People's Spring
✔
59.1K subscribers
72.7K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မဟာစည်ကျောင်းတိုက်အား အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ် ဓါတ်ပုံံ-ရွှေဘိုမြို့နယ် သပိတ်အင်အားစု
🤬41👎4👍2🔥2👏2🤣2💔2⚡1🎉1
ကျောက်တော်ကြီးဘုရားပွဲမှာ လူငယ် ၃ ဦး ပေါ်တာဆွဲခံရ

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

" တစ်ယောက်ကို သိန်း ၃၀တောင်းတယ်ကြားတယ်။ ပြန်လွတ်လား မလွတ်လားတော့ မသိပါဘူး"လို့ Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။

​ဖမ်းဆီးခံရသူ လူငယ် ၃ ဦးအနက် ၁ဦးက ပြောက်ကျားအင်္ကျီ ဝတ်ဆင်ထားကာ ကျန် ၂ ဦးကတော့ တီရှပ်ဝတ်ဆင်ထားတယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ကျောက်တော်ကြီးပွဲတော်ဟာ မန္တလေးတောင်ခြေမှာရှိပြီး ပွဲတော်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်က ကင်းစခန်းဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပေါ်တာဆွဲနေတဲ့အပြင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲနှိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေရဲ့ သားတွေကတော့ ကင်းလွတ်ခွင့် ရရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ တိုင်းပြည်အေးချမ်းနေသယောင်ပုံရိပ်တည်ဆောက်ဖို့ ဘုရားပွဲတော်တွေကို မဖြစ်မနေလုပ်ခိုင်းနေပြီး ပွဲတော်လာလူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
😁27🖕9👎6🔥4👏2👍1🤣1
(ကျောက်တော်ကြီးဘုရားပွဲအား တွေ့ရစဥ် ဓါတ်ပုံ-Screen Grab)
👍28🔥5👏3👎2😁2🤮2🤩1
NCA အပေါ် လူထုယုံကြည်မှုလျော့နည်းဟု စစ်ကောင်စီကျင်းပတဲ့ (၁၁)နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ RCSS ပြော

အောက်တိုဘာ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

NCA စာချုပ်အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ပါက စာချုပ်ကို အပြည့်အ၀ အကောင်အထည် ဖောင်နိုင်ခြင်းမရှိဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေတာလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို့ NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆို့မှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

အတိတ်ကာလမှာ ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံကတိကဝတ်တွေ လျစ်လျူရှု၊ ဖယ်ကြဉ်ထားခံခဲ့ရလို့ ပြည်ထောင်စုကို စုပေါင်း တည်ဆောက်ခဲ့ကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်နဲ့ ပြည်မ ခေါင်းဆောင်တွေအကြား ယုံကြည်မှုတွေ ပျက်သုဉ်းခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တာကို သတိချပ်သင့် ကြောင်းလည်း သူက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေး ရရှိလိုသည့် နိုင်ငံရေးဆန္ဒ၊ ဖြေလျှော့မှုများ ၊တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စတာတွေ အပေါ် အခြေခံ ဆောင်ရွက်ဖို့လည်း RCSS က တိုက်တွန်းပါတယ်။

RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

NCAစာချုပ်မှာ ပါဝင်ခဲ့တဲ့အဖွဲကတွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပျယ်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်တပ်နဲ့ဆွေးနွေးမှုမရှိဘဲ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါ့အပြင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူအဖွဲ့(LDU)၊ ရက္ခိုင် (ALP) စတဲ့အဖွဲ့တွေဟာလည်း စစ်အာဏာရှင်ကို လက်မခံတဲ့အဖွဲ့၊ လက်ခံတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွင်း အကွဲအပြဲတွေ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ KNU၊ CNFအဖွဲ့တွေရယ်၊ NCA လက်မှတ်မထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို စစ်ရေးနိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုပူးပေါင်းတိုက်ခိုက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းထားပါတယ်။ SCEF အနေနဲ့ နောက်ထပ် အဖွဲ့ဝင်အသစ်တွေ ပါဝင်ရေးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ချေမှုန်းနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။
🤣26👍22🔥2👎1🥰1👏1
(NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)
🤣38👍9👎2🤮2💩2
တရုတ်ရဲ့နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့နေရာကနေရိုက်ထားတဲ့ Blind Box ရုပ်ရှင်ကို တရုတ်က ကန့်ကွက်လို့ ရုံတင်ရက်ရွှေ့ဆိုင်း

အောက်တိုဘာ-၁၅၊ ၂၀၂၆။မေရီ/People's Spring

တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ဇာတ်ကောင်နေရာကနေထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ရုပ်ရှင် တရုတ်ရဲ့ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာရွှေ့ဆိုင်းလိုက်ရကြောင်း ရုပ်ရှင်လော
ကသားအချို့က ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ့် မြန်မာ သရဲရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Blind Box ဇာတ်
ကားကို ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်လုပ်ရေးဘက်က ရုံမတင်ခင် တစ်ရက်အလိုမှာ အသိပေးကြေညာခဲ့ပါတယ်။

ထုတ်လုပ်ရေးဘက်က မမျှော်လင့်ဘဲ ကြုံ
တွေ့ရတဲ့အခက်အခဲအချို့ကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့သာ အသိပေးခဲ့ပါတယ်။ သို့သော် အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ Blind Box အရုပ်ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ စုဆောင်းအရုပ်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အတွင်း ယင်းအရုပ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားခြင်းကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာဖြစ်
ကြောင်း ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုက ယင်းရုပ်ရှင်နဲ့ ပတ်
သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံးက မြန်မာဘက်သို့ အကြောင်းကြားခဲ့
ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြောဆိုပြီးနောက် ရုပ်ရှင်ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံရုပ်ရုင်အစည်းအရုံးတို့ ညှိနှိုင်းမှုကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။

