People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တွေမြို့အနောက်ဘက်ခြမ်း ရေချမ်းပြင်၊ ကြွီတဲဝန်းကျင်မှ စစ်စခန်း​တွေကိုပါ AA ထိုး
စစ်ဆင်

အောက်တိုဘာ-၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ရာစစ်တွေမြို့ရဲ့အနောက်ဘက်ခြမ်းရေချမ်းပြင်၊ကြွီတဲရွာဝန်းကျင်ရှိစစ်တပ်စခန်းတွေကိုပါ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်နဲ့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့မြောက်ဘက် ပါဒလိတ်တပ်ရင်းအနီးအမြင့်ကျွန်း၊ကျားမသောက်တပ်ရင်းအနီးတောကန်၊နာရီကန်၊ကံ့ကော်ကျွန်းနဲ့ မြို့အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းအနီးတို့ကနေထိုးစစ်ဆင်နေတဲ့AAဟာမြို့အနောက်ဘက်ခြမ်းရေချမ်းပြင်ဘက်ကနေပါ စစ်မျက်
နှာသစ်ဖွင့် ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်နေတာနှစ်ရက်ရှိပြီ။ ရေချမ်းပြင်မှာ လာစုနေတဲ့ကောင်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ အုန်းရေပေါ်တို့ ၊ကျက်တောပြင်တို့
တဝိုက်မှာ ဖြစ်တယ်။ ကြွီတဲဘက်မှာတော့ ရင်ဆိုင်တိုက်ပွဲမရှိဘူး။” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကြွီတဲဘက်မှာ ရင်ဆိုင်တိုက်ပွဲမရှိ​ပေမယ့် ​ပျောက်ကြားတိုက်ပွဲ​တွေရှိတယ်လို့သူကဆက်​ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေ
အနေအသေးစိတ်ကို​​တော့ ပြောလို့မရသေးဘူးလို့ AA နဲ့နီးစပ်တဲ့စစ်​ရေးသတင်းရင်းမြစ်က​ပြောပါတယ်။

ရေချမ်းပြင်အနီးဝန်းကျင်တပ်စခန်းတွေ တိုက်ခိုက်ခံနေရချိန် စစ်တပ်ဟာ ပါဒလိတ်တပ်ရင်းတွေဆီ ပို့ထား တဲ့ အင်အားတွေနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရှိ အင်အားတွေကို ထုတ်နုတ်ပြီး ရေချမ်းပြင်ဘက်ဆီ စစ်ကူပို့၊ အင်အားထပ်ဖြည့်နေတယ်လို့ စုံစမ်းသိရပါတယ်။

“ပါဒလိတ်ဘက်မှာ တိုက်ပွဲပြင်းနေတော့ အဲဒီဘက်မှာ အများကြီးပို့ထားတာ။အခု ရေချမ်းပြင်ဘက်ကိုခွဲပြီးပို့နေတယ်ကြားတယ်။ ပစ်သံတွေကတော့အခုလည်းကြားရတယ် ရေ
ချမ်းပြင်ဘက်ကနေ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ စစ်တွေမြို့ခံတဦးကလည်းပြောပါတယ်။

ရေချမ်းပြင်အနီးဝန်းကျင်တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ စစ်တပ်ရဲ့ ထောက်ပို့တပ်၊ ဆေးတပ်နဲ့ အ မြောက်တပ်ရင်းတို့ရှိပါတယ်။“ရေချမ်းပြင်ဘက်မှာ အင်အားလည်း သိပ်မရှိဘူး။အခုနောက်ပိုင်းမှပဲဖြည့် ထားတာ”လို့စစ်တွေမြို့မှစစ်​ကောင်စီလက်
အောက်ခံ ဝန်ထမ်းတဦးကလည်း ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ရေချမ်းပြင်တဝိုက်အပြင် နာရီကန်၊ တောကန်ဝန်းကျင်၊ ဝါဘိုကျွန်းဝန်းကျင်၊ ကွမ်းတောင်ဝန်း ကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေပြီးလေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

“အခုလည်း လေယာဉ်နဲ့ချနေတယ်။ ပုဏ္ဏားကျွန်းဘက်က ကြားတယ်။ ညနေကတည်းက ဝဲနေတာ။မြို့ထဲကလူ တွေကတော့ လေယာဉ်
လာရင် ကြောက်ပြီးနေရတာပေ့ါ။ ပြေးစရာလည်း မရှိဘူး” လို့ စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက
အောက်တိုဘာ ၆ ရက်ညနေမှာပြောပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ
ခဲ့တဲ့ကျောက် တော်မြို့ဗုံးကြဲမှုအပြီးမှာ AA ဟာ စစ်တွေ၊ ကျောက်ဖြူမြို့နယ်အတွင်း ထိုးစစ်အရှိန်ကိုမြင့်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က​တော့တိုက်ပွဲ​တေ့မှာအထိနာတာနဲ့ အတူ စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ ၊​ဈေး​တွေ စတဲ့အရပ်သားနေရာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရက်ဆက်ဗုံးကြဲ၊ ပစ်ခတ်နေပါတယ်။

“လေယာဉ်က နေ့တိုင်းလာတယ်။ လေယာဉ်မလာတဲ့အချိန်မှာလည်း လက်နက်ကြီးကတော့ အဆက်မပြတ် ပစ်နေတာပဲ။ အသံမကြားရတဲ့အချိန်ကို မရှိဘူး။ ညနေကလည်း ရွှေမင်းဂံဘက်မှာ ကျတယ်ထင်တယ်။ အသံတော် တော်အကျယ်ကြီး ကြားလိုက်တယ်” လို့ စစ်တွေနဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးကပြောပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ တစ်လကျော်ပြီဖြစ်ပါ တယ်။တစ်လ​ကျော်လာ​ပေမယ့် AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်း​တွေကိုပြန်သိမ်း​​နေပြီး ခုခံစစ်က​နေ ယခုအခါ ထိုး
စစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေမှာ​တော့ရခိုင်တိုက်ပွဲ​တွေမှာ စစ်တပ်က အသာရ​နေပြီး AA အထိနာ​နေတယ်လို့ သတင်းအမှား​တွေ​နဲ့ ဝါဒဖြန့်​နေတာ​တွေ့ရပါတယ် ။စစ်တပ်ဟာစစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ် ။ဒါ့အပြင် စစ်သားရာချီ​သေဆုံးဒဏ်ရာရထားပြီး စစ်ကူ​တွေဆက်တိုက်ပို့​နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။



