ကုလမှာ လက်ရှိမြန်မာသံအမတ်ကြီးကို ဆက်လက်ထောက်ခံဖို့ ကန်လွှတ်တော်အမတ် ၆ဦး တောင်းဆို
အောက်တိုဘာ-၁၅၊ ၂၀၂၆။ People’s Spring
ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင် သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဆီမှာ အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းကို အစားထိုးခန့်အပ်ရေး ကြိုးပမ်းလာမယ့် အခြေအနေမတိုင်ခင်မှာ အမေရိကန်လွှတ်တော်အမတ်တွေက သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို စာရေးသားပေးပိုခဲ့တာပါ။
အောက်တိုဘာ ၁၄ရက် မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ စာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရုံးအနေနဲ့ ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဘယ်လိုကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီးတောက်လျှောက် ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိုယ်စားပြုမှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက််ကြောင့် ကုလသမဂ္ဂမှာ အပြောင်းအလဲမရှိဘဲ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်ရရှိရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရေးတို့နဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးရဲ့ စာမှာ ဖော်ပြပါတယ်။
ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက လက်ရှိဆိုင်းငံ့ထားမှုအပေါ် ဘယ်လိုပြောင်းလဲမှုမျိုးမဆို ပြုလုပ်ခြင်းက အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ၊ ခိုင်မာမှုတို့အပေါ် လက်တွေ့ကျကျ ခြိမ်းခြောက်လာစေမယ့် အန္တရာယ်များ ဖြစ်ပေါ်စေလိမ့်မယ်လို့ အဲဒီအမတ် ၆ဦးက သတိပေးထားပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ကို ကုလသမဂ္ဂမှာ မဲပေးခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေမှာ အီရန်နဲ့ တရုတ်တို့လို အမေရိကန်ရဲ့ ပြိုင်ဘက်တွေနဲ့ တတန်းတည်း ဆောင်ရွက်ခွင့်ပြုခြင်းက နိုင်ငံတကာကို မှားယွင်းတဲ့သတင်းစကား ဖြစ်စေလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ သံတမန်ရေးရာ အကာအကွယ်ရရှိရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လေယာဉ်ဆီရရှိရေးတို့အတွက် အဲဒီမိတ်ဖက်နိုင်ငံတွေအပေါ် မှီခိုနေရတာလို့ ထည့်သွင်းဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ မကြာသေးမီက ရွေးကောက်ပွဲလုပ်ငန်းစဥ်ဟာလည်း လက်နက်ကိုင်ပဋိပက္ခများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ နိုင်ငံရေးဆန့်ကျင်ဘက် အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းမှုများနဲ့ အဓိက ဒီမိုကရက်တစ်ပါတီကြီးများကို ဖယ်ထုတ်ထားမှုများအကြား ကျင်းပခဲ့ခြင်း ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အဲဒီရွေးကောက်ပွဲအခင်းအကျင်းဟာ အာဏာအကျပ်ကိုင်မှု၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အမိန့်များ ထုတ်ပြန်ကာ အာဏာကို ဆက်လက်ကျင့်သုံးနေတဲ့ စစ်အုပ်ချုပ်ရေးရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှု အပြောင်းအလဲပြုလုပ်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ ဒါမှမဟုတ် သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များကို ထင်ဟပ်ဖော်ပြနိုင်မှာ မဟုတ်တဲ့အပြင် အာဏာသိမ်းစစ်တပ်ကို သံတမန်အသိအမှတ်ပြုခြင်းက စစ်အာဏာရှင်စနစ်ကို ဆုချလိုက်သလို ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက သတိပေးထားပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း၊ ကိုယ်စားလှယ်စိစစ်ရေးကော်မတီရဲ့ အစဉ်အလာ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် လည်းကောင်း မြန်မာနိုင်ငံကိုယ်စားပြုမှုကို အရင်နှစ်တွေအတိုင်း ဆက်လက်ဆိုင်းငံ့ထားရေးကို ထောက်ခံဖို့ နဲ့ အမေရိကန်ရဲ့ သဘောထားရပ်တည်ချက်ကို ပြတ်သားရှင်းလင်းစွာ ဖော်ထုတ်ဖို့ အဲဒီအမတ်တွေက တိုက်တွန်းထားပါတယ်။

