People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍27😁2😢2🖕1
အင်းတော်မှ ဝန်းသို နဲ့ ထီးချိုင့်ထိုးတဲ့စစ် ကြောင်း​တွေ​ကို​တော်လှန်​ရေးတပ်​တွေတိုက်
ခိုက်

အောက်တိုဘာ-၁၇၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်
ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ကတည်းက အင်းတော်ကနေ အင်းအား ခန့်မှန်း ၂၀၀ မှ ၃၀၀ ကြားရှိစစ်​ကြောင်းနှစ်​ကြောင်းဟာ ထီးချိုင့်မြို့နယ်ဘက်ကိုစစ်ကြောင်းတစ်​ကြောင်း ၊ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်​ကြောင်း ထွက်ခဲ့ပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေထိုးတာ​ကြောင့်​ဒေသခံပြည်သူ​တွေဟာ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဝန်းသိုမြို့ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်
ကြောင်းဟာ မဲဇာ၊တပ်လွင်၊ ကျောက်တော
ရွာ၊ထန်တပင်တို့မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိမှာ နမ့်ခမ်းရွာထဲရောက်နေတယ်လို့
စုံစမ်းသိရပါတယ်။

"အခု နမ့်ခမ်းကနေတော့ဘယ်မှမထွက် သေးဘူး။နမ့်ခမ်းရွာထဲမှာလည်းထိတွေ့မှု ဖြစ်တယ်။ည ၉နာရီ ကျော်အထိ လက်နက်ကြီးသံကြား နေရတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ထီးချိုင့်မြို့ဘက်ကို ထွက်တဲ့စစ်ကြောင်းလည်း ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ၊မအူကုန်းနဲ့ လယ်ပြင်အထိ စစ်ကြောင်း တွေရောက်လာပြီးမှ အထိနာတဲ့အတွက် ကာပိန်းအင်းရွာထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

"လယ်ပြင်ကနေ ရှေ့ဆက်တိုးမရတော့သူတို့ နောက်ဆုတ်သွားတယ်။ပိန်းအင်းဘက်ကို အခုရောက် နေတယ်။တဖြည်းဖြည်းပိန်းအင်းကိုပြန်ဆုတ်တာပေါ့။လေယာဉ်ကလည်း ခဏခဏကို အကြီးအကျယ်ကြဲ နေတာပဲအခုက တော့"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က အင်းတော်ကနေတပ်မ (၃၃) လက်​အောက်ခံစစ်ကြောင်းတွေထွက်ကာ စစ်ကိုင်း- ကချင်ပြည်နယ်စပ်လမ်းတွေကို နယ်မြေစိုးမိုး ဖို့ကြိုးစား နေတာဖြစ်ပါတယ်။ ဒါ​ပေမယ့်တော်လှန် ရေးတပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကို ဆက်တိုက် ခံနေရတာဖြစ်ပါတယ်။
👍33❤9👎1👏1😁1🖕1
(PDF အထူးတိုက်ခိုက်​ရေးတပ်ဖွဲ့ဝင်​တွေ။
ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ
👍36❤16🥰4🤮2🖕1
လတ်တလော အငြင်းပွားမှုတွေနဲ့ အခန်းရရှိဖို့ မရေမရာ ဖြစ်နေတဲ့ကွန်ဒိုတွေကို တည်
ဆောက်နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ခံအချက်
အလက်တွေအရ Central နဲ့ The Park Project က လုပ်ငန်းစုအတူတူပဲ ဖြစ်ပါတယ်။

လက်ရှိ The Central ကိုတည်ဆောက်နေတဲ့ Marga Groupဟာရွှေတိဂုံဘုရားနားက စစ်
ထောက်ချုပ်ရုံးပိုင်မြေနေရာမှာDagon City 1 စီမံကိန်းကိုလုပ်ဖို့၂၀၁၄ခုနှစ်တုန်းကစီစဉ်ခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းကMarga Groupနဲ့အတူရွှေတောင်၊ သုခရတနာ နဲ့ Adventure Myanmar စတဲ့ ကုမ္ပဏီတွေက Dagon City 1 စီမံကိန်းလုပ်ကိုင်ခွင့်ရထားတာပါ။

သမိုင်းဝင် အမွေအနှစ်တွေထိခိုက်မှုကြောင့်ပြည်သူတွေနဲ့ သံဃာတော်တွေ ပြင်းပြင်းထန်
ထန် ကန့်ကွက်ခဲ့လို့ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။

ဒါပေမယ့်အစားထိုးမြေနေရာအတွက် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က (မူလက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင်) မြေနေရာကို ဦးသိန်းစိန်အစိုးရလက်ထက်က ပေးခဲ့တာဖြစ်ပါတယ်။

ပေးခဲ့တဲ့နောက်ကွယ်မှာဟောင်ကောင်အိမ်ခြံမြေကျွမ်းကျင်သူစတီဖင် နဲ့ တရုတ်နိုင်ငံ
သားဒါရိုက်တာအဖွဲ့၀င်တချို့ပါတဲ့ Marga Group ကတည်ဆောက်ရေးကိုတာ၀န်ယူပြီးမြေနေရာငှားရမ်းမှုကိုသုခရတနာကုမ္ပဏီကတာ၀န်ယူခဲ့တာလို့ ကနဦးသတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