#AAထိုးစစ် #စစ်တွေ #ရေချမ်းပြင်
#ကြွိတဲ #ဒကစ #Peoplesspring #ps
❤39👍19👏5🤣2🥰1🤨1🖕1🫡1
အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေနဲ့ စစ်​​တွေမြို့အနီးဝန်းကျင်​မြေပုံ။ဓါတ်ပုံ-AA
❤45👏6🖕3🫡3🥰1🤨1
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှု မှတ်တမ်းရုပ်ရှင်ကို တရုတ်ထုတ်လွှင့်

​အောက်တိုဘာ-၆၊၂၀၂၆။People's Spring

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း
(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်
အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းက မိသားစု​လေးစုလို့လူသိများပြီး ကျားဖြန့်လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ ဒုစရိုက် ကွန်ရက်တွေထဲက အဓိက ခေါင်းဆောင်တွေ တရုတ်ပိုင်နက်ထဲ ရောက်ရှိနေချိန် လျှပ်တပြက် စီးနင်း ဖမ်းဆီးပုံတွေကို အဲဒီ မှတ်တမ်း ရုပ်ရှင်မှာ ပြသထားတာ ဖြစ်ပါတယ်။ အဲဒီမိသားသု​လေးစုက ပယ်မိသားစု ၊လျိုမိသားစု ၊​ဝေမိသားစု နဲ့ မြီမိသားစု တို့ဖြစ်ပါတယ်။

ဝေချင့်ထောင် နဲ့ လျိုကျန့်ချီတို့ အပါအဝင် အဓိက ရာဇဝတ် ခေါင်းဆောင်တွေဟာ နယ်
စပ်ကိုဖြတ်ပြီးတရုတ်နိုင်ငံပိုင်နက်ထဲရောက်ရှိနေချိန်မှာ ၁၀ မိနစ်ကြာ စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲပြီး တရုတ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဧရိယာတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်ကွန်ရက်တွေကို နှိမ်နင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်လို့လည်း The Demise of Myanmar-Based Telecom Fraud (မြန်မာအခြေစိုက် တယ်လီကွန်းလိမ်လည်မှု လုပ်ငန်းများ နိဂုံးချုပ်ခြင်း)လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်က ဆိုပါတယ်။

အဲဒီရုပ်ရှင်ကို အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ တရုတ်စံတော်ချိန် ညနေ ၆ နာရီကျရင် CCTV-1 ရုပ်မြင်သံကြားကနေ အပိုင်းတွေခွဲပြီး ထုတ်လွှင့် ပြသ​​နေပါတယ်။

မှတ်တမ်းရုပ်ရှင်ဟာတရုတ်လုံခြုံရေးအာဏာ
ပိုင်တွေ၊ ဌာနဆိုင်ရာ အမှုထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မြောက်ပိုင်း အခြေ
စိုက် ကျားဖြန့် ကွန်ရက်တွေကို ဘယ်လို နှိမ်
နင်းခဲ့သလဲ ဆိုတာကို ရိုက်ကူးထားတာပါ။ အဲဒီဒုစရိုက်ဂိုဏ်းတွေဟာတရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်မှုတွေကျူးလွန်ခဲ့တာလို့ဆိုပါတယ်။

တရုတ်ဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ကျားဖြန့်ကွန်ရက်တွေကို ဖြိုခွင်းတဲ့ အထူးစီမံချက်ကို ၂၀၂၃ ခုနှစ် နွေရာသီအစောပိုင်းမှာ စတင်
ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းကဒုစရိုက်မိသားစုကြီး ၄ ခုကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ မှတ်တမ်းရုပ်ရှင်ကဆို ထားပါတယ်။

ကိုးကန့်နဲ့ဝ ဒေသတွေမှာရှိတဲ့ ကျားဖြန့်ကွန်
ရက်တွေဟာတရုတ်အာဏာပိုင်တွေနဲ့ ပူး
ပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့တဲ့နောက် တ
ရုတ်ဟာ ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းပြီး တိုက်
ရိုက် ဖမ်းဆီးဖို့ စတင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တုန်းက ကူမင်းကို ရောက်ရှိနေတဲ့ အ
ဓိက ကျားဖြန့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ပေါင်ကျွင့်ဖုန်ကို လက်ဝတ်ရတနာတွေ၊ တန်
ဖိုးကြီး နာရီတွေ၊ ဇိမ်ခံကားတွေနဲ့အတူ ဖမ်း
ဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်အောက်တိုဘာ ၂၀ မှာတော့ မြန်မာပိုင်နက်ထဲမှာတရုတ်-မြန်မာ ပူးပေါင်းစစ်ဆင်
ရေးအဖြစ် ကိုးကန့်ဒေသထဲ ဝင်ရောက်ပြီး စီးနင်းဖမ်းဆီးမှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းနယ်
မြေထဲဝင်ရောက်ပြီး ကျားဖြန့် နှိမ်နင်းရေးအတွက် သက်သေတွေ စုဆောင်းရယူတဲ့ တရုတ်ရဲ့ပထမဆုံးစစ်ဆင်ရေးဖြစ်လာခဲ့တယ်လို့လည်း မှတ်တမ်းရုပ်ရှင်က ဖော်ပြထားပါတယ်။

နောက်တော့ဒေသတွင်းမှာတိုက်ပွဲတွေ ပြင်း
ထန်ပြီးမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်
ခိုက်မှုတွေ ရှိနေတဲ့တိုင် တရုတ် ရဲတပ်ဖွဲ့ဟာ သက်သေခံ ပစ္စည်းတွေ မပျက်စီးဖို့သတိကြီးကြီးလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။အဲဒီမှတ်တမ်းရုပ်ရှင်မှာတော့မင်မိ
သားစု ထိန်းချုပ်ထားရာ ကျားဖြန့်ဝင်းကြီး တစ်ခုထဲမှာမြေအောက်သေနတ်ပစ်ကွင်းတစ်ခု ရှိပြီး အဲဒီမှာသတ်ဖြတ်မှု​တွေကျူးလွန်ခဲ့တယ်ဆိုတာမျိုးတွေကိုပါ ပါရှိလာပါတယ်။

