ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲဖြစ်
အောက်တိုဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်
ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်ကြားက ကျေးရွာတစ်ရွာအနီးမှာအောက်တိုဘာ ၁၄ရက်ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တာလို့ ဗန်းမောက်မြို့ခံတ
ချို့က ပြောပါတယ်။
"ရှမ်းနီက စစ်ကြောင်းထွက်လာတာ။ထိတွေ့တိုက်ပွဲမျိုး။ဒီနေ့မနက်လည်း ပစ်ခတ်သံကြားရတယ်။ ဝန်းသိုဖက်က စစ်ကြောင်းသတင်းတွေလည်း တနယ်လုံးနားစွင့်နေရတယ်"လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအခြေအနေအသေးစိပ်ကိုတော့မသိရသေးပါဘူး။
အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်
ကြောင်းဟာဝန်းသိုမြို့နယ်ကိုရောက်နေပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေသလိုဗန်မောက်
မြို့ဘက်ကိုလည်းလာနိုင်တယ်လို့လည်းတော်
လှန်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီစစ်ကြောင်းတွေကို အင်းတော်မြို့နယ်တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် သေဆုံးဒဏ်ရာရသူများပြီး စစ်တပ်က သေဆုံးဒဏ်ရာရသူတွေကို ကားတန်းနဲ့သယ်ထုတ်သလို စစ်ကူတွေကိုလည်းဆက်တိုက်ဖြည့်ခဲ့တယ် လို့မြေပြင်စစ်ရေးအခြေအနေသိတဲ့စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။
ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ စီးမော်၊ နားမော်၊ပေပင်၊ ကျောက်အိုင်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ စတင်တိမ်းရှောင်နေတယ်လို့သိရပါတယ်။
"စစ်ကြောင်းက ဘယ်ကို ခွဲထွက်မလဲမသိနိုင်ဘူး။ဝန်းသို့ကစကစတပ်တွေရော၊ဗန်းမောက်က တပ်တွေရောကတော့ တလှုပ်လှုပ်ပဲ။ ဒေ
သခံတွေကတော့ တိမ်းရမှာ"လို့ ဗန်းမောက်မြို့ခံက ပြောပါတယ်။
ဒေသတွင်းမှာစစ်တပ်ကနယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကို သတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်သုံးစွဲမှုကို ဂရုပြုဖို့၊ လူစုလူဝေးနေထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့အပြင် အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။

👍41❤8🔥4🥰3👎2😁1🤣1
■ဆောင်းပါး
"တရားကသာနိုင်စေ"
●ဂျမေကာရဲ့ သမိုင်းကြွေးနဲ့ မြန်မာတို့ရဲ့
တရားမျှတမှုတိုက်ပွဲ
- အေးခိုင်ဦး ရေးသားသည်။
လူတယောက်ရဲ့ဘဝ၊ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်တာနဲ့ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ မတ
ရားမှုကို သမိုင်းထဲကပါ ဖျောက်ပစ်လိုက်လို့
မရပါဘူး။
အဲဒီမတရားမှုကို ကျူးလွန်ခဲ့သူတွေ သေဆုံးသွားပြီဆိုရင် သူတို့ရဲ့ လုပ်ရပ်ကြောင့် နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကိုပါ သင်္ဂြိုဟ်ပစ်ရမှာလား။ မဟုတ်ပါဘူး။ အချိန်တွေ ကြာသွားတာနဲ့အမျှ မတရားမှုတခုဟာ သမိုင်းထဲက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ တခါတရံ အချိန်ကြာလာလေလေ အဲဒီမတရားမှုကို ပြန်လည်ဖော်ထုတ်ဖို့ အထောက်အထားတွေပိုမိုစုဆောင်းလာနိုင်လေလေ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ဂါနာနိုင်ငံ ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ထောက်ခံမဲ ၁၂၃ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံး
ဖြတ်ချက်မှာ အာဖရိကသားတွေကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီးကျွန်အဖြစ် ကူးသန်း
ရောင်းဝယ်ခဲ့မှုကို လူသားမျိုးနွယ်အပေါ်
ကျူးလွန်ခဲ့သမျှ အဆိုးရွားဆုံး ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။
ကြားနေနိုင်ငံ ၅၂ နိုင်ငံရှိပြီး ဗြိတိန်လည်း ပါဝင်ပါတယ်။ အမေရိကန်၊ အာဂျင်တီးနား၊ အစ္စရေးတို့က ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်
ကွက်တဲ့နိုင်ငံတွေရှိခဲ့ပေမယ့်ဆုံးဖြတ်ချက်
ကတော့ အနိုင်ရ အတည်ပြုခဲ့ပါပြီ။ ဥပဒေအရ နိုင်ငံတွေကို မဖြစ်မနေ လိုက်နာစေတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ သမိုင်းဝင်
မတရားမှုအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်
ပြုမှုကို ဒီ ဆုံးဖြတ်ချက်က ကိုယ်စားပြုပါတယ်။
အဲဒီနောက်ဇွန်လမှာဂါနာနိုင်ငံမြို့တော် အက်ခရာ (Accra)မြို့မှာနိုင်ငံတကာညီလာခံတ
