People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
၂၀၂၃ နှစ်ကုန်ပိုင်းမှာ KIA ၊KPDF တပ်ဖွဲ့ဝင်​တွေ ​ရှေ့တန်းသွားဖို့ပြင်ဆင်​​နေကြ
စဥ်။ဓါတ်ပုံ-Sirinda
❤45🙏2👍1🔥1🤮1🖕1🫡1
■အ​တွေးအမြင်

စက္ကူကျားဖြစ်သွားသည့် ကုလသမဂ္ဂနှင့်
၈၁ နှစ်ပြည့် မွေးနေ့

-ကိုသုညံ​ရေးသားသည်။


လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့သည် ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်ခဲ့သည့် (၈၁) နှစ်ပြည့်မြောက် မွေးနေ့ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ နောင်လာမည့်မျိုးဆက်များကို စစ်ပွဲ၏ ဆိုးကျိုးများမှ ကာကွယ်ရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်ဆိုသည့် ရည်ရွယ်
ချက်ဖြင့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်းနှစ်ရှည်ကြာလာသည်နှင့်အမျှ၊ ယနေ့ကမ္ဘာ့မြေပြင်အခြေအနေများသည် ထိုစဉ်က ရည်မှန်းချက်များနှင့် အလွန်ကွာဟလွန်းနေပြီး ကမ္ဘာ့ကုလသမဂ္ဂကြီးသည် အ
စွယ်မရှိတော့သည့် "စက္ကူကျား" တစ်ကောင်သဖွယ် ဖြစ်လာနေပြီ ဖြစ်သည်။

ကုလသမဂ္ဂသည် သမိုင်းတလျှောက်တွင်
ကမ္ဘာ့အရေးအခင်းအချို့၌ အတိုင်းအတာတစ်ခုအထိ ဝင်ရောက်ဖြေရှင်းနိုင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးပါသည်။

ကိုရီးယားစစ်ပွဲကာလက နိုင်ငံတကာတပ်ဖွဲ့များ စေလွှတ်ခဲ့ခြင်း၊ ၁၉၆၀ ပြည့်လွန်နှစ်များကကွန်ဂို အကျပ်အတည်းကိုကိုင်တွယ်ခဲ့ခြင်း၊ အရှေ့တီမော၏ လွတ်လပ်ရေးအကြိုကာလများတွင် တာဝန်ယူပေးခဲ့ခြင်းတို့မှာ ထင်ရှားသော နမူနာများ ဖြစ်ကြသည်။

မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအ
တွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင်လည်း ၁၉၆၂ ခု ကျူးဘားဒုံးကျည်အကျပ်
အတည်းနှင့် အခြားသော အရေးကြီးသည့် နိုင်ငံတကာပဋိပက္ခများတွင် ကြားဝင်စေ့စပ်
၍ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ကြီး ဖြစ်
ပွားခြင်းအန္တရာယ်မှ တားဆီးဖြေရှင်းပေးနိုင်ခဲ့ဖူးသည်။

လက်ရှိ ကမ္ဘာ့အခင်းအကျင်းကို ကြည့်လျှင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် နေရာမရ၊ အသုံးမဝင်တော့သည့်မှာပိုသိသာလာသည်။

ရုရှားနှင့်ယူကရိန်းတို့အကြားဖြစ်ပွားနေသည့် စစ်ပွဲကြီးသည် နှစ်နှင့်ချီ ကြာမြင့်လာခဲ့ပြီဖြစ်ကာ အသက်ပေါင်းများစွာ သေဆုံးပျက်စီးနေရသော်လည်း လုံခြုံရေးကောင်စီ၏ ဗီတိုအာ
ဏာ သုံးပိုင်ခွင့် လုပ်ထုံးလုပ်နည်းကြောင့် ကုလသမဂ္ဂသည် ဘေးမှရပ်ကြည့်နေရသည့် အနေအထားသာ ရှိနေသည်။

