နိုင်ငံခြားငွေလဲနှုန်းအတက်အကျမြန်နေ
●စစ်အုပ်စုကကျပ်ငွေ ၂၀၀၀ ဘီလီယံကျော်အသစ်ရိုက်ထုတ်မယ့်သတင်းကြောင့်ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာအပါအဝင်နိုင်ငံခြားငွေတန်ဖိုးတက်
အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People's Spring
ပြင်ပ ငွေကြေးဈေးကွက်မှာ ဒေါ်လာအပါအ
၀င်နိုင်ငံခြားငွေလဲနှုန်းတွေ အတက်အကျမြန်နေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဒေါ်လာ၊ဘတ်၊ရင်းဂစ်၊စင်ကာပူဒေါ်လာ၊ယွမ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီကနေ့(အောက်တိုဘာ ၁၆ ရက်)မှာ အနည်းငယ်ဈေးပြန်ကျနေပါတယ်။
"ဗဟိုဘဏ်ဆီက ဘတ်ဂျက်လိုငွေ ချေးမယ့်နောက်ပိုင်းကျပ်ငွေတန်ဖိုးလျော့ပြီး နိုင်ငံ
ခြားငွေလဲဈေးတွေ မြင့်လာတာပေါ့။ချေးဖို့အတည်ပြုတဲ့ မနေ့ကဆို တော်တော်သိသာတယ်။အခု ကျတယ်ဆိုတာလဲ မနေ့က အ
တက်ဈေးကို ပြန်ညှိတဲ့သဘောပါပဲ။ကျပ်ငွေအသစ်တွေ ဖြည့်ပေးလာရင် ဈေးကွက်ထဲ ကျပ်ငွေပိုများလာပြီး ဒေါ်လာဝယ်လိုအား တိုးလာမှာပါ။ဒေါ်လာဈေးတက်လာပါလိမ့်မယ်"လို့ငွေကြေးဈေးကွက်စောင့်ကြည့်သူတဦးက ပြောပါတယ်။စစ်တပ်လွှတ်တော်မှာ စစ်အုပ်စုက ဘတ်ဂျက်လိုငွေ အတွက် ကျပ်ဘီလီယံ ၂၁၀၀ ကို ဗဟုတ်ဘဏ်ကချေးမယ် (တနည်းအားဖြင့် ) ငွေစက္ကူအသစ်ရိုက်ထုတ်ဖို့ သဘောတူ အတည်ပြုလိုက်တာကြောင့် ကျပ်ငွေတန်ဖိုးပိုကျလာတာဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက တစ်ဒေါ်
လာငွေလဲနှုန်း ၄,၅၀၀ ကျပ်ဖြစ်ခဲ့ပြီးအောက်
တိုဘာ ၁၅ ရက်မှာ ၄,၇၅၀ ကျပ်အထိရှိခဲ့ပါတယ်။
ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၃၀ ကနေ ကျပ် ၁၄၀ နီးပါးထိ တက်ခဲ့ပါတယ်။
ဒီကနေ့မှာတော့နိုင်ငံခြားငွေဈေးအနည်းငယ်ပြန်ကျပြီး နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာ ၄,၆၃၀ကျပ်နဲ့ထိုင်းတစ်ဘတ် ၁၃၇ကျပ်ဖြစ်
နေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောပါတယ်။
အဲဒီကတဆင့်ပြည်တွင်းထုတ်ကုန်တွေနဲ့ အ
စားအသောက်တွေပါကုန်ဈေးနှုန်းလိုက်လံမြင့်တက်လာပြီး အခြေခံကုန်စည်တွေအပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေကြီးလာတာကြောင့် ပြည်သူအများစုဟာ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ နေ့စဥ်စားဝတ်နေရေးအတွက်ကိုတောင် ပိုမိုရုန်းကန်လာကြရတယ်လို့ လုပ်ငန်းရှင်ွချို့ကပြောပါတယ်။ UNDPကအောက်တိုဘာလမှာ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာ ပြည်သူ ၃၇ သန်းကျော် ၊လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ဆင်းရဲနေတယ်လို့ ဖော်ပြထားပါတယ်။
"ရေပိုက်တချောင်းကို ပြီးခဲ့တဲ့၂နှစ်လောက်က ပြင်တာရှစ်ထောင်ပဲရှိတယ်။လုပ်အားခ နဲ့ဆို နှစ်သောင်းခွဲပဲ။မနေ့က ပျက်လို့ပြင်လိုင်တာ ပိုက်ဖိုးက ငါးသောင်းနေ့စားခ(လုပ်အားခ)နဲ့ဆို တစ်သိန်းလောက်ကျသွားတယ်"လို့ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၁ ဒေါ်လာကို ၁,၃၀၀ ကျပ်၀န်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ် ၄၀ နီးပါးပဲရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေ
တန်ဖိုးကျပြီး ဘဏ်တွေမှာငွေအပ်ဖို့မယုံကြည်ကြတာကြောင့် ဒေါ်လာဈေးနဲ့ရွှေဝယ်ယူစုဆောင်းသူများသလို ဈေးတွေတက်တယ်တာဟာ ဈေးကစားလို့ဆိုပြီး နိုင်ငံခြားငွေလဲတဲ့ကုန်သည်တွေ၊ ရွှေကုန်သည် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်ကအပြစ်ပုံချ ပြီးဖမ်းဆီးတာ ၊ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပါတယ် ။ဒါပေမယ့်စစ်တပ်လက်အောက်မှာ ပြည်ပရင်နှီးမြှပ်နှံမှု လျော့
