People's Spring
✔
59.2K subscribers
72.6K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တစ်ဦးကို သိန်း ၃၀တောင်းတယ်လို့ ကြားသိရပြီး ပြန်လွတ်လား မလွတ်လားတော့ မသိသေးကြောင်း Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူရဲ့ တောင်းဆိုစာ ချက်နိုင်ငံ မြန်မာသံရုံး လက်မခံ

မတရားဖမ်းဆီးထားတဲ့ မိခင် ဒေါ်အောင်‌ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုစာကို ချက်နိုင်ငံ ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးကနေ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဆီ ပို့ဖို့ကြိုးစားခဲ့ပေမယ့် သံရုံးက လက်မခံခဲ့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က အသိပေးပါတယ်။ မိခင်ကို ငါးနှစ်ကျော်ကြာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး သားတစ်ယောက်အနေနဲ့ ကိုယ့်အမေနဲ့ တွေ့ခွင့် ၊ စကားပြောခွင့်လိုမျိုး အခြေခံအခွင့်အရေးတောင်မရဘူးလို့ ကင်မ်က ဆိုပါတယ်။ သူဟာ အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ အကူအညီတောင်းခံနေတာ မဟုတ်ဘဲ မိခင်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ သားတစ်ယောက်ရဲ့အမေကိုတွေ့ခွင့်ရဖို့ အခြေခံအခွင့်အရေးကို တောင်းဆိုနေတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ တောင်းဆိုစာတွေကို လျစ်လျူရှုနိုင်ပေမယ့် မိခင်အတွက် ဘယ်တော့မှလက်လျော့မှာမဟုတ်ဘဲမိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကင်မ်က ထပ်မံတောင်း‌ဆိုထားပါတယ်။ အာဏာသိမ်းခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း သံတမန်ရေးရာ တွေ့ဆုံမှုတွေရဲ့ နောက်ကွယ်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံနေရတဲ့ ပြည်သူသန်းပေါင်းများစွာ ရှိနေတယ်လို့ သူက သတိပေးထားပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​ကြောင်း ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့ လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး "Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ" ဟု ဆိုကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ပြည်သူလူအသံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဖြစ်ကြောင်း ကြွေးကြော်ထောက်ခံခဲ့ကြပါတယ်။
❤15🔥13👏2👍1🤣1🖕1🫡1
🔥13❤7🖕2
❤31🥰5🔥1🤮1🖕1
SCEF နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံ​ဆွေး​နွေး

အောက်တိုဘာ ၁၅၊၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၄ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ PNLO ဒု- ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် တို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပြီး ဆွေးနွေးမှု အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။

SCEFနဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေဟာ ဇူလိုင် လအတွင်းကလည်းပထမအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတုန်းက ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဖို့ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာလို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ရဲ့ အတွင်းရေးမှူး(၁) ခွန်ဦးက ပြောပြထားပါတယ်။

SCEFဟာ ပအိုဝ်း၊ မွန်၊ ရက္ခိုင်စတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပြင် နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) နဲ့ တွေ့ဆုံမှုတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။အောက်တိုဘာ ဒုတိယပတ်မှာ အာရက္ခတပ်တော်(AA)နဲ့ တွေ့ဆုံကာ စစ်ရေး အခြေအနေတွေ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီး စုဖွဲ့မှုပိုအားကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားရာ မကွေးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ စတဲ့ အင်အားစုသုံးခုဟာ SCEFမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဖြစ်ပါတယ်။
❤38👍11👏5🥰3🤣2🤮1🖕1🫡1
SCEF အဖွဲ့ဝင်​တော်လှန်​ရေးတပ်​တွေရဲ့ ရဲ​​ဘော်​တွေနဲ့ PNLO/PNLA တပ်ဖွဲ့ဝင်​တွေ
❤36👏9🥰5🫡3🖕2👎1😁1🤮1
ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲဖြစ်

