People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူ စစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေ လစာပြန်မလွှဲတာကြောင့် အလုပ်သမားစေလွှတ်ရတာ နိုင်ငံအတွက် အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။ စစ်အုပ်စုရဲ့ ခရီးသွားဝန်ကြီးကနေ အလုပ်သမားဝန်ကြီးဖြစ်လာတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လခအပေါ် အခွန်ကောက်ခံရရှိမှုနည်းပါးနေတာ ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းပြန်မလွှဲကြလို့ဆိုပြီး အပြစ်တင်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပဆီ အလုပ်သွားရောက်လုပ်ကိုင်ကြဖို့ မြန်မာနိုင်ငံသားတွေကို စေလွှတ်တာက နိုင်ငံအတွက် အကျိုးမရှိနေဘူးလို့ သူက ဆိုပါတယ်။

◾️မြန်မာဆီ ပြန်ပို့ခဲ့သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဘူးလို့ မလေးရှားဝန်ကြီးချုပ်ဆို

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သဘောတူညီမှုအရ မလေးရှားဟာ မြန်မာဖက်ကို ရွှေ့ပြောင်းဒုက္ခသည် ၅,၀၀၀ လောက် ပြန်ပို့မယ်လို့ မလေးရှား အစိုးရက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားဖက်က ပြန်ပို့ခဲ့ပါတယ်။ အောက်တိုဘာ ၆ရက်မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြန်ပို့ပေးလိုက်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မ​​လေးရှား​အောက်လွှတ်​တော်မှာ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အန်ဝါရဲ့ဖိတ်ကြားမှုကြောင့် မလေးရှားကို အခုသီတင်းပတ်နှောင်းပိုင်းမှာ လာရောက်ဖြစ်ဖွယ် ရှိနေတယ်လို့လည်း မ​လေးရှားကီနီသတင်းဌာနက​ ဖော်ပြပါတယ်။

◾️ရန်ကုန်မှာ တစ်ပတ်အတွင်း ပေါ်တာဆွဲခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ RSN ထုတ်ပြန်

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၄ ရက် အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၀ ခုကနေ ဖမ်းဆီးခံရသူ ၃၄ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။ RSN ကရရှိထားတဲ့စာရင်းတွေအရ ကျောက်တံတားမြို့နယ်မှာ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှာ ၆ ဦး ၊စမ်းချောင်းမြို့နယ်မှာ ၅ ဦး ၊ အင်းစိန်မြို့နယ်မှာ ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ ဦး ၊ အရှေ့ဒဂုံ ၊ မြောက်ဒဂုံ ၊သာကေတ ၊တာမွေ ၊လှိုင်နဲ့ အခြားမြို့နယ် တစ်ခုက ၁ ဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ စစ်မှုထမ်းအပတ်စဉ်သစ်စတင်ခါနီး အချိန်တိုင်း ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေ များပြားလေ့ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။

◾️ပေါ်တာဆွဲကြမ်းနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ဘုရားပွဲတွေ ပြန်လုပ်ခိုင်းနေ

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းကာလအတွင်း ဘုရားပွဲတွေ ကျင်းပခြင်းမရှိတော့တဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က ဒီနှစ် ဝါတွင်းကစပြီး ဘုရားပွဲတွေ ပြန်လည်ကျင်းပစေခဲ့ပြီး အခြားဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်ခိုင်း​​နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ပတ္တမြားစေတီဘုရားပွဲ၊ အောက်တိုဘာဆန်းမှာ ထူပါရုံဘုရားပွဲနဲ့ လာမယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတွေမှာလည်း ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှုတော်ဘုရားပွဲတွေ ပြန်လည်ကျင်းပဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ စစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။
👍10💔9🤬4🤮2🖕2
🔥9👍5👎2🤬2🖕2❤1
🔥15🤬4👏2👎1😁1😢1
နွားထိုးကြီးမှာ စစ်အုပ်စုကအသက်မပြည့် သေးတဲ့မိန်းက​လေးငယ်အပါအဝင်အမျိုး
သမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်