ရပ် ကျင်းပခဲ့ပြီး သမိုင်းဝင်မတရားမှုတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး၊ တရားဝင်တောင်းပန်ရေး၊လျော်ကြေး
ပေးရေးနဲ့ ယဉ်ကျေးမှုပစ္စည်းတွေပြန်လည်
ပေးအပ်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အာဖရိကသား သန်းပေါင်းများစွာကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကတိုက်နဲ့ အခြားဒေသတွေမှာ ကျွန်အဖြစ် ၁၅ ရာစုကနေ ၁၉ ရာစုအထိ အတင်းအကျပ် ပို့ဆောင် ရောင်းချခဲ့ကြတယ်။ အဲဒီလူသားတွေဟာ ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ မိသားစုတွေ ရှိတယ်။ အိပ်မက်တွေ ရှိတယ်။ကိုယ်ပိုင် ဇာ
တိမြေရှိတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို သူတို့ဘာသာ ရွေးချယ်ခွင့်ရှိတဲ့ လူသားတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်စနစ်အောက်မှာ သူတို့ရဲ့လုပ်အားကိုအမြတ်ထုတ်ခဲ့ကြတယ်။သူတို့
ရဲ့လွတ်လပ်ခွင့်ကိုပယ်ဖျက်ခဲ့ကြတယ်။ မိ
သားစုတွေကို ခွဲထုတ်ခဲ့ကြတယ်။လူသားတယောက်ရဲ့ တန်ဖိုးကို ငွေကြေးနဲ့ တိုင်းတာခဲ့ကြတယ်။
၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့အမေရိကန်စာရေးဆရာ အလက်စ်ဟေလီ (Alex Haley) ရဲ့ ကမ္ဘာကျော်စာအုပ် Roots ကို ဆရာမောင်ထွန်းသူက ဇာစ်မြစ် ဆိုပြီး ဘာသာပြန်ခဲ့တဲ့အတွက် စာဖတ်ဝါသနာပါသူတိုင်း ဖတ်ပြီးခဲ့ကြပြီးသားပါ။ UN က ဆုံးဖြတ်ချက်ကို အ
တည်ပြုလိုက်ပြီဆိုတဲ့ သတင်းကို ဖတ်ရတဲ့အခါ Roots ကို ပြန် အမှတ်ရစေပါတယ်။ ပြီးတော့ ကွမ်တာကင်တီ ကို လည်း ပြန် သတိရမိတယ်။
ကွမ်တာကင်တီက မိသားစု၊ အသိုင်းအဝိုင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ လူသားတယောက်ပါ။ သူ့ကို အတင်းဖမ်းဆီးပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၊ အမေရိကန်ကို ကျွန်အဖြစ် ပို့ဆောင်ခဲ့ကြတယ်။ သူ့ရဲ့ လွတ်လပ်ခွင့်ကို သိမ်းယူခဲ့ကြတယ်။ လူသားတယောက်ကို လူသားတယောက်အဖြစ်မမြင်တော့ဘဲ ပိုင်
ဆိုင်လို့ရတဲ့ ပစ္စည်းတခုလို သဘောထားခဲ့ကြတယ်။ သူ့ဘဝကို ဖျက်ဆီးခဲ့ကြတယ်။
စာရေးဆရာ အလက်စ်ဟေလီ ကိုယ်တိုင်ကလည်း ကျွန်မျိုးကျွန်နွယ်က ဆင်းသက်လာတဲ့ လူမည်းတယောက်ပါ။ ဖတ်ဖူးသူတိုင်းသိပါတယ် Roots ဟာ အာဖရိကန်နွယ်ဖွား အမေရိကန်မိသားစုတစုရဲ့ မျိုးဆက်အလိုက် ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြထားတဲ့ စာအုပ်။ ဒီစာအုပ်ရေးဖို့ သူဟာ တိုက်ကြီး သုံးတိုက်ကိုသွားပြီး အချက်အလက် မှတ်တမ်းမှတ်ရာ တွေ ရှာဖွေ စုဆောင်းခဲ့တယ်။ အလက်စ်ဟေလီက သူ အပါအဝင် အာဖရိကန် အမေရိကန်တို့ရဲ့ ဇာစ်မြစ်ကို ပြန်ရှာဖွေခဲ့တယ်။ ပြီးတော့ ဒီစာအုပ်ဟာ လူတယောက်ရဲ့ မိသားစုသမိုင်းကို ပြန်ရှာဖွေတဲ့ ဇာတ်လမ်းတခုထက် ပိုပါတယ်။ “ငါဘယ်ကလာတာလဲ” ဆိုတဲ့ မေးခွန်းကို မေးရဲခြင်း၊ အဖြေကို ရှာရဲခြင်း၊ ပြီးတော့ အဲဒီအဖြေကို မျိုးဆက်တဆက်ပြီးတဆက် မပျောက်အောင် ထိန်းသိမ်းထားခြင်း အကြောင်း ဖြစ်ပါတယ်။ Roots ဆိုတာ အတိတ်ကို ပြန်တူးဖော်ခြင်း။ အတိတ်ကို မမှတ်မိစေချင်သူတွေ ရှိနိုင်ပေမယ့် အတိတ်ကတော့ ပျောက်မသွားပါဘူး။မှတ်တမ်းဆိုတာ အဲဒီအတိတ်ကို မပျောက်အောင် ထိန်းထားခြင်းပါ။
ကွမ်တာကင်တီ ဆိုတဲ့လူတယောက်ရဲ့အမည်ကို မှတ်မိနေအောင် ထိန်းသိမ်းထားခြင်းဟာ သမိုင်းတစ်ခုလုံးကို ပြန်ပြင်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ “သူဟာကျွန် တစ်ယောက်ဖြစ်ရုံသာပဲမဟုတ်ဘူး။သူ့မှာနာမည်ရှိတယ်။မိသားစုရှိတယ်။ အမြစ်ရှိတယ်။ လူသားတယောက်အဖြစ် သူ့ကိုယ်ပိုင်ဘဝရှိတယ်” ဆိုတာကို ပြန်ပြောနိုင်စေပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ အာဏာရှိသူတွေအတွက် လူတွေဟာတစ်ခါ

👍26❤4🖕3🤮2
တလေ နံပါတ်တွေဖြစ်သွားတတ်ပါတယ်။စာရင်းထဲက လူဦးရေ။ အလုပ်သမားအရေ
အတွက်။ စစ်သားအရေအတွက်။ သေဆုံးသူအရေအတွက်။ ဖမ်းဆီးခံရသူအရေအတွက်။ အဲဒီနံပါတ်တွေ အောက်မှာတော့ လူတယောက်ချင်းစီရဲ့ နာမည်တွေ၊ မိသားစုတွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်
ချက်တွေ ရှိနေပါတယ်။
အခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ စစ်အာဏာရှင်တွေရဲ့အကျိုးစီးပွားတစ်ခုတည်းအတွက် စစ်မှုထမ်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရတဲ့အခါကွမ်တာကင်တီကိုအကြိမ်ကြိမ် အ
