People's Spring
✔
59.2K subscribers
72.6K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အောက်တိုဘာ ၁၆ ရက် ဒီနေ့ ညနေ ၄နာရီကျော်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုမှာ မိုးကြိုးရွာက အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၁ဦး နဲ့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက်၄၀အရွယ် ဒေါ်သင်း ဆိုသူ သေဆုံးပြီး အသက်၆၀ အရွယ် အမျိုးသမီး ၁ဦးနဲ့ ရေလယ်ကျွန်းရွာက အမျိုးသား၂ဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘဲ ရွာတွေကို ၄ကြိမ်ပတ်ကြဲပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

◾️ဝန်းသိုနဲ့ ထီးချိုင့်ဘက် စစ်​ကြောင်းထိုးတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကနေ ထီးချိုင့် နဲ့ ဝန်းသိုမြို့နယ်ကို ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေ​ကြောင်းက​နေ ပစ်ကူ​ပေး၊ ဗုံး​တွေ ဆက်တိုက်ကြဲနေတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတချို့က ပြောပါတယ်။ အောက်တိုဘာလပထမ အပတ်ကတည်းက အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်း တစ်ကြောင်းထိုးလာတာလို့​ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ ပြောပါတယ်။ စစ်​ကြောင်းတစ်​ကြောင်းမှာ အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့ သိရပါတယ်။ အင်းတော်မြို့ဘက်ကနေ ဝန်းသိုမြို့နယ်ဘက်ကိုထိုးနေတဲ့ စစ်ကြောင်းဟာ တပ်လွင်ရွာကို ကျော်ကာ ဆက်လက်စစ်ကြောင်းထိုးနေပြီး​ တော်လှန်​ရေးတပ်​တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ကို ထိုးနေတဲ့ စစ်ကြောင်းကလည်း အောက်တိုဘာ ၁၆ ရက်​မှာ ကြိမ်းချောင်းနဲ့ ပိန်းအင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကြောင်းထပ်တိုးဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။

◾️KNU နဲ့တိုက်ပွဲမှာ စစ်တပ်သေဆုံးမှုရှိ

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူ-ခလယ်တံခွန်တိုင်-မုဒုံ ကားလမ်းပိုင်းပေါ်မှာတည်ရှိပြီး KNU တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်အုပ်ချုပ်နယ်မြေထဲက ဇီးဖြူကုန်းဘုရားဆီ တပ်အပြောင်းအလဲလုပ်ဖို့ အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက စစ်ကြောင်းထိုးခဲ့တာပါ။ နှစ်ရက်ဆက်ဖြစ်ပွားခဲ့တဲ့ ပုလိန်ရွာတိုက်ပွဲမှာ စစ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းဗုံးသီးတချို့ KNLA တပ်က သိမ်းဆည်းရရှိခဲ့သလို အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က အသိပေးပါတယ်။ KNU ဘက်က ထုတ်ပြန်လာတဲ့ ပုံတွေအရ စစ်တပ်ရဲ့ဘက်တံဆိပ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်ဖြစ်ပြီး ပုလိန်ရွာတိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတစ်လောင်းကျန်ခဲ့တာတွေ့ရပါတယ်။

◾️SCEF နဲ့ SRA ထပ်တွေ့

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်မှာ SCEFနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့ စုစည်းထားတဲ့SRA တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်လကျော်အကြာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုဖော်ပြမထားပေမယ့် တွေ့ဆုံပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ SRA အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ စတဲ့ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်ကြောင်း အသိပေးထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အပြန်အလှန် ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

◾️ချောင်းဦးနယ် စစ်တပ် ဗုံးကြဲမှု ဒဏ်ရာရတဲ့ သံဃာတစ်ပါး စိုးရိမ်ရ
👍14🔥3🖕2🙏1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ခန့်က ချောင်းဦးမြို့နယ်က ပန်းလှတောရကျောင်းတိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ဦးလုံး ဒီနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သက်တော် ၅၇ နှစ်အရွယ် သံဃာတစ်ပါးမှာ စိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင် ၄ဆောင်၊ သိမ်ကျောင်း ၁ဆောင် စုစုပေါင်း ၅ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေ​က ပြောပါတယ်။

◾️မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။ မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ အောက်တိုဘာ ပထမလပတ်မှာ ရပ်တန့်သွားပါတယ်။ တိုက်ပွဲက မိုးမိတ်-သပိတ်ကျင်းလမ်း၊ မိုးမိတ်-မဘိမ်းလမ်းနဲ့ မြစ်ဆုံရွာ၊ (၇)မိုင်ရွာတွေဘက်ကို ရောက်သွားတာဖြစ်ပြီး ညောင်နီကျေးရွာအနီးမှာ ဒီနေ့ တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းကျေးရွာအနီးမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က လူမျိုးရေးနဲ့ဘာသာရေးအသုံးချ လှုံ့ဆော်နေ

