(လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - တမူးခရိုင် တပ်ရင်း-၆)
👍38👏11🤣3👎1🥰1🖕1
ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်က လေကြောင်းကအပြင်းအထန်ခုခံ
အောက်တိုဘာ-၆၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြိးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲက ဂွေးချိုပျူစောထီးစခန်းကို ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်း နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေစကြိုမြို့နယ်က ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အပြီးသတ်မသိမ်းပိုက်ဘဲဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါပေမယ့် တိုက်ခိုက်မှုအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိပြီး တော်လှန်ရေးရဲဘော် ၃ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။
ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို ပခုက္ကူခရိုင် အမှတ် (၂ ၊ ၃ ၊ ၁၀) တပ်ရင်း ၊ ရေစကြိုတပ်ပေါင်းစု၊ one more စစ်ကြောင်း(မြင်းခြံ)၊ ကြယ်တံခွန်စစ်ကြောင်း ၊ဒေါင်းညီနောင်၊ မြိုင်ပကဖ (ဒရုန်းအဖွဲ့) ၊ KNLAတပ်ရင်း၂၇ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁) တို့နဲ့ အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်တလော စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ လေကြာင်း၊လက်နက်ကြီးရန်ကို အထူးဂရိုစိုက်ဖို့လည်းရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက တိုက်တွန်းထားပါတယ်။
"ဂွေးချိုက ရေစကြို-ပခုက္ကူလမ်းပိုင်းမှာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်လောက် အကြာမှာ ပျူရွာဖြစ်ခဲ့တာ။အင်အားက ရွာခံပျူများတယ်။အားလုံးဆိုရင်တော့ ၇၀ လောက်ရှိလိမ့်မယ်"လို့ ရေစကြိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
ဒါ့အပြင် ဂွေးချိုကျေးရွာဟာ တိုက်နယ်ရဲစခန်းရှိတဲ့အပြင် ကျေးရွာအတွင်းမှာ ကာကင်းတွေကို အခိုင်အမာတည်ဆောက်ထားပြီး နင်းမိုင်းတွေ အများအပြားအသုံးပြုထားကာ စစ်တပ်ရဲ့ အခိုင်မာ ခြေကုပ်နေရာတခုဖြစ်နေတယ်လို့ သူက ပြောပါတယ်။

👍40❤9👎1🥰1👏1😁1🤬1🖕1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွတ်မြောက်ရေး ထိုင်းရောက်မြန်မာတွေ ဆုတောင်းပွဲပြုလုပ်
အောက်တိုဘာ ၆၊၂၀၂၆။သုည/People's Spring
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အဓိကထွက်ပေါက်က လူထုခေါင်းဆောင် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက အဓိကကျတယ်ဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့် အင်္ဂါနေ့တိုင်း အပတ်စဉ်ဆုတောင်းပွဲပြုလုပ်နေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် နိုင်ငံရေးအင်အားစုတွေက ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူ၊ ပြည်သူအားလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်စေဖို့နဲ့ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေဖို့အတွက်ကိုလည်း ဘုရားပန်းကပ်ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

