ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ။ဓါတ်ပုံ-The Dplomat
👍21😢19🔥2👏1🙏1🤣1
ရေစကြိုနယ်က ကျေးရွာအချို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦးထိရှိလာ
အောက်တိုဘာ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
“လောလောဆယ် သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက (၁) ဦးလို့ သိရပါတယ်၊ အရေအတွက်များနိုင်တယ်လို့လည်းပြောပါတယ်၊ စာရင်းအတိအကျတော့ မသိရသေးပါ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။
“အကြောင်းမဲ့ကို တိုက်ခိုက်သွားတာပါ။ အနီးဝန်းကျင်ရွာတွေအားလုံး ထွက်ပြေးနေကြရပြီး စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေကြရတာပေါ့။ သူတို့ မစိုးမိုး မထိန်းချုပ်နိုင်တဲ့နေရာတွေက သူပုန်နယ်လို့ သတ်မှတ်ပြီး ပြည်သူတွေ၊ မြို့တွေရွာတွေကို ဒုက္ခပေး၊ ဖျက်ဆီး၊ မတရား သတ်ဖြတ်နေတဲ့သဘောပါပဲ”လို့ ဒေသခံ သတင်းရင်းမြစ်က စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ အခြေအနေကို ပြောပြပါတယ်။
ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဝေကြီးကလည်း အဲဒီဒေသမှာ လတ်တလော တိုက်ပွဲမရှိဘဲ စစ်တပ်က ရက်စက်စွာ တိုက်ခိုက်လာတာလို့ အသိပေး ပြောပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

🤬35👏5❤4😢1🎉1🤮1
(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
😢47👏6😭5🤬4❤3🤩1🤮1
အခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ စစ်အာဏာရှင်တွေရဲ့အကျိုးစီးပွားတစ်ခုတည်းအတွက် စစ်မှုထမ်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရတဲ့အခါကွမ်တာကင်တီကိုအကြိမ်ကြိမ် အမှတ်ရစေတယ်။ အတင်းဖမ်းချုပ်ခေါ်ဆောင်သွားခံရတဲ့၊ ခြေထောက်မှာ သံကြိုးတွေချည်နှောင်ထားခံရတဲ့၊ လူသားတယောက်ကို ကိုယ်ပိုင်ကုန်ပစ္စည်းလို သဘောထားခံရတဲ့ ကွမ်တာကင်တီ။ သူ့အတွက် စိတ်ထိခိုက် မကျေနပ်ခဲ့ရတဲ့ ခံစားချက်။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက ကျူးလွန်ခံခဲ့ရသလိုမျိုးပါပဲ။ ကျူးလွန်ခံနေရတဲ့ မြန်မာလူငယ်တွေ။ အခြေအနေ အကြောင်းတရားမတူပေမယ့် အခုခေတ်အချိန်မှာ ကိုယ်တိုင်ကြုံတွေ့နေရပါပြီ။
၁၈၃၃ ခုနှစ်မှာ ဗြိတိသျှအင်ပါယာက ကျွန်စနစ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ကျွန်ပိုင်ရှင်တွေကို သူတို့ရဲ့ “ဆုံးရှုံးမှု” အတွက် ပေါင်စတာလင် သန်း ၂၀ လျော်ကြေးပေးခဲ့တယ်။ ဒါပေမဲ့ လူသားတွေကို ပစ္စည်းတခုလို ရောင်းဝယ်ခံခဲ့ရသူတွေ၊ မိသားစုနဲ့ ခွဲခွာခံခဲ့ရသူတွေ၊ မျိုးဆက်ပေါင်းများစွာ အဓမ္မ အလုပ်လုပ်ခိုင်းစေခံခဲ့ရသူတွေကတော့ သူတို့ရဲ့နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေအတွက်ဘာလျော်ကြေးမှ မရခဲ့ကြပါဘူး။ ဗြိတိသျှကိုလိုနီ ဂျမေကာမှာ ကျွန်စနစ်ဖျက်သိမ်းရေးဥပဒေ အသက်ဝင်ခဲ့တဲ့ ၁၈၃၄ ခုနှစ်နောက်ပိုင်းမှာလည်း ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံခဲ့ရသူအများအပြားဟာ “အလုပ်သင်စနစ်” လို့ခေါ်တဲ့ စနစ်အောက်မှာ ဆက်လက်အလုပ်လုပ်ခဲ့ကြရတယ်။အဲဒီစနစ်ဟာ ၁၈၃၈ ခုနှစ်မှသာ အဆုံးသတ်ခဲ့ပြီး လွတ်လပ်ခဲ့ကြတယ်။ အခု ၂၀၂၆ ခုနှစ်မှာဆိုရင် သူတို့ရဲ့ လွတ်လပ်ခွင့်ရရှိမှုဟာ ၁၈၈ နှစ် ရှိလာပါပြီ။
