People's Spring
✔
59.2K subscribers
72.6K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကိုးကား - The Guardian

(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခိုင်းမယ့်လူငယ်​တွေကိုမန္တ​လေးမြို့နန်းတွင်းစစ်​ကြော​ရေးအ​ဆောင်တချို့မှ ဖမ်းဆီးထားစဥ်/
၁၇၈၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ​​ဇောင်း- Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့ကာလူ၁၃၀ ကျော်ကို ပင်
လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။အဲဒီဖြစ်ရပ်အ​ပေါ်သရုပ်​ဖော်ထားပုံ နဲ့ နှစ်​ပေါင်
၂၄၅ နှစ်ကအမှုအတွက်ဗြိတိန်ဘုရင်ချားလ်စ်ဘုရင်ထံ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက်တင်သွင်းတဲ့ကိုယ်စားလှယ်အဖွဲ့။
ဓါတ်ပုံ-​​ပေးပို့ ၊ The Guardian
👍33🖕2👎1🔥1😢1🤮1
ချောင်းဦး ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရတဲ့ သံဃာ ၁ပါး စိုးရိမ်ရ

အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ခန့်က ချောင်းဦးမြို့နယ်က ပန်းလှတောရကျောင်းတိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ဦးလုံး ယနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သက်တော် ၅၇ နှစ်အရွယ် သံဃာတစ်ပါးမှာ စိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

"ရင်ဘတ် အစ ၃နေရာထိတာ။ ၂စ ထုတ်ပြီးပြီ။ အရေးကြီးဆုံး တစ်နေရာကျန်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင် ၄ဆောင်၊ သိမ်ကျောင်း ၁ဆောင် စုစုပေါင်း ၅ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေ​က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ကြီးရဲ့ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

​စစ်တပ်က ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ရက်မှာ အသိပေး လျှောက်ထား ထားပါတယ်။
🤬20🔥14❤3👏3👎2😢2👍1🎉1
(ပန်းလှတောရကျောင်းတိုက်အား အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ် ဓါတ်ပုံံ-မြောင် TGR သတင်းမှန်ပြန်ကြားရေး)
🤬23🔥6👎2👏2😢2🤮2❤1🤩1😭1
စစ်အုပ်စုဟာ NCAကို သုံးပြီး တရားဝင်မှုရရေး၊ တော်လှန်ရေးတပ်တွေကို သွေးခွဲရေး လုပ်ဆောင်နေဟု မွန်တပ် NMSP-AD ပြော

အောက်တိုဘာ ၁၆၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

အောက်တိုဘာ ၁၅ရက်မှာ ကျရောက်တဲ့ NCA စာချုပ်ချုပ်ဆိုခြင်း ၁၅နှစ်ပြည့်မှာ မင်းအောင်လှိုင်က NCA ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိတ်ခေါ်တဲ့ ပြောကြားချက်နဲ့ စစ်အုပ်စုရဲ့ NCA လမ်းကြောင်း ဘယ်ကို ဦးတည်နေသလဲဆိုတဲ့မေးမြန်းချက်အပေါ် နိုင်ဗညားမွန်က အခုလို ရှင်းပြတာပါ။

“NCA စာချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ဝင်သွားတဲ့လမ်းကြောင်း ဖြစ်တယ်။ NCA စာချုပ်ပါ ဆွေးနွေးသဘောတူချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ လွှတ်တော်မှာ အတည်ပြုချက် ယူရမယ်လို့ အတိအကျ ဖော်ပြထားတယ်။ အဲဒီတော့ မင်းအောင်လှိုင်က NCA စာချုပ်အပေါ် အခြေခံဆွေးနွေးရမယ်လို့ ပြောတာကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဒါကို လက်ခံဆွေးနွေးလိုက်ရင် တစ် သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီးသား ဖြစ်သွားတယ်။ နှစ်အချက်က သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသား ဖြစ်သွားမယ်။ အခု တစ်ဖွဲ့ချင်းအလိုက် သူပြောတဲ့အတိုင်း ဝင်ဆွေးနွေးလိုက်ရင် ကိုယ်အချင်းချင်းအကြား ကွဲသွားမယ်”လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။

ဒါကြောင့် NCA အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲက မင်းအောင်လှိုင်ရဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ နည်းနာဖြစ်တယ်လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။

NMSP-ADခေါင်းဆောင်တွေဟာ မူလက NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံတဲ့ NMSP ခေါင်းဆောင်တွေဟာ NMSP-AD စုဖွဲ့မှု နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း စစ်အုပ်စုဟာ NCA အခြေခံမူများကို နင်းချေဖျက်ဆီးလိုက်တာကြောင့် NCAမရှိတော့ဘူးလို့ အသိပေးထားပါတယ်။

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။

NCA အခန်း(၁) အခြေခံမူမှာ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေသလို NCA ဆိုင်ရာ နှစ်ပတ်လည်ပွဲတွေ တက်ရောက်လေ့ရှိတဲ့ ရှမ်းတပ် RCSS ကပင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားကာ NCA အပေါ် လူထုယုံကြည်မှုလျော့နည်းလာကြောင်း မနေ့က အောက်တိုဘာ ၁၅ရက်မှာ စစ်အုပ်စုက ပြုလုပ်တဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆိုမှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့တာပါ။
😁15👍12❤3👎3🤣1🖕1
(NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)
😁20👍6👎5🤮2❤1🥰1👏1
■​ဆောင်းပါး

