People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ထိုင်းအာဏာပိုင်​တွေက မဲ​ဆောက်မြို့မှာ ​အောက်တိုဘာ ၁၇ ရက်ကစီမံချက်နဲ့ဖမ်းဆီး
စဥ်
🤬26🔥6😢5👍2👏2👎1🤩1
လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ရဲဘော် ၁ဦး ကျဆုံး

အောက်တိုဘာ-၁၇၊၂၀၂၆။မိုမို/People's Spring

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁)ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲ‌ဘော် ဂျွန်ဘောစကို (ခ)ကို့ ဟာ အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကိုယ့်ဘက်က ရထားတဲ့ကာကင်းတွေကို စခဘက်က ပြန်ပြီး ထိုးစစ်ဆင်နေတာပေါ့။ဒရုန်း ၊လက်နက်ကြီးကတော့ တောက်လျှောက်ပဲ"လို့ လတ်တလောမိုးဗြဲမြို့ အနီးတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေသေဆုံးတာ အရှင်ဖမ်းဆီးခံရတာတွေရှိတယ်လို့လည်းသူက အသိပေးပါတယ်။

‌လွန်ခဲ့တဲ့နှစ်ရက်က ကျဆုံးခဲ့တဲ့ ရဲဘော် ဂျွန်ဘောစကိုနဲ့ပတ်သက်လို့ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ လေးစားစွာဖြင့် ‌ဦးညွှတ်ဂုဏ်ပြုကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ MBPDF က ကနဦးထုတ်ပြန်ထားပါတယ်။

လတ်တလောတိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒေသခံ တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ MBPDF နဲ့ အမှတ် (၁)အယ်လ်ဖာ‌စစ်ဒေသတာ၀န်ရှိသူတွေက မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။

မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတွေရဲ့ ပြောဆိုချက်အရ စစ်တပ်ဆီက စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော် လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။

အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး မကြာခဏ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။
😭35❤4🔥4😢4🫡3👍2🙏2🤣2👏1🎉1
😢50🫡8💔2🔥1👏1🤣1🍌1🖕1
“ဒီလောက်အပြောင်းအရွှေ့တွေကြုံသလိုဖြစ်နေတာကအားလုံးပြာယာခပ်နေတဲ့ အခြေ
အနေပဲ”လို့ ဗိုလ်ချုပ်တင်မင်းလတ်ရဲ့ အ
ပြောင်းအရွှေ့လမ်းကြောင်းအပေါ် ကချင်
ပြည်နယ်မှာရှိတဲ့ သူ့နဲ့ရင်းနှီးမိတ်ဆွေဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဗိုလ်ချုပ်တင်မင်းလတ်အလွန်မှာ ရန်ကုန်
တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး၊လပခတိုင်းမှူးအဖြစ်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ပြောင်း
ရွှေ့ခဲ့ပါတယ်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်ကို ကာကွယ်
ရေးဦးစီးချုပ်ရုံး (ကြည်း)အမှတ်(၂)စစ်ဆင်
ရေးအထူးအဖွဲ့မှူးအဖြစ် အပြောင်းအလဲလုပ်ခဲ့တယ်လို့သိရပါတယ်။။

တိုင်းမှူးအဆင့်တွေ အပြောင်းအရွှေ့ပြုလုပ်တာမှာ စစ်အုပ်စုက အကြမ်းဖက်မှုအများဆုံးပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက်အ
နောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်း
မှူးလည်းပါဝင်ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်
ချုပ် ကျော်သူရနေရာမှာ အမှတ် (၉၉) ခြေ
မြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် စိုးဝင်းထွန်းကို ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စိုးဝင်းထွန်းဟာ ၂၀၂၅ နှစ်စပိုင်းမှာ အာရက္ခတပ်တော်((AA)နဲ့ မဟာမိတ်တွေ တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့တဲ့တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်နေရာကို အစားထိုးဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရာထူးနဲ့ဌာနအပြောင်းအလဲတွေ မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ရှိတဲ့ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့တာဟာ နေပြည်တော်ကို အကာ
အကွယ်ပေးဖို့အတွက် နေပြည်တော်အနီးမှာတိုင်းစစ်ဌာနချုပ်တစ်ခု ထပ်မံထားရှိခြင်းဖြစ်တယ်လို့ စစ်​ရေးအကဲခတ်​တွေကသုံးသပ်မှုတွေရှိခဲ့ပါတယ်။