Blind Box – ဘလိုင်းဘောက်ရုပ်ရှင်ဟာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က ရိုက်ကူးထားပြီး နေဝင်း၊ ပိုးမမှီသာ၊ မင်းဦး၊ အကယ်ဒမီ ချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်နဲ့ သားချောတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

အလားတူ မနက်ဖြန်မှာရုံတင်မယ့် ဒါရိုက်တာဝိုင်းရဲ့ ပိုးဖလံမျိုးမို့ ရုပ်ရှင်မှာလည်း မင်း
သမီးမိုးဟေကိုရဲ့ ဘွဲ့ဝတ်စုံအလွဲကြောင့် အဲဒီအခန်းကို ဖြတ်ထုတ်လိုက်ရကြောင်း သိရပါတယ်။

Blind Box ရုပ်ရှင်ထဲက အရုပ်ဟာ Labubu (လာဘူဘူ) အရုပ်ဖြစ်ပြီး လက်ရှိ ကမ္ဘာတစ်ဝန်းနဲ့ မြန်မာနိုင်ငံမှာပါ လူကြိုက်များ ရေပန်းစားနေပါတယ်။ Labubu (လာဘူဘူ) အရုပ်တွေဟာ ဟောင်ကောင်အခြေစိုက် ကာတွန်းဆရာနဲ့ အရုပ်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Kasing Lungက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

​၂၀၁၉ ခုနှစ်မှာ နာမည်ကြီး တရုတ်ဒီဇိုင်နာ အရုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Pop Mart နဲ့ လက်တွဲပြီး Blind Box ပုံစံတွေနဲ့ အရုပ်အဖြစ် စတင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့နာမည်ကြီး Blind Box အရုပ်တွေကို အဓိကထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကတော့ POP MART International Group ဖြစ်ပါတယ်။သူတို့ရဲ့ အောင်မြင်မှုအကြီးမားဆုံးကတော့ Labubu အရုပ်ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအစီရင်
ခံစာအရ စုစုပေါင်းဝင်ငွေဟာ ယွမ် ၃၇.၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၈၅ ရာခိုင်
နှုန်းခန့်အထိ တိုးလာခဲ့ပါတယ်။အခွန် နဲ့ကုန်
ကျစရိတ်​တွေနှုတ်ပြီးကုမ္ပဏီအသားတင်
အမြတ်ကယွမ် ၁၂.၇၈ဘီလီယံ (ဒေါ်လာ ၁.၈၅ ဘီလီယံခန့်) ရှိခဲ့ပါတယ်။ အထူးသဖြင့် Labubu ပါဝင်တဲ့The Monstersအရုပ်အမျိုးအစားတစ်ခုတည်းက ဝင်ငွေ ယွမ် ၁၄.၁၆ ဘီလီယံရရှိခဲ့တယ်လို့ ​ဈေးကွက်သု​တေသနအချက်အလက်​တွေအရ သိရပါတယ် ။
🤣46❤7😁5👍3👎2
🤣51❤5😁5🔥2🖕2👍1👎1
ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း မမှားဘူး။

ဘုရားပတ်ပတ်လည် ဈေးတန်းတွေမှာ အထည်အလိပ်ကအစ အိုးခွက်ပန်းကန် အိမ်ထောင်ပရိဘောဂအထိ အိမ်သုံးလူသုံး ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်း စုံလင်စွာ ဝယ်ယူနိုင်တဲ့ စည်ကားလှတဲ့ အညာဈေးပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

မြို့ထောင့်ပွဲမှာ ဇာတ်ဆိုရင်လည်း နာမည်ကြီးတဲ့ သုံး​လေးဇာတ် အပြိုင်ဝင်ကကြတာဖြစ်ပါတယ်။ ဆပ်ကပ်တို့ ကြည့်ချင်ပွဲဇာတ်ကလေးတွေ ပါတာကတော့ ပြောမနေပါနဲ့တော့။ ပွဲတော်စျေးတန်းကြီးက ရှည်လျားလွန်းလို့ နာရီပိုင်းလောက်ကြာအောင် ပတ်ယူရပါတယ်။

ပွဲတော်ဟာ ၂၀၂ဝ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလကစလို့ မဖြစ်ခဲ့ပါဘူး။ နောက်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီစစ်တပ်အာဏာသိမ်းပြီးကတည်းက ပွဲတော်မဖြစ်တာ ဒီကနေ့အထိပါပဲ။

ဒီနှစ်မှာတော့ ပြည်သူတွေဟာ မြို့ထောင့်စေတီပွဲတော်ကြီးကို လွမ်းကြပုံပေါ်ပါတယ်။ ပျော့ပျော့အိအိကလေးကစားကွင်းလောက်သာ ပါတာကို လာလည်ကြတယ်။ အမှန်တော့ အာဏာသိမ်းစစ်တပ်က ပွဲတော်တွေကို လုပ်စေချင်ပါတယ်။ ဒါမှသာ တိုင်းပြည်သာယာနေသယောင် ဝါဒဖြန့်ချင်လို့ပါ။ သို့ပေမဲ့ ရွှေဘိုမှာတော့ အဲဒီလို ဝါဒဖြန့်လို့ မရနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်က မြို့ထောင့်စေတီ ပွဲတော်ကာလမှာကို ရွှေဘိုတဝိုက် ရက်ရက်စက်စက်ဗုံးပတ်ကြဲနေတဲ့အတွက်ပါ။