အောက်တိုဘာ-၆၊၂၀၂၆။ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အ
သက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြော
ပါတယ် ။

ဒါ့အပြင်အမျိုးသမီး​တွေကိုနှိပ်စက်ခဲ့​သေးသလို အမျိုးသမီးငယ်တဦးဟာ ပျောက်ဆုံး နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နွားထိုးကြီးမြို့တွင်းက တပ်မ(၄၄)လက်​အောက်ခံစစ်​သား​တွေ၊ပြည်သူ့စစ်၊ပျူစောထီး​တွေနဲ့ရဲ​တွေပါဝင်တဲ့ အင်အား၂၀၀ ပါ စစ်ကြောင်းဟာ ထနောင်းပင်လဲ ကျေးရွာကို အောက်တိုဘာ ၂ ရက်နေ့မှာစတင်ဝင်ရောက်လာခဲ့ပါတယ် ။ ​အောက်တိုဘာ ၃ရက်နေ့မှာ မြို့တွင်းကိုယာယီပြန်ဆုတ် အင်အားဖြည့်ပြီး ထပ်မံစစ်​ကြောင်းထိုးခဲ့တယ်လို့ ​ဒေသခံ​တွေက​​ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ၅ ရက်နေ့၊မနေ့က ည၇နာရီမှာ မူးရူးပြီး ပတ်ကင်းလှည့်ချိန် ရွာထိပ်အစွန်ကတောထဲတိုက်မှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို တွေ့သွားပြီး အဲဒီအထဲက အိမ်ထောင်သည်အမျိုးသမီး ၁ ဦး၊ အသက် ၁၄နှစ်အရွယ်မိန်းက​လေးငယ် ၁ဦး၊ အသက်၁၈နှစ်အရွယ်မိန်းက​လေး ၁ ဦး နဲ့အသက်၂၀နှစ်အရွယ် မိန်းက​လေး၂ ဦး စုစု ပေါင်း အမျိုးသမီး၅ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ညပိုင်းမှာဖမ်းဆီးခံထားရတဲ့ အိမ်​ထောင်ရှိအမျိုးသမီးတဦးရဲ့ ခင်ပွန်းက ပြန်လိုက်ခေါ်တာကြောင့် အဲဒီအမျိုးသမီးတဦးကိုသာ ပြန်လွှတ်ပြီးကျန်မိန်းက​လေးငယ် ၄ ဦးကို ပြန်မလွှတ်ပေးခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အသက်မပြည့်​သေးတဲ့က​လေးငယ်အပါအဝင် မိန်းက​လေးငယ် ၄ ဦးကိုစစ်အုပ်စုက အုပ်စုဖွဲ့ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ပြီး မနက်မိုးလင်းချိန်မှ ပြန်လွှတ် ပေးခဲ့တာလို့ ဒေသခံ တွေကပြောပါတယ်။

ပြန်လွှတ်ချိန်မှာ အမျိုးသမီးငယ်၃ဦးသာပါပြီး အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"သတ်ပစ်လိုက်ကြပြီလို့ သတင်းကြားတာပဲ။အခုလွတ်လာတဲ့ ကောင်မလေးတွေက ဆေး
ခန်းတခုကိုလာပြကြမှ ဒီကိစ္စကိုသိကုန်ကြတာ။သူတို့လည်ပင်း နဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်
ရာ တွေပါလာကြတယ်။ဒီကျေးလက်ဆေး
ခန်းက မနိုင်လို့တခြား တနေရာကိုပြန်လွှဲထားတယ်။ဒီ နေ့ဆေးသွားကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ထနောင်းပင်လဲရွာဟာနွားထိုးကြီးမြို့ရဲ့တောင်ဘက်တမိုင်ခွဲအကွာမှာရှိပြီး နွားထိုးကြီး-‌ တောင်သာ လမ်းပိုင်းဖြစ်သလို စစ်တပ်အတွက် နွားထိုးကြီးမြို့ကာဖို့အတွက် အရေးပါတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်တပ်က အဲဒီရွာကို ဗန်ကာတွေဆောက်ကာအခိုင်အမာတပ်စွဲထားသလို ဒီရွာရဲ့နောက်ဘက်ကဗောဓိကုန်းရွာကိုလည်း တပ်ဖြန့်ထားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ စစ်တပ်စစ်​ကြောင်း​က မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ စွာ​တွေကအမျိုးသမီး​တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်
ခဲ့ပါသေးတယ် ။ ​တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာကအသက်၁၆နှစ် အရွယ် ကနေ အသက်၆၀ အရွယ်အထိ အမျိုးသမီး ၇ ဦးကို စက်တင်ဘာလ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်သား​တွေက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တာလို့ ​ဒေသခံနဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