အလားတူပင် အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့အကြား အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများနှင့် ပဋိပက္ခများသည် ဒေသတွင်းကိုသာမကကမ္ဘာ့ငြိမ်း
ချမ်းရေးကို ခြိမ်းခြောက်နေသော်လည်း ကု
လသမဂ္ဂအနေဖြင့် ထိရောက်သော အပစ်အခတ်ရပ်စဲရေးကိုပင်အာမခံနိုင်ခြင်းမရှိပါ။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေတွင်လည်း ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် ထင်ထင်ရှားရှား မရှိချေ။ အာဏာသိမ်း စစ်တပ်ကြောင့်အရပ်သားပြည်သူများအသက်ပေါင်းများစွာ ဆုံးရှုံးနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေချိန်တွင် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်းတို့အပေါ် ကုလသမဂ္ဂက ထိရောက်သည့် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်နိုင်ဘဲ ရှိနေသည်။

ကမ္ဘာတစ်ဝန်းက မျှော်လင့်နေကြသည်မှာ လက်တွေ့ကျသောစစ်ရေး သို့မဟုတ် နိုင်ငံ
ရေး ဖိအားပေးမှုများဖြစ်သော်လည်း၊ ကု
လသမဂ္ဂ၏ လုပ်ဆောင်ချက်ဟူသမျှမှာ အစည်းအဝေးထိုင်ခြင်း၊ စိုးရိမ်ကြောင်း ဖော်
ပြသည့် ကြေညာချက်များ ထုတ်ပြန်ခြင်းနှင့် သတိပေးချက်များ ပေးရုံသာ တတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကမ္ဘာ့ပဋိပက္ခအများအပါအဝင် တတိယကမ္ဘာစစ်ကိုပါ မဖြစ်ပွားအောင်ဦးဆောင်ပြီး စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည့် မြန်မာ
နိုင်ငံသား အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇာတိနိုင်ငံဖြစ်သော မြန်မာပြည်၏ လက်ရှိပြည်တွင်းစစ်ပြဿနာကိုမူ ကုလသမဂ္ဂက ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်သည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ဖူးသည့် ဦးသန့်၏ မျက်နှာကို ကုလသမဂ္ဂက အိုးမည်းသုတ်သ
လိုဖြစ်နေသည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။

မြန်မာ့ပြည်တွင်းတွင် စစ်အာဏာရှင် ကြီးစိုးမင်းမူနေသည်ကို မည်သို့မျှ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ဘဲ၊ ကြေညာချက်ထုတ်ပြီး စိုးရိမ်ကြောင်း၊ တိုက်တွန်းကြောင်း ကန့်ကွက်ရှုတ်ချကြောင်းသာ ရှေ့ဆက်ပြီး ကြေညာချက်တွေသာ ထုတ်ပြန်နေဦးမည်ဆိုလျှင်တော့ (၈၁) နှစ်သက်တမ်းရှိ ကုလသမဂ္ဂသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများအ
တွက် အရေးမပါတော့သည့် အဖွဲ့အစည်းတစ်ခု အဖြစ်သာ ရှိနေတော့မည်ဖြစ်သည်။

လက်ရှိ ကုလသမဂ္ဂအဖွဲ့ကြီးသည် ဒုတိယကမ္ဘာစစ်မတိုင်ခင်က ရှိခဲ့သော နိုင်ငံပေါင်း
ချုပ်အသင်းကြီး(League of Nations) နှင့် အတူတူလိုဖြစ်နေသည်။နိုင်ငံပေါင်းချုပ်အ
သင်းကြီးသည်လည်း ထိုစဥ်အခါကလူ့အ
ခွင့်အရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြားကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအသင်းကြီးသည် ဒုတိယကမ္ဘာစစ်ကို မတားဆီနိုင်ခဲ့ချေ။
🔥19❤10👍8🤣1🖕1
သွားမရှိ အစွယ်မရှိတော့သည့်ကျားလိုဖြစ်နေ
သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည်ယခုအခါ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အချိန်တန်ပါပြီ။ အထူးသဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွဲ့စည်းပုံနှင့် အဖွဲ့ကြီး၏စည်းမျဉ်းဥပ
ဒေများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်သည်။


နိုင်ငံအနည်းငယ်၏ ဗီတိုအာဏာတစ်ခုတည်းကြောင့်ကမ္ဘာ့ငြိမ်းချမ်းရေးတစ်ခုလုံး ဓားစာခံ
ဖြစ်နေရသည့် လက်ရှိစနစ်ကို မဖျက်သိမ်းနိုင်သမျှ ကာလပတ်လုံး ကုလသမဂ္ဂသည် စက္ကူ
ကျားဘဝမှ လွတ်မြောက်မည် မဟုတ်ပေ။