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်းနေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုပြိုကွဲစေဖို့ ရည်ရွယ်ပြီး ဘာသာရေးကို ခုတုံးလုပ် သပ်လျှိုဟောပြောခြင်း၊ လူမျိုးရေးကိုခုတုံးလုပ်ပြီး အမျိုးမျိုးသော ပြည်သူ့စစ်အမည်ခံအဖွဲ့များဖွဲ့စည်းခြင်းတွေ လုပ်ဆောင်နေတယ်လို့သတိပေးထားပါတယ်။ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း လူမျိုးစွဲ၊ ‌‌ဒေသစွဲ၊ သမိုင်းဖြစ်စဉ်တွေကို အသုံးချပြီး အမြင်ကျဉ်းမြောင်းတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ စစ်တပ်ကို အကူအညီပေးနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။
👍13🖕8❤6🔥2
👍25❤5🖕2🔥1🥰1
👍23🖕3❤2
ရဲတပ်ဖွဲ့ဝင်ဟောင်း ဂူဆီ ဦးဆောင်တဲ့TNLA တပ်ဖွဲ့ငယ်တခုစစ်တပ်နဲ့ပူး​ပေါင်းသွားဟုသတင်းထွက်​ပေါ်

■တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

အောက်တိုဘာ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းမြောက်မိုးမိတ်မြို့နယ်မှာတပ်စွဲထားတဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ငယ်တဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်ဘက်သို့ တပ်ရွှေ့
ပြောင်းခိုင်းရာ ရဲတပ်ဖွဲ့ဝင်ဟောင်းဂူဆီဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဟာအထက်အမိန့် မလိုက်
နာဘဲ အာဏာသိမ်းစစ်တပ်နဲ့ ပူး​ပေါင်းသွားတယ်လို့ မိုးမိတ်ဒေသ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်​​တွေကပြောပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့မှာ TNLA ရဲ့ လီဆူတပ်ရင်းမှ ဂူဆီ ဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၁ ဦးဟာလက်နက်၄၉လက်နဲ့အတူကျောက်မဲမြို့က စစ်အုပ်စုထံသွား​ရောက်ပူး​ပေါင်း ခဲ့တာလို့ဆိုပါတယ်။ဂူဆီဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်
အဝါသုံးပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကုတ်ဒေသကို TNLA ဝင်ရောက်စဉ် ဂူဆီဦးစီးတဲ့အဖွဲ့က ကနဦးမှာခုခံတိုက်ခိုက်တာရှိပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ TNLA မိုးကုတ်မြို့ကိုသိမ်းပိုက်စဉ်မှာတော့ ဂူဆီဟာTNLAနဲ့ ပူးပေါင်းသွားသူလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

အဲဒီနောက်TNLA တပ်မဟာ(၃) လက်အောက်မှာ လီဆူတပ်ဖွဲ့တပ်ဖွဲ့မှူးအဖြစ် သူ့လူတွေနဲ့အတူ မိုးမိတ်အထက်နားက ခါချယ်ရွာမှာ အ
ခြေချထားတာလို့သိရပါတယ်။

“ခါချယ်ဆိုတဲ့ ကချင်နဲ့ ပလောင်ရွာမှာ သူ့တပ်ဖွဲ့တွေနဲ့ သူကတာဝန်ကျတာ။ တာဝန်ကျတဲ့အခါကျတော့ သူကလည်း မြေအောက်လုပ်ငန်း နည်းနည်းလုပ်တယ်ထင်ပါတယ် ကြားရတာ လက်နက်စုတာ၊ဝယ်စုတာတို့ဘာတို့ပေါ့ကွာ။အဲဒါကို TNLA ဗဟိုက သိတဲ့အခါကျတော့ သူ့ကို အဲဒီစခန်းကနေ သူတို့အဖွဲ့အားလုံးကို နမ့်ဆန် တပ်မဟာ(၇)ဘက်ကို ပြောင်းလိုက်တာ။ပြောင်းလိုက်တဲ့အခါကျတော့ သူ့လူနဲ့ သူ့အဖွဲ့ကို သူက ဦးစီးဦးဆောင်ပြီးတော့ မှ နမ့်ဆန်ဘက်ကို လိမ်လိမ်မာမာနဲ့ သွားတဲ့ ဟန်ဆောင်ပြီးမှ ကျောက်မဲကို ဝင်ပြီး စကစထံမှာ လက်နက်ချလိုက်တာ”လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဂူဆီဦး​ဆောင်တဲ့တပ်ဖွဲ့ ကျောက်မဲကို သွားတဲ့အချိန်မှာ တားဆီးမှု မလုပ်ခဲ့တဲ့ နမ့်ဆန် နဲ့ မိုင်းငေါ့ကြားက TNLA ဂိတ်သုံးခုက တပ်မှူးတွေကိုလည်း နမ့်ဆန် တပ်မဟာ(၇)ကို ခေါ်ပြီး အရေးယူထားတယ်လို့ ကြားရကြောင်းသူကဆက်ပြောပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကတော့ TNLA တပ်ဖွဲ့ဝင်တွေ စစ်အုပ်စုထံ အလင်းဝင်တဲ့ ဖြစ်စဉ်မျိုးမရှိဘူးလို့ ငြင်းဆိုပါတယ်။

