(အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် ဒရုန်းအပိုင်းအစတွေ။ ဓာတ်ပုံ - ပေးပို့)
🤬41🤮4🔥2😢2👎1👏1🤩1
ကသာဒေသတွင်း စစ်ရေးအခြေအနေ တော်လှန်ရေးတပ်တွေ သတိပေး
အောက်တိုဘာ ၆၊၂၀၂၆။ရွှေပြည်စိုး/People's Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။
အင်အား ၂၀၀ထက်မနည်းပါတဲ့ ခမရ(၃၀၉)တပ်ရင်းစစ်ကြောင်းဟာ သြဂုတ် ၅ရက်ကနေထွက်လာတာဖြစ်ပြီး အင်းတော်မြို့ဘက်ကို ဦးတည်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
"အင်းတော်မြို့ထဲလည်း သတိထားရမယ်။ ကသာကနေ စစ်ကြောင်း လှုပ်လာတယ်။ ၃၀၉ကနေ ထွက်လာတယ်။ ထီးချိုင့်ဘက်လည်း တိုးလာတယ်"လို့ ၎င်းက ပြောပါတယ်။
ကသာ-အင်းတော် လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားသလို ထီးချိုင့်- အင်းတော်လမ်းပိုင်းမှာလည်း စစ်တပ်ကအင်အားဖြည့်တင်းထားတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကတဆင့် အင်အားတွေပို့ဆောင်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ရွှေကူ-ငါးအိုးလမ်းမကြီးကို အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကအောက်တိုဘာ ၅ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ KIA က ဇွန်လ ၈ရက်မှာလည်း အသိပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းက ထီးချိုင့်၊အင်းတော်၊ ကသာမြို့တွေဟာ နယ်ချင်းဆက်နေပြီး ကချင်ပြည်နယ်ရွှေကူမြို့နဲ့လည်း ဆက်စပ်နေပါတယ်။
ကသာမြို့မှာ စစ်တပ်က မြို့တွင်းမှာတပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက ခမရ(၃၀၉)တပ်ရင်းကနေထွက်လာတဲ့ စစ်ကြောင်းကိုအင်းတော်နဲ့ ကသာမြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်က အရာရှိအချို့အပါအဝင် ၃၃ဦး သေဆုံးပြီး စစ်သုံ့ပန်း၃၁ ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာလည်း ကသာမြို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကစစ်ဘေးရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၂၅ ရက် ညနေပိုင်းတိုက်ပွဲမှာ ခမရ(၃၀၉)တပ်ရင်းကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ် သုံးစီးထဲက တစ်စီးကို PDFပူးပေါင်းတပ်တွေပစ်ခတ်လို့ ထိမှန်ပြီး မဘိမ်းမြို့နယ် ငအိုး ဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

👍46❤5🔥2🥰1🤣1🖕1
မြိုင်က စစ်ရှောင်စခန်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ
အောက်တိုဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၅ ရက် ည ၇ နာရီ မိနစ် ၄ဝခန့်က မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ရှောင်တဲတွေပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအတွင်း ရှိနေကြတဲ့ သားအဖ ၂ဦးနဲ့ အနီးအနားတဲက အမျိုးသမီး၁ ဦး၊ စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် ဒဏ်ရာရသူတွေထဲက အမျိုးသမီးကတော့ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
"ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆီးအိမ်ကို ထိခိုက်တဲ့သဘောရှိတယ်။ ပြင်းထန်တယ်လို့ ပြောရလိမ့်မယ်။ အသက်အန္တရာယ် စိုးရိမ်ရလိမ့်မယ်"လို့ ဆရာထွေးက ဆိုပါတယ်။
စစ်တပ်ဟာ စစ်ဘေးရှောင်စခန်းကိုပါ လေကြောင်းတိုက်ခိုက်လာတာကြောင့် အဆိုပါ စစ်ရှောင်စခန်းက ပြည်သူတွေဟာ ထပ်မံရွေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မြိုင်မြို့နယ်မှာ မနေ့က မနက် ၉ နာရီကနေ ည ၇ နာရီ ၄၃ မိနစ်အထိ လေယာဉ်အမျိုးအစားစုံနဲ့ တစ်နေကုန် လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တာဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်လာနေကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးထားပါတယ်။