“စစ်ဖက်မှာပဲဖြစ်ဖြစ် ရာထူး​နေရာ​ပြောင်းလဲတာက လုပ်ရိုးလုပ်စဥ်လို့ ပဲ​ပြောလို့ရတယ်။ဒါ​ပေမယ့် လက်ရှိအ​ပြောင်းအလဲမှာထူးခြားတာက​တော့တပ်ချုပ်ရဲဝင်းဦးလက်ထက် ကြည်းတပ်ဆိုင်ရာအ​ရေးအပါဆုံး ရာထူး​နေရာအ​ပြောင်းအလဲ​တွေ ​ဖော်​ဆောင်လာတာလို့​ပြောလို့ရတယ်” လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး အဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာ နဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက​ပြောပါတယ် ။

ဒါ​ပေမယ့် စစ်တပ်ရာထူး၊​နေရာအ​ပြောင်းအလဲ​တွေဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်​တွေအ​ပေါ် သစ္စာခံမှု ရှိ ၊မရှိအ​ပေါ်မူတည်​ပြောင်းလဲတာမျိုးဖြစ်တာ​ကြောင့် စစ်​ရေးအ​ပေါ်မှာ အ​ပြောင်းအလဲသိပ်မရှိနိုင်ဘူးလို့ CDM ဗိုလ်မှူး​နောင်ရိုးကသုံးသပ်ပါတယ်။

လက်ရှိ ရာထူးအပြောင်းအလဲတွေကိုကြိုး
ကိုင်နေတဲ့ အဏာသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်၊သူ့တပည့် ရဲဝင်းဦးအပါအဝင်သူကြိုးဆွဲရာကနေကြရတဲ့ စစ်ဗိုလ်ချုပ်တွေအားလုံးဟာ နိုင်ငံသားတွေအပေါ် စစ်ရာဇ
ဝတ်မှုကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့အတူ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေခံထားရသူတွေသာဖြစ်ပါတယ်။ အနားပေးခံရသူတွေကရော၊ ခန့်အပ်ခံရသူတွေပါ စစ်ရာဇဝတ်တရားခံဖြစ်တယ်လို့ လူထုက မှတ်ချက်ပြုပါတယ်။

“စစ်အာဏာရှင်တွေဆိုတာက သူတို့နောက်
ကျောလုံအောင်လို့ သူတို့ထက် ညံ့တဲ့သူတွေဘဲကို သူတို့မွေးထားကြတာဆိုတော့ စစ်ရေးမှာ ပိုရှုံးလာပြီးတော့ ပိုရက်စက်တာဘဲ ရှိလာလိမ့်မယ်”လို့ ပြည်သူတဦးက မှတ်ချက်ပြုပါတယ် ။

အခြားပြည်သူတဦးကလည်း“ခုလိုအပြောင်း
အရွှေ့လုပ်နေတာဟာသူ့ရဲ့ရာထူးကိုလုယူမှာကိုစိုးကြောက်နေတဲ့အတွက်ထင်ရာစိုင်းနေတာပါ။ ဒီလူ(မင်း​အောင်လှိုင်) ဟာအတော်လေးကိုအာဏာမက်မောတဲ့လူယောက်ပဲ ။သူဟာဒီနေရာကကျသွားရင် သူရောသူ့သား
သမီးတွေနဲ့ဆွေမျိုးတွေပါဒုက္ခရောက်မယ်ဆိုတာသူသိနေလို့ပဲ။ ဒါကြောင်းဟိုပြောင်းဒီရွှေ့လုပ်နေတာပေါ့”လို့ မှတ်ချက်ပြုပါတယ် ။



https://www.ludunwayoo.com/feature-mm/2026/10/14/170787/
👍29❤6💩6🖕4🤣2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရေစကြိုနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦး ရှိလာ

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အောက်တိုဘာ ၁၇ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး သေဆုံးအရေအတွက် များနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။ ကလေးငယ်တွေဟာ စစ်တပ်ရဲ့ ဗုံးစ ထိမှန်မှုကြောင့် ဆိုးဆိုးရွားရွား သေဆုံးနေတာကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။

◾️ပေါင်းတည်မှာ စစ်တပ် ဗုံးသီးချတိုက်ခိုက်လို့ မြေးအဖိုး ၃ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် လသားအရွယ်အပါအဝင် ကလေးငယ် ၂ဦးနဲ့ သူတို့ အဖိုး မြေးအဖိုး ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီကျော်မှာ ပေါင်းတည်မြို့နယ် အင်းမမြို့အခြေစိုက် စစ်တပ်ရဲ့ တပ်မ (၆၆)တပ်ဖွဲ့ဝင်တွေဟာ ပေါင်းတည်မြို့နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ခုတ်ကြီးနေရာကို ပါရာမော်တာနဲ့ ဗုံးသီးကြဲချခဲ့ပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးမြင့်လှိုင်နဲ့ သူရဲ့မြေးနှစ်ဦးဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် မောင်မြင့်မြတ်သူနဲ့ ၈ လအရွယ် မိန်းကလေးငယ်တို့ မြေးအဖိုး ၃ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တိုက်ခိုက်ချိန်မှာ ကလေးငယ်တွေရဲ့ မိဘတွေက ပဲခင်းထဲ ဆေးဖြန်းနေတာကြောင့် မိဘတွေ မထိခဲ့ဘဲ ကလေးငယ်တွေ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီကျေးရွာမှာ လက်နက်ကိုင်အဖွဲ့တွေ မရှိသလို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