စကားမစပ် တတိယကမ္ဘာစစ်
ကစနေပြီလား

-မောင်သာဂိ ​ရေးသားသည်။

ဟင်းချက်နည်းသင်တန်းစတင်ပါတော့မယ်။ Hell’s Kitchen မှာပါ။ကမ္ဘာစစ်တစ်ခုဖြစ်အောင်ချက်ပြုတ်ဖို့အတွက်ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်ပါသလဲ။

ခဲတံကိုင်ပါ၊ စာရွက်ယူပါ၊ချရေးပါ။ဈေးစာရင်းကဒီမှာပါ။

အရူးထအမျိုးသားရေးဝါဒ ၂၅ ကျပ်သား၊
မိစ္ဆာအာဏာရှင်၂၅ကျပ်သား၊အဆံချောင်
တိုင်းပြည်ခေါင်းဆောင် ၂၀ ကျပ်သား၊သွား
မရှိတဲ့ကမ္ဘာ့အဖွဲအစည်း ၂၀ ကျပ်သား ၊
အောင်ကြူကြူပြည်သူ ၁၀ ကျပ်သား

အခုလိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးစားပွဲပေါ်မှာရောက်နေပါပြီ။ကမ္ဘာစစ်ဟင်းပွဲတစ်ခုကိုချက်ပြပါတော့မယ်။

ဒါနဲ့စကားမစပ်တတိယကမ္ဘာစစ်ကစတင်နေပြီလား။ ဟုတ်ကဲ့၊ဖြစ်ဖို့များပါတယ်။

ပထမလိုအပ်ချက်ဖြစ်တဲ့ "အရူးထအမျိုး
သားရေးဝါဒ" ကို ရုရှ၊အမေရိကန်၊တရုတ်၊အစ္စရေး၊ဂျာမဏီ၊ ပြင်သစ်စတဲ့အင်အားကြီးနိုင်ငံအတော်များများမှာလက်ကားဈေးနဲ့ရောင်းချပေးနေပါတယ်။

ဒုတိယလိုအပ်ချက်ဖြစ်တဲ့ "မိစ္ဆာအာဏာရှင်"
ကတော့ဘယ်တုန်းကမှပြတ်တောက်သွားတယ်လို့မရှိပါဘူး။ဈေးကွက်ထဲမှာ၂၄နာရီရပါတယ်။ကြိုက်တဲ့အချိန်မှာဒလီနဲ့ပို့ပေးမှာပါ။Main Supplierကတော့ ရုရှ ပါ။

"အဆံချောင်တိုင်းပြည်ခေါင်းဆောင်"ကတော့ပစ္စည်းအသစ်ဖြစ်ပါတယ်။ဈေးကောင်းတယ်။ မတည့်တဲ့သူစားမိရင်တော့ဖြေဆေးမရှိပါဘူး။ပစ္စည်းကရွှေဝါရောင်ပါ၊အမျိုးသမီးတွေကိုမြင်ရင် ယင်းထပါတယ်။ Made In USA ဖြစ်တယ်။အမေရိကန်စစ်စစ် ရေမရောပါ။

"သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း"ကတော့နယူးယောက်မှာအခြေစိုက်ပြီးကြီးကျယ်တဲ့အ
ခမ်းအနားတွေ ပြုလုပ်လေ့ရှိပေမယ့်ရလဒ်ကတော့သိပ်မရှိတော့တာ ကြာခဲ့ပါပြီ။

နောက်ဆုံးလိုအပ်တဲ့ "ဘုမသိဘမသိပြည်သူတွေ"ကတော့ပထမဆုံးပြောထားတဲ့"အရူးထအမျိုးသားရေးဝါဒ’နဲ့တွဲပြီးရောင်းချပေးတာပါ။အမေရိကန်၊ဘရာဇီးနဲ့ဥရောပတခွင်ကဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်။ အာရှတခွင်မှာလည်းရှိပါတယ်။
အာဖရိကတိုက်ကတော့အထက်ပါဈေးစာရင်းကိုတစ်နေရာထဲနဲ့အရံသင့်ရမယ့်
7 Eleven ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာသူဆင်ထားတဲ့ထောင်ချောက်ထဲကိုသူအကြိမ်ကြိမ်ပြန်နင်းတဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ကြရအောင်ပါ။

ဂျာမဏီကပိုလန်ကို၁၉၃၉စက်တင်ဘာ ၁ ရက်နေ့ကကျူးကျော်ခဲ့တာကိုဒုတိယကမ္ဘာစတင်ခဲ့တဲ့နေ့လို့ အများကသတ်မှတ်ကြပါတယ်။အခုပြန်ကြည့်ရင်တော့ဒုတိကမ္ဘာစစ်ဟာအဲဒီထက်စောပြီးစတင်ခဲ့တယ်လို့ဆိုရမယ်ထင်တယ်။ဂျပန်က မန်ချူးရီယားကိုကျူးကျော်တဲ့၁၉၃၁၊စက်တင်ဘာ ၁၈လို့ဆိုရပါမယ်။

