People's Spring
✔
59.2K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဟင်းချက်နည်းသင်တန်းစတင်ပါတော့မယ်။ Hell’s Kitchen မှာပါ။ ကမ္ဘာစစ်တစ်ခုဖြစ်အောင်ချက်ပြုတ်ဖို့အတွက်ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်ပါသလဲ။

ခဲတံကိုင်ပါ၊ စာရွက်ယူပါ၊ ချရေးပါ။ ဈေးစာရင်းကဒီမှာပါ။

အရူးထအမျိုးသားရေးဝါဒ ၂၅ ကျပ်သား၊
မိစ္ဆာအာဏာရှင် ၂၅ ကျပ်သား၊အဆံချောင်
တိုင်းပြည်ခေါင်းဆောင် ၂၀ ကျပ်သား၊
သွားမရှိတဲ့ကမ္ဘာ့အဖွဲအစည်း ၂၀ ကျပ်သား၊
အောင်ကြူကြူပြည်သူ ၁၀ ကျပ်သား

အခုလိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးစားပွဲပေါ်မှာရောက်နေပါပြီ။ ကမ္ဘာစစ်ဟင်းပွဲတစ်ခုကိုချက်ပြပါတော့မယ်။

ဒါနဲ့စကားမစပ်တတိယကမ္ဘာစစ်ကစတင်နေပြီလား။ ဟုတ်ကဲ့၊ ဖြစ်ဖို့များပါတယ်။

ပထမလိုအပ်ချက်ဖြစ်တဲ့ “အရူးထအမျိုး
သားရေးဝါဒ” ကို ရုရှ၊ အမေရိကန်၊ တရုတ်၊ အစ္စရေး၊ ဂျာမဏီ၊ ပြင်သစ်စတဲ့အင်အားကြီးနိုင်ငံအတော်များများမှာလက်ကားဈေးနဲ့ရောင်းချပေးနေပါတယ်။

ဒုတိယလိုအပ်ချက်ဖြစ်တဲ့ “မိစ္ဆာအာဏာရှင်” ကတော့ဘယ်တုန်းကမှပြတ်တောက်သွားတယ်လို့မရှိပါဘူး။ ဈေးကွက်ထဲမှာ ၂၄ နာရီရပါတယ်။ ကြိုက်တဲ့အချိန်မှာဒလီနဲ့ပို့ပေးမှာပါ။ Main Supplier ကတော့ ရုရှ ပါ။

“အဆံချောင်တိုင်းပြည်ခေါင်းဆောင်” ကတော့ပစ္စည်းအသစ်ဖြစ်ပါတယ်။ ဈေး
ကောင်းတယ်။ မတည့်တဲ့သူစားမိရင်တော့ဖြေဆေးမရှိပါဘူး။ ပစ္စည်းကရွှေဝါရောင်ပါ၊ အမျိုးသမီးတွေကိုမြင်ရင် ယင်းထပါတယ်။ Made In USA ဖြစ်တယ်။ အမေရိကန်စစ်စစ် ရေမရောပါ။

“သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း” ကတော့နယူးယောက်မှာအခြေစိုက်ပြီးကြီးကျယ်တဲ့အခမ်း
အနားတွေ ပြုလုပ်လေ့ရှိပေမယ့်ရလဒ်က
တော့သိပ်မရှိတော့တာ ကြာခဲ့ပါပြီ။

နောက်ဆုံးလိုအပ်တဲ့ “ဘုမသိဘမသိပြည်သူတွေ” ကတော့ပထမဆုံးပြောထားတဲ့ “အရူးထအမျိုးသားရေးဝါဒ’ နဲ့တွဲပြီးရောင်းချပေးတာပါ။ အမေရိကန်၊ ဘရာဇီးနဲ့ဥရောပတခွင်ကဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်။ အာရှတခွင်မှာလည်းရှိပါတယ်။

အာဖရိကတိုက်ကတော့ အထက်ပါဈေးစာ
ရင်းကိုတစ်နေရာထဲနဲ့အရံသင့်ရမယ့် 7 Eleven ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာသူဆင်ထားတဲ့ထောင်ချောက်ထဲကိုသူအကြိမ်ကြိမ်ပြန်နင်းတဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ကြရအောင်ပါ။



https://www.ludunwayoo.com/feature-mm/2026/10/17/170982/
😁23👍20❤6🤮3🤣1🖕1
စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှု ပူးပေါင်းဆောင်ရွက်သူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူမယ်လို့ ဘုတ်ပြင်းပကဖ ကြေညာ

အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မြို့နယ်၊အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေအပါအဝင် အားလုံးကို အရေးယူသွားမှာလို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဘုတ်ပြင်းပကဖက အောက်တိုဘာ ၁၇ရက်မှာ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

" စကစလက်ပါးစေတွေကိုတော့ ကျနော်တို့အဖွဲ့အနေနဲ့ သေခြာစောင့်ကြည့်နေပြီး အချက်အလက်ခိုင်မာ သေခြာတာနဲ့ ထိထိရောက်ရောက် ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမယ်ဆိုတဲ့သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ပြောပါတယ်။

နိုင်ငံတော်ရဲ့ အာဏကို အကြမ်းဖက်နည်းနဲ့ အဓမ္မသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ အဖွဲ့တွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအပေါ် မည်သည့် ဥပဒေ အခွင့်အာဏာကိုမှ သုံးစွဲခွင့်မရှိကြောင်းလည်း ဘုတ်ပြင်းမြို့နယ် ပကဖရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ့်ချူပ်ချယ်သူ မှန်သမျှကို ပြည်သူလူထုဘက်ကနေ မားမားရပ်ပြီး ကာကွယ်သွားနိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ကိုလူစစ်နိုင်က ပြောပါတယ်။

“ကျနော်တို့ရဲ့အသက်ကိုပါ စွန့်လွှတ်ရရင် စွန့်လွှတ်ရပါစေ ပြည်သူလူထုဘက်မှာ အမြဲတမ်းရပ်ပြီး ကျနော်တို့အဖွဲ့ကိုယ်စွမ်းဉာဏ်စွမ်း လုပ်နိုင်စွမ်းရှိသလောက်အားကုန်စိုက်ထုတ်ပြီး ကာကွယ်သွားမယ်ဆိုတာ ယုံကြည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောပါတယ်။

စစ်တပ်ဟာ စစ်မျက်နှာအသီးသီးမှာ ပြုန်းတီးနေတဲ့ စစ်အင်အားဖြည့်တင်းနိုင်ဖို့ နိုင်ငံတဝန်း လူငယ်တွေကို နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းလျက်ရှိပါတယ်။