“အဲဒါကတော့ သတင်းအတု သတင်းအမှားသာဖြစ်တယ်။ကျမတို့ဆီမှာအဲဒီလို အလင်း
ဝင်တဲ့တပ်သားတွေလည်းမရှိဘူး။ အဲဒီ ကျောက်မဲ အနီးအနားတ၀ိုက်မှာဆိုလည်း ဒီလိုမျိုး လက်နက်စွန့်ပြီး အလင်းဝင်တဲ့ တပ်
သားတွေလည်းမရှိပါဘူး” လို့ လွေးယေဦးက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်ကတော့ လက်ရှိမှာ စစ်တပ်ထံ အလင်းဝင်သွားတဲ့ ဂူဆီဆိုသူဟာ မိုးမိတ်ဒေသမှာ ကျန်နေသေးတဲ့ သူ့တပ်ဖွဲ့တွေကို လိုက်ခေါ် နေတယ်လို့ ကြားရကြောင်းလည်း ပြောပြပါတယ်။ဒါ့အပြင် မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ်ရပ်တည်ဖို့ လုပ်ဆောင်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။​

ရှမ်းပြည်နယ်​မြောက်ပိုင်းမှ​ဒေသတွင်းသ
တင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ ရွှေဖီ​မြေသ
တင်းဌာနကလည်း လီဆူတပ်​ခေါင်း​ဆောင်ဂူဆီက ​အောက်တိုဘာ ၁၁ မှာစစ်တပ်နဲ့ပူး​ပေါင်းသွားပြီး ​အောက်တိုဘာ ၁၄ ရက်ကစပြီး မိုးမိတ််မြို့နယ်ကစစ်မှူထမ်း​ဟောင်း​တွေကိုပြန်​ခေါ်​နေပြီး မသွားရင် မိသားစုဝင်​တွေကိုဖမ်းမယ်လို့ခြိမ်း​ခြောက်​နေတယ်လို့​ဖော်ပြထားပါတယ် ။

“မနေ့ကနေ စပြီးတော့သူကမိုးကုတ်မှာဂိတ်တွေဘာတွေချပြီးမှအဝင်အထွက်တွေ စစ်
ဆေးတာတို့ စပြီးမှ လုပ်လာပြီလို့ သိရပါတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ကဂူဆီဦးဆောင်တဲ့အဖွဲ့ကို ကျောက်မဲမှာ ကြိုဆိုမှုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူကာအခမ်းအ
နား နဲ့ အကြီးအကျယ် ဝါဒဖြန့်တာတွေ လုပ်နိုင်တယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်တဦးက လက်နက်ကိုင်တပ်တွေအနေနဲ့ ကိုယ့်အဖွဲ့အ
ကျိုးစီးပွားကိုသာ ရှေးရှုမယ်ဆိုရင် နောက်
ဆုံးမှာ အာဏာရှင်စစ်တပ်က သက်ဆိုးရှည်လာမှာဖြစ်လို့ ရှမ်းမြောက်အခြေစိုက် တော်
လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ဖို့လိုအပ်ကြောင်းလည်းသူကပြောပါတယ်

TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်
ဆင်ရေးမှာ ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတရုတ်အစိုးရရဲ့ ဖိအားပေးမှု၊ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကြောင့် ​နောင်ချို ၊သီ​ပေါ ၊​ကျောက်မဲ မြို့​တွေကို လက်လွှတ်​ခဲ့ရသလို ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်လွှဲ​​ပေးခဲ့ရပြီး ၂၀၂၅
အောက်တိုဘာမှာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
👎25❤7🤣7👏2🌚2👍1😁1🤬1
👎24❤3🤣3🤮2
■​မေးမြန်းခန်း

"ကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်"

●စီးပွား​ရေးပညာရှင်တဦးနဲ့​မေးမြန်းခန်း

နိုင်ငံရဲ့အသုံးစရိတ်က အခွန်အကောက်နဲ့ အခြား၀င်ငွေ​တွေစုစု​ပေါင်းထက် များလာတဲ့အခါ ဘက်ဂျက်လိုငွေ ဖြစ်လာပါတယ်။အဲဒီဘက်ဂျက်လိုငွေတွေအတွက် ဗဟိုဘဏ်ကနေပြီးပုဂ္ဂလိကဘဏ်တွေ နဲ့ စီးပွားရေးလုပ်
ငန်းရှင်တွေဆီကို ငွေကြေးသက်သေခံစာချုပ်တခုအဖြစ် အတိုးနှုန်းတစ်ခုနဲ့ ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ် တွေ ထုတ်ရောင်းသလို ငွေစက္ကူအသစ်တွေရိုက်ထုတ်တဲ့ နည်းနဲ့ ယေဘူယျအားဖြင့် ဖြေရှင်းကြပါတယ်။
​အောက်တိုဘာ ၁၅ ရက်ကပဲ စစ်တပ်လက်​အောက်ခံ ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလီယံ ၂၁၀၀ ချေးငွေယူဖို့ စစ်တပ်လွှတ်တော်ကနေ ခွင့်ပြုခဲ့ပြန်ပါတယ် ။ ဘက်ဂျက်လိုငွေအ
တွက် ငွေတိုက်စာချုပ်နဲ့ လက်မှတ် တွေကို အရင်ရောင်းချပြီးမှ ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတဲ့ စစ်တပ်လွှတ်တော်မှာ ရုပ်တည်ကြီးနဲ့ပြောဆိုချက်​တွေဟာ ဗဟိုဘဏ်ငွေ
ကြေးမူဝါဒနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။