ကုလသမဂ္ဂအဖွဲ့ကြီး၏ (၈၁)နှစ်မြောက်မွေး
နေ့နှင့်အတူအဖွဲ့၏ ၁၀ ဦးမြောက် အထွေ
ထွေအတွင်းရေးမှူးချုပ် အသစ်လည်း ရှိလာမည်ဖြစ်သည်။ စက္ကူကျားဖြစ်နေသည့် ၊ အ
စွယ်တုံးနေသည့် အဖွဲ့ကြီးကို ဆက်လက်တာဝန်ယူမည့် အထွေထွေအတွင်းရေးမှူးချုပ် အသစ်သည် ကမ္ဘာ့တဝှမ်းရှိ စိန်ခေါ်မှုများ ပြ
ဿနာများက စောင့်ကြိုနေပါသည်။

တဖြည်းဖြည်း ရှုပ်ထွေး ကြီးမားလာသော
ကမ္ဘာ့အရေးအခင်းများ၊ ပြဿနာများကို
မကိုင်တွယ်နိုင်၊ မဖြေရှင်းနိုင်တော့ဘဲ ယခုအတိုင်းသာ ဆက်လက်ပြီး ဘေးမှထိုင်ကာ လက်ပိုက်ကြည့်နေဦးမည်ဆိုလျှင်၊ ကမ္ဘာကြီးအတွက် မည်သို့မျှ အကျိုးမျှ မပြုတော့သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည် မရှိတော့သည်ကပင် ပို၍ တရားမျှတပေလိမ့်မည်။ ။
👍38🔥3❤2👌2🤣1🖕1
👍41😁4❤1🖕1
စစ်​​အုပ်စုရဲ့ CI မလုပ်ရေးကမ်ပိန်းထိုင်းရောက်မြန်မာလုပ်သားအများအပြားပါဝင်

■စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

အောက်တိုဘာ-၁၈၊၂၀၂၆။နေ့သစ်/People's Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်
မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ဒီကနေ့မှာစတင်ပြုလုပ်နေပြီး မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်
သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်
ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄
ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်နေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအ
ပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

"အခုကလုပ်သားတွေဘယ်လောက်ပါလာမလဲဆိုပြီး ကမ်ပိန်းလုပ်နေတာ။ လောလော
ဆယ် သိန်းချီပါလာပြီ။ ဒီနေ့က အလုပ်ပိတ်
ရက်ဆိုတော့ ပိုများလာတယ်။ ဒါထက်မကသေးဘူး။ CI မလုပ်ရေးကို ရှေ့ဆက်လုပ်နိုကင်အောင်ကြိုးစားသွားမယ်"လို့ကိုရဲမင်းက ပြောပါတယ်။

ဒီကနေ့မှာထိုင်းနိုင်ငံအနှံရောက်​နေတဲ့မြန်မာလုပ်သားတွေကCI စာအုပ်မလုပ်ရေး တောင်း
ဆိုထားတဲ့ အချက် (၄)ချက်ပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာအသီးသီးဖော်ပြနေကြတာဖြစ်ပါတယ်။

CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်
ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်
ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု CI လုပ်ရမယ့်အလုပ်သမားတွေဟာ လူ
အဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြု
လုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာ
လုပ်သားဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။

CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရ​ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေလွှဲပို့ထားသူတွေကို CI စာအုပ်ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅
ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အ
ထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးမင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမား
တွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI ထုတ်​ပေးတာ​တွေလုပ်လာတာ ဖြစ်ပါတယ်။

အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်
အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့အလုပ်သမား
အရေးလူပ်ရှားသူတွေကတွက်ပြထားပါတယ်။