အောက်တိုဘာ ၁၁ ရက်နေ့ တော်သလင်းလကွယ်နေ့ကဆိုရင် ရွှေဘိုမြို့အနောက်ဘက် ပုဆိုးတွေထွက်တဲ့ ဆိပ်ခွန်ရွာက ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားရာ နာမည်ကျော် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ဘုန်းကြီး
ကျောင်းနဲ့ တရားရိပ်သာကို​တောင် စစ်တပ်ကဗုံးကြဲခဲ့ပါတယ်။

မဟာစည်ဆရာတော်ကြီးဆိုတာဟာ ဝိပဿ
နာနဲပတ်သက်ပြီး မြန်မာတင်မက နိုင်ငံတကာမှာပါ ထင်ရှားသူပါ။ ဆရာတော်ကြီးရဲ့ သတိပဋ္ဌာန်ဝိပဿနာရှုမှတ်နည်းကလွယ်ကူတယ်။
ရှင်းလင်းတယ်လို့ ဆိုကြတယ်။

ဒါ့ကြောင့် ဆရာတော်ကြီးရဲ့တရားဟာ မြန်
မာတင်မက သီရိလင်္ကာ၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လော၊ ဂျပန်၊ ကိုရီးယား၊တရုတ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ အမေရိကန် စတဲ့ ဥရောပနိုင်ငံတွေအထိပါ ပြန့်နှံခဲ့တယ်။ဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာကျော်တဲ့ ဆရာတော်ကြီးရဲ့ ရိပ်သာကိုမှ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ဆရာတော်ကြီးရဲ့ကျောင်းတိုက်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ ဆူဆိုက်ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့ပါတယ်။အဲဒီဗုံး​ကြဲမှုကြောင့် သမိုင်းဝင် မူလ မဟာစည်တရားရိပ်သာကျောင်းတိုက်ကြီးဝင်းအတွင်းအဆောက်
အဦးတွေ ထိခိုက်ပျက်စီးသွားတဲ့အပြင်အ
ရပ်သားပြည်သူတွေ၊စစ်ဘေးရှောင်တွေ၊ ဥပုသ်သည်တွေထဲက ၂ ဦးသေဆုံးပြီး ထိ
ခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။



https://www.ludunwayoo.com/feature-mm/2026/10/14/170762/
🤮20👍9🤬4❤3👎2🥰2😢1🤣1🖕1
ခေါင်လန်ဖူးတိုက်ပွဲကွပ်ကဲဖို့ ပို့လိုက်တဲ့ စစ်တပ်ရဲ့အထူးဗျူဟာမှူး တိုက်ပွဲဖြစ်ရာမရောက်မီ KIA တိုက်ခိုက်မှုကြောင့် သေဆုံး

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးတိုက်ပွဲမှာ ဆုတ်ခွာနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ-၁) ကစထမှူးနဲ့ မပခ တိုင်းမှူးတို့ဟာ အောက်တိုဘာ ဒုတိယပတ်မှာ ပူတာအိုသို့ လာရောက်စစ်ဆေးခဲ့ပြီးနောက် ဗိုလ်မှူးကြီး ၁ဦးနဲ့ဒုဗိုလ်မှူးကြီး ၁ဦးတို့ကို ခေါင်လန်ဖူးမှာ အင်အားဖြည့်ဖို့ တာဝန်ပေးခဲ့တာလို့ဆိုပါတယ်။ အဲဒီ အရာရှိတွေ ခေါင်လန်ဖူးရောက်ပြီး တိုက်ပွဲဖြစ်ရာဒေသသို့ ဆက်လက်ထွက်ခွာစဉ် အောက်တိုဘာ ၁၁ရက်နေ့မှာ တိုက်ခိုက်မှု ခံရပြီးသေဆုံးခဲ့တာလို့ဆိုပါတယ်။

“အဲဒီဒေသ တိုက်ပွဲမှာ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေမျိုးထွန်း အနီးကပ် ကွပ်ကဲနေတာဖြစ်တယ်။ အဲဒါ သူတို့ရဲ့ တိုက်ပွဲက တဖြည်းဖြည်း ဆုတ်လာတဲ့အခါကျတော့ ကကကြည်းက ကစထ(၁)မှူးနဲ့ တိုင်းမှူးက ပူတာအို အထိ ၉ရက်နေ့လောက်တုန်းက ထင်တယ် လာပြီးမှ လာစစ်ဆေးပါတယ်။အဲဒီတော့ ကစထမှူးက ကကကြည်းက အထူးဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် တယောက်ရယ် ပြီးတော့မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ဂျီဝမ်း တယောက်ရယ် သူတို့နှစ်ယောက်ကို အဲဒီဘက် အင်အားဖြည့်ဖို့ ပူတာအိုမှာ လာပို့ထားလိုက်တာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် အထူးဗျူဟာမှူးနဲ့ ဂျီဝမ်းတို့ကို အောက်တိုဘာ ၁၀ရက်မှာ ပူတာအိုကနေ ရဟတ်ယာဉ်နဲ့ ခေါင်လန်ဖူးမြို့ကို ပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။ အဲဒီကနေ တိုက်ပွဲဖြစ်ပွားရာ မြန်မာ -တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀)ဒေသ တိုက်ပွဲဖြစ်ပွားရာ ရှာကာဒီလမ်းသို့ လာရောက်စဉ် KIAက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီတော့ သူတို့က ခေါင်လန်ဖူးကနေ ၁၁ရက်နေ့ ထွက်လာတာပေါ့လေ။ အဲဒီ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းမရောက်သေးပါဘူး။ လမ်းခုလတ်မှာဖြစ်သွားတာပါ”လို့ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဖြစ်ပြီး ခေါင်လန်ဖူးအထိ ထမ်းပို့စဉ်သေဆုံးကာ အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာရဟတ်ယာဉ်နဲ့ အလောင်းတင်သွားတာလို့လည်း ရှင်းပြပါတယ်။