❤34👍7🥰3👏2🤣2🖕2🫡2🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️တောင်ကုတ်မှာ စစ်တပ် လေယာဥ်အုပ်လိုက် ဗုံးကြဲမှုကြောင့် နှလုံးရပ် သေဆုံး
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ စစ်တပ်အထိုင်ချခဲ့တဲ့ နေရာတွေနဲ့ ဖုံညိုရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက် ဒီနေ့ မနက် ၉ နာရီခွဲကနေ ၁၀ နာရီ ၁၅ မိနစ်လောက်အထိ စစ်တပ်က ဗုံးအလုံး နှစ်ဆယ်ဝန်းကျင်ကြဲချနေခဲ့တာပါ။ အဲဒီလေယာဥ်အုပ်လိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပြီး လေယာဥ်သံနဲ့ ဗုံးပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ် ၆ စီးခန့်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရပြည်သူအရေအတွက်များပြားတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်အတိအကျကို မသိရသေးဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အရင်က အထိုင်ချခဲ့တဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)၊ ခမရ (၃၄၆)၊ ခမရ (၅၄၄)တို့နဲ့ အဲဒီအနီး တောင်ကုတ်မြို့အဝင်မှာရှိတဲ့ ဖုံညိုရွာတို့ကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲမှုကြောင့် ဖုံညိုရွာက ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရသူတွေရှိပြီး တောင်ကုတ်မြို့ပေါ်က ဦးဇော်ခင်ဦးနဲ့ ဦးလှစိန်တို့ဟာ ကျယ်လောင်တဲ့ ဗုံးကွဲသံကြောင့် နှလုံးရပ်ကာ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ကျွန်းလှနယ်ကို နှစ်ရက်ဆက် စစ်တပ် ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၅ရက် မနေ့က မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းကနေ ၇ကြိမ်ထက်မနည်း ဗုံးကြဲပြီး ဒီနေ့ အောက်တိုဘာ ၆ရက် မနက်ပိုင်းမှာလည်း ဂျက်ဖိုက်တာသုံးစီးနဲ့ ထပ်မံကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းတွေက ပျက်စီးတာတွေရှိသလို ပျောက်နေသူတွေလည်း ရှိတယ်လို့ ကျွန်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ သေဆုံးတာကို ၃၀ ကျော်နေပြီး ဒဏ်ရာအပြင်းအထန်ကလည်း ဆယ်ဂဏန်းမကပါဘူးလို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မနက် ၁၀နာရီ ၅၂မိနစ်ကနေ ၁၀နာရီ ၅၅ မိနစ်အတွင်း ဂျက်ဖိုက်တာသုံးစီးနဲ့ အတွဲလိုက်ဗုံးတွေ ချခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းသတိပေးချက်တွေ ရှိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ လူထုနွေဦးအနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
◾️ရိုးမစင်ထရယ်စီမံကိန်းကနေ နိုင်ငံတကာအဖွဲ့တွေ ထွက်ခွာ
ရန်ကုန်မြို့လယ်က ရိုးမစင်ထရယ်စီမံကိန်းကနေ ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နဲ့ မစ်ဆူဘီရှီအုပ်စုတို့ ထွက်ခွာသွားပြီလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ကိုလိုနီခေတ်လက်ရာ မီးရထားရုံးချုပ်ဝင်းဟောင်းကို အဆင့်မြှင့်တင်မယ့် ရိုးမစင်ထရယ်စီမံကိန်းကိုမူလက မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ၅ ရာခိုင်နှုန်းနဲ့ ADB ၅ ရာခိုင်နှုန်းစီ ပါဝင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ FMI ရဲ့ စီမံကိန်းရှင်းတမ်းအရဆိုရင် IFC၊ ADB နဲ့ Mitsubishi ပူးပေါင်းထားတဲ့ MMJ Yangon Development Pte. Ltd. တစုံလုံးထွက်သွားတယ်လို့ ပြောရမယ်လို့ ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ထွက်ခွာရတဲ့အကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်မှာ မပါဘူးလို့ အဲဒီစီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။ ဒါပေမဲ့ FMIက Yoma Strategicနဲ့ အတူ Yoma Central မှာ အစုရှယ်ယာပိုင်ဆိုင်မှုကို တိုးမြှင့်ပြီး ရန်ကုန်မြို့လယ်က စီမံကိန်းကို အဆင့်ဆင့်ပြန်လည်စတင်အကောင်အထည်ဖော်မယ်လို့ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။
◾️တောင်သာနယ်က စာသင်ကျောင်းကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၆ရက် ဒီနေ့ မနက် ၈နာရီကျော်က ထန်းပင်ကုန်းရွာကို တပ်စွဲထားတဲ့ စစ်တပ်က သာပေါင်းလေးရွာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကျောင်းသား၊ကျောင်သူ ၇ ဦးနဲ့ အာဏာသိမ်းစစ်တပ်ဆီ အမှုထမ်းနေတဲ့ ကျောင်းဆရာမတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ကျောင်းတက်ခါနီးအချိန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးနှစ်ဦးက ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။ ဗုံးသီးတွေကြောင့် ကျောင်းဆောင်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

❤17🤬3🖕2👍1🤮1
◾️နှစ်ခြင်းဘုရားကျောင်းကို စစ်တပ်နဲ့ SNA အသေခံဒရုန်းနဲ့ တိုက်ခိုက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်နဲ့ SNAတို့ရဲ့ အသေခံဒရုန်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းပျက်စီးခဲ့တယ်လို့ အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ၅ရက် မနေ့ နေ့ခင်းက ချောင်း၀ရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ လူသေဆုံးထိခိုက်မရှိပေမယ့် ဘုရားကျောင်း အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်တိုက်ပွဲတွေမရှိဘူးလို့လည်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီ ဘုရားကျောင်းမှာ မူကြို ကလေးငယ်တွေကို စာသင်ကြားပေးတာ ရှိပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်တဲ့နေ့မှာ ဘုရားကျောင်းမှာ ဆုတောင်းပွဲရှိလို့ ကျောင်းပိတ်ထားချိန်ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
◾️ဝက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူငယ်တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်မှာ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 နဲ့ တိုက်ခိုက်တာကြောင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အခြား ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရတာပါ။ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း နဲ့ ရွှေဘို အရှေ့တောင်ခြမ်း အစပ်တစ်နေရာကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အမှတ် (၁၃) တန်းမြင့်စစ်သင်တန်းကျောင်းက တက်လာတဲ့ တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်က ပစ်ခတ်တိုက်ခိုက်တာလို့ မြေပြင်အချက်အလက်ဖော်ပြပေးနေတဲ့ Wetlet Informational Network က ဓာတ်ပုံနဲ့ တကွဖော်ပြထားပါတယ်။
◾️ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲက ဂွေးချိုပျူစောထီးစခန်းကို ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်း နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေစကြိုမြို့နယ်က ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အပြီးသတ်မသိမ်းပိုက်ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။
◾️မြိုင်က စစ်ရှောင်စခန်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ အောက်တိုဘာ ၅ ရက် ည ၇ နာရီ မိနစ် ၄ဝခန့်က မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ရှောင်တဲတွေပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအတွင်း ရှိနေကြတဲ့ သားအဖ ၂ဦးနဲ့ အနီးအနားတဲက အမျိုးသမီး၁ ဦး၊ စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် ဒဏ်ရာရသူတွေထဲက အမျိုးသမီးကတော့ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
◾️ရေဘေးသင့်သရက်ချောင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၅ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ မြို့ခံတွေက ပြောပါတယ်။ ဒေါ်မဲတူလို့ လူသိများတဲ့ အမျိုးသမီးနေထိုင်တဲ့ အိမ်ကို လက်နက်ကြီးထိမှန်တာဖြစ်ပါတယ်။ ပြင်းဖြူကြီးရွာထဲကို စစ်တပ်စစ်ကြောင်းတွေ အောက်တိုဘာ ၃ရက်မှာ ဝင်လာပြီး ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံအများစု ထွက်ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။ ပြင်းဖြူကြီးရွာအပါအဝင် သရက်ချောင်းအောက်ပိုင်းရွာတွေ ဖြစ်တဲ့ ဆင်းကျန်း၊ လဘ၊ ပိတိုင်၊ ချောက်ချောင်းရွာက ဒေသခံတွေဟာ စစ်တပ်စစ်ကြောင်းရန်ကို ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️မြန်မာလုပ်သားတွေ လစာပြန်မလွှဲတာကို စစ်အုပ်စု အလုပ်သမားဝန်ကြီး အပြစ်တင်

