People's Spring
✔
59.2K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရဲတပ်ဖွဲ့ဝင်ဟောင်း ဂူဆီ ဦးဆောင်တဲ့TNLA တပ်ဖွဲ့ငယ်တခုစစ်တပ်နဲ့ပူး​ပေါင်းသွားဟုသတင်းထွက်​ပေါ်

■တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

အောက်တိုဘာ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းမြောက်မိုးမိတ်မြို့နယ်မှာတပ်စွဲထားတဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ငယ်တဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်ဘက်သို့ တပ်ရွှေ့
ပြောင်းခိုင်းရာ ရဲတပ်ဖွဲ့ဝင်ဟောင်းဂူဆီဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဟာအထက်အမိန့် မလိုက်
နာဘဲ အာဏာသိမ်းစစ်တပ်နဲ့ ပူး​ပေါင်းသွားတယ်လို့ မိုးမိတ်ဒေသ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်​​တွေကပြောပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့မှာ TNLA ရဲ့ လီဆူတပ်ရင်းမှ ဂူဆီ ဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၁ ဦးဟာလက်နက်၄၉လက်နဲ့အတူကျောက်မဲမြို့က စစ်အုပ်စုထံသွား​ရောက်ပူး​ပေါင်း ခဲ့တာလို့ဆိုပါတယ်။ဂူဆီဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်
အဝါသုံးပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကုတ်ဒေသကို TNLA ဝင်ရောက်စဉ် ဂူဆီဦးစီးတဲ့အဖွဲ့က ကနဦးမှာခုခံတိုက်ခိုက်တာရှိပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ TNLA မိုးကုတ်မြို့ကိုသိမ်းပိုက်စဉ်မှာတော့ ဂူဆီဟာTNLAနဲ့ ပူးပေါင်းသွားသူလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

အဲဒီနောက်TNLA တပ်မဟာ(၃) လက်အောက်မှာ လီဆူတပ်ဖွဲ့တပ်ဖွဲ့မှူးအဖြစ် သူ့လူတွေနဲ့အတူ မိုးမိတ်အထက်နားက ခါချယ်ရွာမှာ အ
ခြေချထားတာလို့သိရပါတယ်။

“ခါချယ်ဆိုတဲ့ ကချင်နဲ့ ပလောင်ရွာမှာ သူ့တပ်ဖွဲ့တွေနဲ့ သူကတာဝန်ကျတာ။ တာဝန်ကျတဲ့အခါကျတော့ သူကလည်း မြေအောက်လုပ်ငန်း နည်းနည်းလုပ်တယ်ထင်ပါတယ် ကြားရတာ လက်နက်စုတာ၊ဝယ်စုတာတို့ဘာတို့ပေါ့ကွာ။အဲဒါကို TNLA ဗဟိုက သိတဲ့အခါကျတော့ သူ့ကို အဲဒီစခန်းကနေ သူတို့အဖွဲ့အားလုံးကို နမ့်ဆန် တပ်မဟာ(၇)ဘက်ကို ပြောင်းလိုက်တာ။ပြောင်းလိုက်တဲ့အခါကျတော့ သူ့လူနဲ့ သူ့အဖွဲ့ကို သူက ဦးစီးဦးဆောင်ပြီးတော့ မှ နမ့်ဆန်ဘက်ကို လိမ်လိမ်မာမာနဲ့ သွားတဲ့ ဟန်ဆောင်ပြီးမှ ကျောက်မဲကို ဝင်ပြီး စကစထံမှာ လက်နက်ချလိုက်တာ”လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဂူဆီဦး​ဆောင်တဲ့တပ်ဖွဲ့ ကျောက်မဲကို သွားတဲ့အချိန်မှာ တားဆီးမှု မလုပ်ခဲ့တဲ့ နမ့်ဆန် နဲ့ မိုင်းငေါ့ကြားက TNLA ဂိတ်သုံးခုက တပ်မှူးတွေကိုလည်း နမ့်ဆန် တပ်မဟာ(၇)ကို ခေါ်ပြီး အရေးယူထားတယ်လို့ ကြားရကြောင်းသူကဆက်ပြောပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကတော့ TNLA တပ်ဖွဲ့ဝင်တွေ စစ်အုပ်စုထံ အလင်းဝင်တဲ့ ဖြစ်စဉ်မျိုးမရှိဘူးလို့ ငြင်းဆိုပါတယ်။

“အဲဒါကတော့ သတင်းအတု သတင်းအမှားသာဖြစ်တယ်။ကျမတို့ဆီမှာအဲဒီလို အလင်း
ဝင်တဲ့တပ်သားတွေလည်းမရှိဘူး။ အဲဒီ ကျောက်မဲ အနီးအနားတ၀ိုက်မှာဆိုလည်း ဒီလိုမျိုး လက်နက်စွန့်ပြီး အလင်းဝင်တဲ့ တပ်
သားတွေလည်းမရှိပါဘူး” လို့ လွေးယေဦးက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်ကတော့ လက်ရှိမှာ စစ်တပ်ထံ အလင်းဝင်သွားတဲ့ ဂူဆီဆိုသူဟာ မိုးမိတ်ဒေသမှာ ကျန်နေသေးတဲ့ သူ့တပ်ဖွဲ့တွေကို လိုက်ခေါ် နေတယ်လို့ ကြားရကြောင်းလည်း ပြောပြပါတယ်။ဒါ့အပြင် မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ်ရပ်တည်ဖို့ လုပ်ဆောင်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။​

ရှမ်းပြည်နယ်​မြောက်ပိုင်းမှ​ဒေသတွင်းသ
တင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ ရွှေဖီ​မြေသ
တင်းဌာနကလည်း လီဆူတပ်​ခေါင်း​ဆောင်ဂူဆီက ​အောက်တိုဘာ ၁၁ မှာစစ်တပ်နဲ့ပူး​ပေါင်းသွားပြီး ​အောက်တိုဘာ ၁၄ ရက်ကစပြီး မိုးမိတ််မြို့နယ်ကစစ်မှူထမ်း​ဟောင်း​တွေကိုပြန်​ခေါ်​နေပြီး မသွားရင် မိသားစုဝင်​တွေကိုဖမ်းမယ်လို့ခြိမ်း​ခြောက်​နေတယ်လို့​ဖော်ပြထားပါတယ် ။

“မနေ့ကနေ စပြီးတော့သူကမိုးကုတ်မှာဂိတ်တွေဘာတွေချပြီးမှအဝင်အထွက်တွေ စစ်
ဆေးတာတို့ စပြီးမှ လုပ်လာပြီလို့ သိရပါတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ကဂူဆီဦးဆောင်တဲ့အဖွဲ့ကို ကျောက်မဲမှာ ကြိုဆိုမှုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူကာအခမ်းအ
နား နဲ့ အကြီးအကျယ် ဝါဒဖြန့်တာတွေ လုပ်နိုင်တယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်တဦးက လက်နက်ကိုင်တပ်တွေအနေနဲ့ ကိုယ့်အဖွဲ့အ
ကျိုးစီးပွားကိုသာ ရှေးရှုမယ်ဆိုရင် နောက်
ဆုံးမှာ အာဏာရှင်စစ်တပ်က သက်ဆိုးရှည်လာမှာဖြစ်လို့ ရှမ်းမြောက်အခြေစိုက် တော်
လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ဖို့လိုအပ်ကြောင်းလည်းသူကပြောပါတယ်

TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်
ဆင်ရေးမှာ ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတရုတ်အစိုးရရဲ့ ဖိအားပေးမှု၊ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကြောင့် ​နောင်ချို ၊သီ​ပေါ ၊​ကျောက်မဲ မြို့​တွေကို လက်လွှတ်​ခဲ့ရသလို ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်လွှဲ​​ပေးခဲ့ရပြီး ၂၀၂၅
အောက်တိုဘာမှာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
👎25❤7🤣7👏2🌚2👍1😁1🤬1
👎24❤3🤣3🤮2
■​မေးမြန်းခန်း

"ကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်"

