People's Spring
✔
59.7K subscribers
72.1K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ရန်ကုန်မြို့ လမ်း​ဘေး​တနေရာမှာ တွေ့ရတဲ့ ခွေး​တစ်ကောင် ။ ဓါတ်ပုံ-​​အေအက်စ်)
👍28❤14🤣3🥰1
စစ်ကိုင်းမှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာကို ဆွဲချပြီး ပေါ်တာဆွဲ

အောက်တိုဘာ ၇၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၆ ရက် မနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့၊ ဆွမ်းချပ်ရပ်၊ ကောင်းမှုတော်ဘုရားအနီးက ရထားသံလမ်းမှာ မြစ်ကြီးနားမြို့ကနေ ကုန်ပို့ပြီးဆင်းလာတဲ့ ကုန်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ကားပေါ်ပါ ယာဥ်နောက်လိုက် ကိုမင်းထိုက်ဆိုသူကို စစ်တ​ပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကားဆရာနဲ့ ကားပိုင်ရှင်အုံနာက ငြိမ်းချမ်းရေးကွန်ရက် ဆရာတော်ဆိုသူထံ အကူအညီသွားတောင်းကာ ပြောပြခဲ့ပါတယ်။

"ဂိတ်မှာတားလို့ဆိုပြီး တပည့်တော်တို့က ဆင်းလိုက်တာ။မှတ်ပုံတင်စစ်ပြီး တခါတည်း ခေါ်လိုက်တာ။ ဘာမှကိုပြောလို့ မရဘူး။ တပည့်တော်ပြောတာကို မင်းဘာမှမပြောနဲ့ ပြောရင် မင်းပါ ပါမှာနော်တဲ့"လို့ ကားဆရာက ပြောပါတယ်။

အဲဒီနောက် ယာဥ်နောက်လိုက်လူငယ်ကို ဖမ်းခေါ်ထားလိုက်ပြီးမှ ကားကို ခရီးဆက်ခွင့်ပြုခဲ့ကြောင်း ကားဆရာက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က မြို့နေရာအနှံ ပေါ်တာပတ်ဆွဲနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူတာတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"သံလမ်းကွေ့နားက နေ့တိုင်းဆွဲခေါ်နေတာ။ ပိုက်ဆံနဲ့ရွေးရပါတယ်။ တစ်ယောက်ကိုသိန်း၁၀၀၊ သိန်း၂၀၀ထိပေးရပါတယ်။ စစ်မှု့ထမ်းဖို့ခေါ်တာမဟုတ်ဘဲ ပြန်ပေးဆွဲငွေတောင်းတဲ့သဘောရောက်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာလမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ရုပ်သံ-ငြိမ်းချမ်းရေးကွန်ရက်


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်ကိုင်းပေါ်တာဆွဲမှု #မတရားဖမ်းဆီးမှု #မကင်းရာမကင်းကြောင်း #စစ်ကိုင်းတိုင်းသတင်း #စစ်အာဏာသိမ်းမှု #မြန်မာ့သတင်း #SagaingForcedRecruitment #ForcedConscription #SagaingRegion #HumanRightsViolations #MyanmarCrisis #MyanmarNews
🤬30❤11👎4🤮3👍1👏1🤣1
Media is too big
VIEW IN TELEGRAM
👍29🤮4❤3👎1🔥1👏1🤣1😭1
မြိုင်မြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

အောက်တိုဘာ ၇၊၂၀၂၆။သုည/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Our Ambassador - Our Voice" ၊ "Our UN Ambassador H.E Kyaw Moe Tun, True Voice of Myanmar" ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး ကုလသမဂ္ဂ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိစေရေးအတွက် ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
🥰20❤7👍4🤮2🤣2🖕2👏1🫡1
ဓာတ်ပုံ - မြိုင်မြို့နယ်လူထုသပိတ်
❤41👏4🥰3😁2🤣2🤮1🖕1🫡1
ဗန်းမော်နဲ့ မိုးမိတ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