❤34👍13🥰3🤮2👏1🤣1🖕1
ဝန်းသိုမှာ စစ်တပ်က စစ်ရေးလှုပ်ရှားလာ
အောက်တိုဘာ-၁၅၊၂၀၂၆။အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကို ရောက်ရှိနေပြီး ဝန်းသိုအခြေစိုက် စစ်တပ်ရင်း ၂ခုကလည်း စစ်ရေးပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
အင်းတော်မြို့နယ်၊ မဲဇာရွာက အောက်တိုဘာ ၁၀ရက်က ထွက်လာတဲ့စစ်ကြောင်းဟာ ပါအောနဲ့ တပ်လွင်ကျေးရွာကို ရောက်ရှိပြီးတဲ့နောက် လက်ရှိမှာ ကျောက်တောရွာနဲ့ဆင်ကုန်းကျေးရွာကို ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မနက်ပိုင်းမှာ ပြောပါတယ်။
" စစ်ကြောင်းက ရှေ့ကိုဆက်တိုးလာတယ်။ လေယာဉ်လည်း မနေ့က လာပစ်သွားတယ်။ နောက်ပြီး ဝန်းသိုမြို့ထဲက တပ်တွေလည်း လှုပ်နေတယ်"လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
ဝန်းသိုမြို့မှာ စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ခမရ (၁၂၀) တပ်ရင်း ၂ခု ရှိပါတယ်။ အဲဒီတပ်ရင်း ၂ခုကို ပြီးခဲ့တဲ့ ဇူလိုင်ထဲမှာ စစ်တပ်က လေကြောင်းကအားအင်အားတွေဖြည့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ နဲ့ ၂၀၂၆ ဇန်နဝါရီက ဝန်းသိုနဲ့ကောလင်းမြို့ကြားတိုက်ပွဲတွေမှာ ခမရ(၁၁၁)နဲ့ခမရ (၁၂၀)တပ်ရင်းက ထွက်လာတဲ့ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့ စစ်ကြောင်းပျက်ခဲ့ဖူးပါတယ်။
လက်ရှိမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီးလေကြောင်းကနေလည်း ဗုံးကြဲနေတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာ ၁၄ရက်မှာ ဝန်းသိုမြို့နယ်က ထန်းတပင်ရွာကို ဗုံးကြဲသွားပါတယ်။
စစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက် ထိခိုက်မှုအခြေအနေကိုမသိရသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
ဒေသတွင်းမှာ စစ်တပ်က နယ်မြေရရှိရေးအတွက်ကြိုးစားနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကိုသတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ဝန်းသို့မြို့နယ်ကဒေသခံတွေကို ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

👍18🤬8🤣5❤3🔥3👏2👎1
ပုလောမြို့နယ်အတွင်း KNU တပ်မဟာ(၄)နဲ့ ပူးပေါင်းတပ်တွေရှိရာ စစ်တပ်စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်
▪️ဒေသခံတွေ ရေဘေးအပြင် စစ်ဘေးကြုံနေ၊ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီး
အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေရှိရာ စစ်တပ် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို စစ်တပ်လက်နက်ကြီးနဲ့ ပစ်လို့ ဒေသခံတွေ စစ်ရှောင်ရတာ၊ အဆောက်အအုံထိခိုက်ပျက်စီးတာ ရှိခဲ့ကြောင်း ဒေသခံ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ပုလောမြို့နယ် ပလောက်မြို့အနီး ဘုရင့်တောင်ကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၀ရက်က စတင်ပြီး ၃ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အသိပေးပါတယ်။