ပုဂ္ဂလိကဘဏ်တွေကငွေတိုက်စာချုပ်နဲ့လက်
မှတ်တွေကို ဗဟိုဘဏ်က ဝယ်တာဟာ လွှတ်
တော်ခွင့်ပြုချက် သီးသန့်မလိုပါဘူး။အခုတ
ကြိမ်ခွင့်ပြုလိုက်တယ်ဆိုတာဟာ ဗဟိုဘဏ်ကနေ တိုက်ရိုက်ချေးခွင့်ဖြစ်ပြီး ငွေကြေးအ
သစ်ဖန်တီးမယ့် ရလဒ်တစ်ခုအပါအ၀င် ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းကြီးမြင့်မှု)တွေအတွက် စိုးရိမ်စရာပိုကောင်းတဲ့အသံတွေ စီးပွားရေးလုပ်ငန်းအသိုင်းဝိုင်းမှာ အသံ​တွေပိုကျယ်​လောင်လာပြီဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ပြင်ပငွေကြေးဈေး
ကွက်မှာ အ​မေရီကန်ဒေါ်လာအပါအ၀င် ထိုင်းဘတ်၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ် နဲ့ စင်ကာပူဒေါ်လာစတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေတက်လာပြီးကျပ်ငွေတန်ဖိုးပိုကျဆင်းလာပါတယ်။ဒါကြောင့် လက်ရှိငွေကြေးဈေးကွက် ၊ ရုန်းကန်နေရတဲ့စီးပွားရေးလုပ်ငန်းတွေ၊အခြေ
ခံပြည်သူအ​ပေါ် ပိုဖိစီးလာတဲ့ အ​ထွေ​ထွေကုန်
ဈေးနှုန်းကြီးမြင့်မှု​တွေပတ်သက်လို့စီးပွားရေးပညာရှင်တဦးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ဒီရက်ပိုင်းဒေါ်လာဈေးအပါအ၀င် နိုင်
ငံခြားငွေလဲလှယ်မှုဈေးတွေထပ်မြင့်တက်လာတာဘာကြောင့်ပါလဲ။

ဖြေ- ဒေါ်လာဈေး တက်တာနဲ့ တခြားနိုင်ငံ
ခြားငွေလဲနှုန်းတက်တာတွေရဲ့ပထမတချက်က အမေရိကန်မှာ ဘဏ်တိုးနှုန်းတွေ မြှင့်လိုက်တယ်။ဒေါ်လာ ငွေမာအောင်လုပ်လိုက်တာမျိုးပေါ့။ဒေါ်လာအညွှန်းကိန်း တက်လာတယ်။နောက်တချက်က ကျွန်တော်တို့ မြန်
မာနိုင်ငံ အနေနဲ့က မူလမှာကိုပဲ နိုင်ငံ ရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ လက်ရှိ ကုန်ထုတ်လုပ်မှုတွေကျဆင်းတာ၊ ငွေကြေး
ဖောင်းပွမှုမြင့်တဲ့အခါ ကုန်ဈေးနှုန်းတွေ အ
ဆမတန်ကြီးမြင့်နေတာပေါ့။နောက် ဒေါ်လာလိုအပ်ချက်က ၂၀၂၁ နောက်ပိုင်းမှာ သိသိသာသာကြီးကို ‌ပြည်တွင်းထုတ်လုပ်မှုကျဆင်း ပြီးတော့ GDP ကတကယ့်လက်တွေ့မှာ နိုင်ငံရဲ့ အသုံးစရိတ်နဲ့ မမျှတဘူး။ဆိုတဲ့အခါကြတော့ ပြည်ပကြွေးမြီတွေလည်း အရမ်းမြင့်တယ်။ဒီအခြေအနေတွေစုပြုံလာတဲ့အခါကြတော့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်ကမြင့်နေသလိုရှေ့လာမယ့်ကာလတ
လျှောက်လုံးမှာလည်း ဒေါ်လာလိုအပ်ချက်က အားကောင်းလာမယ့် အခြေအနေက ရှိနေပြီးသား။နောက်လူထုကလည်းကျပ်ငွေအပေါ်ယုံကြည်မှုက အင်မတန်ကျဆင်းလာပြီးတော့အခုဆို ဆောက်လုပ်ရေးဂယက်တွေ တခြားသောဂယက်တွေကြောင့် ကျပ်ငွေတန်ဖိုးက သိသိသာသာကြီးကိုကျဆင်းသွားတာတွေ့ရတယ်။

မေး-အခုစားအုန်းဆီ တင်သွင်းမှုခွဲတမ်းက ထက်၀က်လျှော့လိုက်တယ်ကြားရတယ်။စက်သုံးဆီဆိုလည်း ဈေးတွေ ဆက်တိုက်တက်နေတယ်။ဒါတွေကိုရော ဘယ်လိုမြင်လဲ။