KIA ပူးပေါင်းတပ်ဟာ အခုနှစ်ဇူလိုင်လမှာ နယ်ခြားမှတ်တိုင်(၃၀)က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီး စက်တင်ဘာလမှာနယ်ခြားမှတ်တိုင် (၃၀) ဒေသရဲ့ တခုတည်းသော ရဟတ်ယာဉ်ကွင်းရှိရာ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အဲဒီ ရဟတ်ယာဉ်ကွင်းတပ်စခန်း ပြန်ရဖို့ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့်အထိနာခဲ့ပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးဒေသက ရှေ့တန်းတပ်ဖွဲ့တွေဆီကို လေကြောင်းက ရိက္ခာခဲယမ်းဖြည့်တင်းတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့လည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။

ခေါင်လန်ဖူးဒေသမှာ စစ်အင်အားတွေဖြည့်တင်းနေတာကြောင့် အဲဒီဒေသမှာ အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၁၄ရက်မှာ ပြောထားပါတယ်။
👍44❤14👏9🥰2🤣2👎1🖕1
(တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦးက ပစ်ခတ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
👍37❤15👏6🥰2🖕2🤮1
ခရစ်ယာန်ဘုရားကျောင်း မီးရှို့တဲ့ စစ်တပ်လုပ်ရပ် ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ကန့်ကွက် ရှုတ်ချ

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က KBC ဘုရားကျောင်းကို မီးရှို့တာ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်များ လုပ်ဆောင်နေတဲ့အပေါ် အခုလို ကန့်ကွက်ရှုတ်ချခဲ့တာပါ။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးလိုက်တာဟာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ဆိုရင် ကချင်ပြည်နယ်မှာ ဘုရားကျောင်းကို အခြေခံပြီးမှ စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုတွေလည်း ရှိခဲ့ပါတယ်။ဆိုတော့ ကချင်ပြည်နယ်မှာဆိုရင် ဘာသာရေးဘုရားကျောင်းတွေကို ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အခြေခံပြီးမှ စစ်ဘက်ဆိုင်ရာ တွေ အသုံးပြုမှုတွေ ပိုလုပ်ဆောင်နေတာတွေ့ရှိရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဆိုတော့ ကချင်ပြည်နယ်မှာ ဆိုရင်ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေရှိပါတယ်”လို့ ကိုဂျေးကော့က ပြောကြားပါတယ်။

စက်တင်ဘာလအတွင်းကလည်း စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းရွာက KBC ဘုရားကျောင်းမှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သလို အောက်တိုဘာ ၅ရက်ကလည်း စစ်တပ် နဲ့ SNA တို့ဟာ မိုးညှင်းမြို့နယ် ချောင်း၀ရွာရှိ KBC ဘုရားကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက် အောက်တိုဘာ ၁၂ရက်မှာ ဗန်းမော် ၃မိုင်ရွာက KBC ဘုရားကျောင်းနဲ့ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တာပါ။

စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဘာသာရေးဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူများနဲ့ သက်ဆိုင်တဲ့ စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုတစ်ရပ်ဖြစ် ကြောင်း KHRWက ထုတ်ပြန်ထားပါတယ်။
👍40❤5🤣2🖕2👎1
😢33🤬10👍5🤣2🖕2💩1
စစ်တွေအနောက်ဘက် ရေချမ်းပြင်အနီးက ကာကင်းစခန်းတခု AA ထပ်သိမ်း

■ငပြီကျွန်း​ပေါ်စစ်တပ်ခြေကုတ်ယူခဲ့တဲ့နေရာ
တစ်ခုကိုAAပြန်သိမ်း၊စစ်သားအချို့ထွက်​ပြေးသွားပြီး တိုက်ပွဲဆက်ဖြစ်

■စစ်​တွေမြို့နဲ့တိုက်ပွဲ​တွေပိုနီးလာ

အောက်တိုဘာ-၁၅၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တွေမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးမြို့အနောက်ဘက်ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော်
(AA)ကဒီနေ့ နေ့လယ်ပိုင်းမှာသိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)
အခြေစိုက်ရာစစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးက ကာကင်းစခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

“ကျက်တောပြင်နားက စခန်းကို သိမ်းလိုက်တာပါ။ ရေချမ်းပြင်နားက တခြားစခန်းတွေကိုလည်း တိုက်နေတယ်။ ထောက်ပို့တပ်ကိုလည်းလက်နက်ကြီးနဲ့ ခြိမ်းခြောက်နေတာ။ အဲဒီမှာလည်း ​​ေး တွေ ထိကြတယ်ကြားတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

ရေချမ်းပြင်ဝန်းကျင်မှာ ပြီးခဲ့တဲ အောက်တို
ဘာ ၅ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲပြင်း
ထန်နေခဲ့တာဖြစ်ပြီးတိုက်ပွဲ ၁၀ရက်အတွင်း တပ်စခန်းတခု သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့မြောက်ဘက် အမြင့်ကျွန်း ရွာဝန်းကျင်က ကာကင်းစခန်းနှစ်ခုကိုလည်း AA ကအောက်တိုဘာ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ရက်ဆက်သိမ်း ပိုက်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အလားတူပဲရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းတွေဖြစ်တဲ့ကံ့ကော်ကျွန်း၊ဇော်မတက်၊ ရွှေမင်းဂံရွာဝန်းကျင်၊ ဒကစ စစ်တွေအနီးဝန်းကျင်တောကန်၊ နာရီကန်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တွေမြို့ထဲကနေ ပစ်ခတ်သံတွေကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