စစ်တပ်ရဲ့ အခုလို စစ်သားစုဆောင်းမှုကို ပြည်သူတရပ်လုံး ရတဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသလို စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ ပစလို့ခေါ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့လည်း စစ်ကောင်စီတပ်ကနေ ရတဲ့နည်းနဲ့ ရုန်းထွက်ပြီး ပြည်သူလူထုဘက် ပူးပေါင်းလာဖို့ တိုက်တွန်းနှိုးဆော်သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
❤32👏13👍3🤣2🤮1💩1🖕1
(ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘုတ်ပြင်း ပကဖ)
❤32👏7👍3🤣2🤮1🖕1
၂၀၂၆ ဆယ်လခန့်အတွင်းထိုင်းရောက်
မြန်မာတွေရဲ့ဆေးကုစရိတ်ဘတ်သန်း၉၆၀ ကျော်ရှိ

​အောက်တိုဘာ-၁၇၊၂၀၂၆။People's Spring

ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်းဟာ ၂၀၂၆ခုနှစ်အတွင်းမှာပဲ ဘတ် သန်း ၉၆၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

ထိုင်းရဲ့ ပြည်သူ့ကျန်းမာရေး စနစ်မှာ မြန်မာ
နိုင်ငံသားတွေအတွက်အခုနှစ်ကျသင့်ငွေ စာ
ရင်းရှင်း တန်ဖိုးက ဆယ်လခန့်မှာပဲဘတ် ၉၆၄.၂၅ သန်းထိ ရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဌာနရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။

အဲဒီထဲကအများစုကိုတော့လူနာတွေက စ
ရိတ်အပြည့် ရှင်းလင်းပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။ စုစုပေါင်း ဘတ် ၈၆၃ သန်း၊ တစ်နည်းအားဖြင့် စာရင်းစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကို အပြည့်အဝ ပေးချေခဲ့ကြပါတယ်။

ဘတ် ၇၂.၃၂ သန်းစာအတွက်ကတော့ ပေး
ချေနိုင်စွမ်း မရှိခဲ့ကြဘဲ ၁၁.၅၂ သန်း အတွက်ကိုတော့တစ်ပိုင်းတစ်စပေးချေမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစာရင်းက ကိန်းဂဏန်းတွေကိုကြည့်
ပြီး ဘယ်သူတွေကစရိတ်ပေးချေမှု မရှိခဲ့ဘူး
လဲ ဆိုတာမျိုး အလွယ်တကူ ကောက်ချက် မချသင့်ကြောင်း၊ စရိတ်ပေးချေမှုနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ကွဲပြားတဲ့ အသေးစိတ် အခြေအနေတွေ အများကြီး ရှိနေကြောင်းလည်း အဲဒီ စာရင်းထဲမှာ မှတ်ချက် ထည့်
သွင်း ဖော်ပြထားပါတယ်။

ကိုးကာ-Thaiger
🔥20👍10🤣1
နယ်စပ်ရှိမြန်မာဒုက္ခသည်စခန်းမှ လူနာတဦးကို ထိုင်းကျန်းမာ​ရေးဝန်ထမ်း​တွေက ​ဆေးရုံ​ပေါ်မှာကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးစဥ်။ဓါတ်ပုံ-ရိုက်တာ
🔥21😢10❤4👍2🤣1
■သတင်း​ဆောင်းပါး

နေ့ရက်တစ်ရက်ချင်းစီကို ရင်ဆိုင်ရင်း

●ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှ နေ့စဉ်ကြုံတွေ့နေရသော ရှင်သန်ရပ်တည်ရေး စိန်ခေါ်မှုများ

-ခါကာဘို ဘာသာပြန်​သည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းအနီး စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်သူတချို့ဟာ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စခန်းအနီးဝန်းကျင်က လယ်ကွင်းတွေနဲ့ သစ်တောတွေထဲမှာအစားအစာနဲ့ထင်းတွေ ရှာဖွေရင်း အသက်ရှင်ရပ်တည်ဖို့ ရုန်းကန် နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်အဖြစ်ဘာကြောင့်ဒီကို ရောက်လာရတာလဲလို့ မေးလိုက်တဲ့အခါ
'စန်းစန်း'က မျက်ရည်ဝဲပြီး ငိုကြွေးမိခဲ့ပါတယ်။ သူမက ရွာကနေ ထွက်ပြေးလာစဉ် သယ်ယူလာနိုင်ခဲ့တဲ့ တစ်ခုတည်းသော အ
ဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေကို လက်ညှိုး
ထိုးပြပါတယ်။ပြီးတော့အိတ်ထဲကနေဟောင်း
နွမ်းနေပြီဖြစ်တဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ပြပါတယ်။

“ဒါက မီးမလောင်ခင်က ကျွန်မတို့အိမ်ပုံပါ” ဟု ဓာတ်ပုံထဲရှိ ကြီးမားကျယ်ဝန်းတဲ့အိမ်ကြီးကို လက်ညှိုးထိုးပြရင်း 'စန်းစန်း'က ပြောပြပါတယ်။ “တစ်နေ့နေ့မှာ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာရမယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး” ဟု သူမက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရခိုင်
ပြည်နယ်၊ စစ်တွေမြို့နယ်က ကျားမသောက်ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် (AA)အခြေစိုက်နိုင်ခြေ မရှိအောင်ဆိုတဲ့ ရည်
ရွယ်ချက်နဲ့ အဲဒီအနီးတဝိုက်က ကျေးရွာအ
များအပြားကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ​ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တည်ရှိတဲ့ စစ်တွေမြို့ဟာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုထဲမှာ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ် ၃ ခုအနက် တစ်ခု ဖြစ်ပါတယ်။ စစ်
တပ်က စစ်တွေပါတ်ဝန်းကျင် ရွာတွေမှာ နေ
ထိုင်ကြသူတွေကိုကြောက်လန့်ပြီးရွှေ့ပြောင်း
သွားအောင် လုပ်တဲ့နည်းလမ်းနဲ့ စစ်တွေမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဆက်လက်ထိန်း
ချုပ်ထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကျားမသောက်ရွာ မီးရှို့ခံရတဲ့အချိန်မှာ စန်းစန်းရဲ့ မိသားစု (ခင်ပွန်းဖြစ်သူနဲ့ ကလေးနှစ်ဦး) အပါအဝင်ရွာသား ၆၅၀ခန့်ထဲက အများ
စုဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေဘက်ကို ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွာသား သုံးပုံတစ်ပုံခန့်ကတော့ အ
သက်ကြီးသူတွေနဲ့ မသန်စွမ်းသူ အများအ
ပြား ပါဝင်ပြီး စစ်တွေမြို့ပေါ်က ဘုန်းကြီး
ကျောင်းတွေမှာ ခိုလှုံနေခဲ့ကြပါတယ်။