​ဖြေ-ဆီ(စားအုန်းဆီ)ကလိုသလောက်တောင်
၀ယ်မရတော့ဘူး။တချို့နေရာတွေမှာ ၀ယ်လို့မရတချက်ရတချက်။ဒီလို အခြေအနေမျိုးဖြစ်လာတာတွေ့တဲ့အခါလက်ရှိမှာစစ်ကောင်
စီရဲ့ ဒေါ်လာလိုအပ်ချက်ကို သိသိသာသာမြင်နေရတယ်။စီးပွားရေးလုပ်ငန်းရှင်အနေနဲ့က ဒီလိုအချက်တွေကိုကြည့်ပြီးသူတို့ခိုင်မာတဲ့ရင်း
နှီးမြှုပ်နှံမှုတွေဘက်က လှည့်တယ်။ကျပ်ငွေအပေါ်ယုံ ကြည်မှုကျတာက ဒေါ်လာငွေ တက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

မေး-ဆောက်လုပ်ရေးလုပ်ငန်းတွေဖျက်သိမ်းတာ၊ထုတ်ပိုးမှု စက်ရုံတွေ ရပ်ဆိုင်းတာ အ
ထည်ချုပ်လိုပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာအပြင်ပြည်တွင်းက ရုန်းကန်​နေရတဲ့အ​သေးစားအဘတ်စားလုပ်င‌န်းတွေရဲ့ အခက်
အခဲက ဘယ်လောက်ထိဆိုးရွားလာနေလဲ။

ဖြေ-အသိသာဆုံးနဲ့ အမြင်သာဆုံးကို ပြောရင် အထည်ချုပ်စက်ရုံတစ်ရုံက လုပ်သားထောင်ချီပြီးတော့ အလုပ်ဖန်တီးပေးနိုင်တယ်။အဲဒီလို စက်ရုံ ပိတ်သွားတဲ့အခါကြတော့ လက်ရှိပြည်တွင်းမှာ အဲဒီလုပ်သားတွေ ဘယ်နေရာ ပြန်အစားထိုးနိုင်မလဲပေါ့။ကြည့်ပြန်တော့လည်းပြည်တွင်းမှာကုန်ကြမ်းကလုံလုံ
လောက်လောက်မရှိဘူး။လျှပ်စစ်က လုံ
လောက်အောင် မပေးထားနိုင်ဘူး။ရှိနေတဲ့လုပ်ငန်းတော်တော်များများက ဆက်လက်ရပ် တည်ဖို့ ခက်နေတဲ့ အခြေအနေရှိနေတော့ အလုပ်လက်မဲ့နှုန်းက ပြည်တွင်းမှာ အများကြီးမြင့်တက်နေတယ်။နောက်ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာ။အားလုံးက လူငယ်တွေက စစ်မှုထမ်းကိစ္စနဲ့ ပြည်ပနိုင်ငံတွေကို ထွက်နေကြရတဲ့အခါကြတော့ ဘာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှု
😢15❤5👍3🍌3🖕3🔥1
ပြဿနာရင်ဆိုင်နေရတယ်ပေါ့နော်။ဆောက်လုပ်ရေးကကြတော့လည်း ဒီလိုပဲ။တဖက်မှာ ဆောက်
လုပ်ရေးလုပ်ငန်းတွေဆိုတာလုပ်သားအင်
အား အများအပြားသုံးရတယ်။အခုဆောက်
လုပ်ရေးလုပ်ငန်းက လည်းထိခိုက်လာတော့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အန္တရာယ်အရှိဆုံးက ဘဏ်ပြဿနာရှိတယ်ပေါ့နော်။ဆောက်လုပ်ရေး ကုမ္ပဏီအများစုက ဘဏ်ချေးငွေတွေနဲ့လည်ပတ်ကြတယ်။အခု ဖြစ်တဲ့ ကွန်ဒိုတွေကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။အားလုံးက ချေးငွေနဲ့စီမံကိန်း မကင်းကြပါဘူး။အဲဒီတော့ လတ်တလောသူတို့မလည်
ပတ်နိုင်တော့ဘူးဆိုရင် လောလောဆယ် ဘဏ်တွေက သူတို့ ချေးငွေတွေကို ပြန်ပြီးတော့ တောင်းဖို့က အခက်အခဲတွေအများကြီးရှိလာနိုင်တယ်။ဘဏ်တွေတောင်ငွေကြပ်နေတဲ့ တချို့အသံလေးတွေ ထွက်လာတာ ရှိတယ်။

မေး- ဒီအ​ခြေအ​နေ​က ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ- ဒါတွေကို ခြုံပြောမယ်ဆိုရင် ဆောက်
လုပ်ရေး ကဏ္ဍတခုတည်းကိုပဲ ကြည့်လို့မရဘူး။နောက်ဆက်တွဲအလုပ်အကိုင်အခွင့်အ
လမ်း၊ပြီးရင် ငွေကြေးပြဿနာ၊လက်ရှိကျပ်ငွေလည်ပတ်မှုအပေါ် လူတွေရဲ့ယုံကြည်မှု အားလုံးက အစစအရာရာ ဆက်စပ်ပြီးတော့ ထိခိုက်စေတာဖြစ်တဲ့အတွက်စီးပွားရေးအ
ပေါ် ဆိုးဆိုးဝါးဝါးရိုက်ခတ်တယ်လို့ ပြောလို့ရပါတယ်။