မှတ်ရစေတယ်။ အတင်းဖမ်းချုပ်ခေါ်ဆောင်သွားခံရတဲ့၊ ခြေထောက်မှာ သံကြိုးတွေချည်နှောင်ထားခံရတဲ့၊ လူသားတယောက်ကို ကိုယ်ပိုင်ကုန်ပစ္စည်းလို သဘော
ထားခံရတဲ့ ကွမ်တာကင်တီ။ သူ့အတွက် စိတ်ထိခိုက် မကျေနပ်ခဲ့ရတဲ့ ခံစားချက်။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက ကျူးလွန်ခံခဲ့ရသလိုမျိုးပါပဲ။ ကျူးလွန်ခံနေရတဲ့ မြန်မာလူငယ်တွေ။ အခြေအနေ အကြောင်းတရားမတူပေမယ့် အခုခေတ်အချိန်မှာ ကိုယ်တိုင်ကြုံတွေ့နေရပါပြီ။
၁၈၃၃ ခုနှစ်မှာ ဗြိတိသျှအင်ပါယာက ကျွန်စနစ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ကျွန်ပိုင်ရှင်တွေကို သူတို့ရဲ့ “ဆုံးရှုံးမှု” အတွက် ပေါင်စတာလင် သန်း ၂၀ လျော်ကြေးပေးခဲ့တယ်။ ဒါပေမဲ့ လူသားတွေကို ပစ္စည်းတခုလို ရောင်းဝယ်ခံခဲ့ရသူတွေ၊ မိသားစုနဲ့ ခွဲခွာခံခဲ့ရသူတွေ၊ မျိုးဆက်ပေါင်းများစွာ အဓမ္မ အလုပ်လုပ်ခိုင်းစေခံခဲ့ရသူတွေကတော့ သူတို့ရဲ့နာ
ကျင်မှုနဲ့ ဆုံးရှုံးမှုတွေအတွက်ဘာလျော်ကြေး
မှ မရခဲ့ကြပါဘူး။ ဗြိတိသျှကိုလိုနီ ဂျမေကာမှာ ကျွန်စနစ်ဖျက်သိမ်းရေးဥပဒေ အသက်
ဝင်ခဲ့တဲ့ ၁၈၃၄ ခုနှစ်နောက်ပိုင်းမှာလည်း ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံခဲ့ရသူအများအပြားဟာ “အလုပ်သင်စနစ်” လို့ခေါ်တဲ့ စနစ်အောက်မှာ ဆက်လက်အလုပ်လုပ်ခဲ့ကြရတယ်။အဲဒီစနစ်ဟာ ၁၈၃၈ ခုနှစ်မှသာ အဆုံး
သတ်ခဲ့ပြီး လွတ်လပ်ခဲ့ကြတယ်။ အခု ၂၀၂၆ ခုနှစ်မှာဆိုရင် သူတို့ရဲ့ လွတ်လပ်ခွင့်ရရှိမှုဟာ ၁၈၈ နှစ် ရှိလာပါပြီ။
ကျွန်ကုန်သွယ်မှုသမိုင်းဟာ ရာစုနှစ်များစွာ အရင်က ဖြစ်ခဲ့တာပါ။ ဒါပေမယ့် “အဲဒါက အရင်က ဖြစ်ခဲ့တာပဲ” ဆိုပြီး သမိုင်းစာအုပ်ထဲမှာထည့်ပိတ်ထားလို့ မရတော့ပါဘူး။ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ သမိုင်းစာအုပ်ရဲ့အပြင်ဖက်ရှေ့ကို ရောက်လာပါပြီ။ ၁၈၈ နှစ်အကြာ UN က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက် အခုနှစ် ၂၀၂၆ ခု စက်တင်ဘာ ၆ ရက်မှာ ဂျမေကာကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်စနစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဆိုင်ရာ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေဖို့ လန်ဒန်မြို့ကို ရောက်လာခဲ့ပါတယ်။ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက် ကို စက်တင်
ဘာ ၇ ရက်မှာ ချားလ်စ်ဘုရင်ထံကို တရားဝင်
တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ချားလ်စ် ဘုရင် က အဲဒီလျော်ကြေးတောင်းဆိုမှုကို ဗြိတိန်ဘုရင် ရဲ့ အယူခံတရားစီရင်ရေးကော်မတီ” Privy Council ထံ လွှဲပြောင်းစဉ်းစားစေခဲ့တယ်။ ဒီတင်ပြချက်ဟာလျော်ကြေးငွေကိုချက်ချင်းပေးဖို့တောင်း
ဆိုတဲ့ စာတစောင်သက်သက် မဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ဥပဒေရေးရာ တာဝန်ယူမှုကို တရားဝင် စိစစ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီရက်စွဲကို ရွေးချယ်ခဲ့တာကလည်း အင်မ
တန် အဓိပ္ပါယ်ရှိပါတယ်။ ဂျမေကာရဲ့ တင်ပြချက်ဟာဇောင် (Zong) သင်္ဘောပေါ်က လူတွေကို အောက်မေ့သတိရခြင်းနဲ့ သမိုင်းဆိုင်ရာ တရားမျှတမှုကို ရှာဖွေခြင်းတို့ကို ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။ ၁၇၈၁ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အ
ဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့တယ်။ အဲဒီခရီးစဉ်ဟာ လူ ၁၃၀ ကျော် ပင်လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၂၄၅ နှစ်အကြာ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ဂျမေကာက ချားလ်စ်ဘုရင်ထံ တရားမျှတမှုအတွက် တင်ပြချက်ကို တင်သွင်းခဲ့ပါပြီ။ ဒီတင်ပြချက်ဟာ အတိတ်ကို မေ့မထားကြောင်းပြသရုံသာမက၊ သမိုင်းဝင်မတရားမှုတွေအတွက် တာဝန်ယူမှုနဲ့ ပြန်လည်ကုစားရေးကို ယနေ့အချိန်မှာ တ
ရားဝင်တောင်းဆိုနေခြင်းပဲ ဖြစ်ပါတယ်။
အလုပ်ကို အသွား ဒါမှမဟုတ် အလုပ်က အပြန် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေ၊ လှည်းတန်းမှာ အိမ်ကနေ အပြင်ခဏထွက်သွားတာမှာ ပျောက်ဆုံးသွားတဲ့ လူငယ်၊ ဧည့်စာရင်းစစ််ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်၊ ကလေးဆေးရုံတက်ရလို့ စောင့်ပေးနေရင်း ဆေးရုံအပြင် ခဏအထွက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးအဖေ၊ တက္က