အလားတူ သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ကို စစ်သား​တွေကထပ်မံ အ‌‌ဓမ္မပြုကျင့်ခဲ့ကြသေးတယ်လို့ အဲဒီစစ်​ကြောင်းကဖမ်း
ဆီးရမိတဲ့ စစ်သုံ့ပန်းက ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် အိမ်ကြီးတောရွာကိုလည်းစစ်တပ်က စစ်ကြောင်းထိုးကာအသက် ၁၆နှစ်အရွယ်
ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ သတ်ဖြတ်ခဲ့ကြပါတယ်။

အဆိုပါ ရွာ​တွေက အမျိုးသမီး၂၀ကျော်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့သူဟာ စစ်တပ်က ဗိုလ်မှူးကျော်မင်းဖြစ်တယ်လို့ အဲစစ်​ကြောင်းကဖမ်းမိတဲ့စစ်သုံ့ပန်းကထွက်ဆိုပါတယ်။စစ်တပ် အဓမ္မကျင့်ခဲ့တဲ့ အမျိုုးသမီးတွေထဲက မိန်းက​​လေးငယ်အချို့ဟာ အဖြစ်ဆိုးကြုံပြီး​နောက် ကိုယ်တိုင်အဆုံးစီရင်သွားတာရှိခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရွာ​တွေကို စစ်​ကြောင်းထိုးအကြမ်းဖက်သတ်ဖြတ်ပြီး အမျိုးသမီး​တွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့စစ်​ကြောင်းကို ​​ဒေသတွင်းPDF ၊ပကဖနဲ့ ​တော်လှန်​ရေးတပ်​တွေက၂၀၂၅ အောက်တိုဘာ၉ ရက်မှ ၁၂ရက် နေ့အထိမလှိုင်မြို့နယ် အိမ်ကြီးတောရွာအနီးတိုက်
ခိုက်ရာ ဗိုလ်မှူး​ကျော်မင်း အပါအဝင်စစ်သား
၂၀ကျော် မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။
🤬41❤9👎2🖕2🔥1💩1🤣1
နွားထိုးကြီးမြို့နယ်မှာ ရွာ​တွေကိုစစ်​ကြောင်းထိုးပြီး အကြမ်းဖက်ကာ မိန်းက​လေးငယ်​တွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့စစ်​ကြောင်းမှာ ရဲကွန်မန်ဒိုဆိုတဲ့ ရဲ​တွေလည်းပါဝင်ပါတယ်။
ဓါတ်ပုံ-​ပေးပို့
🤬38💩5👎2🤣2😢1
စစ်တွေမြို့အနောက်ဘက်ခြမ်း ရေချမ်းပြင်၊ ကြွီတဲဝန်းကျင်မှ စစ်စခန်း​တွေကိုပါ AA ထိုး
စစ်ဆင်