မေး-လက်ရှိ သွင်းကုန်အခက်အခဲတွေနဲ့ ပြ
ဿနာကွင်းဆက်တွေကို ရှင်းပြပေးပါဦး။

ဖြေ-သွင်းကုန်ပြဿနာကသွင်းကုန်ကို ပိတ်ဆို့တယ် ဆိုတာက ကိုယ့်မှာဒေါ်လာမရှိလို့ ပိတ်
ဆို့တယ်ဆိုပေမယ့် ပြဿနာက ပြည်တွင်းမှာရှိတဲ့ တချို့လုပ်ငန်းတွေ ကုန်ကြမ်းပြတ်လပ်မှု ဖြစ်ပြီးမလည်ပတ်နိုင်တဲ့ လုပ်ငန်းစုတွေလည်းအများကြီးတွေ့ရတယ်။ကုန်ပစ္စည်းတွေသွင်းကုန်ပိတ်ပေမယ့်မှောင်ခိုလမ်း
ကြောင်းပေါ့ ပိုပြီးကြီးထွားနေတာပေါ့။အခု
ဒီရက်ပိုင်း အများစုတွေ့ကြလိမ့်မယ့် ရေခဲ
သေတ္တာလိုဟာမျိုးပေါ့။လူထု ဆိုရှယ်မီဒီယာမှာ ပြောကြတယ်ပေါ့။ဥပမာ ထိုင်းမှာ မြန်မာငွေနဲ့ဆို ရှစ်သိန်းကိုးသိန်းလောက်ပေးရတဲ့ ရေခဲသေတ္တာက မြန်မာပြာ်မှာ သိန်းလေးငါးခြောက်ဆယ်လောက်ပေးရတဲ့အခါ ကိုယ့်ရဲ့ အိမ်နီးချင်းကပ်ရပ်နိုင်ငံတခုနဲ့ အဲဒီလောက် အဆပေါင်းများစွာကွာနေတဲ့ ကိစ္စက ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတဲ့ စီမံခန့်ခွဲမှု အလွဲတွေ အများကြီးပါမယ်လို့ သုံးသပ်မိပါတယ်။သွင်းကုန်ပြဿနာတွေ အထိုက် အ
လျောက်ဖြေလျှော့ပြန်ရင်လည်းတဖက်မှာ ဒေါ်လာလိုအပ်ချက်မြင့်လာမယ်ဆိုတော့လတ်တလောမှာ ဘယ်ဘက်ကမှ သိပ်ပြီးတော့ ဒေါ်လာမှီခိုမှုက မလွတ်ဘူးလို့တော့ မြင်ရပါတယ်။

မေး-ဈေးကွက်ကို စစ်အုပ်စုက လျစ်လျူရှုထားတဲ့အခြေအနေမျိုးဖြစ်နေလား။

ဖြေ-ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်
လောက်ပဲ လုပ်ချင်လုပ်ချင် ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ လက်ထဲမှာ ငွေရှိဖို့လိုတယ်။နောက် ဒေါ်လာရှိဖို့လိုတယ်။ငွေတွေ ရှိသမျှဒေါ်လာတွေ လတ်တလောမှာ ငွေဆိုလည်း လွှတ်တော်မှာတောင်တင်ပြီးတော့ ဘီလီယံ နှစ်ထောင်ကျော်လောက် အသုံးစရိတ်ချေးရတဲ့ ကိစ္စမျိုးတွေ၊နောက်ပြီး ဘဏ်မှာ ထုတ်တဲ့အခါ အမြဲတမ်း ကျပ်ငွေ အသစ်တွေ ထွက်ထွက်လာနေတာက ဘယ် လောက်ထိငွေကြေးဈေးကွက်ထဲ ကျပ်ငွေတွေဖောင်းပွနေသလဲဆိုတာ စဉ်စားစရာရှိတယ်။အခြေ
အနေတွေကို ခြုံပြောရမယ်ဆိုရင် လက်ထဲမှာငွေရယ် ဒေါ်လာရယ်မရှိတဲ့ ပြဿနာနဲ့က မ
လွယ်ဘူး။ဒါတွေက ဘယ်မှာ ပိုများနေလဲဆိုတော့ စစ်အသုံးစရိတ်တွေမှာ။

မေး-အခြေခံလူထု နေ့စဉ် ပူပန်ရင်ဆိုင် နေရတဲ့ ကုန်ဈေးနှုန်းတွေ တက်နေတာ ကုန်စည်ပြတ်လပ်နေတာတွေ ကို ဘယ်လို ဖြေရှင်းနိုင်လဲ။