ကျားမသောက်ရွာကစန်းစန်းနဲ့အခြားမိသား
စု ၁၀ စုဟာ စစ်တွေမြို့ရဲ့ မြောက်ဘက် ကီ
လိုမီတာ အနည်းငယ်အကွာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ရောက်ရှိလာခဲ့ကြပါတယ်။ပုဏ္ဏားကျွန်းမြို့
နယ်ကို သီတင်းပတ်များစွာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လလယ်မှာ AA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းကို သွားရတဲ့ ခရီးစဉ်ဟာ အလွန်အန္တရာယ်များခဲ့ပြီး ကုလားတန်မြစ်
ကြောင်း အတိုင်း ခရီးဆက်ခဲ့ရပါတယ်။ စစ်တွေဘက်ကစစ်ဘေးရှောင်တွေထပ်မံရောက်
ရှိလာတာကြောင့် စခန်းမှာ ခိုလှုံနေသူဦးရေဟာ ၁,၆၄၃ ဦးအထိ ရှိလာခဲ့ပါတယ်။

အဲဒီစခန်းဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉၃ ခုထဲက တစ်ခု ဖြစ်ပါတယ်။အခုနှစ်ဖေဖော်ဝါရီ၈ရက်
နေ့မှာတော့ အဲဒီစစ်ဘေးရှောင်စခန်းကို ဆောင်းပါးရှင် ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ အဲဒီစခန်းရဲ့ အခြေအနေဟာ ဝမ်း
နည်းကြေကွဲမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ စိတ်
ပျက်မှုတွေ လွှမ်းမိုးနေပါတယ်။ စခန်းထဲမှာ တဲအိမ်များစွာကို တွေ့ရပြီး၊ သက်ကယ်၊ ဝါးနဲ့ တာပေါ်လင်စတွေကို အသုံးပြုပြီး ဆောက်ထားတဲ့ တဲငယ်တွေဟာကျဉ်းမြောင်းစွာတည်
ရှိနေကြပါတယ်။

စခန်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံး သွားရတာ၊ အိမ်နီးချင်းအသိုင်းအဝိုင်းတွေနဲ့ အပြန်အလှန်ကူညီပေးတဲ့ ကွန်ရက်တွေ ပျက်စီးသွားတာ၊ အကူအညီပေးရေးစနစ်တွေ ထိခိုက်သွားတာ စတဲ့ ပြဿနာမျိုးစုံကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန် နေကြရပါတယ်။

မောင်တင်လှ ဟာစစ်တွေမြို့၊ မကျည်းမြိုင် (ရပ်ကွက် ၃) မှာနေထိုင်တဲ့ချမ်းသာတဲ့ စီး
ပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။သူဟာ မြို့စွန်မှာ ၅ ဧက ကျယ်ဝန်းတဲ့ လယ်မြေကို ပိုင်ဆိုင်ပြီးတစ်နှစ်ပတ်လုံးစိုက်ပျိုးလုပ်
ကိုင်ကာ ဝင်ငွေကောင်းကောင်း ရရှိခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ထိုးစစ်အများစုဟာစစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို ဦးတည်ခဲ့တာကြောင့် မကျည်းမြိုင်ရပ်ကွက်သားတွေက မြို့ထဲမှာရှိတဲ့ သူတို့ရဲ့ အိမ်တွေအထိ စစ်ဘေးအန္တရာယ် ရောက်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စစ်တပ်က စစ်တွေမြို့ပေါ်က ရပ်
ကွက်တချို့ကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးလာတဲ့အခါ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
🤮11👍6❤4🤬3👏1🖕1
AA အဖွဲ့ဝင်တွေလို့ သံသယရှိခံရတာကြောင့် လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ “စစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ရခိုင်ပြည် လွတ်
မြောက်ရေးပါတီ (ALP) က အိမ်ထောင်စုတချို့ရဲ့ အချက်အလက် တွေကို စစ်တပ်ဆီ ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော့်နာမည်လည်းပါသွားပြီလို့ ခံစားမိခဲ့ပါတယ်” ဟု မောင်တင်လှက အဲဒီအချိန်ကို ပြန်လည်ပြောပြပါတယ်။

မတ်လ ၁၇ ရက် သန်းခေါင်ယံအချိန်လောက်မှာ သူ့အိမ်အနီးက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီးတဲ့နောက် မောင်တင်လှက ရွာကနေ ထွက်ခွာဖို့ အမြန်ပြင်ဆင်ခဲ့ပါတယ်။ သူ့ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ရွှေထည်ပစ္စည်းတွေ၊ ငွေကြေး၊ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေ ထည့်ထားတဲ့ အိတ် ၇ အိတ်ကို သယ်ဆောင်ပြီး AA ထိန်းချုပ်ထားတဲ့ ဒေသဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

၅ ရက်ကြာ ပင်ပန်းခက်ခဲစွာ ကီလိုမီတာ ၉၀ ခန့် ခရီးနှင်ခဲ့ပြီးနောက် အဲဒီမိသားစုဟာ ပုဏ္ဏားကျွန်း မြို့နယ်ရှိ ဒီစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက် မောင်တင်လှက သက်ကယ်တဲဆောက်လုပ်ဖို့ လို
အပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူပြီး မိသားစုအတွက် နေစရာတစ်ခု ဖန်တီးခဲ့သလို အစား
အစာနဲ့ သောက်သုံးရေတွေကိုလည်း စီစဉ်ခဲ့ပါတယ်။

“ကျွန်တော့်မှာ ကျပ် ၁၀ သိန်းခန့် (ဒေါ်လာ ၄၇၆ ခန့်) ပါလာပေမယ့် အဲဒီငွေက တစ်လစာလောက်ပဲ ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထည်တွေကို စရောင်းရတော့တာပါပဲ။ အိမ်ကနေ သယ်လာနိုင် ခဲ့တဲ့ စုစုပေါင်းပမာ
ဏရဲ့ ထက်ဝက်လောက် ကုန်သွားပါပြီ” ဟု မောင်တင်လှက ပြောပါတယ်။ “ကျန်တဲ့ရွှေတွေကို ရောင်းရင်တော့ နောက်ထပ် တစ်နှစ်လောက် ဆက်ပြီး တောင့်ခံနိုင်ဦးမယ် ထင်ပါတယ်။”

စစ်ဘေးရှောင်တွေထဲက တံငါသည်တချို့ဟာ အနီးအနားက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းအတွက် ရောင်းချကြပါတယ်။တချို့ကတော့ တောင်
ကုန်းတွေပေါ်ကနေ ထင်း၊ ဝါးနဲ့ ဟင်းသီး
ဟင်းရွက်တွေကို ရှာဖွေယူပြီး ကိုယ်တိုင်စားသုံးကြသလို စခန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာလည်း ပြန်လည်ရောင်းချကြပါတယ်။