အောက်တိုဘာ-၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ရာစစ်တွေမြို့ရဲ့အနောက်ဘက်ခြမ်းရေချမ်းပြင်၊ကြွီတဲရွာဝန်းကျင်ရှိစစ်တပ်စခန်းတွေကိုပါ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်နဲ့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့မြောက်ဘက် ပါဒလိတ်တပ်ရင်းအနီးအမြင့်ကျွန်း၊ကျားမသောက်တပ်ရင်းအနီးတောကန်၊နာရီကန်၊ကံ့ကော်ကျွန်းနဲ့ မြို့အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းအနီးတို့ကနေထိုးစစ်ဆင်နေတဲ့AAဟာမြို့အနောက်ဘက်ခြမ်းရေချမ်းပြင်ဘက်ကနေပါ စစ်မျက်
နှာသစ်ဖွင့် ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်နေတာနှစ်ရက်ရှိပြီ။ ရေချမ်းပြင်မှာ လာစုနေတဲ့ကောင်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ အုန်းရေပေါ်တို့ ၊ကျက်တောပြင်တို့
တဝိုက်မှာ ဖြစ်တယ်။ ကြွီတဲဘက်မှာတော့ ရင်ဆိုင်တိုက်ပွဲမရှိဘူး။” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကြွီတဲဘက်မှာ ရင်ဆိုင်တိုက်ပွဲမရှိ​ပေမယ့် ​ပျောက်ကြားတိုက်ပွဲ​တွေရှိတယ်လို့သူကဆက်​ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေ
အနေအသေးစိတ်ကို​​တော့ ပြောလို့မရသေးဘူးလို့ AA နဲ့နီးစပ်တဲ့စစ်​ရေးသတင်းရင်းမြစ်က​ပြောပါတယ်။

ရေချမ်းပြင်အနီးဝန်းကျင်တပ်စခန်းတွေ တိုက်ခိုက်ခံနေရချိန် စစ်တပ်ဟာ ပါဒလိတ်တပ်ရင်းတွေဆီ ပို့ထား တဲ့ အင်အားတွေနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရှိ အင်အားတွေကို ထုတ်နုတ်ပြီး ရေချမ်းပြင်ဘက်ဆီ စစ်ကူပို့၊ အင်အားထပ်ဖြည့်နေတယ်လို့ စုံစမ်းသိရပါတယ်။

“ပါဒလိတ်ဘက်မှာ တိုက်ပွဲပြင်းနေတော့ အဲဒီဘက်မှာ အများကြီးပို့ထားတာ။အခု ရေချမ်းပြင်ဘက်ကိုခွဲပြီးပို့နေတယ်ကြားတယ်။ ပစ်သံတွေကတော့အခုလည်းကြားရတယ် ရေ
ချမ်းပြင်ဘက်ကနေ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ စစ်တွေမြို့ခံတဦးကလည်းပြောပါတယ်။

ရေချမ်းပြင်အနီးဝန်းကျင်တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ စစ်တပ်ရဲ့ ထောက်ပို့တပ်၊ ဆေးတပ်နဲ့ အ မြောက်တပ်ရင်းတို့ရှိပါတယ်။“ရေချမ်းပြင်ဘက်မှာ အင်အားလည်း သိပ်မရှိဘူး။အခုနောက်ပိုင်းမှပဲဖြည့် ထားတာ”လို့စစ်တွေမြို့မှစစ်​ကောင်စီလက်
အောက်ခံ ဝန်ထမ်းတဦးကလည်း ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ရေချမ်းပြင်တဝိုက်အပြင် နာရီကန်၊ တောကန်ဝန်းကျင်၊ ဝါဘိုကျွန်းဝန်းကျင်၊ ကွမ်းတောင်ဝန်း ကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေပြီးလေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

“အခုလည်း လေယာဉ်နဲ့ချနေတယ်။ ပုဏ္ဏားကျွန်းဘက်က ကြားတယ်။ ညနေကတည်းက ဝဲနေတာ။မြို့ထဲကလူ တွေကတော့ လေယာဉ်
လာရင် ကြောက်ပြီးနေရတာပေ့ါ။ ပြေးစရာလည်း မရှိဘူး” လို့ စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက
အောက်တိုဘာ ၆ ရက်ညနေမှာပြောပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ
ခဲ့တဲ့ကျောက် တော်မြို့ဗုံးကြဲမှုအပြီးမှာ AA ဟာ စစ်တွေ၊ ကျောက်ဖြူမြို့နယ်အတွင်း ထိုးစစ်အရှိန်ကိုမြင့်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က​တော့တိုက်ပွဲ​တေ့မှာအထိနာတာနဲ့ အတူ စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ ၊​ဈေး​တွေ စတဲ့အရပ်သားနေရာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရက်ဆက်ဗုံးကြဲ၊ ပစ်ခတ်နေပါတယ်။