သုခရတနာကုမ္ပဏီကိုမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နဲ့ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်း ပိုင်ဆိုင်ပြီး Flying Tiger Engineeringလုပ်ငန်းခွဲလည်းရှိပါသေးတယ်။

အခုလက်ရှိစစ်ကောင်စီရဲ့အားကစားနဲ့ လူ
ငယ်ရေးရာဝန်ကြီးဌာန အောက်မှာတရားဝင်ပူးပေါင်းဆောင်ရွက်နေတဲ့ ဦးသောင်းထိုက်မင်းဟာ စစ်တပ်အရာရှိဟောင်း မဟုတ်ပေမယ့် စစ်တပ်၊ စစ်တပ်ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာကြောင့် အခွင့်အလမ်းကြီး မားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရနေတာလို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ်။

ဒါကြောင့်လည်းနိုင်ငံတော်ပိုင် အဖိုးတန်မြေနေရာကို တင်ဒါစနစ် (Tender) ခေါ်ယူခြင်းမရှိဘဲ၊ ပွင့်လင်းမြင်သာမှုအားနည်းစွာနဲ့ အစားထိုးလဲလှယ်ပေးခဲ့ရမှုကို ၂၀၁၆ ခုနှစ် လွှတ်တော်မှာဆွေးနွေးခဲ့ဖူးပါတယ်။

မူလက The Central စီမံကိန်းမြေနေရာအ
တွက် Marga Landmark က မြေ ၁၇ ဒသမ ၇ ဧက ရခဲ့တာဖြစ်ပေမယ့်မြေ ၉ ဧက ကို NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်ယူခဲ့ပါတယ်။

အလုံမြို့နယ်က Green Urban Ventures Develop mentကုမ္ပဏီတည်ဆောက်မယ့် The Park Project ဟာလည်းသူတို့ရဲ့အစိပ်အပိုင်းဖြစ်တယ်လို့ Marga Group က ကြေ
ညာထားပါတယ်။

Emerald Bay ကွန်ဒိုစီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း ပိုင်တဲ့ တက်လမ်းကုမ္ပဏီ နဲ့ စင်ကာပူအခြေစိုက်Golden Paragonတို့ပူးပေါင်းတည်ဆောက်နေတာပါ။

အခုလက်ရှိ အငြင်းပွားမှုတွေရှိနေတဲ့ ကွန်ဒိုစီမံကိန်း တွေကို ရောင်းချသူဘက်က နေ့စဉ်နဲ့အမျှ ဖုန်းဆက်ပြီး အခန်းတွေလျှော့ဈေးပေးနေတာ၊လစဉ်အရစ်ကျ ပဲ ငွေပေးသွင်းရမှာ နဲ့ ပြည်တွင်းကစိုင်းစိုင်းခမ်းလှိုင်လိုနာမည်ကျော်အနုပညာရှင်တွေကိုခေါ်ယူပြီးစီမံကိန်းက ဘယ်လောက်ခိုင်မာတယ်ဆိုတဲ့ မက်လုံးတွေနဲ့ သိမ်းသွင်းခံခဲ့ကြရတာလို့ ၀ယ်ယူခဲ့သူတွေက ရင်ဖွင့်ကြပါတယ်။

“ကွန်ဒိုကအခန်းတွေ ဈေးလျော့ထားတယ်ဆိုပြီးပြောတယ်။တခါလည်း မဟုတ်ဘူး။သုံးလေးခါလောက်ရှိတယ်။ဒီခေတ်ဒီအခါနဲ့ ဘာကွန်ဒိုမှ မ၀ယ်နိုင်သေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်”လို့ The Central အရောင်းဌာနကနေ အခုနှစ်စက်တင်ဘာလမှာ ဖုန်းဆက်သွယ်ခဲ့တာတွေ ကို မြောက်ဒဂုံမြိုနယ်နေ ဒေါ်သန္တာက ပြောပြပါတယ်။

ပိုးဆိုးတာကရောင်းချတဲ့ကွန်ဒိုချင်းတူပါလျက်နဲ့ အခန်းရမယ့်သတ်မှတ်ရက်တွေ ကွာခြားနေတဲ့အပြင်အဆောက်အဦးဆောက်လုပ်ဖို့ ပျက်ကွက်မှုအပေါ် တွေ့ဆုံမေးမြန်းတဲ့အခါ တစ်ယောက်တည်းသာလာဖို့ နဲ့ မှတ်တမ်းမတင်ဖို့ အထိ ကုမ္ပဏီ‌တွေဘက်က သတ်မှတ်ချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“သွားတွေ့လို့ ဆက်ဆံပြောဆိုတဲ့အခါတိုင်းလည်း စရံစချတုန်းကလိုမဟုတ်တော့ဘူး။ နင်တို့ကလက်မှတ်ထိုးထားပြီးပြီ။အန်တီ လက်မှတ်ထိုးလိုက်တာအပြစ် ဖြစ်သွားတာလား။မိုက်ရိုင်းစော်ကားပြီးတော့အထက်စီးကကို ဆက်ဆံတယ်”လို့ ဒေါ်နီလာအေးကသူရဲ့ အဖြစ် အပျက်ကို ရင်ဖွင့်ပါတယ်။