အောက်တိုဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်
ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်ကြားက ကျေးရွာတစ်ရွာအနီးမှာအောက်တိုဘာ ၁၄ရက်ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တာလို့ ဗန်းမောက်မြို့ခံတ
ချို့က ပြောပါတယ်။

"ရှမ်းနီက စစ်ကြောင်းထွက်လာတာ။ထိတွေ့တိုက်ပွဲမျိုး။ဒီနေ့မနက်လည်း ပစ်ခတ်သံကြားရတယ်။ ဝန်းသိုဖက်က စစ်ကြောင်းသတင်းတွေလည်း တနယ်လုံးနားစွင့်နေရတယ်"လို့ ဗန်း‌မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအ​ခြေအ​​နေအ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်
ကြောင်းဟာဝန်းသိုမြို့နယ်ကိုရောက်နေပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေသလိုဗန်မောက်
မြို့ဘက်ကိုလည်းလာနိုင်တယ်လို့လည်းတော်
လှန်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီစစ်​ကြောင်း​​​တွေကို အင်း​တော်မြို့နယ်​တောင်ပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာ​ကြောင့် ​သေဆုံးဒဏ်ရာရသူများပြီး စစ်တပ်က ​သေဆုံးဒဏ်ရာရသူ​တွေကို ကားတန်းနဲ့သယ်ထုတ်သလို စစ်ကူ​တွေကိုလည်းဆက်တိုက်ဖြည့်ခဲ့တယ် လို့​မြေပြင်စစ်​ရေးအ​ခြေအ​နေသိတဲ့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ စီးမော်၊ နားမော်၊ပေပင်၊ ကျောက်အိုင်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ စတင်တိမ်းရှောင်နေတယ်လို့သိရပါတယ်။

"စစ်ကြောင်းက ဘယ်ကို ခွဲထွက်မလဲမသိနိုင်ဘူး။ဝန်းသို့ကစကစတပ်တွေရော၊ဗန်းမောက်က တပ်တွေရောကတော့ တလှုပ်လှုပ်ပဲ။ ဒေ
သခံတွေကတော့ တိမ်းရမှာ"လို့ ဗန်း‌မောက်မြို့ခံက ပြောပါတယ်။

ဒေသတွင်းမှာစစ်တပ်ကနယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကို သတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်သုံးစွဲမှုကို ဂရုပြုဖို့၊ လူစုလူဝေးနေ‌ထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်း‌တော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့အပြင် အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။
👍41❤8🔥4🥰3👎2😁1🤣1
အညာ​ဒေသမှာရှိတဲ့ PDF တပ်ဖွဲ့ဝင်​တွေ။
ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ
❤53👍12🫡3🔥2🥰2👏2💩2🖕2
■​ဆောင်းပါး

"တရားကသာနိုင်​စေ"

●ဂျမေကာရဲ့ သမိုင်းကြွေးနဲ့ မြန်မာတို့ရဲ့
တရားမျှတမှုတိုက်ပွဲ

- အေးခိုင်ဦး ရေးသားသည်။

လူတယောက်ရဲ့ဘဝ၊ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်တာနဲ့ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ မတ
ရားမှုကို သမိုင်းထဲကပါ ဖျောက်ပစ်လိုက်လို့
မရပါဘူး။

အဲဒီမတရားမှုကို ကျူးလွန်ခဲ့သူတွေ သေဆုံးသွားပြီဆိုရင် သူတို့ရဲ့ လုပ်ရပ်ကြောင့် နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကိုပါ သင်္ဂြိုဟ်ပစ်ရမှာလား။ မဟုတ်ပါဘူး။ အချိန်တွေ ကြာသွားတာနဲ့အမျှ မတရားမှုတခုဟာ သမိုင်းထဲက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ တခါတရံ အချိန်ကြာလာလေလေ အဲဒီမတရားမှုကို ပြန်လည်ဖော်ထုတ်ဖို့ အထောက်အထားတွေပိုမိုစုဆောင်းလာနိုင်လေလေ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ဂါနာနိုင်ငံ ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ထောက်ခံမဲ ၁၂၃ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံး
ဖြတ်ချက်မှာ အာဖရိကသားတွေကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီးကျွန်အဖြစ် ကူးသန်း
ရောင်းဝယ်ခဲ့မှုကို လူသားမျိုးနွယ်အပေါ်
ကျူးလွန်ခဲ့သမျှ အဆိုးရွားဆုံး ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

