“ဒီလောက်အပြောင်းအရွှေ့တွေကြုံသလိုဖြစ်နေတာကအားလုံးပြာယာခပ်နေတဲ့ အခြေ
အနေပဲ”လို့ ဗိုလ်ချုပ်တင်မင်းလတ်ရဲ့ အ
ပြောင်းအရွှေ့လမ်းကြောင်းအပေါ် ကချင်
ပြည်နယ်မှာရှိတဲ့ သူ့နဲ့ရင်းနှီးမိတ်ဆွေဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဗိုလ်ချုပ်တင်မင်းလတ်အလွန်မှာ ရန်ကုန်
တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး၊လပခတိုင်းမှူးအဖြစ်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ပြောင်း
ရွှေ့ခဲ့ပါတယ်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်ကို ကာကွယ်
ရေးဦးစီးချုပ်ရုံး (ကြည်း)အမှတ်(၂)စစ်ဆင်
ရေးအထူးအဖွဲ့မှူးအဖြစ် အပြောင်းအလဲလုပ်ခဲ့တယ်လို့သိရပါတယ်။။
တိုင်းမှူးအဆင့်တွေ အပြောင်းအရွှေ့ပြုလုပ်တာမှာ စစ်အုပ်စုက အကြမ်းဖက်မှုအများဆုံးပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက်အ
နောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်း
မှူးလည်းပါဝင်ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်
ချုပ် ကျော်သူရနေရာမှာ အမှတ် (၉၉) ခြေ
မြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် စိုးဝင်းထွန်းကို ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ် စိုးဝင်းထွန်းဟာ ၂၀၂၅ နှစ်စပိုင်းမှာ အာရက္ခတပ်တော်((AA)နဲ့ မဟာမိတ်တွေ တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့တဲ့တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်နေရာကို အစားထိုးဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။
စစ်အုပ်စုဟာ ရာထူးနဲ့ဌာနအပြောင်းအလဲတွေ မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ရှိတဲ့ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့တာဟာ နေပြည်တော်ကို အကာ
အကွယ်ပေးဖို့အတွက် နေပြည်တော်အနီးမှာတိုင်းစစ်ဌာနချုပ်တစ်ခု ထပ်မံထားရှိခြင်းဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကသုံးသပ်မှုတွေရှိခဲ့ပါတယ်။
“စစ်ဖက်မှာပဲဖြစ်ဖြစ် ရာထူးနေရာပြောင်းလဲတာက လုပ်ရိုးလုပ်စဥ်လို့ ပဲပြောလို့ရတယ်။ဒါပေမယ့် လက်ရှိအပြောင်းအလဲမှာထူးခြားတာကတော့တပ်ချုပ်ရဲဝင်းဦးလက်ထက် ကြည်းတပ်ဆိုင်ရာအရေးအပါဆုံး ရာထူးနေရာအပြောင်းအလဲတွေ ဖော်ဆောင်လာတာလို့ပြောလို့ရတယ်” လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး အဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာ နဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကပြောပါတယ် ။
ဒါပေမယ့် စစ်တပ်ရာထူး၊နေရာအပြောင်းအလဲတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် သစ္စာခံမှု ရှိ ၊မရှိအပေါ်မူတည်ပြောင်းလဲတာမျိုးဖြစ်တာကြောင့် စစ်ရေးအပေါ်မှာ အပြောင်းအလဲသိပ်မရှိနိုင်ဘူးလို့ CDM ဗိုလ်မှူးနောင်ရိုးကသုံးသပ်ပါတယ်။
လက်ရှိ ရာထူးအပြောင်းအလဲတွေကိုကြိုး
ကိုင်နေတဲ့ အဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊သူ့တပည့် ရဲဝင်းဦးအပါအဝင်သူကြိုးဆွဲရာကနေကြရတဲ့ စစ်ဗိုလ်ချုပ်တွေအားလုံးဟာ နိုင်ငံသားတွေအပေါ် စစ်ရာဇ
ဝတ်မှုကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့အတူ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေခံထားရသူတွေသာဖြစ်ပါတယ်။ အနားပေးခံရသူတွေကရော၊ ခန့်အပ်ခံရသူတွေပါ စစ်ရာဇဝတ်တရားခံဖြစ်တယ်လို့ လူထုက မှတ်ချက်ပြုပါတယ်။
“စစ်အာဏာရှင်တွေဆိုတာက သူတို့နောက်
ကျောလုံအောင်လို့ သူတို့ထက် ညံ့တဲ့သူတွေဘဲကို သူတို့မွေးထားကြတာဆိုတော့ စစ်ရေးမှာ ပိုရှုံးလာပြီးတော့ ပိုရက်စက်တာဘဲ ရှိလာလိမ့်မယ်”လို့ ပြည်သူတဦးက မှတ်ချက်ပြုပါတယ် ။
အခြားပြည်သူတဦးကလည်း“ခုလိုအပြောင်း
အရွှေ့လုပ်နေတာဟာသူ့ရဲ့ရာထူးကိုလုယူမှာကိုစိုးကြောက်နေတဲ့အတွက်ထင်ရာစိုင်းနေတာပါ။ ဒီလူ(မင်းအောင်လှိုင်) ဟာအတော်လေးကိုအာဏာမက်မောတဲ့လူယောက်ပဲ ။သူဟာဒီနေရာကကျသွားရင် သူရောသူ့သား
သမီးတွေနဲ့ဆွေမျိုးတွေပါဒုက္ခရောက်မယ်ဆိုတာသူသိနေလို့ပဲ။ ဒါကြောင်းဟိုပြောင်းဒီရွှေ့လုပ်နေတာပေါ့”လို့ မှတ်ချက်ပြုပါတယ် ။
https://www.ludunwayoo.com/feature-mm/2026/10/14/170787/

LuduNwayOo
စစ်တပ်ထိပ်ပိုင်းအပြောင်းအရွေ့ဆူနာမီ | LuduNwayOo
အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူးတွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။
👍29❤6💩6🖕4🤣2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရေစကြိုနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦး ရှိလာ
မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အောက်တိုဘာ ၁၇ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး သေဆုံးအရေအတွက် များနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။ ကလေးငယ်တွေဟာ စစ်တပ်ရဲ့ ဗုံးစ ထိမှန်မှုကြောင့် ဆိုးဆိုးရွားရွား သေဆုံးနေတာကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။
◾️ပေါင်းတည်မှာ စစ်တပ် ဗုံးသီးချတိုက်ခိုက်လို့ မြေးအဖိုး ၃ဦး သေဆုံး
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် လသားအရွယ်အပါအဝင် ကလေးငယ် ၂ဦးနဲ့ သူတို့ အဖိုး မြေးအဖိုး ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီကျော်မှာ ပေါင်းတည်မြို့နယ် အင်းမမြို့အခြေစိုက် စစ်တပ်ရဲ့ တပ်မ (၆၆)တပ်ဖွဲ့ဝင်တွေဟာ ပေါင်းတည်မြို့နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ခုတ်ကြီးနေရာကို ပါရာမော်တာနဲ့ ဗုံးသီးကြဲချခဲ့ပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးမြင့်လှိုင်နဲ့ သူရဲ့မြေးနှစ်ဦးဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် မောင်မြင့်မြတ်သူနဲ့ ၈ လအရွယ် မိန်းကလေးငယ်တို့ မြေးအဖိုး ၃ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တိုက်ခိုက်ချိန်မှာ ကလေးငယ်တွေရဲ့ မိဘတွေက ပဲခင်းထဲ ဆေးဖြန်းနေတာကြောင့် မိဘတွေ မထိခဲ့ဘဲ ကလေးငယ်တွေ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီကျေးရွာမှာ လက်နက်ကိုင်အဖွဲ့တွေ မရှိသလို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
◾️ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု
ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စုစည်းပြီး တပ်တစ်တပ်တည်းအဖြစ် တည်ဆောက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့က ကျင်းပတဲ့ ကရင်နီပြည်ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတင်သွင်းပြီး ကရင်နီပြည်ကြားကာလ လွှတ်တော်ကနေ ဥပဒေကြမ်းအဆင့်နဲ့ ဥပဒေအတည်ပြုပြဌာန်းတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန်ရေးတပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှု အားကောင်းစေဖို့နဲ့ ကရင်နီပြည်သူပြည်သားနဲ့ ကရင်နီပြည်ကိုဖြစ်စေ၊ ပြည်ထောင်စုကိုဖြစ်စေ ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ်နဲ့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်အဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ်တွေက အရပ်ဘက်ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ် စည်းကမ်းအမိန့်နာခံမှု နဲ့ ပြည်သူနဲ့ တပ် ဆက်ဆံရေးအပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
◾️မဲဆောက်မှာ မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ

🔥8🤬4👍2❤1
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီနေ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တက်ခ်ပြည်နယ်က မဲဆောက်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၇ ရက်က နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။ မနက်အစောပိုင်းကစလို့မြန်မာနိုင်ငံသား အများစုနေထိုင်ရာသွန်သောင်ရွာအပါအဝင် လူနေဧရိယာ တချို့ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိန်းသိမ်းထားသူ အများစုဟာ တရားဝင် စာရွက်စာတမ်းတွေနဲ့ ထိုင်းကို ဝင်ရောက်လာခဲ့သူတွေ မဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့က တရုတ်ဘုံကျောင်းရှေ့ကထုံထောင်းရပ်ကွက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။ ထုံထောင်းရပ်ကွက်ဟာ အခြေခံလူတန်းစား မြန်မာလုပ်သားတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်လို့ သိရပါတယ်။ တာဝန်ရှိသူတွေက ဟိုတယ်နဲ့ တည်းခိုခန်းလို နေရာတွေက နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
◾️ပလောက်မြို့က စစ်တပ်စစ်ကြောင်းနဲ့ KNLA တိုက်ပွဲ ဆက်ဖြစ်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်တပ်က တော်လှန်ရေးတပ်တွေရှိရာ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၆ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာတဲ့အပေါ် အောက်တိုဘာဒုတိယပတ်က စတင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ပလောက်မြိုအနီး ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို အောက်တိုဘာ ၁၀ရက်က စတင်ပြီး သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဘုရင့်တောင်ရွာကနေ ဆင်ထိုးကြီးဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဆက်ရှိနေတာလို့ဆိုပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀ကျေးရွာဘက်ကလည်း စစ်တပ်စစ်ကြောင်းထိုးလာလို့ KNLAနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ရဲဘော် ၁ဦး ကျဆုံး
ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းတောင်-ကရင်နီစစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁)ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် ဂျွန်ဘောစကို (ခ)ကို့ ဟာ အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေသေဆုံးတာ အရှင်ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်က ကျဆုံးခဲ့တဲ့ ရဲဘော် ဂျွန်ဘောစကိုနဲ့ပတ်သက်လို့ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
◾️ဆောမြို့နယ်က ကားလမ်းတချို့ကို PDF ပိတ်ထား
စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။ ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို အောက်တိုဘာ ၁၇ ရက် ဒီနေ့ကစပြီး ကားကြီး၊ ကားငယ် သွားလာတာမလုပ်ဖို့ သတိပေးပါတယ်။ လမ်းပိုင်းက မိုးတွင်းဆိုတော့ ပျက်စီးတာများတာကြောင့်နဲ့ စီးပွါးရေးသမား ဧည့်စိမ်းတွေများတာကြောင့် လုံခြုံရေးအရ ခေတ္တထိမ်းလိုက်တာလို့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) တာ၀န်ရှိသူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် အခုထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကို သွားတဲ့ကွင်းလမ်းပိုင်းတစ်ခုဖြစ်ပြီး လောင်းရှည်-ဆော အဓိကလမ်း ဖြစ်တဲ့ လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ် နဲ့ ဆော မှာတော့ မကြာခဏ ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။
◾️အဓမ္မစစ်သားစုဆောင်းမှုမှာ ပူးပေါင်းသူတွေကို ဘုတ်ပြင်းပကဖ အရေးယူမယ်လို့ ဆို

👍19❤5🔥1🖕1
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ မြို့နယ်၊ အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအပါအဝင် အားလုံးကို အရေးယူသွားမှာလို့ ထုတ်ပြန်ပါတယ်။ စစ်တပ်က နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဘုတ်ပြင်းပကဖက အောက်တိုဘာ ၁၇ရက် ဒီနေ့ ရက်စွဲနဲ့ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့လက်ပါးစေတွေကို သေချာစောင့်ကြည့်နေပြီး အချက်အလက်ခိုင်မာသေချာတာနဲ့ ထိထိရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ သတင်းစကားပါးလိုကြောင်း ဘုတ်ပြင်း ပကဖ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ပြောပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်းနဲ့ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးတဲ့အတွက် လူထုတရပ်လုံး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။

👍27👏3🔥1😁1🖕1
အင်းတော်မှ ဝန်းသို နဲ့ ထီးချိုင့်ထိုးတဲ့စစ် ကြောင်းတွေကိုတော်လှန်ရေးတပ်တွေတိုက်
ခိုက်
အောက်တိုဘာ-၁၇၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်တပ်
ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီကနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
အောက်တိုဘာလ ၆ရက်နေ့ကတည်းက အင်းတော်ကနေ အင်းအား ခန့်မှန်း ၂၀၀ မှ ၃၀၀ ကြားရှိစစ်ကြောင်းနှစ်ကြောင်းဟာ ထီးချိုင့်မြို့နယ်ဘက်ကိုစစ်ကြောင်းတစ်ကြောင်း ၊ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်ကြောင်း ထွက်ခဲ့ပါတယ်။ စစ်တပ်စစ်ကြောင်းတွေထိုးတာကြောင့်ဒေသခံပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဝန်းသိုမြို့ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်
ကြောင်းဟာ မဲဇာ၊တပ်လွင်၊ ကျောက်တော
ရွာ၊ထန်တပင်တို့မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိမှာ နမ့်ခမ်းရွာထဲရောက်နေတယ်လို့
စုံစမ်းသိရပါတယ်။
"အခု နမ့်ခမ်းကနေတော့ဘယ်မှမထွက် သေးဘူး။နမ့်ခမ်းရွာထဲမှာလည်းထိတွေ့မှု ဖြစ်တယ်။ည ၉နာရီ ကျော်အထိ လက်နက်ကြီးသံကြား နေရတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။
ထီးချိုင့်မြို့ဘက်ကို ထွက်တဲ့စစ်ကြောင်းလည်း ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ၊မအူကုန်းနဲ့ လယ်ပြင်အထိ စစ်ကြောင်း တွေရောက်လာပြီးမှ အထိနာတဲ့အတွက် ကာပိန်းအင်းရွာထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