အဓိကပြဿနာက ကွန်ဒိုအခန်းအပ်နှံဖို့ ပျက်ကွက်မှု ဖြစ်ပြီး ဘယ်‌နေ့မှာ အပြီးသတ် လက်ရောက်အပ်နှံမယ်ဆိုတာ ၀ယ်ယူသူတွေဘက်ကတိကျစွာသိလိုနေတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ကွန်ဒိုကုမ္ပဏီတွေရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကလည်း အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုကိုအပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပြီး စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ ၀ယ်ယူထားသူတွေအတွက် တိကျမှုမရှိတဲ့ အချက်အ
လက်တွေသာ တွေ့ရပါတယ်။

“နေ့တိုင်း မျက်နှာကို ဖျက်ရိုက်နေသလို ခံစားရတယ်” လို့ ကိုထွန်းထွန်းက လက်ရှိသူ့ခံစားချက်ကို ပြောပြပါတယ်။


https://www.ludunwayoo.com/feature-mm/2026/10/12/170611/
👍40❤14🤣4🔥3
■​ဆောင်းပါး

မြေရှား I Rare Earth Watch

မြန်မာ့မြေရှားသတ္တုများနှင့်
စတီးဝဲလ်လမ်းမကြီး၏ ပထဝီနိုင်ငံရေး

- မဲခေါင် ရေးသားသည်။

တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်အ
ဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်း
ထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်မြေပြင်ဖြစ်
နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။

ဒီဖြစ်စဉ်နောက်ကွယ်က ပထဝီနိုင်ငံရေး၊ သ
ယံဇာတနဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အပြောင်းအလဲများကို Geopolitical Monitor တွင် Augustine R K ရေးသားတဲ့ဆောင်းပါးကအသေးစိတ်လေ့လာသုံးသပ်ထားပါတယ်။အဆိုပါဆောင်းပါးမှာကမ္ဘာ့မြေရှား ထောက်ပံ့ရေး ကွင်းဆက်၊ ကချင်ပြည်နယ်ရှိ သယံဇာ
တရင်းမြစ်များရဲ့မဟာဗျူဟာမြောက် အရေး
ပါမှုနဲ့ စတီးဝဲလ်လမ်းမကြီး ပြန်လည်အာရုံ
စိုက်ခံလာရမှုတို့ကို အဓိကထား ဖော်ပြထားပါတယ်။

ဒီလိုအရေးပါလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်မှာ လျစ်လျူရှုလို့မရတဲ့ ရင်း
မြစ်တစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်ပါတယ်။

အိန္ဒိယ၊ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ ဒီအရေးပါတဲ့ သတ္တုများရရှိရန်အတွက် ရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချကာ ထောက်ပံ့ရေးလမ်းကြောင်းအ
သစ်များ ရှာဖွေနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ကဏ္ဍဟာ နိုင်ငံတကာရဲ့ စိတ်
ဝင်စားမှု ပိုမိုရရှိ လာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတွေ လိုအပ်နေတဲ့ မြေရှားသတ္တု ရင်းမြစ်တွေ ရှိနေပါတယ်။ အထူး
သဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium )တို့လို လေးလံတဲ့ တန်ဘိုးကြီး မြေရှား ဒြပ်စင်တွေ (Heavy Rare Earth Elements - HREE) ပါဝင်နေတာပါ။

ဒါပေမဲ့ ပြဿနာတစ်ခုက ဒီရင်းမြစ် အများအပြားဟာလက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်
မြေထိန်းချုပ်မှု ပြိုင်ဆိုင်မှုတွေရှိနေတဲ့ မြန်
မာနိုင်ငံမြောက်ပိုင်းမှာ တည်ရှိနေပါတယ်။ အခြေခံအဆောက်အအုံ အားနည်းမှု၊ လုံခြုံ
ရေးမတည်ငြိမ်မှုနဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေး အခက်အခဲတွေကြောင့် ဒီသယံဇာတတွေကို ယုံကြည်စိတ်ချရတဲ့ အခြားအဓိက ရင်းမြစ်တစ်ခုအဖြစ် အလွယ်
တကူ ပြောင်းလဲ ထုတ်လုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။

ဒီလေးလံသောမြေရှားဒြပ်စင်များ ထုတ်လုပ်
မှုအများစုဟာ ကချင်လွတ်လပ်ရေးတပ်မ
တော် (KIA) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အ
စည်း(KIO)တို့ အဓိက စိုးမိုးထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်မှာ စုစည်း တည်ရှိနေပြီး ဒီဒေသဟာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရဲ့ လီဒို (Ledo) မြို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ကွမ်းမင်း (Kunming) မြို့ကို ဆက်သွယ်ထားတဲ့ "လီဒိုလမ်းမကြီး" လို့လည်း လူသိများတဲ့ သမိုင်းဝင် "စတီးဝဲလ်လမ်းမကြီး" နဲ့ နီးနီးနားနားမှာ ရှိပါတယ်။