အောက်တိုဘာ ၁၄ရက်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာ ရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အမတ(၃၀၉)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်သလို စစ်ကြောင်းထိုးလာလို့ ဘုရင့်တောင်ရွာခံတွေ တိမ်းရှောင်နေကြရကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။
“အခြားအိမ်တွေလည်းထိခိုက်မှု ရှိနိုင်တယ်။ စစ်ကြောင်းက အဲဒီရွာကို ရောက်နေတော့ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာပေါ့” လို့ သတင်းရင်းမြစ်က ဘုရင့်တောင်ရွာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှု အခြေအနေကို ပြောပါတယ်။
ဘုရင့်တောင်ကျေးရွာကနေ စစ်ကြောင်းဆက်ထိုးလာရင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ကြောင်း ပြောပါတယ်။ အခု စစ်တပ် စစ်ကြောင်းထိုးနေတဲ့ ဒေသတွေဟာ ရေဘေးဒုက္ခရောက်နေတဲ့ ဒေသတွေဖြစ်ပြီး ပြန်လည်ထူထောင်ရေး အပြည့်အ၀ မလုပ်နိုင်သေးချိန် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“စစ်ကြောင်းထပ်ထိုးတော့ သူတို့ အခွင့်အရေးတခုလို့ ပြောရမှာပေါ့ ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်ကြောင်းလည်း သူတို့ထိုးတယ်။ ပြည်သူတွေရေဘေး နဲ့ ဒုက္ခရောက်ပြီးတော့ အခု နောက်တခါ စစ်ဘေး ရင်ဆိုင်နေရတာပေါ့။” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ စစ်တပ်ဟာ ပုလောမြို့နယ် ဆင်ထိုးကြီးရွာဘက်ကို စစ်ကြောင်းထိုးမယ်လို့ ယူဆထားပြီး ဆက်တိုးလာရင် တိုက်ပွဲဖြစ်နိုင်တယ်လို့ အသိပေးပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ သရက်ချောင်းမြို့ကနေ ဝင်း၀ဒေသဘက်ကို စစ်ကြောင်းထိုးနေသလို ပလောက်ကနေ ဘုရင့်တောင်ရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

👍20🤬10😁8❤2👎2👏2🔥1🥰1🎉1
ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်ကပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အပေါ် BRI ရှုတ်ချ
အောက်တိုဘာ-၁၅၊၂၀၂၆။People's Spring
အာဏာသိမ်းမြန်မာစစ်တပ်ကဘာသာရေး အ
ဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဆက်လက် လုပ်နေတာကို Burma Research Institute (BRI)က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ BRIက ထုတ်ပြန်ချက်နှစ်ခု ကြေညာခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မဟာစည်ကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်၊ ကချင်
ပြည်နယ်၊ ဗန်းမော်မြို့မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC)ရဲ့ ဘုရားကျောင်းကို မီးရှို့မှု ဖြစ်စဉ်တွေကို ရည်ညွှန်းထားခဲ့ပါတယ်။
ရွှေဘို မြို့နယ်၊ ဆိပ်ခွန်ရွာထဲက မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ မဟာစည်ကျောင်းတိုက်ကိုအောက်တိုဘာ ၁၁ ရက်
နေ့မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အ
ရပ်သား၂ ဦး သေဆုံးပြီး၈ ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်းBRIကဖော်ပြထားပါတယ်။ မန္တလေး တံတားဦး လေတပ်စခန်းက ပျံတက်လာတဲ့ တိုက်လေယာဉ်ဟာ မနက် ၁၁း၄၄ နာရီ ဝန်းကျင်ကစလို့ ကျောင်းတိုက်ကို သုံးကြိမ် ဗုံးကြဲခဲ့တာလို့ပြည်တွင်းသတင်းဌာနတွေကိုကိုးကားပြီးBRIကဖော်ပြပါတယ်။
ပြီးတော့ BRIမှာရှိတဲ့ KBC အဖွဲ့ဝင် ထင်နန်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကိုလည်း အာ
ဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီ ဝန်းကျင်မှာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အကြောင်း BRIက နောက်ထပ် ထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။မြေပြင်အခြေအနေကိုကောင်းကောင်း