ဒီဖြစ်ရပ်တွေဟာအဲဒီအချိန်က "အရူးထအ
မျိုးသားရေးဝါဒရဲ့"ရလဒ်တွေပါ။ဂျာမဏီ၊အီတလီနဲ့ဂျပန်နဲ့ နိုင်ငံအများအပြားမှာလောင်
မြိုက်နေခဲ့တာပါ။စစ်အာဏာရူးတဲ့ခေါင်း
ဆောင်တွေကတော့ဂျာမဏီမှာ ဟစ်တလာ၊ဆိုဗီယက်ရုရှမှာစတာလင်၊အီတလီမှာမူဆိုလီနီ နဲ့ ဂျပန်မှာစစ်ခေါင်းဆောင်တိုဂျိုတို့ပါပဲ။တခြားနိုင်ငံတွေမှာလည်းအများအပြားရှိခဲ့ပါတယ်။

ပျော့ညံ့တဲ့တိုင်းပြည်ခေါင်းဆောင်တွေမှာတော့ ဟစ်တလာရဲ့ကျူးကျော်မှုတွေကိုအလျော့ပေးတဲ့ အင်္ဂလန်ဝန်ကြီးချုပ်နဗီးချိန်လာလိန်ကအဓိကကျပါတယ်။ဟစ်တလာဟာဒီတစ်ခါကျူးကျော်မှုပြီးရင်ရပ်သွားမှာပါလို့စိတ်ကူးယဉ်ခဲ့သူပါ။

"သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း"ကတော့အဲဒီအချိန်က’နိုင်ငံပေါင်းချုပ်အသင်းကြီး’ (League of Nations)ပါပဲ။ဂျာမဏီကပိုလန်ကိုကျူးကျော်တာကိုအရေးမယူနိုင်ခဲ့သလိုဆိုဗီယက်ရုရှကဖင်လန်ကို ကျူးကျော်တာကိုလည်းထိထိရောက်ရောက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။

အောင်ကြူကြူပြည်သူတွေကတော့ဂျာမဏီ၊အီတလီနဲ့ဂျပန်တွေမှာအလွန်များပြားခဲ့ပါတယ်။အာဏာရှင်တွေ တိုက်တဲ့အရူးထအ
မျိုးသားရေးဝါဒအရက်ကိုတစ်ပိုင်းလောက်သောက်ပြီးအိပ်ယာကနိုးတဲ့အခါကိုယ့်တိုင်း
ပြည်အကျိုးနည်းသွားတာကိုတွေ့ကြရသူတွေပါ။

ကမ္ဘာကြီးလည်ပတ်နေတဲ့အစီအစဉ်(World Order)မှာ ကုလသမဂ္ဂရဲ့နေရာဟာလုံးပါးပါးလာတာကြာခဲ့ပါပြီ။စက္ကူကျား(Paper Tiger) ဖြစ်နေခဲ့ပါပြီ။ သွားမရှိတဲ့ကျား (Toothless Tiger)ဖြစ်နေပါပြီ။သူ့ရဲ့အခန်းကဏ္ဍကအ
ခမ်းအနားအဆင့် (Ceremonial Role)ဖြစ်နေပါပြီ။

ဘယ်အာဏာရှင်ဘယ်စစ်ပွဲကမှဒီအဖွဲ့ကြီးကိုလှည့်မကြည့်ကြပါဘူး။အာဏာရှင်တွေတင်မကပဲဒီမိုကရေစီနိုင်ငံလို့ကြွေးကြော်ခဲ့တဲ့နိုင်ံငံတွေလည်းဂရုမစိုက်ကြပါဘူး။အားမကိုးကြတော့ပါဘူး။

ဒီလေဟာနယ်နေရာမှာ အကျိုးစီးပွားတူသူချင်းပူးပေါင်းတဲ့နိုင်ငံအုပ်စုတွေကအစားထိုးလာပါတယ်။

ရုရှ၊တရုတ်၊အီရန်၊မြောက်ကိုရီးယား(မြန်မာကသူတို့အမြီးကိုဆွဲပြီးလိုက်နေပါတယ်) လိုအုပ်စုမျိုးရှိနေသလို၊ အမေရိကန်ကိုမယုံ
ကြည်ရတော့လို့အကျိုးတူတူချင်းပူးပေါင်းပြီးကျောချင်းကပ်ကြတဲ့ အနောက်ဒီမိုကရေစီနိုင်ငံအုပ်စုလည်းရှိနေပါတယ်။