“လေယာဉ်က နေ့တိုင်းလာတယ်။ လေယာဉ်မလာတဲ့အချိန်မှာလည်း လက်နက်ကြီးကတော့ အဆက်မပြတ် ပစ်နေတာပဲ။ အသံမကြားရတဲ့အချိန်ကို မရှိဘူး။ ညနေကလည်း ရွှေမင်းဂံဘက်မှာ ကျတယ်ထင်တယ်။ အသံတော် တော်အကျယ်ကြီး ကြားလိုက်တယ်” လို့ စစ်တွေနဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးကပြောပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ တစ်လကျော်ပြီဖြစ်ပါ တယ်။တစ်လ​ကျော်လာ​ပေမယ့် AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်း​တွေကိုပြန်သိမ်း​​နေပြီး ခုခံစစ်က​နေ ယခုအခါ ထိုး
စစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေမှာ​တော့ရခိုင်တိုက်ပွဲ​တွေမှာ စစ်တပ်က အသာရ​နေပြီး AA အထိနာ​နေတယ်လို့ သတင်းအမှား​တွေ​နဲ့ ဝါဒဖြန့်​နေတာ​တွေ့ရပါတယ် ။စစ်တပ်ဟာစစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ် ။ဒါ့အပြင် စစ်သားရာချီ​သေဆုံးဒဏ်ရာရထားပြီး စစ်ကူ​တွေဆက်တိုက်ပို့​နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။



#AAထိုးစစ် #စစ်တွေ #ရေချမ်းပြင်
#ကြွိတဲ #ဒကစ #Peoplesspring #ps
❤39👍19👏5🤣2🥰1🤨1🖕1🫡1
အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေနဲ့ စစ်​​တွေမြို့အနီးဝန်းကျင်​မြေပုံ။ဓါတ်ပုံ-AA
❤45👏6🖕3🫡3🥰1🤨1
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှု မှတ်တမ်းရုပ်ရှင်ကို တရုတ်ထုတ်လွှင့်

​အောက်တိုဘာ-၆၊၂၀၂၆။People's Spring

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း
(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်
အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းက မိသားစု​လေးစုလို့လူသိများပြီး ကျားဖြန့်လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ ဒုစရိုက် ကွန်ရက်တွေထဲက အဓိက ခေါင်းဆောင်တွေ တရုတ်ပိုင်နက်ထဲ ရောက်ရှိနေချိန် လျှပ်တပြက် စီးနင်း ဖမ်းဆီးပုံတွေကို အဲဒီ မှတ်တမ်း ရုပ်ရှင်မှာ ပြသထားတာ ဖြစ်ပါတယ်။ အဲဒီမိသားသု​လေးစုက ပယ်မိသားစု ၊လျိုမိသားစု ၊​ဝေမိသားစု နဲ့ မြီမိသားစု တို့ဖြစ်ပါတယ်။

ဝေချင့်ထောင် နဲ့ လျိုကျန့်ချီတို့ အပါအဝင် အဓိက ရာဇဝတ် ခေါင်းဆောင်တွေဟာ နယ်
စပ်ကိုဖြတ်ပြီးတရုတ်နိုင်ငံပိုင်နက်ထဲရောက်ရှိနေချိန်မှာ ၁၀ မိနစ်ကြာ စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲပြီး တရုတ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဧရိယာတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်ကွန်ရက်တွေကို နှိမ်နင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်လို့လည်း The Demise of Myanmar-Based Telecom Fraud (မြန်မာအခြေစိုက် တယ်လီကွန်းလိမ်လည်မှု လုပ်ငန်းများ နိဂုံးချုပ်ခြင်း)လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်က ဆိုပါတယ်။

အဲဒီရုပ်ရှင်ကို အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ တရုတ်စံတော်ချိန် ညနေ ၆ နာရီကျရင် CCTV-1 ရုပ်မြင်သံကြားကနေ အပိုင်းတွေခွဲပြီး ထုတ်လွှင့် ပြသ​​နေပါတယ်။