သိတဲ့ သတင်းရင်းမြစ်တဦးကလည်း ဘုရားကျောင်းထဲ ဝင်မီးရှို့ခဲ့တာဟာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဆိတုာ အတည်ပြုထားပါတယ်။ ပြီးတော့ ဒေသတွက်းကချင်သတင်းဌာန-KNGကလည်း ခြေမြန်တပ်မ ၃၃ နဲ့ ၈၈ လက်အောက်ခံ တပ်တွေဟာ ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့နောက် ဘုရားကျောင်းနဲ့ အနီးတဝိုက်နေ
အိမ်တွေကို မီးရှို့ခဲ့တဲ့အကြောင်း ရေးသားထားကြောင်း BRI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘာသာရေး အဆောက်အအုံတွေကို တိုက်
ခိုက်ဖျက်ဆီးမှုတွေဟာစစ်တပ်ကအသားတကျ ကျူးလွန်တဲ့ ပုံစံတစ်မျိုး ဖြစ်လာနေတယ်လို့လည်း BRIကပြောပါတယ်။ စက်
တင်ဘာ ၂၃ ရက်နေ့တုန်းကလည်း ကချင်
ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာရှိတဲ့ နန့်မွန်းနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ဝတ်ပြုဆောင်မှာ စစ်တပ်က စစ်မှုထမ်း သင်တန်းဆင်းပွဲလုပ်ပြီး မူးရူးပျော်ပါး ကခုန်တာမျိုးတွေ လုပ်နေခဲ့ကြောင်း BRIက ဆိုပါတယ်။
BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် ဇိုတွမ်မှုန်က
တော့ မဟာစည်ကျောင်းတိုက် ဗုံးကြဲခဲ့ရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်နက်ကိုင် ပဋိ
ပက္ခအတွင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်ပေးတဲ့ ၁၉၅၄ ခုနှစ် ဟိဂ်ကွန်ဗန်းရှင်းသဘောတူညီမှုကိုစစ်တပ်ကပေါ်ပေါ်ထင်ထင် ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ပြီးတော့အခုလိုလုပ်ရပ်မျိုးကို အမေရိကန် အစိုးရက အတိအလင်း ရှုတ်ချပြီး စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ကချင်ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုတွေကို အာဏာသိမ်း စစ်တပ်ကတိုးမြှင့် လုပ်
ဆောင်လာတာနဲ့ ပတ်သက်လို့လည်း အထူးစိုးရိမ်သင့်ကြောင်း အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ
ဆမ်ဘရောင်းဘက်ခ်က ပြောကြားခဲ့ပါတယ်။ သူက မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေအတွက် အမေရိကန်က မားမားမတ်မတ် ရပ်တည်ပေးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
လုံခြုံရေးအရ နာမည်မဖော်တဲ့ KBC အသင်းတော် ခေါင်းဆောင်တစ်ဦးကလည်း စစ်တပ်ဟာကချင်ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့ BRIဆီ မှတ်ချက်ပေးခဲ့ပါတယ်။
အခုဖြစ်စဉ် နှစ်ခုကို အကြောင်းပြုပြီး စစ်
တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးဖို့၊ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အဆောက်
အအုံတွေကို ကာကွယ်ဖို့၊ ဘာသာရေး လွတ်
လပ်ခွင့် ခိုင်မာစေဖို့ နိုင်ငံတကာ အသိုက်
အဝန်း အနေနဲ့ ပိုမိုတွန်းအားပေး ဆောင်ရွက်သင့်ကြောင်းလည်း BRIရဲ့ ထုတ်ပြန်ချက်တွေမှာ တောင်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဒီဇင်ဘာလအထိ စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းနဲ့ အဆောက်အအုံပေါင်း ၃၄၃ ခုကိုဖျက်ဆီးခဲ့တယ်လို့ BRI ရဲ့သုတေသနအချက်အလက်တွေမှာဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာပဲခရစ်ယာန်ဘာသာရေးဆရာ ၁၄၉ ဦးကိုသတ်ဖြတ်ပြီး ၂၁၈ ဦးကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။
ကိုးကား-BRI

👍38❤7🤬2🤣2🥰1💩1🖕1
သာသနိကအဆောက်အအုံတွေ စစ်တပ်ဗုံး
ကြဲမှုအပေါ် မဟနဆရာတော်တွေ ဆုံးမပေးဖို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစု တောင်းဆို
အောက်တိုဘာ-၁၅၊၂၀၂၆။ ဇေအောင်/People's Spring
ဘာသာရေးဆိုင်ရာ သာသနိကအဆောက်
အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်
ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ၁၅ ရက်မှာအသိပေး လျှောက်
ထားလိုက်ပါတယ်။
စစ်တပ်ဟာ လတ်တလောမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် တော်သလင်းလကွယ်နေ့က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည် ကျောင်းတော်ကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာကိုလည်း ဆရာတော်ဘုရားများသိမြင်ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာ
ပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးဟာ ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်ကစပြီး ဝိပဿနာတရားပြသတော်မူခဲ့တာဖြစ်ပြီး တရားပြသခါနီးမှာ ကျောင်းမှာရှိတဲ့ စည်
တော်ကြီးကို တီးခတ်ပြသလေ့ရှိတာကြောင့် မဟာစည်ဆရာတော်လို့ စတင်နာမ တွင်ခဲ့တာဖြစ်ပါတယ်။
ဆိပ်ခွန် မဟာစည်ကျောင်းဟာ ပဋိပတ္တိဌာနတစ်ခုအနေနဲ့ ဂုဏ်သိက္ခာကြီးမားစွာရပ်တည်ခဲ့တဲ့ ကျောင်းတော်ဖြစ်တဲ့အပြင် လတ်တ
လော မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်ဖြစ်တာကြောင့်တော်လှန်ရေးနဲ့ တစုံတရာပတ်
သက်မှုမရှိဘဲ ဝိပဿနာဓုရသန့်သန့်နဲ့ သာသနာ့ဝန်ကို ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တာကိုလည်း ဆရာတော်ဘုရားများသိတော်မူကြပြီး ဖြစ်ပါလျက် ယခုကဲ့သို့ ဗုံးကြဲဖျက်ဆီးတဲ့အပေါ် အရှင်ဘုရားများအဘယ်ကြောင့် နှုတ်
ဆိတ်နေတော်မူကြပါသလဲဆိုပြီး စစ်ကိုင်း
တိုင်းဒေသ သပိတ်အင်အားစုက မေးမြန်းလျှောက်တင်ထားပါတယ်။
"ဆက်ပြီး နူတ်ဆိတ်နေမယ်ဆိုလို့ရှိရင် စစ်
တပ်ကနေ ပိုပြီးရဲတင်းပြီးတော့ ပိုပြီးတော့ ရက်စက်ယုတ်မာလာနိုင်တယ်ဆိုတဲ့ အနေအ
ထားမျိုး ရှိပါတယ်။ ဆွဲလွဲအိုဖြစ်စဥ်မှာဆိုလည်း ကြည့်လိုက်မယ်ဆိုရင် ဥပုသ်ဆောက်
တည်နေကြတဲ့ ဥပုသ်နေ့မှာ သံဃာတော်တွေရှိနေတယ်။ ပြည်သူတွေ ဥပုသ်သီလယူနေတဲ့အချိန်မှာ ကြဲတာ ဖြစ်တဲ့အတွက် ဒါမျိုးကိုတောင် မရှောင်ဘဲနဲ့ ပြည်သူလူထုကို အကြောက်တရားသွင်းတာဖြစ်တယ်။ အဲဒီတော့ ဗုဒ္ဓတရားတော်နဲ့အညီလည်းမဟုတ်ဘူး။ တရားတော်နဲ့ သွေဖယ်နေပြီးတော့ လုပ်နေတဲ့ကိစ္စတွေကို ဆရာတော်ကြီးတွေအနေနဲ့ ဆက်ပြီး နူတ်ဆိတ်နေမယ်ဆိုလို့ရှိရင် ဒီအာ
ဏာရူးမင်းအောင်လှိုင်က ပိုပြီးတော့ ရဲတင်းပြီးတော့ ရက်စက်ယုတ်မာနေဦးမှာ ဖြစ်ပါတယ်"လို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ မဟာစည်ကျောင်း
တိုက်၊ ဆိပ်ခွန် ကဲ့သို့ ထင်ရှားကျော်ကြားတဲ့ ကျောင်းတိုက်တွေကိုသာမက မထင်မရှားကျေးလက်မှာ သာသနာပြုနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာ ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုရွာ ဇေဋ္ဌဝါဒီဘုန်း
တော်ကြီးကျောင်း (၇) ရက် တရားစခန်း၊ ချောင်းဦးမြို့နယ် ပန်းလှတောရကျောင်း၊ ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာဘုန်းတော်ကြီးကျောင်းစတဲ့ ကျေးလက်ဒေသဘုန်းတော်ကြီးကျောင်းတွေကိုပါ မကြာခဏဗုံးကြဲဖျက်ဆီးနေပြီး ဘုန်းတော်ကြီးတွေ၊ ရဟန်း/သာမဏေတွေ၊ တရားစခန်းဝင် ယော
ဂီတွေနဲ့ ဥပုသ်သည်တွေ ပျံလွန်တော်မူသေ
ဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ တရားစခန်းဝင်၊ ဥပုသ်
သီတင်းဆောက်တည်ပြီး အလှူဒါနပြုရာ ဘုန်းတော်ကြီးကျောင်းတွေကို ဦးတည်ပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးနေတဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ရာ ဘုရားတပည့်တော်တို့ နိုင်ငံအတွက် လွန်စွာထိတ်လန့်အံ့ဩ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းတော်ကြီးကျောင်းဆိုတာဟာ ငြိမ်းချမ်းခြင်း အေးချမ်းခြင်းတို့ကို ပေးစွမ်းနိုင်တဲ့ နေရာဖြစ်ရုံသာမက အတူတကွစုပေါင်းပြီး ဒါနမျိုးစေ့ကြဲချစိုက်ပျိုးရာ၊ သီလဆောက်