❤16👍4🖕2🤬1🤮1
အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူ စစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေ လစာပြန်မလွှဲတာကြောင့် အလုပ်သမားစေလွှတ်ရတာ နိုင်ငံအတွက် အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။ စစ်အုပ်စုရဲ့ ခရီးသွားဝန်ကြီးကနေ အလုပ်သမားဝန်ကြီးဖြစ်လာတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လခအပေါ် အခွန်ကောက်ခံရရှိမှုနည်းပါးနေတာ ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းပြန်မလွှဲကြလို့ဆိုပြီး အပြစ်တင်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပဆီ အလုပ်သွားရောက်လုပ်ကိုင်ကြဖို့ မြန်မာနိုင်ငံသားတွေကို စေလွှတ်တာက နိုင်ငံအတွက် အကျိုးမရှိနေဘူးလို့ သူက ဆိုပါတယ်။
◾️မြန်မာဆီ ပြန်ပို့ခဲ့သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဘူးလို့ မလေးရှားဝန်ကြီးချုပ်ဆို
မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သဘောတူညီမှုအရ မလေးရှားဟာ မြန်မာဖက်ကို ရွှေ့ပြောင်းဒုက္ခသည် ၅,၀၀၀ လောက် ပြန်ပို့မယ်လို့ မလေးရှား အစိုးရက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားဖက်က ပြန်ပို့ခဲ့ပါတယ်။ အောက်တိုဘာ ၆ရက်မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြန်ပို့ပေးလိုက်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှားအောက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အန်ဝါရဲ့ဖိတ်ကြားမှုကြောင့် မလေးရှားကို အခုသီတင်းပတ်နှောင်းပိုင်းမှာ လာရောက်ဖြစ်ဖွယ် ရှိနေတယ်လို့လည်း မလေးရှားကီနီသတင်းဌာနက ဖော်ပြပါတယ်။
◾️ရန်ကုန်မှာ တစ်ပတ်အတွင်း ပေါ်တာဆွဲခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ RSN ထုတ်ပြန်
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၄ ရက် အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၀ ခုကနေ ဖမ်းဆီးခံရသူ ၃၄ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။ RSN ကရရှိထားတဲ့စာရင်းတွေအရ ကျောက်တံတားမြို့နယ်မှာ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှာ ၆ ဦး ၊စမ်းချောင်းမြို့နယ်မှာ ၅ ဦး ၊ အင်းစိန်မြို့နယ်မှာ ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ ဦး ၊ အရှေ့ဒဂုံ ၊ မြောက်ဒဂုံ ၊သာကေတ ၊တာမွေ ၊လှိုင်နဲ့ အခြားမြို့နယ် တစ်ခုက ၁ ဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ စစ်မှုထမ်းအပတ်စဉ်သစ်စတင်ခါနီး အချိန်တိုင်း ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေ များပြားလေ့ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။
◾️ပေါ်တာဆွဲကြမ်းနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ဘုရားပွဲတွေ ပြန်လုပ်ခိုင်းနေ
ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းကာလအတွင်း ဘုရားပွဲတွေ ကျင်းပခြင်းမရှိတော့တဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က ဒီနှစ် ဝါတွင်းကစပြီး ဘုရားပွဲတွေ ပြန်လည်ကျင်းပစေခဲ့ပြီး အခြားဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ပတ္တမြားစေတီဘုရားပွဲ၊ အောက်တိုဘာဆန်းမှာ ထူပါရုံဘုရားပွဲနဲ့ လာမယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတွေမှာလည်း ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှုတော်ဘုရားပွဲတွေ ပြန်လည်ကျင်းပဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ စစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

👍10💔9🤬4🤮2🖕2