●စီးပွား​ရေးပညာရှင်တဦးနဲ့​မေးမြန်းခန်း

နိုင်ငံရဲ့အသုံးစရိတ်က အခွန်အကောက်နဲ့ အခြား၀င်ငွေ​တွေစုစု​ပေါင်းထက် များလာတဲ့အခါ ဘက်ဂျက်လိုငွေ ဖြစ်လာပါတယ်။အဲဒီဘက်ဂျက်လိုငွေတွေအတွက် ဗဟိုဘဏ်ကနေပြီးပုဂ္ဂလိကဘဏ်တွေ နဲ့ စီးပွားရေးလုပ်
ငန်းရှင်တွေဆီကို ငွေကြေးသက်သေခံစာချုပ်တခုအဖြစ် အတိုးနှုန်းတစ်ခုနဲ့ ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ် တွေ ထုတ်ရောင်းသလို ငွေစက္ကူအသစ်တွေရိုက်ထုတ်တဲ့ နည်းနဲ့ ယေဘူယျအားဖြင့် ဖြေရှင်းကြပါတယ်။
​အောက်တိုဘာ ၁၅ ရက်ကပဲ စစ်တပ်လက်​အောက်ခံ ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလီယံ ၂၁၀၀ ချေးငွေယူဖို့ စစ်တပ်လွှတ်တော်ကနေ ခွင့်ပြုခဲ့ပြန်ပါတယ် ။ ဘက်ဂျက်လိုငွေအ
တွက် ငွေတိုက်စာချုပ်နဲ့ လက်မှတ် တွေကို အရင်ရောင်းချပြီးမှ ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတဲ့ စစ်တပ်လွှတ်တော်မှာ ရုပ်တည်ကြီးနဲ့ပြောဆိုချက်​တွေဟာ ဗဟိုဘဏ်ငွေ
ကြေးမူဝါဒနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။

ပုဂ္ဂလိကဘဏ်တွေကငွေတိုက်စာချုပ်နဲ့လက်
မှတ်တွေကို ဗဟိုဘဏ်က ဝယ်တာဟာ လွှတ်
တော်ခွင့်ပြုချက် သီးသန့်မလိုပါဘူး။အခုတ
ကြိမ်ခွင့်ပြုလိုက်တယ်ဆိုတာဟာ ဗဟိုဘဏ်ကနေ တိုက်ရိုက်ချေးခွင့်ဖြစ်ပြီး ငွေကြေးအ
သစ်ဖန်တီးမယ့် ရလဒ်တစ်ခုအပါအ၀င် ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းကြီးမြင့်မှု)တွေအတွက် စိုးရိမ်စရာပိုကောင်းတဲ့အသံတွေ စီးပွားရေးလုပ်ငန်းအသိုင်းဝိုင်းမှာ အသံ​တွေပိုကျယ်​လောင်လာပြီဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ပြင်ပငွေကြေးဈေး
ကွက်မှာ အ​မေရီကန်ဒေါ်လာအပါအ၀င် ထိုင်းဘတ်၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ် နဲ့ စင်ကာပူဒေါ်လာစတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေတက်လာပြီးကျပ်ငွေတန်ဖိုးပိုကျဆင်းလာပါတယ်။ဒါကြောင့် လက်ရှိငွေကြေးဈေးကွက် ၊ ရုန်းကန်နေရတဲ့စီးပွားရေးလုပ်ငန်းတွေ၊အခြေ
ခံပြည်သူအ​ပေါ် ပိုဖိစီးလာတဲ့ အ​ထွေ​ထွေကုန်
ဈေးနှုန်းကြီးမြင့်မှု​တွေပတ်သက်လို့စီးပွားရေးပညာရှင်တဦးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ဒီရက်ပိုင်းဒေါ်လာဈေးအပါအ၀င် နိုင်
ငံခြားငွေလဲလှယ်မှုဈေးတွေထပ်မြင့်တက်လာတာဘာကြောင့်ပါလဲ။

ဖြေ- ဒေါ်လာဈေး တက်တာနဲ့ တခြားနိုင်ငံ
ခြားငွေလဲနှုန်းတက်တာတွေရဲ့ပထမတချက်က အမေရိကန်မှာ ဘဏ်တိုးနှုန်းတွေ မြှင့်လိုက်တယ်။ဒေါ်လာ ငွေမာအောင်လုပ်လိုက်တာမျိုးပေါ့။ဒေါ်လာအညွှန်းကိန်း တက်လာတယ်။နောက်တချက်က ကျွန်တော်တို့ မြန်
မာနိုင်ငံ အနေနဲ့က မူလမှာကိုပဲ နိုင်ငံ ရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ လက်ရှိ ကုန်ထုတ်လုပ်မှုတွေကျဆင်းတာ၊ ငွေကြေး
ဖောင်းပွမှုမြင့်တဲ့အခါ ကုန်ဈေးနှုန်းတွေ အ
ဆမတန်ကြီးမြင့်နေတာပေါ့။နောက် ဒေါ်လာလိုအပ်ချက်က ၂၀၂၁ နောက်ပိုင်းမှာ သိသိသာသာကြီးကို ‌ပြည်တွင်းထုတ်လုပ်မှုကျဆင်း ပြီးတော့ GDP ကတကယ့်လက်တွေ့မှာ နိုင်ငံရဲ့ အသုံးစရိတ်နဲ့ မမျှတဘူး။ဆိုတဲ့အခါကြတော့ ပြည်ပကြွေးမြီတွေလည်း အရမ်းမြင့်တယ်။ဒီအခြေအနေတွေစုပြုံလာတဲ့အခါကြတော့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်ကမြင့်နေသလိုရှေ့လာမယ့်ကာလတ
လျှောက်လုံးမှာလည်း ဒေါ်လာလိုအပ်ချက်က အားကောင်းလာမယ့် အခြေအနေက ရှိနေပြီးသား။နောက်လူထုကလည်းကျပ်ငွေအပေါ်ယုံကြည်မှုက အင်မတန်ကျဆင်းလာပြီးတော့အခုဆို ဆောက်လုပ်ရေးဂယက်တွေ တခြားသောဂယက်တွေကြောင့် ကျပ်ငွေတန်ဖိုးက သိသိသာသာကြီးကိုကျဆင်းသွားတာတွေ့ရတယ်။

မေး-အခုစားအုန်းဆီ တင်သွင်းမှုခွဲတမ်းက ထက်၀က်လျှော့လိုက်တယ်ကြားရတယ်။စက်သုံးဆီဆိုလည်း ဈေးတွေ ဆက်တိုက်တက်နေတယ်။ဒါတွေကိုရော ဘယ်လိုမြင်လဲ။

​ဖြေ-ဆီ(စားအုန်းဆီ)ကလိုသလောက်တောင်
၀ယ်မရတော့ဘူး။တချို့နေရာတွေမှာ ၀ယ်လို့မရတချက်ရတချက်။ဒီလို အခြေအနေမျိုးဖြစ်လာတာတွေ့တဲ့အခါလက်ရှိမှာစစ်ကောင်
စီရဲ့ ဒေါ်လာလိုအပ်ချက်ကို သိသိသာသာမြင်နေရတယ်။စီးပွားရေးလုပ်ငန်းရှင်အနေနဲ့က ဒီလိုအချက်တွေကိုကြည့်ပြီးသူတို့ခိုင်မာတဲ့ရင်း
နှီးမြှုပ်နှံမှုတွေဘက်က လှည့်တယ်။ကျပ်ငွေအပေါ်ယုံ ကြည်မှုကျတာက ဒေါ်လာငွေ တက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

မေး-ဆောက်လုပ်ရေးလုပ်ငန်းတွေဖျက်သိမ်းတာ၊ထုတ်ပိုးမှု စက်ရုံတွေ ရပ်ဆိုင်းတာ အ
ထည်ချုပ်လိုပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာအပြင်ပြည်တွင်းက ရုန်းကန်​နေရတဲ့အ​သေးစားအဘတ်စားလုပ်င‌န်းတွေရဲ့ အခက်
အခဲက ဘယ်လောက်ထိဆိုးရွားလာနေလဲ။

