စစ်တွေအနောက်ဘက် ရေချမ်းပြင်အနီးက ကာကင်းစခန်းတခု AA ထပ်သိမ်း
■ငပြီကျွန်းပေါ်စစ်တပ်ခြေကုတ်ယူခဲ့တဲ့နေရာ
တစ်ခုကိုAAပြန်သိမ်း၊စစ်သားအချို့ထွက်ပြေးသွားပြီး တိုက်ပွဲဆက်ဖြစ်
■စစ်တွေမြို့နဲ့တိုက်ပွဲတွေပိုနီးလာ
အောက်တိုဘာ-၁၅၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးမြို့အနောက်ဘက်ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော်
(AA)ကဒီနေ့ နေ့လယ်ပိုင်းမှာသိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)
အခြေစိုက်ရာစစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးက ကာကင်းစခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
“ကျက်တောပြင်နားက စခန်းကို သိမ်းလိုက်တာပါ။ ရေချမ်းပြင်နားက တခြားစခန်းတွေကိုလည်း တိုက်နေတယ်။ ထောက်ပို့တပ်ကိုလည်းလက်နက်ကြီးနဲ့ ခြိမ်းခြောက်နေတာ။ အဲဒီမှာလည်း ေး တွေ ထိကြတယ်ကြားတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။
ရေချမ်းပြင်ဝန်းကျင်မှာ ပြီးခဲ့တဲ အောက်တို
ဘာ ၅ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲပြင်း
ထန်နေခဲ့တာဖြစ်ပြီးတိုက်ပွဲ ၁၀ရက်အတွင်း တပ်စခန်းတခု သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့မြောက်ဘက် အမြင့်ကျွန်း ရွာဝန်းကျင်က ကာကင်းစခန်းနှစ်ခုကိုလည်း AA ကအောက်တိုဘာ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ရက်ဆက်သိမ်း ပိုက်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
အလားတူပဲရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းတွေဖြစ်တဲ့ကံ့ကော်ကျွန်း၊ဇော်မတက်၊ ရွှေမင်းဂံရွာဝန်းကျင်၊ ဒကစ စစ်တွေအနီးဝန်းကျင်တောကန်၊ နာရီကန်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တွေမြို့ထဲကနေ ပစ်ခတ်သံတွေကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
“တောကန်ဘက်မှာ တိုက်ပွဲနေ့တိုင်းဖြစ်တယ်ပြောတယ်။မနေ့က သက္ကေပြင်ဘက်ခဏရောက်တာ အသံတွေ အ ကျယ်ကြီးကြားခဲ့ရတယ်။ မူဆလင်တွေဆိုရင် အရမ်းကြောက်နေကြတယ်။ တိုက်ပွဲကလည်းမြို့နဲ့ တော်
တော်နီး လာပြီ”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
အဲဒီလို့ စစ်တွေမြို့ပတ်လည်က စစ်တပ်စခန်းတွေတိုက်ခိုက်ခံရပြီးဆက်တိုက်လက်လွှတ်နေရတဲ့စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက် ရှိပေါက်တောမြို့နယ်ငပြီကျွန်းပေါ်ကို ကြည်း၊ ရေ၊ လေပစ်ကူသုံးပြီးကမ်းတက်ခဲ့တဲ့ စစ်
သားတွေနဲ့ အာရက္ခတပ်တော်ကြား ကမ်းကျွန်းပေါ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။
“ကိုယ့်ဘက်က အခြေအနေကောင်းတယ်။ အလယ်ရွာနားကကောင်တွေကိုတော့ တိုက်ထုတ်ထားပြီ။အဲဒီနားကစခန်းကိုကိုယ့်ဘက်က သိမ်းထားတယ်။ မနေ့က တသုတ်တော့ ဆင်းပြေးသွားကြတယ်။ ကျန်တာတွေကို တိုက်နေရတုန်း” လို့ မြေပြင်မှာ ရှိနေတဲ့ နောက်ထပ် AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၇ ရက်ကစပြီး ထောက်ပို့လေယာဉ် Y12 နဲ့တိုက်လေယာဉ် ၁၀ စီးကျော်၊ စစ်သေင်္ဘာ ၅ စီးကျော်နဲ့ ပစ်ကူပေးကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စစ်
သားဆယ်နဲ့ချီ ကမ်းပေါ်တက်နိုင်ခဲ့ပါတယ်။
အဲဒီတုန်းစစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို AA က ပစ်ခတ်ခဲ့တာမှာထိမှန်ခဲ့ရာ စစ်သားနှစ်ဆယ်ဝန်းကျင်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင်
ငပြီကျွန်းပေါ်တိုက်ပွဲမှာလည်း နှစ်ဖက်အထိ
အခိုက်ရှိနေပြီး စစ်တပ်ဘက်က အလောင်း ၄၀ နဲ့ အရှင်ဖမ်းမိ တာ ၂၀ ဝန်းကျင် ရှိထားတယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။
နောက်ပိုင်းမှာစစ်တပ်ရဲ့ရေတပ် သင်္ဘောတွေကတော့ ငပြီကျွန်းပေါ်ကို ကမ်းတက်လို့ထပ်မရတော့ဘဲအဝေးကနေ လက်နက် ကြီးနဲ့ ငပြီကျွန်းပေါ် လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီးဖြစ်တဲ့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက်တ မိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာ ကုလာတန်မြစ်ပေါ်မှာ တည်ရှိပါ တယ်။ စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူ နေကျေးရွာသုံးရွာတည်ရှိပါတယ်။
AAကငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို ကျန်နေရာတွေကလည်းစစ်တပ်ကို အရှိန်မြှင့်ထိုးစစ်ဆင် ရင်းစစ်စခန်းအချို့ကို ထပ်မံသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မ
ကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ ရက်ပေါင်း ၄၀ ကျော်လာပြီ ဖြစ်ပါတယ်။
ပြည်သူ ၅၁ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်ဗုံးကြဲမှုနောက်ပိုင်း