သိုလ်တက်ရင်း မိသားစုကို တဖက်တလမ်းက ကူညီရှာဖွေကျွေးမွေးနေရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသား၊ စက်ရုံကအပြန် ပျောက်ဆုံးသွားတဲ့ ရခိုင်လူမျိုးမိန်း
ကလေးငယ်၊ ထွက်ပြေးတာကို ပြန်လည် ဖမ်းဆီးခံရပြီး ထိပ်တုံးခတ်ခံထားရတဲ့ လူ
ငယ်တွေ။ ဒီလို လူငယ်ပေါင်း မြောက်များစွာတွေ။ ရာစုနှစ်ပေါင်းများစွာက ကွမ်တာကင်တီတို့ ကျူးလွန်ခံခဲ့ရတဲ့ မတရားမှု ၊ရာ
ဇဝတ်မှုတွေနဲ့ ဘာမှမခြားပါဘူး။

👍28❤4🤮2🖕2
မတရားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူတွေ၊ မိမိတို့ရဲ့ အနာဂတ်ကို စွန့်
လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ၊ အတင်းအကျပ် စုဆောင်းခံရပြီး စစ်အုပ်စုအာဏာတည်မြဲဖို့ တိုက်တဲ့စစ်ပွဲဖက်ကနေ ပါဝင်ခဲ့ရတဲ့သူတွေရဲ့ ဇာတ်လမ်းတွေဟာလည်း တနေ့မှာ သမိုင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။
အာဖရိကကျွန်စနစ်အတွက် ယနေ့ခေတ်လူတိုင်းကို အတိတ်က လူတွေရဲ့ လုပ်ရပ်အ
တွက် တိုက်ရိုက်အပြစ်ပေးရမယ်လို့ ဆိုလိုကြတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို သူမကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အပြစ်ပေးတာဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းမှာ မတရားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းပယ်တာ၊ အဲဒီမတရားမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်တာ၊ နစ်နာခဲ့ရသူတွေရဲ့ အသံကို မကြားချင်ယောင် ဆောင်တာတို့ဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ အမှန်တရားဆိုတာ မှတ်တမ်းထဲက အဖြစ်အပျက်တွေကို ဖုံးကွယ်မထားခြင်းပါ။ တာဝန်ခံမှုဆိုတာ အဲဒီအမှန်တရားကို ရင်ဆိုင်ခြင်းပါ။ တရားမျှတမှုဆိုတာ အဲဒီအရာတွေကို အခြေခံပြီး လူသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ အခွင့်အရေးကို ပြန်လည်အသိအမှတ်ပြုခြင်းပါ။ တရားမျှတမှုဆိုတာ ဘယ်သူ့ကိုမှ မေ့မထားခြင်းလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်
ဒဏ်ချမှတ်မလဲ။
အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အ
ပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်
အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်
သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်
ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။ နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်းတင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။
အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်
ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်း
အရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။
ကျွန်စနစ်ကို ပြောတဲ့အတွက် တရားမျှတမှုနဲ့ ပြစ်ဒဏ်ဟာ အဲဒီလောက်ထိ ကြာမှ ဖြစ်လာမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီလောက်ရာစုနှစ်တွေကြာခဲ့ပြီးတောင်မှ မတရားမှုဟာ ဖျောက်ဖျက်ပစ်လို့မရဘူး၊ ပျောက်ပျက်မသွားဘူးလို့ ပြောချင်တာဖြစ်ပါတယ်။
ဖြစ်ပြီးသွားပြီပဲ။ ရေးနေလို့လည်း မထူးတော့ပါဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက မမှန်ပါဘူး။ အမှန်တရားကို မှတ်တမ်းတင်ထားခြင်းဟာ ဖြစ်ပြီးသွားတာကို မတားဆီးလိုက်နိုင်ပေမယ့်၊ တရားမျှတမှုကို အာမခံပေးတာ မဟုတ်ပေမဲ့ တရားမျှတမှုအတွက် လမ်းကြောင်းတခု ဖွင့်ပေးနိုင်ပါတယ်။ တရားမျှတတဲ့ အနာဂတ်အတွက် အုတ်မြစ်လည်းဖြစ်ပါတယ်။ ။

👍37🤮2🖕2👌1
ကိုးကား - The Guardian
(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခိုင်းမယ့်လူငယ်တွေကိုမန္တလေးမြို့နန်းတွင်းစစ်ကြောရေးအဆောင်တချို့မှ ဖမ်းဆီးထားစဥ်/
၁၇၈၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာဇောင်း- Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့ကာလူ၁၃၀ ကျော်ကို ပင်
လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။အဲဒီဖြစ်ရပ်အပေါ်သရုပ်ဖော်ထားပုံ နဲ့ နှစ်ပေါင်
၂၄၅ နှစ်ကအမှုအတွက်ဗြိတိန်ဘုရင်ချားလ်စ်ဘုရင်ထံ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက်တင်သွင်းတဲ့ကိုယ်စားလှယ်အဖွဲ့။
ဓါတ်ပုံ-ပေးပို့ ၊ The Guardian

👍33🖕2👎1🔥1😢1🤮1
ချောင်းဦး ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရတဲ့ သံဃာ ၁ပါး စိုးရိမ်ရ
အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ခန့်က ချောင်းဦးမြို့နယ်က ပန်းလှတောရကျောင်းတိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ဦးလုံး ယနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သက်တော် ၅၇ နှစ်အရွယ် သံဃာတစ်ပါးမှာ စိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။
"ရင်ဘတ် အစ ၃နေရာထိတာ။ ၂စ ထုတ်ပြီးပြီ။ အရေးကြီးဆုံး တစ်နေရာကျန်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင် ၄ဆောင်၊ သိမ်ကျောင်း ၁ဆောင် စုစုပေါင်း ၅ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ကြီးရဲ့ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
စစ်တပ်က ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ရက်မှာ အသိပေး လျှောက်ထား ထားပါတယ်။

🤬20🔥14❤3👏3👎2😢2👍1🎉1
စစ်အုပ်စုဟာ NCAကို သုံးပြီး တရားဝင်မှုရရေး၊ တော်လှန်ရေးတပ်တွေကို သွေးခွဲရေး လုပ်ဆောင်နေဟု မွန်တပ် NMSP-AD ပြော
အောက်တိုဘာ ၁၆၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။
အောက်တိုဘာ ၁၅ရက်မှာ ကျရောက်တဲ့ NCA စာချုပ်ချုပ်ဆိုခြင်း ၁၅နှစ်ပြည့်မှာ မင်းအောင်လှိုင်က NCA ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိတ်ခေါ်တဲ့ ပြောကြားချက်နဲ့ စစ်အုပ်စုရဲ့ NCA လမ်းကြောင်း ဘယ်ကို ဦးတည်နေသလဲဆိုတဲ့မေးမြန်းချက်အပေါ် နိုင်ဗညားမွန်က အခုလို ရှင်းပြတာပါ။
“NCA စာချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ဝင်သွားတဲ့လမ်းကြောင်း ဖြစ်တယ်။ NCA စာချုပ်ပါ ဆွေးနွေးသဘောတူချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ လွှတ်တော်မှာ အတည်ပြုချက် ယူရမယ်လို့ အတိအကျ ဖော်ပြထားတယ်။ အဲဒီတော့ မင်းအောင်လှိုင်က NCA စာချုပ်အပေါ် အခြေခံဆွေးနွေးရမယ်လို့ ပြောတာကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဒါကို လက်ခံဆွေးနွေးလိုက်ရင် တစ် သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီးသား ဖြစ်သွားတယ်။ နှစ်အချက်က သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသား ဖြစ်သွားမယ်။ အခု တစ်ဖွဲ့ချင်းအလိုက် သူပြောတဲ့အတိုင်း ဝင်ဆွေးနွေးလိုက်ရင် ကိုယ်အချင်းချင်းအကြား ကွဲသွားမယ်”လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။
ဒါကြောင့် NCA အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲက မင်းအောင်လှိုင်ရဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ နည်းနာဖြစ်တယ်လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။
NMSP-ADခေါင်းဆောင်တွေဟာ မူလက NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံတဲ့ NMSP ခေါင်းဆောင်တွေဟာ NMSP-AD စုဖွဲ့မှု နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း စစ်အုပ်စုဟာ NCA အခြေခံမူများကို နင်းချေဖျက်ဆီးလိုက်တာကြောင့် NCAမရှိတော့ဘူးလို့ အသိပေးထားပါတယ်။
“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။
NCA အခန်း(၁) အခြေခံမူမှာ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေသလို NCA ဆိုင်ရာ နှစ်ပတ်လည်ပွဲတွေ တက်ရောက်လေ့ရှိတဲ့ ရှမ်းတပ် RCSS ကပင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားကာ NCA အပေါ် လူထုယုံကြည်မှုလျော့နည်းလာကြောင်း မနေ့က အောက်တိုဘာ ၁၅ရက်မှာ စစ်အုပ်စုက ပြုလုပ်တဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆိုမှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့တာပါ။

😁15👍12❤3👎3🤣1🖕1
■ဆောင်းပါး
စကားမစပ် တတိယကမ္ဘာစစ်
ကစနေပြီလား
-မောင်သာဂိ ရေးသားသည်။
ဟင်းချက်နည်းသင်တန်းစတင်ပါတော့မယ်။ Hell’s Kitchen မှာပါ။ကမ္ဘာစစ်တစ်ခုဖြစ်အောင်ချက်ပြုတ်ဖို့အတွက်ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်ပါသလဲ။
ခဲတံကိုင်ပါ၊ စာရွက်ယူပါ၊ချရေးပါ။ဈေးစာရင်းကဒီမှာပါ။
အရူးထအမျိုးသားရေးဝါဒ ၂၅ ကျပ်သား၊
မိစ္ဆာအာဏာရှင်၂၅ကျပ်သား၊အဆံချောင်
တိုင်းပြည်ခေါင်းဆောင် ၂၀ ကျပ်သား၊သွား
မရှိတဲ့ကမ္ဘာ့အဖွဲအစည်း ၂၀ ကျပ်သား ၊
အောင်ကြူကြူပြည်သူ ၁၀ ကျပ်သား
အခုလိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးစားပွဲပေါ်မှာရောက်နေပါပြီ။ကမ္ဘာစစ်ဟင်းပွဲတစ်ခုကိုချက်ပြပါတော့မယ်။
ဒါနဲ့စကားမစပ်တတိယကမ္ဘာစစ်ကစတင်နေပြီလား။ ဟုတ်ကဲ့၊ဖြစ်ဖို့များပါတယ်။
ပထမလိုအပ်ချက်ဖြစ်တဲ့ "အရူးထအမျိုး
သားရေးဝါဒ" ကို ရုရှ၊အမေရိကန်၊တရုတ်၊အစ္စရေး၊ဂျာမဏီ၊ ပြင်သစ်စတဲ့အင်အားကြီးနိုင်ငံအတော်များများမှာလက်ကားဈေးနဲ့ရောင်းချပေးနေပါတယ်။
ဒုတိယလိုအပ်ချက်ဖြစ်တဲ့ "မိစ္ဆာအာဏာရှင်"
ကတော့ဘယ်တုန်းကမှပြတ်တောက်သွားတယ်လို့မရှိပါဘူး။ဈေးကွက်ထဲမှာ၂၄နာရီရပါတယ်။ကြိုက်တဲ့အချိန်မှာဒလီနဲ့ပို့ပေးမှာပါ။Main Supplierကတော့ ရုရှ ပါ။
"အဆံချောင်တိုင်းပြည်ခေါင်းဆောင်"ကတော့ပစ္စည်းအသစ်ဖြစ်ပါတယ်။ဈေးကောင်းတယ်။ မတည့်တဲ့သူစားမိရင်တော့ဖြေဆေးမရှိပါဘူး။ပစ္စည်းကရွှေဝါရောင်ပါ၊အမျိုးသမီးတွေကိုမြင်ရင် ယင်းထပါတယ်။ Made In USA ဖြစ်တယ်။အမေရိကန်စစ်စစ် ရေမရောပါ။
"သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း"ကတော့နယူးယောက်မှာအခြေစိုက်ပြီးကြီးကျယ်တဲ့အ
ခမ်းအနားတွေ ပြုလုပ်လေ့ရှိပေမယ့်ရလဒ်ကတော့သိပ်မရှိတော့တာ ကြာခဲ့ပါပြီ။
နောက်ဆုံးလိုအပ်တဲ့ "ဘုမသိဘမသိပြည်သူတွေ"ကတော့ပထမဆုံးပြောထားတဲ့"အရူးထအမျိုးသားရေးဝါဒ’နဲ့တွဲပြီးရောင်းချပေးတာပါ။အမေရိကန်၊ဘရာဇီးနဲ့ဥရောပတခွင်ကဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်။ အာရှတခွင်မှာလည်းရှိပါတယ်။
အာဖရိကတိုက်ကတော့အထက်ပါဈေးစာရင်းကိုတစ်နေရာထဲနဲ့အရံသင့်ရမယ့်
7 Eleven ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာသူဆင်ထားတဲ့ထောင်ချောက်ထဲကိုသူအကြိမ်ကြိမ်ပြန်နင်းတဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ကြရအောင်ပါ။
ဂျာမဏီကပိုလန်ကို၁၉၃၉စက်တင်ဘာ ၁ ရက်နေ့ကကျူးကျော်ခဲ့တာကိုဒုတိယကမ္ဘာစတင်ခဲ့တဲ့နေ့လို့ အများကသတ်မှတ်ကြပါတယ်။အခုပြန်ကြည့်ရင်တော့ဒုတိကမ္ဘာစစ်ဟာအဲဒီထက်စောပြီးစတင်ခဲ့တယ်လို့ဆိုရမယ်ထင်တယ်။ဂျပန်က မန်ချူးရီယားကိုကျူးကျော်တဲ့၁၉၃၁၊စက်တင်ဘာ ၁၈လို့ဆိုရပါမယ်။
ဒီဖြစ်ရပ်တွေဟာအဲဒီအချိန်က "အရူးထအ
မျိုးသားရေးဝါဒရဲ့"ရလဒ်တွေပါ။ဂျာမဏီ၊အီတလီနဲ့ဂျပန်နဲ့ နိုင်ငံအများအပြားမှာလောင်
မြိုက်နေခဲ့တာပါ။စစ်အာဏာရူးတဲ့ခေါင်း
ဆောင်တွေကတော့ဂျာမဏီမှာ ဟစ်တလာ၊ဆိုဗီယက်ရုရှမှာစတာလင်၊အီတလီမှာမူဆိုလီနီ နဲ့ ဂျပန်မှာစစ်ခေါင်းဆောင်တိုဂျိုတို့ပါပဲ။တခြားနိုင်ငံတွေမှာလည်းအများအပြားရှိခဲ့ပါတယ်။
ပျော့ညံ့တဲ့တိုင်းပြည်ခေါင်းဆောင်တွေမှာတော့ ဟစ်တလာရဲ့ကျူးကျော်မှုတွေကိုအလျော့ပေးတဲ့ အင်္ဂလန်ဝန်ကြီးချုပ်နဗီးချိန်လာလိန်ကအဓိကကျပါတယ်။ဟစ်တလာဟာဒီတစ်ခါကျူးကျော်မှုပြီးရင်ရပ်သွားမှာပါလို့စိတ်ကူးယဉ်ခဲ့သူပါ။
"သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း"ကတော့အဲဒီအချိန်က’နိုင်ငံပေါင်းချုပ်အသင်းကြီး’ (League of Nations)ပါပဲ။ဂျာမဏီကပိုလန်ကိုကျူးကျော်တာကိုအရေးမယူနိုင်ခဲ့သလိုဆိုဗီယက်ရုရှကဖင်လန်ကို ကျူးကျော်တာကိုလည်းထိထိရောက်ရောက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။
အောင်ကြူကြူပြည်သူတွေကတော့ဂျာမဏီ၊အီတလီနဲ့ဂျပန်တွေမှာအလွန်များပြားခဲ့ပါတယ်။အာဏာရှင်တွေ တိုက်တဲ့အရူးထအ
မျိုးသားရေးဝါဒအရက်ကိုတစ်ပိုင်းလောက်သောက်ပြီးအိပ်ယာကနိုးတဲ့အခါကိုယ့်တိုင်း
ပြည်အကျိုးနည်းသွားတာကိုတွေ့ကြရသူတွေပါ။
ကမ္ဘာကြီးလည်ပတ်နေတဲ့အစီအစဉ်(World Order)မှာ ကုလသမဂ္ဂရဲ့နေရာဟာလုံးပါးပါးလာတာကြာခဲ့ပါပြီ။စက္ကူကျား(Paper Tiger) ဖြစ်နေခဲ့ပါပြီ။ သွားမရှိတဲ့ကျား (Toothless Tiger)ဖြစ်နေပါပြီ။သူ့ရဲ့အခန်းကဏ္ဍကအ
ခမ်းအနားအဆင့် (Ceremonial Role)ဖြစ်နေပါပြီ။
ဘယ်အာဏာရှင်ဘယ်စစ်ပွဲကမှဒီအဖွဲ့ကြီးကိုလှည့်မကြည့်ကြပါဘူး။အာဏာရှင်တွေတင်မကပဲဒီမိုကရေစီနိုင်ငံလို့ကြွေးကြော်ခဲ့တဲ့နိုင်ံငံတွေလည်းဂရုမစိုက်ကြပါဘူး။အားမကိုးကြတော့ပါဘူး။
ဒီလေဟာနယ်နေရာမှာ အကျိုးစီးပွားတူသူချင်းပူးပေါင်းတဲ့နိုင်ငံအုပ်စုတွေကအစားထိုးလာပါတယ်။
ရုရှ၊တရုတ်၊အီရန်၊မြောက်ကိုရီးယား(မြန်မာကသူတို့အမြီးကိုဆွဲပြီးလိုက်နေပါတယ်) လိုအုပ်စုမျိုးရှိနေသလို၊ အမေရိကန်ကိုမယုံ
ကြည်ရတော့လို့အကျိုးတူတူချင်းပူးပေါင်းပြီးကျောချင်းကပ်ကြတဲ့ အနောက်ဒီမိုကရေစီနိုင်ငံအုပ်စုလည်းရှိနေပါတယ်။
ဒေါ်နယ်ထရမ့်ကဒိန်းမတ်ရဲ့ပိုင်နက်ဖြစ်တဲ့
ဂရင်းလန်းကို လိုအပ်ရင်စစ်အင်အားနဲ့သိမ်း