ကျွန်ကုန်သွယ်မှုသမိုင်းဟာ ရာစုနှစ်များစွာ အရင်က ဖြစ်ခဲ့တာပါ။ ဒါပေမယ့် “အဲဒါက အရင်က ဖြစ်ခဲ့တာပဲ” ဆိုပြီး သမိုင်းစာအုပ်ထဲမှာထည့်ပိတ်ထားလို့ မရတော့ပါဘူး။ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ သမိုင်းစာအုပ်ရဲ့အပြင်ဖက်ရှေ့ကို ရောက်လာပါပြီ။ ၁၈၈ နှစ်အကြာ UN က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက် အခုနှစ် ၂၀၂၆ ခု စက်တင်ဘာ ၆ ရက်မှာ ဂျမေကာကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်စနစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဆိုင်ရာ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေဖို့ လန်ဒန်မြို့ကို ရောက်လာခဲ့ပါတယ်။ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက် ကို စက်တင်
ဘာ ၇ ရက်မှာ ချားလ်စ်ဘုရင်ထံကို တရားဝင် တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ချားလ်စ် ဘုရင် က အဲဒီလျော်ကြေးတောင်းဆိုမှုကို ဗြိတိန်ဘုရင် ရဲ့ အယူခံတရားစီရင်ရေးကော်မတီ” Privy Council ထံ လွှဲပြောင်းစဉ်းစားစေခဲ့တယ်။ ဒီတင်ပြချက်ဟာလျော်ကြေးငွေကိုချက်ချင်းပေးဖို့တောင်းဆိုတဲ့ စာတစောင်သက်သက် မဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ဥပဒေရေးရာ တာဝန်ယူမှုကို တရားဝင် စိစစ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီရက်စွဲကိုရွေးချယ်ခဲ့တာကလည်း အင်မတန်
အဓိပ္ပါယ်ရှိပါတယ်။ ဂျမေကာရဲ့ တင်ပြချက်ဟာဇောင် (Zong) သင်္ဘောပေါ်က လူတွေကို အောက်မေ့သတိရခြင်းနဲ့ သမိုင်းဆိုင်ရာ တရားမျှတမှုကို ရှာဖွေခြင်းတို့ကို ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။ ၁၇၈၁ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့တယ်။ အဲဒီခရီးစဉ်ဟာ လူ ၁၃၀ ကျော် ပင်လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၂၄၅ နှစ်အကြာ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ဂျမေကာက ချားလ်စ်ဘုရင်ထံ တရားမျှတမှုအတွက် တင်ပြချက်ကို တင်သွင်းခဲ့ပါပြီ။ ဒီတင်ပြချက်ဟာ အတိတ်ကို မေ့မထားကြောင်းပြသရုံသာမက၊ သမိုင်းဝင်မတရားမှုတွေအတွက် တာဝန်ယူမှုနဲ့ ပြန်လည်ကုစားရေးကို ယနေ့အချိန်မှာ တရားဝင်တောင်းဆိုနေခြင်းပဲ ဖြစ်ပါတယ်။
အလုပ်ကို အသွား ဒါမှမဟုတ် အလုပ်က အပြန် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေ၊ လှည်းတန်းမှာ အိမ်ကနေ အပြင်ခဏထွက်သွားတာမှာ ပျောက်ဆုံးသွားတဲ့ လူငယ်၊ ဧည့်စာရင်းစစ််ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်၊ ကလေးဆေးရုံတက်ရလို့ စောင့်ပေးနေရင်း ဆေးရုံအပြင် ခဏအထွက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးအဖေ၊ တက္ကသိုလ်တက်ရင်း မိသားစုကို တဖက်တလမ်းက ကူညီရှာဖွေကျွေးမွေးနေရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသား၊ စက်ရုံကအပြန် ပျောက်ဆုံးသွားတဲ့ ရခိုင်လူမျိုးမိန်းကလေးငယ်၊ ထွက်ပြေးတာကို ပြန်လည် ဖမ်းဆီးခံရပြီး ထိပ်တုံးခတ်ခံထားရတဲ့ လူငယ်တွေ။ ဒီလို လူငယ်ပေါင်း မြောက်များစွာတွေ။ ရာစုနှစ်ပေါင်းများစွာက ကွမ်တာကင်တီတို့ ကျူးလွန်ခံခဲ့ရတဲ့ မတရားမှု ၊ရာဇဝတ်မှုတွေနဲ့ ဘာမှမခြားပါဘူး။
မတရားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူတွေ၊ မိမိတို့ရဲ့ အနာဂတ်ကို စွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ၊ အတင်းအကျပ် စုဆောင်းခံရပြီး စစ်အုပ်စုအာဏာတည်မြဲဖို့ တိုက်တဲ့စစ်ပွဲဖက်ကနေ ပါဝင်ခဲ့ရတဲ့သူတွေရဲ့ ဇာတ်လမ်းတွေဟာလည်း တနေ့မှာ သမိုင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။

😢21❤5👎2🔥2🥰1💩1🤣1🖕1
အာဖရိကကျွန်စနစ်အတွက် ယနေ့ခေတ်လူတိုင်းကို အတိတ်က လူတွေရဲ့ လုပ်ရပ်အတွက် တိုက်ရိုက်အပြစ်ပေးရမယ်လို့ ဆိုလိုကြတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို သူမကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အပြစ်ပေးတာဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းမှာ မတရားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းပယ်တာ၊ အဲဒီမတရားမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်တာ၊ နစ်နာခဲ့ရသူတွေရဲ့ အသံကို မကြားချင်ယောင် ဆောင်တာတို့ဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ အမှန်တရားဆိုတာ မှတ်တမ်းထဲက အဖြစ်အပျက်တွေကို ဖုံးကွယ်မထားခြင်းပါ။ တာဝန်ခံမှုဆိုတာ အဲဒီအမှန်တရားကို ရင်ဆိုင်ခြင်းပါ။ တရားမျှတမှုဆိုတာ အဲဒီအရာတွေကို အခြေခံပြီး လူသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ အခွင့်အရေးကို ပြန်လည်အသိအမှတ်ပြုခြင်းပါ။ တရားမျှတမှုဆိုတာ ဘယ်သူ့ကိုမှ မေ့မထားခြင်းလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲ။
အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်း
တင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။
အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်
ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်း
အရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/10/17/170974/

LuduNwayOo
"တရားကသာနိုင်စေ" | LuduNwayOo
လူတယောက်ရဲ့ဘဝ၊ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်တာနဲ့ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုကို သမိုင်းထဲကပါ ဖျောက်ပစ်လိုက်လို့ မရပါဘူး။
❤28👍14🤣2🔥1😁1💩1👌1🖕1
ပလောက်မြို့က စစ်တပ်စစ်ကြောင်းနဲ့ KNLA တိုက်ပွဲ ဆက်ဖြစ်
▪️သရက်ချောင်းနယ် ဝင်း၀ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်
အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်တပ်က တော်လှန်ရေးတပ်တွေရှိရာ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၆ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာတဲ့အပေါ် အောက်တိုဘာဒုတိယပတ်က စတင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ပုလောမြိုနယ် ပလောက်မြိုအနီး ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို အောက်တိုဘာ ၁၀ရက်က စတင်ပြီး သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဘုရင့်တောင်ရွာကနေ ဆင်ထိုးကြီးဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဆက်ရှိနေတာလို့ဆိုပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀ကျေးရွာဘက်ကလည်း