"လယ်ပြင်ကနေ ရှေ့ဆက်တိုးမရတော့သူတို့ နောက်ဆုတ်သွားတယ်။ပိန်းအင်းဘက်ကို အခုရောက် နေတယ်။တဖြည်းဖြည်းပိန်းအင်းကိုပြန်ဆုတ်တာပေါ့။လေယာဉ်ကလည်း ခဏခဏကို အကြီးအကျယ်ကြဲ နေတာပဲအခုက တော့"လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်က အင်းတော်ကနေတပ်မ (၃၃) လက်အောက်ခံစစ်ကြောင်းတွေထွက်ကာ စစ်ကိုင်း- ကချင်ပြည်နယ်စပ်လမ်းတွေကို နယ်မြေစိုးမိုး ဖို့ကြိုးစား နေတာဖြစ်ပါတယ်။ ဒါပေမယ့်တော်လှန် ရေးတပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကို ဆက်တိုက် ခံနေရတာဖြစ်ပါတယ်။

👍33❤9👎1👏1😁1🖕1
လတ်တလော အငြင်းပွားမှုတွေနဲ့ အခန်းရရှိဖို့ မရေမရာ ဖြစ်နေတဲ့ကွန်ဒိုတွေကို တည်
ဆောက်နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ခံအချက်
အလက်တွေအရ Central နဲ့ The Park Project က လုပ်ငန်းစုအတူတူပဲ ဖြစ်ပါတယ်။
လက်ရှိ The Central ကိုတည်ဆောက်နေတဲ့ Marga Groupဟာရွှေတိဂုံဘုရားနားက စစ်
ထောက်ချုပ်ရုံးပိုင်မြေနေရာမှာDagon City 1 စီမံကိန်းကိုလုပ်ဖို့၂၀၁၄ခုနှစ်တုန်းကစီစဉ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းကMarga Groupနဲ့အတူရွှေတောင်၊ သုခရတနာ နဲ့ Adventure Myanmar စတဲ့ ကုမ္ပဏီတွေက Dagon City 1 စီမံကိန်းလုပ်ကိုင်ခွင့်ရထားတာပါ။
သမိုင်းဝင် အမွေအနှစ်တွေထိခိုက်မှုကြောင့်ပြည်သူတွေနဲ့ သံဃာတော်တွေ ပြင်းပြင်းထန်
ထန် ကန့်ကွက်ခဲ့လို့ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။
ဒါပေမယ့်အစားထိုးမြေနေရာအတွက် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က (မူလက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင်) မြေနေရာကို ဦးသိန်းစိန်အစိုးရလက်ထက်က ပေးခဲ့တာဖြစ်ပါတယ်။
ပေးခဲ့တဲ့နောက်ကွယ်မှာဟောင်ကောင်အိမ်ခြံမြေကျွမ်းကျင်သူစတီဖင် နဲ့ တရုတ်နိုင်ငံ
သားဒါရိုက်တာအဖွဲ့၀င်တချို့ပါတဲ့ Marga Group ကတည်ဆောက်ရေးကိုတာ၀န်ယူပြီးမြေနေရာငှားရမ်းမှုကိုသုခရတနာကုမ္ပဏီကတာ၀န်ယူခဲ့တာလို့ ကနဦးသတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
သုခရတနာကုမ္ပဏီကိုမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နဲ့ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်း ပိုင်ဆိုင်ပြီး Flying Tiger Engineeringလုပ်ငန်းခွဲလည်းရှိပါသေးတယ်။
အခုလက်ရှိစစ်ကောင်စီရဲ့အားကစားနဲ့ လူ
ငယ်ရေးရာဝန်ကြီးဌာန အောက်မှာတရားဝင်ပူးပေါင်းဆောင်ရွက်နေတဲ့ ဦးသောင်းထိုက်မင်းဟာ စစ်တပ်အရာရှိဟောင်း မဟုတ်ပေမယ့် စစ်တပ်၊ စစ်တပ်ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာကြောင့် အခွင့်အလမ်းကြီး မားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရနေတာလို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။
ဒါကြောင့်လည်းနိုင်ငံတော်ပိုင် အဖိုးတန်မြေနေရာကို တင်ဒါစနစ် (Tender) ခေါ်ယူခြင်းမရှိဘဲ၊ ပွင့်လင်းမြင်သာမှုအားနည်းစွာနဲ့ အစားထိုးလဲလှယ်ပေးခဲ့ရမှုကို ၂၀၁၆ ခုနှစ် လွှတ်တော်မှာဆွေးနွေးခဲ့ဖူးပါတယ်။
မူလက The Central စီမံကိန်းမြေနေရာအ
တွက် Marga Landmark က မြေ ၁၇ ဒသမ ၇ ဧက ရခဲ့တာဖြစ်ပေမယ့်မြေ ၉ ဧက ကို NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်ယူခဲ့ပါတယ်။
အလုံမြို့နယ်က Green Urban Ventures Develop mentကုမ္ပဏီတည်ဆောက်မယ့် The Park Project ဟာလည်းသူတို့ရဲ့အစိပ်အပိုင်းဖြစ်တယ်လို့ Marga Group က ကြေ
ညာထားပါတယ်။
Emerald Bay ကွန်ဒိုစီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း ပိုင်တဲ့ တက်လမ်းကုမ္ပဏီ နဲ့ စင်ကာပူအခြေစိုက်Golden Paragonတို့ပူးပေါင်းတည်ဆောက်နေတာပါ။
အခုလက်ရှိ အငြင်းပွားမှုတွေရှိနေတဲ့ ကွန်ဒိုစီမံကိန်း တွေကို ရောင်းချသူဘက်က နေ့စဉ်နဲ့အမျှ ဖုန်းဆက်ပြီး အခန်းတွေလျှော့ဈေးပေးနေတာ၊လစဉ်အရစ်ကျ ပဲ ငွေပေးသွင်းရမှာ နဲ့ ပြည်တွင်းကစိုင်းစိုင်းခမ်းလှိုင်လိုနာမည်ကျော်အနုပညာရှင်တွေကိုခေါ်ယူပြီးစီမံကိန်းက ဘယ်လောက်ခိုင်မာတယ်ဆိုတဲ့ မက်လုံးတွေနဲ့ သိမ်းသွင်းခံခဲ့ကြရတာလို့ ၀ယ်ယူခဲ့သူတွေက ရင်ဖွင့်ကြပါတယ်။
“ကွန်ဒိုကအခန်းတွေ ဈေးလျော့ထားတယ်ဆိုပြီးပြောတယ်။တခါလည်း မဟုတ်ဘူး။သုံးလေးခါလောက်ရှိတယ်။ဒီခေတ်ဒီအခါနဲ့ ဘာကွန်ဒိုမှ မ၀ယ်နိုင်သေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်”လို့ The Central အရောင်းဌာနကနေ အခုနှစ်စက်တင်ဘာလမှာ ဖုန်းဆက်သွယ်ခဲ့တာတွေ ကို မြောက်ဒဂုံမြိုနယ်နေ ဒေါ်သန္တာက ပြောပြပါတယ်။