အောက်တိုဘာလဆန်း မှစပြီး AAက ရခိုင်ပြည်တွင်ထိုးစစ်အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။

❤41👍17🫡3👏2👎1🤣1🖕1
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက စစ်တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းစစ်တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ကသေဆုံးသရာနဲ့ချီပြီး ရှိနေပြီဖြစ်တယ်လို့မြေပြင် သ
တင်းရင်းမြစ်တွေက ပြောပါတယ်။
တင်းရင်းမြစ်တွေက ပြောပါတယ်။
❤37👍17👏3🤣3🥰2🫡2👎1🖕1
■အတွေးအမြင်
အာဏာရှင်ပွဲခင်း
-ကိုး ရေးသားသည်။
“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။
ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေဘက်က ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ချိန် အော်ဟစ်ညည်းငြူသံတွေ ပြင်ပကမကြားရအောင်ဆိုတဲ့ရည်
ရွယ်ချက်နဲ့ ဟင်္သာတထွန်းရင်ရဲ့ ‘စာဥ’ သီ
ချင်းကို လော်စပီကာတွေနဲ့ အဆက်မပြတ်ဖွင့်ခဲ့တဲ့ဖြစ်ရပ်ပါ။
လွန်ခဲ့တဲ့ ၃၆ နှစ်။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ
လ ၂၅ရက်နေ့က အင်းစိန်ထောင်တွင်းမှာဖြစ်ခဲ့တာပါ။ သမိုင်းမှတ်တမ်း တွေအရတော့ အဲဒီကာလ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လမ်းပေါ်ဆွဲထုတ်ရိုက်နှက်ရာမှာ ပြင်ပကလူတွေ မကြားသိရအောင် ‘စာဥ’ သီချင်းကို ကျယ်လောင်စွာ အဆက်မ ပြတ်ဖွင့်ပြီး ဖုံးအုပ်စေခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူတွေထဲ သေဆုံးသူတွေ၊ အပြင်းအထန်ဒဏ်ရာရသူတွေရှိခဲ့သလို မသန်စွမ်းဘဝ ရောက်သွားပြီး ဒီနေ့ကာလအထိ ဒုက္ခိတဘဝနဲ့နေရသူတွေရှိတယ်လို့လည်း အဲဒီကာလတုန်းက ထောင်ထဲမှာရှိနေ ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒဏ္ဍာရီမဟုတ်၊ ပုံပြင်မဟုတ် တဲ့ ဒီဖြစ်ရပ်မှန်က မြန်မာ့နိုင်ငံရေးရပ်ဝန်းမှာ နာ
မည်ကြီးပါတယ်။ဒီစာဥစစ်ဆင်ရေးဟာ အာ
ဏာရှင်ဘက်က ရက်စက်ယုတ်မာကောက်
ကျစ်မှုကို အထင်းသားတွေ့မြင်စေတဲ့ လှုပ်
ရှားမှုတစ်ခုဖြစ်ပါတယ်။
ဒါနဲ့အလားသဏ္ဍာန်တူတဲ့ဖြစ်စဉ်မျိုး မြန်မာ့သမိုင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်တုန်းကလည်း ရှိခဲ့ပါတယ်။ သီပေါဘုရင်နန်း
တက်ပြီးနောက် နန်းလုနိုင်ချေရှိတယ်လို့ သံ
သယရှိတဲ့ တော်ဝင်မိသားစုဝင်တွေနဲ့ မင်း
ညီမင်းသား အများအပြားကို ၁၈၇၉ ခုနှစ်မှာ ဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ အဲ့ဒီလိုကွပ်မျက်ချိန် ပြင်ပလူတွေ သတိမမူမိအောင် နန်းတွင်းထဲမှာ ပွဲလမ်းသဘင်တွေ စည်စည်ကားကားစီစဉ်ကျင်းပစေခဲ့တာပါ။
ဒီလိုစီမံဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်ပြီး တက္က
သိုလ်စိန်တင်က သူ့ရဲ့ “ဧကရီမဖုရား”ဆိုတဲ့စာအုပ်ထဲမှာ “မင်းညီမင်း သားတွေကို ကွပ်
မျက်မည့်ညဉ့်မတိုင်မီကပင် တင်ကြို၍ နေပြည်တော်တစ်ခွင်မှာ ကြည့်ချင်ပွဲတွေ၊ ဇာတ်၊ အငြိမ့်၊ ရုပ်သေးပွဲတွေ ခင်းကျင်းကပြရန် စီစဉ်သည်။ မြို့အုပ်ခွန်အုပ်တို့က စီစဉ်ပေးကြ၊ သူကြီးတွေက ဆောင်ရွက်ကြ၊ ဆယ်အိမ်ခေါင်းတွေက နာခံကြ၊ ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ၊ ဘုရင်မင်းတရား ကြီးနှင့် မိဖုရားကြီးတို့၏ ဘုန်းကံရှိန်ဝါ ထွန်းတောက်ပုံ၊ ရန်သူတွေအပေါ် အောင်မြင်ပုံ၊ နိုင်ငံတော်ကြီးအေး
ချမ်းသာ ယာပုံကို သရုပ်ဖော်သောဇာတ်လမ်း
တွေ ရေးကြ၊ သီကြ၊ ဆိုကြ၊ ကကြစေ။
ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရင် ထီးဘုရားအမိန့်တော်...။ အမိန့်ဆိုတော့ နာခံကြဖို့ပဲ။ မြို့အုပ်ခွန်အုပ်တို့ အလုပ်ရှုပ်ကြပြီ။ သူကြီးနှင့် ဆယ်အိမ် ခေါင်းတို့လည်း မနားကြရ၊ ဇာတ်ပွဲရှာရ၊ အငြိမ့်ကိုခေါ်၊ ရုပ်သေးပွဲကို ဆင့်ရနှင့်။ ဇာတ်အငြိမ့် ရုပ်သေးပွဲမှ ရှာမရသူ တို့က အရပ်ထဲမှာ ရသမျှ လူစု၍ ခြေမြှောက်လက်မြှောက်လုပ်တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ပွဲကနိုင်လျှင် တော်ပြီ၊ ဖြစ်သည့်နည်းဖြင့် စီစဉ်ကြရတော့
သည်"ဆိုပြီး ပုံဖော်ထားပါတယ်။
ဒီလိုနဲ့ ခေတ်တွေသာ တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလာခဲ့ပေမယ့် အာဏာရှင်တို့ရဲ့ ဒီလုပ်
ရပ်မျိုးကတော့ ပြောင်း လဲမသွားပါဘူး။ နန်းတွင်းကွပ်မျက်မှုမှာ လူမသိအောင် ပွဲလမ်း
သဘင်တွေနဲ့ ဖုံးအုပ်စေခဲ့သလို ထောင်တွင်းညှဉ်းပန်း နှိပ်စက်မှုမှာ လူမသိအောင် လော်စပီကာသံတွေနဲ့ အသံဖုံးစေခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ထပ်တူညီတဲ့လုပ်ရပ်မျိုး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်းလုပ်လာပါတယ်။