ဖြေ-အသိသာဆုံးနဲ့ အမြင်သာဆုံးကို ပြောရင် အထည်ချုပ်စက်ရုံတစ်ရုံက လုပ်သားထောင်ချီပြီးတော့ အလုပ်ဖန်တီးပေးနိုင်တယ်။အဲဒီလို စက်ရုံ ပိတ်သွားတဲ့အခါကြတော့ လက်ရှိပြည်တွင်းမှာ အဲဒီလုပ်သားတွေ ဘယ်နေရာ ပြန်အစားထိုးနိုင်မလဲပေါ့။ကြည့်ပြန်တော့လည်းပြည်တွင်းမှာကုန်ကြမ်းကလုံလုံ
လောက်လောက်မရှိဘူး။လျှပ်စစ်က လုံ
လောက်အောင် မပေးထားနိုင်ဘူး။ရှိနေတဲ့လုပ်ငန်းတော်တော်များများက ဆက်လက်ရပ် တည်ဖို့ ခက်နေတဲ့ အခြေအနေရှိနေတော့ အလုပ်လက်မဲ့နှုန်းက ပြည်တွင်းမှာ အများကြီးမြင့်တက်နေတယ်။နောက်ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာ။အားလုံးက လူငယ်တွေက စစ်မှုထမ်းကိစ္စနဲ့ ပြည်ပနိုင်ငံတွေကို ထွက်နေကြရတဲ့အခါကြတော့ ဘာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှု
😢15❤5👍3🍌3🖕3🔥1
ပြဿနာရင်ဆိုင်နေရတယ်ပေါ့နော်။ဆောက်လုပ်ရေးကကြတော့လည်း ဒီလိုပဲ။တဖက်မှာ ဆောက်
လုပ်ရေးလုပ်ငန်းတွေဆိုတာလုပ်သားအင်
အား အများအပြားသုံးရတယ်။အခုဆောက်
လုပ်ရေးလုပ်ငန်းက လည်းထိခိုက်လာတော့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အန္တရာယ်အရှိဆုံးက ဘဏ်ပြဿနာရှိတယ်ပေါ့နော်။ဆောက်လုပ်ရေး ကုမ္ပဏီအများစုက ဘဏ်ချေးငွေတွေနဲ့လည်ပတ်ကြတယ်။အခု ဖြစ်တဲ့ ကွန်ဒိုတွေကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။အားလုံးက ချေးငွေနဲ့စီမံကိန်း မကင်းကြပါဘူး။အဲဒီတော့ လတ်တလောသူတို့မလည်
ပတ်နိုင်တော့ဘူးဆိုရင် လောလောဆယ် ဘဏ်တွေက သူတို့ ချေးငွေတွေကို ပြန်ပြီးတော့ တောင်းဖို့က အခက်အခဲတွေအများကြီးရှိလာနိုင်တယ်။ဘဏ်တွေတောင်ငွေကြပ်နေတဲ့ တချို့အသံလေးတွေ ထွက်လာတာ ရှိတယ်။

မေး- ဒီအ​ခြေအ​နေ​က ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ- ဒါတွေကို ခြုံပြောမယ်ဆိုရင် ဆောက်
လုပ်ရေး ကဏ္ဍတခုတည်းကိုပဲ ကြည့်လို့မရဘူး။နောက်ဆက်တွဲအလုပ်အကိုင်အခွင့်အ
လမ်း၊ပြီးရင် ငွေကြေးပြဿနာ၊လက်ရှိကျပ်ငွေလည်ပတ်မှုအပေါ် လူတွေရဲ့ယုံကြည်မှု အားလုံးက အစစအရာရာ ဆက်စပ်ပြီးတော့ ထိခိုက်စေတာဖြစ်တဲ့အတွက်စီးပွားရေးအ
ပေါ် ဆိုးဆိုးဝါးဝါးရိုက်ခတ်တယ်လို့ ပြောလို့ရပါတယ်။

မေး-လက်ရှိ သွင်းကုန်အခက်အခဲတွေနဲ့ ပြ
ဿနာကွင်းဆက်တွေကို ရှင်းပြပေးပါဦး။

ဖြေ-သွင်းကုန်ပြဿနာကသွင်းကုန်ကို ပိတ်ဆို့တယ် ဆိုတာက ကိုယ့်မှာဒေါ်လာမရှိလို့ ပိတ်
ဆို့တယ်ဆိုပေမယ့် ပြဿနာက ပြည်တွင်းမှာရှိတဲ့ တချို့လုပ်ငန်းတွေ ကုန်ကြမ်းပြတ်လပ်မှု ဖြစ်ပြီးမလည်ပတ်နိုင်တဲ့ လုပ်ငန်းစုတွေလည်းအများကြီးတွေ့ရတယ်။ကုန်ပစ္စည်းတွေသွင်းကုန်ပိတ်ပေမယ့်မှောင်ခိုလမ်း
ကြောင်းပေါ့ ပိုပြီးကြီးထွားနေတာပေါ့။အခု
ဒီရက်ပိုင်း အများစုတွေ့ကြလိမ့်မယ့် ရေခဲ
သေတ္တာလိုဟာမျိုးပေါ့။လူထု ဆိုရှယ်မီဒီယာမှာ ပြောကြတယ်ပေါ့။ဥပမာ ထိုင်းမှာ မြန်မာငွေနဲ့ဆို ရှစ်သိန်းကိုးသိန်းလောက်ပေးရတဲ့ ရေခဲသေတ္တာက မြန်မာပြာ်မှာ သိန်းလေးငါးခြောက်ဆယ်လောက်ပေးရတဲ့အခါ ကိုယ့်ရဲ့ အိမ်နီးချင်းကပ်ရပ်နိုင်ငံတခုနဲ့ အဲဒီလောက် အဆပေါင်းများစွာကွာနေတဲ့ ကိစ္စက ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတဲ့ စီမံခန့်ခွဲမှု အလွဲတွေ အများကြီးပါမယ်လို့ သုံးသပ်မိပါတယ်။သွင်းကုန်ပြဿနာတွေ အထိုက် အ
လျောက်ဖြေလျှော့ပြန်ရင်လည်းတဖက်မှာ ဒေါ်လာလိုအပ်ချက်မြင့်လာမယ်ဆိုတော့လတ်တလောမှာ ဘယ်ဘက်ကမှ သိပ်ပြီးတော့ ဒေါ်လာမှီခိုမှုက မလွတ်ဘူးလို့တော့ မြင်ရပါတယ်။

မေး-ဈေးကွက်ကို စစ်အုပ်စုက လျစ်လျူရှုထားတဲ့အခြေအနေမျိုးဖြစ်နေလား။

ဖြေ-ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်
လောက်ပဲ လုပ်ချင်လုပ်ချင် ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ လက်ထဲမှာ ငွေရှိဖို့လိုတယ်။နောက် ဒေါ်လာရှိဖို့လိုတယ်။ငွေတွေ ရှိသမျှဒေါ်လာတွေ လတ်တလောမှာ ငွေဆိုလည်း လွှတ်တော်မှာတောင်တင်ပြီးတော့ ဘီလီယံ နှစ်ထောင်ကျော်လောက် အသုံးစရိတ်ချေးရတဲ့ ကိစ္စမျိုးတွေ၊နောက်ပြီး ဘဏ်မှာ ထုတ်တဲ့အခါ အမြဲတမ်း ကျပ်ငွေ အသစ်တွေ ထွက်ထွက်လာနေတာက ဘယ် လောက်ထိငွေကြေးဈေးကွက်ထဲ ကျပ်ငွေတွေဖောင်းပွနေသလဲဆိုတာ စဉ်စားစရာရှိတယ်။အခြေ
အနေတွေကို ခြုံပြောရမယ်ဆိုရင် လက်ထဲမှာငွေရယ် ဒေါ်လာရယ်မရှိတဲ့ ပြဿနာနဲ့က မ
လွယ်ဘူး။ဒါတွေက ဘယ်မှာ ပိုများနေလဲဆိုတော့ စစ်အသုံးစရိတ်တွေမှာ။

မေး-အခြေခံလူထု နေ့စဉ် ပူပန်ရင်ဆိုင် နေရတဲ့ ကုန်ဈေးနှုန်းတွေ တက်နေတာ ကုန်စည်ပြတ်လပ်နေတာတွေ ကို ဘယ်လို ဖြေရှင်းနိုင်လဲ။

ဖြေ-ကုစားနိုင်ဖို့ဆိုရင်ထုတ်ကုန်တွေတိုးမြှင့်ဖို့လိုတယ်။နောက်ပြီး လုပ်သားအင်အားတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြည်ပ‌၀င်ငွေရလမ်းတွေ၊FDI လို့ခေါ်တဲ့ နိုင်ငံတကာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့။အခုက အဲဒါတွေအားလုံးနဲ့က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ဒီအခြေအနေက လတ်တလောမှာ ကုစားဖို့သိပ်တော့ လွယ်မယ့် အခြေအနေမရှိဘူး။

မေး-အောက်တိုဘာ ‌၈ ရက်ကUNDPရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံသား ၃၇ သန်းကျော်က ဆင်းရဲမွဲတေမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖော်ပြထားပါတယ်။ဒါက ဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးလာမှုတွေနဲ့ ဆက်စပ်မယ် ထင်ပါတယ်။ဒါကိုရော အကျယ်တ၀င့် ဆွေးနွေးပေးပါဦး။