ပိုးဆိုးတာကရောင်းချတဲ့ကွန်ဒိုချင်းတူပါလျက်နဲ့ အခန်းရမယ့်သတ်မှတ်ရက်တွေ ကွာခြားနေတဲ့အပြင်အဆောက်အဦးဆောက်လုပ်ဖို့ ပျက်ကွက်မှုအပေါ် တွေ့ဆုံမေးမြန်းတဲ့အခါ တစ်ယောက်တည်းသာလာဖို့ နဲ့ မှတ်တမ်းမတင်ဖို့ အထိ ကုမ္ပဏီတွေဘက်က သတ်မှတ်ချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“သွားတွေ့လို့ ဆက်ဆံပြောဆိုတဲ့အခါတိုင်းလည်း စရံစချတုန်းကလိုမဟုတ်တော့ဘူး။ နင်တို့ကလက်မှတ်ထိုးထားပြီးပြီ။အန်တီ လက်မှတ်ထိုးလိုက်တာအပြစ် ဖြစ်သွားတာလား။မိုက်ရိုင်းစော်ကားပြီးတော့အထက်စီးကကို ဆက်ဆံတယ်”လို့ ဒေါ်နီလာအေးကသူရဲ့ အဖြစ် အပျက်ကို ရင်ဖွင့်ပါတယ်။
အဓိကပြဿနာက ကွန်ဒိုအခန်းအပ်နှံဖို့ ပျက်ကွက်မှု ဖြစ်ပြီး ဘယ်နေ့မှာ အပြီးသတ် လက်ရောက်အပ်နှံမယ်ဆိုတာ ၀ယ်ယူသူတွေဘက်ကတိကျစွာသိလိုနေတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ကွန်ဒိုကုမ္ပဏီတွေရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကလည်း အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုကိုအပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပြီး စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ ၀ယ်ယူထားသူတွေအတွက် တိကျမှုမရှိတဲ့ အချက်အ
လက်တွေသာ တွေ့ရပါတယ်။
“နေ့တိုင်း မျက်နှာကို ဖျက်ရိုက်နေသလို ခံစားရတယ်” လို့ ကိုထွန်းထွန်းက လက်ရှိသူ့ခံစားချက်ကို ပြောပြပါတယ်။
https://www.ludunwayoo.com/feature-mm/2026/10/12/170611/

ရန်ကုန်ကွန်ဒိုပြသာနာက မီးမောင်းထိုးပြနေတဲ့ ဆောက်လုပ်ရေးလောကပြိုလဲမှု | LuduNwayOo
ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။
👍40❤14🤣4🔥3
■ဆောင်းပါး
မြေရှား I Rare Earth Watch
မြန်မာ့မြေရှားသတ္တုများနှင့်
စတီးဝဲလ်လမ်းမကြီး၏ ပထဝီနိုင်ငံရေး
- မဲခေါင် ရေးသားသည်။
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်အ
ဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်း
ထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်မြေပြင်ဖြစ်
နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။
ဒီဖြစ်စဉ်နောက်ကွယ်က ပထဝီနိုင်ငံရေး၊ သ
ယံဇာတနဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အပြောင်းအလဲများကို Geopolitical Monitor တွင် Augustine R K ရေးသားတဲ့ဆောင်းပါးကအသေးစိတ်လေ့လာသုံးသပ်ထားပါတယ်။အဆိုပါဆောင်းပါးမှာကမ္ဘာ့မြေရှား ထောက်ပံ့ရေး ကွင်းဆက်၊ ကချင်ပြည်နယ်ရှိ သယံဇာ
တရင်းမြစ်များရဲ့မဟာဗျူဟာမြောက် အရေး
ပါမှုနဲ့ စတီးဝဲလ်လမ်းမကြီး ပြန်လည်အာရုံ
စိုက်ခံလာရမှုတို့ကို အဓိကထား ဖော်ပြထားပါတယ်။
ဒီလိုအရေးပါလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်မှာ လျစ်လျူရှုလို့မရတဲ့ ရင်း
မြစ်တစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်ပါတယ်။
အိန္ဒိယ၊ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ ဒီအရေးပါတဲ့ သတ္တုများရရှိရန်အတွက် ရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချကာ ထောက်ပံ့ရေးလမ်းကြောင်းအ
သစ်များ ရှာဖွေနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ကဏ္ဍဟာ နိုင်ငံတကာရဲ့ စိတ်
ဝင်စားမှု ပိုမိုရရှိ လာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတွေ လိုအပ်နေတဲ့ မြေရှားသတ္တု ရင်းမြစ်တွေ ရှိနေပါတယ်။ အထူး
သဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium )တို့လို လေးလံတဲ့ တန်ဘိုးကြီး မြေရှား ဒြပ်စင်တွေ (Heavy Rare Earth Elements - HREE) ပါဝင်နေတာပါ။
ဒါပေမဲ့ ပြဿနာတစ်ခုက ဒီရင်းမြစ် အများအပြားဟာလက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်
မြေထိန်းချုပ်မှု ပြိုင်ဆိုင်မှုတွေရှိနေတဲ့ မြန်
မာနိုင်ငံမြောက်ပိုင်းမှာ တည်ရှိနေပါတယ်။ အခြေခံအဆောက်အအုံ အားနည်းမှု၊ လုံခြုံ
ရေးမတည်ငြိမ်မှုနဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေး အခက်အခဲတွေကြောင့် ဒီသယံဇာတတွေကို ယုံကြည်စိတ်ချရတဲ့ အခြားအဓိက ရင်းမြစ်တစ်ခုအဖြစ် အလွယ်
တကူ ပြောင်းလဲ ထုတ်လုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။
ဒီလေးလံသောမြေရှားဒြပ်စင်များ ထုတ်လုပ်
မှုအများစုဟာ ကချင်လွတ်လပ်ရေးတပ်မ
တော် (KIA) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အ