◾️ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု

ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စုစည်းပြီး တပ်တစ်တပ်တည်းအဖြစ် တည်ဆောက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့က ကျင်းပတဲ့ ကရင်နီပြည်ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတင်သွင်းပြီး ကရင်နီပြည်ကြားကာလ လွှတ်တော်ကနေ ဥပဒေကြမ်းအဆင့်နဲ့ ဥပဒေအတည်ပြုပြဌာန်းတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန်ရေးတပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှု အားကောင်းစေဖို့နဲ့ ကရင်နီပြည်သူပြည်သားနဲ့ ကရင်နီပြည်ကိုဖြစ်စေ၊ ပြည်ထောင်စုကိုဖြစ်စေ ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ်နဲ့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်အဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ်တွေက အရပ်ဘက်ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ် စည်းကမ်းအမိန့်နာခံမှု နဲ့ ပြည်သူနဲ့ တပ် ဆက်ဆံရေးအပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

◾️မဲ​ဆောက်မှာ မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ
🔥8🤬4👍2❤1
ထိုင်း-မြန်မာနယ်စပ် မဲ​ဆောက်မြို့မှာ ဒီနေ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တက်ခ်ပြည်နယ်က မဲဆောက်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၇ ရက်က နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။ မနက်အစောပိုင်းကစလို့မြန်မာနိုင်ငံသား အများစုနေထိုင်ရာသွန်သောင်ရွာအပါအဝင် လူနေဧရိယာ တချို့ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိန်းသိမ်းထားသူ အများစုဟာ တရားဝင် စာရွက်စာတမ်းတွေနဲ့ ထိုင်းကို ဝင်ရောက်လာခဲ့သူတွေ မဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့က တရုတ်ဘုံကျောင်းရှေ့ကထုံထောင်းရပ်ကွက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။ ထုံထောင်းရပ်ကွက်ဟာ အခြေခံလူတန်းစား မြန်မာလုပ်သားတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်လို့ သိရပါတယ်။ တာဝန်ရှိသူတွေက ဟိုတယ်နဲ့ တည်းခိုခန်းလို နေရာတွေက နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

◾️ပလောက်မြို့က စစ်တပ်စစ်ကြောင်းနဲ့ KNLA တိုက်ပွဲ ဆက်ဖြစ်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်တပ်က တော်လှန်ရေးတပ်တွေရှိရာ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၆ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာတဲ့အပေါ် အောက်တိုဘာဒုတိယပတ်က စတင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ပလောက်မြိုအနီး ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို အောက်တိုဘာ ၁၀ရက်က စတင်ပြီး သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဘုရင့်တောင်ရွာကနေ ဆင်ထိုးကြီးဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဆက်ရှိနေတာလို့ဆိုပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀ကျေးရွာဘက်ကလည်း စစ်တပ်စစ်ကြောင်းထိုးလာလို့ KNLAနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ရဲဘော် ၁ဦး ကျဆုံး

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းတောင်-ကရင်နီစစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁)ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲ‌ဘော် ဂျွန်ဘောစကို (ခ)ကို့ ဟာ အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေသေဆုံးတာ အရှင်ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။ ‌လွန်ခဲ့တဲ့နှစ်ရက်က ကျဆုံးခဲ့တဲ့ ရဲဘော် ဂျွန်ဘောစကိုနဲ့ပတ်သက်လို့ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ လေးစားစွာဖြင့် ‌ဦးညွှတ်ဂုဏ်ပြုကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