ဒါပေမယ့် မောင်တင်လှဟာ တံငါသည်တစ်ဦး မဟုတ်သလို အစားအစာနဲ့ ထင်းရှာဖို့ တောင်ပေါ် တက်ရာမှာလည်း ကျွမ်းကျင်သူ မဟုတ်ပါဘူး။ သူ့ဇနီးကလည်း အိမ်မှုကိစ္စတွေနဲ့ တစ်နေ့လုံး မအားမလပ်ဖြစ်နေပြီး စ
ခန်းကနေ ၂ ကီလိုမီတာခန့်အကွာရှိ ကျောင်းမှာ ပထမတန်းတက်နေတဲ့ အသက် ၇ နှစ်အရွယ် သားဖြစ်သူကို ပြုစုစောင့်ရှောက်နေရပါတယ်။

“အခုအချိန်ထိတော့ မိသားစုကို ရေရှည်ထောက်ပံ့နိုင်မယ့် ဝင်ငွေရလမ်းကို ရှာမတွေ့သေးပါဘူး"လို့မောင်တင်လှကပြောပါတယ်။ စစ်တွေမြို့က အိမ်ကို အမြန်ဆုံး ပြန်နိုင်မယ့်နေ့ကိုမျှော်လင့်ရင်းစောင့်ဆိုင်းနေရုံပဲ ရှိတော့ပါတယ်။

ဒီစခန်းမှာ မောင်တင်လှလိုပဲ အရင်က အဆင်
ပြေချမ်းသာခဲ့ရာကနေ အခုအခါ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတဲ့ လူတွေရဲ့ အဖြစ်အ
ပျက်တွေ အများကြီး ရှိနေပါတယ်။ သူတို့ရဲ့ အိမ်တွေဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ ဒါမှမဟုတ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် အခုတော့ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရင်း သစ်တောနဲ့ တောင်
ကုန်းတွေ ကနေ အစားအစာနဲ့ ထင်းတွေကို ရှာဖွေပြီး အသက်ရှင်နေကြရပါတယ်။

စစ်ဘေးရှောင်စခန်းရဲ့ နေ့စဉ်ဘဝကို လိုအပ်
ချက်တွေနဲ့ပဲ လည်ပတ်နေကြရပြီး နေမထွက်ခင် ကတည်းက စခန်းမှာ နေထိုင်သူတွေဟာ အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းအ
တွက် ရှာဖွေဖို့ ပြင်ဆင်ကြရပါတယ်။ အများစုက စခန်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်
ကုန်းတွေဘက် ခက်ခဲကြမ်းတမ်းတဲ့ လမ်း
ခရီးကို လျှောက်သွားကြပါတယ်။ မွန်းတည့်ချိန်လောက်မှာတော့ ရှာဖွေရရှိလာတဲ့ ဟင်း
သီးဟင်းရွက်တွေနဲ့ ထင်းတွေကို သယ်ဆောင်ပြီး စခန်းကို ပြန်လာကြပါတယ်။

မောင်အေးထွန်းနဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူအတွက်တော့ လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်ရဲ့ မီးရှို့မှုကြောင့် စစ်တွေမြို့နယ်၊ မြစ်နားရွာကနေ ဒီစခန်းကို ရောက်လာခဲ့တဲ့အချိန်ကတည်းက တောင်ပေါ်ကို သွားရောက်ရှာဖွေရတာဟာ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၃ နှစ်အတွင်း စခန်းကလူတွေ အထိန်းအကွပ်မရှိ ရှာဖွေအသုံးပြုခဲ့ကြတာကြောင့်တောင်ပေါ်က သ
ယံဇာတတွေ တဖြည်းဖြည်း ပြုန်းတီးလာနေပါပြီ” ဟု သူက ညည်းတွားပြောပါတယ်။

“လွန်ခဲ့တဲ့၂ နှစ်ကနဲ့ နှိုင်းယှဉ်ရင်အခု ဟင်း
သီးဟင်းရွက်နဲ့ ထင်းရဖို့ ပိုပြီး အားစိုက်ရှာဖွေရပါတယ်။ တောင်တွေထဲကို ပိုနက်နက်ဝင်သွားရပြီး နေ့တိုင်း ဒီလောက်ပမာဏ ရနိုင်မယ်ဆိုတာလည်း မသေချာတော့ပါဘူး”လို့မောင်အေးထွန်းက ပြောပါတယ်။

တောင်ကုန်းတွေပေါ်က သစ်တောတွေ အ
လျင်အမြန် ပြုန်းတီးလာတာကို စိုးရိမ်တဲ့အတွက် ULA က လွန်ခဲ့တဲ့ ၅ လကတည်းက သစ်ခုတ်မှုတွေကို ကန့်သတ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

မောင်အေးထွန်းရဲ့ မိသားစု ၄ ဦးအတွက် အ
စားအစာတင် နေ့စဉ်ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ ခန့် ရှိပါတယ်။ဒါပေမယ့် ဟင်းသီး
ဟင်းရွက်နဲ့ ထင်းရောင်းရတဲ့ နေ့စဉ်ဝင်ငွေကတော့ တစ်ခါတလေ ကျပ် ၁၀,၀၀၀ တောင် မပြည့်ပါဘူး။ ရရှိလာသမျှ ငွေအများစုကိုတော့ အဓိကလိုအပ်တဲ့ ဆန်ဝယ်ယူဖို့ အသုံး
ပြုရပါတယ်။
❤12👍5🔥2😢2👏1🤮1🖕1
ဧပြီလကနေ စက်တင်ဘာလအထိ ကြာမြင့်တဲ့ မိုးရာသီမှာတော့ တောင်ပေါ်ကနေ အ
စားအစာ ရှာဖွေရရှိနိုင်မှု လျော့နည်းသွားပါတယ်။ စခန်းမှာထင်းတွေ ပိုများလာပေမယ့် ဝယ်ယူမယ့်သူတွေ ကတော့ နည်းပါးလာပါတယ်။စခန်းထဲက အိမ်တိုင်းနီးပါးရဲ့ အဝင်ဝမှာ ခုတ်ထွင်ထားတဲ့ သစ်တုံးတွေကို စုပုံထားပြီး ဝယ်ယူနိုင်မယ့်သူကို စောင့်ဆိုင်းနေရပါတယ်။