နည်းတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှုတွေထွက်ခွာသွားတာ ၊ပြည်ပချေးငွေမရတာ ၊ ကုန်သွယ်ရေးကျဆင်းတာ ၊ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းစစ်ပတ်တိုက်နေပြီး စစ်စရိတ် ထောင်းတာ ၊စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထွက်ပြေးကုန်တာ စတာတွေကြောင့် မြန်မာစီးပွားရေးကျဆင်းမှု နဲ့ ဆင်းရဲမွဲတေမှုတွေပိုးဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ နဲ့ စီးပွားရေးစစ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။

🔥28❤6👍6👎1🌚1
မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်နေ
အောက်တိုဘာ-၁၆၊၂၀၂၆။ရွှေပြည်စိုး/People's Spring
မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။
မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက် မနက်ပိုင်းကစပြီး
စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ အောက်တိုဘာ ပထမလပတ်မှာ ရပ်တန့်သွားပါတယ်။
တိုက်ပွဲက မိုးမိတ်-သပိတ်ကျင်းလမ်း၊ မိုးမိတ်-မဘိမ်းလမ်းနဲ့ မြစ်ဆုံရွာ၊ (၇)မိုင်ရွာတွေဘက်ကို ရောက်သွားတာဖြစ်ပြီး ညောင်နီကျေးရွာအနီးမှာ ဒီကနေ့ တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
" မနက်ကစပြီး တအုန်းအုန်းချနေတာ။ မြို့နဲ့နီးတယ်။ လေယာဉ်ကို ကြောက်နေရတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်- သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းကျေးရွာအနီးမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။
ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
" တိုက်ပွဲဧရိယာက ကျယ်နေတာ။ မဘိမ်းဘက်လည်း စစ်ရေးသတိပေးထားတယ်။ ဒေသခံတွေကတော့ စစ်ကြောင်းသတင်းနားစွင့်ပြီး လွတ်ရာရှောင်ကြရတယ်"လို့ မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။
မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာပါ စစ် ရေးတင်းမာခဲ့ပါတယ်။
ယခုရက်ပိုင်းတိုက်ပွဲတွေမှာ အရပ်သား သေဆုံးသူ ၂ ဦးရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား လေးဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ထုတ်ပြန်ခဲ့ပါတယ်။
မိုးမိတ် - မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်းဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။
#မိုးမိတ်မြို့ #ရှမ်းပြည်နယ်မြောက်ပိုင်း #တိုက်ပွဲဖြစ်ပွား #မြန်မာ့စစ်ရေးသတင်း

👍34❤6🔥3🥰3👎1🖕1
SCEF နဲ့ SRAတပ်ပေါင်းစု ထပ်မံတွေ့ဆုံ
အောက်တိုဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။
အခုနှစ် ဇူလိုင်လအတွင်းမှာ SCEFနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့ စုစည်းထားတဲ့SRA တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်လကျော်အကြာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုဖော်ပြမထားပေမဲ့ တွေ့ဆုံပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ SRA အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ စတဲ့ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်ကြောင်း အသိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အပြန်အလှန် ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