ဖြေ-ဆင်းရဲချမ်းသာကွာဟမှုကိစ္စကလည်း တချို့ပြောကြတာပေါ့နိုင်ငံတကာမှာ ရှိတယ်ပေါ့။သို့သော်လည်းပဲ မြန်မာပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟမှုက တခြားနိုင်ငံတွေနဲ့မတူဘူး။အဲဒီတော့ သူများနိုင်ငံတွေရဲ့ အခြေခံကုန်ဈေးနှုန်းက ဆင်းရဲတဲ့အခြေခံလူတန်း
စားတွေမှာသူ့၀င်ငွေနဲ့သုံးစွဲမှုပမာဏကို ဖန်
တီးနိုင်တယ်။ကျွန်တော်တို့မှာကအဲဒီလိုမဖန်
တီးနိုင်ဘူး။အခြေခံကုန်ဈေးနှုန်းနဲ့ အခြေခံလူတန်းစားတွေရဲ့ မျှတမှုမရှိတာကို ကျွန်
တော်တို့က အဓိကထောက်ပြနေတာပေါ့။ဒါကြောင့် UNDP တို့ဘာတို့ကလည်း CPI လို့ခေါ်တဲ့ ဈေးကွက်ထဲက ကုန်းဈေးနှုန်းအညွှန်းကိန်းတွေကို တွက်ချက်တယ်လို့ နားလည်ပါတယ်။

မေး-ကုန်စည်နဲ့ အခြေခံလူထုအပေါ် အပေါ် အဓိက သက် ရောက်တဲ့ ဒေါ်လာဈေးတက်တာ တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာကဘယ်လောက်ထိဖြစ်လာ
နိုင်မယ်ထင်လဲ။
💔15🖕4😢3❤2👍1
ဖြေ-ရှေ့ဆက်ပြီးတော့ ဒေါ်လာဆက်အား
ကောင်းမယ်လို့ ယူဆတယ်။နောက်ဆက်တွဲကတော့ကုန်းဈေးနှုန်းပါပဲ။ငွေကြေးဖောင်း
ပွမှုက ၂၀၂၆ ထက်မလျော့တဲ့ နှုန်း ဖြစ်မယ်။UNDP ရဲ့ အစီရင်ခံစာမှာလည်း ကျွန်တော်တို့ တွေ့တယ်။အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေအစီရင်ခံစာတွေမှာလည်း အခု လာမယ့် ၂၀၂၇ က နှစ်ဆန်းပိုင်းဆိုရင် စူပါအယ်နီညို ရဲ့ သက်ရောက်မှုပေါ့ ။ဒါလည်း အန္တရာယ်တော်တော်ကြီးပါတယ်။ကျွန်တော် တို့နိုင်ငံတင်မဟုတ်ဘူး။ထိုင်းနိုင်ငံဆိုလည်း သက်ရောက်မှုကြီးတဲ့နိုင်ငံထဲမှာပါတာတွေ့ရတယ်။ထိုင်းကလောလောဆယ်ပြည်တွင်းမှာ ပြဿနာမရှိဘူး။နောက်ပြီး စီးပွားရေးကိုထိန်း
နိုင်တယ်။ကျွန်တော်တို့က ဘာပြဿနာရှိလာလဲဆိုတော့ လတ်တလောမှာကို ငွေကြေးပြဿနာတွေ ရင်ဆိုင်နေရတယ်။နောက်ပြီးကုန်ဈေးနှုန်းပြဿနာ၊သွင်းကုန်ပစ္စည်းပြတ်
လပ်မှုတွေ ပိုဆိုးတာက အယ်နီညိုကြောင့် အပူပြင်းတဲ့အခါမှာ ထိုင်းမှာပူရင်အဲယားကွန်းဖွင့်နေလို့ရပေမယ့် မြန်မာနိုင်ငံမှာ ဖွင့်ချင်လို့လည်း မီးကလုံလောက်စွာမရဘူး။နောက်တချက်က သီးနှံအထွက် လျော့လာမှာဖြစ်တဲ့အတွက်ကြောင့်တဖက်က ၀င်ငွေထိ
ခိုက်လာမယ်။‌ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ် ဖြစ်လာရင် အခုကိုပဲဆေးဝါးတွေကလုံလုံလောက်လောက်ရှိမနေတဲ့အခါ အ
များကြီးစဉ်စားရမယ့် အခြေအနေတွေ ရှိတယ်။

မေး-- ကားဈေး၊ရွှေဈေး၊အိမ်ခြံမြေ အစရှိတဲ့ ဈေးကွက် တွေ ဖောင်းပွနေတာကရော လက်
ရှိ မြန်မာ့စီးပွားရေး ဈေးကွက်တစုံလုံးကို ထိန်းချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပဲလား။

ဖြေ-ကားဈေး၊အိမ်ဈေး၊ရွှေဈေး ကွက်ဖောင်းပွမှုကြောင့်တိုင်းပြည်က ဒီလို ဖြစ်နေတာ မဟုတ်ဘူး။တိုင်းပြည် ဒီလိုဖြစ်နေလို့ အိမ်ခြံမြေဈေးတွေ၊ကားဈေးတွေ ရွှေဈေးတွေတက်ကြတာ။ဒါကိုကြည့်ချင်အားဖြင့်စီမံခန့်ခွဲမှု နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ဒါတွေကို ကုစားနိုင်ဖို့နည်းလမ်းက ငွေကြေးဖောင်းပွမှုကျဆင်းဖို့လိုသလို အလုပ်အကိုင် အခွင့်အ
လမ်း လူထုရဲ့စား၀တ်နေရေးပုံမှန်အခြေအနေ လည်ပတ်လာရင် ဒါတွေက သူ့နေရာသူ ပြန်ရောက်သွားမှာပါ။

မေး-ကျပ်ထရီလီယံချီတဲ့ ဘက်ဂျက် လိုငွေ ပြမှုကြောင့်ကျပ်ငွေအသစ်တွေထွက်လာနိုင်လား၊ထုတ်လာနိုင်လား။

ဖြေ-ကျပ်ငွေအသစ်တွေ ထပ်ထွက်လာမလား သို့မဟုတ် ရှိပြီးသားကျပ်ငွေတွေကိုပဲထပ်ပြီး တိုးထုတ်လာမလား ဆိုတာမျိုးတွေပေါ့။ဒါက ယူဆချက်တွေပေါ့။ဘာကြောင့်လဲဆိုတော့ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီငွေတွေကို ဘယ်နေရာမှာ ပြန်အစားထိုးမလဲ ဆိုတဲ့ မေးခွန်းရှိတာပေါ့။

မေး-ဖြည့်စွက် ပြောကြားပေးပါဦး။

ဖြေ-လာမယ့် စူပါအယ်နီညိုသက်ရောက်မှုရယ် ပြီးရင် ကမ္ဘာမှာ ရိုက်ခတ်နေတဲ့ ပထဝီနိုင်ငံရေးကနေ စီးပွားရေးကြောင့်ဒေါ်လာသက်ရောက်မှုရယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုရယ် ဒါတွေ ပေါင်းစုံပြီးကြည့်မယ်ဆိုရင် ရှေ့ဆက်ပြီးတော့မြန်မာကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်။ ။
😢26👍11🖕4❤3🔥1👌1
👍28🔥7🤣2💔2
စစ်ရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် ဆောမြို့နယ်က ကားလမ်းတချို့ PDF ပိတ်

အောက်တိုဘာ-၁၇၊၂၀၂၆။ဖိုးသား/People's Spring

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို ဒီကနေ့( အောက်တိုဘာ ၁၇ ရက်) ကစပြီး ကားကြီး၊ ကားငယ် (ဆိုင်ကယ်မပါဝင်) သွားလာတာမလုပ်ဖို့ သတိပေးပါတယ်။

" လမ်းပိုင်းက မိုးတွင်းဆိုတော့ပျက်စီးတာများလို့ ရယ် စီးပွါးရေးသမား ဧည့်စိမ်းတွေများလို့ လုံခြုံရေးအရ ခေတ္တ ထိမ်းလိုက်တာ"လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူတွေ အနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် အခုထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။

သတိပေးကြေညာချက်ကို မလိုက်နာရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ဂန့်ဂေါခရိုင်တပ်ရင်း (၆) က တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးထာပါတယ်။

ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကို သွား တဲ့ကွင်းလမ်းပိုင်းတစ်ခုဖြစ်ပြီး လောင်းရှည်-ဆော အဓိကလမ်း ဖြစ်တဲ့ လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ် နဲ့ ဆော မှာတော့ မကြာခဏ ထိတွေ့မှုရှိနေတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ ပျောက်ကြားစနစ်နဲ့ ပဲ တိုက်ခိုက်နေရတာရှိတယ်"လို့ လောင်းရှည်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ဘက် မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်ကမေလကစပြီး စက်တင်ဘာလကုန်အထိ ဆောမြို့နယ်ကို ငါးလအတွင်း ပို့ခဲ့တဲ့ အင်အား ၄၅၀၀ ၀န်းကျင်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဆောမြို့နယ်၊လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို အာဏာသိမ်းစစ် တပ်က စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာနောက်ဆုံးပတ်က ကျင်ဒွေးမြို့ မဆာတွီရွာအနီး တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၅)နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅) မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။
👍39❤9🔥1😁1🤬1💩1🖕1
(ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
👍36🤬3💩3🖕2🔥1
ပေါင်းတည်မှာ စစ်တပ်လက်ချက်ကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် ၃ဦး သေဆုံး

အောက်တိုဘာ-၁၇၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီကျော်အချိန်မှာ ပေါင်းတည်မြို့နယ် ၊ အင်းမမြို့အခြေစိုက် တပ်မ (၆၆)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်းတည်မြို့နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ခုတ်ကြီးနေရာကို ပါရာမော်တာနဲ့ ဗုံးသီးကြဲချခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦီး၊ ၈ နှစ်အရွယ်ကလေးငယ်နဲ့ လသားအရွယ် ကလေးငယ် ၁ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးမိဘတွေက ပဲခင်းထဲ ဆေးဖြန်းနေတာ။ မိဘတွေကိုတော့မထိဘူး။ကလေးတွေထိသွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာမှာ လက်နက်ကိုင်အဖွဲ့တွေ မရှိသလို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ရက်မှာလည်း ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာမှာရောက်ရှိနေတဲ့ စစ်တပ်ဟာ ပေါင်းတည်မြို့ နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ပြောင်တောင်အနီးကို ကာမီကာဇဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အောက်တိုဘာလ ပထမပတ်ကစပြီး စစ်တပ်ဟာ ပေါင်းတည်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးတာတွေလုပ်နေသလို အရပ်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
🤬39❤5👏2👍1👎1
🤬32❤4🔥3👏2
ပုသိမ်ကြီးမြို့အနီးဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ ၄.၂အဆင့် ငလျင်လှုပ်

အောက်တိုဘာ ၁၇၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၇ ရက် မနက် ၀၈ နာရီ၂၆ မိနစ်ခန့်က မန္တလေးမြို့အရှေ့-အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာ၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ဒီမနက် လှုပ်ခတ်သွားတဲ့ငလျင်ဟာ မန္တလေးမြို့နဲ့အနီးတဝိုက် သိသာစွာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"အသံကကျယ်တယ်။ ဆွဲခါယမ်းသွားတာ။ အတော်ပြင်းတယ်"လို့ မန္တလေးမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက်ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါသေးတယ်။

လူထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ တစ်နှစ်ခွဲကျော်လာခဲ့ပေမယ့် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေဆဲ ဖြစ်ပြီး ပြည်သူတွေ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
👍37🔥5😱2👎1😁1😢1
👍34🔥3👎1😁1
ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု

အောက်တိုဘာ-၁၇၊၂၀၂၆။ဇော်ဝင်း/People's Spring

ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စုစည်းပြီး တပ်တစ်တပ်တည်းအဖြစ်တည်ဆောက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါတယ်။

မနေ့ကကျင်းပတဲ့ ကရင်နီပြည်ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတင်သွင်းပြီး ကရင်နီပြည်ကြားကာလ လွတ်တော်ကနေ ဥပဒေကြမ်းအဆင့်နဲ့ ဥပဒေအတည်ပြုပြဌာန်းတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန် ရေး တပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူပြည်သားနဲ့ ကရင်နီပြည်ကိုသော်လည်းကောင်း ပြည်ထောင်စုကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

"ဥပဒေကို လွတ်တော်က ပြဌါန်းလိုက်ပြီး ဖြစ်ပေမဲ့ နောက်ဆက်တွဲကျင့်သုံးနိုင်ဖို့က IEC ဥက္ကဌက လက်မှတ်ရေးထိုးဖို့တော့ လိုပါသေးတယ်။ အဲဒါပြီးရင်တော့နောက်ဆက်တွဲ အနေနဲ့ အဓိက အပြောင်းလဲ (၃) ရပ်ရှိနိုင်ပါတယ်"လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌ စောအားလ်ဒိုက လူထုနွေဦးကို ပြောပါတယ်။

ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်ဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ် တွေက အရပ်ဘက် ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ် စည်းကမ်းအမိန့်နာခံမှု နဲ့ ပြည်သူနဲ့တပ် ဆက်ဆံရေးအပိုင်းတွေပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားပါတယ်။

ကရင်နီပြည်မှာ တပ်ဖွဲ့တွေရှိပြီး တပ်ပိုင်းဆိုင်ရာလုပ်ရှားဆောင်ရွက်မှုရှိပေမယ့် ကရင်နီတပ်ပေါင်းစုံမှာ မပါဝင်တဲ့ တပ်တွေအနေနဲ့ကတော့ ဥပဒေကို တစ်စိတ်တစ်ပိုင်း လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အထူးသဖြင့် အရပ်သားတွေနဲ့ ဆက်စပ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေရှိလာရင် ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း လိုက်နာကျင့်သုံးရမှာလို့ သိရပါတယ်။

အရပ်ဘက်နဲ့ ဆက်စပ်ကျူးလွန်တဲ့ ပြစ်မှုမှန်သမျှ အရပ်ဘက်တရားရုံးမှာသာ စစ်ဆေးစီရင်ဖို့ အတိ အလင်း ပြဌာန်းချက် ပါဝင်တဲ့အတွက် အရပ်သားအပေါ် တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေလျော့နည်းလာမယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌက အသိပေးပါတယ်။

"ဒီဥပဒေကို စိစစ်ပြင်ဆင်တဲ့နေရာမှာ အထူးထည့်သွင်းစဉ်းစားတဲ့ အချက် နှစ် ချက်ရှိပါတယ် ။ နံပတ် တစ်အချက််က တပ်ကို အရပ်သားကြီးကြပ်မှုအောက်မှာ ရှိဖို့ဖြစ်တယ် ၊ နံပတ် ၂ အချက်က တပ်ဖွဲ့ဝင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အထူးထည့်သွင်းပြင်ဆင်ထားတယ်ဆိုတာ ဖော်ပြလိုတယ်"လို့ သူက ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေပြဌာန်းလိုက်တာက ကရင်နီလူထုနဲ့အရပ်ဖက် အဖွဲ့အစည်းတွေ မျှော်လင့် တောင်းဆိုနေတဲ့ စည်းလုံးညီညွတ်သော ကရင်နီ တပ်မတော် ( UKSA) ဖြစ်လာမယ့် ကြိုတင်ပြင်ဆင်မှုလို့ သူက ထပ်ပြောပါတယ်။

"တော် လှန်ရေးက ကြာနိုင်တယ်ဆိုပေမဲ့ စုစည်းညီညွတ်မှုရှိရင် အင်အားလည်း ပိုကြီးမယ်။ ခုခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ ပိုထိရောက်မယ်။ စစ်ရေးလိုအပ်ချက်တွေအတွက်လည်း ပိုပြီးပြည့်စုံလာနိုင်တယ်။ ပြည်သူတွေကို ကာကွယ်မှုပိုပေးနိုင်မယ်လို့ ယုံကြည်တယ်။စုစည်းညီညွတ်ရင် တော်လှန်ရေး အချိန်မြန်မြန် ပြီးနိုင်ပါမယ်"လို့ UKSA အမြန်ဆုံးပေါ်ထွက်လာဖို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ရဲ့စစ်ရေးကဏ္ဍမှာ ကရင်နီစစ်ဦးစီးကော်မတီ (JCS)က ဦးစီးနေပေမယ့် ကြားကာလပြည်နယ်အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

ကနဦးဖွဲ့စည်းထားတဲ့စစ်ဦးစီးကော်မတီ(JCS)ထဲမှာ ကရင်နီပြည်တပ် မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုးသားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(KNPDP)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။

စစ်ရေးအချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။

ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်၀န်းကျင်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပါတယ်။

ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။
❤35👍14👏3🤮1🤣1🖕1
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
👍37❤12👏1🤮1🤣1🖕1
ဟင်းချက်နည်းသင်တန်းစတင်ပါတော့မယ်။ Hell’s Kitchen မှာပါ။ ကမ္ဘာစစ်တစ်ခုဖြစ်အောင်ချက်ပြုတ်ဖို့အတွက်ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်ပါသလဲ။

ခဲတံကိုင်ပါ၊ စာရွက်ယူပါ၊ ချရေးပါ။ ဈေးစာရင်းကဒီမှာပါ။

အရူးထအမျိုးသားရေးဝါဒ ၂၅ ကျပ်သား၊
မိစ္ဆာအာဏာရှင် ၂၅ ကျပ်သား၊အဆံချောင်
တိုင်းပြည်ခေါင်းဆောင် ၂၀ ကျပ်သား၊
သွားမရှိတဲ့ကမ္ဘာ့အဖွဲအစည်း ၂၀ ကျပ်သား၊
အောင်ကြူကြူပြည်သူ ၁၀ ကျပ်သား

အခုလိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးစားပွဲပေါ်မှာရောက်နေပါပြီ။ ကမ္ဘာစစ်ဟင်းပွဲတစ်ခုကိုချက်ပြပါတော့မယ်။

ဒါနဲ့စကားမစပ်တတိယကမ္ဘာစစ်ကစတင်နေပြီလား။ ဟုတ်ကဲ့၊ ဖြစ်ဖို့များပါတယ်။

ပထမလိုအပ်ချက်ဖြစ်တဲ့ “အရူးထအမျိုး
သားရေးဝါဒ” ကို ရုရှ၊ အမေရိကန်၊ တရုတ်၊ အစ္စရေး၊ ဂျာမဏီ၊ ပြင်သစ်စတဲ့အင်အားကြီးနိုင်ငံအတော်များများမှာလက်ကားဈေးနဲ့ရောင်းချပေးနေပါတယ်။

ဒုတိယလိုအပ်ချက်ဖြစ်တဲ့ “မိစ္ဆာအာဏာရှင်” ကတော့ဘယ်တုန်းကမှပြတ်တောက်သွားတယ်လို့မရှိပါဘူး။ ဈေးကွက်ထဲမှာ ၂၄ နာရီရပါတယ်။ ကြိုက်တဲ့အချိန်မှာဒလီနဲ့ပို့ပေးမှာပါ။ Main Supplier ကတော့ ရုရှ ပါ။

“အဆံချောင်တိုင်းပြည်ခေါင်းဆောင်” ကတော့ပစ္စည်းအသစ်ဖြစ်ပါတယ်။ ဈေး
ကောင်းတယ်။ မတည့်တဲ့သူစားမိရင်တော့ဖြေဆေးမရှိပါဘူး။ ပစ္စည်းကရွှေဝါရောင်ပါ၊ အမျိုးသမီးတွေကိုမြင်ရင် ယင်းထပါတယ်။ Made In USA ဖြစ်တယ်။ အမေရိကန်စစ်စစ် ရေမရောပါ။

“သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း” ကတော့နယူးယောက်မှာအခြေစိုက်ပြီးကြီးကျယ်တဲ့အခမ်း
အနားတွေ ပြုလုပ်လေ့ရှိပေမယ့်ရလဒ်က
တော့သိပ်မရှိတော့တာ ကြာခဲ့ပါပြီ။

နောက်ဆုံးလိုအပ်တဲ့ “ဘုမသိဘမသိပြည်သူတွေ” ကတော့ပထမဆုံးပြောထားတဲ့ “အရူးထအမျိုးသားရေးဝါဒ’ နဲ့တွဲပြီးရောင်းချပေးတာပါ။ အမေရိကန်၊ ဘရာဇီးနဲ့ဥရောပတခွင်ကဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်။ အာရှတခွင်မှာလည်းရှိပါတယ်။

အာဖရိကတိုက်ကတော့ အထက်ပါဈေးစာ
ရင်းကိုတစ်နေရာထဲနဲ့အရံသင့်ရမယ့် 7 Eleven ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာသူဆင်ထားတဲ့ထောင်ချောက်ထဲကိုသူအကြိမ်ကြိမ်ပြန်နင်းတဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ကြရအောင်ပါ။



https://www.ludunwayoo.com/feature-mm/2026/10/17/170982/
😁23👍20❤6🤮3🤣1🖕1
စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှု ပူးပေါင်းဆောင်ရွက်သူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူမယ်လို့ ဘုတ်ပြင်းပကဖ ကြေညာ

အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မြို့နယ်၊အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေအပါအဝင် အားလုံးကို အရေးယူသွားမှာလို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဘုတ်ပြင်းပကဖက အောက်တိုဘာ ၁၇ရက်မှာ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

" စကစလက်ပါးစေတွေကိုတော့ ကျနော်တို့အဖွဲ့အနေနဲ့ သေခြာစောင့်ကြည့်နေပြီး အချက်အလက်ခိုင်မာ သေခြာတာနဲ့ ထိထိရောက်ရောက် ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမယ်ဆိုတဲ့သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ပြောပါတယ်။

နိုင်ငံတော်ရဲ့ အာဏကို အကြမ်းဖက်နည်းနဲ့ အဓမ္မသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ အဖွဲ့တွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအပေါ် မည်သည့် ဥပဒေ အခွင့်အာဏာကိုမှ သုံးစွဲခွင့်မရှိကြောင်းလည်း ဘုတ်ပြင်းမြို့နယ် ပကဖရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ့်ချူပ်ချယ်သူ မှန်သမျှကို ပြည်သူလူထုဘက်ကနေ မားမားရပ်ပြီး ကာကွယ်သွားနိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ကိုလူစစ်နိုင်က ပြောပါတယ်။

“ကျနော်တို့ရဲ့အသက်ကိုပါ စွန့်လွှတ်ရရင် စွန့်လွှတ်ရပါစေ ပြည်သူလူထုဘက်မှာ အမြဲတမ်းရပ်ပြီး ကျနော်တို့အဖွဲ့ကိုယ်စွမ်းဉာဏ်စွမ်း လုပ်နိုင်စွမ်းရှိသလောက်အားကုန်စိုက်ထုတ်ပြီး ကာကွယ်သွားမယ်ဆိုတာ ယုံကြည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောပါတယ်။

စစ်တပ်ဟာ စစ်မျက်နှာအသီးသီးမှာ ပြုန်းတီးနေတဲ့ စစ်အင်အားဖြည့်တင်းနိုင်ဖို့ နိုင်ငံတဝန်း လူငယ်တွေကို နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းလျက်ရှိပါတယ်။

စစ်တပ်ရဲ့ အခုလို စစ်သားစုဆောင်းမှုကို ပြည်သူတရပ်လုံး ရတဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသလို စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ ပစလို့ခေါ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့လည်း စစ်ကောင်စီတပ်ကနေ ရတဲ့နည်းနဲ့ ရုန်းထွက်ပြီး ပြည်သူလူထုဘက် ပူးပေါင်းလာဖို့ တိုက်တွန်းနှိုးဆော်သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
❤32👏13👍3🤣2🤮1💩1🖕1
(ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘုတ်ပြင်း ပကဖ)
❤32👏7👍3🤣2🤮1🖕1
၂၀၂၆ ဆယ်လခန့်အတွင်းထိုင်းရောက်
မြန်မာတွေရဲ့ဆေးကုစရိတ်ဘတ်သန်း၉၆၀ ကျော်ရှိ

​အောက်တိုဘာ-၁၇၊၂၀၂၆။People's Spring

ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်းဟာ ၂၀၂၆ခုနှစ်အတွင်းမှာပဲ ဘတ် သန်း ၉၆၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

ထိုင်းရဲ့ ပြည်သူ့ကျန်းမာရေး စနစ်မှာ မြန်မာ
နိုင်ငံသားတွေအတွက်အခုနှစ်ကျသင့်ငွေ စာ
ရင်းရှင်း တန်ဖိုးက ဆယ်လခန့်မှာပဲဘတ် ၉၆၄.၂၅ သန်းထိ ရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဌာနရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။

အဲဒီထဲကအများစုကိုတော့လူနာတွေက စ
ရိတ်အပြည့် ရှင်းလင်းပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။ စုစုပေါင်း ဘတ် ၈၆၃ သန်း၊ တစ်နည်းအားဖြင့် စာရင်းစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကို အပြည့်အဝ ပေးချေခဲ့ကြပါတယ်။