ဒေါ်နယ်ထရမ့်ကဒိန်းမတ်ရဲ့ပိုင်နက်ဖြစ်တဲ့
ဂရင်းလန်းကို လိုအပ်ရင်စစ်အင်အားနဲ့သိမ်း
ယူမယ်လို့အရောင်ပြကတည်းကအနောက်
ဒီမိုကရေစီနိုင်ငံတွေကြားမှာအမေရိကန်နဲ့အကွဲအပြဲကနက်ရှိုင်းသွားခဲ့ပါပြီ။ဒိန်းမတ်ဟာအမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲရဲ့ဝင်ဖြစ်ပါတယ်။နေတိုးရဲ့ကတိကဝတ်ဟာအဖွဲ့ဝင်နိုင်ငံတစ်ခုကိုအခြားနိုင်ငံတစ်ခုကစစ်ရေးအရဝင်တိုက်ခိုက်ရင်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်ခိုက်တယ်လို့ခံယူပြီးပြန်တိုက်ကြဖို့ပါ။
❤18👍8🤮6🖕2🤣1
အခုတော့ထရမ့်ခေတ်မှာနေတိုးအဖွဲ့ဝင်နိုင်ငံကိုနေတိုးအဖွဲ့ဝင်ကပဲကျူးကျော်ဖို့ကြံစည်တာဟာ စည်းကျော်သွားပြီလို့အားလုံးယူဆကြပါတယ်။အဲဒီအချိန်ကစပြီးဥရောပနိုင်ငံတွေဟာစစ်အသုံး စရိတ်ကိုမြှင့်တင်ခဲ့ကြပါတယ်။

ရုရှ ရန်ကိုသာမကပဲအချိန်မရွေးသစ္စာဖေါက်မယ့်ထရမ့်ရဲ့အမေရိကန်ကိုပါမယုံရတော့လို့ပါပဲ။ အမေရိကန်နဲ့အစ္စရေးကအီရန်ကိုဝင်တိုက်ပြီးထင်သလိုဖြစ်မလာတဲ့အခါအနောက်ဒီမိုကရေစီနိုင်ငံတွေကိုထရမ့်ကစစ်ကူတောင်းပေးမယ့်ဘယ်သူမှရောက်မလာကြတော့ပါဘူး။စစ်ပွဲကိုစတင်ချိန်တုန်းက လည်း
ထရမ့်ကသူတို့ကိုမတိုင်ပင်ခဲ့ပါဘူး။

အနောက်အုပ်စုကြားမှာအကွဲအပြဲဖြစ်နေပါပြီ။ဒါကရုရှ၊တရုတ်ဦးဆောင်တဲ့ဝင်ရိုးတန်းအုပ်စုကိုရှေ့တိုးဖို့အချက်ပြနေပါတယ်။အီရန်နဲ့စစ်ပွဲကိုနိုင်အောင်မတိုက်နိုင်တဲ့အမေရိကန်ဟာလက်နက်ခဲယမ်း မီးကျောက်တွေအား
နည်းနေပြီဆိုတဲ့အသံကကျွမ်းကျင်သူတွေကြားထဲမှာထွက်ပေါ်နေပါပြီ။

Hell’s Kitchen ရဲ့ စားဖိုဆောင်ထဲမှာ ချက်
ပြုတ်တဲ့ အိုးသံခွက်သံတွေ ဆူညံလို့နေပါပြီ။ ချက်ပြုတ်စရာ ပါဝင်ပစ္စည်းအားလုံးလည်း အချိုးအစားကျကျ သမသွားခဲ့ပြီဖြစ်သလို၊ မီးအပူချိန်ကလည်း ဆူမှတ်ကို ရောက်နေခဲ့ပါပြီ။

ဒုတိယကမ္ဘာစစ်တုန်းကနိုင်ငံပေါင်းချုပ်အ
သင်းကြီး(League of Nations)ဟာ စာရွက်ပေါ်က ကျားတစ်ကောင်အဖြစ်နဲ့ စစ်ကို မတားဆီးနိုင်ခဲ့သလို၊ ဒီနေ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးကလည်း ပွဲတက်ဝတ်စုံ ဝတ်ထားတဲ့သွားမရှိတဲ့ကျားအိုကြီးအဖြစ်နဲ့ ပွဲ
ကြည့်ပရိသတ် လုပ်နေရုံကလွဲလို့ ဘာမှ မ
တတ်နိုင်တော့ပါဘူး။

မဟာမိတ်တွေ အချင်းချင်း မယုံကြတော့တဲ့ခေတ်၊ အာဏာရှင်တွေ လက်တွဲပြီး အုပ်စိုးတဲ့ခေတ်၊အရူးထအမျိုးသားရေးဝါဒီတွေ ခေါင်း
ထောင်နေတဲ့ ခေတ်မှာ တတိယကမ္ဘာစစ်ဟင်းပွဲလျာ ချက်ပြုတ်ဖို့ ရယ်ဒီဖြစ်နေခဲ့ပါပြီ။

စစ်ဆိုတာ သေနတ်သံ စကြားရတဲ့နေ့မှ စတာမဟုတ်ပါဘူး။သမိုင်းကို ပြန်ကြည့်ရင် သေ
နတ်မဖောက်ခင် ကတည်းက စစ်ပွဲရဲ့ ပါဝင်ပစ္စည်းတွေကို အသေအချာပြင်ဆင်ချက်
ပြုတ်နေခဲ့ကြတာပါ။

အခုလည်း ဟင်းပွဲကတော့ ချက်ပြုတ်ပြီးလို့ အဆင်သင့် ဖြစ်နေပါပြီ။ သမိုင်းက ပေးထားတဲ့သင်ခန်းစာထောင်ချောက်ထဲကို ကျွန်တော်
တို့ ကမ္ဘာကြီးက နောက်တစ်ကြိမ် ဝမ်းသာအားရ ပြန်ဝင်နေပါပြီ။