SCEFနဲ့ SRA တို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှုမှာလည်း စစ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးထားပါတယ်။ ဒါ့အပြင် SCEFခေါင်းဆောင်တွေဟာ စက်တင်ဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ SRA ရဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့သလို SRA ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
SCEFဟာ စစ်တပ်ကို တော်လှန်နေတဲ့ ရက္ခိုင်၊ ပအိုဝ်း၊ မွန် တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
SRAကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

👍33❤11👏7🥰5🖕2🤣1
မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံးကို ပြင်ဦးလွင်ပကဖ တူးဖော်
အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ ပေါင် ၅၀၀ ဗုံးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ပြန်လည်တူးဖော်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးဟာ ကလစ်မပြုတ်ဘဲ မြေကြီးထဲမှာ မြုပ်နေတာ ဖြစ်ပါတယ်။
ဘယ်မြို့နယ်ထဲမှာဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် ယခုရက်ပိုင်းမှာ ပြန်လည်တူးဖော်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်ပကဖဟာ မိုးကုတ်မြို့နယ် ၊စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပါတယ်။ အထက်ပါမြို့နယ်တွေအပြင် ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က ပေါင်၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်တာတွေ နေ့စဉ်ရှိနေပါတယ်။
ရုပ်သံ - ပြင်ဦးလွင် ပကဖ
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ပြင်ဦးလွင်မြို့နယ် #ပကဖ #မပေါက်ကွဲသေးသောဗုံး #ပေါင်၅၀၀ဗုံး #မြန်မာ့စစ်ရေးသတင်း

👍35❤2🥰2😁1🤣1🖕1
အင်းတော်မှ ဝန်းသိုနဲ့ထီးချိုင့်စစ်ကြောင်းထိုး
တဲ့စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်တိုက်ပြင်းထန်
■စစ်တပ်က လေကြောင်းပစ်
ကူ ဆက်တိုက်သုံးဗုံးကြဲ
အောက်တိုဘာ-၁၆၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထီးချိုင့် နဲ့ ဝန်းသိုမြို့နယ်ကို ထိုးလာတဲ့ စစ်
တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ် တွေကခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန် နေပြီးစစ်အုပ်စုက လေကြောင်းကနေ ပစ်ကူပေးဗုံးတွေဆက်တိုက်ကြဲနေတယ်လို့ တော်လှန်
ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတချို့ကပြောပါတယ်။
အောက်တိုဘာလပထမ အပတ်ကတည်းက အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်
မှဝန်းသိုမြို့နယ်ဘက်သို့စစ်ကြောင်းတစ်ကြောင်း၊ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်း တကြောင်းထိုးလာတာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။စစ်ကြောင်းတစ်ကြောင်းမှာအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့သိရပါတယ်။
အင်းတော်မြို့ဘက်က နေဝန်းသို မြို့နယ်ဘက်ကိုထိုးနေတဲ့ စစ်ကြောင်းဟာ မဲဇာရွာကို ကျော်ပြီး ဝန်းသိုမြို့နယ်ထဲက တပ်လွင်ရွာကို ကျော်ကာ ဆက်လက်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်း
ထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"မဲဇာမှာ ထိတွေ့မှုဖြစ်တယ်။စကစဘက်က အတော်ကိုကျတယ်။အသေခံတိုးလာတာ။တပ်လွင်မှာလည်း၂ ရက် လောက်ဖြစ်တယ်။ဒီမှာလည်း အတော်ကိုကျတာ ။အခုလည်း လေယာဉ်ပစ်ကူနဲ့ဒရုန်းအကူတွေသုံးပြီးဆက်