ဒီလမ်းမကြီးဟာ စစ်ရေးသမိုင်းနဲ့သာ ဆက်
နွယ်နေတဲ့ လမ်းကြောင်းတစ်ခု မဟုတ်တော့ဘဲ၊ယနေ့မှာတော့မဟာဗျူဟာမြောက် အရေးပါလာတဲ့ မြေရှားဒြပ်စင်များကြောင့် ပထဝီနိုင်ငံရေးအရ ပြန်လည်အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ တန်ဖိုးမြင့် မြေရှားသတ္တုအမျိုးအစားဖြစ်တဲ့ ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium) တို့ဟာ လျှပ်စစ်မော်တာတွေ၊ အဆင့်မြင့် အီ
လက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကာကွယ်ရေးနည်းပညာနဲ့ စစ်လက်နက်တွေထုတ်လုပ်ရာမှ မရှိမဖြစ် လိုအပ်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnets) တွေရဲ့ စွမ်းဆောင်ရည်နဲ့ အပူခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့်မဟာဗျူဟာမြောက်အရေးပါပြီးဝယ်
လိုအားမြင့်မားတဲ့သတ္တုတွေဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်တွေဟာ ရှားပါးသတ္တု ထွက်ရှိမှုတင်မကဘဲ အခြားနည်းလမ်းနဲ့ အစားထိုးဖို့ ခက်ခဲတဲ့ မဟာဗျူဟာမြောက် ဒြပ်စင်တွေ ပါဝင်နေတာကြောင့် ကမ္ဘာ့အရေးပါသတ္တု ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးကြီးတဲ့ရင်းမြစ်တစ်ခုအဖြစ်သတ်မှတ်ခံလာရတာ ဖြစ်ပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့
(USGS)ရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့မြေရှားသတ္တုထွက်ပစ္စည်း ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၁ ရာခိုင်နှုန်းကို ပံ့ပိုးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ မြေရှားပါးသတ္တုအောက်ဆိုဒ်(Rare Earth Oxides-REO) တန်ချိန် ၂၂,၀၀၀ နီးပါးထုတ်လုပ်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အရေးပါတဲ့ ထုတ်လုပ်သူတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။

ဒါပေမဲ့ ထုတ်လုပ်နိုင်မှုက ဒီဖြစ်စဉ်ရဲ့ အစိတ်
အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက စိန်ခေါ်မှုကတော့ မြေရှားထွက်ပစ္စည်းတွေကို တူးဖော်ထုတ်ယူနိုင်ပေမဲ့ အဲဒီကုန်
👍25❤10🤮2🍌2🖕1
ကြမ်းတွေကို တန်ဖိုးမြင့် စက်မှုထုတ်ကုန်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ သန့်စင်ခြင်းနည်းပညာ၊ ပြုပြင်ထုတ်လုပ်ရေး စက်ရုံတွေနဲ့ စက်မှုစွမ်းရည်တွေ မလုံလောက်သေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြေရှားသတ္တုထွက် ပစ္စည်းတွေရဲ့ မဟာဗျူဟာမြောက် တန်ဖိုးအများစုကို မြန်မာနိုင်ငံပြင်ပမှာပဲ ဖန်တီးနေကြရပါတယ်။

ဒီအခြေအနေမှာတရုတ်နိုင်ငံဟာအဓိကနေရာမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ မရှိတဲ့ပြုပြင်သန့်စင်မှုစွမ်းရည်အမြောက်
အမြား ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်အပေါ် မှီခိုနေရမှုကို ကုန်သွယ်ရေး အချက်
အလက်တွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ S&P Global ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ မြေရှားထွက် သွင်းကုန် စုစုပေါင်းရဲ့ ၅၂ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံက တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ပြုပြင်သန့်စင်မှု ကွန်ရက်အတွက် လေးလံတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေကို ပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ အဓိကရေ
သောက်မြစ် တင်ပို့သူ ဖြစ်လာတယ်ဆိုတာကို ပြသနေတာပါ။နိုင်ငံတကာစွမ်းအင်အေဂျင်စီ
(IEA) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့သံလိုက် မြေရှား ပြု
ပြင်သန့်စင်မှု ထုတ်လုပ်မှုရဲ့ ၉၁ ရာခိုင်နှုန်းနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုရဲ့ ၉၄ ရာ
ခိုင်နှုန်းအထိ စုပြုံစိုးမိုးထားပါတယ်။

အိန္ဒိယနိုင်ငံဟာလည်း ဒီဈေးကွက်အတွင်းက သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲဖို့ ကြိုး
စား နေပါတယ်။ နယူးဒေလီဟာ အရေးပါတဲ့ သတ္တုရင်းမြစ်တွေကို ထုတ်လုပ်မှု၊ စွမ်းအင်၊ ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးတို့အတွက် အရေးကြီးကြောင်း သတ်မှတ်ထားသလို ပြည်တွင်း မြေရှားသတ္တု ပြုပြင်သန့်စင်မှုနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုကိုလည်း တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယအစိုးရဟာ နှစ်စဉ် 'မြေရှားထွက် အမြဲတမ်းသံလိုက် မက်ထရစ်တန် ၆,၀၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံတွေ တည်ထောင်ဖို့အတွက် ရူပီး ၇,၂၈၀ ကုဋေ (အမေရိကန်ဒေါ်လာ ၇၆၀ သန်းခန့်) ရှိတဲ့ စီမံကိန်းကို အတည်ပြုခဲ့ပါတယ်'။ ဒါပေမဲ့ စက်ရုံတွေ ဆောက်ရုံနဲ့ ကုန်
ကြမ်း ဘယ်ကရမလဲဆိုတဲ့ ပြဿနာကတော့ မပြေလည်သေးပါဘူး။ အိန္ဒိယအနေနဲ့ သူတို့နယ်စပ် အပြင်ဘက်ကနေ စိတ်ချရတဲ့ ရင်း
မြစ်တွေကို လိုအပ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယလိုအပ်တဲ့ မြေရှားသတ္တုတွေ ရှိနေတာကြောင့် နယူးဒေလီအနေနဲ့ လျစ်လျူရှုထားဖို့ ခက်ခဲလှပါတယ်။