အပြစ်မဲ့ပြည်သူတို့အပေါ် လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်၊ ကလေးငယ်ကစ သက်ကြီး ရွယ်အိုအထိ ချမ်းသာမပေးဘဲ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာတွေကို ဖုံးအုပ်နိုင်ဖို့၊ ချွတ်ခြုံကျလာတဲ့စီးပွားရေးနဲ့ငွေကြေးဖောင်း
ပွမှုအောက်မှာ နေ့စဉ်နဲ့အမျှကြုံတွေ့လာနေရတဲ့ ကြီးမြင့်တဲ့ ကုန်စျေးနှုန်းရဲ့ ရိုက်ခတ်မှုအပေါ် ညည်းညူကြတဲ့ လူထုရဲ့အသံတွေကို ဖုံးအုပ်နိုင်ဖို့၊ အာဏာရှင်လက်အောက်မှာ ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ပတ်သက်ပြီး ညည်းညူကြတဲ့လူထုအသံကို ဖုံးအုပ်နိုင်ဖို့အတွက် ပွဲလမ်းသဘင် တွေကို အခါမလပ်စီစဉ်ကျင်းပနိုင်ရေး အာဏာ
သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အ
ပေါင်းအပါ တစ်သိုက်က စီမံလာပါတယ်။
အခုဆို ၁၂ ပွဲစျေးသည်တွေကို တင်ဆောင်ထားတဲ့ပင်လယ်ဓားပြလှေကြီးရန်ကုန်၊ မန္တ
လေးနဲ့တကွ အာဏာသိမ်း စစ်တပ်စိုးမိုးရာ အခြားသောနယ်မြေတချို့မှာ ခရီးပြင်းနှင်နေပါတယ်။ တစ်မြို့ပြီးတစ်မြို့၊ တစ်ရပ်ကွက်ပြီးတစ် ရပ်ကွက်၊တစ်နယ်ပြီးတစ်နယ် လွန်း
ထိုးကာ သွားလာနေပါတယ်။ ဒီလှေက သာ
မညောင်ညလှေ မဟုတ်ပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် အလောင်းစည်သူ မင်းမတရားကြီး မင်းအောင်လှိုင်ရဲ့ လက်ညှိုးညွှန်ရာပွဲဖြစ်စေ ဆိုတဲ့အမိန့်နဲ့ သွားလာနေတာပါ။

👍22❤6🤮2🖕2🤣1
အဲဒီပင်လယ်ဓားပြလှေကြီးဟာ တက္ကသိုလ်စိန်တင်ရဲ့ “အရပ်ထဲမှာ ရသမျှလူစု၍ ခြေမြှောက်လက်မြှောက် လုပ် တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ ပွဲကနိုင်လျှင် တော်ပြီ”ဆိုတဲ့စကားအတိုင်း အနုပညာပေမမီ၊ ဒေါက် မမီ၊ လူရွှင်တော်လိုလို၊ အဆို
တော်လိုလို၊ ဇာတ်ရူးလိုလို၊ နတ်ရူးလိုလိုတွေကို သူ့အပေါ်မှာတင်၊ ၁၂ ပွဲဈေးသည် တွေကိုတင်လို့ အာဏာရှင်အလိုကျ တစ်နယ်ပြီးတစ်နယ် ခြေဆန့်နေပါတယ်။ ရောက်ရာအရပ်၊ ရောက်ရာဒေသက လမ်းဆုံလမ်းခွတွေမှာ သံချောင်းတွေမြေမှာ အခိုင်အမာစိုက်လို့ အာဏာရှင်အလိုကျ အသုံးတော်ခံနေပါတယ်။ အဲဒီလှေကြီးခြေဆန့်ခရီးဆက်နိုင်ဖို့ ဆိုင်ရာရပ်ကွက်၊ မြို့နယ်၊ ခရိုင်စတဲ့အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးတွေက လက်ဆင့်
ကမ်းတာဝန်ယူပေးကြရပါတယ်။
ဒီလို ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ ပွဲတော်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလကနေ နောက်သုံးလအတွင်း မြို့နယ် ၁၄ ခုမှာ ပွဲ
တော်တွေ ဆက်တိုက်လုပ်ဖို့ အာဏာသိမ်းစစ်တပ်က အမိန့်ပေးထားပြီး တစ်မြို့နယ်ပြီး တစ်မြို့နယ် ဆက်တိုက်လုပ်သွားဖို့လည်း ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာပြန်ပါတယ်။
“ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ”ဆိုတဲ့ ရတနာပုံနန်းတွင်းအမိန့်အတိုင်းပဲ အခု လည်း ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ နေပူမရှောင်၊ မိုးရွာမရှောင်၊ နွေမရှောင်၊ မိုးမရှောင်၊ ဆောင်းမရှောင် ၁၂ ရာသီပွဲတော်ကြီးကို စီစဉ်ကျင်းပနိုင်ဖို့ ရပ်/ကျေးအုပ်ကြီးတွေနဲ့ မြို့နယ်၊ ခရိုင်အသီးသီးကအုပ်ကြီးတွေ အား ထုတ်နေကြပါတယ်။ သူတို့ခမျာ ရပ်ကွက်ထဲ မီးမလာတာ၊ ရေမရတာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အယ်လ်နီညို ကြောင့် သက်ရောက်လာမယ့်ဘေးအန္တရာယ်တွေအပေါ် အာရုံမစိုက်နိုင်ဘဲ အာဏာရှင်အလိုကျ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ ပွဲတော်တွေ စီရင်ကျင်းပနိုင်ရေးကိုသာအားစိုက်လုံးပမ်းနေကြရပါတယ်။
ဒီကာလ စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လထဲမှာတင် ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ပွဲတော်တွေကို လက်လှမ်း မီသလောက် လိုက်ကြည့်မယ်ဆိုရင် မြင်းခြံမြို့မှာ သုံးဆူဘုရားပွဲ၊ စစ်ကိုင်းမြို့မှာ ပတ္တမြားစေတီနဲ့ ထူပါရုံဘုရားပွဲ၊ ရွှေဘိုမြို့ မြို့ထောင့်စေတီပွဲ၊ အင်းစိန်မြို့နယ်ထဲမှာ တညင်းကုန်း၊ အောင်ဆန်း၊ ပေါက်တောဝတို့ရဲ့ လမ်းဆုံလမ်းခွနဲ့ လမ်းမတန်းကြီးတွေပေါ် ခင်းကျင်းတဲ့ပွဲ၊ ဗဟန်းမြို့
နယ် ဦးချစ်မောင်လမ်းပေါ်က ဆရာစံ
(တောင်)၊ (မြောက်)ပွဲ၊တာမွေမြို့နယ်ကျောက်
မြောင်း ကျားကွက်သစ်ပွဲ၊ မရမ်းကုန်းမြို့နယ်ထဲမှာ ကျိုက်ဝိုင်းဘုရားပွဲတွေ ကျင်းပခဲ့ကြပါ တယ်။
လာမယ့်ရက်ပိုင်းအတွင်း ပုစွန်တောင်မြို့နယ်ထဲက ရေကျော်မှာလည်း ပွဲတော်ထပ်မံကျင်း
ပဖို့ စတင်စီစဉ်နေပြီ ဖြစ်ပြီး မကွေးမြို့မှာလည်း မြသလွန်ဘုရားပွဲတော်ကျင်းပဖို့ရှိသလို စစ်ကိုင်းက ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှု တော် ဘုရားပွဲတွေကိုလည်း လာမယ့်သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။အရင်ကတစ်နှစ်မှတစ်ခါသာရှားရှား