မှတ်တမ်းရုပ်ရှင်မှာတော့နောက်ထပ်ကျားဖြန့် မိသားစုတစ်ခုဖြစ်တဲ့ပယ်မိသားစုအကြောင်း၊
အခုနှစ်ဆန်းပိုင်းတုန်းက ရှန်ကျန်းမြို့ တရား
ရုံးကမြန်မာနိုင်ငံအခြေစိုက်ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေကိုသေဒဏ်စီရင်ခဲ့တဲ့ အ
ကြောင်းတွေလည်းဖော်ပြထားပါတယ်။ ကျားဖြန့်​​ခေါင်း​ဆောင်ဆိုသူအချို့ဟာ မြန်မာစစ်တပ်လက်​အောက်ခံပြည်သူ့စစ်​ခေါင်း​ဆောင်​တွေဖြစ်​နေပါတယ် ။

တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရုတ်မှာ ကျားဖြန့် ငွေကြေးလိမ်
လည်မှုဖြစ်စဉ်တွေဟာ၂၀၂၅ ခုနှစ်၊ အောက်
တိုဘာလကစလို့လအလိုက် နှိုင်းယှဉ်ချက်
တွေမှာ ၁၁ လဆက်တိုက် ကျဆင်းလာနေတယ်လို့ဆိုရပါတယ်။

ကိုးကား-Global Times
👏21❤5🔥3😁3👍2🤣2
ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်​တွေအပါအဝင် ကျားဖြန့်​ဂိုဏ်း​​ခေါင်း​ဆောင်ဆိုသူ​တွေကို တရုတ်က မြန်မာနိုင်ငံမှဖမ်းဆီး ​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရ
👍35🔥6❤4👏2🥰1
ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

“နံရံလေးတခုပဲခြားတာ။ဒီ (နန်းတွင်းစစ်​ကြော​​ရေး)အတွင်းထဲမှာ ကိုယ့်လူ တွေအများကြီး သေခဲ့တာကို မျက်နှာမပူကြဘူးလားမသိဘူး။ဒီလောက်ကြီး လုပ်တာကရုပ်ပေါက်လွန်းတယ်”လို့ လူငယ်အပြေးသမားတဦးက​ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအပြီး တရုတ်ဖိအားနဲ့​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေစစ်တပ်ကိုပြန်လွှဲ​ပေးရသလို ၊ မတ္တရာမြို့နယ်အ​ရှေ့ခြမ်း နဲ့ စဥ့်ကူးမြို့နယ်တို့ကနေ မန္တ​လေးPDF
(MDY-PDF) အပါအဝင် တော်လှန်ရေး တပ်တွေ ဆုတ်ခွာရချိန်မှာ မန္တ​လေးမြို့ခံတချို့ရဲ့ မျက်နှာဖုံး တွေကွာကျခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို မြို့လုံးကျွတ်နီးပါး ဆန္ဒထွက်ပြတဲ့ မန္တ​လေးမြို့ဟာ အခု​နောက်ပိုင်းစစ်အာဏာရှင်အလိုကျ ပျော်ပွဲ၊ရွှင်ပွဲများစွာလုပ်​နေတဲ့မြို့ဖြစ်လာပါတယ်။ စစ်အုပ်စု နဲ့ ပါပရော်ပရီဆက်ဆံရေး လုပ်သူ​တွေများလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မန္တလေးမြို့က​ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေရဲ့ ဝိဉာဉ် တွေဟာ ကျုံးမြို့ရိုးအတွင်းမှာရှိနေဆဲဖြစ်ပါတယ်။

မြေပြင်သပိတ်တွေကို ဦးဆောင်ခဲ့တဲ့ ဆယ်
ကျော်သက်လူငယ်တွေဖြစ်တဲ့ ယမား(ခ)မအေးနန္ဒါစိုး၊ကိုသူရအောင်၊ကိုဖိုးလုံး၊ကိုစိုးလင်းအောင်၊ကိုလှမျိုးအောင်၊ကိုဖီးနစ်၊ကိုလင်းပိုင်စိုးတို့ဟာစစ်ကျွန်မခံပြည်သူ့လွတ်​မြောက်​ရေး အတွက် စစ်အာဏာရှင်​တွေကို ဒူးမ​ထောက်ဘဲ ​နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့နန်းတွင်းစစ်ကြောရေးမှာ ရှေ့ဆင့်နောက်ဆင့်ကျဆုံးခဲ့တဲ့ မန္တ​လေးက​မွေးထုတ်ခဲ့တဲ့လူငယ်တွေဖြစ်ပါတယ်။

ဒီလူငယ်တွေအတွက် ဘယ်ဘာသာတရားနဲ့မှ အမျှဝေ‌ခွင့် မရသေးပါဘူး။လူငယ် တွေရဲ့ သွေ့ညှီနံ့စွန်းထင်းနေတဲ့ကျုံးတံတိုင်းကို စစ်အာဏာရှင်အလိုကျမျက်နှာပြောင်တိုက် ဆေးကြောပေးနေတဲ့ မန္တလေးမြို့ကလူငယ်တစုလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၃၀ ရက်နေ့က မန္တလေး ကျုံးအတွင်းဘက် ကျုံးမြို့ရိုးဘေးမှာ ည​နေပိုင်းအပြေးပြိုင်ပွဲ -NGR Evening Run ဆိုပြီး​ပြေးပွဲတခုကို မန္တလေးက လူငယ်Runner အဖွဲ့ ဖြစ်တဲ့ Nomad Runners က ဦးဆောင်ပြီးလုပ်ခဲ့ပါတယ်။ ဒီပွဲကိုစပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီဟာရိုးမဘီယာကဖြစ်ပြီး အခြားလုပ်ငန်းအချို့ကလည်း စပွန်ဆာ​ပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင်ချင်တဲ့အပြေးသမားတယောက်ဟာ ဝင်ကြေး ၁၀၀,၀၀၀ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိ​ပေးရပါတယ်။ဒီပြိုင်ပွဲကို ကျင်းပခဲ့တဲ့ နေရာဟာ မန္တလေး ကျုံးအတွင်းလမ်း၊နန်းမြို့ရိုးရဲ့ ဘေးမှာပြုလုပ်ခဲ့တာပါ။

​ဆောင်း​ဘောက်စ်ကြီးတွေ အများကြီးချပြီး စည်ဘီယာပိုင်း တွေထောင် သီချင်း​တွေဖွင့်အော်ဟစ်အောင်ပွဲခံခဲ့ကြတာပါ။