ဖြေ-ကုစားနိုင်ဖို့ဆိုရင်ထုတ်ကုန်တွေတိုးမြှင့်ဖို့လိုတယ်။နောက်ပြီး လုပ်သားအင်အားတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြည်ပ‌၀င်ငွေရလမ်းတွေ၊FDI လို့ခေါ်တဲ့ နိုင်ငံတကာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့။အခုက အဲဒါတွေအားလုံးနဲ့က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ဒီအခြေအနေက လတ်တလောမှာ ကုစားဖို့သိပ်တော့ လွယ်မယ့် အခြေအနေမရှိဘူး။

မေး-အောက်တိုဘာ ‌၈ ရက်ကUNDPရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံသား ၃၇ သန်းကျော်က ဆင်းရဲမွဲတေမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖော်ပြထားပါတယ်။ဒါက ဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးလာမှုတွေနဲ့ ဆက်စပ်မယ် ထင်ပါတယ်။ဒါကိုရော အကျယ်တ၀င့် ဆွေးနွေးပေးပါဦး။

ဖြေ-ဆင်းရဲချမ်းသာကွာဟမှုကိစ္စကလည်း တချို့ပြောကြတာပေါ့နိုင်ငံတကာမှာ ရှိတယ်ပေါ့။သို့သော်လည်းပဲ မြန်မာပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟမှုက တခြားနိုင်ငံတွေနဲ့မတူဘူး။အဲဒီတော့ သူများနိုင်ငံတွေရဲ့ အခြေခံကုန်ဈေးနှုန်းက ဆင်းရဲတဲ့အခြေခံလူတန်း
စားတွေမှာသူ့၀င်ငွေနဲ့သုံးစွဲမှုပမာဏကို ဖန်
တီးနိုင်တယ်။ကျွန်တော်တို့မှာကအဲဒီလိုမဖန်
တီးနိုင်ဘူး။အခြေခံကုန်ဈေးနှုန်းနဲ့ အခြေခံလူတန်းစားတွေရဲ့ မျှတမှုမရှိတာကို ကျွန်
တော်တို့က အဓိကထောက်ပြနေတာပေါ့။ဒါကြောင့် UNDP တို့ဘာတို့ကလည်း CPI လို့ခေါ်တဲ့ ဈေးကွက်ထဲက ကုန်းဈေးနှုန်းအညွှန်းကိန်းတွေကို တွက်ချက်တယ်လို့ နားလည်ပါတယ်။

မေး-ကုန်စည်နဲ့ အခြေခံလူထုအပေါ် အပေါ် အဓိက သက် ရောက်တဲ့ ဒေါ်လာဈေးတက်တာ တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာကဘယ်လောက်ထိဖြစ်လာ
နိုင်မယ်ထင်လဲ။
💔15🖕4😢3❤2👍1
ဖြေ-ရှေ့ဆက်ပြီးတော့ ဒေါ်လာဆက်အား
ကောင်းမယ်လို့ ယူဆတယ်။နောက်ဆက်တွဲကတော့ကုန်းဈေးနှုန်းပါပဲ။ငွေကြေးဖောင်း
ပွမှုက ၂၀၂၆ ထက်မလျော့တဲ့ နှုန်း ဖြစ်မယ်။UNDP ရဲ့ အစီရင်ခံစာမှာလည်း ကျွန်တော်တို့ တွေ့တယ်။အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေအစီရင်ခံစာတွေမှာလည်း အခု လာမယ့် ၂၀၂၇ က နှစ်ဆန်းပိုင်းဆိုရင် စူပါအယ်နီညို ရဲ့ သက်ရောက်မှုပေါ့ ။ဒါလည်း အန္တရာယ်တော်တော်ကြီးပါတယ်။ကျွန်တော် တို့နိုင်ငံတင်မဟုတ်ဘူး။ထိုင်းနိုင်ငံဆိုလည်း သက်ရောက်မှုကြီးတဲ့နိုင်ငံထဲမှာပါတာတွေ့ရတယ်။ထိုင်းကလောလောဆယ်ပြည်တွင်းမှာ ပြဿနာမရှိဘူး။နောက်ပြီး စီးပွားရေးကိုထိန်း
နိုင်တယ်။ကျွန်တော်တို့က ဘာပြဿနာရှိလာလဲဆိုတော့ လတ်တလောမှာကို ငွေကြေးပြဿနာတွေ ရင်ဆိုင်နေရတယ်။နောက်ပြီးကုန်ဈေးနှုန်းပြဿနာ၊သွင်းကုန်ပစ္စည်းပြတ်
လပ်မှုတွေ ပိုဆိုးတာက အယ်နီညိုကြောင့် အပူပြင်းတဲ့အခါမှာ ထိုင်းမှာပူရင်အဲယားကွန်းဖွင့်နေလို့ရပေမယ့် မြန်မာနိုင်ငံမှာ ဖွင့်ချင်လို့လည်း မီးကလုံလောက်စွာမရဘူး။နောက်တချက်က သီးနှံအထွက် လျော့လာမှာဖြစ်တဲ့အတွက်ကြောင့်တဖက်က ၀င်ငွေထိ
ခိုက်လာမယ်။‌ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ် ဖြစ်လာရင် အခုကိုပဲဆေးဝါးတွေကလုံလုံလောက်လောက်ရှိမနေတဲ့အခါ အ
များကြီးစဉ်စားရမယ့် အခြေအနေတွေ ရှိတယ်။