ပါးပါးကျင်းပလေ့ ရှိတဲ့ ဗဟန်းမြို့နယ် ဆရာစံ(တောင်)၊ (မြောက်) ဦးချစ်မောင်လမ်းပွဲ
တော်နဲ့ ပုစွန်တော် ရေကျော်ပွဲတော်တို့ဟာ အခုဆိုရင် တစ်နှစ်အတွင်း အနည်းဆုံး နှစ်ကြိမ် ကနေ သုံးကြိမ်အထိကျင်းပရတဲ့ ပွဲ
တော်တွေဖြစ်လာပါတယ်။
အာဏာရှင်အလိုကျထဲမှာ ပင်လယ်ဓားပြလှေကြီးနဲ့နယ်တကာလှည့်နေတဲ့ ၁၂ ပွဲစျေးသည်တွေအပြင် တီးမှုတ် ကခုန်ဆိုတဲ့ ဖျော်ဖြေရေးတွေဟာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ သူတို့ရဲ့ တာဝန်က တိုင်းပြည်ဟာ ပုံမှန် အခြေအနေပြန်ရောက်နေသယောင်ပုံဖော်ဝါဒဖြန့်ပေးဖို့ဖြစ်ပါတယ်။
ဒီအပိုင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံလိုက်ရတာကတော့ ပေါ်တာဆွဲကြမ်းနေတဲ့ မန္တလေးမြို့မှာ တလောက ဖျော်ဖြေပွဲ အကြီးအကျယ်လုပ်သွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ပွဲပါ။ ပြည်သူလူထု အတိဒုက္ခရောက်နေချိန် အာဏာရှင်အလိုကျ လိုက်ပါကပြဖျော်ဖြေမှုဟာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ရှိုးပွဲတွေ ဆက် လက်စီစဉ်နေတဲ့အကြောင်း၊ သီတင်းကျွတ်ကာလထဲမှာ ဖျော်ဖြေပွဲနှစ်ပွဲလုပ်သွားမယ့်အကြောင်းကို တစ်နေ့ကပဲ စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် လူမှုကွန်ရက်ကနေအားတက်သရောကြေညာသွားပြန်ပါတယ်။
ဒါဟာစိုင်းစိုင်းခမ်းလှိုင်တစ်ယောက်အာဏာ
ရှင်လက်အောက်မှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံ
တွေ့နေရတဲ့ လူထုပရိ သတ်အများစုဆီကနေ ကျောခိုင်းထွက်ခွာသွားနေတာဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေရှိလာပါတယ်။ ဒီဝေဖန် ထောက်ပြမှုတွေအပေါ် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် သတိမူမိမယ်တောင် မထင်ပါဘူး။ နောက်ထပ် နောက်ထပ် သောရှိုးပွဲများစွာအ
တွက်ပြင်ဆင် နေရလို့ အဲဒီဘက်ကို အာရုံမစိုက်နိုင်တာပါ။
ဒီခေတ်ဒီကာလ အာဏာရှင်အလိုကျပုံဖော်အားဖြည့်၊ ဝါဒဖြန့်ပေးမယ့် အနုပညာလော
ကသားကတော့စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်
တည်း မဟုတ်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်အ
လားတူတွေ၊ အေဘီစီမသိတဲ့လေးဖြူအလား
တူတွေ၊ Boycott နဲ့အတူတွဲကမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုအလားတူတွေဖြစ်တဲ့ အဖြူရောင်အနုပညာရှင် များစွာများစွာ ရှိနေပါ သေးတယ်။

👍20🖕4🤮3❤1🤣1
အာဏာရှင်မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာမှုတွေက ရပ်တန့်မသွားဘဲ တစ်နေ့ထက်တစ်နေ့တိုးလို့ ရှေ့ခရီး ဆက်နေသလို သူလက်ညှိုးညွှန်ရာပွဲဖြစ်စေတဲ့ ပင်လယ်ဓား
ပြလှေကြီးကလည်း ဖက်ခွက်စားတွေ၊ ၁၂ ပွဲစျေးသည် တွေကို သယ်ဆောင်ရင်း တစ်နယ်ပြီးတစ်နယ် အုပ်ကြီးတစ်ယောက်လက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်း ရင်း ရှေ့ခရီးကို ဆက်လျက်ရှိပါကြောင်း။ ။

👍21🤮4🖕4❤1🤣1
ဗျတ္တပန်းဆက်လမ်းမှာတပ်စွဲထားတဲ့ စစ်
တပ်စခန်းကို PDFနဲ့ပကဖတွေ တိုက်ခိုက်
အောက်တိုဘာ-၁၅၊၂၀၂၆။နေ့သစ်/People’s Spring
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်
တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်
ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ရက်မှာ ဗျတ္တပန်းဆက်လမ်းပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်တပ်စခန်းတစ်ခုကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်တွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ စကားဝါ PDF၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
"ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ။ ဘုန်း
ကြီးကျောင်းက ရှေးကျောင်းကြီးဆိုတော့ သူတို့အဆောက်အဦးကကောင်းတယ်။အဲအပေါ်မှာ သူတို့က စက်လက် ၂လက် ထိုင်ထားတာ။ ဝင်းအတွင်းမဝင်နိုင်ခဲ့ပေမယ့် ဘေးပတ်ပတ်
လည်ကနေ တိုက်နိုင်ခဲ့တယ်"လို့ ၎င်းကပြောပါတယ်။
စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ချိန် ၁နာရီကျော်ကြာခဲ့တယ်လို့လည်း ပြောပါတယ်။ လက်တလောမှာတော့စစ်တပ်ကအဲဒီစခန်းကို အင်အားထပ်မံဖြည့်ထားတယ်လို့သိရပါတယ်။
ညောင်ဦး ပကဖရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်တပ်က ၆ဦးထပ်မနည်း သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
"အဲဒီမှာ အကြီးဆုံးဖြစ်တဲ့စစ်ဗိုလ်ခြေထောက်ထိတယ်လို့ ကြားတယ်"လို့ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေဆက်ဖြစ်နိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရှိရာနေရာတွေနဲ့ လမ်းပိုင်းတွေမှာ သွားလာရာအထူးသတိထားဖို့ ညောင်ဦးမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