စစ်တပ်စစ်ကြောင်းထိုးလာလို့ KNLAနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ပလောက်ကနေ ဆင်ထိုးကြီးဘက်ကိုကျတော့ စစ်ကြောင်းထိုးတာကျတော့ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)နယ်မြေဖြစ်တယ်။ ဝင်း၀ကနေ ရငဲဘက်ကျတော့ KNLA တပ်ရင်း(၁၂) ရဲ့ တပ်ခွဲ(၂)နယ်မြေ အဲဒီ ရငဲမှာ ကျတော့ တပ်ခွဲ(၂)နဲ့ ထိတွေ့မှုတွေရှိတယ်။ ဘုရင့်တောင်ကနေ ဆင်ထိုးဘက်ကျတော့ တပ်ရင်း(၁၂) တပ်ခွဲ(၃)နဲ့ ဖြစ်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်က စစ်ရေးဆက်လက်လှုပ်ရှားလာရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ အသိပေးပါတယ်။
အခု စစ်တပ် စစ်ကြောင်းထိုးလာတဲ့ ဒေသဟာ စက်တင်ဘာလကုန်ပိုင်းက ရေကြီးမြေပြိုလို့ သဘာ၀ဘေးကြုံနေရတဲ့ ဒေသဖြစ်ပြီး ပြန်လည်ထူထောင်ရေး မလုပ်ဆောင်ရသေးချိန် စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေဟာ သဘာ၀ဘေးအပြင် စစ်ဘေးပါ ကြုံနေရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၄ရက်မှာဆိုရင် စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာ ရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့သလို ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

👍35🔥4❤3👏2👎1🤬1🙏1
ဆားလင်းကြီးမြို့အဝင်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်
အောက်တိုဘာ ၁၇၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၇) ပြုလုပ်ခဲ့ပါတယ်။
သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်းနဲ့ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးတဲ့အတွက် လူထုတရပ်လုံး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤33👍11🥰3👏3🤮1🤣1🖕1🫡1
ပြည်ပခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အသံမြှင့်တောင်းဆိုခဲ့ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော
အောက်တိုဘာ-၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။
အဲဒီ ခရီးစဉ်တွေ သွားရောက်ခဲ့တာဟာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိနေဖို့ Credential Campaign ပြုလုပ်ခဲ့တာ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားပြု ဩစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့တာ၊ တန်ဇန်နီးယားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ ၁၃၅ ကြိမ်မြောက် ညီလာခံမှာ စစ်အုပ်စုရွေးတုလွှတ်တော်ရဲ့ စိမ်ခေါ်မှုတွေနဲ့အပြိုင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ ဆက်လက်ကိုယ်စားပြုခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာ၊ ချက်နိုင်ငံမှာကျင်းပတဲ့ Forum 2000 ကွန်ဖရင့်သို့ တက်ရောက်တာ စတဲ့ခရီးစဉ်တွေကို ဝန်ကြီးက အသိပေးထားပါတယ်။
" ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီကို ဝိုင်းဝန်းခုခံကာကွယ်နေကြရတဲ့ ဒီအချိန်မှာ မြန်မာ့အရေးကို မမေ့မလျော့ ဆက်လက်အာရုံစိုက်ကြဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ညီညွတ်သွေးစည်းစွာ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ (အန်တီ )ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်လည်း အတူတကွ အသံမြှင့်တောင်းဆိုခဲ့ကြပါတယ်။” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ရေးသားထားပါတယ်။
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံနှုန်းတွေ ထိမ်းသိမ်းမြှင့်တင်ဖို့ နေနေသာသာ အကျိုးစီးပွါးပြိုင်ဆိုင်မှုတွေ ပြင်းထန် လာတဲ့ ၊ စိန်ခေါ်မှုတွေ တိုးလာ နေတဲ့ ကမ္ဘာနိုင်ငံရေး အခင်းအကျင်း ထဲမှာ မြန်မာ့အရေး နဲ့ပက်သက်ပြီး ကျားကန်ထားရတဲ့ နိုင်ငံတကာရဲ့ ညီညွတ်သွေးစည်းမှုဟာ မြေပြင်မှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ ရုန်းကန်မှုတွေနဲ့ ချိတ်ဆက်ပြီး လက်တွေ့ကျတဲ့ အထောက်အပံ့၊ ထိရောက်တဲ့ ဖိအားတွေအဖြစ် ပြောင်းလဲလာဖို့ဆက်လက်ကြိုးပမ်းရအုံးမယ်လို့လည်း ဝန်ကြီးက အသိပေးပါတယ်။
စစ်အာဏာရှင်တွေ အာဏာပလ္လင်ပေါ်က မဆင်းသရွေ့၊ ပြည်သူတွေရဲ့ အနာဂတ်ကို ပြည်သူတွေကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မရသရွေ့ ၊ စုစည်းညီညွတ်ကြရမှာ ဖြစ်သလို အချင်းချင်း အားဖြည့်ကြရမယ်လို့ ဝန်ကြီးက ပြောပါတယ်။
" စိန်ခေါ်မှုတွေကို အားတင်းကျော်ဖြတ်ရင်း ဘုံပန်းတိုင်ဆီ ဟန်ချက်ညီညီ ရှေ့ဆက်ကြရပါမယ်။ဒီတော်လှန်ရေးမှာ ပေးဆပ်ထားရတဲ့ အသက်တွေ၊ ဘဝတွေ၊ ပျောက်ဆုံးသွားရတဲ့ အနာဂတ်တွေကို ကျွန်မတို့ ဘယ်တော့မှ မေ့ထားလို့မရပါဘူး။ သူတို့ မြင်ချင်၊ တွေ့ချင်ခဲ့တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိရာ၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာကို အာမခံနိုင်ရာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်၊ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နိုင်ခြင်းကသာ သူတို့ရဲ့ ပေးဆပ်မှုတွေအတွက် ကျွန်မတို့ ပေးနိုင်မယ့် အဖြေဖြစ်ပါတယ်” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ မဟာမိတ်ဆက်ဆံရေးတို့ ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားနိုင်ဖို့ လိုကြောင်းလည်း ဝန်ကြီးက ရေးသားထားပါတယ်။
“ နယ်ပယ်တစ်ခုချင်းစီမှာ ရလာတဲ့ အောင်မြင်မှုတွေကို ဘုံပန်းတိုင်ဆီ တွန်းပို့နိုင်တဲ့ အင်အားအဖြစ် စုစည်းနိုင်မှ ကျွန်မတို့ မျှော်လင့်တဲ့ အချိုးအကွေ့ကို ရောက်နိုင်မှာပါ။ဒီနေရာမှာ ညီညွတ်ရေးဆိုတာ မဟာဗျူဟာမြောက် ညီညွတ်ရေးဖြစ်ဖို့ အရေးကြီးလှပါတယ်။ ဘုံရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သဘောတူထားပြီး မတူညီတဲ့ အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ချက်တွေကို အပြန်အလှန် အားဖြည့်နိုင်ဖို့၊ မဟာဗျူဟာနဲ့ နည်းဗျူဟာတို့ ဟန်ချက်ညီဖို့ လိုပါတယ်။ ကိုယ့်နယ်ပယ်က ကြိုးပမ်းမှုတွေဟာ အခြားနယ်ပယ်တွေရဲ့ အားထုတ်မှုတွေနဲ့ ဆုံစည်းပြီး တော်လှန်ရေးတစ်ရပ်လုံးအတွက် ရလဒ်ဖြစ်လာဖို့ပါပဲ” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အခက်အခဲတွေကို မှန်မှန်ကန်ကန် သိမြင်ပြီး အမှန်တရားအပေါ် အခြေခံတဲ့ ယုံကြည်မှု၊ မဟာဗျူဟာမြောက် စုစည်းမှုတို့နဲ့ ရှေ့ဆက်ကြရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