ဘတ် ၇၂.၃၂ သန်းစာအတွက်ကတော့ ပေး
ချေနိုင်စွမ်း မရှိခဲ့ကြဘဲ ၁၁.၅၂ သန်း အတွက်ကိုတော့တစ်ပိုင်းတစ်စပေးချေမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစာရင်းက ကိန်းဂဏန်းတွေကိုကြည့်
ပြီး ဘယ်သူတွေကစရိတ်ပေးချေမှု မရှိခဲ့ဘူး
လဲ ဆိုတာမျိုး အလွယ်တကူ ကောက်ချက် မချသင့်ကြောင်း၊ စရိတ်ပေးချေမှုနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ကွဲပြားတဲ့ အသေးစိတ် အခြေအနေတွေ အများကြီး ရှိနေကြောင်းလည်း အဲဒီ စာရင်းထဲမှာ မှတ်ချက် ထည့်
သွင်း ဖော်ပြထားပါတယ်။

ကိုးကာ-Thaiger
🔥20👍10🤣1
နယ်စပ်ရှိမြန်မာဒုက္ခသည်စခန်းမှ လူနာတဦးကို ထိုင်းကျန်းမာ​ရေးဝန်ထမ်း​တွေက ​ဆေးရုံ​ပေါ်မှာကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးစဥ်။ဓါတ်ပုံ-ရိုက်တာ
🔥21😢10❤4👍2🤣1
■သတင်း​ဆောင်းပါး

နေ့ရက်တစ်ရက်ချင်းစီကို ရင်ဆိုင်ရင်း

●ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှ နေ့စဉ်ကြုံတွေ့နေရသော ရှင်သန်ရပ်တည်ရေး စိန်ခေါ်မှုများ

-ခါကာဘို ဘာသာပြန်​သည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းအနီး စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်သူတချို့ဟာ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စခန်းအနီးဝန်းကျင်က လယ်ကွင်းတွေနဲ့ သစ်တောတွေထဲမှာအစားအစာနဲ့ထင်းတွေ ရှာဖွေရင်း အသက်ရှင်ရပ်တည်ဖို့ ရုန်းကန် နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်အဖြစ်ဘာကြောင့်ဒီကို ရောက်လာရတာလဲလို့ မေးလိုက်တဲ့အခါ
'စန်းစန်း'က မျက်ရည်ဝဲပြီး ငိုကြွေးမိခဲ့ပါတယ်။ သူမက ရွာကနေ ထွက်ပြေးလာစဉ် သယ်ယူလာနိုင်ခဲ့တဲ့ တစ်ခုတည်းသော အ
ဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေကို လက်ညှိုး
ထိုးပြပါတယ်။ပြီးတော့အိတ်ထဲကနေဟောင်း
နွမ်းနေပြီဖြစ်တဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ပြပါတယ်။

“ဒါက မီးမလောင်ခင်က ကျွန်မတို့အိမ်ပုံပါ” ဟု ဓာတ်ပုံထဲရှိ ကြီးမားကျယ်ဝန်းတဲ့အိမ်ကြီးကို လက်ညှိုးထိုးပြရင်း 'စန်းစန်း'က ပြောပြပါတယ်။ “တစ်နေ့နေ့မှာ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာရမယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး” ဟု သူမက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရခိုင်
ပြည်နယ်၊ စစ်တွေမြို့နယ်က ကျားမသောက်ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် (AA)အခြေစိုက်နိုင်ခြေ မရှိအောင်ဆိုတဲ့ ရည်
ရွယ်ချက်နဲ့ အဲဒီအနီးတဝိုက်က ကျေးရွာအ
များအပြားကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ​ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တည်ရှိတဲ့ စစ်တွေမြို့ဟာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုထဲမှာ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ် ၃ ခုအနက် တစ်ခု ဖြစ်ပါတယ်။ စစ်
တပ်က စစ်တွေပါတ်ဝန်းကျင် ရွာတွေမှာ နေ
ထိုင်ကြသူတွေကိုကြောက်လန့်ပြီးရွှေ့ပြောင်း
သွားအောင် လုပ်တဲ့နည်းလမ်းနဲ့ စစ်တွေမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဆက်လက်ထိန်း
ချုပ်ထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကျားမသောက်ရွာ မီးရှို့ခံရတဲ့အချိန်မှာ စန်းစန်းရဲ့ မိသားစု (ခင်ပွန်းဖြစ်သူနဲ့ ကလေးနှစ်ဦး) အပါအဝင်ရွာသား ၆၅၀ခန့်ထဲက အများ
စုဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေဘက်ကို ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွာသား သုံးပုံတစ်ပုံခန့်ကတော့ အ
သက်ကြီးသူတွေနဲ့ မသန်စွမ်းသူ အများအ
ပြား ပါဝင်ပြီး စစ်တွေမြို့ပေါ်က ဘုန်းကြီး
ကျောင်းတွေမှာ ခိုလှုံနေခဲ့ကြပါတယ်။

ကျားမသောက်ရွာကစန်းစန်းနဲ့အခြားမိသား
စု ၁၀ စုဟာ စစ်တွေမြို့ရဲ့ မြောက်ဘက် ကီ
လိုမီတာ အနည်းငယ်အကွာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ရောက်ရှိလာခဲ့ကြပါတယ်။ပုဏ္ဏားကျွန်းမြို့
နယ်ကို သီတင်းပတ်များစွာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လလယ်မှာ AA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းကို သွားရတဲ့ ခရီးစဉ်ဟာ အလွန်အန္တရာယ်များခဲ့ပြီး ကုလားတန်မြစ်
ကြောင်း အတိုင်း ခရီးဆက်ခဲ့ရပါတယ်။ စစ်တွေဘက်ကစစ်ဘေးရှောင်တွေထပ်မံရောက်
ရှိလာတာကြောင့် စခန်းမှာ ခိုလှုံနေသူဦးရေဟာ ၁,၆၄၃ ဦးအထိ ရှိလာခဲ့ပါတယ်။

အဲဒီစခန်းဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉၃ ခုထဲက တစ်ခု ဖြစ်ပါတယ်။အခုနှစ်ဖေဖော်ဝါရီ၈ရက်
နေ့မှာတော့ အဲဒီစစ်ဘေးရှောင်စခန်းကို ဆောင်းပါးရှင် ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ အဲဒီစခန်းရဲ့ အခြေအနေဟာ ဝမ်း
နည်းကြေကွဲမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ စိတ်
ပျက်မှုတွေ လွှမ်းမိုးနေပါတယ်။ စခန်းထဲမှာ တဲအိမ်များစွာကို တွေ့ရပြီး၊ သက်ကယ်၊ ဝါးနဲ့ တာပေါ်လင်စတွေကို အသုံးပြုပြီး ဆောက်ထားတဲ့ တဲငယ်တွေဟာကျဉ်းမြောင်းစွာတည်
ရှိနေကြပါတယ်။

စခန်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံး သွားရတာ၊ အိမ်နီးချင်းအသိုင်းအဝိုင်းတွေနဲ့ အပြန်အလှန်ကူညီပေးတဲ့ ကွန်ရက်တွေ ပျက်စီးသွားတာ၊ အကူအညီပေးရေးစနစ်တွေ ထိခိုက်သွားတာ စတဲ့ ပြဿနာမျိုးစုံကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန် နေကြရပါတယ်။

မောင်တင်လှ ဟာစစ်တွေမြို့၊ မကျည်းမြိုင် (ရပ်ကွက် ၃) မှာနေထိုင်တဲ့ချမ်းသာတဲ့ စီး
ပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။သူဟာ မြို့စွန်မှာ ၅ ဧက ကျယ်ဝန်းတဲ့ လယ်မြေကို ပိုင်ဆိုင်ပြီးတစ်နှစ်ပတ်လုံးစိုက်ပျိုးလုပ်
ကိုင်ကာ ဝင်ငွေကောင်းကောင်း ရရှိခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ထိုးစစ်အများစုဟာစစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို ဦးတည်ခဲ့တာကြောင့် မကျည်းမြိုင်ရပ်ကွက်သားတွေက မြို့ထဲမှာရှိတဲ့ သူတို့ရဲ့ အိမ်တွေအထိ စစ်ဘေးအန္တရာယ် ရောက်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စစ်တပ်က စစ်တွေမြို့ပေါ်က ရပ်
ကွက်တချို့ကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးလာတဲ့အခါ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
🤮11👍6❤4🤬3👏1🖕1
AA အဖွဲ့ဝင်တွေလို့ သံသယရှိခံရတာကြောင့် လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ “စစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ရခိုင်ပြည် လွတ်
မြောက်ရေးပါတီ (ALP) က အိမ်ထောင်စုတချို့ရဲ့ အချက်အလက် တွေကို စစ်တပ်ဆီ ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော့်နာမည်လည်းပါသွားပြီလို့ ခံစားမိခဲ့ပါတယ်” ဟု မောင်တင်လှက အဲဒီအချိန်ကို ပြန်လည်ပြောပြပါတယ်။