တည်ရာ၊ တရားဘာဝနာပွားများရာ နေရာဖြစ်တဲ့အပြင် ရွာသူရွာသား ဒါယကာ ဒါယိကာမတွေအတွက် ပစ္စုပ္ပန် သံသရာ အကျိုး (၂) ဖြာအတွက် ဆုံးမပဲ့ပြင်ပေးရာ ကျောင်းတော်များ ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသသပိတ်အင်
အားစုက အသိပေးပါတယ်။
အခုလို ဘုန်းတော်ကြီးကျောင်းတွေကို ရည်
ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ လုပ်ရပ်တွေဟာ ဗုဒ္ဓအဆုံးအမတော်နဲ့အညီ ကျင့်ကြံအားထုတ်နေကြတဲ့ရဟန်း၊ သာမ
ဏေတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ယုတ်
မာမှုဖြစ်ရုံသာမက သာသနိကအဆောက်အ
ဦးတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ဒါနသီလဘာဝနာ ကု
သိုလ်ပြုမှုတွေကို ဖိနှိပ်နင်းချေတာ၊ ပုညန္တရာယ် ဓမ္မန္တရာယ်အမှုဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်
အားစုက ထောက်ပြပါတယ်။

🤣18👍4🔥4🥰3😁1🤬1🖕1
ဒါ့ကြောင့် စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့လုပ်ရပ်အပေါ် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘုရားကြီးတွေအနေနဲ့ အရှင်ဘုရားတို့ ဝတ္တ
ရားရှိတာနဲ့အညီအပြစ်မဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ သာသနိကနယ်မြေတွေကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်စေရေးအတွက် စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့၊ ဗုဒ္ဓဘာသာရဲ့ သာသနာ့နယ်မြေတွေနဲ့ ဥပုသ်သီလ ဆောက်တည်နေသူတွေရဲ့ လုံခြုံရေးအတွက် ထိရောက်စွာ အသံထုတ်ပြန် ပေးဖို့၊ ဘုရား၊ ကျောင်း၊ ကန့်သတ်နယ်
မြေတွေကို စစ်ပွဲအတွင်း ပစ်မှတ်မထားရေးအတွက် လိုအပ်တဲ့မေတ္တာရပ်ခံ တားဆီးမှုတွေကို အရှင်ဘုရားတို့ရဲ့ မေတ္တာဓာတ်နဲ့ ရှေ့တန်းကနေ ရပ်တည် ဆောင်ရွက်ပေးဖို့ဆိုပြီး အချက် ၃ ချက်ကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လျှောက်တင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုနဲ့ မုံရွာခရိုင်ထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေတာပါ။
အောက်တိုဘာ ၁၁ရက်မှာ ဆိပ်ခွန်ရွာက မ
ဟာစည်ဘုန်းကြီး ကျောင်း၊တရားစခန်း ဗုံး
ကြဲခံရမှုမှာ ပြည်သူ ၂ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီနှစ်ဝါတွင်းကာလမှာပဲသြဂုတ်၂၁ရက်ဥပုသ်
နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

🤣18👍8🔥7😢3❤1👏1🤬1🖕1
မဟာစည်ကျောင်းတိုက်အား အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ် ဓါတ်ပုံံ-ရွှေဘိုမြို့နယ် သပိတ်အင်အားစု
🤬41👎4👍2🔥2👏2🤣2💔2⚡1🎉1
ကျောက်တော်ကြီးဘုရားပွဲမှာ လူငယ် ၃ ဦး ပေါ်တာဆွဲခံရ
အောက်တိုဘာ ၁၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
" တစ်ယောက်ကို သိန်း ၃၀တောင်းတယ်ကြားတယ်။ ပြန်လွတ်လား မလွတ်လားတော့ မသိပါဘူး"လို့ Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။
ဖမ်းဆီးခံရသူ လူငယ် ၃ ဦးအနက် ၁ဦးက ပြောက်ကျားအင်္ကျီ ဝတ်ဆင်ထားကာ ကျန် ၂ ဦးကတော့ တီရှပ်ဝတ်ဆင်ထားတယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ကျောက်တော်ကြီးပွဲတော်ဟာ မန္တလေးတောင်ခြေမှာရှိပြီး ပွဲတော်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်က ကင်းစခန်းဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ပေါ်တာဆွဲနေတဲ့အပြင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲနှိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေရဲ့ သားတွေကတော့ ကင်းလွတ်ခွင့် ရရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ တိုင်းပြည်အေးချမ်းနေသယောင်ပုံရိပ်တည်ဆောက်ဖို့ ဘုရားပွဲတော်တွေကို မဖြစ်မနေလုပ်ခိုင်းနေပြီး ပွဲတော်လာလူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