အောက်တိုဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အင်အားတစ်ထောင်ကျော်လောက် ဖြည့်ထားနိုင်တဲ့ ဗန်းမော်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကစပြီး မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေပြီး ဒီကနေ့မှာတော့ ဗန်းမော်တက္ကသိုလ်နားမှာ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

“ဗန်းမော်တက္ကသိုလ်ဘက်မှာကတော့ ကျနော်တို့ရှေ့ဆက်တိုးတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က လတ်တလော ဗန်းမော်မြို့အခြေအနေကို ပြောပြပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီ မထိုးမီက စစ်တပ်က ဗန်းမော်တက္ကသိုလ်အနီး တိုက်ပွဲကို လေကြောင်းပစ်ကူပေး တိုက်ခိုက်ဗုံးကြဲခဲ့တာရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ တိုက်လေယာဥ်နဲ့ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမိတ်ဘက်မှာလည်း တိုက်ပွဲ ဆက်ရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မိုးမိတ်မြို့ကနေ မဘိမ်းကိုသွားတဲ့ ကြားထဲမှာ မြစ်ဆုံဆိုတာရှိတယ်။ မိုးမိတ်ကနေ မြစ်ဆုံ - မဘိမ်းဘက်ကို သွားတဲ့ လမ်းကြောဘက်မှာ ရန်သူက ဆက်ပြီးမှ ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ၇မိုင်ဆိုတဲ့ ရွာထဲမှာ အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းအချို့ကို စက်တင်ဘာ လကုန်ပိုင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က မိုးမိတ်ကို ကားတွေနဲ့ စစ်အင်အား ၁ထောင်ခန့် ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းက တိုက်ပွဲတွေရှိခဲ့တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၊ ခေါင်လန်ဖူးမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနေအထားဖြစ်ပြီးခေါင်လန်ဖူးဘက်မှာ စစ်တပ်က ရိက္ခာခဲယမ်း ဖြည့်တင်းတာတွေ လေကြောင်းက ပြုလုပ်နေတာရှိတယ်လို့ အသိပေးပါတယ်။
👍33❤12👏6🫡2👎1🥰1🤣1
(ကချင်ပြည်နယ် တနေရာမှာ KIAပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda)
❤42🫡4🤣2🖕2👍1🥰1👏1🤮1
စစ်တပ်က ခေါင်လန်ဖူးရှိ ရှေ့တန်းစစ်ကြောင်းတွေကို လေကြောင်းက ရိက္ခာခဲယမ်းချပေး

အောက်တိုဘာ ၇ရက်၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ပူးပေါင်းစစ်ကြောင်းတွေကို စစ်တပ်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ်ဒေသရှိ စစ်တပ်ရဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို KIA ပူးပေါင်းတပ်က စက်တင်ဘာ တတိယပတ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ကလည်း အဲဒီ စခန်းပြန်ရရေး တန်ပြန်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လတ်တလော ခေါင်လန်ဖူးဒေသ တိုက်ပွဲအခြေအနေဟာ နှစ်ဖက်ဆိုင်ထားဆဲဖြစ်ပြီး စစ်တပ်ဘက်က လေယာဉ်နဲ့ ရိက္ခာခဲယမ်းချပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပူတာအိုကနေ ထောက်ပို့လေယာဉ်နဲ့ ပျံသန်းပြီးမှ လောလောဆယ် ရင်ဆိုင်ထားတဲ့ ကျနော်တို့ သိမ်းပိုက်ထားတဲ့ အမတ်ပေါ်ဒေသရဲ့ ချောင်းဖျားဘက်မှာ သူတို့ရဲ့ စစ်ကြောင်းရှိတဲ့ဘက်ကို သူတို့က ရိက္ခာထုပ်နဲ့ ခဲယမ်းတွေချတာ သုံးကြိမ်လောက်ရှိပါပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့တဲ့ တပတ်အတွင်း လေယာဉ်ကနေ ရိက္ခာခဲယမ်းချပေးတဲ့ အခြေအနေကို ပြောပြပါတယ်။

လတ်တလောမှာ စစ်တပ်အနေနဲ့ ရဟတ်ယာဉ်ကွင်း အသိမ်းခံထားရတာကြောင့် ရဟတ်ယာဉ်နဲ့ စစ်အင်အားပို့နိုင်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။