တိုက် တိုး နေတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို ထိုး နေတဲ့ စစ်ကြောင်းကလည်း အောက်တိုဘာလ ၁၆ ရက်နေ့ မှာ ကြိမ်းချောင်းနဲ့ ပိန်းအင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကြောင်းထပ်တိုးဖို့ ကြိုးစား နေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။
"ဒီစစ်ကြောင်းကလည်း ၅ ရက်လောက်ရှိပြီတိုက်ပွဲပြင်းထန်နေတာ။မနေ့ကလည်း တိုက်
ပွဲဖြစ်တယ်။ဒီမနက် လေယာဉ်နဲ့လာကြဲသွားတယ်"လို့ တော်လှန် ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်တပ်စစ်ကြောင်း ၂ ကြောင်းထိုးတဲ့ ကျေး
ရွာတွေကို စစ်တပ်ကလေယာဉ်တွေနဲ့ဆက်
တိုက်ဗုံးကြဲ နေပြီးဒေသခံကျေးရွာတွေကပြည်သူအများအပြားရှောင် တိမ်းနေကြရပါတယ်။
"ကြိမ်းချောင်းက ထွက်လာတာတပါတ်လောက်ရှိပြီ။အဲဒီကတည်းက လေယာဉ် တွေကြဲနေတာ။ကျွန်မတို့ကတိုက်ပွဲသံ တွေလည်းအရမ်းနီးလာလို့ထွက်လာတာ။ဒီမနက်လည်းကြဲသွားတယ်။မဲဇာရော၊ဒီဘက်ရောက ဆက်
တိုက်ကိုကြဲနေတာ"လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်း တွေကိုတပ်မ(၃၃) ကဒုတိယတပ်မမှူးဦးစီးပြီး စစ်မှုထမ်းပေါ်တာဆွဲထားတဲ့လူငယ်စစ်သားသစ်တွေ(ပစတွေ)
အများစုနဲ့ စစ်ကိုင်းအခြေစိုက်တပ်မ(၃၃)
လက် အောက်ခံတပ်ရင်းတွေက စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
အဆိုပါတပ်ရင်းတွေက တိုက်ပွဲတွေမှာဒဏ်
ရာရသူတွေကို ၁၅ရက်တခါ ဒဏ်ရာရတာများရင် များသလို မန္တလေးမြို့၊နန်းတွင်း ဆေးရုံကို ဆေးရုံပြန်တင်သလို အင်အားလည်း ဆက်တိုက်ပို့ နေတယ်လို့ စုံစမ်းသိရပါတယ်။

👍28🥰7❤4🤬4😁2👎1🔥1👏1
မတ္တရာမြို့နယ်အနောက်ခြမ်း စစ်တပ်ဗုံးကြဲမှု ဒေသခံ အမျိုးသမီး၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရ
အောက်တိုဘာ-၁၆၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက် ဒီကနေ့ ညနေ ၄နာရီကျော်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပြီး စက်လက် တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှုမှာ မိုးကြိုးရွာက အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၁ဦး နဲ့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက်၄၀အရွယ် ဒေါ်သင်း ဆိုသူ သေဆုံးပြီး အသက်၆၀ အရွယ် အမျိုးသမီး ၁ဦးနဲ့ ရေလယ်ကျွန်းရွာက အမျိုးသား၂ဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲလည်း မရှိဘူး။ဘာမှလည်းမရှိဘူးရယ်။ရွာ တွေကို ၄ကြိမ်ပတ်ကြဲပြီး စက်လက် တွေပါဆွဲတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်းကို နယ်မြေစိုးမိုးမှုရနိုင်ဖို့ ဒရုန်း၊လေယာဉ်၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စဉ့်ကူးမြိုနယ်အနောက်ခြမ်းကို ဂျက်ဖိုက်တာ၊Y-12၊ဒရုန်းတွေနဲ့ စစ်တပ်က တပြိုင်တည်းဗုံးကြဲမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

🤬34👎3❤🔥3❤2👍1👏1🎉1
ရေစကြိုမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ပြည်သူ ၁၂ဦး သေဆုံး
အောက်တိုဘာ ၁၆၊၂၀၂၆။ ထားမြတ်၊ ဟာနာဆန်/People’s Spring
မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းမှာ ရေစကြိုမြို့နယ်မြောက်ဘက် ကျေးရွာတွေကို အသေခံဒရုန်းတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီး၊ တိုက်လေယာဉ် ၂စီး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာ အဲဒီဒေသတွေမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာလို့လည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်အခြေအနေတွေကိုလည်း ရဲဘော်ဝေကြီးက လူမှုကွန်ရက်မှာ ဖော်ပြအသိပေးခဲ့ရာ လက်ပွေ့အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ ၁၂ဦးခန့် သေဆုံးခဲ့ရတယ်လို့ ကနဦး သတင်းအသိပေးထားပါတယ်။