😁27🖕9👎6🔥4👏2👍1🤣1
NCA အပေါ် လူထုယုံကြည်မှုလျော့နည်းဟု စစ်ကောင်စီကျင်းပတဲ့ (၁၁)နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ RCSS ပြော
အောက်တိုဘာ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring
တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
NCA စာချုပ်အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ပါက စာချုပ်ကို အပြည့်အ၀ အကောင်အထည် ဖောင်နိုင်ခြင်းမရှိဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေတာလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို့ NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆို့မှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
အတိတ်ကာလမှာ ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံကတိကဝတ်တွေ လျစ်လျူရှု၊ ဖယ်ကြဉ်ထားခံခဲ့ရလို့ ပြည်ထောင်စုကို စုပေါင်း တည်ဆောက်ခဲ့ကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်နဲ့ ပြည်မ ခေါင်းဆောင်တွေအကြား ယုံကြည်မှုတွေ ပျက်သုဉ်းခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တာကို သတိချပ်သင့် ကြောင်းလည်း သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေး ရရှိလိုသည့် နိုင်ငံရေးဆန္ဒ၊ ဖြေလျှော့မှုများ ၊တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စတာတွေ အပေါ် အခြေခံ ဆောင်ရွက်ဖို့လည်း RCSS က တိုက်တွန်းပါတယ်။
RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
NCAစာချုပ်မှာ ပါဝင်ခဲ့တဲ့အဖွဲကတွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပျယ်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်တပ်နဲ့ဆွေးနွေးမှုမရှိဘဲ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါ့အပြင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူအဖွဲ့(LDU)၊ ရက္ခိုင် (ALP) စတဲ့အဖွဲ့တွေဟာလည်း စစ်အာဏာရှင်ကို လက်မခံတဲ့အဖွဲ့၊ လက်ခံတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွင်း အကွဲအပြဲတွေ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ KNU၊ CNFအဖွဲ့တွေရယ်၊ NCA လက်မှတ်မထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို စစ်ရေးနိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုပူးပေါင်းတိုက်ခိုက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းထားပါတယ်။ SCEF အနေနဲ့ နောက်ထပ် အဖွဲ့ဝင်အသစ်တွေ ပါဝင်ရေးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ချေမှုန်းနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။

🤣26👍22🔥2👎1🥰1👏1
တရုတ်ရဲ့နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့နေရာကနေရိုက်ထားတဲ့ Blind Box ရုပ်ရှင်ကို တရုတ်က ကန့်ကွက်လို့ ရုံတင်ရက်ရွှေ့ဆိုင်း
အောက်တိုဘာ-၁၅၊ ၂၀၂၆။မေရီ/People's Spring
တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ဇာတ်ကောင်နေရာကနေထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ရုပ်ရှင် တရုတ်ရဲ့ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာရွှေ့ဆိုင်းလိုက်ရကြောင်း ရုပ်ရှင်လော