ယူမယ်လို့အရောင်ပြကတည်းကအနောက်
ဒီမိုကရေစီနိုင်ငံတွေကြားမှာအမေရိကန်နဲ့အကွဲအပြဲကနက်ရှိုင်းသွားခဲ့ပါပြီ။ဒိန်းမတ်ဟာအမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲရဲ့ဝင်ဖြစ်ပါတယ်။နေတိုးရဲ့ကတိကဝတ်ဟာအဖွဲ့ဝင်နိုင်ငံတစ်ခုကိုအခြားနိုင်ငံတစ်ခုကစစ်ရေးအရဝင်တိုက်ခိုက်ရင်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်ခိုက်တယ်လို့ခံယူပြီးပြန်တိုက်ကြဖို့ပါ။

❤18👍8🤮6🖕2🤣1
အခုတော့ထရမ့်ခေတ်မှာနေတိုးအဖွဲ့ဝင်နိုင်ငံကိုနေတိုးအဖွဲ့ဝင်ကပဲကျူးကျော်ဖို့ကြံစည်တာဟာ စည်းကျော်သွားပြီလို့အားလုံးယူဆကြပါတယ်။အဲဒီအချိန်ကစပြီးဥရောပနိုင်ငံတွေဟာစစ်အသုံး စရိတ်ကိုမြှင့်တင်ခဲ့ကြပါတယ်။
ရုရှ ရန်ကိုသာမကပဲအချိန်မရွေးသစ္စာဖေါက်မယ့်ထရမ့်ရဲ့အမေရိကန်ကိုပါမယုံရတော့လို့ပါပဲ။ အမေရိကန်နဲ့အစ္စရေးကအီရန်ကိုဝင်တိုက်ပြီးထင်သလိုဖြစ်မလာတဲ့အခါအနောက်ဒီမိုကရေစီနိုင်ငံတွေကိုထရမ့်ကစစ်ကူတောင်းပေးမယ့်ဘယ်သူမှရောက်မလာကြတော့ပါဘူး။စစ်ပွဲကိုစတင်ချိန်တုန်းက လည်း
ထရမ့်ကသူတို့ကိုမတိုင်ပင်ခဲ့ပါဘူး။
အနောက်အုပ်စုကြားမှာအကွဲအပြဲဖြစ်နေပါပြီ။ဒါကရုရှ၊တရုတ်ဦးဆောင်တဲ့ဝင်ရိုးတန်းအုပ်စုကိုရှေ့တိုးဖို့အချက်ပြနေပါတယ်။အီရန်နဲ့စစ်ပွဲကိုနိုင်အောင်မတိုက်နိုင်တဲ့အမေရိကန်ဟာလက်နက်ခဲယမ်း မီးကျောက်တွေအား
နည်းနေပြီဆိုတဲ့အသံကကျွမ်းကျင်သူတွေကြားထဲမှာထွက်ပေါ်နေပါပြီ။
Hell’s Kitchen ရဲ့ စားဖိုဆောင်ထဲမှာ ချက်
ပြုတ်တဲ့ အိုးသံခွက်သံတွေ ဆူညံလို့နေပါပြီ။ ချက်ပြုတ်စရာ ပါဝင်ပစ္စည်းအားလုံးလည်း အချိုးအစားကျကျ သမသွားခဲ့ပြီဖြစ်သလို၊ မီးအပူချိန်ကလည်း ဆူမှတ်ကို ရောက်နေခဲ့ပါပြီ။
ဒုတိယကမ္ဘာစစ်တုန်းကနိုင်ငံပေါင်းချုပ်အ
သင်းကြီး(League of Nations)ဟာ စာရွက်ပေါ်က ကျားတစ်ကောင်အဖြစ်နဲ့ စစ်ကို မတားဆီးနိုင်ခဲ့သလို၊ ဒီနေ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးကလည်း ပွဲတက်ဝတ်စုံ ဝတ်ထားတဲ့သွားမရှိတဲ့ကျားအိုကြီးအဖြစ်နဲ့ ပွဲ
ကြည့်ပရိသတ် လုပ်နေရုံကလွဲလို့ ဘာမှ မ
တတ်နိုင်တော့ပါဘူး။
မဟာမိတ်တွေ အချင်းချင်း မယုံကြတော့တဲ့ခေတ်၊ အာဏာရှင်တွေ လက်တွဲပြီး အုပ်စိုးတဲ့ခေတ်၊အရူးထအမျိုးသားရေးဝါဒီတွေ ခေါင်း
ထောင်နေတဲ့ ခေတ်မှာ တတိယကမ္ဘာစစ်ဟင်းပွဲလျာ ချက်ပြုတ်ဖို့ ရယ်ဒီဖြစ်နေခဲ့ပါပြီ။
စစ်ဆိုတာ သေနတ်သံ စကြားရတဲ့နေ့မှ စတာမဟုတ်ပါဘူး။သမိုင်းကို ပြန်ကြည့်ရင် သေ
နတ်မဖောက်ခင် ကတည်းက စစ်ပွဲရဲ့ ပါဝင်ပစ္စည်းတွေကို အသေအချာပြင်ဆင်ချက်
ပြုတ်နေခဲ့ကြတာပါ။
အခုလည်း ဟင်းပွဲကတော့ ချက်ပြုတ်ပြီးလို့ အဆင်သင့် ဖြစ်နေပါပြီ။ သမိုင်းက ပေးထားတဲ့သင်ခန်းစာထောင်ချောက်ထဲကို ကျွန်တော်
တို့ ကမ္ဘာကြီးက နောက်တစ်ကြိမ် ဝမ်းသာအားရ ပြန်ဝင်နေပါပြီ။
ဒါနဲ့စကားမစပ် တတိယကမ္ဘာစစ်ကြီး စတင်နေပြီလား။ Hell’s Kitchen ကနေ ကြိုဆိုပါတယ်။ ။

👍19🤮11❤5🥰2🖕2🤔1🤣1
ကော့သောင်း အထက(၂)မှာ စစ်ဗိုလ်က ကျောင်းသားတွေဆံပင် ကပ်ကြေးနဲ့လိုက်ညှပ်
အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
ကော့သောင်းမြို့၊ အမှတ်(၂) တပ်နယ်အထက်တန်းကျောင်း ကျောင်းဝင်းမှာ စစ်ဗိုလ်တစ်ဦးက အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို တန်းစီခိုင်းပြီး လက်သန့်ရှင်းမှုရှိမရှိနဲ့ ဆံပင်တွေရှည်မရှည် စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဆံပင်တွေရှည်နေတယ်လို့ ၎င်းယူဆတဲ့ ကျောင်းသားအချို့ကို ဆံသားကိုကိုင်ပြီး ကပ်ကြေးနဲ့ ညှပ်နေတာကို ရုပ်သံမှာ ရိုက်ကူးထားတာ တွေ့ရပါတယ်။
အဲဒီစစ်ဗိုလ်ဟာ အ.ထ.က(၂)တပ်နယ်ရဲ့ ကျောင်းအုပ်ဖြစ်ပြီး ၎င်းကျောင်းမှာ ယခင်ကတည်းက ယခုမြင်တွေ့ရသလို အုပ်ချုပ်နေတာဖြစ်ကြောင်း ဒေသခံအချို့က ဆိုပါတယ်။ သို့သော် စစ်ဗိုလ်က ကျောင်းသားတွေကို အဓမ္မဆံပင်ညှပ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
"ဘယ်ကဖွင့်ဖွင့် သူ့တို့မှာဆရာ ဆရာမရှိတယ်။ သူနဲ့ဘာဆိုင်လဲညှပ်ပေးချင်ရတာလဲ။ ဆံသ ဆရာခေါ်လာခဲ့ပေါ့။ ခုကရုပ်ပေါက်လွန်းတယ်။ အာဏာရှင်ပြောတော့လက်မခံကြဘူး"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပါတယ်။