ကြားနေနိုင်ငံ ၅၂ နိုင်ငံရှိပြီး ဗြိတိန်လည်း ပါဝင်ပါတယ်။ အမေရိကန်၊ အာဂျင်တီးနား၊ အစ္စရေးတို့က ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်
ကွက်တဲ့နိုင်ငံတွေရှိခဲ့ပေမယ့်ဆုံးဖြတ်ချက်
ကတော့ အနိုင်ရ အတည်ပြုခဲ့ပါပြီ။ ဥပဒေအရ နိုင်ငံတွေကို မဖြစ်မနေ လိုက်နာစေတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ သမိုင်းဝင်
မတရားမှုအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်
ပြုမှုကို ဒီ ဆုံးဖြတ်ချက်က ကိုယ်စားပြုပါတယ်။

အဲဒီနောက်ဇွန်လမှာဂါနာနိုင်ငံမြို့တော် အက်ခရာ (Accra)မြို့မှာနိုင်ငံတကာညီလာခံတ
ရပ် ကျင်းပခဲ့ပြီး သမိုင်းဝင်မတရားမှုတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး၊ တရားဝင်တောင်းပန်ရေး၊လျော်ကြေး
ပေးရေးနဲ့ ယဉ်ကျေးမှုပစ္စည်းတွေပြန်လည်
ပေးအပ်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အာဖရိကသား သန်းပေါင်းများစွာကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကတိုက်နဲ့ အခြားဒေသတွေမှာ ကျွန်အဖြစ် ၁၅ ရာစုကနေ ၁၉ ရာစုအထိ အတင်းအကျပ် ပို့ဆောင် ရောင်းချခဲ့ကြတယ်။ အဲဒီလူသားတွေဟာ ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ မိသားစုတွေ ရှိတယ်။ အိပ်မက်တွေ ရှိတယ်။ကိုယ်ပိုင် ဇာ
တိမြေရှိတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို သူတို့ဘာသာ ရွေးချယ်ခွင့်ရှိတဲ့ လူသားတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်စနစ်အောက်မှာ သူတို့ရဲ့လုပ်အားကိုအမြတ်ထုတ်ခဲ့ကြတယ်။သူတို့
ရဲ့လွတ်လပ်ခွင့်ကိုပယ်ဖျက်ခဲ့ကြတယ်။ မိ
သားစုတွေကို ခွဲထုတ်ခဲ့ကြတယ်။လူသားတယောက်ရဲ့ တန်ဖိုးကို ငွေကြေးနဲ့ တိုင်းတာခဲ့ကြတယ်။

၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့အမေရိကန်စာရေးဆရာ အလက်စ်ဟေလီ (Alex Haley) ရဲ့ ကမ္ဘာကျော်စာအုပ် Roots ကို ဆရာမောင်ထွန်းသူက ဇာစ်မြစ် ဆိုပြီး ဘာသာပြန်ခဲ့တဲ့အတွက် စာဖတ်ဝါသနာပါသူတိုင်း ဖတ်ပြီးခဲ့ကြပြီးသားပါ။ UN က ဆုံးဖြတ်ချက်ကို အ
တည်ပြုလိုက်ပြီဆိုတဲ့ သတင်းကို ဖတ်ရတဲ့အခါ Roots ကို ပြန် အမှတ်ရစေပါတယ်။ ပြီးတော့ ကွမ်တာကင်တီ ကို လည်း ပြန် သတိရမိတယ်။