“တခြားပွဲ လုပ်တာကို မပြောလိုဘူး။sound box တွေဖွင့်ပြီး ဘီယာ တွေသောက် ပျော်ပါးပြီးပွဲလုပ်တာကြီးက တော့တကယ်ရုပ်ပေါက်လွန်းတယ်။သူတို့ အားမနာကြဘူးလားမသိဘူး”လို့လူငယ်အပြေးသမားတဦးကပြောပါတယ်။သူက​တော့ ဒီအ​ပြေးပြိုင်ပွဲကို ဝင်မပြိုင်ပါဘူး။

သေချာတာက ​ဆောင်း​ဘောက်စ်အကျယ်ကြီးနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ​အော်ဟစ်​အောင်
ပွဲခံ​နေကြတာကို နံရံသာခြားတဲ့နန်းတွင်းထဲကကြားနေရမှာပါ။မန္တလေးနန်းတွင်းဟာ မန္တလေးမြို့ခံလူငယ် တွေကို စစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက် သတ်ပစ်ရုံတင်မဟုတ်ပါဘူး။ယခုဆိုရင် ပေါ်တာဆွဲထားတဲ့ လူငယ် တွေကို ဖမ်းဆီးပြီး ဒီအတွင်းထဲမှာပါချုပ်နှောင်​နေတာပါ။

ဒါ​ကြောင့်ဖမ်းဆီးချုပ်​နှောင်ခံရတဲ့သူ​တွေ ၊ ​ပေါ်တာဆွဲခံရတဲ့လူငယ်​တွေဟာကျုံးတစ်
ဖက်မှာ အ​ပြေးသမား​တွေ​​ပျော်မြူး၊​အော်ဟစ်​နေသံ​တွေ ၊သီချင်းသံ​တွေကို ကြား​နေရမှာဖြစ်တယ်လို့ အထက်မှာ​ပြောခဲ့တဲ့ မန္တ​လေးက လူငယ် ၂ ဦးက​ပြောပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/10/07/170192/
❤35👍20💩6🖕3👎2🤮2🔥1🤣1
“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။

သူဟာ စက်မှုဇုန်မှာ ကားမောင်းတယ်။ အနီး
အနားမှာ ရရာအလုပ်လုပ်တယ်။ အလုပ်ဆိုရင် အလုပ်မျိုးစုံ လုပ်တတ်တယ်။ လူချစ်လူခင်လည်းပေါတယ်။သူ့မှာကလေးနှစ်ယောက်ရှိတယ်။ ဇနီးက ကလေးတွေကို ပြုစုတယ်။ အိမ်ငှားနေကြပေမယ့် အိမ်ရှင်နဲ့ အိမ်ငှားဆိုတာထက် မိသားစုလို ရင်းနှီးကြတယ်။ အပြန်အလှန် စောင့်ရှောက်ကြတယ်။ ကြွယ်ဝတဲ့မိသားစုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်မိသားစုကိုယ်ရှာဖွေကျွေးမွေးပြီး တနေ့ထက်တနေ့ ပိုကောင်းလာအောင် ကြိုးစားနေတဲ့ သာမန်မိသားစုတစု ဖြစ်ခဲ့ပါတယ်။

သူဟာ မိသားစုအတွက် သမ္မာအာဇီဝနည်းမျိုးစုံနဲ့ ကြိုးစားတဲ့သူတ‌ယောက်။ COVID-19 ကာလတုန်းကတောင် စားဝတ်နေရေး ပိုခက်လာမှာစိုးလို့ အိမ်ခြံဝင်းထဲမှာ စားပင်တွေ ချက်ချင်း စိုက်ခဲ့တဲ့သူ။ အိမ်တလုံး။ အလုပ်တခု။ ဇနီးတယောက်။ကလေးနှစ်ယောက်။ ပြီးတော့ မနက်ဖြန်ကို ဆက်မျှော်လင့်နိုင်ဖို့ လုပ်အားတစုံကို ယုံကြည်ခဲ့ သူ။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အဲဒီအရာအားလုံး တခုချင်းစီ ပြိုလဲလာခဲ့ပါတယ်။

ကိုမင်းရဲ့ ဇာတိကစစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာတရွာပါ။ သူ့အဖေနဲ့အမေက အဲဒီရွာမှာပဲ နေကြတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွာထဲ စစ်ကြောင်းတွေ ဝင်လာတိုင်း ရွာသူရွာသားတွေဟာ အကြိမ်ကြိမ် ထွက်ပြေးကြရတယ်။ ပြေးလိုက်။အခြေ
အနေငြိမ်ရင် ပြန်ဝင်လိုက်။ ပြီးတော့ ထပ်ပြေးလိုက်။ ဒီလိုနဲ့ ရွာတစ်ရွာရဲ့ လူနေမှုဘဝဟာ ပုံမှန်ဘဝမဟုတ်တော့ဘဲ “ဘယ်အချိန်ထပ်ပြေးရမလဲ” ဆိုတာ စောင့်နေရတဲ့ဘဝ ဖြစ်လာပါတယ်။

ကိုမင်းရဲ့အဖေက လယ်လုပ်ပြီးနှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်။ဆယ်နှစ်လောက် ကြိုးစားပြီးမှ အိမ်တလုံးကို ဆောက်နိုင်ခဲ့တယ်။ဒါပေမယ့် အဲဒီအိမ်မှာတရက်တောင်မနေခဲ့ရပါဘူး။ အိမ်တလုံးကို တည်ဆောက်ဖို့ ဆယ်နှစ်ကြာခဲ့ပေမယ့် စွန့်ပစ်ဖို့တော့ တရက်ပဲ လိုခဲ့တယ်။ အဲဒီအိမ်ဟာ မီးလောင်ပျက်စီးသွားတာ၊ ပေါက်ကွဲဖျက်ဆီးခံရတာဆိုတာထက် ပိုနာကျင်စရာကောင်းတဲ့အရာတခု ဖြစ်ခဲ့တာပါ။ အသက်ရှင်ဖို့အတွက် ကိုယ်တိုင်ထားခဲ့ရတာပါ။ အိမ်ထက် အသက်ကို ရွေးရတဲ့အခြေအနေ။ ဒီအဖြစ်အပျက်ဟာ ကိုမင်းတို့မိသားစုတစုတည်းရဲ့ အတွေ့အကြုံမဟုတ်ပါဘူး။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ IOM ရဲ့ ၂၀၂၆ မြန်မာနိုင်ငံ အကျပ်အတည်း တုံ့ပြန်ရေးစီမံချက် (Crisis Response Plan) အရ ၂၀၂၅ နိုဝင်ဘာ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်း ၃.၆၀၉ သန်းခန့် နေရပ်စွန့်ခွာနေကြရပြီး စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသူအများအပြားဟာ တကြိမ်တည်းမဟုတ်ဘဲ ထပ်ခါထပ်ခါ ရွှေ့ပြောင်းနေကြရပါတယ်။ IOM က နေရပ်စွန့်ခွာမှုတခုချင်းစီဟာ ပျမ်းမျှ ရှစ်ကြိမ်ခန့် ထပ်ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ နေရပ်စွန့်ခွာရခြင်းက အိမ်တလုံးပျောက်သွားတာတင် မဟုတ်ပါဘူး။မြေယာပျောက်တယ်။ အလုပ်ပျောက်တယ်။စုဆောင်းထားတဲ့ငွေကုန်တယ်။ ထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးတယ်။ ကလေးတွေရဲ့ ပညာရေး ထိခိုက်တယ်။ ပြီးတော့ မိသားစုတွေ အကြွေးတင်လာပါတယ်။