မေး-- ကားဈေး၊ရွှေဈေး၊အိမ်ခြံမြေ အစရှိတဲ့ ဈေးကွက် တွေ ဖောင်းပွနေတာကရော လက်
ရှိ မြန်မာ့စီးပွားရေး ဈေးကွက်တစုံလုံးကို ထိန်းချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပဲလား။

ဖြေ-ကားဈေး၊အိမ်ဈေး၊ရွှေဈေး ကွက်ဖောင်းပွမှုကြောင့်တိုင်းပြည်က ဒီလို ဖြစ်နေတာ မဟုတ်ဘူး။တိုင်းပြည် ဒီလိုဖြစ်နေလို့ အိမ်ခြံမြေဈေးတွေ၊ကားဈေးတွေ ရွှေဈေးတွေတက်ကြတာ။ဒါကိုကြည့်ချင်အားဖြင့်စီမံခန့်ခွဲမှု နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ဒါတွေကို ကုစားနိုင်ဖို့နည်းလမ်းက ငွေကြေးဖောင်းပွမှုကျဆင်းဖို့လိုသလို အလုပ်အကိုင် အခွင့်အ
လမ်း လူထုရဲ့စား၀တ်နေရေးပုံမှန်အခြေအနေ လည်ပတ်လာရင် ဒါတွေက သူ့နေရာသူ ပြန်ရောက်သွားမှာပါ။

မေး-ကျပ်ထရီလီယံချီတဲ့ ဘက်ဂျက် လိုငွေ ပြမှုကြောင့်ကျပ်ငွေအသစ်တွေထွက်လာနိုင်လား၊ထုတ်လာနိုင်လား။

ဖြေ-ကျပ်ငွေအသစ်တွေ ထပ်ထွက်လာမလား သို့မဟုတ် ရှိပြီးသားကျပ်ငွေတွေကိုပဲထပ်ပြီး တိုးထုတ်လာမလား ဆိုတာမျိုးတွေပေါ့။ဒါက ယူဆချက်တွေပေါ့။ဘာကြောင့်လဲဆိုတော့ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီငွေတွေကို ဘယ်နေရာမှာ ပြန်အစားထိုးမလဲ ဆိုတဲ့ မေးခွန်းရှိတာပေါ့။

မေး-ဖြည့်စွက် ပြောကြားပေးပါဦး။

ဖြေ-လာမယ့် စူပါအယ်နီညိုသက်ရောက်မှုရယ် ပြီးရင် ကမ္ဘာမှာ ရိုက်ခတ်နေတဲ့ ပထဝီနိုင်ငံရေးကနေ စီးပွားရေးကြောင့်ဒေါ်လာသက်ရောက်မှုရယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုရယ် ဒါတွေ ပေါင်းစုံပြီးကြည့်မယ်ဆိုရင် ရှေ့ဆက်ပြီးတော့မြန်မာကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်။ ။
😢26👍11🖕4❤3🔥1👌1
👍28🔥7🤣2💔2
စစ်ရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် ဆောမြို့နယ်က ကားလမ်းတချို့ PDF ပိတ်

အောက်တိုဘာ-၁၇၊၂၀၂၆။ဖိုးသား/People's Spring

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို ဒီကနေ့( အောက်တိုဘာ ၁၇ ရက်) ကစပြီး ကားကြီး၊ ကားငယ် (ဆိုင်ကယ်မပါဝင်) သွားလာတာမလုပ်ဖို့ သတိပေးပါတယ်။

" လမ်းပိုင်းက မိုးတွင်းဆိုတော့ပျက်စီးတာများလို့ ရယ် စီးပွါးရေးသမား ဧည့်စိမ်းတွေများလို့ လုံခြုံရေးအရ ခေတ္တ ထိမ်းလိုက်တာ"လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူတွေ အနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် အခုထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။

သတိပေးကြေညာချက်ကို မလိုက်နာရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ဂန့်ဂေါခရိုင်တပ်ရင်း (၆) က တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးထာပါတယ်။

ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကို သွား တဲ့ကွင်းလမ်းပိုင်းတစ်ခုဖြစ်ပြီး လောင်းရှည်-ဆော အဓိကလမ်း ဖြစ်တဲ့ လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ် နဲ့ ဆော မှာတော့ မကြာခဏ ထိတွေ့မှုရှိနေတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ ပျောက်ကြားစနစ်နဲ့ ပဲ တိုက်ခိုက်နေရတာရှိတယ်"လို့ လောင်းရှည်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ဘက် မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်ကမေလကစပြီး စက်တင်ဘာလကုန်အထိ ဆောမြို့နယ်ကို ငါးလအတွင်း ပို့ခဲ့တဲ့ အင်အား ၄၅၀၀ ၀န်းကျင်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဆောမြို့နယ်၊လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို အာဏာသိမ်းစစ် တပ်က စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာနောက်ဆုံးပတ်က ကျင်ဒွေးမြို့ မဆာတွီရွာအနီး တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၅)နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅) မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။
👍39❤9🔥1😁1🤬1💩1🖕1
(ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
👍36🤬3💩3🖕2🔥1