သေဆုံးထိခိုက် အရေအတွက် အသေးစိတ် အခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရက်စက်စွာ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
"လက်ပွေ့အရွယ် ကလေးငယ်က ၇လ၊ ၈လလောက်ပဲရှိဦးမယ်။ ၁၀နှစ်ဝန်းကျင်ကလေးတစ်ယောက်လဲပါတယ်"လို့ ရေစကြိုပကအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အလားတူ ယခုအောက်တိုဘာမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြည်သူတွေထိခိုက်မှုတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အစုလိုက်၊ အပြုံလိုက်သေဆုံးမှုအနေနဲ့ အောက်တိုဘာ ၅ ရက်ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

🤬29❤7👏2👍1👎1🔥1🎉1
ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က လူမျိုးရေးနဲ့ဘာသာရေးအသုံးချ လှုံ့ဆော်နေ
အောက်တိုဘာ-၁၆၊၂၀၂၆။အိမ်သွင်/People's Spring
ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး စစ်တပ်ဟာ ပြည်သူလူထုပြိုကွဲစေဖို့ ရည်ရွယ်ပြီး ဘာသာရေးကိုခုတုံးလုပ် သပ်လျှိုဟောပြောခြင်း၊ လူမျိုးရေးကိုခုတုံးလုပ်ပြီး အမျိုးမျိုးသော ပြည်သူ့စစ်အမည်ခံအဖွဲ့များဖွဲ့စည်းခြင်းတွေ လုပ်ဆောင်နေတယ်လို့သတိပေးထားပါတယ်။
စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း လူမျိုးစွဲ၊ ဒေသစွဲ၊ သမိုင်းဖြစ်စဉ်တွေကို အသုံးချပြီးအမြင်ကျဉ်းမြောင်းတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ စစ်တပ်ကိုအကူအညီပေးနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။
စစ်ရှုံးနေတဲ့ စစ်တပ်အတွက် ဒေသကာကွယ်ရေး၊ လူမျိုးကာကွယ်ရေးစသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဒေသခံလူငယ်တွေကို စစ်သားသစ်စုဆောင်းခြင်း၊ လူကြီးလူငယ်မရွေး အထမ်းခေါ်ခြင်းတွေ ကျယ်ပြန့်စွာ လုပ်ဆောင်နေတယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင် းကန့်ကွက်ဖို့နဲ့ချိန်းခြောက်ခံရမှု တစုံတရာရှိလာပါက လာရောက်ခိုလှုံနိုင်သလို နွေးထွေးစွာကြိုဆိုနေမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
" KPF က လိုအပ်လို့ သတိပေးတာလို့ ကျတော်တို့ နားလည်တယ်။ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ရပ်တန်းကရပ်ဖို့လိုတယ်"လို့ ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောပါတယ်။
ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ကချင်ပြည်နယ်မှာ စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်နေသလို မြို့သိမ်းတိုက်ပွဲတွေမှာလည်းပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ယခုရက်ပိုင်းမှာလည်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီဗျူဟာမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးတင်းမာပြီး အထိနာနေစဉ်မှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ တပ်ဖွဲ့ဝင်တချို့က KIAနဲ့ KPF ထောက်ခံသူတွေကို ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ၊ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် ခြိမ်းခြောက်တွေလုပ်ဆောင်နေတယ်လို့ ဒေသခံလူငယ်ချုပ်က ပြောပါတယ်။