ဒါနဲ့စကားမစပ် တတိယကမ္ဘာစစ်ကြီး စတင်နေပြီလား။ Hell’s Kitchen ကနေ ကြိုဆိုပါတယ်။ ။
👍19🤮11❤5🥰2🖕2🤔1🤣1
သရုပ်​ဖော်ပုံ-Stephen Kelly/The Week
🤮16👍10🔥2🖕2🫡1
ကော့သောင်း အထက(၂)မှာ စစ်ဗိုလ်က ကျောင်းသားတွေဆံပင် ကပ်ကြေးနဲ့လိုက်ညှပ်

အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

ကော့သောင်းမြို့၊ အမှတ်(၂) တပ်နယ်အထက်တန်းကျောင်း ကျောင်းဝင်းမှာ စစ်ဗိုလ်တစ်ဦးက အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို တန်းစီခိုင်းပြီး လက်သန့်ရှင်းမှုရှိမရှိနဲ့ ဆံပင်တွေရှည်မရှည် စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဆံပင်တွေရှည်နေတယ်လို့ ၎င်းယူဆတဲ့ ကျောင်းသားအချို့ကို ဆံသားကိုကိုင်ပြီး ကပ်ကြေးနဲ့ ညှပ်နေတာကို ရုပ်သံမှာ ရိုက်ကူးထားတာ တွေ့ရပါတယ်။

အဲဒီစစ်ဗိုလ်ဟာ အ.ထ.က(၂)တပ်နယ်ရဲ့ ကျောင်းအုပ်ဖြစ်ပြီး ၎င်းကျောင်းမှာ ယခင်ကတည်းက ယခုမြင်တွေ့ရသလို အုပ်ချုပ်နေတာဖြစ်ကြောင်း ဒေသခံအချို့က ဆိုပါတယ်။ သို့သော် စစ်ဗိုလ်က ကျောင်းသားတွေကို အဓမ္မဆံပင်ညှပ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

"ဘယ်ကဖွင့်ဖွင့် သူ့တို့မှာဆရာ ဆရာမရှိတယ်။ သူနဲ့ဘာဆိုင်လဲညှပ်ပေးချင်ရတာလဲ။ ဆံသ ဆရာခေါ်လာခဲ့ပေါ့။ ခုကရုပ်ပေါက်လွန်းတယ်။ အာဏာရှင်ပြောတော့လက်မခံကြဘူး"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပါတယ်။

တန်းစီတဲ့အထဲမှာ ကျောင်းသူတွေလည်း ပါဝင်ပြီး ကျောင်းသူတွေကိုတော့ ဆံပင်ညှပ်ပေးတာကို ရိုက်ကူးထားတာ မတွေ့ရပါဘူး။ အဲဒီ အ.ထ.က (၂)မှာ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကိုလည်း တွဲဖက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ယခုလဆန်းပိုင်းကလည်း စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်ဆေကိန္ဒက ၎င်းကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာက ဓမ္မဒူတလူငယ်ကျောင်းမှာ ငါးတန်းနဲ့ ခြောက်တန်းကလေးတွေကို စစ်ရေးပြလေ့ကျင့်သင်ကြားပေးနေကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ကျောင်းရဲ့ TikTok အကောင့်ကနေ ထုတ်ပြခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်ရေးပြသင်ကြားပေးနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA#ကော့သောင်း #အထက၂ #ကျောင်းသားဆံပင်ညှပ် #တနင်္သာရီတိုင်း #မြန်မာ့သတင်း #Kawthaung #BEHS2 #StudentHaircut #TanintharyiRegion #MyanmarNews
❤16👎9🖕6😁2💩2👍1🤣1
Media is too big
VIEW IN TELEGRAM
👎21🤬8🤣7❤2💩2🖕2👏1
ထိုင်းမှာမြန်မာလုပ်သား​​တွေစီးလာတဲ့ဖယ်ရီကားတိမ်း​မှောက်၊၆၀ခန့်ဒဏ်ရာရ

အောက်တိုဘာ-၁၆၊၂၀၂၆။နေ့သစ်/People's Spring

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသ
တင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်က စက်ရုံက ပြန်လာတဲ့ ခြောက်ဘီး ဖယ်ရီကားဟာ လမ်းမကြီးကနေ ထိုးဆင်းသွားပြီး တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ဖယ်ရီကားပေါ်မှာ မြန်မာလုပ်သား ၇၀ ခန့်လိုက်ပါလာပြီး အဲဒီထဲက ၆၀ လောက်ဟာ ဒဏ်ရာရတာလို့ ဆိုပါတယ်။

မြန်မာလုပ်သားတွေ အလုပ်လုပ်တဲ့ စက်ရုံဟာ နာနတ်သီးစက်ရုံလို့ သိရပြီး ဒဏ်ရာရတဲ့ မြန်မာလုပ်သားတွေကို ဘော်ထွန်းဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေတယ်လို့ ထိုင်းသ
တင်းတွေမှာဖော်ပြပါတယ်။