မှတ်တမ်းရုပ်ရှင်ဟာတရုတ်လုံခြုံရေးအာဏာ
ပိုင်တွေ၊ ဌာနဆိုင်ရာ အမှုထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မြောက်ပိုင်း အခြေ
စိုက် ကျားဖြန့် ကွန်ရက်တွေကို ဘယ်လို နှိမ်
နင်းခဲ့သလဲ ဆိုတာကို ရိုက်ကူးထားတာပါ။ အဲဒီဒုစရိုက်ဂိုဏ်းတွေဟာတရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်မှုတွေကျူးလွန်ခဲ့တာလို့ဆိုပါတယ်။

တရုတ်ဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ကျားဖြန့်ကွန်ရက်တွေကို ဖြိုခွင်းတဲ့ အထူးစီမံချက်ကို ၂၀၂၃ ခုနှစ် နွေရာသီအစောပိုင်းမှာ စတင်
ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းကဒုစရိုက်မိသားစုကြီး ၄ ခုကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ မှတ်တမ်းရုပ်ရှင်ကဆို ထားပါတယ်။

ကိုးကန့်နဲ့ဝ ဒေသတွေမှာရှိတဲ့ ကျားဖြန့်ကွန်
ရက်တွေဟာတရုတ်အာဏာပိုင်တွေနဲ့ ပူး
ပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့တဲ့နောက် တ
ရုတ်ဟာ ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းပြီး တိုက်
ရိုက် ဖမ်းဆီးဖို့ စတင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တုန်းက ကူမင်းကို ရောက်ရှိနေတဲ့ အ
ဓိက ကျားဖြန့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ပေါင်ကျွင့်ဖုန်ကို လက်ဝတ်ရတနာတွေ၊ တန်
ဖိုးကြီး နာရီတွေ၊ ဇိမ်ခံကားတွေနဲ့အတူ ဖမ်း
ဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်အောက်တိုဘာ ၂၀ မှာတော့ မြန်မာပိုင်နက်ထဲမှာတရုတ်-မြန်မာ ပူးပေါင်းစစ်ဆင်
ရေးအဖြစ် ကိုးကန့်ဒေသထဲ ဝင်ရောက်ပြီး စီးနင်းဖမ်းဆီးမှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းနယ်
မြေထဲဝင်ရောက်ပြီး ကျားဖြန့် နှိမ်နင်းရေးအတွက် သက်သေတွေ စုဆောင်းရယူတဲ့ တရုတ်ရဲ့ပထမဆုံးစစ်ဆင်ရေးဖြစ်လာခဲ့တယ်လို့လည်း မှတ်တမ်းရုပ်ရှင်က ဖော်ပြထားပါတယ်။

နောက်တော့ဒေသတွင်းမှာတိုက်ပွဲတွေ ပြင်း
ထန်ပြီးမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်
ခိုက်မှုတွေ ရှိနေတဲ့တိုင် တရုတ် ရဲတပ်ဖွဲ့ဟာ သက်သေခံ ပစ္စည်းတွေ မပျက်စီးဖို့သတိကြီးကြီးလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။အဲဒီမှတ်တမ်းရုပ်ရှင်မှာတော့မင်မိ
သားစု ထိန်းချုပ်ထားရာ ကျားဖြန့်ဝင်းကြီး တစ်ခုထဲမှာမြေအောက်သေနတ်ပစ်ကွင်းတစ်ခု ရှိပြီး အဲဒီမှာသတ်ဖြတ်မှု​တွေကျူးလွန်ခဲ့တယ်ဆိုတာမျိုးတွေကိုပါ ပါရှိလာပါတယ်။

မှတ်တမ်းရုပ်ရှင်မှာတော့နောက်ထပ်ကျားဖြန့် မိသားစုတစ်ခုဖြစ်တဲ့ပယ်မိသားစုအကြောင်း၊
အခုနှစ်ဆန်းပိုင်းတုန်းက ရှန်ကျန်းမြို့ တရား
ရုံးကမြန်မာနိုင်ငံအခြေစိုက်ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေကိုသေဒဏ်စီရင်ခဲ့တဲ့ အ
ကြောင်းတွေလည်းဖော်ပြထားပါတယ်။ ကျားဖြန့်​​ခေါင်း​ဆောင်ဆိုသူအချို့ဟာ မြန်မာစစ်တပ်လက်​အောက်ခံပြည်သူ့စစ်​ခေါင်း​ဆောင်​တွေဖြစ်​နေပါတယ် ။

တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရုတ်မှာ ကျားဖြန့် ငွေကြေးလိမ်
လည်မှုဖြစ်စဉ်တွေဟာ၂၀၂၅ ခုနှစ်၊ အောက်
တိုဘာလကစလို့လအလိုက် နှိုင်းယှဉ်ချက်
တွေမှာ ၁၁ လဆက်တိုက် ကျဆင်းလာနေတယ်လို့ဆိုရပါတယ်။

ကိုးကား-Global Times
👏21❤5🔥3😁3👍2🤣2
ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်​တွေအပါအဝင် ကျားဖြန့်​ဂိုဏ်း​​ခေါင်း​ဆောင်ဆိုသူ​တွေကို တရုတ်က မြန်မာနိုင်ငံမှဖမ်းဆီး ​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရ
👍35🔥6❤4👏2🥰1
ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

“နံရံလေးတခုပဲခြားတာ။ဒီ (နန်းတွင်းစစ်​ကြော​​ရေး)အတွင်းထဲမှာ ကိုယ့်လူ တွေအများကြီး သေခဲ့တာကို မျက်နှာမပူကြဘူးလားမသိဘူး။ဒီလောက်ကြီး လုပ်တာကရုပ်ပေါက်လွန်းတယ်”လို့ လူငယ်အပြေးသမားတဦးက​ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအပြီး တရုတ်ဖိအားနဲ့​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေစစ်တပ်ကိုပြန်လွှဲ​ပေးရသလို ၊ မတ္တရာမြို့နယ်အ​ရှေ့ခြမ်း နဲ့ စဥ့်ကူးမြို့နယ်တို့ကနေ မန္တ​လေးPDF
(MDY-PDF) အပါအဝင် တော်လှန်ရေး တပ်တွေ ဆုတ်ခွာရချိန်မှာ မန္တ​လေးမြို့ခံတချို့ရဲ့ မျက်နှာဖုံး တွေကွာကျခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို မြို့လုံးကျွတ်နီးပါး ဆန္ဒထွက်ပြတဲ့ မန္တ​လေးမြို့ဟာ အခု​နောက်ပိုင်းစစ်အာဏာရှင်အလိုကျ ပျော်ပွဲ၊ရွှင်ပွဲများစွာလုပ်​နေတဲ့မြို့ဖြစ်လာပါတယ်။ စစ်အုပ်စု နဲ့ ပါပရော်ပရီဆက်ဆံရေး လုပ်သူ​တွေများလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မန္တလေးမြို့က​ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေရဲ့ ဝိဉာဉ် တွေဟာ ကျုံးမြို့ရိုးအတွင်းမှာရှိနေဆဲဖြစ်ပါတယ်။

မြေပြင်သပိတ်တွေကို ဦးဆောင်ခဲ့တဲ့ ဆယ်
ကျော်သက်လူငယ်တွေဖြစ်တဲ့ ယမား(ခ)မအေးနန္ဒါစိုး၊ကိုသူရအောင်၊ကိုဖိုးလုံး၊ကိုစိုးလင်းအောင်၊ကိုလှမျိုးအောင်၊ကိုဖီးနစ်၊ကိုလင်းပိုင်စိုးတို့ဟာစစ်ကျွန်မခံပြည်သူ့လွတ်​မြောက်​ရေး အတွက် စစ်အာဏာရှင်​တွေကို ဒူးမ​ထောက်ဘဲ ​နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့နန်းတွင်းစစ်ကြောရေးမှာ ရှေ့ဆင့်နောက်ဆင့်ကျဆုံးခဲ့တဲ့ မန္တ​လေးက​မွေးထုတ်ခဲ့တဲ့လူငယ်တွေဖြစ်ပါတယ်။