" ဒေသမှာနေတဲ့လူငယ်တွေကိုရော ပြည်ပကိုရောက်နေတဲ့လူငယ်တွေကိုပါ နည်းမျိုးစုံခြိမ်းခြောက်နေတယ်။ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်တပ်ရဲ့ခြံစောင့်ခွေးလိုနေ နေကြတယ်"လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးကပြောပါတယ်။
ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်ကလေကြောင်းကနေ အင်အားတွေဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသခံပြည်သူတွေကိုသတိပေးထားပါတယ်။

🤬29❤6👍4👎1🔥1🤮1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်နဲ့ အမေရိကန်တို့ ဂျပန်မှာ ထပ်တွေ့
အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေအကြား ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီတွေ့ဆုံမှုဟာ တစ်လအတွင်း အမေရိကန်နဲ့ အာဏာသိမ်း စစ်တပ်ကြားက ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်လာပါတယ်။ ပထမအကြိမ်တုန်းကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးကိစ္စအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက နေပြည်တော်ကိုသွားရောက်ညှိနှိုင်းရင်း အာဏာသိမ်းစစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ပါ စကားပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဆွေးနွေးမှုဟာ မြန်မာနယ်စပ်က အခြေစိုက်အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)ဂိုဏ်းတွေ ဖြိုခွင်းရေး ကိစ္စကို အဓိကထားခဲ့တယ်ဆိုပေမယ့် ပိုပြီး ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ အတွက်လည်း လမ်းဖွင့်ပေးခဲ့ကြောင်း ရိုက်တာက ဖော်ပြပါတယ်။ အမေရိကန်ဘက်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဌာန လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်ခဲ့ပါတယ်။ ဂျပန်မှာ ဒုတိယအကြိမ် တွေ့ဆုံမှုမှာလည်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဗန့်စ်ပဲ ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို အမေရိကန်အစိုးရအရာရှိတစ်ဦး အပါအဝင် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် သုံးခုက အတည်ပြုခဲ့ပေမယ့် အသေးစိတ် အကြောင်းအရာတွေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
◾️နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်နေ
ပြင်ပ ငွေကြေးဈေးကွက်မှာ ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေ အတက်အကျမြန်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဒေါ်လာ၊ ဘတ်၊ ရင်းဂစ်၊ စင်ကာပူဒေါ်လာ၊ ယွမ်စတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာတော့ အနည်းငယ်ဈေးပြန်ကျနေပါတယ်။ ဗဟိုဘဏ်ဆီက ဘတ်ဂျက်လိုငွေ ချေးမယ့်နောက်ပိုင်း ကျပ်ငွေတန်ဖိုးလျော့ပြီး နိုင်ငံခြားငွေလဲဈေးတွေ မြင့်လာတာလို့ ငွေကြေးစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ စစ်တပ်လွှတ်တော်မှာ စစ်အုပ်စုက ဘတ်ဂျက်လိုငွေ အတွက် ကျပ်ဘီလီယံ ၂၁၀၀ ကို ဗဟုတ်ဘဏ်ကချေးမှာကို သဘောတူ အတည်ပြုလိုက်တာကြောင့် ကျပ်ငွေတန်ဖိုးပိုကျလာတာဖြစ်ပါတယ်။ ဗဟိုဘဏ်ကနေ ချေးမယ်ဆိုတာ တနည်းအားဖြင့် ငွေစက္ကူအသစ်ရိုက်ထုတ်ဖို့ဖြစ်ပါတယ်။ ကျပ်ငွေအသစ်တွေ ဖြည့်ပေးလာရင် ဈေးကွက်ထဲ ကျပ်ငွေပိုများလာကာ ဒေါ်လာဝယ်လိုအား တိုးလာမှာဖြစ်ပြီး ဒေါ်လာဈေးတက်လာလိမ့်မယ်လို့ ငွေကြေးဈေးကွက်စောင့်ကြည့်သူက ဆိုပါတယ်။ အောက်တိုဘာ ၇ ရက်ကတည်းက တစ်ဒေါ်လာ ငွေလဲနှုန်း ပြင်ပပေါက်စျေး ၄,၅၀၀ ကျပ်ဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်မှာ ၄,၇၅၀ ကျပ်အထိရှိခဲ့ပါတယ်။ နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပကနေ တင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီဈေး ဆက်မြင့်တက်နေပြီး ဒီဇယ်ဈေး အနည်းငယ်ကျခဲ့ပါတယ်။ စစ်တပ်လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီနေ့ အောက်တိုဘာ ၁၆ရက် ရည်ညွှန်းဈေးအရ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ 92 တစ်လီတာ ၄,၇၀၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၈၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄,၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅,၄၄၀ ကျပ် သတ်မှတ်ထားပါတယ်။
◾️ရေစကြိုမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ပြည်သူ ၁၂ဦး သေဆုံး
မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ ရေစကြိုမြို့နယ်မြောက်ဘက် ကျေးရွာတွေကို အသေခံဒရုန်းတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီး၊ တိုက်လေယာဉ် ၂စီး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လတ်တလောမှာ အဲဒီဒေသတွေမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာလို့လည်း ရဲဘော်ဝေကြီးက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်အခြေအနေတွေကိုလည်း ရဲဘော်ဝေကြီးက လူမှုကွန်ရက်မှာ ဖော်ပြအသိပေးခဲ့ရာ လသားအရွယ်ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ ၁၂ဦးခန့် သေဆုံးခဲ့ရတယ်လို့ ကနဦး အသိပေးထားပါတယ်။ သေဆုံးထိခိုက် အရေအတွက် အသေးစိတ် အခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
◾️မတ္တရာအနောက်ခြမ်း စစ်တပ်ဗုံးကြဲမှု ဒေသခံ အမျိုးသမီး၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရ

🖕12❤7🤬3🔥2
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အောက်တိုဘာ ၁၆ ရက် ဒီနေ့ ညနေ ၄နာရီကျော်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုမှာ မိုးကြိုးရွာက အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၁ဦး နဲ့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက်၄၀အရွယ် ဒေါ်သင်း ဆိုသူ သေဆုံးပြီး အသက်၆၀ အရွယ် အမျိုးသမီး ၁ဦးနဲ့ ရေလယ်ကျွန်းရွာက အမျိုးသား၂ဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘဲ ရွာတွေကို ၄ကြိမ်ပတ်ကြဲပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
◾️ဝန်းသိုနဲ့ ထီးချိုင့်ဘက် စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကနေ ထီးချိုင့် နဲ့ ဝန်းသိုမြို့နယ်ကို ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းကနေ ပစ်ကူပေး၊ ဗုံးတွေ ဆက်တိုက်ကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတချို့က ပြောပါတယ်။ အောက်တိုဘာလပထမ အပတ်ကတည်းက အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်း တစ်ကြောင်းထိုးလာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့ သိရပါတယ်။ အင်းတော်မြို့ဘက်ကနေ ဝန်းသိုမြို့နယ်ဘက်ကိုထိုးနေတဲ့ စစ်ကြောင်းဟာ တပ်လွင်ရွာကို ကျော်ကာ ဆက်လက်စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ကို ထိုးနေတဲ့ စစ်ကြောင်းကလည်း အောက်တိုဘာ ၁၆ ရက်မှာ ကြိမ်းချောင်းနဲ့ ပိန်းအင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကြောင်းထပ်တိုးဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။
◾️KNU နဲ့တိုက်ပွဲမှာ စစ်တပ်သေဆုံးမှုရှိ