မိသားစုဝင်များတဲ့ အိမ်ထောင်စုတွေကတော့ မိသားစုဝင်တချို့ကို အနီးအနားကျေးရွာတွေကဈေးတွေကိုစေလွှတ်ပြီးပိုကောင်းတဲ့ ဈေး
နှုန်းနဲ့ ရောင်းချနိုင်ကြပါတယ်။ ဒါပေမယ့် အနီးအနား ဒေသတွေမှာ လေကြောင်းတိုက်
ခိုက်မှုတွေ ဒါမှမဟုတ် လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် ဈေးတွေ ရက်ပေါင်းများစွာ ပိတ်ထားရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။အဲဒီလိုဖြစ်ရပ်တွေကြောင့်ဝင်ငွေထိခိုက်ခဲ့သလို မိသားစုတွေဟာလည်း အစားအစာစားသုံးမှုကို လျှော့ချခဲ့ရပါတယ်။

စခန်းမှာ သွားရောက်နေထိုင်စဉ်အတွင်း တနေ့ကို နှစ်နပ် ပုံမှန်စားနိုင်ဖို့ ဒါမှမဟုတ် ထ
မင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေ ထည့်စားနိုင်ဖို့တောင် ခက်ခဲနေတဲ့မိသားစု ၃ စုကို တွေ့ဆုံခဲ့ပါတယ်။

ဒေါ်ဦးတင်ညွန့် (၇၅ နှစ်) ဟာ သားသမီးမရှိတဲ့ မုဆိုးမတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တွေမြို့နယ်၊ ကရင်ဒေါရွာကို စစ်တပ်က ဘူဒိုဇာနဲ့ ဖြိုချပြီး မီးရှို့ဖျက်
ဆီးခဲ့တာကြောင့် သူမဟာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ အဲဒီစခန်းကို သွားနေကြတဲ့ အိမ်နီး
ချင်းတွေရဲ့ အကူအညီနဲ့ စစ်ဘေးရှောင် စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ကျပ်ရှစ်သောင်းခန့်ကလွဲရင် စခန်းမှာ ဆက်လက်အသက်ရှင် ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် ဘာပစ္စည်းမှ သူမနဲ့အတူ မပါလာခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကုန်အထိတော့ NGO အဖွဲ့ ၂ ခုနဲ့ ULA တို့ရဲ့ ထောက်ပံ့မှုတွေနဲ့ အသက်ရှင်ရပ်
တည် ခဲ့ရပါတယ်။ အခုအချိန်မှာတော့ စခန်းထဲက အခြားအိမ်ထောင်စုတွေရဲ့ အကူအညီကို မှီခိုနေရပါတယ်။သူမဟာကိုယ်ခန္ဓာအား
နည်းလွန်းတာကြောင့် တောင်ပေါ်တက်ပြီး အစားအစာရှာဖွေဖို့ မဖြစ်နိုင်သလို နေ့စားအလုပ်သွားလုပ်ဖို့လည်း အင်အားမရှိတော့ပါဘူး။

သူမရဲ့ ရှေ့ဆက်ဘဝအစီအစဉ်တွေနဲ့ ပတ်
သက်ပြီး မေးမြန်းတဲ့အခါ ခဏတာ တိတ်
ဆိတ်စွာ ကြည့်နေပြီးနောက် ပြုံးရင်း “ကျွန်မအတွက်တော့ 'နေ့ရက်တစ်ရက်ချင်းစီကို ရင်ဆိုင်ရင်းပဲ ဖြတ်သန်း နေရပါတယ်။ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာကိုလည်း
မသိနိုင်ပါဘူး"လို့ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရင်ဆိုင်နေရတဲ့ မရေရာမှုတွေဟာ NGO အဖွဲ့တွေနဲ့ ULA တို့ထံက ဆန်ထောက်ပံ့မှုတွေ လျော့နည်းချိန်မှာတော့ ပိုမိုကြီးမားလာပါတယ်။

“လွတ်မြောက်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတွေကို အကူအညီပေးနေတဲ့ NGO အဖွဲ့ အစည်း ၅၀ ကျော် ရှိပါတယ်။ ဒါပေမယ့် ပေးနိုင်တဲ့ အကူအညီပမာဏက လိုအပ်ချက်နဲ့ ဘယ်တုန်းကမှ မလုံလောက်ခဲ့ပါဘူး။ ဘဏ္ဍာငွေစီးဆင်းမှု ကွန်ရက်တွေကိုကန့်သတ်နှိမ်
နင်းတာတွေအပါအဝင် အကြောင်းရင်းများစွာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ရရှိတဲ့ ရန်ပုံငွေဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်"လို့ ULA လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်
ရွက်ရေးရုံး (HDCO) မှ တာဝန်ရှိသူ လှနွယ်က ပြောပါတယ်။

NGO တစ်ခုကို ဦးဆောင်နေတဲ့ ဝင်းမြင့်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေထံက ရရှိတဲ့ ရန်ပုံငွေပမာဏဟာ အလွန်အမင်း လျော့
ကျသွားတယ်လို့ အတည်ပြုပါတယ်။

ဒီလို ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ကလာရောက်ခိုလှုံနေသူတချို့ဟာစိုက်ပျိုးရေးလုပ်ငန်းပြန်လည်လုပ်ကိုင်ဖို့အတွက် မိမိတို့ရဲ့ လယ်ကွင်းတွေရှိရာကို ပြန်သွားကြရပါတယ်။

စစ်တပ်ရဲ့ ဆက်တိုက်ပစ်ခတ်မှုတွေကြောင့် ငြိမ်းငြိမ်းထွန်း နဲ့ သူမရဲ့ မိသားစုဝင် ၅ ဦးဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ ကျေးသိုးရွာကနေ ထွက်ခွာခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူက လက်နက်ကြီးထိမှန် ထားတာကြောင့် နေ့စားအလုပ်လုပ်ဖို့ မဖြစ်နိုင်သလို ထင်းနဲ့ ဟင်းသီး
ဟင်းရွက်ရှာဖို့ တောင်ပေါ် ကိုလည်း မသွားနိုင်တော့ပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးအတွင်း အဲဒီမိသားစုဟာ တစ်နေ့ကို ထမင်းတစ်နပ်သာ စားခဲ့ရပြီး အခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပဲ အပြည့်အဝ မှီခိုခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ငြိမ်းငြိမ်းထွန်းရဲ့ ခင်ပွန်းဟာ ပုဏ္ဏားကျွန်းမြို့နယ်က တခြားသူတွေ နည်းတူ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ သွားရောက်ခဲ့ပါတယ်။ သူဟာ စခန်းနဲ့ကီလိုမီတာ ၅၀ ခန့် အကွာမှာရှိတဲ့ လယ်ကွင်းတွေမှာ ၂ လခန့် သွားရောက်နေထိုင်ပြီး၊ ၅ လအကြာမှာ ရိတ်သိမ်းဖို့ ပြန်သွားခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ရိတ်သိမ်းမှုကတော့ အဆင်မပြေခဲ့ဘူးလို့ ငြိမ်းငြိမ်းထွန်းက ပြောပါတယ်။ “ဒီနှစ်မှာ စိုက်ပျိုးသီးနှံဈေးတွေ အ
ရမ်းမကျဘူးဆိုရင် အခြေအနေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်ရင် ကျွန်မတို့ တစ်နေ့ကို ထမင်းနှစ်နပ်စားနိုင်မှာပါ”လို့ သူမက ဆိုပါတယ်။
👍11😢8👏2❤1🔥1🤮1🖕1
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းအားလုံးဟာ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီဒေသရဲ့ မြေအောက်ရေအနက်ဟာအနီးအနားဒေသတွေထက်ပိုနက်
ရှိုင်းပါတယ်။စခန်းတွင်းတူးဖော်ထားတဲ့ ရေ
တွင်းတွေနဲ့ အနီးအနားက ကန်နှစ်ခုမှာရှိတဲ့ ရေပမာဏဟာ ဆောင်းရာသီလတွေမှာ အ
လွန်လျော့နည်းသွားတတ်ပါတယ်။