" အနီးပတ်ဝန်းကျင်မှာလည်း ရဟတ်ယာဉ်ကွင်းမရှိဘူး။ ရဟတ်ယာဉ်ကွင်းရှိတာဆိုလို့ ပြည်သူ့စစ်ဌာနချုပ် ရှိန်းခေါင်ရယ် ခေါင်လန်ဖူးရယ် ဒီနှစ်ခုပဲရှိတော့တယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေရာကို လူအင်အား တိုက်ရိုက်ရဟတ်ယာဉ်နဲ့ ပို့ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ လောလောဆယ်အခြေအနေ သူတို့ရဲ့ ရိက္ခာထုပ်နဲ့ခဲယမ်းထုပ်တွေ ချတဲ့အခြေအနေကို ကြည့်လို့ရှိရင် ဒီလေယာဉ်ကွင်းဘက်ကို သူတို့ နောက်ထပ် တဖန် တန်ပြန်စစ်ဆင်ရေးပုံစံမျိုး လုပ်လာနိုင်တဲ့ အခြေအနေ အနည်းအကျဉ်းတွေ့ရတာဖြစ်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု တိုက်ပွဲဖြစ်ရာဒေသတွေမှာ ကျေးရွာတွေမရှိဘဲ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်လို့ စစ်တပ်တွေအနေနဲ့ လေယာဉ်က ချပေးတဲ့ ရိက္ခာသာရှိတယ်လို့လည်း ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဇူလိုင်လအတွင်းက နယ်ခြားမှတ်တိုင် (၃၀)ပေါ်က စစ်တပ်စခန်းအချို့ သိမ်းရသလို စက်တင်ဘာလမှာလည်း ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို သိမ်းရခဲ့တာပါ။

ခေါင်လန်ဖူးဒေသ တိုက်ပွဲမှာ စစ်တပ်ဟာ နယ်မြေခံ ပြည်သူ့စစ်တွေကို ရှေ့တန်းကထား တိုက်ခိုက်ခိုင်းနေလို့ တိုက်ပွဲတွေမှာ ပြည်သူ့စစ်တွေ သေဆုံးထိခိုက်များပြားနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။
👍24❤5😁4👏3🤬3👎2🎉1🫡1
👍17❤4👎1👏1🤬1🤩1🤮1
မိုးဗြဲမြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီးနောက် လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွား

အောက်တိုဘာ-၇၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အထိနာပြီးနောက် လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၇ ရက်) မနက်ပိုင်းက မိုးဗြဲမြို့ အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"လွယ်ဝိုင်းဘက်မှာဖြစ်တာ။စစ်ကြောင်းက မိုး‌ဗြဲမြို့ထဲ ပြန်ဆုတ်သွားရတယ်"လို့ တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ‌လူထုနွေဦးကို ရှင်းပြပါတယ်။

တိုက်ပွဲတွင်း စစ်တပ်က လေယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်း သူက အသိပေးပါတယ်။

စစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်း လွယ်ဝိုင်းနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

"လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ"လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် မိုးဗြဲမြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ လေးလအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ငါးကြိမ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုတွေကြောင့် မိုးဗြဲ မြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။ဒီကနေ့ မနက်ပိုင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း မိုးဗြဲ PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
❤36👍7👎2😁2👏1🖕1🫡1
(ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေတဲ့ လွိုင်ကော် PDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- Loikaw PDF)
❤36👏6😁3👍2🥰1🤮1🖕1🫡1
မိုးမိတ် - မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေ

အောက်တိုဘာ ၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring

မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်အနီးမှာ ဒီကနေ့အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတာပါ။