စစ်​ကောင်စီကထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်​ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလိုဖြစ်​နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာ​ပြောပါတယ် ။အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ရောက်တယ်လို့လည်းသူက​ထောက်ပြပါတယ်။
👍30❤10👏8🤣2💩1👌1🖕1
ဒါ့အပြင် မြန်မာစစ်​အုပ်စုက CI လုပ်ချင်တာဟာ ထိုင်း​ရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်ရရှိနိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအ​ရေး​ဆောင်ရွက်သူက​ပြောပါတယ် ။ဒါ​ကြောင့် ထိုင်းအစိုးရက စစ်​ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်​ပေးတာဟာ ထိုင်းနိုင်ငံအတွင်းစစ်အုပ်စုကိုဝင်​ရောက်စွက်ဖက် ၊ကျူး​ကျော်ခွင့်​ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ နဲ့ ထိုင်းလွှတ်​တော်အမတ်အချို့က​ဝေဖန်ပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ၁၄ ရက်မှာ ပြန်ဖွင့်သွားမှာဖြစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဒါပေမယ့် ၅ရက်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ကိုရဲမင်းက ပြောပါတယ်။

"မြန်မာလုပ်သားတွေက စောင့်ကြည့်နေကြတယ်။ စခန်းတွေကို မသွားကြသေးဘူး။ ဒါကြီးက အားလုံးညီရင် ရပ်သွားမှာလို့ သူတို့လည်း နားလည်ထားတယ်"လို့ ကိုရဲမင်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်
သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future
မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအ
ရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ​ ​အောက်
တိုဘာလဆန်းမှာသွားရောက်တောင်းဆို
ထားပါတယ်။
👏34❤5👍4🤣2💩1🖕1
🥰19👏12🔥11❤4👍2🖕2🤣1
■ရုပ်ရှင်ခံစားမှု

လေတွေတိုက်နေတယ်
The Wind Rises (၂၀၁၃)

ဝဇီရာ/People's Spring

ဂျီရို ဟိုရီကိုရှီ (Jiro Horikoshi)ဟာ ငယ်ငယ်လေးကတည်းက လေယာဥ်တွေကို သဘော
ကျခဲ့တယ်။ သူက လေယာဥ်မောင်းတာကို ရူးသွပ်ခဲ့သူပါ။ ဒါပေမယ့် သူ့မှာ မျက်စိအားနည်းချက်ရှိတာကြောင့် လေယာဉ်မှူးအိပ်မက် စွန့်လွှတ်လိုက်ရတယ်။

ဒါပေမယ့် ဂျီရိုက လေယာဥ်တွေနဲ့ပတ်သက်တဲ့ဝါသနာကိုတော့ မစွန့်လွှတ်နိုင်ဘူး။ သူက လေယာဉ်တွေလည်း တည်ဆောက်ချင်တာမို့ လေယာဥ်ဒီဇိုင်းဆွဲတဲ့ ပညာရှင် တစ်ဦးဖြစ်
လာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ အိပ်မက်ထဲမှာနာမည်ကြီး အီတလီ လေယာဉ်ဒီဇိုင်နာ ဘာပရိုနီနဲ့ မကြာခဏ ဆုံတွေ့ရပြီး သူ့ရဲ့ လမ်းပြမှု၊ အားပေးမှုတွေက ဂျီရိုကို ရှေ့ဆက်ဖို့ ခွန်အားတွေ ရရှိစေခဲ့တာပါ။

၁၉၂၃ ခုနှစ်မှာ ဂျီရိုတစ်ယောက် တိုကျိုမြို့ကို ရထားနဲ့ အပြန် ရထားပေါ်မှာတင် ငလျင်ကြီးလှုပ်ခတ်တာနဲ့ တိုးတော့တယ်။ အဲဒီငလျင်ကြောင့်ပဲ ဂျီရိုဟာ နာအိုကိုဆိုတဲ့ ကောင်မလေးနဲ့ ဆုံခဲ့ရတယ်။ ဒါ​​ပေမယ့် မီး
လောင်ပြင်ကြီးကြားမှာ သူတို့နှစ်ယောက် ကွဲကွာသွားခဲ့ကြပါတယ်။

​ဂျီရိုဟာ ကျောင်းပြီးလို့ Mitsubishi ကုမ္ပဏီမှာ လေယာဉ်ဒီဇိုင်နာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး၊ ဂျပန်ရဲ့ နောက်ကျနေတဲ့ လေယာဉ်နည်းပညာကို မြှင့်တင်ဖို့ ဂျာမနီနိုင်ငံအထိ သွား
ရောက် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ နည်းပညာ ချို့တဲ့မှုနဲ့ စစ်ပွဲပြင်ဆင်နေ​တဲ့ ခေတ်အခြေအနေကြောင့် သူ့ရဲ့ ပထမဆုံး စမ်းသပ်လေယာဉ် မတော်တဆ ပျက်စီးသွားခဲ့ရပါတယ်။