ကွမ်တာကင်တီက မိသားစု၊ အသိုင်းအဝိုင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ လူသားတယောက်ပါ။ သူ့ကို အတင်းဖမ်းဆီးပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၊ အမေရိကန်ကို ကျွန်အဖြစ် ပို့ဆောင်ခဲ့ကြတယ်။ သူ့ရဲ့ လွတ်လပ်ခွင့်ကို သိမ်းယူခဲ့ကြတယ်။ လူသားတယောက်ကို လူသားတယောက်အဖြစ်မမြင်တော့ဘဲ ပိုင်
ဆိုင်လို့ရတဲ့ ပစ္စည်းတခုလို သဘောထားခဲ့ကြတယ်။ သူ့ဘဝကို ဖျက်ဆီးခဲ့ကြတယ်။

စာရေးဆရာ အလက်စ်ဟေလီ ကိုယ်တိုင်ကလည်း ကျွန်မျိုးကျွန်နွယ်က ဆင်းသက်လာတဲ့ လူမည်းတယောက်ပါ။ ဖတ်ဖူးသူတိုင်းသိပါတယ် Roots ဟာ အာဖရိကန်နွယ်ဖွား အမေရိကန်မိသားစုတစုရဲ့ မျိုးဆက်အလိုက် ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြထားတဲ့ စာအုပ်။ ဒီစာအုပ်‌ရေးဖို့ သူဟာ တိုက်ကြီး သုံးတိုက်ကိုသွားပြီး အချက်အလက် မှတ်တမ်းမှတ်ရာ တွေ ရှာဖွေ စုဆောင်းခဲ့တယ်။ အလက်စ်ဟေလီက သူ အပါအဝင် အာဖရိကန် အမေရိကန်တို့ရဲ့ ဇာစ်မြစ်ကို ပြန်ရှာဖွေခဲ့တယ်။ ပြီးတော့ ဒီစာအုပ်ဟာ လူတယောက်ရဲ့ မိသားစုသမိုင်းကို ပြန်ရှာဖွေတဲ့ ဇာတ်လမ်းတခုထက် ပိုပါတယ်။ “ငါဘယ်ကလာတာလဲ” ဆိုတဲ့ မေးခွန်းကို မေးရဲခြင်း၊ အဖြေကို ရှာရဲခြင်း၊ ပြီးတော့ အဲဒီအဖြေကို မျိုးဆက်တဆက်ပြီးတဆက် မပျောက်အောင် ထိန်းသိမ်းထားခြင်း အကြောင်း ဖြစ်ပါတယ်။ Roots ဆိုတာ အတိတ်ကို ပြန်တူးဖော်ခြင်း။ အတိတ်ကို မမှတ်မိစေချင်သူတွေ ရှိနိုင်ပေမယ့် အတိတ်ကတော့ ပျောက်မသွားပါဘူး။မှတ်တမ်းဆိုတာ အဲဒီအတိတ်ကို မပျောက်အောင် ထိန်းထားခြင်းပါ။

ကွမ်တာကင်တီ ဆိုတဲ့လူတယောက်ရဲ့အမည်ကို မှတ်မိနေအောင် ထိန်းသိမ်းထားခြင်းဟာ သမိုင်းတစ်ခုလုံးကို ပြန်ပြင်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ “သူဟာကျွန် တစ်ယောက်ဖြစ်ရုံသာပဲမဟုတ်ဘူး။သူ့မှာနာမည်ရှိတယ်။မိသားစုရှိတယ်။ အမြစ်ရှိတယ်။ လူသားတယောက်အဖြစ် သူ့ကိုယ်ပိုင်ဘဝရှိတယ်” ဆိုတာကို ပြန်ပြောနိုင်စေပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ အာဏာရှိသူတွေအတွက် လူတွေဟာတစ်ခါ
👍26❤4🖕3🤮2