ရွေ့လျားသားဖွားနှင့် မိခင်ကျန်း
မာရေး စောင့်ရှောက်သူများ စီမံကိန်း"အ
တွက်လည်း ရန်ပုံငွေ ထောက်ပံ့ကူညီပေးထားပါတယ်။
🥰43❤23💔4👍2👏1🤮1💩1🤣1🖕1
ဒေါက်တာစင်သီယာ​မောင်အ​ကြောင်းချီး
ကျူး​ပြောကြား​နေတဲ့ ဘိလ်ဂိတ်စ်။
ဓါတ်ပုံ-Bill Gates's FB screen grab
❤80👍12🥰7👎5🤮3👏2🤣1🖕1
စစ်တပ်က ပလက်၀မြို့နယ်၊ချောင်းဆုံကို ဗုံးကြဲအရပ်သားသေဆုံးဒဏ်ရာရသူများ
ပြား

အောက်တိုဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာ
ဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်
၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်၊မွန်းလွဲ ၁ နာရီကျော်အချိန်မှာချောင်းဆုံ၀န်းကျင်ကို စစ်တပ်ကလေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ကုန်သည်တွေရော ၊ခရီးသည်တွေရော အများကြီး သေတယ်၊ တော်တော်များတယ်၊ အရေအတွက်တွေတောင် အတိအကျ မသိသေးဘူး၊တော်တော်ကိုများတယ်။အလောင်းတွေလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်"လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။

ဗုံးကြဲမှုကြောင့်သေဆုံးထိခိုက်သူအရေအ
တွက်အသေးစိတ်တွေကိုတော့လူထု​နွေဦးမသိရသေးပါဘူး။

"ပလက်၀မှာလေယာဉ်အဆန်း(အသစ်)တွေ ကင်းထောက်ဒရုန်းတွေဝဲနေတာတရက်နှစ်ရက်ရှိပြီ။အခုလိုလူစည်တဲ့နေရာ၊အရပ်သားတွေပဲ ရှိတဲ့နေရာကို လာချတယ်"လို့ပလက်၀
ဒေသခံတဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့ပတ်
လည်ရှိရေချမ်းပြင်၊အမြင့်ကျွန်း၊နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုး
စစ်ဆင်ရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုး စားတဲ့ စစ်တပ်ဟာ AA ရဲ့တိုက်ခိုက်မှုကြောင့် အ
ထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့စစ်သားတွေဟာလည်း အများအပြားသေဆုံးကာအထိနာ​နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလိုတိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သားလူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံး ကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာတလခွဲနီးပါးရှိ​နေပြီဖြစ်ပါတယ်။ဒါ​ပေမယ့်စစ်တပ်က AA တပ်စွဲထားတဲ့​နေရာ​တွေမသိမ်းနိုင်ဘဲ စစ်​တွေမြို့ အနီးဝန်းကျင်က ကာကင်းစခန်းတွေလက်လွှတ်ဆုံးရှုံး​နေပြီးအထိနာ​နေချိန်မှာ အရပ်သားပြည်သူ​တွေ​နေထိုင်တဲ့ မြို့ရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေ၊​ဆေးခန်း​တွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး​တွေ၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၁ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်
တိုဘာ ၁၈ ရက်နေ့ထိ စစ်တပ်လက်ချက်ကြောင့်ရခိုင်ပြည်နယ်မှာ​သေဆုံးခဲ့ရတဲ့ပြည်သူ ၉၃ ဦးနဲ့ ဒဏ်ရာရသူ ၁၅၄ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီထဲမှာဒီ​နေ့ ဗုံးကြဲခံရတဲ့ချောင်းဆုံမှ သေဆုံး၊ ဒဏ်ရသူတွေ မပါ၀င်သေးပါဘူး။
🤬33❤8👎3👍2👏2😢2🎉1
စစ်တပ် ဗုံးကြဲမှု​ကြောင့် ​သေဆုံးခဲ့သူ​တွေ။
ဓါတ်ပုံ- Khine Murn Chun's FB
🤬39😢7❤5👍2👏2👎1🤩1😭1
ငပြီကျွန်းကို စစ်တပ်က ကမ်းတက်ဖို့ ထပ်ကြိုးစား၊ AAပစ်ခတ်လို့ စစ်​ရေယာဥ်တစီး
ထိမှန်