“တောကန်ဘက်မှာ တိုက်ပွဲနေ့တိုင်းဖြစ်တယ်ပြောတယ်။မနေ့က သက္ကေပြင်ဘက်ခဏရောက်တာ အသံတွေ အ ကျယ်ကြီးကြားခဲ့ရတယ်။ မူဆလင်တွေဆိုရင် အရမ်းကြောက်နေကြတယ်။ တိုက်ပွဲကလည်းမြို့နဲ့ တော်
တော်နီး လာပြီ”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

အဲဒီလို့ စစ်တွေမြို့ပတ်လည်က စစ်တပ်စခန်းတွေတိုက်ခိုက်ခံရပြီးဆက်တိုက်လက်လွှတ်နေရတဲ့စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက် ရှိပေါက်တောမြို့နယ်ငပြီကျွန်းပေါ်ကို ကြည်း၊ ရေ၊ လေပစ်ကူသုံးပြီးကမ်းတက်ခဲ့တဲ့ စစ်
သား​တွေနဲ့ အာရက္ခတပ်​တော်ကြား ကမ်းကျွန်းပေါ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။

“ကိုယ့်ဘက်က အခြေအနေကောင်းတယ်။ အလယ်ရွာနားကကောင်တွေကိုတော့ တိုက်ထုတ်ထားပြီ။အဲဒီနားကစခန်းကိုကိုယ့်ဘက်က သိမ်းထားတယ်။ မနေ့က တသုတ်တော့ ဆင်းပြေးသွားကြတယ်။ ကျန်တာတွေကို တိုက်နေရတုန်း” လို့ မြေပြင်မှာ ရှိနေတဲ့ နောက်ထပ် AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ၇ ရက်ကစပြီး ထောက်ပို့လေယာဉ် Y12 နဲ့တိုက်လေယာဉ် ၁၀ စီးကျော်၊ စစ်သေင်္ဘာ ၅ စီး​ကျော်နဲ့ ပစ်ကူပေးကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စစ်
သားဆယ်နဲ့ချီ ကမ်းပေါ်တက်နိုင်ခဲ့ပါတယ်။
အဲဒီတုန်းစစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို AA က ပစ်ခတ်ခဲ့တာမှာထိမှန်ခဲ့ရာ စစ်သားနှစ်ဆယ်ဝန်းကျင်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင်
ငပြီကျွန်းပေါ်တိုက်ပွဲမှာလည်း နှစ်ဖက်အထိ
အခိုက်ရှိနေပြီး စစ်တပ်ဘက်က အလောင်း ၄၀ နဲ့ အရှင်ဖမ်းမိ တာ ၂၀ ဝန်းကျင် ရှိထားတယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။

​နောက်ပိုင်းမှာစစ်တပ်ရဲ့ရေတပ် သင်္ဘောတွေကတော့ ငပြီကျွန်းပေါ်ကို ကမ်းတက်လို့ထပ်မရတော့ဘဲအဝေးကနေ လက်နက် ကြီးနဲ့ ငပြီကျွန်းပေါ် လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီးဖြစ်တဲ့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက်တ မိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာ ကုလာတန်မြစ်ပေါ်မှာ တည်ရှိပါ တယ်။ စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူ နေကျေးရွာသုံးရွာတည်ရှိပါတယ်။

AAကငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို ကျန်နေရာတွေကလည်းစစ်တပ်ကို အရှိန်မြှင့်ထိုးစစ်ဆင် ရင်းစစ်စခန်းအချို့ကို ထပ်မံသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မ
ကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ ရက်​ပေါင်း ၄၀ ကျော်လာပြီ ဖြစ်ပါတယ်။

ပြည်သူ ၅၁ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်ဗုံးကြဲမှုနောက်ပိုင်း
အောက်တိုဘာလဆန်း မှစပြီး AAက ရခိုင်ပြည်တွင်ထိုးစစ်အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။
❤41👍17🫡3👏2👎1🤣1🖕1
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက စစ်တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းစစ်တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။တိုက်ပွဲ​တွေအတွင်းမှာ စစ်တပ်က​သေဆုံးသရာနဲ့ချီပြီး ရှိနေပြီဖြစ်တယ်လို့မြေပြင် သ
တင်းရင်းမြစ်တွေက ပြောပါတယ်။
❤37👍17👏3🤣3🥰2🫡2👎1🖕1
AA တပ်ဖွဲ့ဝင်​တွေ နဲ့ စစ်​တွေမြို့အနီးဝန်းကျင်​မြေပုံ
👍50❤9🥰9🫡4🤣2🤮1🖕1
■အ​တွေးအမြင်

အာဏာရှင်ပွဲခင်း

-ကိုး ရေးသားသည်။

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။

ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေဘက်က ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ချိန် အော်ဟစ်ညည်းငြူသံတွေ ပြင်ပကမကြားရအောင်ဆိုတဲ့ရည်
ရွယ်ချက်နဲ့ ဟင်္သာတထွန်းရင်ရဲ့ ‘စာဥ’ သီ
ချင်းကို လော်စပီကာတွေနဲ့ အဆက်မပြတ်ဖွင့်ခဲ့တဲ့ဖြစ်ရပ်ပါ။