" မြို့နားမှာ ပစ်ခတ်သံတွေမကြားရတော့ဘဲ ၇မိုင်ဘက်ကို ရောက်သွားပြီ။ လက်နက်ကြီးပစ်ခတ်သံတွေကိုတော့ မြို့ထဲကနေကြားနေရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့ဟာ မိုင် ၃၀နီးပါး ကွာဝေးပြီး နယ်မြေချင်းဆက်စပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့၊ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ KIA ပူးပေါင်းတပ် တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အောက်တိုဘာ ၁ရက်မှာ‌တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး - မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်း ပို့ဆောင်ခဲ့ပါတယ်။ ပို့‌လိုက်တဲ့ စစ်အင်အားတွေကို မြို့အနှံ့ နေရာချထားတယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လတ်တလော ဒေသတွင်း စစ်ရေးအခြေအနေကြောင့် မိုးမိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကိုလည်း အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ KIAကအောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
👍39❤9👏2🤣2👎1🔥1🥰1🖕1
(၂၀၂၄ ဇူလိုင် ၃၁ ရက်မှာ မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး တွေ့ရတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MDY PDF)
👍35🥰9🤣4🫡3❤2❤‍🔥2👏1🤮1🖕1
အာဏာသိမ်းစစ်အုပ်စုကို လက်မခံငြင်းပယ်ဖို့ ကုလနဲ့ နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တောင်းဆို

▪️စစ်အုပ်စုဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်မဖြစ်နိုင်ဘူးလို့ ပြော

အောက်တိုဘာ-၇၊ ၂၀၂၆။ People’s Spring

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာဏာသိမ်းမြန်မာစစ်အုပ်စုကို လက်မခံငြင်းပယ်ရေးအပါအဝင် အချက် ၃ချက်ကို အရေးတကြီး အရေးတယူလုပ်ဆောင်ပေးဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးတို့အတွက် တာဝန်ပေးအပ်ခံထားရတဲ့ အဓိကအင်္ဂါအဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အသိုက်အဝန်းတို့အနေနဲ့ စစ်အုပ်စုကို လက်မခံ ငြင်းပယ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်တဲ့ တရားခံများကို တာဝန်ခံစေရေးနဲ့ မြန်မာပြည်သူများမှ တရားမျှတမှု၊ လူသား ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့ကို ဖော်ဆောင်ရာမှာ မားမားမတ်မတ် ရပ်တည်ပေးရေး စတဲ့ အချက် (၃) ချက်ကို အရေးတကြီး အရေးယူ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အောက်တိုဘာ ၆ရက် မနေ့က ကုလသမဂ္ဂရဲ့ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ(တတိယကော်မတီ)မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး ပြည်သူတွေကို အကြမ်းဖက် ရန်စောင်နေတဲ့ စစ်အုပ်စုဟာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက် မဖြစ်နိုင်တဲ့အချက်တို့ကို နိုင်ငံတကာက ကောင်းစွာ သတိပြုဖို့လည်း တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို အလုံးစုံ ချိုးဖောက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း သံအမတ်ကြီးက အသိပေးပြောကြားပါတယ်။

တဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရNUG၊ တိုင်းရင်းသားမိတ်ဖက်များနဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ မြန်မာနိုင်ငံမှာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ဖို့၊ ဆောင်ကြဥ်းပေးဖို့နဲ့ တည်ဆောက်ဖို့ လက်တွဲပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဆက်လက် အသိပေးပါတယ်။

စစ်အာဏာသိမ်းမှု (၅)နှစ်ကျော် ကြာမြင့်လာပြီးနောက် အဘက်ဘက်မှာ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေပြီး ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုကြောင့် သူတို့ရဲ့ အခြေခံ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများ ဆုံးရှုံးကာ ခက်ခဲသော အခြေအနေများသို့ ကျရောက်နေကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂရဲ့ တတိယကော်မတီအစည်းအဝေးမှာ ပြောပါတယ်။

တချိန်တည်းမှာပဲ လူသားချင်းစာနာမှု ကပ်ဘေးဟာလည်း ကာလရှည်ကြာစွာ ဖြေရှင်းမရ ဖြစ်နေကြောင်း သံအမတ်ကြီးက ထောက်ပြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အုပ်စုက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်သောအခါမျှ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ စစ်အုပ်စုမှ စနစ်တကျကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဆင်အခြင် ကင်းမဲ့သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနဲ့ စာသင်ကျောင်းများ၊ ဆေးရုံများ အပါအဝင် အရပ်ဘက် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများကို ခံစား၊ ရင်ဆိုင်၊ တွေ့ကြုံနေရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးပါတယ်။