ဝါရှင်တန်အနေနဲ့လည်းအရေးပါတဲ့ သတ္တုရင်းမြစ်များ ရရှိနိုင်မှုကို တစ်နိုင်ငံတည်း သို့မဟုတ် ရင်းမြစ်တစ်ခုတည်းအပေါ် မှီခိုမနေစေရန် ပြောင်းလဲဖို့၊ ထောက်ပံ့ရေးကွင်း
ဆက်ရဲ့ ခိုင်မာမှုကို မြှင့်တင်ဖို့နဲ့ အခြားနိုင်ငံတွေရဲ့ ပြုပြင်သန့်စင်မှုစွမ်းရည်နဲ့ ထောက်ပံ့ရေးကွန်ရက်တွေအပေါ် မှီခိုနေရမှုကို လျှော့
ချဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် သမ္မတရဲ့ ပြုပြင်ပြီး အရေးပါသတ္တုများဆိုင်ရာ ကြေညာချက်မှာ အမေရိကန်ဟာ အရေးပါတဲ့ သတ္တုထောက်ပံ့မှုတွေအတွက် ပြည်ပ ရင်းမြစ်တွေအပေါ် အလွန်
အမင်း မှီခိုနေရပြီး ပြည်တွင်းမှာ လိုအပ်တဲ့ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စွမ်းရည်တွေ မလုံလောက်သေးကြောင်းဖော်ပြထားပါတယ်။ ထို့အပြင် ထောက်ပံ့ရေးကွင်းဆက် တွေကို ပိုမိုစုံလင်ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လိုအပ်ကြောင်းလည်း အလေးပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့မြေရှားထွက်ပစ္စည်းတွေအ
ပေါ် အမေရိကန်ရဲ့ စိတ်ဝင်စားမှုဟာ စာတွေ့သက်သက် မဟုတ်တော့ပါဘူး။မြန်မာ့လေး
လံသော မြေရှားသတ္တုထွက်ပစ္စည်းများကို ရရှိရေးနဲ့ တရုတ်အပေါ် မှီခိုမှုကို လျှော့ချရေးအတွက် ထရန့်အစိုးရအဖွဲ့ထံ ပြိုင်ဆိုင်မှုရှိတဲ့ အဆိုပြုချက်တွေ တင်သွင်းခဲ့ ကြပါတယ်။ အဆိုပြုချက်တွေမှာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံရေး၊ လက်နက်ကိုင် KIA နဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပါဝင်နိုင်ခြေ၊ KIA နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးနဲ့ မြန်မာ့မြေရှားထွက် ပစ္စည်းတွေကို ပြုပြင်သန့်စင်ဖို့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါဝင်ခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်တို့အတွက် ဒါဟာ အ
ခြားအစားထိုး ရင်းမြစ်တွေနဲ့ သယ်ယူပို့
ဆောင်ရေး လမ်းကြောင်းတွေကို ရှာဖွေရာမှာ ဘုံအကျိုးစီးပွားတစ်ခု ဖြစ်လာစေပါတယ်။ "ဒီနိုင်ငံနှစ်ခုဟာ၂၀၂၆ ခုနှစ်မေလမှာ "မဟာ
ဗျူဟာမြောက် အရေးပါသတ္တုများ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်" ကို လက်မှတ်ရေး
ထိုးခဲ့ကြပြီး ဒီကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။"

မြန်မာနိုင်ငံဟာ ရင်းမြစ်တွေရော တည်နေရာအရပါ ဒီကြိုးပမ်းမှုနဲ့ သက်ဆိုင်နေပါတယ်။ ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဟာလည်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ ရှိနေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဟာ တရုတ်စိုးမိုးထားတဲ့ ထောက်ပံ့ရေး ကွင်း
ဆက်တွေကို အစားထိုးဖို့ ရှာဖွေနေတဲ့ ဈေး
ကွက်နှစ်ခုကြားက ဖြစ်နိုင်ခြေရှိတဲ့ လင့်ခ်တစ်ခု ဖြစ်လာစေပါတယ်။
👍25❤4❤‍🔥2🤮1🖕1
ဒါပေမဲ့ ရင်းမြစ်တွေကို ရရှိဖို့ဆိုတာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ သတ္တုတွေကို မိုင်းတွင်းတွေကနေ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စက်ရုံတွေဆီ ရွှေ့
ပြောင်းပေးနိုင်ဖို့ လည်း လိုအပ်နေပါသေးတယ်။ ဒီအခြေအနေမှာ သယံဇာတတွေကို ထုတ်လုပ်မှုကွင်းဆက်များနဲ့ ချိတ်ဆက်ပေးမည့် မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေရဲ့ အရေးပါမှု ပိုမိုမြင့်တက်လာပြီး စတီးဝဲလ်လမ်းမကြီးဟာလည်း ဆွေးနွေးမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်
လာခဲ့ပါတယ်။

ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းကြား မြေရှားထွက်ပစ္စည်းတွေ အတွက် အစားထိုး သယ်ယူပို့
ဆောင်ရေး လမ်းတစ်ခုအဖြစ် ဖန်တီးပေးနိုင်ပြီး အိန္ဒိယပြည်မကြီးက ပြုပြင်သန့်စင်ရေး စက်ရုံတွေဆီ ဆက်လက်ပို့ဆောင်နိုင်မယ့် အလားအလာရှိပါတယ်။

သို့သော်လည်း ဒီလမ်းဟာ အာရှရဲ့ ပဋိပက္ခအများဆုံး နယ်စပ်ဒေသတွေကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ နိုင်ငံတကာနယ်နိမိတ်တွေဟာ သမိုင်း
ကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံရေးရပ်တည်ချက်များအတွက် တောင်းဆိုလာကြတဲ့ တိုင်းရင်းသား နယ်မြေများ၊ လက်နက်
ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားရာဒေသတွေ ဖြတ်သန်းနေပါတယ်။

ကချင်ပြည်နယ်ဟာ ဒီလို ရှုပ်ထွေးတဲ့ အခြေ
အနေကို ထင်ရှားစွာ ဖော်ပြနေတဲ့ ဒေသတစ်ခု ဖြစ်ပြီး လက်ရှိအခြေအနေမှာ မြန်မာစစ်အုပ်
စုကတော့ ကချင်က မြေရှားသတ္တု ရင်းမြစ်တွေ တည်ရှိရာ ဒေသအားလုံးနဲ့ အဲဒီကနေ ဆက်သွယ်သွားမယ့် ပို့ဆောင်ရေးလမ်း
ကြောင်းများအပေါ် ထိန်းချုပ်နိုင်တဲ့ အခြေ
အနေ မရှိပါဘူး။

ဒါဟာအိန္ဒိယအတွက်လက်တွေ့အကောင်
အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာ စေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းမယ့် လမ်းကြောင်းတစ်ခု တည်
ဆောက်ဖို့ ဘယ်လိုကြိုးပမ်းမှုမဆို နယ်မြေထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေ၊ ဒေသခံ လူထုတွေ၊ လုံခြုံရေး အခြေအနေတွေ၊ စစ်အုပ်စုတွေနဲ့ သေချာပေါက် ဆက်ဆံဆောင်
ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ စစ်အုပ်စုကို ကျော်လွန်ပြီး KIA/KIO နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းကလည်း
နယူးဒေလီအတွက်ကိုယ်ပိုင်နိုင်ငံရေးနဲ့ သံတ
မန်ရေးရာ ရှုပ်ထွေးမှုတွေကို ဆောင်ကြဉ်းလာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလမ်းကြောင်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တည်ရှိတဲ့ နာဂနယ်မြေအတွင်းကပန်ဆောင်တောင်ကြား (Pangsau Pass)ကိုလည်း ဖြတ်သန်းသွားပါတယ်။ နာဂ နိုင်ငံရေးလှုပ်ရှားမှု တွေဟာ နာဂဒေသတွေမှာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ အာဏာစက်ကို စိန်ခေါ်လေ့ရှိတာကြောင့် နောက်ထပ် ရှုပ်
ထွေးမှုအလွှာတစ်ခုကို ထပ်ပေါင်းထည့်လိုက်သလို ဖြစ်နေပါတယ်။

ပြဿနာကမြေရှားသတ္တုရှိတဲ့နေရာကို ရောက်ဖို့တင် မဟုတ်ပါဘူး။ မိုင်းတွင်းကနေ စက်ရုံအထိ သတ္တုတွေကို ဘယ်လိုလုံခြုံစွာ သယ်ယူပို့ဆောင်မလဲဆိုတာကလည်း အရေး
ကြီးပါတယ်။ တရုတ်က ဒီကွန်ရက်ကို တည်
ဆောက်ပြီးသားဖြစ်တဲ့အတွက် အဓိကစိန်
ခေါ်မှုက လမ်းကြောင်းကို ဆက်လက် ထိန်း
ချုပ်ထားနိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် မြေရှားသတ္တုကိစ္စဟာ သယံဇာတရင်းမြစ်တင်မကဘဲ လမ်းကြောင်း၊ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပါ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

အိန္ဒိယကတော့ တရုတ်နဲ့ မတူတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။မြန်မာနဲ့ နယ်နိ
မိတ်ချင်း ထိစပ်ပြီး မြေရှားသတ္တုရင်းမြစ်တွေနဲ့ နီးကပ်နေပေမယ့် အဲဒီရင်းမြစ်တွေရှိတဲ့ ဒေသတွေဟာ အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နေရာတွေ မဟုတ်တော့ပါဘူး။ ထို့အပြင် ကချင်ပြည်နယ် ကနေ ထွက်လာမယ့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဟာ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မတူညီတဲ့ နယ်မြေတောင်းဆိုမှုတွေကြောင့် ရှုပ်ထွေးတဲ့ အခြေအနေတွေအောက်မှာ ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ အိန္ဒိယအတွက် အဓိကစိန်ခေါ်မှုကတော့ မြေရှားသတ္တုတွေကို ရရှိဖို့သာမက၊အဲဒီသတ္တုတွေကိုမြန်မာနိုင်ငံမြောက်ပိုင်းကနေ ဘယ်လို သယ်ယူပို့ဆောင်မလဲဆိုတဲ့ အချက် ဖြစ်လာပါတယ်။အဲဒီကနေတစ်
ဆင့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ သမိုင်းဝင် စတီးဝဲလ် လမ်းမကြီးဟာ တစ်ဖန် အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို မြေရှား သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်မလားဆိုတာက
တော့ လက်ရှိအချိန်မှာ မသေချာသေးပါဘူး။