လွန်ခဲ့တဲ့ ၃၆ နှစ်။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ
လ ၂၅ရက်နေ့က အင်းစိန်ထောင်တွင်းမှာဖြစ်ခဲ့တာပါ။ သမိုင်းမှတ်တမ်း တွေအရတော့ အဲဒီကာလ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လမ်းပေါ်ဆွဲထုတ်ရိုက်နှက်ရာမှာ ပြင်ပကလူတွေ မကြားသိရအောင် ‘စာဥ’ သီချင်းကို ကျယ်လောင်စွာ အဆက်မ ပြတ်ဖွင့်ပြီး ဖုံးအုပ်စေခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူတွေထဲ သေဆုံးသူတွေ၊ အပြင်းအထန်ဒဏ်ရာရသူတွေရှိခဲ့သလို မသန်စွမ်းဘဝ ရောက်သွားပြီး ဒီနေ့ကာလအထိ ဒုက္ခိတဘဝနဲ့နေရသူတွေရှိတယ်လို့လည်း အဲဒီကာလတုန်းက ထောင်ထဲမှာရှိနေ ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒဏ္ဍာရီမဟုတ်၊ ပုံပြင်မဟုတ် တဲ့ ဒီဖြစ်ရပ်မှန်က မြန်မာ့နိုင်ငံရေးရပ်ဝန်းမှာ နာ
မည်ကြီးပါတယ်။ဒီစာဥစစ်ဆင်ရေးဟာ အာ
ဏာရှင်ဘက်က ရက်စက်ယုတ်မာကောက်
ကျစ်မှုကို အထင်းသားတွေ့မြင်စေတဲ့ လှုပ်
ရှားမှုတစ်ခုဖြစ်ပါတယ်။

ဒါနဲ့အလားသဏ္ဍာန်တူတဲ့ဖြစ်စဉ်မျိုး မြန်မာ့သမိုင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်တုန်းကလည်း ရှိခဲ့ပါတယ်။ သီပေါဘုရင်နန်း
တက်ပြီးနောက် နန်းလုနိုင်ချေရှိတယ်လို့ သံ
သယရှိတဲ့ တော်ဝင်မိသားစုဝင်တွေနဲ့ မင်း
ညီမင်းသား အများအပြားကို ၁၈၇၉ ခုနှစ်မှာ ဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ အဲ့ဒီလိုကွပ်မျက်ချိန် ပြင်ပလူတွေ သတိမမူမိအောင် နန်းတွင်းထဲမှာ ပွဲလမ်းသဘင်တွေ စည်စည်ကားကားစီစဉ်ကျင်းပစေခဲ့တာပါ။

ဒီလိုစီမံဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်ပြီး တက္က
သိုလ်စိန်တင်က သူ့ရဲ့ “ဧကရီမဖုရား”ဆိုတဲ့စာအုပ်ထဲမှာ “မင်းညီမင်း သားတွေကို ကွပ်
မျက်မည့်ညဉ့်မတိုင်မီကပင် တင်ကြို၍ နေပြည်တော်တစ်ခွင်မှာ ကြည့်ချင်ပွဲတွေ၊ ဇာတ်၊ အငြိမ့်၊ ရုပ်သေးပွဲတွေ ခင်းကျင်းကပြရန် စီစဉ်သည်။ မြို့အုပ်ခွန်အုပ်တို့က စီစဉ်ပေးကြ၊ သူကြီးတွေက ဆောင်ရွက်ကြ၊ ဆယ်အိမ်ခေါင်းတွေက နာခံကြ၊ ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ၊ ဘုရင်မင်းတရား ကြီးနှင့် မိဖုရားကြီးတို့၏ ဘုန်းကံရှိန်ဝါ ထွန်းတောက်ပုံ၊ ရန်သူတွေအပေါ် အောင်မြင်ပုံ၊ နိုင်ငံတော်ကြီးအေး
ချမ်းသာ ယာပုံကို သရုပ်ဖော်သောဇာတ်လမ်း
တွေ ရေးကြ၊ သီကြ၊ ဆိုကြ၊ ကကြစေ။
ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရင် ထီးဘုရားအမိန့်တော်...။ အမိန့်ဆိုတော့ နာခံကြဖို့ပဲ။ မြို့အုပ်ခွန်အုပ်တို့ အလုပ်ရှုပ်ကြပြီ။ သူကြီးနှင့် ဆယ်အိမ် ခေါင်းတို့လည်း မနားကြရ၊ ဇာတ်ပွဲရှာရ၊ အငြိမ့်ကိုခေါ်၊ ရုပ်သေးပွဲကို ဆင့်ရနှင့်။ ဇာတ်အငြိမ့် ရုပ်သေးပွဲမှ ရှာမရသူ တို့က အရပ်ထဲမှာ ရသမျှ လူစု၍ ခြေမြှောက်လက်မြှောက်လုပ်တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ပွဲကနိုင်လျှင် တော်ပြီ၊ ဖြစ်သည့်နည်းဖြင့် စီစဉ်ကြရတော့
သည်"ဆိုပြီး ပုံဖော်ထားပါတယ်။

ဒီလိုနဲ့ ခေတ်တွေသာ တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလာခဲ့ပေမယ့် အာဏာရှင်တို့ရဲ့ ဒီလုပ်
ရပ်မျိုးကတော့ ပြောင်း လဲမသွားပါဘူး။ နန်းတွင်းကွပ်မျက်မှုမှာ လူမသိအောင် ပွဲလမ်း
သဘင်တွေနဲ့ ဖုံးအုပ်စေခဲ့သလို ထောင်တွင်းညှဉ်းပန်း နှိပ်စက်မှုမှာ လူမသိအောင် လော်စပီကာသံတွေနဲ့ အသံဖုံးစေခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ထပ်တူညီတဲ့လုပ်ရပ်မျိုး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်းလုပ်လာပါတယ်။

အပြစ်မဲ့ပြည်သူတို့အပေါ် လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်၊ ကလေးငယ်ကစ သက်ကြီး ရွယ်အိုအထိ ချမ်းသာမပေးဘဲ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာတွေကို ဖုံးအုပ်နိုင်ဖို့၊ ချွတ်ခြုံကျလာတဲ့စီးပွားရေးနဲ့ငွေကြေးဖောင်း
ပွမှုအောက်မှာ နေ့စဉ်နဲ့အမျှကြုံတွေ့လာနေရတဲ့ ကြီးမြင့်တဲ့ ကုန်စျေးနှုန်းရဲ့ ရိုက်ခတ်မှုအပေါ် ညည်းညူကြတဲ့ လူထုရဲ့အသံတွေကို ဖုံးအုပ်နိုင်ဖို့၊ အာဏာရှင်လက်အောက်မှာ ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ပတ်သက်ပြီး ညည်းညူကြတဲ့လူထုအသံကို ဖုံးအုပ်နိုင်ဖို့အတွက် ပွဲလမ်းသဘင် တွေကို အခါမလပ်စီစဉ်ကျင်းပနိုင်ရေး အာဏာ
သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အ
ပေါင်းအပါ တစ်သိုက်က စီမံလာပါတယ်။