ULA တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ စခန်းအနီးဝန်းကျင်မှာ မြေအောက်ရေကို ရှာဖွေရဖို့ ပေ ၆၀၀ ခန့်အနက်ထိ တူးဖော်ရပါတယ်။ အသုံးပြုလို့ရတဲ့ ရေတွင်းတွေ တူးဖော်ဖို့အ
တွက် စက်ပစ္စည်းတွေ လိုအပ်ပေမယ့် အဲဒီပစ္စည်းတွေကို အလွယ်တကူ ရရှိနိုင်ခြင်း မရှိပါဘူး။

နှစ်စဉ် ဒီဇင်ဘာလကနေ ဧပြီလအထိ စခန်းမှာရှိတဲ့ အိမ်ထောင်စုတိုင်းဟာ အကွာအဝေး မီတာ ရာချီတဲ့ ကုလားတန်မြစ်ကို ရေခပ်ဖို့ သွားကြရပါတယ်။ ဒါဟာ အသက်ကြီးသူတွေအတွက်၊ အထူးသဖြင့် ကူညီပေးမယ့် လူငယ်ဆွေမျိုးမရှိသူတွေအတွက် အလွန်ခက်ခဲပါတယ်။ ဒါကြောင့် သူတို့ဟာ နေ့စဉ် လိုအပ်တဲ့ ရေကို အနည်းငယ်စီနဲ့သာ ချွေတာသုံးစွဲနေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ULA ရဲ့ အကူအညီနဲ့ NGO တစ်ခုက စခန်းမှာရေလှောင်ကန်ကြီး ၅ ကန်ကို တပ်ဆင်ပေး ခဲ့ပါတယ်။ အရင်ကတော့ မြစ်ကနေ ရေကိုရေဘောက်ဆာကားတွေနဲ့ သယ်
ယူပေးခဲ့ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေထံက ရန်ပုံငွေ လျော့နည်းလာတဲ့အတွက် ဒီနှစ်အစပိုင်းမှာ အဲဒီ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ရေရှားပါးမှုအပြင် စစ်ဘေးရှောင်စခန်းတွေဟာ မြစ်၊ ရေတွင်းနဲ့ ရေကန်တွေက ရရှိတဲ့ နောက်ကျိနေတဲ့ ရေတွေကိုလည်း အဆင်ပြေသလို အသုံးပြုနေကြရပါတယ်။ NGO ဝန်
ထမ်းတွေက စခန်းတချို့မှာ ရေစစ်ထုတ်စက်တွေ ထောက်ပံ့ပေးထားပေမယ့် လိုအပ်ချက်ကတော့ အလွန်များပြားနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ စခန်းအများအပြားရဲ့ လိုအပ်
ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ရန်ပုံငွေနဲ့ စက်
ပစ္စည်းတွေ ပိုမိုလိုအပ်နေပါတယ်။

ညစ်ညမ်းတဲ့ရေကြောင့် ဖြစ်တဲ့ အရေပြားရောဂါကနေ လွန်ခဲ့တဲ့ ၅ လက ပြန်လည်သက်သာလာတဲ့ မျိုးအောင်က အချို့မိသားစုတွေဟာ သောက်ရေကို ကျိုချက်သောက်ကြပေမယ့် “အများစုကတော့ မကျိုကြပါဘူး” လို့ ပြောပါတယ်။ “စခန်းမှာ ဖြစ်နေတဲ့ ရောဂါအများစုရဲ့ အဓိကအကြောင်းရင်းက ရေပါပဲ” ဟု သူက ဆိုပါတယ်။ အရေပြားရောဂါတွေအပြင် မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေကိုလည်း စခန်းနေသူတွေ ခံစားကြရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရောဂါတွေကြောင့် စခန်းမှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

စခန်းကနေ သိတ်မဝေးလှတဲ့ ကျေးရွာတစ်ရွာမှာ ULA က ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးဌာနက ဆရာဝန်တစ်ဦးဟာ လူနာတွေကို စစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေ ညွှန်ကြားပေးပါတယ်။ ဒါပေမယ့် ဆေးဝါးတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ထောက်ပံ့ရရှိရာ နေရာအမျိုးမျိုးကနေ တင်သွင်းနေရတာကြောင့် အချိန်တိုင်း အလွယ်တကူ ရရှိနိုင်တာတော့ မဟုတ်ပါဘူး။

စစ်ဘေးရှောင်စခန်းတွေမှာ အသက်ရှင်ရပ်
တည်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေက စခန်းနေသူ တချို့ကို ပုံမှန်ဝင်ငွေရနိုင်မယ့် နည်းလမ်းအသစ်တွေ ရှာဖွေဖန်တီးဖို့ တွန်း
အားပေးခဲ့ပါတယ်။ မမြဦးဟာ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာကနေ မိသားစုဝင် ၆ ဦးနဲ့အတူ ဒီစခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီရွာဟာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ရွာ
သားအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

မမြဦးဟာ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့တွေက ဆိုင်တွေမှာရောင်းချတဲ့ရိုးရာခြုံထည်တွေနဲ့ လုံချည်တွေကို ရက်လုပ်တဲ့ နာမည်ရ ယက်ကန်းသမားတစ်ဦး ဖြစ်ပါတယ်။ စခန်းကနေ ကီလိုမီတာ ၆၀ ခန့်အကွာမှာရှိတဲ့ ရွာကနေ ထွက်ပြေးလာရတဲ့အချိန်မှာတော့ အဝတ်
အစားနဲ့ အိမ်သုံးပစ္စည်းလို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ ရက်ကန်းစင်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ ရွာမှာပဲ ချန်ထားခဲ့ရပေမယ့် ကံကောင်းစွာနဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မီးလောင်ပျက်စီးခြင်း မရှိခဲ့ပါဘူး။