👏38❤5👍2👎1🥰1😁1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တွေအနောက်ဘက် ရေချမ်းပြင်အနီးက ကာကင်းစခန်းတခု AA ထပ်သိမ်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အခြေစိုက်ရာ စစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးက ကာကင်းစခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ရေချမ်းပြင်ဝန်းကျင်မှာ ပြီးခဲ့တဲ အောက်တိုဘာ ၅ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁၀ရက်အတွင်း တပ်စခန်းတခု သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်တွေ ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တွေမြို့ထဲကနေ ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို့ စစ်တွေမြို့ပတ်လည်က စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရပြီး ဆက်တိုက်လက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကြည်း၊ ရေ၊ လေပစ်ကူသုံးပြီး ကမ်းတက်ခဲ့တဲ့ စစ်သားတွေနဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။
◾️ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်ထားဖို့ ကန်လွှတ်တော်အမတ် ၆ဦး တောင်းဆို
ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင် သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဆီ အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းကို အစားထိုးခန့်အပ်ရေး ကြိုးပမ်းလာမယ့် အခြေအနေမတိုင်ခင်မှာ အမေရိကန်လွှတ်တော်အမတ်တွေက သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို စာရေးသားပေးပိုခဲ့တာပါ။ ပူးတွဲလက်မှတ်ရေးထိုး ပေးပို့လိုက်တဲ့ အမေရိကန်လွှတ်တော်အမတ် ၆ဦးကတော့ ဘီလ်ဟိုင်ဇန်ဂါ၊ ဘတ်တီမက်ကော်လန်၊ ဂျက်ဇာဆန်ရှရိဗ်၊ ဂရီဂိုရီမိခ်၊ ယန်းကင်မ်နဲ့ အေမီဘီရာတို့ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၄ရက် မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ စာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရုံးအနေနဲ့ ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဘယ်လိုကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီးတောက်လျှောက် ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိုယ်စားပြုမှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက််ကြောင့် ကုလသမဂ္ဂမှာ အပြောင်းအလဲမရှိဘဲ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီကာလအတွင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်ရရှိရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရေးတို့နဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးရဲ့ စာမှာ ဖော်ပြပါတယ်။ ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက လက်ရှိဆိုင်းငံ့ထားမှုအပေါ် ဘယ်လိုပြောင်းလဲမှုမျိုးမဆို ပြုလုပ်ခြင်းက အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ၊ ခိုင်မာမှုတို့အပေါ် လက်တွေ့ကျကျ ခြိမ်းခြောက်လာစေမယ့် အန္တရာယ်များ ဖြစ်ပေါ်စေလိမ့်မယ်လို့ အဲဒီအမတ် ၆ဦးက သတိပေးထားပါတယ်။
◾️SCEF နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၄ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီတွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ PNLO ဒု- ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် တို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပြီး ဆွေးနွေးမှု အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။
◾️ကရင်နဲ့မွန်အစပ်မှာ စစ်တပ်နဲ့ KNU တိုက်ပွဲဖြစ်

👍12🔥9🤣1🖕1
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၆)တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲဟာ အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ပုလိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီကျေးရွာဟာ ကရင်နဲ့ မွန်ပြည်နယ်မှာ အစပ်တည်ရှိတာဖြစ်ပြီး KNU ရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆) နယ်မြေ ၊ ဝင်းရေးမြို့နယ်ထဲပါဝင်ပါတယ်။ မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ရွာ အခြေစိုက် အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရွာ ဇီးဖြူကုန်းစခန်းကို တပ်အချိန်းအပြောင်း ပြုလုပ်ဖို့ စစ်တပ်က အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့တာပါ။ အဲဒီစစ်ကြောင်းနဲ့ KNU တပ်မဟာ ၆ ၊ တပ်ရင်း (၁၆)တို့အကြား ထိတွေ့ တိုက်ပွဲ နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူသုံးခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ လက်နက်ကြီး ပစ်ကူကို မုဒုံမြို့ အဘစ်ရွာ အခြေစိုက် အမှတ်(၃၁၈) အမြောက်တပ်ရင်း နဲ့ ကျိုက်မရောမြို့ တောင်ကလေးရွာရှိ စစ်တပ်ကလည်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ခလယ်တံခွန််တိုင်ဒေသခံတစ်ဦးရဲ့အသိပေးချက် ရုပ်သံမှာတော့ စစ်တပ်ရဲ့တိုက်လေယာဉ်တစ်စီး ဗုံးကြဲသွားတာကို တွေ့မြင်ရပါတယ်။