အခုဆို ၁၂ ပွဲစျေးသည်တွေကို တင်ဆောင်ထားတဲ့ပင်လယ်ဓားပြလှေကြီးရန်ကုန်၊ မန္တ
လေးနဲ့တကွ အာဏာသိမ်း စစ်တပ်စိုးမိုးရာ အခြားသောနယ်မြေတချို့မှာ ခရီးပြင်းနှင်နေပါတယ်။ တစ်မြို့ပြီးတစ်မြို့၊ တစ်ရပ်ကွက်ပြီးတစ် ရပ်ကွက်၊တစ်နယ်ပြီးတစ်နယ် လွန်း
ထိုးကာ သွားလာနေပါတယ်။ ဒီလှေက သာ
မညောင်ညလှေ မဟုတ်ပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် အလောင်းစည်သူ မင်းမတရားကြီး မင်းအောင်လှိုင်ရဲ့ လက်ညှိုးညွှန်ရာပွဲဖြစ်စေ ဆိုတဲ့အမိန့်နဲ့ သွားလာနေတာပါ။
👍22❤6🤮2🖕2🤣1
အဲဒီပင်လယ်ဓားပြလှေကြီးဟာ တက္ကသိုလ်စိန်တင်ရဲ့ “အရပ်ထဲမှာ ရသမျှလူစု၍ ခြေမြှောက်လက်မြှောက် လုပ် တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ ပွဲကနိုင်လျှင် တော်ပြီ”ဆိုတဲ့စကားအတိုင်း အနုပညာပေမမီ၊ ဒေါက် မမီ၊ လူရွှင်တော်လိုလို၊ အဆို
တော်လိုလို၊ ဇာတ်ရူးလိုလို၊ နတ်ရူးလိုလိုတွေကို သူ့အပေါ်မှာတင်၊ ၁၂ ပွဲဈေးသည် တွေကိုတင်လို့ အာဏာရှင်အလိုကျ တစ်နယ်ပြီးတစ်နယ် ခြေဆန့်နေပါတယ်။ ရောက်ရာအရပ်၊ ရောက်ရာဒေသက လမ်းဆုံလမ်းခွတွေမှာ သံချောင်းတွေမြေမှာ အခိုင်အမာစိုက်လို့ အာဏာရှင်အလိုကျ အသုံးတော်ခံနေပါတယ်။ အဲဒီလှေကြီးခြေဆန့်ခရီးဆက်နိုင်ဖို့ ဆိုင်ရာရပ်ကွက်၊ မြို့နယ်၊ ခရိုင်စတဲ့အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးတွေက လက်ဆင့်
ကမ်းတာဝန်ယူပေးကြရပါတယ်။

ဒီလို ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ ပွဲတော်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလကနေ နောက်သုံးလအတွင်း မြို့နယ် ၁၄ ခုမှာ ပွဲ
တော်တွေ ဆက်တိုက်လုပ်ဖို့ အာဏာသိမ်းစစ်တပ်က အမိန့်ပေးထားပြီး တစ်မြို့နယ်ပြီး တစ်မြို့နယ် ဆက်တိုက်လုပ်သွားဖို့လည်း ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာပြန်ပါတယ်။

“ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ”ဆိုတဲ့ ရတနာပုံနန်းတွင်းအမိန့်အတိုင်းပဲ အခု လည်း ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ နေပူမရှောင်၊ မိုးရွာမရှောင်၊ နွေမရှောင်၊ မိုးမရှောင်၊ ဆောင်းမရှောင် ၁၂ ရာသီပွဲတော်ကြီးကို စီစဉ်ကျင်းပနိုင်ဖို့ ရပ်/ကျေးအုပ်ကြီးတွေနဲ့ မြို့နယ်၊ ခရိုင်အသီးသီးကအုပ်ကြီးတွေ အား ထုတ်နေကြပါတယ်။ သူတို့ခမျာ ရပ်ကွက်ထဲ မီးမလာတာ၊ ရေမရတာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အယ်လ်နီညို ကြောင့် သက်ရောက်လာမယ့်ဘေးအန္တရာယ်တွေအပေါ် အာရုံမစိုက်နိုင်ဘဲ အာဏာရှင်အလိုကျ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ ပွဲတော်တွေ စီရင်ကျင်းပနိုင်ရေးကိုသာအားစိုက်လုံးပမ်းနေကြရပါတယ်။

ဒီကာလ စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လထဲမှာတင် ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ပွဲတော်တွေကို လက်လှမ်း မီသလောက် လိုက်ကြည့်မယ်ဆိုရင် မြင်းခြံမြို့မှာ သုံးဆူဘုရားပွဲ၊ စစ်ကိုင်းမြို့မှာ ပတ္တမြားစေတီနဲ့ ထူပါရုံဘုရားပွဲ၊ ရွှေဘိုမြို့ မြို့ထောင့်စေတီပွဲ၊ အင်းစိန်မြို့နယ်ထဲမှာ တညင်းကုန်း၊ အောင်ဆန်း၊ ပေါက်တောဝတို့ရဲ့ လမ်းဆုံလမ်းခွနဲ့ လမ်းမတန်းကြီးတွေပေါ် ခင်းကျင်းတဲ့ပွဲ၊ ဗဟန်းမြို့
နယ် ဦးချစ်မောင်လမ်းပေါ်က ဆရာစံ
(တောင်)၊ (မြောက်)ပွဲ၊တာမွေမြို့နယ်ကျောက်
မြောင်း ကျားကွက်သစ်ပွဲ၊ မရမ်းကုန်းမြို့နယ်ထဲမှာ ကျိုက်ဝိုင်းဘုရားပွဲတွေ ကျင်းပခဲ့ကြပါ တယ်။