လက်ရှိမှာတော့ အဲဒီတည်နေရာဟာ မြန်မာ့မြေရှားသတ္တုသိုက်များ၊ တရုတ်ရဲ့ စီးပွားရေးကွန်ရက်များ၊ အိန္ဒိယရဲ့ ဆက်သွယ်ရေးအကျိုးစီးပွားများနဲ့ အမေရိကန်ရဲ့ ပိုမိုကျယ်
ပြန့်လာတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်း
ဆက် ခိုင်မာအောင်ကြိုးပမ်းမှုများ ဆုံစည်းနေတဲ့ မဟာဗျူဟာမြောက် နေရာတစ်ခု ဖြစ်
လာနေပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကြားမှာ စတီးဝဲလ်လမ်းမကြီးဟာ မျှော်မှန်းထားသလို အမှန်တကယ်အသုံးပြုနိုင်မယ့်လမ်းကြောင်း
တစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ ဆက်
လက်စောင့်ကြည့်ရပါလိမ့်မယ်။

ကိုးကား- Geopolitical Monitor
👍34❤3👎1🤮1🖕1
👍22👎3🤮2🖕1
တပ်မဟာ ၃ခုနယ်မြေမှာ တိုက်ပွဲတွေဖြစ်နေဟု KIA ပြော

ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲ စစ်တပ်ရဲ့ ဗျူဟာမှူး ဒဏ်ရာရဟု အသိပေး

အောက်တိုဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ (၄)၊ တပ်မဟာ(၇)နဲ့ တပ်မဟာ(၈)နယ်မြေတွေမှာ တိုက်ပွဲတွေဆက်ရှိခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲမှာ စစ်တပ်က ဗျူဟာမှူး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အောက်တိုဘာ ၁၇ရက်အထိ ရရှိထားတဲ့ သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့မနက်မှာ ထုတ်ပြန်ခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ မိုးမိတ်ဒေသ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။ မိုးမိတ်ဒေသ စစ်ရေးအခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းတွေရဲ့ ပြောပြချက်အရ စစ်တပ်က မိုးမိတ်ကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေလို့ မိုးမိတ်-မဘိမ်း လမ်းမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၇) တပ်ရင်း(၃၃)နယ်မြေ ဇီဒန်းရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၃ရက်မနက်က စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ထိခိုက်ဒဏ်ရာပြင်းထန် ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ကလည်း KIA ပူးပေါင်းတပ်တွေရှိမယ်လို့ ယူဆတဲ့နေရာတွေကို ဒရုန်းလက်နက်ကြီးတွေနဲ့
ရမ်းသန်းပစ် ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ခေါင်လန်ဖူးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်တပ်ဗျူဟာမှူးဟာ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ ဗျူဟာမှူးဟာ ခေါင်လန်ဖူးတိုက်ပွဲကို ကွပ်ကဲဖို့ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပိုလိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဖြစ်ပြီး တိုက်ပွဲဖြစ်ရာကို သွားရောက်စဉ် လမ်းမှာ KIA ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။

“အဲဒီဒေသ တိုက်ပွဲမှာ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေမျိုးထွန်း အနီးကပ် ကွပ်ကဲနေတာဖြစ်တယ်။ အဲဒါ သူတိုရဲ့ တိုက်ပွဲက တဖြည်းဖြည်း ဆုတ်လာတဲ့အခါကျတော့ ကကကြည်းက ကစထ(၁)မှူးနဲ့ တိုင်းမှူးက ပူတာအို အထိ ၉ရက်နေ့လောက်တုန်းက ထင်တယ် လာပြီးမှ လာစစ်ဆေးပါတယ်။အဲဒီတော့ ကစထမှူးက ကကကြည်းက အထူးဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် တယောက်ရယ် ပြီးတော့မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ဂျီဝမ်း တယောက်ရယ် သူတိုနှစ်ယောက်ကို အဲဒီဘက် အင်အားဖြည့်ဖို ပူတာအိုမှာ လာပိုထားလိုက်တာ”လို ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် အထူးဗျူဟာမှူးနဲ့ ဂျီဝမ်း တိုကို အောက်တိုဘာ ၁၀ရက်မှာ ပူတာအိုကနေ ရဟတ်ယာဉ်နဲ့ ခေါင်လန်ဖူးမြိုကို ပိုဆောင်ခဲ့တာလိုဆိုပါတယ်။ အဲဒီကနေ တိုက်ပွဲဖြစ်ပွားရာ မြန်မာ -တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀)ဒေသ တိုက်ပွဲဖြစ်ပွားရာသို့ လာရောက်စဉ် KIAက တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
“အဲဒီတော့ သူတိုက ခေါင်လန်ဖူးကနေ ၁၁ရက်နေ့ ထွက်လာတာပေါ့လေ။ အဲဒီ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းမရောက်သေးပါဘူး။ လမ်းခုလတ်မှာဖြစ်သွားတာပါ”လိုကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဖြစ်ပြီး ခေါင်လန်ဖူးထိ ထမ်းပိုစဉ်သေဆုံးကာ အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာရဟတ်ယာဉ်နဲ့ အလောင်းတင်သွားတာလိုလည်း ရှင်းပြပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၈) ဒေသဘက်မှာ SNA ပြည်သူ့စစ်တွေနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေရှိခဲ့ပြီး စစ်ရေးတင်းမာနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ် လုံးတုံရွာမှာ တပ်စွဲထားတဲ့ SNA ပြည်သူ့စစ်က KIA ပူးပေါင်းတပ်များရှိရာ ဟဲပန်လမ်းဆုံ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း အသိပေးပါတယ်။