တန်းစီတဲ့အထဲမှာ ကျောင်းသူတွေလည်း ပါဝင်ပြီး ကျောင်းသူတွေကိုတော့ ဆံပင်ညှပ်ပေးတာကို ရိုက်ကူးထားတာ မတွေ့ရပါဘူး။ အဲဒီ အ.ထ.က (၂)မှာ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကိုလည်း တွဲဖက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ယခုလဆန်းပိုင်းကလည်း စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်ဆေကိန္ဒက ၎င်းကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာက ဓမ္မဒူတလူငယ်ကျောင်းမှာ ငါးတန်းနဲ့ ခြောက်တန်းကလေးတွေကို စစ်ရေးပြလေ့ကျင့်သင်ကြားပေးနေကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ကျောင်းရဲ့ TikTok အကောင့်ကနေ ထုတ်ပြခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်ရေးပြသင်ကြားပေးနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA#ကော့သောင်း #အထက၂ #ကျောင်းသားဆံပင်ညှပ် #တနင်္သာရီတိုင်း #မြန်မာ့သတင်း #Kawthaung #BEHS2 #StudentHaircut #TanintharyiRegion #MyanmarNews

❤16👎9🖕6😁2💩2👍1🤣1
ထိုင်းမှာမြန်မာလုပ်သားတွေစီးလာတဲ့ဖယ်ရီကားတိမ်းမှောက်၊၆၀ခန့်ဒဏ်ရာရ
အောက်တိုဘာ-၁၆၊၂၀၂၆။နေ့သစ်/People's Spring
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသ
တင်းတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်က စက်ရုံက ပြန်လာတဲ့ ခြောက်ဘီး ဖယ်ရီကားဟာ လမ်းမကြီးကနေ ထိုးဆင်းသွားပြီး တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ဖယ်ရီကားပေါ်မှာ မြန်မာလုပ်သား ၇၀ ခန့်လိုက်ပါလာပြီး အဲဒီထဲက ၆၀ လောက်ဟာ ဒဏ်ရာရတာလို့ ဆိုပါတယ်။
မြန်မာလုပ်သားတွေ အလုပ်လုပ်တဲ့ စက်ရုံဟာ နာနတ်သီးစက်ရုံလို့ သိရပြီး ဒဏ်ရာရတဲ့ မြန်မာလုပ်သားတွေကို ဘော်ထွန်းဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေတယ်လို့ ထိုင်းသ
တင်းတွေမှာဖော်ပြပါတယ်။
"သေတဲ့သူတော့မရှိပေမယ့်ဒဏ်ရာရတာတော့ အတော်များတယ်။အခုက စစ်တပ်သံ
ရုံးက လုပ်သားတွေအပေါ် အခွန်တွေကောက်နေပေမယ့် ဒီလိုမျိုး ပြဿနာကို ဖြေရှင်းပေးရမယ်လေ။ အဲလိုမျိုးဆို မကူညီပေးတော့ဘူး"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေတဲ့ AAC မဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။

😢26🔥4👍2👏1
ဓာတ်ဆီဈေး တက်ပြီး ဒီဇယ်ဈေး အနည်းငယ်ကျ
အောက်တိုဘာ၁၆၊၂၀၂၆။ဇော်ဝင်း ၊ရောင်နီ/People's Spring
ရန်ကုန်မြို့ စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီဈေး ဆက်မြင့်တက်နေပြီး ဒီဇယ်ဈေး အနည်းငယ်ကျခဲ့တယ်လို့ ဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
စစ်တပ်လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ (အောက်တိုဘာ၁၆) ရည်ညွှန်းဈေးအရ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ 92 တစ်လီတာ ၄၇၀၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄၈၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၄၄၀ ကျပ် သတ်မှတ်ထားပါတယ်။
"မရှိမဖြစ် လိုတဲ့ဆီနှစ်ဆီ ဖြစ်တဲ့ စက်သုံးဆီရော စားအုန်းဆီရောတင်သွင်းမှုတွေ စစ်တပ်က လျှော့လိုက်တယ်။စားဆီဆို အရင်တင်သွင်းမှုနှုန်းထက် ထက်၀က်လောက်လျှော့လိုက်တယ်လို့ သိရတယ်။ဒါကြောင့် စားဆီရော ၊စက်ဆီရော ဈေးကတက်နေတာ"လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီတစ်ပတ်နဲ့ဆိုရင် ဓာတ်ဆီဈေး လေးပတ်ဆက်မြင့်တက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကဈေးနှုန်းနဲ့ယှဉ်ရင် ဓာတ်ဆီ 92 တစ်လီတာ ၁၁၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၈၀ ကျပ် မြင့်တက်ခဲ့တာပါ။
ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ကျခဲ့ပြီး ဒီဇယ် တစ်လီတာ 95 ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၃၅ ကျပ် ဈေးကျခဲ့ပါတယ်။
အပတ်စဉ် ကြာသပတေးနေ့တိုင်း စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ 92 နဲ့ 95 ပြတ်လတ်မှုတွေ ဖြစ်ခဲ့တဲ့ အပြင် မနေ့က(အောက်တိုဘာ ၁၅) ဒေါ်လာဈေး အတက်ကြမ်းခဲ့တာကြောင့် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူရတာတွေရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ဓာတ်ဆီဈေးတွေ ဆက်တိုက်တက်နေတာကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်အခဲပိုဖြစ်လာတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးကလည်းပြောပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့ပါတယ်။

🔥25❤7🤬3👎2👍1👏1