အာဏာသိမ်းစစ်အုပ်စု ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အတိုင်းအတာအရဖြစ်စေ၊ အကြိမ် အရေအတွက်အရဖြစ်စေ လျော့ကျသွားခြင်း မရှိဘဲ အရင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးတဲ့ အခြေအနေအထိ ရက်၊ လ၊ နှစ်တို့ချီကာ မြင့်တက်နေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ထပ်မံ အသိပေးပါတယ်။

ဒါကြောင့် လူပေါင်း (၄) သန်းကျော်ဟာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၁၆ဒသမ၂ သန်းကျော်သော ပြည်သူတွေအနေနဲ့လည်း စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေတဲ့အပြင် အခြေခံကျတဲ့ လူမှုရေးဝန်ဆောင်မှုများလည်း ပျက်သုဉ်းတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သံအမတ်ကြီး ရှင်းလင်းတင်ပြပါတယ်။

လက်ရှိ ကျင်းပနေတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ပင်မကော်မတီတွေရဲ့ အစည်းအဝေးကို သံအမတ်ကြီးဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်နေပါတယ်။ အောက်တိုဘာ ၆ရက် မနေ့က တရက်တည်းမှာပဲ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ အထက်ပါအစည်းအဝေးအပြင် ကုလသမဂ္ဂရဲ့ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ(ဒုတိယကော်မတီ)နဲ့ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ(တတိယကော်မတီ)ရဲ့ အမျိုးသမီးများကဏ္ဍမြှင့်တင်မှု(Advancement of Women) ခေါင်းစဥ်နဲ့ ဆွေးနွေးမှုအစီအစဥ်တွေမှာလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
❤41👍5👏5😁3🥰2💩1👌1🤣1🖕1🫡1
(ကုလသမဂ္ဂရဲ့ တတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
❤43👏4👍3🥰3😁2🖕2🤮1🤣1🫡1
ဖားကန့်မှာ ပေါက်ကွဲမှုဖြစ်၊ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်နေ

အောက်တိုဘာ ၇၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေပြီး KIA ကလည်း ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၇ရက် နေ့လယ်မှာတော့ လုံးခင်းဂေါက်ကွင်းကနေ လက်နက်ကြီးတွေ မကြာခဏပစ်ခတ်နေတယ်လို့ သိရပါတယ်။

"ကလေးတွေ ကျောင်းဆင်းကာနီး ပစ်နေတာ။ စစ်ရေးအခြေအနေက ပေါ့တန်တန်ဖြစ်လို့ မရဘူး။ စစ်ဆိုင်နေတာ ရက်အနည်းငယ်ကြာပြီ။ သတိထားရမယ့် ကာလဖြစ်တယ်"လို့ KIAသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မွန်းလွဲပိုင်းမှာ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်က စုပေါင်းရုံးအနီးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပြီး အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။ KIA သတင်းရင်းမြစ်ကတော့ အဲ့ဒီဖြစ်စဉ်ကို စိစစ်နေဆဲလို့ ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်တပ်နဲ့ ရှမ်းနီ(SNA) ပူပေါင်းတပ်တွေက စစ်ကြောင်းပုံစံလှည့်‌လည်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲမဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ၂၄ရက်ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း လေကြောင်းကင်းထောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။ ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်က ဒေသခံတွေရဲ့ တပိုင်တနိုင်ရွှေတူးဖော်ရေးလုပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထိစပ်ဒေသတွေဖြစ်တဲ့ ရွှေကူ၊ ကသာ၊အင်းတော်မြို့နယ်တွေမှာလည်း KIA နဲ့ စစ်တပ် စစ်ရေးတင်းမာနေပါတယ်။
👍26🤬8❤6👎2🔥2🖕1
(ဖားကန့်မြို့တနေရာမှာ စစ်တပ် ကား၁စီးကို ၂၀၂၁ မတ်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Citizen Journalist)
👍20🤬14🔥2🖕2👎1🫡1