စည်း(KIO)တို့ အဓိက စိုးမိုးထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်မှာ စုစည်း တည်ရှိနေပြီး ဒီဒေသဟာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရဲ့ လီဒို (Ledo) မြို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ကွမ်းမင်း (Kunming) မြို့ကို ဆက်သွယ်ထားတဲ့ "လီဒိုလမ်းမကြီး" လို့လည်း လူသိများတဲ့ သမိုင်းဝင် "စတီးဝဲလ်လမ်းမကြီး" နဲ့ နီးနီးနားနားမှာ ရှိပါတယ်။
ဒီလမ်းမကြီးဟာ စစ်ရေးသမိုင်းနဲ့သာ ဆက်
နွယ်နေတဲ့ လမ်းကြောင်းတစ်ခု မဟုတ်တော့ဘဲ၊ယနေ့မှာတော့မဟာဗျူဟာမြောက် အရေးပါလာတဲ့ မြေရှားဒြပ်စင်များကြောင့် ပထဝီနိုင်ငံရေးအရ ပြန်လည်အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ တန်ဖိုးမြင့် မြေရှားသတ္တုအမျိုးအစားဖြစ်တဲ့ ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium) တို့ဟာ လျှပ်စစ်မော်တာတွေ၊ အဆင့်မြင့် အီ
လက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကာကွယ်ရေးနည်းပညာနဲ့ စစ်လက်နက်တွေထုတ်လုပ်ရာမှ မရှိမဖြစ် လိုအပ်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnets) တွေရဲ့ စွမ်းဆောင်ရည်နဲ့ အပူခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့်မဟာဗျူဟာမြောက်အရေးပါပြီးဝယ်
လိုအားမြင့်မားတဲ့သတ္တုတွေဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်တွေဟာ ရှားပါးသတ္တု ထွက်ရှိမှုတင်မကဘဲ အခြားနည်းလမ်းနဲ့ အစားထိုးဖို့ ခက်ခဲတဲ့ မဟာဗျူဟာမြောက် ဒြပ်စင်တွေ ပါဝင်နေတာကြောင့် ကမ္ဘာ့အရေးပါသတ္တု ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးကြီးတဲ့ရင်းမြစ်တစ်ခုအဖြစ်သတ်မှတ်ခံလာရတာ ဖြစ်ပါတယ်။
အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့
(USGS)ရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့မြေရှားသတ္တုထွက်ပစ္စည်း ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၁ ရာခိုင်နှုန်းကို ပံ့ပိုးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ မြေရှားပါးသတ္တုအောက်ဆိုဒ်(Rare Earth Oxides-REO) တန်ချိန် ၂၂,၀၀၀ နီးပါးထုတ်လုပ်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အရေးပါတဲ့ ထုတ်လုပ်သူတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။
ဒါပေမဲ့ ထုတ်လုပ်နိုင်မှုက ဒီဖြစ်စဉ်ရဲ့ အစိတ်
အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက စိန်ခေါ်မှုကတော့ မြေရှားထွက်ပစ္စည်းတွေကို တူးဖော်ထုတ်ယူနိုင်ပေမဲ့ အဲဒီကုန်

👍25❤10🤮2🍌2🖕1
ကြမ်းတွေကို တန်ဖိုးမြင့် စက်မှုထုတ်ကုန်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ သန့်စင်ခြင်းနည်းပညာ၊ ပြုပြင်ထုတ်လုပ်ရေး စက်ရုံတွေနဲ့ စက်မှုစွမ်းရည်တွေ မလုံလောက်သေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြေရှားသတ္တုထွက် ပစ္စည်းတွေရဲ့ မဟာဗျူဟာမြောက် တန်ဖိုးအများစုကို မြန်မာနိုင်ငံပြင်ပမှာပဲ ဖန်တီးနေကြရပါတယ်။
ဒီအခြေအနေမှာတရုတ်နိုင်ငံဟာအဓိကနေရာမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ မရှိတဲ့ပြုပြင်သန့်စင်မှုစွမ်းရည်အမြောက်
အမြား ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်အပေါ် မှီခိုနေရမှုကို ကုန်သွယ်ရေး အချက်
အလက်တွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ S&P Global ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ မြေရှားထွက် သွင်းကုန် စုစုပေါင်းရဲ့ ၅၂ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံက တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ပြုပြင်သန့်စင်မှု ကွန်ရက်အတွက် လေးလံတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေကို ပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ အဓိကရေ
သောက်မြစ် တင်ပို့သူ ဖြစ်လာတယ်ဆိုတာကို ပြသနေတာပါ။နိုင်ငံတကာစွမ်းအင်အေဂျင်စီ
(IEA) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့သံလိုက် မြေရှား ပြု
ပြင်သန့်စင်မှု ထုတ်လုပ်မှုရဲ့ ၉၁ ရာခိုင်နှုန်းနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုရဲ့ ၉၄ ရာ
ခိုင်နှုန်းအထိ စုပြုံစိုးမိုးထားပါတယ်။
အိန္ဒိယနိုင်ငံဟာလည်း ဒီဈေးကွက်အတွင်းက သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲဖို့ ကြိုး