"စခန်းရောက်ပြီး ၃ လလောက်ကြာတော့ စ
ခန်းထဲက ကျွန်မတို့တဲမှာ ယက်ကန်းစင် တပ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ခင်ပွန်းရဲ့ နေ့စားဝင်ငွေက မမှန်တဲ့အတွက် အပိုဝင်ငွေရဖို့ လိုအပ်လာခဲ့တာပါ” ဟု မမြဦးက ပြောပါတယ်။

အဲဒီနောက် သူမဟာ ရွာကို ၂ ခေါက် ပြန်သွားပြီး ယက်ကန်းစင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စခန်းဆီ သယ်ဆောင်လာခဲ့ပါတယ်။ “ယက်ကန်းစင်အတွက် ခြေနင်းတံကိုတော့ စခန်းမှာပဲ သစ်သားနဲ့ ကိုယ်တိုင် ထုဆစ်လုပ်ခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။

အဲဒီနောက်ယက်ကန်းလုပ်ငန်းကိုစတင်လုပ်
ကိုင်ခဲ့ပြီး စစ်ဘေးရှောင်စခန်းမှာ ယက်လုပ်ခဲ့တဲ့ ပထမဆုံးခြုံထည်ကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ
လမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လအနည်းငယ် အတွင်းမှာတော့ နောက်ထပ် ၅ ထည် ထပ်မံ ထွက်ရှိခဲ့ပါတယ်။“အိမ်မှာ ထုတ်
လုပ်ခဲ့တုန်းကနဲ့ နှိုင်းယှဉ်ရင်အများကြီး နည်းသွားပါတယ်” ဟု မမြဦးက ပြောပါတယ်။ ဒါ့အပြင် ခြုံထည်တွေရဲ့ အရည်အသွေးလည်း ကျဆင်းလာသလို ဈေးနှုန်းတွေလည်း လျော့
နည်းသွားခဲ့ပါတယ်။
👍14🔥3🥰1👏1🤮1🖕1
နောက်ပိုင်းမှာ မမြဦးဟာ ကျောက်ဖြူက ရက်ကန်းသမား အမျိုးသမီးတစ်ဦးကိုလည်း စခန်းမှာ ယက်ကန်းစင် တပ်ဆင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ဒါပေမယ့်လိုအပ်တဲ့ ပစ္စည်းအားလုံးကို အလွယ်တကူ ရှာမရတာကြောင့် ထုတ်လုပ်မှုအပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

မမြဦးရဲ့ အဖြစ်အပျက်လိုပဲ စစ်တွေက ပန်းပုထုဆစ်တဲ့ ပညာရှင်တစ်ဦးဟာလည်း စခန်းမှာသစ်သားတွေနဲ့ ရုပ်တုတွေထုဆစ်လုပ်ကိုင်နေပါတယ်။ သူ့တဲအိမ်အပြင်ဘက်မှာတော့ ထုဆစ်ဖို့ ခုတ်ထားတဲ့ သစ်တုံးငယ်တွေကို စုပုံထားပါတယ်။ အခုအချိန်ထိ သူဟာ လှေနဲ့ ဆင်ပုံစံ ရုပ်တု ၃ ခုကိုထုဆစ်ပြီးစီးထားပါပြီ။

မရေရာတဲ့အနာဂတ်အခြေအနေကြောင့် ကျားမသောက်စခန်းမှာ နေထိုင်သူတွေအ
ကြား စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းမှုတွေ လွှမ်းမိုးနေပါတယ်။ အထူးသဖြင့် ကျောင်းမတက်နိုင်တော့တဲ့ ကလေးတွေရဲ့ မိဘတွေ ကြားမှာ ဒီခံစားချက်ကို ပိုပြီး တွေ့ရပါတယ်။ မိဘတွေက ကိုယ့်ကလေးတွေကို စာသင်စေချင်ပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကြောင့် က
လေးတွေကို အလုပ်လုပ်ဖို့ စေလွှတ်နေရပါတယ်။ စခန်းမှာ နေထိုင်သူတွေရဲ့ လေးပုံတစ်ပုံခန့်ဟာ ကလေးသူငယ်တွေဖြစ်ပြီး အဲဒီထဲက သုံးပုံတစ်ပုံခန့်ဟာ ကျောင်းထွက် ထားရသူတွေ ဖြစ်ပါတယ်။

စခန်းအတွင်း လှည့်လည်ကြည့်ရှုစဉ် ရေခပ်ခြင်း၊ သစ်တုံးခုတ်ခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ ထင်းရောင်းခြင်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဆယ်ကျော်သက် လူငယ်တချို့ကို တွေ့ခဲ့ရပါတယ်။ ဒီလူငယ်အများစုဟာ မိသားစုဝင်အ
ရေအတွက် နည်းပါးတဲ့ အိမ်ထောင်စုတွေက ဖြစ်ပြီး မိသားစုဝင်ငွေ ရရှိရေးအတွက်သူတို့ရဲ့ ပါဝင်ကူညီမှုကအလွန်အရေးကြီးနေပါတယ်။

စာသင်ခန်းထဲမှာ ရှိနေရမယ့်အစားသူတို့ရဲ့နေ့
စဉ်ဘဝဟာ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်း
ကျင်မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်ချက်တွေကပဲ ပုံဖော်ပေးနေပါတယ်။ စစ်တွေက လာတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရဲ့ ဖခင်ဖြစ်သူက “သားကို ကျောင်းမလွှတ်နိုင်သေးပါဘူး။ ပိုကောင်းတဲ့အသက်မွေးဝမ်း
ကျောင်းအခွင့်အလမ်းတွေ ရလာရင်တော့ အခြေအနေ ပြောင်းလဲနိုင်ပါတယ်” ဟု ပြောပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ULA က သူတို့ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းလခတွေကို လျှော့ချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ NGO အဖွဲ့အများအပြား ကလည်း မိဘတွေကို က
လေးတွေ ကျောင်းပြန်တက်နိုင်အောင် တိုက်
တွန်းခဲ့ပေမယ့် ရလဒ်ကတော့ မျှော်လင့်ထားသလောက် မဖြစ်ခဲ့ပါဘူး။ မိသားစု ၄ စုကသာ ကလေးတွေကို ကျောင်းသွင်းဖို့ သဘော
တူခဲ့ပြီး ကျန်တဲ့မိသားစုတွေကိုတော့ စည်းရုံးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘဏ္ဍာရေးအခက်အခဲတွေအပြင် အနည်းဆုံး ကလေး ၂၀ ခန့်ဟာ လေကြောင်းတိုက်ခိုက်မှု ဖြစ်လာမှာကိုကြောက်ရွံ့တာကြောင့် ကျောင်း
ကနေ ထွက်ခဲ့ကြရပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရွာတွေကနေ ထွက်
ပြေးလာသူတွေ ဖြစ်ပါတယ်။ သေဘေးနဲ့ နီးစပ်တဲ့ အတွေ့အကြုံတွေ၊ နေအိမ်တွေကို စွန့်ခွာခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကျန်ရှိနေပြီး ဘဝရဲ့ ကဏ္ဍပေါင်းစုံကို ထိခိုက်စေခဲ့ပါတယ်။