အောက်တိုဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အ
ထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုး
စားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်
တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်ပြီး ထပ်မံကမ်းတက်ကာကျွန်း​ပေါ်​ခြေကုတ်ယူနိုင်ဖို့ ကြိုးစားလာတာလို့ သိရပါတယ်။

“မနေ့က တညလုံးတက်ဖို့လုပ်တယ်။ညတုန်းကပဲ ဇက်တစီးကို ကိုယ့်ဘက်ကပစ်တာ ထိသွားတယ်။ကမ်းစပ်မှာပဲထိသွားတာ။ နောက်
ပြန်လှည့်သွားတယ်။ အထိအခိုက်ဘယ်လိုရှိလဲတော့ မသိဘူး။ မီးခိုးတွေတော့ ထွက်သွား တာတွေ့တယ်” လို့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သင်္ဘောတစီးကို AA က အဝေးပစ်လက်
နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “မနက်ပိုင်း ခဏ ပြန်ငြိမ်ပြီးတော့ ထပ်တက်ဖို့လုပ်နေကြတယ်။ အခုအ
ခြေအနေထိတော့ ကမ်းပေါ်ကို ထပ်မရောက်သေးဘူး။ ကမ်းစပ်ပဲ တိုက်ပွဲဖြစ်နေကြတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း ဖြစ်တဲ့ငပြီကျွန်းကို ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး ​အောက်တိုဘာ ၇ ရက်မှာပထမအကြိမ်အင်အားဆယ်ချီ ကမ်း
တက်နိုင်ခဲ့ပါတယ်။

ပထမအကြိမ်ကမ်းတက်တုန်းကလည်း စစ်သင်္ဘောတစီးကို AA ရဲ့ လက်နက်ကြီးထိမှန်သွားခဲ့ပြီး စစ်သား ၂၀ ဝန်း ကျင်သေဆုံးသွားခဲ့ပါတယ်။ ဒ့ါအပြင် ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်း ကျွန်းပေါ်မှာသေဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံရသူ ၂၀ ဝန်းကျင် ရှိကာ စစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။

ငပြီကျွန်းကမ်းတက်တိုက်ပွဲအတွင်းအထိနာနေတဲ့စစ်တပ်ဟာ ပထမအကြိမ်ကမ်းတက်နိုင်ပြီး ဆယ်ရက်ကျော်အကြာမှာမှ ကမ်းထပ် တက်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

“ကမ်းပေါ်မှာ ​ေးမကျန်တော့သလောက်ဖြစ်သွားပြီပြောကြတယ်။တိုက်ပွဲကတော့ တောက်လျှောက်ပဲ၊အသံတွေဆိုရင် ဆက်
တိုက်ကြားရတယ်။ လေယာဉ်ကတော့ သုံးစီးလောက်ရှိပြီ။ လက်နက်ကြီးတွေက ဆက်
တိုက်ကြား ရတယ်။ မနေ့ညကဆိုရင် အိပ်တောင် မအိပ်လိုက်ရဘူး။ ဒီညလည်းအိပ်ရမယ်မထင်ဘူး” လို့ ပေါက်တောဒေသ ခံတဦးက ပြောပါတယ်။

ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။

AA ဟာငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းကဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)အနီးဝန်း
ကျင်အပါအဝင် မြို့ပတ်လည်က တပ်စခန်းတွေကိုလည်း အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ် စခန်းအချို့ကိုထပ်မံသိမ်းယူ​နေပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။

စစ်တပ်ဟာရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲခန့်ရှိပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲခန့်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ် ။တိုက်ပွဲ​တွေဟာစစ်​တွေမြို့နဲ့ ပိုနီးလာတာ​ကြောင့်စစ်တပ်ဟာ တိုက်စစ်က​နေ စစ်​တွေမြို့မကျ​​အောင် ခံစစ်နဲ့ပြုခုခံ​နေရပြီဖြစ်ပါတယ် ။
👍40❤6👏6🤣4👎1🥰1🖕1
၂၀၂၄ ​ဖေ​ဖော်ဝါရီလမှာ ​ကျောက်​တော်မြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်ခဲ့စဥ် AAသိမ်းယူခဲ့တဲ့ စစ်တပ်​ရေယာဥ်တစ်စီး/ ငပြီကျွန်း နဲ့ စစ်​တွေမြို့အနီးဝန်းကျင်ကို​မြေပုံ​ပေါ်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info desk
👍36👏9🤣4❤3👎1🥰1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်​​အုပ်စုရဲ့ CI မလုပ်ရေးကမ်ပိန်းထိုင်းရောက်မြန်မာလုပ်သားအများအပြားပါဝင်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်
မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ဒီကနေ့မှာစတင်ပြုလုပ်နေပြီး မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်
စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)
ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်နေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