မတ်လ ၁၇ ရက် သန်းခေါင်ယံအချိန်လောက်မှာ သူ့အိမ်အနီးက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီးတဲ့နောက် မောင်တင်လှက ရွာကနေ ထွက်ခွာဖို့ အမြန်ပြင်ဆင်ခဲ့ပါတယ်။ သူ့ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ရွှေထည်ပစ္စည်းတွေ၊ ငွေကြေး၊ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေ ထည့်ထားတဲ့ အိတ် ၇ အိတ်ကို သယ်ဆောင်ပြီး AA ထိန်းချုပ်ထားတဲ့ ဒေသဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

၅ ရက်ကြာ ပင်ပန်းခက်ခဲစွာ ကီလိုမီတာ ၉၀ ခန့် ခရီးနှင်ခဲ့ပြီးနောက် အဲဒီမိသားစုဟာ ပုဏ္ဏားကျွန်း မြို့နယ်ရှိ ဒီစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက် မောင်တင်လှက သက်ကယ်တဲဆောက်လုပ်ဖို့ လို
အပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူပြီး မိသားစုအတွက် နေစရာတစ်ခု ဖန်တီးခဲ့သလို အစား
အစာနဲ့ သောက်သုံးရေတွေကိုလည်း စီစဉ်ခဲ့ပါတယ်။

“ကျွန်တော့်မှာ ကျပ် ၁၀ သိန်းခန့် (ဒေါ်လာ ၄၇၆ ခန့်) ပါလာပေမယ့် အဲဒီငွေက တစ်လစာလောက်ပဲ ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထည်တွေကို စရောင်းရတော့တာပါပဲ။ အိမ်ကနေ သယ်လာနိုင် ခဲ့တဲ့ စုစုပေါင်းပမာ
ဏရဲ့ ထက်ဝက်လောက် ကုန်သွားပါပြီ” ဟု မောင်တင်လှက ပြောပါတယ်။ “ကျန်တဲ့ရွှေတွေကို ရောင်းရင်တော့ နောက်ထပ် တစ်နှစ်လောက် ဆက်ပြီး တောင့်ခံနိုင်ဦးမယ် ထင်ပါတယ်။”

စစ်ဘေးရှောင်တွေထဲက တံငါသည်တချို့ဟာ အနီးအနားက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းအတွက် ရောင်းချကြပါတယ်။တချို့ကတော့ တောင်
ကုန်းတွေပေါ်ကနေ ထင်း၊ ဝါးနဲ့ ဟင်းသီး
ဟင်းရွက်တွေကို ရှာဖွေယူပြီး ကိုယ်တိုင်စားသုံးကြသလို စခန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာလည်း ပြန်လည်ရောင်းချကြပါတယ်။

ဒါပေမယ့် မောင်တင်လှဟာ တံငါသည်တစ်ဦး မဟုတ်သလို အစားအစာနဲ့ ထင်းရှာဖို့ တောင်ပေါ် တက်ရာမှာလည်း ကျွမ်းကျင်သူ မဟုတ်ပါဘူး။ သူ့ဇနီးကလည်း အိမ်မှုကိစ္စတွေနဲ့ တစ်နေ့လုံး မအားမလပ်ဖြစ်နေပြီး စ
ခန်းကနေ ၂ ကီလိုမီတာခန့်အကွာရှိ ကျောင်းမှာ ပထမတန်းတက်နေတဲ့ အသက် ၇ နှစ်အရွယ် သားဖြစ်သူကို ပြုစုစောင့်ရှောက်နေရပါတယ်။

“အခုအချိန်ထိတော့ မိသားစုကို ရေရှည်ထောက်ပံ့နိုင်မယ့် ဝင်ငွေရလမ်းကို ရှာမတွေ့သေးပါဘူး"လို့မောင်တင်လှကပြောပါတယ်။ စစ်တွေမြို့က အိမ်ကို အမြန်ဆုံး ပြန်နိုင်မယ့်နေ့ကိုမျှော်လင့်ရင်းစောင့်ဆိုင်းနေရုံပဲ ရှိတော့ပါတယ်။

ဒီစခန်းမှာ မောင်တင်လှလိုပဲ အရင်က အဆင်
ပြေချမ်းသာခဲ့ရာကနေ အခုအခါ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတဲ့ လူတွေရဲ့ အဖြစ်အ
ပျက်တွေ အများကြီး ရှိနေပါတယ်။ သူတို့ရဲ့ အိမ်တွေဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ ဒါမှမဟုတ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် အခုတော့ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရင်း သစ်တောနဲ့ တောင်
ကုန်းတွေ ကနေ အစားအစာနဲ့ ထင်းတွေကို ရှာဖွေပြီး အသက်ရှင်နေကြရပါတယ်။

စစ်ဘေးရှောင်စခန်းရဲ့ နေ့စဉ်ဘဝကို လိုအပ်
ချက်တွေနဲ့ပဲ လည်ပတ်နေကြရပြီး နေမထွက်ခင် ကတည်းက စခန်းမှာ နေထိုင်သူတွေဟာ အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းအ
တွက် ရှာဖွေဖို့ ပြင်ဆင်ကြရပါတယ်။ အများစုက စခန်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်
ကုန်းတွေဘက် ခက်ခဲကြမ်းတမ်းတဲ့ လမ်း
ခရီးကို လျှောက်သွားကြပါတယ်။ မွန်းတည့်ချိန်လောက်မှာတော့ ရှာဖွေရရှိလာတဲ့ ဟင်း
သီးဟင်းရွက်တွေနဲ့ ထင်းတွေကို သယ်ဆောင်ပြီး စခန်းကို ပြန်လာကြပါတယ်။

မောင်အေးထွန်းနဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူအတွက်တော့ လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်ရဲ့ မီးရှို့မှုကြောင့် စစ်တွေမြို့နယ်၊ မြစ်နားရွာကနေ ဒီစခန်းကို ရောက်လာခဲ့တဲ့အချိန်ကတည်းက တောင်ပေါ်ကို သွားရောက်ရှာဖွေရတာဟာ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၃ နှစ်အတွင်း စခန်းကလူတွေ အထိန်းအကွပ်မရှိ ရှာဖွေအသုံးပြုခဲ့ကြတာကြောင့်တောင်ပေါ်က သ
ယံဇာတတွေ တဖြည်းဖြည်း ပြုန်းတီးလာနေပါပြီ” ဟု သူက ညည်းတွားပြောပါတယ်။

“လွန်ခဲ့တဲ့၂ နှစ်ကနဲ့ နှိုင်းယှဉ်ရင်အခု ဟင်း
သီးဟင်းရွက်နဲ့ ထင်းရဖို့ ပိုပြီး အားစိုက်ရှာဖွေရပါတယ်။ တောင်တွေထဲကို ပိုနက်နက်ဝင်သွားရပြီး နေ့တိုင်း ဒီလောက်ပမာဏ ရနိုင်မယ်ဆိုတာလည်း မသေချာတော့ပါဘူး”လို့မောင်အေးထွန်းက ပြောပါတယ်။

တောင်ကုန်းတွေပေါ်က သစ်တောတွေ အ
လျင်အမြန် ပြုန်းတီးလာတာကို စိုးရိမ်တဲ့အတွက် ULA က လွန်ခဲ့တဲ့ ၅ လကတည်းက သစ်ခုတ်မှုတွေကို ကန့်သတ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

မောင်အေးထွန်းရဲ့ မိသားစု ၄ ဦးအတွက် အ
စားအစာတင် နေ့စဉ်ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ ခန့် ရှိပါတယ်။ဒါပေမယ့် ဟင်းသီး
ဟင်းရွက်နဲ့ ထင်းရောင်းရတဲ့ နေ့စဉ်ဝင်ငွေကတော့ တစ်ခါတလေ ကျပ် ၁၀,၀၀၀ တောင် မပြည့်ပါဘူး။ ရရှိလာသမျှ ငွေအများစုကိုတော့ အဓိကလိုအပ်တဲ့ ဆန်ဝယ်ယူဖို့ အသုံး
ပြုရပါတယ်။
❤12👍5🔥2😢2👏1🤮1🖕1