IOM ကလည်း မကြာခဏ နေရပ်ရွှေ့ပြောင်းရခြင်းကြောင့် အိမ်ထောင်စုတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းအခြေခံတွေ ဆုံးရှုံးလာပြီး အကြွေးတင်ခြင်း၊ ကလေးအလုပ်လုပ်စေခြင်းနဲ့ အန္တရာယ်များတဲ့ ရွှေ့ပြောင်းမှုတွေလို အခြေအနေတွေ ပိုမိုဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

ကိုမင်းတို့မိသားစုမှာ အဲဒီဖြစ်စဉ်က နံပါတ်တခု မဟုတ်ဘူး။ သူ့အဖေရဲ့ ဆယ်နှစ်ကြာ အိမ်တလုံးပါ။ အိမ်ကို ထားခဲ့ရတယ်။ ဒါပေမယ့် တာဝန်တွေကို ထားခဲ့လို့မရပါဘူး။ ကလေးနှစ်ယောက်ရှိတယ်။ ဇနီးရှိတယ်။ မိဘတွေရှိတယ်။ဒါကြောင့်ကိုမင်းကနောက်ထပ်အလုပ်ရှာပါတယ်။ သူရဲ့ အိပ်မက်က ၁၀ပေ/ပေ၆၀ အိမ်လေးတလုံး ပိုင်ဆိုင်နိုင်ဖို့။

“ငွေရှာရင် ပြန်တည်ဆောက်နိုင်မယ်”ဆိုတဲ့ ယုံကြည်ချက်နဲ့ လောက်ကိုင်ကိုသူသွားခဲ့တယ်။အဲဒီမှာလည်း ကားမောင်းတယ်။ ရောက်ပြီးသုံးလအကြာမှာငွေစုနိုင်တော့မယ်လို့ ထင်လာတယ်။ အဲဒီအချိန်မှာပဲ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကမြန်မာနိုင်ငံရဲ့ အရှေ့
မြောက်ဒေသ စစ်ရေးအခြေအနေကို အကြီး
အကျယ် ပြောင်းလဲစေခဲ့တယ်။

ကိုမင်းအတွက်တော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးသမိုင်းထဲက အမည်တစ်ခု မဟုတ်ပါဘူး။ သုံးလအလုပ်လုပ်ပြီး စုမယ့်ငွေကို မစုနိုင်တော့ဘဲ အိမ်ပြန်ရတဲ့ အကြောင်းပြချက် ဖြစ်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ပြန်ရောက်လာခဲ့တယ်။ လက်ထဲမှာတော့ မိသားစုဘဝကို ပြန်တည်ဆောက်ဖို့ လုံလောက်တဲ့ ငွေမပါလာခဲ့ပါဘူး။

အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို ကြေညာလိုက်တဲ့အခါကိုမင်းလည်း Passport လုပ်တယ်။ နိုင်ငံခြားထွက်ဖို့ ကြိုးစားတယ်။ဒါပေမယ့် နိုင်ငံခြားထွက်ဖို့ငွေမရှိပါဘူး။သွားပြီး တရား
မဝင်ဘဝနဲ့ နေရမှာကိုလည်း စိုးရိမ်တယ်။ အဲဒီလိုနဲ့ သွားလို့မရ၊ နေလို့လည်း မလုံခြုံတဲ့ဘဝ ထဲမှာ ကားပြန်မောင်းခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကိုမင်းရဲ့ဘဝမှာ “အလုပ်လုပ်ပြီး မိသားစုကိုကျွေးမယ်” ဆိုတဲ့ ပုံမှန်ဘဝထက် “ဒီနေ့ ဘယ်လိုအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်မလဲ”ဆိုတာက ပိုကြီးလာခဲ့တယ်။
👍18❤3🤮3😢1🤣1🖕1
အဲဒီအခြေအနေတွေကြားမှာ ကိုမင်းရဲ့ အ
သက်၂၇ နှစ်အရွယ်ညီကပစ္စည်းပို့တဲ့အလုပ် လုပ်နေပါတယ်။တနေ့ ပစ္စည်းတွေပို့ပြီး ပြန်
လာတဲ့အချိန် အလုပ်က သိမ်းလာတဲ့ ငွေ ၂၅ သိန်း လုယက်ခံရတယ်။ အလုပ်ကို ပြန်ပေးဖို့ ငွေမရှိတော့ဘူး။ အဲဒီအချိန်မှာ ကိုမင်းက အစ်ကိုတယောက်အနေနဲ့ တတ်နိုင်သမျှ ဝင်ကူတယ်။ တခြားနေရာက ငွေချေး‌ပေးတယ်။ ရသလောက်နဲ့ ပြဿနာကိုဖြေရှင်းဖို့ ကြိုးစား
ကြတယ်။ ဒါပေမယ့် မိသားစုရဲ့ ငွေကြေးအင်အားကလည်း အရင်ကတည်းက ပြိုလဲနေခဲ့ပြီ။ နောက်ဆုံးမှာ သူ့ညီဟာ မခံနိုင်တော့တဲ့အခြေအနေထိရောက်သွားခဲ့တယ်။ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။မသေဆုံးခင် ကိုမင်းရဲ့ ဇနီးကို ဖုန်းဆက်ပြီး နှုတ်ဆက်ခဲ့တယ်။သူတို့အမြန်ရှာကြပါတယ်။ မမှီခဲ့ပါဘူး။