🤬41👏3❤1👎1😢1🎉1
စစ်သား ၃ ဦး လက်နက်ခဲယမ်းနဲ့အတူ တမူးခရိုင် PDF ဆီ အလင်းဝင်
အောက်တိုဘာ-၆၊ ၂၀၂၆။ ရွှေပြည်စိုး/People's Spring
အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။
တမူးမြို့နယ် ကမ္မကြီးကျေးရွာနဲ့ ထင်းဇင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်မှ တပ်သားသုံးဦးဟာ MA-1တစ်လက်၊ ကျည်ဘောက်၂ခု၊ ၅.၅၆ကျည် ၁၁၃တောင့် ယူဆောင်လာပြီး အလင်းဝင်လာတာလို့ တမူးခရိုင်၊အမှတ်-၆တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့သူတွေကို ဆုကြေးငွေပေးအပ်ပြီး ၎င်းတို့ရဲ့သဘောဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောပြီးနောက်ပိုင်း ကလေး-ခါမ်းပတ်-တမူးလမ်းအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာခဲ့ပါတယ်။ ကလေး-ခါမ်းပတ်-တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်း ပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်ကလည်း ရှမ်းနီတပ်(SNA) တပ်မဟာ(၈၉၁)၊ တပ်ရင်း-၃က တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်း တွေယူဆောင်လာပြီး တမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံ အလင်းဝင်လာခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အတင်းအကြပ် ခိုင်းစေနေတဲ့ အဓမ္မမှုတွေကို ငြင်းဆန်ပြီး ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တမူးခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

👍31👏11❤6🤣2👎1🥰1🖕1
(လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - တမူးခရိုင် တပ်ရင်း-၆)
👍38👏11🤣3👎1🥰1🖕1
ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်က လေကြောင်းကအပြင်းအထန်ခုခံ
အောက်တိုဘာ-၆၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြိးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲက ဂွေးချိုပျူစောထီးစခန်းကို ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်း နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေစကြိုမြို့နယ်က ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အပြီးသတ်မသိမ်းပိုက်ဘဲဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါပေမယ့် တိုက်ခိုက်မှုအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိပြီး တော်လှန်ရေးရဲဘော် ၃ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။
ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို ပခုက္ကူခရိုင် အမှတ် (၂ ၊ ၃ ၊ ၁၀) တပ်ရင်း ၊ ရေစကြိုတပ်ပေါင်းစု၊ one more စစ်ကြောင်း(မြင်းခြံ)၊ ကြယ်တံခွန်စစ်ကြောင်း ၊ဒေါင်းညီနောင်၊ မြိုင်ပကဖ (ဒရုန်းအဖွဲ့) ၊ KNLAတပ်ရင်း၂၇ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁) တို့နဲ့ အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်တလော စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ လေကြာင်း၊လက်နက်ကြီးရန်ကို အထူးဂရိုစိုက်ဖို့လည်းရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက တိုက်တွန်းထားပါတယ်။
"ဂွေးချိုက ရေစကြို-ပခုက္ကူလမ်းပိုင်းမှာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်လောက် အကြာမှာ ပျူရွာဖြစ်ခဲ့တာ။အင်အားက ရွာခံပျူများတယ်။အားလုံးဆိုရင်တော့ ၇၀ လောက်ရှိလိမ့်မယ်"လို့ ရေစကြိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
ဒါ့အပြင် ဂွေးချိုကျေးရွာဟာ တိုက်နယ်ရဲစခန်းရှိတဲ့အပြင် ကျေးရွာအတွင်းမှာ ကာကင်းတွေကို အခိုင်အမာတည်ဆောက်ထားပြီး နင်းမိုင်းတွေ အများအပြားအသုံးပြုထားကာ စစ်တပ်ရဲ့ အခိုင်မာ ခြေကုပ်နေရာတခုဖြစ်နေတယ်လို့ သူက ပြောပါတယ်။

👍40❤9👎1🥰1👏1😁1🤬1🖕1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွတ်မြောက်ရေး ထိုင်းရောက်မြန်မာတွေ ဆုတောင်းပွဲပြုလုပ်
အောက်တိုဘာ ၆၊၂၀၂၆။သုည/People's Spring
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အဓိကထွက်ပေါက်က လူထုခေါင်းဆောင် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက အဓိကကျတယ်ဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့် အင်္ဂါနေ့တိုင်း အပတ်စဉ်ဆုတောင်းပွဲပြုလုပ်နေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် နိုင်ငံရေးအင်အားစုတွေက ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူ၊ ပြည်သူအားလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်စေဖို့နဲ့ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေဖို့အတွက်ကိုလည်း ဘုရားပန်းကပ်ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