◾️SCEF နဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့စစ်အာဏာ
ရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်အင်
အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ပါတယ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
-(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ
(MSFC)၊ မွန်ပြည် အတိုင်ပင်ခံ ကောင်စီ
(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့မှ တာဝန်ရှိသူတွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၆ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ ၂၀၂၆ ဇူလိုင်အတွင်းမှာ SCEF နဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ပထမအကြိမ်တွေ့ဆုံခဲ့ပြီးနောက် နှစ်လခွဲကျော်အကြာမှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံမှုမှာ SCEF အလှည့်ကျသ
ဘာပတိ ခူဦးရယ်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ NMSP-AD ခေါင်း
ဆောင် ဗိုလ်ချုပ်နိုင်လယီကောင်းနဲ့ တာဝန်ရှိသူတွေပါဝင်ခဲ့ပြီးပဒိုစောတာဒိုမူးက SCEF
ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြတာ၊ မေးခွန်းမေးမြန်း အပြန်
အလှန် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

■ငပြီကျွန်းကို စစ်တပ်က ကမ်းတက်ဖို့ ထပ်ကြိုးစား၊ AAပစ်ခတ်လို့ စစ်​ရေယာဥ်တစီး
ထိမှန်

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အ
ထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုး
စားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်ပြီး ထပ်မံကမ်းတက်ကာကျွန်း​ပေါ်​ခြေကုတ်ယူနိုင်ဖို့ ကြိုးစားလာတာလို့ သိရပါတယ်။“မနေ့က တညလုံးတက်ဖို့လုပ်တယ်။ညတုန်းကပဲ ဇက်တစီးကို ကိုယ့်ဘက်ကပစ်တာ ထိသွားတယ်။ကမ်းစပ်မှာပဲထိသွားတာ။နောက်ပြန်လှည့်
သွားတယ်။ အထိအခိုက်ဘယ်လိုရှိလဲတော့ မသိဘူး။ မီးခိုးတွေတော့ ထွက်သွား တာတွေ့တယ်” လို့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။စစ်သင်္ဘောတစီးကို AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “မနက်ပိုင်း ခဏ ပြန်ငြိမ်ပြီးတော့ ထပ်တက်ဖို့လုပ်နေကြတယ်။ အခုအခြေအနေထိတော့ ကမ်းပေါ်ကို ထပ်မရောက်သေးဘူး။ ကမ်းစပ်ပဲ တိုက်ပွဲဖြစ်နေကြတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

■စစ်တပ်က ပလက်၀မြို့နယ်၊ချောင်းဆုံကို ဗုံးကြဲအရပ်သားသေဆုံးဒဏ်ရာရသူများ
ပြား

စစ်တပ်က ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊
ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေ
သခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာလ ၁၈ ရက်၊မွန်းလွဲ ၁ နာရီကျော်အချိန်မှာချောင်းဆုံ၀န်းကျင်ကို စစ်တပ်ကလေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"ကုန်သည်တွေရော ၊ခရီးသည်တွေရော အ
များကြီး သေတယ်၊ တော်တော်များတယ်၊ အရေအတွက်တွေတောင် အတိအကျ မသိသေးဘူး၊တော်တော်ကိုများတယ်။အလောင်းတွေလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်"လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။ဗုံးကြဲမှုကြောင့်သေဆုံးထိခိုက်သူအရေအတွက်အသေးစိတ်တွေကိုတော့လူထု​နွေဦးမသိရသေးပါဘူး။"ပလက်၀မှာလေ
ယာဉ်အဆန်း(အသစ်)တွေ ကင်းထောက်ဒရုန်းတွေဝဲနေတာတရက်နှစ်ရက်ရှိပြီ။အခုလိုလူစည်တဲ့နေရာ၊အရပ်သားတွေပဲ ရှိတဲ့နေရာကို လာချတယ်"လို့ပလက်၀ဒေသခံတဦးကပြောပါတယ်။
👍23❤4🖕2🔥1