​စိတ်ဓာတ်ကျနေတဲ့ ဂျီရိုဟာ စိတ်အပန်းဖြေဖို့ ကာရုအိဇာဝ တောင်ပေါ်စခန်းကို သွားရောက်ခဲ့ရာမှာ တိုကျိုငလျင်တုန်းက ကွဲကွာသွားခဲ့တဲ့ နာအိုကို နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ နှစ်ယောက်သား အချစ်မျှခဲ့ကြပြီး စေ့စပ်ခဲ့ကြပေမဲ့ နာအိုကိုမှာ ကုသရခက်ခဲတဲ့ တီဘီရောဂါ စွဲကပ်နေခဲ့ပါတယ်။

ဂျီရိုဟာ ဂျပန်ရေတပ်အတွက် စစ်လေယာဉ်အသစ် ဒီဇိုင်းဆွဲရမယ့် တာဝန်ကြီးကို လက်ခံလိုက်ရချိန်မှာ၊ နာအိုကိုရဲ့ ရောဂါကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နာအိုကိုဟာ သူမရဲ့ နောက်ဆုံးအချိန်တွေကို ဂျီရိုနဲ့အတူ ကုန်လွန်ချင်တာကြောင့် ဆေးရုံကနေ ထွက်လာခဲ့ပြီး၊ သူတို့နှစ်ယောက် ရိုးရှင်းစွာ လက်ထပ်လိုက်ကြပါတယ်။

​ဂျီရိုနဲ့ နာအိုကိုတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လှပလွန်းပါတယ်။ နာအိုကိုရဲ့ တီဘီရောဂါကြောင့် သူတို့အချိန် သိပ်အများကြီး မကျန်တော့မှန်း သိလျက်နဲ့ လက်ထပ်ခဲ့ကြတာ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အ
ကြည့်တွေနဲ့ စက္ကူလေယာဉ်ပျံလေး ပစ်ဆော့ခဲ့ကြတဲ့ အခိုက်အတန့်တွေဟာ ရင်ထဲမှာ နွေးထွေးမှုရော၊ ဆို့နင့်မှုပါ အပြည့်ပေးပါတယ်။ စစ်ပွဲရယ်၊ ရောဂါရယ်ကြားထဲမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း နွေးထွေးလွန်းလှပါတယ်။

​ဂျီရိုဟာ နာအိုကိုရဲ့ လက်ကို လက်တဖက်က ဆုပ်ကိုင်ထားရင်း တစ်ဖက်ကနေ လေယာဉ်ဒီဇိုင်းတွေကို အိပ်ရေးပျက်ခံ ရေးဆွဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျပန်စစ်တပ်ရဲ့ သမိုင်းဝင် လေယာဉ်ဖြစ်လာမယ့် Mitsubishi A6M Zero လေယာဉ်ကို အောင်မြင်စွာ ဒီဇိုင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ဇနီးသည်လေးဟာ ရောဂါအခြေအနေ ပိုဆိုးလာတဲ့အခါမှာတော့...။

တကယ်တော့ ဂျီရိုရဲ့ ငယ်စဉ်ကတည်းက စိတ်ကူးအိပ်မက်ဟာ ကောင်းကင်မှာ လှပစွာ ပျံသန်းနိုင်တဲ့ လေယာဉ်ပျံတွေ ဖန်တီးဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖန်တီးမှုကို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်ရဲ့ ဘဏ္ဍာငွေနဲ့ စစ်ပွဲအပေါ် မှီခိုနေရတာကို သိနေရတဲ့အခါ သူ့စိတ်ထဲမှာ မဖြစ်သာဘဲ လက်ခံထားရတဲ့ ဝမ်းနည်းမှုတွေ ရှိနေခဲ့တာပေါ့။