👍37❤7🥰6👏5🤣3💩1🖕1🫡1
မဲဆောက်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖြိုခွင်းတဲ့စီမံချက်အတွင်းမြန်မာ ၂၀၀ ကျော်ဖမ်းဆီးခံရ
အောက်တိုဘာ-၁၇၊၂၀၂၆။People's Spring
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့
တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
တက်ခ်ပြည်နယ်က မဲဆောက်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၇ ရက်နေ့တုန်းက နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။
မနက်အစောပိုင်းကစလို့မြန်မာနိုင်ငံသား အ
များစုနေထိုင်ရာသွန်သောင်ရွာအပါအဝင်
လူနေဧရိယာ တချို့ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိန်းသိမ်းထားသူ အများစုဟာ တရားဝင် စာရွက်စာတမ်းတွေနဲ့ ထိုင်းကို ဝင်ရောက်လာခဲ့သူတွေ မဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ကျားဖြန့်ကိစ္စအကြောင်းပြပြီး မြန်မာလုပ်သားတွေရှိတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးခဲ့တာလို့
မဲဆောက်မြို့မှာရောက်နေတဲ့CDM ကျောင်း
ဆရာတစ်ဦးကတော့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့က တရုတ်ဘုံကျောင်းရှေ့ကထုံထောင်းရပ်ကွက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။ ထုံထောင်းရပ်ကွက်ဟာ အခြေခံလူတန်းစား မြန်မာလုပ်သားတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်လို့ သိရပါတယ်။
" သူတို့အကြောင်းပြတာတော့ ကျားဖြန့်ဆိုပြီး လုပ်တာ။ ဒီတခါ ဖမ်းဆီးတာက ကိုဗစ်အပြီးမှာ အများဆုံးဖမ်းဆီးတာလို့ သိရတယ်။ အဲဒီနေရာက တကယ်ကို အခြေခံလူတန်းစားတွေ နေတဲ့နေတဲ့ရပ်ကွက်ပဲ။ အခုမှပြောင်းလာကြတဲ့ သူတွေ သိပ်မရှိဘူး။ ဟိုအရင်တည်းက နေကြတဲ့သူတွေများတယ်"လို့ မဲဆောက်မြို့မှာနေထိုင်တဲ့ မြန်မာအမျိုးသားတစ်ဦးက ပြောပါတယ်။
တာဝန်ရှိသူတွေက ဟိုတယ်နဲ့ တည်းခိုခန်းလို နေရာတွေက နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသား တချို့ဟာ ထိုင်းကနေတဆင့် မြန်မာဖက်ခြမ်းကအွန်လိုင်းငွေကြေးလိမ်
လည်မှု (ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတဲ့ မြဝတီမြို့နယ်ထဲ ဝင်ရောက်နေကြောင်း သတင်းတွေအပြီး မဲဆောက်မှာ အခုလို စုံစမ်းစစ်
ဆေးမှုတွေ၊ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာလို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
မဲဆောက်မြို့ရဲဲ့အရုဏ်ဦး( ဖာ့စန် မဲဆောက် )
အမည်နဲ့နယ်မြေရှင်းလင်းရေးအထူးစစ်
ဆင်ရေးမှာ လူဦးရေ၂၀၀ ကျော် ထိန်းသိမ်းခံရတယ်လို့ မဲဆောက်မြို့ရှိ မြန်မာတဦးကပြောပါတယ် ။ဒါ့အပြင် ဒီစီမံချက်အတွင်းမှာ
အွန်လိုင်းလောင်းကစားမှု ၅ ဦး ၊လက်နက်တရားမဝင်ကိုင်ဆောင်မှု ၂ မှု ၊စိတ်ကြွမူးယစ်ဆေးဝါးတွေ့ရှိမှု ၁ မှု ရှိခဲ့ပြီး ၊မဲဆောက်မြို့အတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေထဲက သံသယဖြစ်ဖွယ်နိုင်ငံခြားသား ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။
ကိုးကား: Khaosod

😢31🤬8👍3❤2👎2👏2🔥1🎉1
ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့မှာ အောက်တိုဘာ ၁၇ ရက်ကစီမံချက်နဲ့ဖမ်းဆီး
စဥ်
စဥ်
🤬26🔥6😢5👍2👏2👎1🤩1