ငမိုးရိပ်ချောင်းတလျှောက်လှေနဲ့ လိုက်ရှာခဲ့ကြတယ်။သုံးရက်ကြာမှ တွေ့ခဲ့တယ်။ ညီဖြစ်သူကို ပြန်တွေ့တဲ့အခါ စိတ်ထိခိုက်လွန်းလို့ ကိုမင်းဟာ လှေပေါ်မှာ လဲကျသွားခဲ့ရတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့အချိန် မရခဲ့ပါဘူး။ နာရေးကိစ္စကို ဆက်လုပ်ရတယ်။ ရဲစခန်းမှာ ရှင်းရတယ်။ အမှုအခင်းမဖြစ်အောင် ဖြေရှင်းရတယ်။ ငွေကုန်တယ်။ လူပန်းတယ်။ စိတ်ပန်းတယ်။ညီတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ အစ်ကိုတယောက်က နောက်ထပ် အကြွေးတွေကိုပါ ပခုံးပေါ်တင်ခဲ့ရတယ်။

ရက်လည်ပြီးတဲ့နောက်မှာ အနာမကျက်သေးတဲ့ မိသားစုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ရောက်လာပါတယ်။ ကိုမင်းရဲ့ညီရဲ့ အသက် ၂၄ နှစ်အရွယ်ဇနီးဟာလည်း ခင်ပွန်းမရှိတော့တဲ့ဘဝကို မခံနိုင်တော့ဘဲ သူ့ခင်ပွန်းလိုပဲလုပ်ခဲ့ပြန်ပါတယ်။သူမလည်း ကိုမင်းရဲ့ ဇနီးကိုဖုန်းဆက်ခဲ့တယ်။လိုက်ရှာကြပါတယ်။

မမှီခဲ့ပြန်ပါဘူး။မိသားစုတစုဟာ လူတယောက်ကိုဆုံးရှုံးပြီးဝမ်းနည်းနေတုန်း နောက်တယောက်ကို ထပ်ဆုံးရှုံးခဲ့ရတယ်။

ဒီလိုဖြစ်ရပ်တွေကို “သေဆုံးသူနှစ်ဦး” ဆိုပြီး စာရင်းထဲ ထည့်လိုက်ရင် လုံလောက်မလား။ မလုံလောက်ပါဘူး။အဲဒီနံပါတ်နှစ်ခုရဲ့ နောက်မှာအစ်ကိုတယောက်ရှိတယ်။မိဘတွေရှိတယ်။ နာရေးစရိတ်ရှိတယ်။အကြွေးရှိတယ်။စိတ်ဒဏ်ရာရှိတယ်။ပြီးတော့အဲဒီမိသားစုတွေ ဆက်အသက်ရှင်ဖို့ လိုအပ်တဲ့ တာဝန်တွေရှိပါတယ်။

စစ်အာဏာသိမ်းမှုရဲ့နောက်မှာ ကိုမင်းတို့မိသားစုကို အဲဒီအခြေအနေထိ တွန်းပို့ခဲ့တဲ့အထိဖြစ်ခဲ့ရတယ်။အလုပ်ပျောက်ခဲ့တယ်။ ဝင်ငွေမတည်ငြိမ်တော့ဘူး။အကြွေးတင်လာတယ်။ လုံခြုံရေးမရှိတော့ဘူး။သွားလာရေး ခက်လာတယ်။ စစ်မှုထမ်းရမယ့် စိုးရိမ်မှု ရှိလာတယ်။ ကျန်းမာရေးဝန်ဆောင်မှုရဖို့ ပိုခက်လာတယ်။

ဒီအရာတွေဟာ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ အပြန်အလှန်ဆက်စပ်နေတဲ့ အကျိုးဆက်တွေပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ဖန်တီးခဲ့တဲ့ လူ့အခွင့်အရေးအကျပ်အတည်းကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ မကြုံစဖူး အဆင့်အထိ တိုးလာခဲ့တယ်လို့ ဖော်ပြထားတဲ့အထဲက မိသားတစုပါ။

ညီနဲ့ ညီရဲ့ဇနီးကို ဆုံးရှုံးပြီးတဲ့နောက် ကိုမင်းတို့မိသားစုဟာ ငွေကြေးပိုင်းမှာ ပိုပြီးပြိုလဲသွားခဲ့ပြီ။အကြွေးတွေ တက်လာတယ်။ နာ
ရေးစရိတ်တွေ ကုန်တယ်။အရင်ကတည်းကလည်း ဆုံးရှုံးထားတာတွေ ရှိခဲ့ပြီးသား။ ဒါကြောင့်ကိုမင်းလောက်ကိုင်ကိုဒုတိယအကြိမ်ပြန်သွားခဲ့တယ်။ ဒီတစ်ခါ ကားမောင်းတာမဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ပြီးသွားလို့ငွေရှင်းရမယ့်အချိန်မှာ သူတို့ရသင့်တဲ့ လုပ်အားခကိုတော့ မရခဲ့‌တော့ပါဘူး။ ကန်ထရိုက်တာက ထွက်ပြေးသွားခဲ့ပြီ။ လုပ်သားတွေဟာ လုပ်
အားခ သိန်းဆယ်ချီ ဆုံးရှုံးခဲ့ရပါတယ်။ တာဝန်ယူမယ့်သူလည်းမရှိပါဘူး။မျှော်လင့်
ချက်တွေအားလုံး ပြိုကွဲ။ ကိုမင်း ပြန်လာခဲ့ရပြန်ပါတယ်။ အလုပ်လုပ်ရင် ငွေရမယ်ဆိုတဲ့ အခြေခံယုံကြည်ချက်ဟာသူ့အတွက်ယိုင်နဲ့ခဲ့ပြီ။


https://www.ludunwayoo.com/feature-mm/2026/10/07/170232/
👍26🔥4😢4❤3🫡2🤣1🖕1
အာဏာသိမ်းပြီးနောက် စစ်တပ်တိုက်ခိုက်လို့ KNU နယ်မြေက စာသင်ကျောင်း ၆၀ ခန့်ပျက်စီး၊ ကျောင်းသား ၄၀ ကျော် သေဆုံး

အောက်တိုဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ကနေ ၂၀၂၆ အတွင်း စစ်တပ် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ကျောင်းသားကျောင်းသူ သေဆုံးထိခိုက်ရမှု အခြေအနေကို ဖော်ပြခဲ့ရာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျောင်းသား ကျောင်းသူ ၄၁ဦး သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

“ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီတပ်သည် ဂျီနီဗာကွန်ဗန်းရှင်းတို့ကို ချိုးဖောက်ရုံသာမက ကရင်လူမျိုးများ၏ ပညာရေးကို ရည်ရွယ်ချက် ရှိရှိဖျက်ဆီးနေလျက်ရှိသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကပင် KNU နယ်မြေက စာသင်ကျောင်းကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စက်တင်ဘာ ၁၉ရက်က KNU တပ်မဟာ(၁) နယ်မြေ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာ ကို စစ်တပ်လေကြောင်းဗုံးကြဲခဲ့လို့ စာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ယာတွေ ပြည်သူလူထုနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ညအချိန်မှာ ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းအဆောက်အဦးတွေနဲ့ ပြည်သူလူထုနေအိမ် ၃၆လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNUက အသိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ အောက်တိုဘာအတွင်းမှာလည်း KNU နယ်မြေက အရပ်သား ပြည်သူနေထိုင်ရာတွေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁ရက်က KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ကျောက်ကြီးပေါက်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၇နှစ်အရွယ်လူငယ် ၁ဦးသေဆုံးကာ ပြည်သူ ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်း အပြစ်မဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်မှုတွေ ကို လေယာဉ် ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေသလို ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေနေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။
🤬33😢7❤5👏2🖕2👍1🤮1
(စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNUနယ်မြေက စာသင်ကျောင်း ထိမှန်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
😢35👎3🤮3❤2👏2🤬2🖕2
ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရရင် ဆေးကုသစရိတ်နဲ့ လမ်းစရိတ်ပေးမယ့် အသင်းအဖွဲ့တစ်ခု ဖွဲ့စည်း

အောက်တိုဘာ ၇၊ ၂၀၂၆။မီးအိမ်/People’s Spring

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဘေးခွေးများထိန်းချုပ်ရေးနဲ့ ပြည်သူ့အကူအညီပေးရေးအသင်း(YSMPA) ဆို​ပြီးစတင်ဖွဲ့စည်းတဲ့အသင်းရဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ရက်ကလုပ်ခဲ့တာလို့ ဆိုပါတယ်။

လမ်းဘေးခွေးတွေကို အဆိပ်ချရှင်းလင်းတာမျိုးမဖြစ်ရအောင် YSMPA အသင်းဖွဲ့ရတာလို့ လက်ရှိယာယီဥက္ကဌတာဝန်ယူထားတဲ့ ဒေါ်ဝေဝေမိုးကအသိ ပေးပြောဆိုထားပါတယ်။

"လမ်းဘေးတိရိစ္ဆာန်လေးတွေမရှိစေချင်ရင် ဒီအဖွဲ့ကိုပံ့ပိုးကြပါ။ အဆိပ်ချရှင်းလင်းတာမလိုလားရင် ဒီအဖွဲ့ကိုထောက်ခံပူးပေါင်းပေးကြပါ "လို့ ဒေါ်ဝေဝေမိုးကသူ့ရဲ့​ဖေ့ဘွက်ခ်လူမူကွန်ရက်အကောင့်မှာ ရေးသားထားတာဖြစ်ပါတယ်။

အဲဒီ YSMPA အသင်းက လမ်းဘေးခွေးတွေသား ပေါက်မျိုးပွားတာကို လူသားဆန်တဲ့နည်းသုံးပြီးထိန်း ချုပ်တာ၊ လမ်းဘေးခွေးကိုက်ခံရတဲ့နစ်နာသူပြည်သူတွေကို ဆေးကုသဖို့နဲ့သွားလာစရိတ်ကူညီထောက်ပံ့တာ၊ အများပြည်သူကိုအန္တရာယ်ပြုနိုင်တဲ့ ဆိုးသွမ်းခွေးတွေကိုခွေးဂေဟာတွေဆီ ရွှေ့ပြောင်းပို့ပေးတာ၊ အဆိပ်ချရှင်းလင်းတာကိုကာကွယ်ပြီး ခွေးရူးရောဂါကင်းစင်တဲ့လူအဖွဲ့အစည်းဖန်တီးဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လမ်းဘေးခွေးကိုက်ခံရသူကို ဘယ်လိုကူညီထောက်ပံ့မယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အသိပေးထုတ်ပြန်တာမရှိသေးပဲ လက်ရှိမှာ အမာခံရန်ပုံငွေထည့်ဝင်မဲ့သူတွေရှိကာ သုံးဦးရဲ့ ဘဏ်အကောင့်ဖွင့်ပြီးမှထည့်ဝင်ငွေလက်ခံစီမံမှာလို့ YSMPAယာယီဥက္ကဌက ပြောပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေးခွေးအန္တရာယ်မှာကြီးမားတဲ့စိန်ခေါ်မူပြဿနာတခုဖြစ်နေပြီး တိရိစ္ဆာန်ချစ်သူတွေ အစွန်းရောက်အကာအကွယ်ပေးတာထက် အခုလိုအသင်းအဖွဲ့နဲ့တထောင့်တနေရာက ကူညီဖြေရှင်းတဲ့လုပ် ရပ်ကိုလက်ခံကြိုဆိုတယ်လို့ မြို့နယ်စည်ပင်ဥက္ကဌဟောင်းတစ်ဦးက ပြောပါတယ်။

" ပါးစပ်ကချစ်ပြနေတာထက်၊ ဒီလိုပါဝင်တာကလူအ ဖွဲ့အစည်းအတွက်လည်း အထောက်အပံ့ဖြစ်တယ်။ အဲဒီလိုအသင်းအဖွဲ့ကို အောင်မြင်စေချင်တယ် " လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း လမ်းဘေးခွေးပေါက်ဖွားနှုန်းမြင့်တက်ခဲ့ကာ လမ်းသွား၊လမ်းလာတွေကိုရန်ပြုတာ၊ လမ်းမှာ ညအိပ်ရပ်ထားတဲ့ကားတွေအပါအဝင် လူတွေရဲ့အသုံးဆောင်ပစ္စည်းတွေထိခိုက်ပျက်စီးရတာ၊ လမ်းပေါ်အညစ်အကြေးစွန့်ပစ်ပေပွတာစတဲ့ ဖြစ်ရပ်တွေဆိုးရွားစွာရှိနေတာလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