"သေတဲ့သူတော့မရှိပေမယ့်ဒဏ်ရာရတာတော့ အတော်များတယ်။အခုက စစ်တပ်သံ
ရုံးက လုပ်သားတွေအပေါ် အခွန်တွေကောက်နေပေမယ့် ဒီလိုမျိုး ပြဿနာကို ဖြေရှင်းပေးရမယ်လေ။ အဲလိုမျိုးဆို မကူညီပေးတော့ဘူး"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေတဲ့ AAC မဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။
😢26🔥4👍2👏1
😢30🔥3❤1👏1🙏1
ဓာတ်ဆီဈေး တက်ပြီး ဒီဇယ်ဈေး အနည်းငယ်ကျ

အောက်တိုဘာ၁၆၊၂၀၂၆။ဇော်ဝင်း ၊ရောင်နီ/People's Spring

ရန်ကုန်မြို့ စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီဈေး‌ ဆက်မြင့်တက်နေပြီး ဒီဇယ်ဈေး အနည်းငယ်ကျခဲ့တယ်လို့ ဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။

စစ်တပ်လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ (အောက်တိုဘာ၁၆) ရည်ညွှန်းဈေးအရ ရန်ကုန်ဈေးကွက်မှာ ဓာတ်‌ဆီ 92 တစ်လီတာ ၄၇၀၅ ကျပ် ၊ ဓာတ်‌ဆီ 95 တစ်လီတာ ၄၈‌‌၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၄၄၀ ကျပ် သတ်မှတ်ထားပါတယ်။

"မရှိမဖြစ် လိုတဲ့ဆီနှစ်ဆီ ဖြစ်တဲ့ စက်သုံးဆီရော စားအုန်းဆီရောတင်သွင်းမှုတွေ စစ်တပ်က လျှော့လိုက်တယ်။စားဆီဆို အရင်တင်သွင်းမှုနှုန်းထက် ထက်၀က်လောက်လျှော့လိုက်တယ်လို့ သိရတယ်။ဒါကြောင့် စားဆီရော ၊စက်ဆီရော ဈေးကတက်နေတာ"လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီတစ်ပတ်နဲ့ဆိုရင် ဓာတ်ဆီဈေး လေးပတ်ဆက်မြင့်တက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကဈေးနှုန်းနဲ့ယှဉ်ရင် ဓာတ်‌ဆီ 92 တစ်လီတာ ၁၁၀ကျပ် ၊ ဓာတ်‌ဆီ 95 တစ်လီတာ ၈၀ ကျပ် မြင့်တက်ခဲ့တာပါ။

ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ကျခဲ့ပြီး ဒီဇယ် တစ်လီတာ 95 ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၃၅ ကျပ် ဈေးကျခဲ့ပါတယ်။

အပတ်စဉ် ကြာသပတေးနေ့တိုင်း စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ 92 နဲ့ 95 ပြတ်လတ်မှုတွေ ဖြစ်ခဲ့တဲ့ အပြင် မနေ့က(အောက်တိုဘာ ၁၅) ဒေါ်လာဈေး အတက်ကြမ်းခဲ့တာကြောင့် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူရတာတွေရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဓာတ်ဆီဈေးတွေ ဆက်တိုက်တက်နေတာ‌ကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်အခဲပိုဖြစ်လာတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးကလည်းပြောပါတယ်။

စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့ပါတယ်။
🔥25❤7🤬3👎2👍1👏1
ဓာတ်ပုံ - PS
🔥25👍4👎1👏1
နိုင်ငံခြား​ငွေလဲနှုန်းအတက်အကျမြန်​နေ

●စစ်အုပ်စုကကျပ်​ငွေ ၂၀၀၀ ဘီလီယံ​ကျော်အသစ်ရိုက်ထုတ်မယ့်သတင်း​ကြောင့်ကျပ်​ငွေတန်ဖိုးကျပြီး ​ဒေါ်လာအပါအဝင်နိုင်ငံခြား​ငွေတန်ဖိုးတက်

အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People's Spring

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်မှာ ဒေါ်လာအပါအ
၀င်နိုင်ငံခြားငွေလဲနှုန်းတွေ အတက်အကျမြန်နေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဒေါ်လာ၊ဘတ်၊ရင်းဂစ်၊စင်ကာပူဒေါ်လာ၊ယွမ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီကနေ့(အောက်တိုဘာ ၁၆ ရက်)မှာ အနည်းငယ်ဈေးပြန်ကျနေပါတယ်။