ဒီလူငယ်တွေအတွက် ဘယ်ဘာသာတရားနဲ့မှ အမျှဝေ‌ခွင့် မရသေးပါဘူး။လူငယ် တွေရဲ့ သွေ့ညှီနံ့စွန်းထင်းနေတဲ့ကျုံးတံတိုင်းကို စစ်အာဏာရှင်အလိုကျမျက်နှာပြောင်တိုက် ဆေးကြောပေးနေတဲ့ မန္တလေးမြို့ကလူငယ်တစုလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၃၀ ရက်နေ့က မန္တလေး ကျုံးအတွင်းဘက် ကျုံးမြို့ရိုးဘေးမှာ ည​နေပိုင်းအပြေးပြိုင်ပွဲ -NGR Evening Run ဆိုပြီး​ပြေးပွဲတခုကို မန္တလေးက လူငယ်Runner အဖွဲ့ ဖြစ်တဲ့ Nomad Runners က ဦးဆောင်ပြီးလုပ်ခဲ့ပါတယ်။ ဒီပွဲကိုစပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီဟာရိုးမဘီယာကဖြစ်ပြီး အခြားလုပ်ငန်းအချို့ကလည်း စပွန်ဆာ​ပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင်ချင်တဲ့အပြေးသမားတယောက်ဟာ ဝင်ကြေး ၁၀၀,၀၀၀ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိ​ပေးရပါတယ်။ဒီပြိုင်ပွဲကို ကျင်းပခဲ့တဲ့ နေရာဟာ မန္တလေး ကျုံးအတွင်းလမ်း၊နန်းမြို့ရိုးရဲ့ ဘေးမှာပြုလုပ်ခဲ့တာပါ။

​ဆောင်း​ဘောက်စ်ကြီးတွေ အများကြီးချပြီး စည်ဘီယာပိုင်း တွေထောင် သီချင်း​တွေဖွင့်အော်ဟစ်အောင်ပွဲခံခဲ့ကြတာပါ။

“တခြားပွဲ လုပ်တာကို မပြောလိုဘူး။sound box တွေဖွင့်ပြီး ဘီယာ တွေသောက် ပျော်ပါးပြီးပွဲလုပ်တာကြီးက တော့တကယ်ရုပ်ပေါက်လွန်းတယ်။သူတို့ အားမနာကြဘူးလားမသိဘူး”လို့လူငယ်အပြေးသမားတဦးကပြောပါတယ်။သူက​တော့ ဒီအ​ပြေးပြိုင်ပွဲကို ဝင်မပြိုင်ပါဘူး။

သေချာတာက ​ဆောင်း​ဘောက်စ်အကျယ်ကြီးနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ​အော်ဟစ်​အောင်
ပွဲခံ​နေကြတာကို နံရံသာခြားတဲ့နန်းတွင်းထဲကကြားနေရမှာပါ။မန္တလေးနန်းတွင်းဟာ မန္တလေးမြို့ခံလူငယ် တွေကို စစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက် သတ်ပစ်ရုံတင်မဟုတ်ပါဘူး။ယခုဆိုရင် ပေါ်တာဆွဲထားတဲ့ လူငယ် တွေကို ဖမ်းဆီးပြီး ဒီအတွင်းထဲမှာပါချုပ်နှောင်​နေတာပါ။

ဒါ​ကြောင့်ဖမ်းဆီးချုပ်​နှောင်ခံရတဲ့သူ​တွေ ၊ ​ပေါ်တာဆွဲခံရတဲ့လူငယ်​တွေဟာကျုံးတစ်
ဖက်မှာ အ​ပြေးသမား​တွေ​​ပျော်မြူး၊​အော်ဟစ်​နေသံ​တွေ ၊သီချင်းသံ​တွေကို ကြား​နေရမှာဖြစ်တယ်လို့ အထက်မှာ​ပြောခဲ့တဲ့ မန္တ​လေးက လူငယ် ၂ ဦးက​ပြောပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/10/07/170192/
❤35👍20💩6🖕3👎2🤮2🔥1🤣1