စား နေပါတယ်။ နယူးဒေလီဟာ အရေးပါတဲ့ သတ္တုရင်းမြစ်တွေကို ထုတ်လုပ်မှု၊ စွမ်းအင်၊ ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးတို့အတွက် အရေးကြီးကြောင်း သတ်မှတ်ထားသလို ပြည်တွင်း မြေရှားသတ္တု ပြုပြင်သန့်စင်မှုနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုကိုလည်း တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယအစိုးရဟာ နှစ်စဉ် 'မြေရှားထွက် အမြဲတမ်းသံလိုက် မက်ထရစ်တန် ၆,၀၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံတွေ တည်ထောင်ဖို့အတွက် ရူပီး ၇,၂၈၀ ကုဋေ (အမေရိကန်ဒေါ်လာ ၇၆၀ သန်းခန့်) ရှိတဲ့ စီမံကိန်းကို အတည်ပြုခဲ့ပါတယ်'။ ဒါပေမဲ့ စက်ရုံတွေ ဆောက်ရုံနဲ့ ကုန်
ကြမ်း ဘယ်ကရမလဲဆိုတဲ့ ပြဿနာကတော့ မပြေလည်သေးပါဘူး။ အိန္ဒိယအနေနဲ့ သူတို့နယ်စပ် အပြင်ဘက်ကနေ စိတ်ချရတဲ့ ရင်း
မြစ်တွေကို လိုအပ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယလိုအပ်တဲ့ မြေရှားသတ္တုတွေ ရှိနေတာကြောင့် နယူးဒေလီအနေနဲ့ လျစ်လျူရှုထားဖို့ ခက်ခဲလှပါတယ်။
ဝါရှင်တန်အနေနဲ့လည်းအရေးပါတဲ့ သတ္တုရင်းမြစ်များ ရရှိနိုင်မှုကို တစ်နိုင်ငံတည်း သို့မဟုတ် ရင်းမြစ်တစ်ခုတည်းအပေါ် မှီခိုမနေစေရန် ပြောင်းလဲဖို့၊ ထောက်ပံ့ရေးကွင်း
ဆက်ရဲ့ ခိုင်မာမှုကို မြှင့်တင်ဖို့နဲ့ အခြားနိုင်ငံတွေရဲ့ ပြုပြင်သန့်စင်မှုစွမ်းရည်နဲ့ ထောက်ပံ့ရေးကွန်ရက်တွေအပေါ် မှီခိုနေရမှုကို လျှော့
ချဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် သမ္မတရဲ့ ပြုပြင်ပြီး အရေးပါသတ္တုများဆိုင်ရာ ကြေညာချက်မှာ အမေရိကန်ဟာ အရေးပါတဲ့ သတ္တုထောက်ပံ့မှုတွေအတွက် ပြည်ပ ရင်းမြစ်တွေအပေါ် အလွန်
အမင်း မှီခိုနေရပြီး ပြည်တွင်းမှာ လိုအပ်တဲ့ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စွမ်းရည်တွေ မလုံလောက်သေးကြောင်းဖော်ပြထားပါတယ်။ ထို့အပြင် ထောက်ပံ့ရေးကွင်းဆက် တွေကို ပိုမိုစုံလင်ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လိုအပ်ကြောင်းလည်း အလေးပေးထားပါတယ်။
ဒါ့အပြင် မြန်မာ့မြေရှားထွက်ပစ္စည်းတွေအ
ပေါ် အမေရိကန်ရဲ့ စိတ်ဝင်စားမှုဟာ စာတွေ့သက်သက် မဟုတ်တော့ပါဘူး။မြန်မာ့လေး
လံသော မြေရှားသတ္တုထွက်ပစ္စည်းများကို ရရှိရေးနဲ့ တရုတ်အပေါ် မှီခိုမှုကို လျှော့ချရေးအတွက် ထရန့်အစိုးရအဖွဲ့ထံ ပြိုင်ဆိုင်မှုရှိတဲ့ အဆိုပြုချက်တွေ တင်သွင်းခဲ့ ကြပါတယ်။ အဆိုပြုချက်တွေမှာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံရေး၊ လက်နက်ကိုင် KIA နဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပါဝင်နိုင်ခြေ၊ KIA နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးနဲ့ မြန်မာ့မြေရှားထွက် ပစ္စည်းတွေကို ပြုပြင်သန့်စင်ဖို့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါဝင်ခဲ့ပါတယ်။
အိန္ဒိယနဲ့ အမေရိကန်တို့အတွက် ဒါဟာ အ
ခြားအစားထိုး ရင်းမြစ်တွေနဲ့ သယ်ယူပို့
ဆောင်ရေး လမ်းကြောင်းတွေကို ရှာဖွေရာမှာ ဘုံအကျိုးစီးပွားတစ်ခု ဖြစ်လာစေပါတယ်။ "ဒီနိုင်ငံနှစ်ခုဟာ၂၀၂၆ ခုနှစ်မေလမှာ "မဟာ
ဗျူဟာမြောက် အရေးပါသတ္တုများ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်" ကို လက်မှတ်ရေး
ထိုးခဲ့ကြပြီး ဒီကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။"
မြန်မာနိုင်ငံဟာ ရင်းမြစ်တွေရော တည်နေရာအရပါ ဒီကြိုးပမ်းမှုနဲ့ သက်ဆိုင်နေပါတယ်။ ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဟာလည်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ ရှိနေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဟာ တရုတ်စိုးမိုးထားတဲ့ ထောက်ပံ့ရေး ကွင်း
ဆက်တွေကို အစားထိုးဖို့ ရှာဖွေနေတဲ့ ဈေး
ကွက်နှစ်ခုကြားက ဖြစ်နိုင်ခြေရှိတဲ့ လင့်ခ်တစ်ခု ဖြစ်လာစေပါတယ်။

👍25❤4❤🔥2🤮1🖕1
ဒါပေမဲ့ ရင်းမြစ်တွေကို ရရှိဖို့ဆိုတာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ သတ္တုတွေကို မိုင်းတွင်းတွေကနေ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စက်ရုံတွေဆီ ရွှေ့
ပြောင်းပေးနိုင်ဖို့ လည်း လိုအပ်နေပါသေးတယ်။ ဒီအခြေအနေမှာ သယံဇာတတွေကို ထုတ်လုပ်မှုကွင်းဆက်များနဲ့ ချိတ်ဆက်ပေးမည့် မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေရဲ့ အရေးပါမှု ပိုမိုမြင့်တက်လာပြီး စတီးဝဲလ်လမ်းမကြီးဟာလည်း ဆွေးနွေးမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်
လာခဲ့ပါတယ်။
ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းကြား မြေရှားထွက်ပစ္စည်းတွေ အတွက် အစားထိုး သယ်ယူပို့
ဆောင်ရေး လမ်းတစ်ခုအဖြစ် ဖန်တီးပေးနိုင်ပြီး အိန္ဒိယပြည်မကြီးက ပြုပြင်သန့်စင်ရေး စက်ရုံတွေဆီ ဆက်လက်ပို့ဆောင်နိုင်မယ့် အလားအလာရှိပါတယ်။