◾️ပုလောမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေရှိရာ စစ်တပ် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို စစ်တပ်လက်နက်ကြီးနဲ့ ပစ်လို့ ဒေသခံတွေ စစ်ရှောင်ရတာ၊ အဆောက်အအုံထိခိုက်ပျက်စီးတာ ရှိခဲ့ကြောင်း ဒေသခံ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ ပုလောမြို့နယ် ပလောက်မြို့အနီး ဘုရင့်တောင်ကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၀ရက်က စတင်ပြီး ၃ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အသိပေးပါတယ်။ အောက်တိုဘာ ၁၄ရက်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ အမတ(၃၀၉)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်သလို စစ်ကြောင်းထိုးလာလို့ ဘုရင့်တောင်ရွာခံတွေ တိမ်းရှောင်နေကြရကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။ ဘုရင့်တောင်ကျေးရွာကနေ စစ်ကြောင်းဆက်ထိုးလာရင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ကြောင်း ပြောပါတယ်။ အခု စစ်တပ် စစ်ကြောင်းထိုးနေတဲ့ ဒေသတွေဟာ ရေဘေးဒုက္ခရောက်နေတဲ့ ဒေသတွေဖြစ်ပြီး ပြန်လည်ထူထောင်ရေး အပြည့်အ၀ မလုပ်နိုင်သေးချိန် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
◾️စစ်ကိုင်းနဲ့ ကချင်မှာ စစ်တပ် အင်အားဖြည့်နေ
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဒေသအနှံ့ကို အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်း အင်းတော်ဒေသ၊ ရှမ်းမြောက် မိုးမိတ်ဒေသနဲ့ ကချင်ပြည်နယ် ဒေသအချို့မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို KIA သတင်းပြန်ကြားရေးက အောက်တိုဘာ ၁၄ရက် မနေ့က ဖော်ပြခဲ့တာပါ။ KIA တပ်ရင်း(၃၄)ဒေသဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်-မဘိမ်းကြား နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးပါတယ်။ တနိုင်းဒေသ လီဒိုလမ်းမှာလည်း စစ်တပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တပ်တွေဟာ အောက်တိုဘာ ၁၂ရက်မှာ စစ်အင်အားဖြည့်တင်းတာတွေ အရင်ထက်ပိုလုပ်လာတာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ လီဒိုလမ်းမတလျှောက် စစ်ဆေးရေးဂိတ်ချ၊ စစ်အင်အားဖြည့်တင်းနေလို့ ပြည်သူတွေ သတိထားသွားလာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။ နောက်ပြီး အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကို ရောက်ရှိနေပြီး ဝန်းသိုအခြေစိုက် စစ်တပ်ရင်း ၂ခုကလည်း စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ အင်းတော်မြို့နယ် မဲဇာရွာကနေ အောက်တိုဘာ ၁၀ရက်မှာ ထွက်လာတဲ့စစ်ကြောင်းဟာ ပါအောနဲ့ တပ်လွင်ကျေးရွာကို ရောက်ရှိပြီးနောက် လက်ရှိမှာ ကျောက်တောရွာနဲ့ ဆင်ကုန်းကျေးရွာကို ရှိနေတယ်လို့ သတင်းရင်းမြစ်က အောက်တိုဘာ ၁၅ရက် ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
◾️ဗျတ္တပန်းဆက်လမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို PDFနဲ့ ပကဖတွေ တိုက်ခိုက်

👍9🔥8❤4🤣1🖕1
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ရက်မှာ ဗျတ္တပန်းဆက်လမ်းပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်တပ်စခန်းတစ်ခုကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ စကားဝါ PDF၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ချိန် ၁နာရီကျော်ကြာခဲ့တယ်လို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ စစ်တပ်က အဲဒီစခန်းကို အင်အားထပ်မံဖြည့်ထားတယ်လို့ သိရပါတယ်။
◾️မုံရွာက စစ်တပ်အထိုင်စခန်းတွေကို PDF တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီမှာ တပ်ရင်းထုတ် (၂)မိုင်ပစ် ရော့ကတ် ၁၀ လုံးနဲ့ စစ်တပ်တပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းနဲ့ ရဲတိုင်းရုံးတို့ကို ပစ်ခတ်ခဲ့ပြီး ပစ်မှတ် ၂ခုလုံးကို ထိထိရောက်ရောက် ထိမှန်ခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက် အပျက်အစီး များပြားခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်က ၆၀ မမ လက်နက်ကြီးတွေအပြင် အမှတ်(၅၀၈) အမြောက်တပ်ကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံးနဲ့ ရမ်းသမ်းပြန်ပစ်ခဲ့ကြောင်း သိရပါတယ်။