အင်းတော်ကြီးဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက KIAနဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လက်ရှိမှာ စစ်တပ်ဟာ ကချင်ဒေသ တပ်စခန်းတွေကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းတာ ပြည်သူတွေကို စစ်ဆေးမှု တင်းကြပ်တာ လုပ်ဆောင်နေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
❤31👍13👏2🖕2👎1🔥1
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda Sirinda
👍34🥰4🔥3💔3🤮1🖕1🫡1
စစ်ကိုင်းနဲ့ကချင်အစပ်မှာတိုက်ပွဲဖြစ်

■တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်ပြီးဒေသခံပြည်သူတွေ​လေ​ကြောင်းနဲ့လက်နက်ကြီးအန္တ
ရာယ်သတိပြုကြဖို့​​တော်လှန်​ရေးအင်အားစု​တွေသတိ​ပေး


​အောက်တိုဘာ-၁၈၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်နဲ့ စစ်
ကိုင်းတိုင်းနယ်စပ်အနီး ဆည်ဇင်းရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေသတိပြုကြဖို့ ‌KIA၊KPDF ပူးပေါင်းတပ်နဲ့ နီးစပ်သူ တွေကသတိ
ပေးပါတယ်။

ဖားကန့်မြို့နယ်ထဲမှာပါဝင်တဲ့ ဆည်ဇင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဒီ​နေ့ အောက်တိုဘာလ၁၈ရက်နေ့မနက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သ
တင်းရရှိပါတယ်။

"စစ်တပ်နဲ့ ရှမ်းနီကတိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ဟုမ္မလင်းဘက်နဲ့ ဆက်စပ်ပေမယ့် တိုက်ပွဲက ကချင်ပြည်နဲ့ဘက်ခြမ်းမှာပိုပြီးပြင်းထန်နေတာပါ။ဆက်ပြီး ဖြစ်နေမယ်လို့ ကျနော်တို့ထင်တယ်"လို့ KPDF ရဲဘော်တစ်ဦးကပြောပါတယ်။

လက်ရှိတိုက်ပွဲဟာဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ်(SNA)ကိုအဓိက အသုံး
ပြုနေတယ်လို့ စုံစမ်းသိရပါတယ်။SNAက စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်နဲ့​ပေါင်းပြီး ကချင်နဲ့စစ်ကိုင်းတိုင်း​နေရာအချို့မှာ ​တော်လှန်​ရေးတပ်​တွေကိုတိုက်ခိုက်နေပါတယ်။

လက်ရှိ မြေပြင်စစ်ရေးအခြေအနေကို သ
တင်းအတိအကျမရသေးပေမယ့် တိုက်ပွဲဖြစ်နေတဲ့‌ဒေသက ပြည်သူတွေအနေနဲ့ လေ
ကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာ
ဝန်ခံဗိုလ်မှူးကြီးနော်ဘူကအောက်တိုဘာလ
၁၈ရက်နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ဆည်ဇင်းရွာမှာ ၂၀၂၃ခုနှစ်ကတိုက်ပွဲပြင်း
ထန်ခဲ့ပြီး ဒေသခံအများစုဟာ ယ‌ခုထိ ထွက်
ပြေးတိမ်းရှောင်နေရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်
လက တိုက်ပွဲတွေမှာတော့ စစ်တပ်က အရပ်
သားတွေရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဇူလိုင်လ ၈ရက်နေ့လယ်ပိုင်းကတိုက်ပွဲမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးတဲ့ သဲဇလောက်ရွှေမှော်ပတ်
ဝန်းကျင်ကို ဗုံးကြဲလို့အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

လက်ရှိမှာဖားကန့်မြို့ပေါ်မှာလည်းစစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေရှိနေပြီးညစဉ်ပစ်ခတ်
သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
👍35❤7🔥4🖕2👎1
၂၀၂၃ နှစ်ကုန်ပိုင်းမှာ KIA ၊KPDF တပ်ဖွဲ့ဝင်​တွေ ​ရှေ့တန်းသွားဖို့ပြင်ဆင်​​နေကြ
စဥ်။ဓါတ်ပုံ-Sirinda
❤45🙏2👍1🔥1🤮1🖕1🫡1