အခုလို အာဏာသိမ်းကာလမတိုင်ခင်မှာတင် လမ်းဘေးခွေးကိုက်ခံရမူနဲ့ ခွေးကိုက်ခံရလို့သေဆုံးသူအ များဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
❤34👍13👏6🤮2🥰1🤣1
(ရန်ကုန်မြို့ လမ်း​ဘေး​တနေရာမှာ တွေ့ရတဲ့ ခွေး​တစ်ကောင် ။ ဓါတ်ပုံ-​​အေအက်စ်)
👍27❤14🤣3🥰1
စစ်ကိုင်းမှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာကို ဆွဲချပြီး ပေါ်တာဆွဲ

အောက်တိုဘာ ၇၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၆ ရက် မနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့၊ ဆွမ်းချပ်ရပ်၊ ကောင်းမှုတော်ဘုရားအနီးက ရထားသံလမ်းမှာ မြစ်ကြီးနားမြို့ကနေ ကုန်ပို့ပြီးဆင်းလာတဲ့ ကုန်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ကားပေါ်ပါ ယာဥ်နောက်လိုက် ကိုမင်းထိုက်ဆိုသူကို စစ်တ​ပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကားဆရာနဲ့ ကားပိုင်ရှင်အုံနာက ငြိမ်းချမ်းရေးကွန်ရက် ဆရာတော်ဆိုသူထံ အကူအညီသွားတောင်းကာ ပြောပြခဲ့ပါတယ်။

"ဂိတ်မှာတားလို့ဆိုပြီး တပည့်တော်တို့က ဆင်းလိုက်တာ။မှတ်ပုံတင်စစ်ပြီး တခါတည်း ခေါ်လိုက်တာ။ ဘာမှကိုပြောလို့ မရဘူး။ တပည့်တော်ပြောတာကို မင်းဘာမှမပြောနဲ့ ပြောရင် မင်းပါ ပါမှာနော်တဲ့"လို့ ကားဆရာက ပြောပါတယ်။

အဲဒီနောက် ယာဥ်နောက်လိုက်လူငယ်ကို ဖမ်းခေါ်ထားလိုက်ပြီးမှ ကားကို ခရီးဆက်ခွင့်ပြုခဲ့ကြောင်း ကားဆရာက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က မြို့နေရာအနှံ ပေါ်တာပတ်ဆွဲနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူတာတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"သံလမ်းကွေ့နားက နေ့တိုင်းဆွဲခေါ်နေတာ။ ပိုက်ဆံနဲ့ရွေးရပါတယ်။ တစ်ယောက်ကိုသိန်း၁၀၀၊ သိန်း၂၀၀ထိပေးရပါတယ်။ စစ်မှု့ထမ်းဖို့ခေါ်တာမဟုတ်ဘဲ ပြန်ပေးဆွဲငွေတောင်းတဲ့သဘောရောက်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာလမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ရုပ်သံ-ငြိမ်းချမ်းရေးကွန်ရက်


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်ကိုင်းပေါ်တာဆွဲမှု #မတရားဖမ်းဆီးမှု #မကင်းရာမကင်းကြောင်း #စစ်ကိုင်းတိုင်းသတင်း #စစ်အာဏာသိမ်းမှု #မြန်မာ့သတင်း #SagaingForcedRecruitment #ForcedConscription #SagaingRegion #HumanRightsViolations #MyanmarCrisis #MyanmarNews
🤬30❤11👎4🤮3👍1👏1🤣1
Media is too big
VIEW IN TELEGRAM
👍29🤮4❤3👎1🔥1👏1🤣1😭1
မြိုင်မြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

အောက်တိုဘာ ၇၊၂၀၂၆။သုည/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Our Ambassador - Our Voice" ၊ "Our UN Ambassador H.E Kyaw Moe Tun, True Voice of Myanmar" ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး ကုလသမဂ္ဂ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိစေရေးအတွက် ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
🥰19❤7👍4🤮2🤣2🖕2👏1🫡1
ဓာတ်ပုံ - မြိုင်မြို့နယ်လူထုသပိတ်
❤40👏4🥰3😁2🤣2🤮1🖕1🫡1
ဗန်းမော်နဲ့ မိုးမိတ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

အောက်တိုဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အင်အားတစ်ထောင်ကျော်လောက် ဖြည့်ထားနိုင်တဲ့ ဗန်းမော်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကစပြီး မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေပြီး ဒီကနေ့မှာတော့ ဗန်းမော်တက္ကသိုလ်နားမှာ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

“ဗန်းမော်တက္ကသိုလ်ဘက်မှာကတော့ ကျနော်တို့ရှေ့ဆက်တိုးတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က လတ်တလော ဗန်းမော်မြို့အခြေအနေကို ပြောပြပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီ မထိုးမီက စစ်တပ်က ဗန်းမော်တက္ကသိုလ်အနီး တိုက်ပွဲကို လေကြောင်းပစ်ကူပေး တိုက်ခိုက်ဗုံးကြဲခဲ့တာရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ တိုက်လေယာဥ်နဲ့ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမိတ်ဘက်မှာလည်း တိုက်ပွဲ ဆက်ရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မိုးမိတ်မြို့ကနေ မဘိမ်းကိုသွားတဲ့ ကြားထဲမှာ မြစ်ဆုံဆိုတာရှိတယ်။ မိုးမိတ်ကနေ မြစ်ဆုံ - မဘိမ်းဘက်ကို သွားတဲ့ လမ်းကြောဘက်မှာ ရန်သူက ဆက်ပြီးမှ ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ၇မိုင်ဆိုတဲ့ ရွာထဲမှာ အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းအချို့ကို စက်တင်ဘာ လကုန်ပိုင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က မိုးမိတ်ကို ကားတွေနဲ့ စစ်အင်အား ၁ထောင်ခန့် ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းက တိုက်ပွဲတွေရှိခဲ့တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၊ ခေါင်လန်ဖူးမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနေအထားဖြစ်ပြီးခေါင်လန်ဖူးဘက်မှာ စစ်တပ်က ရိက္ခာခဲယမ်း ဖြည့်တင်းတာတွေ လေကြောင်းက ပြုလုပ်နေတာရှိတယ်လို့ အသိပေးပါတယ်။
👍33❤12👏6🫡2👎1🥰1🤣1
(ကချင်ပြည်နယ် တနေရာမှာ KIAပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda)
❤41🫡4🤣2🖕2👍1🥰1👏1🤮1