◾️ဆောမြို့နယ်က ကားလမ်းတချို့ကို PDF ပိတ်ထား

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။ ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို အောက်တိုဘာ ၁၇ ရက် ဒီနေ့ကစပြီး ကားကြီး၊ ကားငယ် သွားလာတာမလုပ်ဖို့ သတိပေးပါတယ်။ လမ်းပိုင်းက မိုးတွင်းဆိုတော့ ပျက်စီးတာများတာကြောင့်နဲ့ စီးပွါးရေးသမား ဧည့်စိမ်းတွေများတာကြောင့် လုံခြုံရေးအရ ခေတ္တထိမ်းလိုက်တာလို့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) တာ၀န်ရှိသူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် အခုထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကို သွားတဲ့ကွင်းလမ်းပိုင်းတစ်ခုဖြစ်ပြီး လောင်းရှည်-ဆော အဓိကလမ်း ဖြစ်တဲ့ လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ် နဲ့ ဆော မှာတော့ မကြာခဏ ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။

◾️အဓမ္မစစ်သားစုဆောင်းမှုမှာ ပူးပေါင်းသူတွေကို ဘုတ်ပြင်းပကဖ အရေးယူမယ်လို့ ဆို
👍19❤5🔥1🖕1
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ မြို့နယ်၊ အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအပါအဝင် အားလုံးကို အရေးယူသွားမှာလို့ ထုတ်ပြန်ပါတယ်။ စစ်တပ်က နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဘုတ်ပြင်းပကဖက အောက်တိုဘာ ၁၇ရက် ဒီနေ့ ရက်စွဲနဲ့ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့လက်ပါးစေတွေကို သေချာစောင့်ကြည့်နေပြီး အချက်အလက်ခိုင်မာသေချာတာနဲ့ ထိထိရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ သတင်းစကားပါးလိုကြောင်း ဘုတ်ပြင်း ပကဖ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်းနဲ့ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးတဲ့အတွက် လူထုတရပ်လုံး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။
👍27👏3🔥1😁1🖕1
👍27😁2😢2🖕1
အင်းတော်မှ ဝန်းသို နဲ့ ထီးချိုင့်ထိုးတဲ့စစ် ကြောင်း​တွေ​ကို​တော်လှန်​ရေးတပ်​တွေတိုက်
ခိုက်

အောက်တိုဘာ-၁၇၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်
ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ကတည်းက အင်းတော်ကနေ အင်းအား ခန့်မှန်း ၂၀၀ မှ ၃၀၀ ကြားရှိစစ်​ကြောင်းနှစ်​ကြောင်းဟာ ထီးချိုင့်မြို့နယ်ဘက်ကိုစစ်ကြောင်းတစ်​ကြောင်း ၊ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်​ကြောင်း ထွက်ခဲ့ပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေထိုးတာ​ကြောင့်​ဒေသခံပြည်သူ​တွေဟာ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဝန်းသိုမြို့ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်
ကြောင်းဟာ မဲဇာ၊တပ်လွင်၊ ကျောက်တော
ရွာ၊ထန်တပင်တို့မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိမှာ နမ့်ခမ်းရွာထဲရောက်နေတယ်လို့
စုံစမ်းသိရပါတယ်။

"အခု နမ့်ခမ်းကနေတော့ဘယ်မှမထွက် သေးဘူး။နမ့်ခမ်းရွာထဲမှာလည်းထိတွေ့မှု ဖြစ်တယ်။ည ၉နာရီ ကျော်အထိ လက်နက်ကြီးသံကြား နေရတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ထီးချိုင့်မြို့ဘက်ကို ထွက်တဲ့စစ်ကြောင်းလည်း ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ၊မအူကုန်းနဲ့ လယ်ပြင်အထိ စစ်ကြောင်း တွေရောက်လာပြီးမှ အထိနာတဲ့အတွက် ကာပိန်းအင်းရွာထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

"လယ်ပြင်ကနေ ရှေ့ဆက်တိုးမရတော့သူတို့ နောက်ဆုတ်သွားတယ်။ပိန်းအင်းဘက်ကို အခုရောက် နေတယ်။တဖြည်းဖြည်းပိန်းအင်းကိုပြန်ဆုတ်တာပေါ့။လေယာဉ်ကလည်း ခဏခဏကို အကြီးအကျယ်ကြဲ နေတာပဲအခုက တော့"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က အင်းတော်ကနေတပ်မ (၃၃) လက်​အောက်ခံစစ်ကြောင်းတွေထွက်ကာ စစ်ကိုင်း- ကချင်ပြည်နယ်စပ်လမ်းတွေကို နယ်မြေစိုးမိုး ဖို့ကြိုးစား နေတာဖြစ်ပါတယ်။ ဒါ​ပေမယ့်တော်လှန် ရေးတပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကို ဆက်တိုက် ခံနေရတာဖြစ်ပါတယ်။
👍33❤9👎1👏1😁1🖕1
(PDF အထူးတိုက်ခိုက်​ရေးတပ်ဖွဲ့ဝင်​တွေ။
ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ
👍36❤16🥰4🤮2🖕1