◾️ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်ကပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အပေါ် BRI ရှုတ်ချ
အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဆက်လက် လုပ်နေတာကို Burma Research Institute (BRI)က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ BRIက ထုတ်ပြန်ချက်နှစ်ခု ကြေညာခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မဟာစည်ကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC)ရဲ့ ဘုရားကျောင်းကို မီးရှို့မှု ဖြစ်စဉ်တွေကို ရည်ညွှန်းထားခဲ့ပါတယ်။ ရွှေဘို မြို့နယ်၊ ဆိပ်ခွန်ရွာထဲက မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ မဟာစည်ကျောင်းတိုက်ကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အရပ်သား၂ ဦး သေဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း BRIက ဖော်ပြထားပါတယ်။ နောက်ပြီး KBC အဖွဲ့ဝင် ထင်နန်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကိုလည်း အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃း၃၀ နာရီ ဝန်းကျင်မှာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အကြောင်း BRIက နောက်ထပ် ထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေဟာ စစ်တပ်က အသားတကျ ကျူးလွန်တဲ့ ပုံစံတစ်မျိုး ဖြစ်လာနေတယ်လို့လည်း BRIက ပြောပါတယ်။
◾️သာသနိကအဆောက်အအုံတွေအပေါ် စစ်တပ်ဗုံးကြဲမှု မဟနဆရာတော်တွေ ဆုံးမပေးဖို့ တောင်းဆို
ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။ စစ်တပ်ဟာ လတ်တလောမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် တော်သလင်းလကွယ်နေ့က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည်ကျောင်းတော်ကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တာကိုလည်း ဆရာတော်ဘုရားများ သိမြင်ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။ ဆိပ်ခွန် မဟာစည်ကျောင်းဟာ ပဋိပတ္တိဌာနတစ်ခုအနေနဲ့ ဂုဏ်သိက္ခာကြီးမားစွာရပ်တည်ခဲ့တဲ့ ကျောင်းတော်ဖြစ်တဲ့အပြင် လတ်တလော မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်ဖြစ်တာကြောင့်တော်လှန်ရေးနဲ့ တစုံတရာပတ်သက်မှုမရှိဘဲ ဝိပဿနာဓုရသန့်သန့်နဲ့ သာသနာ့ဝန်ကို ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တာကိုလည်း ဆရာတော်ဘုရားများသိတော်မူကြပြီး ဖြစ်ပါလျက် အခုလို ဗုံးကြဲဖျက်ဆီးတဲ့အပေါ် အရှင်ဘုရားများအဘယ်ကြောင့် နှုတ်ဆိတ်နေတော်မူကြပါသလဲဆိုပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက မေးမြန်းလျှောက်တင်ထားပါတယ်။ ဆက်ပြီး နှုတ်ဆိတ်နေမယ်ဆိုလို့ရှိရင် စစ်တပ်ကနေ ပိုပြီးရဲတင်းပြီးတော့ ပိုပြီးတော့ ရက်စက်ယုတ်မာလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်လို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပါတယ်။

❤13👍8🔥1🤣1🖕1
◾️ခရစ်ယာန်ဘုရားကျောင်း မီးရှို့တဲ့ စစ်တပ်လုပ်ရပ် ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ကန့်ကွက် ရှုတ်ချ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က KBC ဘုရားကျောင်းကို မီးရှို့တာ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်များ လုပ်ဆောင်နေတဲ့အပေါ် အခုလို ကန့်ကွက်ရှုတ်ချခဲ့တာပါ။ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးလိုက်တာဟာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။
◾️တရုတ်ကန့်ကွက်မှုကြောင့် မြန်မာရုပ်ရှင်ကား ရုံတင်ရက် ရွှေ့ဆိုင်း
တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်နေရာကနေ ထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ဟာ တရုတ်ရဲ့ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ့် မြန်မာသရဲရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Blind Box ဇာတ်ကားကို ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်လုပ်ရေးဘက်ကလည်း ရုံမတင်ခင် တစ်ရက်အလိုမှာ အသိပေးကြေညာထားပါတယ်။ ထုတ်လုပ်ရေးဘက်က မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့အခက်အခဲအချို့ကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းခဲ့ရတယ်လို့သာ အသိပေးပါတယ်။ ဒါပေမဲ့ အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ Blind Box အရုပ်ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ စုဆောင်းအရုပ်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အတွင်း အဲဒီအရုပ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားခြင်းကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာလို့ ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံးက မြန်မာဘက်ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအပြီး ရုပ်ရှင်ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရတာလို့ သိရပါတယ်။