လာမယ့်ရက်ပိုင်းအတွင်း ပုစွန်တောင်မြို့နယ်ထဲက ရေကျော်မှာလည်း ပွဲတော်ထပ်မံကျင်း
ပဖို့ စတင်စီစဉ်နေပြီ ဖြစ်ပြီး မကွေးမြို့မှာလည်း မြသလွန်ဘုရားပွဲ‌တော်ကျင်းပဖို့ရှိသလို စစ်ကိုင်းက ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှု တော် ဘုရားပွဲတွေကိုလည်း လာမယ့်သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။အရင်ကတစ်နှစ်မှတစ်ခါသာရှားရှား
ပါးပါးကျင်းပလေ့ ရှိတဲ့ ဗဟန်းမြို့နယ် ဆရာစံ(တောင်)၊ (မြောက်) ဦးချစ်မောင်လမ်းပွဲ
တော်နဲ့ ပုစွန်တော် ရေကျော်ပွဲတော်တို့ဟာ အခုဆိုရင် တစ်နှစ်အတွင်း အနည်းဆုံး နှစ်ကြိမ် ကနေ သုံးကြိမ်အထိကျင်းပရတဲ့ ပွဲ
တော်တွေဖြစ်လာပါတယ်။

အာဏာရှင်အလိုကျထဲမှာ ပင်လယ်ဓားပြလှေကြီးနဲ့နယ်တကာလှည့်နေတဲ့ ၁၂ ပွဲစျေးသည်တွေအပြင် တီးမှုတ် ကခုန်ဆိုတဲ့ ဖျော်ဖြေရေးတွေဟာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ သူတို့ရဲ့ တာဝန်က တိုင်းပြည်ဟာ ပုံမှန် အခြေအနေပြန်ရောက်နေသယောင်ပုံဖော်ဝါဒဖြန့်ပေးဖို့ဖြစ်ပါတယ်။

ဒီအပိုင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံလိုက်ရတာကတော့ ပေါ်တာဆွဲကြမ်းနေတဲ့ မန္တလေးမြို့မှာ တလောက ဖျော်ဖြေပွဲ အကြီးအကျယ်လုပ်သွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ပွဲပါ။ ပြည်သူလူထု အတိဒုက္ခရောက်နေချိန် အာဏာရှင်အလိုကျ လိုက်ပါကပြဖျော်ဖြေမှုဟာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ရှိုးပွဲတွေ ဆက် လက်စီစဉ်နေတဲ့အကြောင်း၊ သီတင်းကျွတ်ကာလထဲမှာ ဖျော်ဖြေပွဲနှစ်ပွဲလုပ်သွားမယ့်အကြောင်းကို တစ်နေ့ကပဲ စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် လူမှုကွန်ရက်ကနေအားတက်သရောကြေညာသွားပြန်ပါတယ်။

ဒါဟာစိုင်းစိုင်းခမ်းလှိုင်တစ်ယောက်အာဏာ
ရှင်လက်အောက်မှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံ
တွေ့နေရတဲ့ လူထုပရိ သတ်အများစုဆီကနေ ကျောခိုင်းထွက်ခွာသွားနေတာဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေရှိလာပါတယ်။ ဒီဝေဖန် ထောက်ပြမှုတွေအပေါ် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် သတိမူမိမယ်တောင် မထင်ပါဘူး။ နောက်ထပ် နောက်ထပ် သောရှိုးပွဲများစွာအ
တွက်ပြင်ဆင် နေရလို့ အဲဒီဘက်ကို အာရုံမစိုက်နိုင်တာပါ။

ဒီခေတ်ဒီကာလ အာဏာရှင်အလိုကျပုံဖော်အားဖြည့်၊ ဝါဒဖြန့်ပေးမယ့် အနုပညာလော
ကသားကတော့စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်
တည်း မဟုတ်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်အ
လားတူတွေ၊ အေဘီစီမသိတဲ့လေးဖြူအလား
တူတွေ၊ Boycott နဲ့အတူတွဲကမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုအလားတူတွေဖြစ်တဲ့ အဖြူရောင်အနုပညာရှင် များစွာများစွာ ရှိနေပါ သေးတယ်။
👍20🖕4🤮3❤1🤣1
အာဏာရှင်မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာမှုတွေက ရပ်တန့်မသွားဘဲ တစ်နေ့ထက်တစ်နေ့တိုးလို့ ရှေ့ခရီး ဆက်နေသလို သူလက်ညှိုးညွှန်ရာပွဲဖြစ်စေတဲ့ ပင်လယ်ဓား
ပြလှေကြီးကလည်း ဖက်ခွက်စားတွေ၊ ၁၂ ပွဲစျေးသည် တွေကို သယ်ဆောင်ရင်း တစ်နယ်ပြီးတစ်နယ် အုပ်ကြီးတစ်ယောက်လက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်း ရင်း ရှေ့ခရီးကို ဆက်လျက်ရှိပါကြောင်း။ ။
👍21🤮4🖕4❤1🤣1
ရန်ကုန် နဲ့ မန္တ​လေးမြို့က ပွဲ​ဈေး​တွေ။
ဓါတ်ပုံ-လူထု​နွေဦး ၊CJ
🔥18🖕6👏2