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူ-ခလယ်တံခွန်တိုင်-မုဒုံ ကားလမ်းပိုင်းပေါ်မှာတည်ရှိပြီး KNU တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်အုပ်ချုပ်နယ်မြေထဲက ဇီးဖြူကုန်းဘုရားဆီ တပ်အပြောင်းအလဲလုပ်ဖို့ အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက စစ်ကြောင်းထိုးခဲ့တာပါ။ နှစ်ရက်ဆက်ဖြစ်ပွားခဲ့တဲ့ ပုလိန်ရွာတိုက်ပွဲမှာ စစ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းဗုံးသီးတချို့ KNLA တပ်က သိမ်းဆည်းရရှိခဲ့သလို အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က အသိပေးပါတယ်။ KNU ဘက်က ထုတ်ပြန်လာတဲ့ ပုံတွေအရ စစ်တပ်ရဲ့ဘက်တံဆိပ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်ဖြစ်ပြီး ပုလိန်ရွာတိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတစ်လောင်းကျန်ခဲ့တာတွေ့ရပါတယ်။
◾️SCEF နဲ့ SRA ထပ်တွေ့
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်မှာ SCEFနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့ စုစည်းထားတဲ့SRA တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်လကျော်အကြာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုဖော်ပြမထားပေမယ့် တွေ့ဆုံပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ SRA အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ စတဲ့ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်ကြောင်း အသိပေးထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အပြန်အလှန် ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
◾️ချောင်းဦးနယ် စစ်တပ် ဗုံးကြဲမှု ဒဏ်ရာရတဲ့ သံဃာတစ်ပါး စိုးရိမ်ရ

👍14🔥3🖕2🙏1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ခန့်က ချောင်းဦးမြို့နယ်က ပန်းလှတောရကျောင်းတိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ဦးလုံး ဒီနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သက်တော် ၅၇ နှစ်အရွယ် သံဃာတစ်ပါးမှာ စိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင် ၄ဆောင်၊ သိမ်ကျောင်း ၁ဆောင် စုစုပေါင်း ၅ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။ မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ အောက်တိုဘာ ပထမလပတ်မှာ ရပ်တန့်သွားပါတယ်။ တိုက်ပွဲက မိုးမိတ်-သပိတ်ကျင်းလမ်း၊ မိုးမိတ်-မဘိမ်းလမ်းနဲ့ မြစ်ဆုံရွာ၊ (၇)မိုင်ရွာတွေဘက်ကို ရောက်သွားတာဖြစ်ပြီး ညောင်နီကျေးရွာအနီးမှာ ဒီနေ့ တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းကျေးရွာအနီးမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က လူမျိုးရေးနဲ့ဘာသာရေးအသုံးချ လှုံ့ဆော်နေ
ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်းနေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုပြိုကွဲစေဖို့ ရည်ရွယ်ပြီး ဘာသာရေးကို ခုတုံးလုပ် သပ်လျှိုဟောပြောခြင်း၊ လူမျိုးရေးကိုခုတုံးလုပ်ပြီး အမျိုးမျိုးသော ပြည်သူ့စစ်အမည်ခံအဖွဲ့များဖွဲ့စည်းခြင်းတွေ လုပ်ဆောင်နေတယ်လို့သတိပေးထားပါတယ်။ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း လူမျိုးစွဲ၊ ဒေသစွဲ၊ သမိုင်းဖြစ်စဉ်တွေကို အသုံးချပြီး အမြင်ကျဉ်းမြောင်းတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ စစ်တပ်ကို အကူအညီပေးနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

👍13🖕8❤6🔥2