◾️ခေါင်လန်ဖူးတိုက်ပွဲကွပ်ကဲဖို့ ပို့လိုက်တဲ့ စစ်တပ်ရဲ့အထူးဗျူဟာမှူး တိုက်ပွဲဖြစ်ရာမရောက်မီ KIA တိုက်ခိုက်မှုကြောင့် သေဆုံး
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့ အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှုခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ခေါင်လန်ဖူးတိုက်ပွဲမှာ ဆုတ်ခွာနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ-၁) ကစထမှူးနဲ့ မပခ တိုင်းမှူးတို့ဟာ အောက်တိုဘာ ဒုတိယပတ်မှာ ပူတာအိုသို့ လာရောက်စစ်ဆေးခဲ့ပြီးနောက် ဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ဦးတို့ကို ခေါင်လန်ဖူးမှာ အင်အားဖြည့်ဖို့ တာဝန်ပေးခဲ့တာလို့ဆိုပါတယ်။ အဲဒီ အရာရှိတွေ ခေါင်လန်ဖူးရောက်ပြီး တိုက်ပွဲဖြစ်ရာဒေသသို့ ဆက်လက်ထွက်ခွာစဉ် အောက်တိုဘာ ၁၁ရက်နေ့မှာ တိုက်ခိုက်မှု ခံရပြီးသေဆုံးခဲ့တာလို့ဆိုပါတယ်။
◾️NCA အပေါ် လူထုယုံကြည်မှုလျော့နည်းဟု စစ်ကောင်စီကျင်းပတဲ့ (၁၁)နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ RCSS ပြော
တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ NCA စာချုပ်အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ပါက စာချုပ်ကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေတာလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေး ရရှိလိုတဲ့ နိုင်ငံရေးဆန္ဒ၊ ဖြေလျှော့မှုများ၊ တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စတာတွေ အပေါ် အခြေခံ ဆောင်ရွက်ဖို့လည်း RCSS က တိုက်တွန်းပါတယ်။ RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
◾️ကျောက်တော်ကြီးဘုရားပွဲမှာ လူငယ် ၃ ဦး ပေါ်တာဆွဲခံရ

🔥12❤7🖕2👍1🤣1
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တစ်ဦးကို သိန်း ၃၀တောင်းတယ်လို့ ကြားသိရပြီး ပြန်လွတ်လား မလွတ်လားတော့ မသိသေးကြောင်း Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူရဲ့ တောင်းဆိုစာ ချက်နိုင်ငံ မြန်မာသံရုံး လက်မခံ
မတရားဖမ်းဆီးထားတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုစာကို ချက်နိုင်ငံ ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးကနေ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဆီ ပို့ဖို့ကြိုးစားခဲ့ပေမယ့် သံရုံးက လက်မခံခဲ့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က အသိပေးပါတယ်။ မိခင်ကို ငါးနှစ်ကျော်ကြာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး သားတစ်ယောက်အနေနဲ့ ကိုယ့်အမေနဲ့ တွေ့ခွင့် ၊ စကားပြောခွင့်လိုမျိုး အခြေခံအခွင့်အရေးတောင်မရဘူးလို့ ကင်မ်က ဆိုပါတယ်။ သူဟာ အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ အကူအညီတောင်းခံနေတာ မဟုတ်ဘဲ မိခင်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ သားတစ်ယောက်ရဲ့အမေကိုတွေ့ခွင့်ရဖို့ အခြေခံအခွင့်အရေးကို တောင်းဆိုနေတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ တောင်းဆိုစာတွေကို လျစ်လျူရှုနိုင်ပေမယ့် မိခင်အတွက် ဘယ်တော့မှလက်လျော့မှာမဟုတ်ဘဲမိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကင်မ်က ထပ်မံတောင်းဆိုထားပါတယ်။ အာဏာသိမ်းခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း သံတမန်ရေးရာ တွေ့ဆုံမှုတွေရဲ့ နောက်ကွယ်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံနေရတဲ့ ပြည်သူသန်းပေါင်းများစွာ ရှိနေတယ်လို့ သူက သတိပေးထားပါတယ်။
◾️သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး "Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ" ဟု ဆိုကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ပြည်သူလူအသံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဖြစ်ကြောင်း ကြွေးကြော်ထောက်ခံခဲ့ကြပါတယ်။

❤15🔥13👏2👍1🤣1🖕1🫡1