ကသားအချို့က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ့် မြန်မာ သရဲရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Blind Box ဇာတ်
ကားကို ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်လုပ်ရေးဘက်က ရုံမတင်ခင် တစ်ရက်အလိုမှာ အသိပေးကြေညာခဲ့ပါတယ်။
ထုတ်လုပ်ရေးဘက်က မမျှော်လင့်ဘဲ ကြုံ
တွေ့ရတဲ့အခက်အခဲအချို့ကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့သာ အသိပေးခဲ့ပါတယ်။ သို့သော် အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ Blind Box အရုပ်ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ စုဆောင်းအရုပ်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အတွင်း ယင်းအရုပ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားခြင်းကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာဖြစ်
ကြောင်း ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။
တရုတ်ကုမ္ပဏီတစ်ခုက ယင်းရုပ်ရှင်နဲ့ ပတ်
သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံးက မြန်မာဘက်သို့ အကြောင်းကြားခဲ့
ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြောဆိုပြီးနောက် ရုပ်ရှင်ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံရုပ်ရုင်အစည်းအရုံးတို့ ညှိနှိုင်းမှုကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။
Blind Box – ဘလိုင်းဘောက်ရုပ်ရှင်ဟာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က ရိုက်ကူးထားပြီး နေဝင်း၊ ပိုးမမှီသာ၊ မင်းဦး၊ အကယ်ဒမီ ချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်နဲ့ သားချောတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အလားတူ မနက်ဖြန်မှာရုံတင်မယ့် ဒါရိုက်တာဝိုင်းရဲ့ ပိုးဖလံမျိုးမို့ ရုပ်ရှင်မှာလည်း မင်း
သမီးမိုးဟေကိုရဲ့ ဘွဲ့ဝတ်စုံအလွဲကြောင့် အဲဒီအခန်းကို ဖြတ်ထုတ်လိုက်ရကြောင်း သိရပါတယ်။
Blind Box ရုပ်ရှင်ထဲက အရုပ်ဟာ Labubu (လာဘူဘူ) အရုပ်ဖြစ်ပြီး လက်ရှိ ကမ္ဘာတစ်ဝန်းနဲ့ မြန်မာနိုင်ငံမှာပါ လူကြိုက်များ ရေပန်းစားနေပါတယ်။ Labubu (လာဘူဘူ) အရုပ်တွေဟာ ဟောင်ကောင်အခြေစိုက် ကာတွန်းဆရာနဲ့ အရုပ်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Kasing Lungက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ နာမည်ကြီး တရုတ်ဒီဇိုင်နာ အရုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Pop Mart နဲ့ လက်တွဲပြီး Blind Box ပုံစံတွေနဲ့ အရုပ်အဖြစ် စတင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့နာမည်ကြီး Blind Box အရုပ်တွေကို အဓိကထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကတော့ POP MART International Group ဖြစ်ပါတယ်။သူတို့ရဲ့ အောင်မြင်မှုအကြီးမားဆုံးကတော့ Labubu အရုပ်ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအစီရင်
ခံစာအရ စုစုပေါင်းဝင်ငွေဟာ ယွမ် ၃၇.၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၈၅ ရာခိုင်
နှုန်းခန့်အထိ တိုးလာခဲ့ပါတယ်။အခွန် နဲ့ကုန်
ကျစရိတ်တွေနှုတ်ပြီးကုမ္ပဏီအသားတင်
အမြတ်ကယွမ် ၁၂.၇၈ဘီလီယံ (ဒေါ်လာ ၁.၈၅ ဘီလီယံခန့်) ရှိခဲ့ပါတယ်။ အထူးသဖြင့် Labubu ပါဝင်တဲ့The Monstersအရုပ်အမျိုးအစားတစ်ခုတည်းက ဝင်ငွေ ယွမ် ၁၄.၁၆ ဘီလီယံရရှိခဲ့တယ်လို့ ဈေးကွက်သုတေသနအချက်အလက်တွေအရ သိရပါတယ် ။

🤣46❤7😁5👍3👎2