ဇာတ်ကားထဲက သူ့ရဲ့ လမ်းပြဆရာကြီး Caproni နဲ့ အိပ်မက်ထဲမှာ တွေ့တိုင်း လေယာဉ်တွေရဲ့ အလှတရားအကြောင်းကိုပဲ ပြောဆိုခဲ့ကြပါတယ်။ Caproni က "လေယာဉ်ဆိုတာ စစ်ပွဲအတွက် မဟုတ်ဘူး၊ စီးပွားရေးအတွက်လည်း မဟုတ်ဘူး။ လှပတဲ့ အိပ်မက်တစ်ခုပဲ" လို့ ပြောတဲ့အခါ ဂျီရိုက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်အတွက် လေယာဉ်ဒီဇိုင်းဆွဲပေးနေရတာကြောင့် သူစိတ်မသက်မသာတော့ ဖြစ်မိတယ်။

ဂျီရိုဟာ သူဖန်တီးခဲ့တဲ့ Zero Fighter လေ
ယာဉ်တွေ ကောင်းကင်ထက်ဆီ ပျံသန်းသွားတာကို ငေးကြည့်ရင်း အိပ်မက်ထဲမှာ Caproni နဲ့ ပြန်တွေ့ပါတယ်။ အဲဒီမှာ ဂျီရိုက "အဲဒီ လေယာဉ်တွေထဲက တစ်စီးမှ ပြန်မလာနိုင်ခဲ့ကြဘူး..."တဲ့။ သူ့ရဲ့ ဖန်တီးမှု လေယာဉ်အလှလေးတွေဟာ စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ရတာကိုး။ ဂျီရိုဟာ သူချစ်တဲ့ အနုပညာဟာ ကမ္ဘာကြီးရဲ့ အမှောင်ထုကြောင့် ဖျက်ဆီးရေး လက်နက် ဖြစ်သွားရတဲ့အပေါ် စိတ်တော့ထိခိုက်သွားခဲ့ရတယ်။

တကယ်လို့ ဂျီရိုသာ ကျနော်တို့ မြန်မာပြည်ကအခြေအနေကိုမြင်ရင် ပိုပြီးစိတ်ထိခိုက်မိသွားမလားပဲ။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ငွေတွေနဲ့ ပြည်သူတွေကိုပဲ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဥ်ရက်ဆက် ရက်
ရက်စက်စက် သတ်ဖြတ်နေတာ မြင်ရရင် ဂျီရိုဘာများပြောလေမလဲ။

တချိန်က ကျေးလက်က ကလေးတွေဟာ ဂျီရိုငယ်ငယ်ကလိုပဲ ​လေယာဥ်ပျံကြီးတွေမြင်ရင် ထွက်ကြည့်ကြတာ။ လက်ကလေးတွေဝှေ့ယမ်းပြီး တာ့တာပြကြတာ။ အခုတော့ ဘယ်ဟုတ်မလဲ။ လေယာဥ်လာပြီဆိုတဲ့ လေယာဥ်သံကြားပြီဆိုတာနဲ့ ကလေးတွေခမျာ ပြေးပုန်းကြတော့တာ။ စစ်ဘေးသင့်ဒေသတွေကနေ မြို့ပေါ်တိမ်းရှောင်လာတဲ့မိသားစုတွေထဲက ကလေးလေးတွေဆိုရင် လေယာဥ်သံကြားရင် မြို့ပေါ်မှာကို
❤19👍8🤮1🕊1🖕1
ပုန်းစရာနေရာ ရှာကြသတဲ့။ ငယ်ငယ်နုနုအရွယ်မှာတင် စိတ်ဒဏ်ရာတွေ ရသွားခဲ့ကြတာပါပဲ။

ဇာတ်ကားထဲမှာ ၂ ကြိမ်တိုင် သုံးသွားခဲ့တဲ့ စကားလေးတစ်ခွန်းရှိတယ်။ ပေါလ် ဗာလေရီ ဆိုတဲ့ ပြင်သစ် ကဗျာဆရာကြီးရဲ့ စကားလုံးလေးပါ။ "လေတွေတိုက်နေပြီ။ အသက်ရှင်အောင် ကြိုးစားရမယ်"တဲ့။

ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ လှပနေမှာတော့ မဟုတ်ပါဘူး။ မုန်တိုင်းတွေ၊ ဆုံးရှုံးမှုတွေ၊ အသည်းကွဲစရာတွေ သေချာပေါက် ရောက်လာမှာပါ။ ဒါပေမဲ့ အဲဒီ အမှောင်ထုကြားထဲမှာတင်ပဲ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဖန်တီးရမယ်၊ စစ်မှန်စွာ ချစ်ရမယ်၊ ဘဝကို အဆုံးထိ ရဲရဲဝံ့ဝံ့ ဆက်လက် ရှင်သန်ရမှာ အသေအချာပါပဲ။ ။
👍28❤5🤮1🕊1🖕1
👍29❤10🥰2🤮1🖕1
မယ်တော်ဆေးခန်းထူထောင်သူဒေါက်တာ စင်သီယာမောင်ကိုဘီလ်ဂိတ်စ်ချီးကျူး

​အောက်တိုဘာ-၁၈၊၂၀၂၆။People's Spring

ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိ
အမှတ်ပြု ချီးကျူးခဲ့ပါတယ်။

ဂိတ်စ်ရဲ့ Facebook စာမျက်နှာမှာ ဒေါက်တာ စင်သီယာမောင်က အကူအညီ လိုအပ်နေသူတွေကိုနှစ်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ အား
သွန်ခွန်စိုက် ကူညီ စောင့်ရှောက်ပေးနေတာကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး မဲဆောက်ကို ရောက်ရှိလာပြီး မြေသားပေါ် ခနော်နီ ခနော်နဲ့ တည်ဆောက်ထားတဲ့မယ်တော်ဆေးခန်းလေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သူ့ရဲ့ ဆေးခန်းဟာ နယ်စပ်က ဒုက္ခသည်တွေ၊ စစ်ရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သား မိသားစုတွေနဲ့ တခြားအကူအညီ လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေ အားအကိုးရဆုံးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရင်း
မြစ်တစ်ခု ဖြစ်လာပါတယ်။

ဂိတ်စ်ဟာ နိုင်ငံတကာက လူသားအကျိုးပြု ကြိုးစား အားထုတ်မှုတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတွေကို အသိအမှတ်ပြု ချီးကျူးတဲ့ သူ့ရဲ့ Heroes in the Fieldဆိုတဲ့ အစီအစဉ်အတွက်ဒေါက်တာစင်သီယာမောင် အကြောင်းကိုပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့မယ်တော်ဆေး
ခန်းကသာမကဘဲသူကူညီထူထောင်ပေးထားတဲ့ရွေ့လျားဆေးကုသရေးအဖွဲ့တွေကလည်း စစ်ရေးပဋိပက္ခ နယ်မြေတွေ၊ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ ဝမ်းပျက်ဝမ်းလျှော တိုက်ဖျက်ရေးနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှုတွေထောက်ပံ့ရေးလှည့်လည်သွားလာနေတဲ့ အကြောင်းကိုလည်း ဂိတ်စ်ရဲ့ ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင်ရဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ နိုင်ငံတကာ ထိပ်တန်း ကျန်းမာရေး အဖွဲ့အစည်းကြီးတွေနဲ့ ကာလရှည်ကြာ ချိတ်ဆက် ပူးပေါင်းမှုတွေ ရှိခဲ့ပါတယ်။ဂိတ်စ်ရဲ့ဘီလ်နှင့် မယ်လင်ဒါဂိတ်စ်လူဦးရေနှင့်မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးဌာန (The Bill & Melinda Gates Institute for Population and Reproductive Health)ဟာ ဒေါက်တာစင်သီယာမောင်ရဲ့"ရွေ့လျားသားဖွားနှင့် မိခင်ကျန်း
မာရေး စောင့်ရှောက်သူများ စီမံကိန်း"အ
တွက်လည်း ရန်ပုံငွေ ထောက်ပံ့ကူညီပေးထားပါတယ်။
🥰43❤23💔4👍2👏1🤮1💩1🤣1🖕1
ဒေါက်တာစင်သီယာ​မောင်အ​ကြောင်းချီး
ကျူး​ပြောကြား​နေတဲ့ ဘိလ်ဂိတ်စ်။
ဓါတ်ပုံ-Bill Gates's FB screen grab
❤80👍12🥰7👎5🤮3👏2🤣1🖕1