ယခုနှစ် အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက သီးခြား စစ်ဘေးရှောင် စခန်း ၂ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုအတွင်း အနည်းဆုံး စစ်ဘေးရှောင် ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသရှိ စစ်ဘေးရှောင်စခန်းတွေဟာ စစ်တပ်ရဲ့ လေ
ကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ကို ကြုံ
တွေ့ခဲ့ရပါတယ်။

ပုဏ္ဏားကျွန်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်မီက
တည်းက ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် ၁၆ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ULA က ပြောပါတယ်။

ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ စစ်ဘေးရှောင်အများအပြားဟာ စိတ်ဒဏ်ရာတွေနဲ့ လေ
ကြောင်း တိုက်ခိုက်မှု ကြောက်ရွံ့စိုးရိမ်မှုတွေကို ခံစားနေကြရပါတယ်။ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းမှာ စစ်တွေမြို့နယ်၊ ချေလေးသန်းရွာကနေ ထွက်ပြေးလာတဲ့ ခင်မောင်က စခန်းမှာ လုံခြုံတဲ့ ခိုလှုံစရာနေရာ အားနည်းတာကြောင့် စစ်ဘေးရှောင်တွေအကြား ကြောက်
ရွံ့မှု ပိုမိုမြင့်မားနေတယ်လို့ ပြောပါတယ်။

“ကြောက်ရွံ့မှုက အရမ်းများလွန်းလို့ အသံတစ်ခုခု ကြားလိုက်တာနဲ့တချို့စစ်ဘေးရှောင်တွေဟာ ကလေးတွေကို ပွေ့ချီပြီး တဲထဲကနေ အပြင်ကို ပြေးထွက်ကြပါတယ်”လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းမှာ တိုက်လေ
ယာဉ်အသံ ကြားရတဲ့အချိန် စခန်းအတွင်း “အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှု” ဖြစ်ပွားခဲ့ပုံကို သူက ပြန်ပြောင်းပြောပြပါတယ်။ စစ်ဘေးရှောင်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်လို့ စိုးရိမ်တာကြောင့် လူတွေဟာ စခန်းအပြင်ဘက်ကို ထွက်ပြေးကြပြီး တစ်ညလုံး အပြင်မှာပဲ နေခဲ့ကြပါတယ်။
👍14🔥2❤1👏1😢1🤮1🙏1🖕1
စခန်းထဲက နေအိမ်တော်တော်များများမှာ တဲတွေနဲ့ ချိတ်ဆက်ထားတဲ့ ချိတ်ပါ အလျားရှည် ဝါးလုံးတွေကို တွေ့ရပါတယ်။ လေ
ကြောင်းတိုက်ခိုက်မှု ဖြစ်လာခဲ့ရင် အဲဒီဝါးလုံးတွေကို အသုံးပြုပြီး မီးလောင်နေတဲ့ သက်
ကယ်အပိုင်းအစတွေကို အမြန်ဆွဲချပြီး တဲတစ်လုံးလုံး မီးလောင်ကျွမ်း သွားတာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ စခန်းနေသူတွေက ပြောပြပါတယ်။

စန်းစန်းပြောသလိုပဲ “စစ်ဘေးရှောင်စခန်းမှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ နောက်ဆုံးမှာ ကံတရားပေါ်လည်း အများကြီး မူတည်နေပါတယ်။ တစ်ရက်ချင်းစီ အသက်ရှင်ကျန်ရစ်ဖို့အတွက် အရာရာတိုင်း အဆင်ပြေနေဖို့ လိုပါတယ်” လို့ သူမက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့အတွက် ဆုံးရှုံးခဲ့ရတဲ့ အိမ်တွေ၊ အသက်မွေးဝမ်းကျောင်းတွေနဲ့ အရင်ကလိုဘဝတွေကိုဘယ်အချိန်မှာ ပြန်
လည်တည်ဆောက်နိုင်မလဲဆိုတာ မသိနိုင်သေးပေမယ့်၊ ရှိသမျှအားအင်နဲ့ မျှော်လင့်
ချက်ကို ဆုပ်ကိုင်ရင်း တစ်ရက်ပြီးတစ်ရက် ရှင်သန်နိုင်ဖို့ ဆက်လက် ရုန်းကန်နေကြဆဲ ဖြစ်ပါတယ်။ ။

ကိုးကား - The Diplomat
👍24❤2👏1🤮1🖕1
ရခိုင်ပြည်နယ်က စစ်​ဘေး​ရှောင်​ပြည်သူ​တွေ။ဓါတ်ပုံ-The Dplomat
👍21😢19🔥2👏1🙏1🤣1
ရေစကြိုနယ်က ကျေးရွာအချို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦးထိရှိလာ

အောက်တိုဘာ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

“လောလောဆယ် သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက (၁) ဦးလို့ သိရပါတယ်၊ အရေအတွက်များနိုင်တယ်လို့လည်းပြောပါတယ်၊ စာရင်းအတိအကျတော့ မသိရသေးပါ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။

“အကြောင်းမဲ့ကို တိုက်ခိုက်သွားတာပါ။ အနီးဝန်းကျင်ရွာတွေအားလုံး ထွက်ပြေးနေကြရပြီး စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေကြရတာပေါ့။ သူတို့ မစိုးမိုး မထိန်းချုပ်နိုင်တဲ့နေရာတွေက သူပုန်နယ်လို့ သတ်မှတ်ပြီး ပြည်သူတွေ၊ မြို့တွေရွာတွေကို ဒုက္ခပေး၊ ဖျက်ဆီး၊ မတရား သတ်ဖြတ်နေတဲ့သဘောပါပဲ”လို့ ဒေသခံ သတင်းရင်းမြစ်က စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ အခြေအနေကို ပြောပြပါတယ်။

ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဝေကြီးကလည်း အဲဒီဒေသမှာ လတ်တလော တိုက်ပွဲမရှိဘဲ စစ်တပ်က ရက်စက်စွာ တိုက်ခိုက်လာတာလို့ အသိပေး ပြောပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။
🤬35👏5❤4😢1🎉1🤮1
(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
😢47👏6😭5🤬4❤3🤩1🤮1