❤34👍7🥰3👏2🤣2🖕2🫡2🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️တောင်ကုတ်မှာ စစ်တပ် လေယာဥ်အုပ်လိုက် ဗုံးကြဲမှုကြောင့် နှလုံးရပ် သေဆုံး
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ စစ်တပ်အထိုင်ချခဲ့တဲ့ နေရာတွေနဲ့ ဖုံညိုရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက် ဒီနေ့ မနက် ၉ နာရီခွဲကနေ ၁၀ နာရီ ၁၅ မိနစ်လောက်အထိ စစ်တပ်က ဗုံးအလုံး နှစ်ဆယ်ဝန်းကျင်ကြဲချနေခဲ့တာပါ။ အဲဒီလေယာဥ်အုပ်လိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပြီး လေယာဥ်သံနဲ့ ဗုံးပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ် ၆ စီးခန့်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရပြည်သူအရေအတွက်များပြားတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်အတိအကျကို မသိရသေးဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အရင်က အထိုင်ချခဲ့တဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)၊ ခမရ (၃၄၆)၊ ခမရ (၅၄၄)တို့နဲ့ အဲဒီအနီး တောင်ကုတ်မြို့အဝင်မှာရှိတဲ့ ဖုံညိုရွာတို့ကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲမှုကြောင့် ဖုံညိုရွာက ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရသူတွေရှိပြီး တောင်ကုတ်မြို့ပေါ်က ဦးဇော်ခင်ဦးနဲ့ ဦးလှစိန်တို့ဟာ ကျယ်လောင်တဲ့ ဗုံးကွဲသံကြောင့် နှလုံးရပ်ကာ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ကျွန်းလှနယ်ကို နှစ်ရက်ဆက် စစ်တပ် ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဟာ အောက်တိုဘာ ၅ရက် မနေ့က မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းကနေ ၇ကြိမ်ထက်မနည်း ဗုံးကြဲပြီး ဒီနေ့ အောက်တိုဘာ ၆ရက် မနက်ပိုင်းမှာလည်း ဂျက်ဖိုက်တာသုံးစီးနဲ့ ထပ်မံကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းတွေက ပျက်စီးတာတွေရှိသလို ပျောက်နေသူတွေလည်း ရှိတယ်လို့ ကျွန်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ သေဆုံးတာကို ၃၀ ကျော်နေပြီး ဒဏ်ရာအပြင်းအထန်ကလည်း ဆယ်ဂဏန်းမကပါဘူးလို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မနက် ၁၀နာရီ ၅၂မိနစ်ကနေ ၁၀နာရီ ၅၅ မိနစ်အတွင်း ဂျက်ဖိုက်တာသုံးစီးနဲ့ အတွဲလိုက်ဗုံးတွေ ချခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းသတိပေးချက်တွေ ရှိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ လူထုနွေဦးအနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
◾️ရိုးမစင်ထရယ်စီမံကိန်းကနေ နိုင်ငံတကာအဖွဲ့တွေ ထွက်ခွာ
ရန်ကုန်မြို့လယ်က ရိုးမစင်ထရယ်စီမံကိန်းကနေ ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နဲ့ မစ်ဆူဘီရှီအုပ်စုတို့ ထွက်ခွာသွားပြီလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ကိုလိုနီခေတ်လက်ရာ မီးရထားရုံးချုပ်ဝင်းဟောင်းကို အဆင့်မြှင့်တင်မယ့် ရိုးမစင်ထရယ်စီမံကိန်းကိုမူလက မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ၅ ရာခိုင်နှုန်းနဲ့ ADB ၅ ရာခိုင်နှုန်းစီ ပါဝင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ FMI ရဲ့ စီမံကိန်းရှင်းတမ်းအရဆိုရင် IFC၊ ADB နဲ့ Mitsubishi ပူးပေါင်းထားတဲ့ MMJ Yangon Development Pte. Ltd. တစုံလုံးထွက်သွားတယ်လို့ ပြောရမယ်လို့ ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ထွက်ခွာရတဲ့အကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်မှာ မပါဘူးလို့ အဲဒီစီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။ ဒါပေမဲ့ FMIက Yoma Strategicနဲ့ အတူ Yoma Central မှာ အစုရှယ်ယာပိုင်ဆိုင်မှုကို တိုးမြှင့်ပြီး ရန်ကုန်မြို့လယ်က စီမံကိန်းကို အဆင့်ဆင့်ပြန်လည်စတင်အကောင်အထည်ဖော်မယ်လို့ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။
◾️တောင်သာနယ်က စာသင်ကျောင်းကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၆ရက် ဒီနေ့ မနက် ၈နာရီကျော်က ထန်းပင်ကုန်းရွာကို တပ်စွဲထားတဲ့ စစ်တပ်က သာပေါင်းလေးရွာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကျောင်းသား၊ကျောင်သူ ၇ ဦးနဲ့ အာဏာသိမ်းစစ်တပ်ဆီ အမှုထမ်းနေတဲ့ ကျောင်းဆရာမတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ကျောင်းတက်ခါနီးအချိန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးနှစ်ဦးက ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။ ဗုံးသီးတွေကြောင့် ကျောင်းဆောင်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

❤17🤬3🖕2👍1🤮1