သို့သော်လည်း ဒီလမ်းဟာ အာရှရဲ့ ပဋိပက္ခအများဆုံး နယ်စပ်ဒေသတွေကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ နိုင်ငံတကာနယ်နိမိတ်တွေဟာ သမိုင်း
ကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံရေးရပ်တည်ချက်များအတွက် တောင်းဆိုလာကြတဲ့ တိုင်းရင်းသား နယ်မြေများ၊ လက်နက်
ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားရာဒေသတွေ ဖြတ်သန်းနေပါတယ်။
ကချင်ပြည်နယ်ဟာ ဒီလို ရှုပ်ထွေးတဲ့ အခြေ
အနေကို ထင်ရှားစွာ ဖော်ပြနေတဲ့ ဒေသတစ်ခု ဖြစ်ပြီး လက်ရှိအခြေအနေမှာ မြန်မာစစ်အုပ်
စုကတော့ ကချင်က မြေရှားသတ္တု ရင်းမြစ်တွေ တည်ရှိရာ ဒေသအားလုံးနဲ့ အဲဒီကနေ ဆက်သွယ်သွားမယ့် ပို့ဆောင်ရေးလမ်း
ကြောင်းများအပေါ် ထိန်းချုပ်နိုင်တဲ့ အခြေ
အနေ မရှိပါဘူး။
ဒါဟာအိန္ဒိယအတွက်လက်တွေ့အကောင်
အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာ စေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းမယ့် လမ်းကြောင်းတစ်ခု တည်
ဆောက်ဖို့ ဘယ်လိုကြိုးပမ်းမှုမဆို နယ်မြေထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေ၊ ဒေသခံ လူထုတွေ၊ လုံခြုံရေး အခြေအနေတွေ၊ စစ်အုပ်စုတွေနဲ့ သေချာပေါက် ဆက်ဆံဆောင်
ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ စစ်အုပ်စုကို ကျော်လွန်ပြီး KIA/KIO နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းကလည်း
နယူးဒေလီအတွက်ကိုယ်ပိုင်နိုင်ငံရေးနဲ့ သံတ
မန်ရေးရာ ရှုပ်ထွေးမှုတွေကို ဆောင်ကြဉ်းလာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလမ်းကြောင်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တည်ရှိတဲ့ နာဂနယ်မြေအတွင်းကပန်ဆောင်တောင်ကြား (Pangsau Pass)ကိုလည်း ဖြတ်သန်းသွားပါတယ်။ နာဂ နိုင်ငံရေးလှုပ်ရှားမှု တွေဟာ နာဂဒေသတွေမှာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ အာဏာစက်ကို စိန်ခေါ်လေ့ရှိတာကြောင့် နောက်ထပ် ရှုပ်
ထွေးမှုအလွှာတစ်ခုကို ထပ်ပေါင်းထည့်လိုက်သလို ဖြစ်နေပါတယ်။
ပြဿနာကမြေရှားသတ္တုရှိတဲ့နေရာကို ရောက်ဖို့တင် မဟုတ်ပါဘူး။ မိုင်းတွင်းကနေ စက်ရုံအထိ သတ္တုတွေကို ဘယ်လိုလုံခြုံစွာ သယ်ယူပို့ဆောင်မလဲဆိုတာကလည်း အရေး
ကြီးပါတယ်။ တရုတ်က ဒီကွန်ရက်ကို တည်
ဆောက်ပြီးသားဖြစ်တဲ့အတွက် အဓိကစိန်
ခေါ်မှုက လမ်းကြောင်းကို ဆက်လက် ထိန်း
ချုပ်ထားနိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် မြေရှားသတ္တုကိစ္စဟာ သယံဇာတရင်းမြစ်တင်မကဘဲ လမ်းကြောင်း၊ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပါ တိုက်ရိုက်ဆက်နွယ်နေပါတယ်။
အိန္ဒိယကတော့ တရုတ်နဲ့ မတူတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။မြန်မာနဲ့ နယ်နိ
မိတ်ချင်း ထိစပ်ပြီး မြေရှားသတ္တုရင်းမြစ်တွေနဲ့ နီးကပ်နေပေမယ့် အဲဒီရင်းမြစ်တွေရှိတဲ့ ဒေသတွေဟာ အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နေရာတွေ မဟုတ်တော့ပါဘူး။ ထို့အပြင် ကချင်ပြည်နယ် ကနေ ထွက်လာမယ့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဟာ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မတူညီတဲ့ နယ်မြေတောင်းဆိုမှုတွေကြောင့် ရှုပ်ထွေးတဲ့ အခြေအနေတွေအောက်မှာ ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အိန္ဒိယအတွက် အဓိကစိန်ခေါ်မှုကတော့ မြေရှားသတ္တုတွေကို ရရှိဖို့သာမက၊အဲဒီသတ္တုတွေကိုမြန်မာနိုင်ငံမြောက်ပိုင်းကနေ ဘယ်လို သယ်ယူပို့ဆောင်မလဲဆိုတဲ့ အချက် ဖြစ်လာပါတယ်။အဲဒီကနေတစ်
ဆင့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ သမိုင်းဝင် စတီးဝဲလ် လမ်းမကြီးဟာ တစ်ဖန် အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို မြေရှား သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်မလားဆိုတာက
တော့ လက်ရှိအချိန်မှာ မသေချာသေးပါဘူး။
လက်ရှိမှာတော့ အဲဒီတည်နေရာဟာ မြန်မာ့မြေရှားသတ္တုသိုက်များ၊ တရုတ်ရဲ့ စီးပွားရေးကွန်ရက်များ၊ အိန္ဒိယရဲ့ ဆက်သွယ်ရေးအကျိုးစီးပွားများနဲ့ အမေရိကန်ရဲ့ ပိုမိုကျယ်
ပြန့်လာတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်း
ဆက် ခိုင်မာအောင်ကြိုးပမ်းမှုများ ဆုံစည်းနေတဲ့ မဟာဗျူဟာမြောက် နေရာတစ်ခု ဖြစ်
လာနေပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကြားမှာ စတီးဝဲလ်လမ်းမကြီးဟာ မျှော်မှန်းထားသလို အမှန်တကယ်အသုံးပြုနိုင်မယ့်လမ်းကြောင်း
တစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ ဆက်
လက်စောင့်ကြည့်ရပါလိမ့်မယ်။
ကိုးကား- Geopolitical Monitor

👍34❤3👎1🤮1🖕1