"ဗဟိုဘဏ်ဆီက ဘတ်ဂျက်လိုငွေ ချေးမယ့်နောက်ပိုင်းကျပ်ငွေတန်ဖိုးလျော့ပြီး နိုင်ငံ
ခြားငွေလဲဈေးတွေ မြင့်လာတာပေါ့။ချေးဖို့အတည်ပြုတဲ့ မနေ့ကဆို တော်တော်သိသာတယ်။အခု ကျတယ်ဆိုတာလဲ မနေ့က အ
တက်ဈေးကို ပြန်ညှိတဲ့သဘောပါပဲ။ကျပ်ငွေအသစ်တွေ ဖြည့်ပေးလာရင် ဈေးကွက်ထဲ ကျပ်ငွေပိုများလာပြီး ဒေါ်လာဝယ်လိုအား တိုးလာမှာပါ။ဒေါ်လာဈေးတက်လာပါလိမ့်မယ်"လို့ငွေကြေးဈေးကွက်စောင့်ကြည့်သူတဦးက ပြောပါတယ်။စစ်တပ်လွှတ်​တော်မှာ စစ်အုပ်စုက ဘတ်ဂျက်လို​ငွေ ​အတွက် ကျပ်ဘီလီယံ ၂၁၀၀ ကို ဗဟုတ်ဘဏ်က​ချေးမယ် (တနည်းအားဖြင့် ) ​ငွေစက္ကူအသစ်ရိုက်ထုတ်ဖို့ သ​ဘောတူ အတည်ပြုလိုက်တာ​ကြောင့် ကျပ်​ငွေတန်ဖိုးပိုကျလာတာဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက တစ်ဒေါ်
လာငွေလဲနှုန်း ၄,၅၀၀ ကျပ်ဖြစ်ခဲ့ပြီးအောက်
တိုဘာ ၁၅ ရက်မှာ ၄,၇၅၀ ကျပ်အထိရှိခဲ့ပါတယ်။

ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၃၀ ကနေ ကျပ် ၁၄၀ နီးပါးထိ တက်ခဲ့ပါတယ်။

ဒီကနေ့မှာ​တော့နိုင်ငံခြား​​ငွေ​ဈေးအနည်းငယ်ပြန်ကျပြီး ​နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာ ၄,၆၃၀ကျပ်နဲ့ထိုင်းတစ်ဘတ် ၁၃၇ကျပ်ဖြစ်
နေတယ်လို့ ​ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။

နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ‌ဈေးပိုမြင့်တက်လာမှာဖြစ်တယ်လို့ စီးပွား​ရေးလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

အဲဒီကတဆင့်ပြည်တွင်းထုတ်ကုန်တွေနဲ့ အ
စားအသောက်တွေပါကုန်ဈေးနှုန်းလိုက်လံမြင့်တက်လာပြီး အ​ခြေခံကုန်စည်​တွေအပါအဝင် အ​ထွေ​ထွေကုန်​ဈေးနှုန်း​တွေကြီးလာတာ​ကြောင့် ပြည်သူအများစုဟာ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ ​နေ့စဥ်စားဝတ်​နေ​ရေးအတွက်ကို​တောင် ပိုမိုရုန်းကန်လာကြရတယ်လို့ လုပ်ငန်းရှင်ွချို့က​ပြောပါတယ်။ UNDPက​အောက်တိုဘာလမှာ ​နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာ ပြည်သူ ၃၇ သန်း​ကျော် ၊လူဦး​ရေရဲ့ သုံးပုံ နှစ်ပုံဟာ ဆင်းရဲ​နေတယ်လို့ ​ဖော်ပြထားပါတယ်။

"ရေပိုက်တချောင်းကို ပြီးခဲ့တဲ့၂နှစ်လောက်က ပြင်တာရှစ်ထောင်ပဲရှိတယ်။လုပ်အားခ နဲ့ဆို နှစ်သောင်းခွဲပဲ။မနေ့က ပျက်လို့ပြင်လိုင်တာ ပိုက်ဖိုးက ငါးသောင်းနေ့စားခ(လုပ်အားခ)နဲ့ဆို တစ်သိန်းလောက်ကျသွားတယ်"လို့ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၁ ဒေါ်လာကို ၁,၃၀၀ ကျပ်၀န်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ် ၄၀ နီးပါးပဲရှိခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ကျပ်​ငွေ
တန်ဖိုးကျပြီး ဘဏ်​တွေမှာ​ငွေအပ်ဖို့မယုံကြည်ကြတာ​ကြောင့် ဒေါ်လာဈေးနဲ့ရွှေဝယ်ယူစု​ဆောင်းသူများသလို ဈေး​တွေတက်တယ်တာဟာ ​ဈေးကစားလို့ဆိုပြီး နိုင်ငံခြား​ငွေလဲတဲ့ကုန်သည်​တွေ၊ ရွှေကုန်သည် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်​တွေကို စစ်တပ်ကအပြစ်ပုံချ ပြီးဖမ်းဆီးတာ ၊​ခေါ်ယူစစ်​ဆေးတာ​တွေလုပ်ခဲ့ပါတယ် ။ဒါ​ပေမယ့်စစ်တပ်လက်​အောက်မှာ ပြည်ပရင်နှီးမြှပ်နှံမှု ​လျော့
နည်းတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှု​တွေထွက်ခွာသွားတာ ၊ပြည်ပ​ချေး​ငွေမရတာ ၊ ကုန်သွယ်​ရေးကျဆင်းတာ ၊ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းစစ်ပတ်တိုက်​နေပြီး စစ်စရိတ် ​ထောင်းတာ ၊စစ်မှုထမ်းဥပ​ဒေ​ကြောင့် လူငယ်​တွေ ထွက်​ပြေးကုန်တာ စတာ​တွေ​ကြောင့် မြန်မာစီးပွားရေးကျဆင်းမှု နဲ့ ဆင်းရဲမွဲတေမှုတွေပိုးဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ နဲ့ စီးပွားရေးစစ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။
🔥28❤6👍6👎1🌚1
စစ်တပ်လက်​အောက်ခံဗဟိုဘဏ်က ဘက်ဂျက်လို​ငွေအတွက် ​​ငွေစက္ကူ သစ်ဘီလီယံ ၂၀၀၀ ​ကျော်ထပ်ရိုက်မယ့်အစီအစဥ်ဟာကျပ်​ငွေတန်ဖိုးကိုပိုကျဆင်း​စေပါတယ်။
။ဓါတ်ပုံ-Getty
🔥29👍5❤3👎1🌚1
မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်နေ

အောက်တိုဘာ-၁၆၊၂၀၂၆။ရွှေပြည်စိုး/People's Spring

မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။

မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက် မနက်ပိုင်းကစပြီး
စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ အောက်တိုဘာ ပထမလပတ်မှာ ရပ်တန့်သွားပါတယ်။

တိုက်ပွဲက မိုးမိတ်-သပိတ်ကျင်းလမ်း၊ မိုးမိတ်-မဘိမ်းလမ်းနဲ့ မြစ်ဆုံရွာ၊ (၇)မိုင်ရွာတွေဘက်ကို ရောက်သွားတာဖြစ်ပြီး ညောင်နီကျေးရွာအနီးမှာ ဒီကနေ့ တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

" မနက်ကစပြီး တအုန်းအုန်းချနေတာ။ မြို့နဲ့နီးတယ်။ လေယာဉ်ကို ကြောက်နေရတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးမိတ်- သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းကျေးရွာအနီးမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။

ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

" တိုက်ပွဲဧရိယာက ကျယ်နေတာ။ မဘိမ်းဘက်လည်း စစ်ရေးသတိပေးထားတယ်။ ဒေသခံတွေကတော့ ‌စစ်ကြောင်းသတင်းနားစွင့်ပြီး လွတ်ရာရှောင်ကြရတယ်"လို့ မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။

မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို တော်လှန်‌ရေးတပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာပါ စစ် ရေးတင်းမာခဲ့ပါတယ်။

ယခုရက်ပိုင်းတိုက်ပွဲတွေမှာ အရပ်သား သေဆုံးသူ ၂ ဦးရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား လေးဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ထုတ်ပြန်ခဲ့ပါတယ်။

မိုးမိတ် - မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်းဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။


#မိုးမိတ်မြို့ #ရှမ်းပြည်နယ်မြောက်ပိုင်း #တိုက်ပွဲဖြစ်ပွား #မြန်မာ့စစ်ရေးသတင်း
👍34❤6🔥3🥰3👎1🖕1
(၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးမိတ်မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ တွေ့ရတဲ့ မန္တလေး PDF ရဲဘော်တွေ။ ဓာတ်ပုံ - MDY PDF)
👍35🥰7❤4🔥1🤮1🖕1
SCEF နဲ့ SRAတပ်ပေါင်းစု ထပ်မံတွေ့ဆုံ

အောက်တိုဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းမှာ SCEFနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့ စုစည်းထားတဲ့SRA တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်လကျော်အကြာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုဖော်ပြမထားပေမဲ့ တွေ့ဆုံပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ SRA အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ စတဲ့ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်ကြောင်း အသိပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အပြန်အလှန် ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

SCEFနဲ့ SRA တို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှုမှာလည်း စစ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးထားပါတယ်။ ဒါ့အပြင် SCEFခေါင်းဆောင်တွေဟာ စက်တင်ဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ SRA ရဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့သလို SRA ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

SCEFဟာ စစ်တပ်ကို တော်လှန်နေတဲ့ ရက္ခိုင်၊ ပအိုဝ်း၊ မွန် တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

SRAကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
👍33❤11👏7🥰5🖕2🤣1
(နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA)၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ၂၀၂၆ မတ်လကပြုလုပ်နေစဉ်နဲ့ SCEF အဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ၊ SRA)
❤35👍7🥰6👏4🤮1🤣1🖕1🫡1
မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံးကို ပြင်ဦးလွင်ပကဖ တူး‌ဖော်

အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ ပေါင် ၅၀၀ ဗုံးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ပြန်လည်တူးဖော်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးဟာ ကလစ်မပြုတ်ဘဲ မြေကြီးထဲမှာ မြုပ်နေတာ ဖြစ်ပါတယ်။

ဘယ်မြို့နယ်ထဲမှာဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် ယခုရက်ပိုင်းမှာ ပြန်လည်တူးဖော်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ပကဖဟာ မိုးကုတ်မြို့နယ် ၊စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပါတယ်။ အထက်ပါမြို့နယ်တွေအပြင် ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က ပေါင်၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်တာတွေ နေ့စဉ်ရှိနေပါတယ်။


ရုပ်သံ - ပြင်ဦးလွင် ပကဖ

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ပြင်ဦးလွင်မြို့နယ် #ပကဖ #မပေါက်ကွဲသေးသောဗုံး #ပေါင်၅၀၀ဗုံး #မြန်မာ့စစ်ရေးသတင်း
👍35❤2🥰2😁1🤣1🖕1